What's wrong? ( Completed )

By NangKhaingNiTun

16.6K 1K 65

မှားတာက မင်းရဲ့ ဖြစ်တည်မှု က စ မှားတာ ... မွားတာက မင္းရဲ႕ ျဖစ္တည္မႈ က စ မွားတာ ... Story no.18 Crd cv photo More

Ep - 1
Ep - 2
Ep - 3
Ep - 4
Ep - 5
Ep - 6
Ep - 8
Ep - 9
Ep - 10
Ep - 11
Ep - 12
Ep - 13
Ep - 14
Ep - 15
Ep - 16
Ep - 17
Ep - 18
Ep - 19
Ep - 20
Ep - 21
Ep - 22
Ep - 23
Ep - 24
Ep - 25
Ep - 26
Ep - 27
Ep - 28
Ep - 29
Ep - 30
Ep - 31 ( Final )

Ep - 7

498 35 2
By NangKhaingNiTun

ဝမ် အိမ်တော်ရဲ့ အခန်း တစ်ခန်းထဲတွင် ချမ်းသာတဲ့ အိမ်လို့ မပြောရဘူး၊ အိပ်ခန်း တစ်ခန်း က လူ တစ်ချို့ ငှါးစားတဲ့ တိုက်ခန်း တစ်ခန်းစာလောက် ရှိနေတယ်။

ဒါပေမယ့် ဘယ်အိပ်ခန်း မဆို ကုတင်ကတော့ တစ်လုံးပဲ ထားတာ သဘာဝ ပါ။

ယွီ့ကျင်း ကုတင်ပေါ် ပက်လက် လှန်ပြီး လှဲနေတဲ့ ရှောင်း ရဲ့ အနားကို သွားပြီး အောက်ကို တွဲလောင်းကျနေတဲ့ ရှောင်း ရဲ့ ခြေထောက်ကို သူ့ ခြေထောက်နဲ့ သွားတို့လိုက်သည်။

' ဟဲ့ ...။'

' ဘာလဲကွာ ...။'

' ဘာကို ဘာလဲ ဆိုတာ သိချင်ရင် ထ လိုက်။'

ရှောင်းကျန့် အိပ်ချင် မူးတူးနဲ့ ထ လာတော့ ခုထိ ရေမချိုးသေးပဲ မနက်က အဝတ် အစားပဲ ဖြစ်နေသေးတဲ့ ယွီ့ကျင်း ကို တွေ့လိုက်ရသည်။

' ဝါး ...။'

ရှောင်းကျန့် တစ်ချက် သမ်းဝေလိုက်ပြီး ...

' မင်း က ရေမချိုးပဲ အိပ်မလို့လား။'

' ငါလည်း အဲ့ဒါပဲ ပြောမလို့။ နင် က ငါ့ကို နင် နဲ့ အခန်း အတူ လာနေခိုင်းပြီး အိစက်တဲ့ မွေ့ရာပေါ် တစ်ယောက်တည်း ဆန့်ဆန့်ကြီး အိပ်နေတာ ဖြစ်သင့်သလား။'

အဲ့တော့မှ ရှောင်းကျန့် နောက်က မွေ့ရာကို ကြည့်ရင်း လက်ပုတ်လိုက်ပြီး ...

' မွေ့ရာ ပေါ် အိပ်ချင်တာများ လာအိပ်လေ။ မင်း ပဲ ငါ့ကို မ ဇာတ်သွင်းထားတာ မလား။ ပြီးတော့ ငါ မင်း ကို ရင်မခုန်ဘူး။'

' အမယ် ...။ ငါကလည်း နင့်လို ပိန်ညောင်ညောင် ကို ရင်မခုန်ဘူး။'

' ဘာလဲ ... ဝမ်ရိပေါ် လို တောင့်တောင့် ဖြောင့်ဖြောင့် ကိုပဲ ရင်ခုန်တာလား ...။ မီ သေးတယ်နော်။ နေရာချင်း ပြန်လဲချင်ရင် ...။'

' သူ့လိုလည်း ရင်မခုန်ဘူး။ ငါက ကိုရီးယား လို ပုံစံကိုပဲ ကြွေချင်တာ ...။ တရုတ်ကောင် တွေ ငယ်ငယ်ကတည်းက မြင်ဖူးလာတော့ ရိုး အီ နေပြီ။'

ရှောင်းကျန့် ယွီ့ကျင်းရဲ့ စကားကြောင့် မဲ့ လိုက်ပြီး ...

' ကဲ ... အခု က ဘာလုပ်မှာလဲ။ လာအိပ်မယ်ဆိုလည်း ရေချိုးပြီးရင် လာအိပ်တော့။ ငါက ပင်ပန်းလို့ အိပ်တော့မယ်။'

' အရမ်း ပင်ပန်းနေမှာပေါ့။ ဝမ်ရိပေါ် ကို ကပ်နေရလို့ကိုး ...။'

' ငါ့ ကိုကို ကို ဘာမှ လာမပြောနဲ့ ...။'

ယွီ့ကျင်း သူ့ကို ရှောင်း တမင် ရွဲ့ပြောလာတယ်ဆိုတာ သိတာကြောင့် မဲ့ လိုက်ရင်း ကုတင် နားက ခွါလာလိုက်ပြီး ...

' ချီး ကို ကိုကို ...။' လို့ပါ ပြန်ပြောလိုက်သည်။

~~~~~~~

' ဒေါက် ... ဒေါက် ...။'

ရိပေါ် ဟော်ရှင်း နဲ့ စကားပြောနေရင်း အခန်း တံခါး ခေါက်သံကြောင့် ဖိုးဖိုး များလား ဆိုပြီး တွေးရင်း ...

' ဒါဆို ငါ နောက်မှ ပြန်ခေါ်လိုက်မယ်။ စာ လည်း သေချာလုပ်။ ကျန်းမာရေးလည်း ဂရုစိုက်အုံး ...။'

' ဟုတ်ကဲ့ပါ။ လေးလေး နဲ့ ဒေါ်လေး သာ အဆင်ပြေသွားရင် ကျနော့်ကို မိတ်ဆက်ပေးဖို့ မမေ့နဲ့နော်။'

' အိုခေ ... အိုခေ။ ဖုန်း ချ လိုက်တော့။'

~~~~~~~

တံခါး အပြင်ဘက်က လိကွား ကလည်း တံခါး လာမသေးခင်မှာ လည်ပင်း ဟိုက်နေတဲ့ င်္အကျီကို ပုခုံး နားထိ ရောက်အောင် ဟိုဖက် ဒီဖက် ဆွဲရင်း လက်ထဲ ကိုင်ထားတဲ့ နွားနို့ ခွက် ကို အလုပ် မရှိ အလုပ်ရှာပြီး ဟိုဘက်လှည့် ဒီဘက်လှည့် လှည့်လိုက်သည်။

!!! ကလစ် !!!

ရိပေါ် တံခါး ဖွင့်လိုက်တော့ အရှေ့မှာ ရပ်နေတာက ဖိုးဖိုး မဟုတ်ပါ။

ထိုစဉ် သူနဲ့ ကပ်ရပ် အခန်း တံခါး ကလည်း ပွင့်လာသည်။

ရိပေါ် သူ ထွက်မလာစေချင်တဲ့ တစ်ယောက်ပဲ တကယ် ဖြစ်နေပါတယ်။

ရှောင်းကျန့် သူ့ အခန်း တံခါး လာခေါက်တယ် ထင်တာကြောင့် တံခါး ဖွင့်ခိုင်းဖို့ ယွီ့ကျင်း ကလည်း ရေချိုးနေတာမို့ သူ ပဲ ဖွင့်ဖို့ ထ လာရတာ ဖြစ်သည်။

တံခါး ဖွင့်လိုက်မှ မြင်လိုက်ရတာက ...

' ဘာလုပ်နေကြတာလဲ ...။'

' ဘာမှ မလုပ်ဘူး။ ကိုယ်က ဖိုးဖိုး အခန်း တံခါး လာခေါက်တယ် ထင်ပြီး ဖွင့်ပေးလိုက်တာ ...။ ကိုယ်က သူ မှန်း မသိဘူး။'

ရှောင်းကျန့် သူ့ကို အလောတကြီး ရှင်းပြလာတဲ့ ဝမ်ရိပေါ် ကို တစ်ချက်ကြည့်ပြီး အဝတ်အစား နဲ့ မတည့်တဲ့ တစ်ယောက်ကို မေးဆတ်လိုက်သည်။ အခုလည်း င်္အကျီက လက် တောင် မချုပ်ရသေးပဲ ဝတ်လာပြန်ပြီ။

လိကွား သူ့ကို မထီမဲ့မြင် အမူအရာနဲ့ လုပ်ပြလာတဲ့ မင်းသမီး ဆိုတဲ့ တစ်ယောက်ကို ဘုကြည့် ပြန်ကြည့်လိုက်သည်။ မင်းသမီး လို့သာ ပြောလို့ ယုံရတာ။ အပြုအမူ အပြောအဆို လက်ရဲ ဇက်ရဲနိုင်တာတွေက ဘယ်ဟာကမှ မင်းသမီးနဲ့ မတူဘူး။

' ဒီမှာလေ ... ဝမ် သခင်လေး က ည အိပ်ခါနီးဆို နို့ ... သောက်ပြီးမှ အိပ်တတ်တာ ဆိုလို့ နို့ ... လာပို့တာ ...။'

ရှောင်းကျန့် သူ့ဘက်ကို လှည့်ပြီး တမင် တကာ နို့ ဆိုတဲ့ နေရာကို ဖိ ဖိ ပြောလာတဲ့ အဝတ်အစား ဆင်းရဲတဲ့ မိန်းကလေးကြောင့် တစ်ချက် တစ်ချက် တောင် နောက်လှန်ချင်သွားရသည်။

' ဝမ် သခင်လေး သောက်မယ် မလားဟင် !!!။'

ရှောင်းကျန့် သူ တစ်ယောက်လုံး အရှေ့မှာတောင် ရှေ့ဆက်တိုးရဲပြီး ထပ်မေးလာပြန်တဲ့ တစ်ယောက်ကြောင့် အနား သွားပြီး အဲ့ဒီ နို့ ... ဆိုတာကြီးကို ကောက်မော့ပစ်လိုက်သည်။

' ရော့ ... ကုန်ပြီ။ ပြန်တော့ ...။'

' နင် ... နင် ...။'

ရှောင်းကျန့် သူ့ကို မကျေမချမ်းနဲ့ တ နင် နင် လုပ်လာတဲ့ တစ်ယောက်ကို ဘေးကနေ ခန္ဓာကိုယ်နဲ့ တွန်းလိုက်ပြီး သူကတော့ ဝမ်ရိပေါ် အရှေ့မှာ ရပ်လိုက်သည်။

' သွား ... ပြန်တော့။ ဒီလို အချိန် လက်ထပ်ဖို့ မိန်းကလေး ရှိနေတဲ့ ယောကျာ်း တစ်ယောက်ရဲ့ အခန်းရှေ့၊ ပြီးတော့ အဲ့မိန်းကလေး ကလည်း အနားမှာ ရှိနေတာကို ၊ မင်း ဒီကို မလာသင့်ဘူးဆိုတာ မသိဘူးလား။'

' ငါက ဒီတိုင်း နို့ လာပို့တာလို့ ပြောပြီးပြီလေ။'

' အဲ့ဒါဆိုလည်း အဝတ်အစားကို သေချာ ဝတ်လာခဲ့လေ။ အခုလို ချုပ်လို့ မပြီးသေးတာကို ကောက်ဝတ် မလာနဲ့။'

' ဒါက ... တမင် ဒီဇိုင်းထွင်ပြီး ချုပ်ထားတာ။ ဒါလေးတောင် မသိဘူးလား။'

' မသိဘူး။ သိလည်း မသိချင်ဘူး။ သွား ... ပြန်တော့ ...။'

လိကွား နွားနို့ ခွက် အလွှတ်ကို ယူပြီး နှုတ်ခမ်းကို မဲ့ရွဲ့ပြီး ထွက်လာလိုက်သည်။

ရှောင်းကျန့် ဝမ်ရိပေါ် ကို လှည့်ကြည့်တော့ ကျေနပ်နေတဲ့ မျက်နှာနဲ့ ပြုံးချင်ချင် တောင် ဖြစ်နေတယ်။

' ဝမ် သခင်လေး က ညကြီး မင်းကြီး အဲ့လို ပုံစံတွေ ဝတ်ပြီး အခန်းရှေ့ တံခါး လာခေါက်တာကို ကြိုက်တာလား။ အခုက ကျနော် အနှောင့်ယှက် လာပေးသလိုများ ဖြစ်သွားလား?.'

' မင်း ခုလို ကိုယ့်ကို လာပြီး ကာကွယ်ပေးတာကို သဘောကျတာပါ။ သူ့ကိုက မျက်လုံးထဲတောင် မထည့်ဘူး။ ပြီးတော့ အဲ့လို ဝတ်စားပုံကို ကိုယ်မကြိုက်ဘူး။ ကိုယ် ကြိုက်တာက ည အိပ်ဝတ် အပြည့်အစုံ ဝတ်ထားတာကိုမှ ပန်ဒါ ရုပ်လေးနဲ့ဟာမျိုး ...။'

ရှောင်းကျန့် သူ့ကို ခြေဆုံး ခေါင်းဆုံး ကြည့်ရင်း ပြောလာတာကြောင့် သူ့ကိုယ်သူ ပြန်ကြည့်တော့ ဝမ် သခင်လေး ပြောတဲ့ ပုံစံက သူ ဖြစ်နေတယ်။

ဒါပေမယ့် သူ က ယောကျာ်းကြီးလေ အဲ့လို အတို အပြတ်မျိုး မဝတ်ပြနိုင်ပါဘူး။ ဒါကိုတော့ ခြွင်းချက် ထားလိုက်တော့မယ်။ သူ ကြိုက်တာ တစ်ခုလောက်ပဲ လုပ်ပေးရုံနဲ့ သူ့ကို လက်မထပ်ရပါဘူး ...။

' လာပြောချင်လို့ ပြောတယ် ထင်မနေနဲ့ ...။ အခု အခြေနေက ဝမ် သခင်လေးနဲ့ ကျနော် နဲ့က လက်ထပ်ဖို့ သဘောတူခံ ထားရတဲ့ လူတွေလေ။ ပြီးတော့ ကျနော် တစ်ယောက်လုံး ဒီအိမ် ရောက်နေပြီး ဝမ် သခင်လေး နဲ့ ပတ်သက်မှု ကို သိနေတာတောင် အခုလို လာကြောတာ မခံနိုင်လို့ လာပြောတာ။ ပြောရရင် ကျနော့် သိက္ခာကို ကျနော် လာဆယ်တာ သက်သက် ပဲ။'

ရိပေါ် လက်ပိုက်လျက် အနေထားနဲ့ အခန်းရဲ့ နံရံကို မှီရင်း ပြောနေတဲ့ တစ်ယောက်ရဲ့ အရှေ့ကို သွားပြီး မျက်နှာချင်း နီးအောင် တဖြေးဖြေး တိုးကပ်သွားလိုက်သည်။

' ဘာ ... ဘာလုပ်မလို့လဲ ...။'

' အဟွန်း !!!.'

ရိပေါ် သူ့ကို မကြည့်ရဲပဲ အကြည့်ကို ဟိုလွှဲ ဒီလွှဲ နဲ့ စကားပါ ထစ် လာတဲ့ တစ်ယောက်ကို ကြည့်ရင်း သဘောကျစွာ ရယ် လိုက်ပြီး ...

' ဘာမှ မလုပ်ပါဘူး။ ဒီတိုင်း မျက်လုံးချင်း ဆုံအောင် ကြည့်ချင်တာ ...။ လာပါ ... ကိုယ့် မျက်လုံး ကို ကြည့် ...။'

' ဟင့်အင်း ...။'

ရှောင်းကျန့် သူ့ မေးဖျားကိုပါ လာကိုင်တဲ့ ဝမ် သခင်လေးကြောင့် လွှတ်ထွက်အောင် လှည့်ပစ်လိုက်ပြီး ...

' ကျနော် အိပ်ချင်လို့ သွား အိပ်တော့မယ်။ ဖယ် ...။'

ရိပေါ် သူ့ကို တွန်းတိုက်ပြီး ထွက်သွားတဲ့ တစ်ယောက်ကို တမင် တကာ လွှတ်ပေးလိုက်သည်။

ထိုစဉ် ...

!!!! ဒုန်း !!!!

' အဟင်း ... စိတ်ကလည်း ဆတ် လိုက်တာ ...။'

ရိပေါ် သူ့ကို ရွဲ့ပြီး အခန်း တံခါးကို အသံ အကျယ်ကြီး မြည်အောင် ပိတ်သွားတဲ့ တစ်ယောက်ကြောင့် ရယ် လိုက်ရင်း သူ လည်းပဲ အခန်းထဲ ဝင်လာလိုက်သည်။

~~~~~~~

' ဒုတ် ... ဒုတ် ...။'

' ဒုတ် ... ဒုတ် ...။'

ရှောင်းကျန့် အခန်း တံခါး ကို ကျောပေးရင်း တ ဒုတ် ဒုတ် မြည်နေတဲ့ သူ့ နှလုံးသား နေရာ ကို ဖိထားလိုက်ပြီး ...

' အာ ... ဘာဖြစ်နေတာလဲ ...။ ရင်ခုန် တာက မသိရင် ပေါက်ထွက်တော့မယ့် အတိုင်းနဲ့။'

ရှောင်းကျန့် သူ့ နှလုံးသား ကို ဖိလိုက်ပြီး ...

' ငြိမ်ငြိမ် နေစမ်း၊ ငြိမ်ငြိမ် နေစမ်း ...။'

ထိုစဉ် ...

' ရှောင်း ... ဘာလုပ်နေတာလဲ ...။'

' ဘာ ... ဘာမှ မလုပ်ဘူး။'

ရှောင်းကျန့် ရုတ်တရက် ကြားလိုက်ရတဲ့ အသံကြောင့် ပြန်ပြောလိုက်ပြီးမှ ...
လက်နှစ်ဖက်ကို တံခါးချပ်မှာ ဆန့်ထုတ်လိုက်ပြီး အထက် အောက် ပွတ်သုတ်လိုက်ရင်း ...

' ဖုန် သုတ်နေတာ။ အဟင်း ...။'

ယွီ့ကျင်း စိုနေတဲ့ ဆံပင် ကို တဘက်နဲ့ သုတ်ရင်း ...

' ရူးနေတာလား ...။ နင် ခုန ပြောတော့ အိပ်တော့မယ်ဆို...။ အခု မျက်လုံးက ဘယ်လိုဖြစ်လို့ ဇီးကွက် ထက်တောင် ပြူးထွက်နေတာလဲ ...။ ပြီးတော့ ဆံပင်တု က ဘာလို့ ပြန်စွပ်ထားနေသေးတာလဲ ...။ မဟုတ်မှ တကယ်ကြီး မိန်းကလေး ဖြစ်ချင်သွားပြီလား ...။'

ရှောင်းကျန့် အဲ့တော့မှ သူ့ခေါင်းပေါ်က ဆံပင် ကို ဆွဲချွတ်ပြီး ယွီ့ကျင်း ဆီ ပစ်ပေါက် လိုက်ရင်း ...

' ဖြစ်ချင်စရာလား ...။ မိန်းကလေး ဆို ဟိုတစ်ယောက်ကို မြင်တာနဲ့တင် စိတ်ကုန်တယ်။'

' ဘယ်တစ်ယောက် လဲ ...။'

' ဒီမှာ မင်း နဲ့ ငါ ရယ် လူငယ်ဆိုလို့ ဘယ်သူ ရှိသေးလို့လဲ ...။'

အဲ့တော့မှ ယွီ့ကျင်း မျက်လုံးထဲ မျက်နှာကို မိတ်ကပ်တွေ အသားကုန် ဖို့ ထားပြီး နှုတ်ခမ်းကိုလည်း ရဲနေအောင် ဆိုးထားတဲ့ နေ့လည် က တစ်ယောက်ကို မြင်ယောင်လာသည်။

ယွီ့ကျင်း ဘာမှဆက်မမေးတော့ပဲ မှန်တင်ခုံရှေ့မှာ ဝင်ထိုင်လိုက်ပြီး ...

' ဒါဆိုလည်း မအိပ်သေးမယ့် အတူတူ ငါ့ ဆံပင်ကို ခြောက်အောင် လာမှုတ်ပေးစမ်းပါ။'

' ဆံပင် ကို ဘယ်လို မှုတ်ရမှာလဲ ...။ ရူးနေတာကမှ မင်း ...။'

ယွီ့ကျင်း မှန်ထဲကနေ မြင်နေရတဲ့ ရှောင်း ကို ပြောရတာ မော တယ်ဆိုတဲ့ ပုံစံနဲ့ ကြည့်လိုက်ပြီး ခုံပေါ်မှာ တင်ထားတဲ့ ဆံပင် ခြောက်အောင် မှုတ်တဲ့ စက် ကို ယူ ထောင်ပြလိုက်ပြီး ...

' ဒီမှာ စိုနေတဲ့ ဆံပင် ကို ဒါနဲ့ မှုတ်ရတာ။ နင် ဇာတ်ကားတွေ ကြည့်နေတာ မင်းသား က မင်းသမီးကို ဆံပင် မှုတ်ပေးတာမျိုး မပါဘူးလား ...။'

' မပါဘူး ...။'

ရှောင်းကျန့် ယွီ့ကျင်း အနား သွားပြီး စက် ကို ယူလိုက်ရင်းနဲ့မှ ...

' မင်း အခု ငါ့ကို မင်းသား က မင်းသမီး ကို ဆံပင်မှုတ်ပေးတဲ့ ဇာတ်တော့ မသွင်းဘူး မလား။ ပြောထားတယ်နော် ... မင်း ကို ရင်မခုန်ဘူးလို့ ...။'

' မှုတ် မှ သာ မှုတ်စမ်းပါ။ စကားကိုများတယ်။'

ရှောင်းကျန့် ကလည်း မပြောရ မနေနိုင်တဲ့ သူ ဖြစ်တာကြောင့် ဆံပင် ငုတ်စိ ကို မှုတ်ချင်နေသေးတယ်လို့ ပွစိ ပွစိ ပြောနေပါတယ်။

~~~~~~~~

နံနက်ရောက်သော် ...

' ဒေါက် ... ဒေါက် ... ဒေါက် ...။'

ရှောင်းကျန့် တံခါး ခေါက်သံကြောင့် နှိုး လာရသည်။ ဒါပေမယ့် မနေ့ည ကလို ဟိုလူရဲ့ အခန်းကို လာခေါက်တာကို သူ့ အခန်းကို လာခေါက်တယ်ဆိုပြီး ထပ်ပြီး အထင်မှား မှာစိုးလို့ သေချာ နားထောင် လိုက်သည်။

ဒါပေမယ့် ဒီတစ်ခါ တံခါး ခေါက်သံက တကယ်ပဲ သူ့အခန်းကို လာခေါက်နေတယ်ဆိုတာ သိလိုက်ရသည်။

ရှောင်းကျန့် ကြားထဲ ဖက်လုံး ခြားထားတာကို ကျော်ပြီး ကြည့်တော့ မုယွီ့ကျင်း က အိပ်မက် မက်ကောင်းတုန်း ဖြစ်ပုံ ရတယ်။

အဲ့ဒါကြောင့် ခြေထောက်နဲ့ ကန် ပြီး နှိုးလိုက်သည်။

' ယွီ့ကျင်း ...

ယွီ့ကျင်း ...။'

' အင် ???.'

' ထ တော့ ... ငါတို့ အခန်း တံခါး လာခေါက်နေတယ်။ အဲ့ဒါ ဘာလုပ်ဖို့လည်း သိရအောင် သွားဖွင့်ပေးအုံး။'

ယွီ့ကျင်း အိပ်ချင် မူးတူး ရုပ်နဲ့ မျက်လုံး ကို ပွတ်ပြီး ခေါင်းအုံး နားက ထား ထားတဲ့ ဖုန်း ကို ယူကြည့်တော့ မနက် ၆ နာရီ ပဲ ရှိသေးတယ်။

' ဒီလို အချိန်ကြီး ဘယ်သူက အခန်း တံခါး လာခေါက်မှာလဲ ... နင် အိပ်မက် ယောင်နေတာ ဖြစ်မှာပါ။ ပြန်အိပ်အုံး ...။'

ထိုစဉ် အခန်း တံခါး ခေါက်သံ ကို ပီပီ သသ ထပ်ကြားလိုက်ရသည်။

' ဒေါက် ... ဒေါက် ... ဒေါက် ...။'

' ကြားလား ...။ အခန်း တံခါး တကယ် လာခေါက်နေတာပါဆို ...။ သွား ... ထ ပြီး သွားဖွင့်ကြည့် ...။'

' ဟာ !!!! ရှုပ်လိုက်တာ ...။ မနက် စောစော စီးစီး ဘာလုပ်ဖို့ အခန်း တံခါးကို သေအောင် လာခေါက်နေတာလဲ ...။'

ယွီ့ကျင်း မ ထ ချင်ပဲ ထ လိုက်ရတော့ မကျေမနပ် ရေရွတ်ရင်း သွားဖွင့်လိုက်သည်။

အခန်း တံခါး ကို လာခေါက်တာက အိမ်ဖော် ကောင်မလေး ဖြစ်နေတယ်။

' ဘာကိစ္စလဲ ...။'

' ဟို ... သခင်မကြီးက မမလေး ကို လာနှိုးခိုင်းလို့ပါ။'

' ဘာလုပ်ဖို့လည်း ... ဒါက အိပ်ကောင်းနေတုန်း အချိန်ပဲ ရှိသေးတာလေ။'

' ဟုတ်ကဲ့ ...။ တောင်းပန်ပါတယ်။ ကျမ ကိုလည်း သခင်မကြီးက လာနှိုးခိုင်းလို့ ပါ။'

ထိုစဉ် ...

' မင်းသမီး ဖြစ်ပြီး ဝိရိယ ကို မရှိဘူး။ ပြီးတော့ ဒါက အိမ်ထောင်ရှင်မ တစ်ယောက် ဖြစ်တော့မယ့် မိန်းကလေးက အိပ်နေရမယ့် အချိန်လား။'

ယွီ့ကျင်း မနက်စောစော စီးစီး အ ကုသိုလ်ရုပ်နဲ့ ဘာတွေ လာပြောနေမှန်း မသိတဲ့ ဟိုတစ်ယောက်ကြောင့် စိတ်တွေ ရှုပ်လာပြီး ပွ နေတဲ့ ခေါင်းကို ပိုပွအောင် ဆွဲဖွ လိုက်ပြီး ...

' ဘာတွေ လာရောင်းနေတာလဲ ...။ ငါတို့က ငါတို့ နေတတ်တဲ့ အတိုင်း ပြောတာလေ။ နင်က ကြားထဲ ဘာတွေ လာဖြစ်နေတာလဲ။'

' ဘာမှ လာမရောင်းဘူး။ ဒေါ်လေး က ကောင်မလေးကိုပဲ လာနှိုးခိုင်းရင် နင်တို့ ခုလို ပြန်ပြောမယ်ဆိုတာ သိလို့ ငါ့ကိုပါ လာနှိုးခိုင်းတာ။

သွား ပါ။ နင့် မမလေးကိုပဲ သွားနှိုးစမ်းပါ။ ဝမ် အိမ်တော်ရဲ့ စည်းကမ်းထဲမှာ မနက် ၆ နာရီဆို ထ ရပြီး ဘုံကျောင်း သွားရမယ်ဆိုတာ ထိပ်ဆုံးက ပါတယ်။ နောက်မှ နင်တို့ကို စည်းကမ်း စာအုပ် လာပေးပြီး ကျက်ခိုင်းအုံးမယ်။'

~~~~~~~~

ရှောင်းကျန့် သူ ပြင်ဆင်ပြီး အောက်ဆင်းလာတော့ သခင်မကြီး နဲ့ လိကွား ဆိုတဲ့ တစ်ယောက်က အိမ်ရှေ့ တံခါးမကြီး နားမှာ သူ့ကို ရပ်စောင့်နေတာ တွေ့လိုက်ရသည်။

သခင်မကြီး အနား ရောက်လာတဲ့ မင်းသမီး ကို သူ့လက်ထဲက ဆွဲခြင်း ကို ပေးလိုက်သည်။

' ရော့ ... ဒါကို သယ် လာခဲ့။ မင်း က မနေ့ကမှ အိမ်တော် ကို ရောက်လာတာကြောင့် မသိသေးဘူး ဆိုတဲ့ အနေနဲ့ ဒီနေ့ အတွက်တော့ ခွင့်ပြုလိုက်မယ်။ နောက်ဆို မနက်ဆို ၆ နာရီ ထိုးတာနဲ့ ထ ရမယ်။ ပြီးရင် ထမင်းစားခန်းထဲ လာပြီး ဘုံကျောင်း သွားရင် ယူသွားရမယ့် ပစ္စည်းတွေ လာပြင်ဆင် ရမယ်။'

' အဲ့ဒါက ကျနော် ကိုယ်တိုင် ဝင်လုပ်မှ ဖြစ်မှာလား။ အိမ်တော် ဆိုပြီး အိမ် အတွက် ချက်ပြုတ် တာဝန် ယူတဲ့ လူ မရှိဘူးလား။'

သခင်မကြီး စ ရောက်ကတည်းက သူ့ကို တစ်ခွန်း မကျန် ပြန်ခံပြောနေတဲ့ မင်းသမီး ကို သေချာ စိုက်ကြည့်လိုက်ပြီး ...

' မင်း ကို ယဉ်ကျေးမှု မရှိဘူး ပြောရင်လည်း မင်း မိဘတွေကို ပုတ်ခတ် ပြောတယ် ဖြစ်အုံးမယ်။ မင်း က မင်းသမီး ဖြစ်ပြီး၊ ဒီအိမ်ရဲ့ ချွေးမ ဖြစ်လာမယ်ဆိုရင်တောင် ငါကလည်း ဒီအိမ်တော်ရဲ့ အိမ်ထောင် ဦးစီး ဝမ် လူကြီးမင်းရဲ့ မိန်းမ တော်ပါတယ်။ မင်း ငါ့ကို နည်းနည်း ပါးပါး လေးစားမှု ရှိသင့်တယ်။ ခုလို တစ်ခွန်း မကျန် ပြန်ခံပြောနေရင် မင်းတို့ရဲ့ အိမ်တော် နဲ့ မျိုးရိုးပဲ ထိခိုက်မယ်နော်။

ငါ ပြောချင်တဲ့ အဓိပ္ပာယ်ကို သဘောပေါက်တယ် မလား။'

ရှောင်းကျန့် သူ က အခု မုယွီ့ကျင်း အဖြစ် ဟန်ဆောင် ထားတာဆိုတော့ သခင်မကြီး ပြောသလို သူသာ ရိုင်းပြရင် သူ့ကို ဘယ်သူမှ ဆို ဆုံးမမှု မရှိဘူးလားဆိုပြီး သေချာပေါက် မု တော်ဝင် မျိုးနွယ်ကို အရင်ဆုံး ပြေးမြင်ကြမှာပဲ ဖြစ်တာကြောင့် ခေါင်း မညိတ်ချင် ညိတ်ချင်နဲ့ ဟုတ်ကဲ့ လို့ ပြန်ပြောလိုက်သည်။

လိကွား ကတော့ အရှေ့က ထွက်သွားတဲ့ ဒေါ်လေး နောက်ကို လိုက်မသွားခင် အနောက်မှာ ရပ်နေတဲ့ မင်းသမီးကို လှောင်ပြုံး ပြုံးပြရင်း နှုတ်ခမ်း မဲ့ ပြဖို့လည်း မမေ့ပါ။

ရှောင်းကျန့် သူ့ကို လာပြောင်နေတဲ့ လိကွား ကို လက်ထဲက ကိုင်ထားတဲ့ ခြင်းနဲ့ ကောက်ပေါက် လိုက်ချင်ပေမယ့် သူ့ကို တစ်ယောက်တည်း လိုက်ခိုင်းပြီး အိပ်ယာထဲမှာ ခုထိ သာသာ ယာယာ နဲ့ အိပ်နေအုံးမယ့် ယွီ့ကျင်း ကိုပဲ ပိုပြီး ဖိသတ်လိုက်ချင်နေတယ်။

~~~~~~~~~

ရိပေါ် နှိုး လာပြီး ရေချိုး အဝတ်အစား လဲ ပြီးတာနဲ့ အောက်ကို အမြန်ဆင်းလာလိုက်သည်။ ဒါပေမယ့် အိမ်ရှေ့ ဧည့်ခန်းမှာရော၊ ထမင်းစားခန်းထဲထိ ဝင်လာတာတောင် သူ့ မိန်းမလောင်းလျာ ရဲ့ အရိပ်အယောင်တောင် မတွေ့ရပါ။

ထမင်းစားခန်းမှာ ဖိုးဖိုး ပဲ တစ်ယောက်တည်း ထိုင်နေတယ်။

' မြေး ရိပေါ် ... လာ ... မနက်စာ လာစား။'

ရိပေါ် မကျေနပ်သေးပဲ ဟို ဟို ဒီ ဒီ ရှာကြည့်ရင်း ...

' ဖိုးဖိုး ... ဘယ်သူမှ မရှိဘူးလား ...။'

ဝမ် အဖိုး ခါတိုင်း ဘယ်သူမှ မရှိရင် ပိုတောင် သဘောကျနေသေးတဲ့ သူ့ မြေးက အခုလို မေးလာတော့ သဘောကျပြီး ပြုံးလိုက်ရင်း ...

' သူတို့တွေ မနက် ကတည်းက ဘုံကျောင်း သွားနေကြတာတဲ့။'

' အဲ့ဒါ ခုထိ ပြန်မလာကြသေးဘူးလား။'

ရိပေါ် ပြောရင်း မု မင်းသမီး ကို စိတ်ပူသွားသည်။ စလာကတည်းက ခုလို စည်းကမ်းတွေ တင်းကြပ်နေရင် သူ့အိမ်တော်ပဲ ပြန်ပြေးသွားလေမလား။ နဂိုကတည်းက သူ့ကို လက်မထပ်ချင်ဘူး ဆိုပြီး ငြင်းချင်နေတာမလား။

' ခုန ဖုန်းဆက်ကြည့်တော့ လာခါနီးပြီလို့ ပြောတယ်။ ဒါပေမယ့် မြေး ကုမ္မဏီ သွားမှာနဲ့က မမီတော့ဘူး ထင်တယ်။ သူတို့က ခုမှ ဘုံကျောင်းကနေ ထွက်လာမှာဆိုတော့ ကား ပိတ်မှာနဲ့ဆို ကြာအုံးမှာ။'

' ရတယ်။ ဒီနေ့ ကျနော် ကုမ္မဏီ မှာ အရေးကြီး အစည်းအဝေး မရှိဘူးဆိုတော့ ပြီးမှ သွားလည်း ရပါတယ်။'

' အင်း ...။ သဘော။'

ထိုစဉ် ... ထမင်းစား စားပွဲပေါ်မှာ တင်ထားတဲ့ ဖုန်း မြည်လာသည်။

ဝမ် အဖိုး သူ့ဖုန်း မြည်လာတာကြောင့် ကြည့်လိုက်တော့ မု အိမ်တော်က ...

ဝမ် အဖိုး သူ့မြေးပါ ကြားရအောင် ဖုန်း ကိုင်ပြီး စပီကာ ပါ ဖွင့်ထားလိုက်သည်။

' ဟလို ... မင်္ဂလာပါ ဗျ။'

' မင်္ဂလာပါ ဝမ် လူကြီးမင်း ...။ နေကောင်းပါတယ်နော် ...။'

' နေကောင်းပါတယ်။ မဟုတ်တောင် ကျနော်လည်း မု အိမ်တော် ကို ဖုန်းဆက်မလို့ပါပဲ။ မနေ့ကပဲ သမီးလေး ရောက်လာတယ်။ သမီးလေး ကို မြင်တာနဲ့ ကျနော်တောင် မြေးရိပေါ် နဲ့ ချက်ချင်း ကို လက်ထပ်ပေးချင်စိတ် ဖြစ်သွားတယ်။ ကျနော် တော့ အရမ်း သဘောကျနေပြီဗျာ ...။'

ဘေးက ဝမ်ရိပေါ် ရဲ့ စိတ်ထဲတွင်လည်း ကျနော် လည်း အရမ်းကို သဘောကျနေပါပြီလို့ ပြောနေပါတယ်။

~~~~~~~~

ဝမ်အိမ်တော် ကို ပြန်လာတဲ့ လမ်းတွင်လည်း ကား ပေါ်မှာ ရှောင်းကျန့် တစ်ယောက် မျက်ခုံးတွေ လှုပ်နေပါသည်။

ဝမ် အိမ်တော်မှာ အိပ်ယာ မထ ချင်လို့ ကျန်ခဲ့တဲ့ မုယွီ့ကျင်းကလည်း အိပ်ယာနှိုးလို့ အောက် ဆင်းလာနေတုန်း ထမင်းစားခန်း အဝင် ဝ နားမှာ သူ့ ဖွားလေးရဲ့ အသံကို ကြားပြီး ခြေလှမ်းက အထဲကိုလည်း ဆက်လှမ်းလို့ မရ၊ နောက်ကိုလည်း ပြန်လှည့်လို့ မရနဲ့ တောင့်တောင့်ကြီး ဖြစ်နေပါသည်။ ဖုန်းဆက်ပြောရအောင်ကလည်း ရေထဲမှာပဲ နေဖူးတဲ့ ရှောင်း က ဖုန်း မရှိပါ။

အဲ့ဒီအချိန်မှာ သူ ဆုတောင်းလိုက်တာက အခုချိန် ရှောင်း အိမ်တော် ပြန်မရောက်ပါစေနဲ့ လို့သာ။

~~~~~~~~

ဝမ် အိမ်တော်ရဲ့ ထမင်းစားခန်းထဲက ဖုန်း ပြောခြင်းကလည်း မပြီးပြတ်နိုင်သေးပါ။ မြေး အကြောင်းတွေ ပြောကြရင်း ရှေးဟောင်း နှောင်းဖြစ်တွေထိပါ ဆက်ပြောနေကြပြန်တယ်။ မသိရင် ရှောင်းကျန့် အိမ်ပြန်လာတာကို စောင့်ရင်း ပြောနေတဲ့ ပုံ။

' ဝမ် လူကြီးမင်း တို့ဆီ ကျမ ပြီးမှ လာလည်ပါအုံးမယ်။ ကျမ အစ်ကိုကြီး ဆုံး တုန်းကပဲ ဆုံတာ ဆိုတော့ တော်တော် တောင် ကြာနေခဲ့ပြီ။'

' ဟုတ်ပါ့။ ဟုတ်ပါ့။ လာခဲ့ပါဗျာ။ တကယ်တော့ ထိုင်ဝမ် နဲ့ ပေကျင်း ဆိုတာ တစ်ကမ္ဘာစီ မဟုတ်ပဲ ကိုယ့် ကိစ္စနဲ့ကိုယ် တစ်ယောက် ဆီ တစ်ယောက် မရောက်ဖြစ်ကြတာ။'

' ဟုတ်တယ်။ တကယ်တော့ ကိစ္စဆိုတာက အရေးကြီးတာရော အရေးမကြီးတာရော အမြဲတမ်း ရှိနေတာပါပဲ။ တစ်ခါတစ်လေ တော့လည်း လက်လွှတ်နိုင်မှ စိတ်သက်သာ ရာ ရတာ။'

ထိုစဉ် ...

' တင်း တင် ... တင်း တင် ...။'

ရိပေါ် သူ့ဖုန်း မြည်လာတာကြောင့် ကြည့်လိုက်တော့ သူ့လက်ထောက် ...။ သွားပြီ ... သူ ကုမ္မဏီ သွားရတော့မယ်။

~~~~~~~

ရှောင်းကျန့် ဘုံကျောင်း ရောက်တော့လည်း သူ့ကို ပညာ ဆက်ပြချင်နေသေးတဲ့ သခင်မကြီး က သူ့ကို ဘုံကျောင်းဝင်းထဲ တံမြက်စည်း လှည်းခိုင်းသေးတာကြောင့် သူ့မှာ ဘုံကျောင်း ရောက်ကတည်းကနေ ပြန်လာတဲ့ချိန်ထိ ကား ပေါ်ရောက်မှသာ ထိုင်ခွင့်ရတော့တယ်။

သခင်မကြီး နဲ့ လိကွား ကား အနောက်ခန်းမှာ ထိုင်ပြီး ရှေ့ခန်းမှာ ထိုင်ရင်း ခြေထောက်ကို လက်သီးဆုပ်နဲ့ ထု နေတဲ့ မု မင်းသမီး ကို ကြည့်ပြီး မင်းသမီး မမြင်အောင် တစ်ယောက် လက် ဖဝါး တစ်ယောက် ရိုက်လိုက်ကြသည်။

အိမ် အပြန်လမ်းမှာ လာနေတုန်း သခင်မကြီး အရှေ့နားမှာ ၂၄ နာရီ ရတဲ့ စတိုးဆိုင် တစ်ဆိုင် ရှိနေတယ် ဆိုတဲ့ အကြို ဆိုင်းဘုတ် ထောင်ထားတာကို မြင်ပြီး အကြံ ထပ်ထွက်လာသည်။

အဲ့ဒါကြောင့် ...

' ကား သမား ... အရှေ့နား ရောက်ရင် ခဏ ရပ်အုံး။'

ရှောင်းကျန့် အနောက်က ထွက်လာတဲ့ အသံကြောင့် သူ့ ကံကြမ္မာသူ ကြိုတင်ဟောထားလိုက်တော့သည်။ ဒါလည်း သူ့ကို ခိုင်းချင်လို့ သက်သက် ရပ်ခိုင်းတာ။

~~~~~~~~

သူတို့ အိမ်ပြန်ရောက်လာတော့ ရှောင်းကျန့် အကုန်လုံးထက် အရင် အိမ်ထဲ ဝင်ပြေးလိုက်သည်။

' ဟင်း ... ဟင်း ...။'

' ဒါ ... အ စ ပဲ ရှိသေးတယ်။ အဲ့ဒါ ငါ့ကို လူကြီးကို လူကြီးမှန်း မသိ ပြန်ခံ ပြောလို့ ယဉ်ကျေးမှု သိအောင် သင်ပေးတာ။'

လိကွား လည်း သူ့ ဒေါ်လေးကို လက်မ ထောင်ပြလိုက်ပြီး ...

' ဒေါ်လေး ... တော်တယ်။ နောက်ဆို သူ ဦးမော့ မလာနိုင်အောင် ထပ် ဖိ ပေးရမယ်။'

' မပူနဲ့။ သူ့အိမ် သူ ပြန်ပြေးချင်အောင် လုပ်ပေးအုံးမှာ။'

' ကောင်းတယ်။'

အိမ် အပြင်မှာ ကျန်ခဲ့တဲ့ နှစ်ယောက် သူတို့ နိုင်ပြီ ထင်ပြီး ပျော်နေကြသလို ...

အိမ်အပေါ်ထပ်က နှစ်ယောက်ကလည်း ...

' ဘယ်လို ...။'

' ဟုတ်တယ်။ မနက်က ဝမ် သခင်ကြီး ဆီ ဖွားလေး ဖုန်းဆက်လာတာ။ တော်သေးတယ် နင် စောစော ပြန်မလာလို့ ...။ ငါ့မှာ နင့်ကို ဖုန်းဆက်ပြောဖို့ ကလည်း နင် က ဖုန်း မရှိဘူးလေ။'

' ဖုန်း မရှိတော့ မင်း က ဝယ်ပေးပေါ့။ ငါက ဘာ သိမှာလဲ ...။'

' အေးပါ ...။ တစ်ရက်လောက် သွားဝယ်ကြတာပေါ့။'

ရှောင်းကျန့် ဆိုဖာမှာ ကို့ယို့ ကားရား ဝင်ထိုင်ရင်း ...

' ဒါဆို ဟိုဘွားတော်ကြီး ငါ့ကို ဟိုဟာခိုင်း ဒီဟာခိုင်းနဲ့ အချိန်ကြာနေတာကိုပဲ ကျေးဇူးတင်ရမှာပေါ့။'

' အေး ... အဲ့လို ပြောရမယ့် သဘော ဖြစ်နေပြီ။'

~~~~~~~~

ကုမ္မဏီ က ဝမ်ရိပေါ်ကလည်း ဒီနေ့ မထင်ထားပဲ နိုင်ငံခြားသား က သူတို့ ကုမ္မဏီ ကို လာတာကြောင့် အလုပ်ကို စောစော လာလိုက်ရတော့တာ ဖြစ်သည်။

လူကပဲ ရောက်လာပြီး စိတ်က အိမ်မှာ ကျန်ခဲ့တော့ နိုင်ငံခြားသား နဲ့ စကား ပြောတာတောင် အယောင် ယောင် အမှား မှား ဖြစ်နေပါတော့တယ်။

အချစ်က တကယ်ပဲ လူ ကို ပျက်စီးစေတတ်တာလား ????

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
2023.10.14 ( Sat )

Zawgyi

ဝမ္ အိမ္ေတာ္ရဲ႕ အခန္း တစ္ခန္းထဲတြင္ ခ်မ္းသာတဲ့ အိမ္လို႔ မေျပာရဘူး၊ အိပ္ခန္း တစ္ခန္း က လူ တစ္ခ်ိဳ႕ ငွါးစားတဲ့ တိုက္ခန္း တစ္ခန္းစာေလာက္ ရွိေနတယ္။

ဒါေပမယ့္ ဘယ္အိပ္ခန္း မဆို ကုတင္ကေတာ့ တစ္လုံးပဲ ထားတာ သဘာဝ ပါ။

ယြီ႕က်င္း ကုတင္ေပၚ ပက္လက္ လွန္ၿပီး လွဲေနတဲ့ ေရွာင္း ရဲ႕ အနားကို သြားၿပီး ေအာက္ကို တြဲေလာင္းက်ေနတဲ့ ေရွာင္း ရဲ႕ ေျခေထာက္ကို သူ႔ ေျခေထာက္နဲ႔ သြားတို႔လိုက္သည္။

' ဟဲ့ ...။'

' ဘာလဲကြာ ...။'

' ဘာကို ဘာလဲ ဆိုတာ သိခ်င္ရင္ ထ လိုက္။'

ေရွာင္းက်န္႔ အိပ္ခ်င္ မူးတူးနဲ႔ ထ လာေတာ့ ခုထိ ေရမခ်ိဳးေသးပဲ မနက္က အဝတ္ အစားပဲ ျဖစ္ေနေသးတဲ့ ယြီ႕က်င္း ကို ေတြ႕လိုက္ရသည္။

' ဝါး ...။'

ေရွာင္းက်န္႔ တစ္ခ်က္ သမ္းေဝလိုက္ၿပီး ...

' မင္း က ေရမခ်ိဳးပဲ အိပ္မလို႔လား။'

' ငါလည္း အဲ့ဒါပဲ ေျပာမလို႔။ နင္ က ငါ့ကို နင္ နဲ႔ အခန္း အတူ လာေနခိုင္းၿပီး အိစက္တဲ့ ေမြ႕ရာေပၚ တစ္ေယာက္တည္း ဆန္႔ဆန္႔ႀကီး အိပ္ေနတာ ျဖစ္သင့္သလား။'

အဲ့ေတာ့မွ ေရွာင္းက်န္႔ ေနာက္က ေမြ႕ရာကို ၾကည့္ရင္း လက္ပုတ္လိုက္ၿပီး ...

' ေမြ႕ရာ ေပၚ အိပ္ခ်င္တာမ်ား လာအိပ္ေလ။ မင္း ပဲ ငါ့ကို မ ဇာတ္သြင္းထားတာ မလား။ ၿပီးေတာ့ ငါ မင္း ကို ရင္မခုန္ဘူး။'

' အမယ္ ...။ ငါကလည္း နင့္လို ပိန္ေညာင္ေညာင္ ကို ရင္မခုန္ဘူး။'

' ဘာလဲ ... ဝမ္ရိေပၚ လို ေတာင့္ေတာင့္ ေျဖာင့္ေျဖာင့္ ကိုပဲ ရင္ခုန္တာလား ...။ မီ ေသးတယ္ေနာ္။ ေနရာခ်င္း ျပန္လဲခ်င္ရင္ ...။'

' သူ႔လိုလည္း ရင္မခုန္ဘူး။ ငါက ကိုရီးယား လို ပုံစံကိုပဲ ေႂကြခ်င္တာ ...။ တ႐ုတ္ေကာင္ ေတြ ငယ္ငယ္ကတည္းက ျမင္ဖူးလာေတာ့ ႐ိုး အီ ေနၿပီ။'

ေရွာင္းက်န္႔ ယြီ႕က်င္းရဲ႕ စကားေၾကာင့္ မဲ့ လိုက္ၿပီး ...

' ကဲ ... အခု က ဘာလုပ္မွာလဲ။ လာအိပ္မယ္ဆိုလည္း ေရခ်ိဳးၿပီးရင္ လာအိပ္ေတာ့။ ငါက ပင္ပန္းလို႔ အိပ္ေတာ့မယ္။'

' အရမ္း ပင္ပန္းေနမွာေပါ့။ ဝမ္ရိေပၚ ကို ကပ္ေနရလို႔ကိုး ...။'

' ငါ့ ကိုကို ကို ဘာမွ လာမေျပာနဲ႔ ...။'

ယြီ႕က်င္း သူ႔ကို ေရွာင္း တမင္ ႐ြဲ႕ေျပာလာတယ္ဆိုတာ သိတာေၾကာင့္ မဲ့ လိုက္ရင္း ကုတင္ နားက ခြါလာလိုက္ၿပီး ...

' ခ်ီး ကို ကိုကို ...။' လို႔ပါ ျပန္ေျပာလိုက္သည္။

~~~~~~~

' ေဒါက္ ... ေဒါက္ ...။'

ရိေပၚ ေဟာ္ရွင္း နဲ႔ စကားေျပာေနရင္း အခန္း တံခါး ေခါက္သံေၾကာင့္ ဖိုးဖိုး မ်ားလား ဆိုၿပီး ေတြးရင္း ...

' ဒါဆို ငါ ေနာက္မွ ျပန္ေခၚလိုက္မယ္။ စာ လည္း ေသခ်ာလုပ္။ က်န္းမာေရးလည္း ဂ႐ုစိုက္အုံး ...။'

' ဟုတ္ကဲ့ပါ။ ေလးေလး နဲ႔ ေဒၚေလး သာ အဆင္ေျပသြားရင္ က်ေနာ့္ကို မိတ္ဆက္ေပးဖို႔ မေမ့နဲ႔ေနာ္။'

' အိုေခ ... အိုေခ။ ဖုန္း ခ် လိုက္ေတာ့။'

~~~~~~~

တံခါး အျပင္ဘက္က လိကြား ကလည္း တံခါး လာမေသးခင္မွာ လည္ပင္း ဟိုက္ေနတဲ့ အၤက်ီကို ပုခုံး နားထိ ေရာက္ေအာင္ ဟိုဖက္ ဒီဖက္ ဆြဲရင္း လက္ထဲ ကိုင္ထားတဲ့ ႏြားႏို႔ ခြက္ ကို အလုပ္ မရွိ အလုပ္ရွာၿပီး ဟိုဘက္လွည့္ ဒီဘက္လွည့္ လွည့္လိုက္သည္။

!!! ကလစ္ !!!

ရိေပၚ တံခါး ဖြင့္လိုက္ေတာ့ အေရွ႕မွာ ရပ္ေနတာက ဖိုးဖိုး မဟုတ္ပါ။

ထိုစဥ္ သူနဲ႔ ကပ္ရပ္ အခန္း တံခါး ကလည္း ပြင့္လာသည္။

ရိေပၚ သူ ထြက္မလာေစခ်င္တဲ့ တစ္ေယာက္ပဲ တကယ္ ျဖစ္ေနပါတယ္။

ေရွာင္းက်န္႔ သူ႔ အခန္း တံခါး လာေခါက္တယ္ ထင္တာေၾကာင့္ တံခါး ဖြင့္ခိုင္းဖို႔ ယြီ႕က်င္း ကလည္း ေရခ်ိဳးေနတာမို႔ သူ ပဲ ဖြင့္ဖို႔ ထ လာရတာ ျဖစ္သည္။

တံခါး ဖြင့္လိုက္မွ ျမင္လိုက္ရတာက ...

' ဘာလုပ္ေနၾကတာလဲ ...။'

' ဘာမွ မလုပ္ဘူး။ ကိုယ္က ဖိုးဖိုး အခန္း တံခါး လာေခါက္တယ္ ထင္ၿပီး ဖြင့္ေပးလိုက္တာ ...။ ကိုယ္က သူ မွန္း မသိဘူး။'

ေရွာင္းက်န္႔ သူ႔ကို အေလာတႀကီး ရွင္းျပလာတဲ့ ဝမ္ရိေပၚ ကို တစ္ခ်က္ၾကည့္ၿပီး အဝတ္အစား နဲ႔ မတည့္တဲ့ တစ္ေယာက္ကို ေမးဆတ္လိုက္သည္။ အခုလည္း အၤက်ီက လက္ ေတာင္ မခ်ဳပ္ရေသးပဲ ဝတ္လာျပန္ၿပီ။

လိကြား သူ႔ကို မထီမဲ့ျမင္ အမူအရာနဲ႔ လုပ္ျပလာတဲ့ မင္းသမီး ဆိုတဲ့ တစ္ေယာက္ကို ဘုၾကည့္ ျပန္ၾကည့္လိုက္သည္။ မင္းသမီး လို႔သာ ေျပာလို႔ ယုံရတာ။ အျပဳအမူ အေျပာအဆို လက္ရဲ ဇက္ရဲႏိုင္တာေတြက ဘယ္ဟာကမွ မင္းသမီးနဲ႔ မတူဘူး။

' ဒီမွာေလ ... ဝမ္ သခင္ေလး က ည အိပ္ခါနီးဆို ႏို႔ ... ေသာက္ၿပီးမွ အိပ္တတ္တာ ဆိုလို႔ ႏို႔ ... လာပို႔တာ ...။'

ေရွာင္းက်န္႔ သူ႔ဘက္ကို လွည့္ၿပီး တမင္ တကာ ႏို႔ ဆိုတဲ့ ေနရာကို ဖိ ဖိ ေျပာလာတဲ့ အဝတ္အစား ဆင္းရဲတဲ့ မိန္းကေလးေၾကာင့္ တစ္ခ်က္ တစ္ခ်က္ ေတာင္ ေနာက္လွန္ခ်င္သြားရသည္။

' ဝမ္ သခင္ေလး ေသာက္မယ္ မလားဟင္ !!!။'

ေရွာင္းက်န္႔ သူ တစ္ေယာက္လုံး အေရွ႕မွာေတာင္ ေရွ႕ဆက္တိုးရဲၿပီး ထပ္ေမးလာျပန္တဲ့ တစ္ေယာက္ေၾကာင့္ အနား သြားၿပီး အဲ့ဒီ ႏို႔ ... ဆိုတာႀကီးကို ေကာက္ေမာ့ပစ္လိုက္သည္။

' ေရာ့ ... ကုန္ၿပီ။ ျပန္ေတာ့ ...။'

' နင္ ... နင္ ...။'

ေရွာင္းက်န္႔ သူ႔ကို မေက်မခ်မ္းနဲ႔ တ နင္ နင္ လုပ္လာတဲ့ တစ္ေယာက္ကို ေဘးကေန ခႏၶာကိုယ္နဲ႔ တြန္းလိုက္ၿပီး သူကေတာ့ ဝမ္ရိေပၚ အေရွ႕မွာ ရပ္လိုက္သည္။

' သြား ... ျပန္ေတာ့။ ဒီလို အခ်ိန္ လက္ထပ္ဖို႔ မိန္းကေလး ရွိေနတဲ့ ေယာက်ာ္း တစ္ေယာက္ရဲ႕ အခန္းေရွ႕၊ ၿပီးေတာ့ အဲ့မိန္းကေလး ကလည္း အနားမွာ ရွိေနတာကို ၊ မင္း ဒီကို မလာသင့္ဘူးဆိုတာ မသိဘူးလား။'

' ငါက ဒီတိုင္း ႏို႔ လာပို႔တာလို႔ ေျပာၿပီးၿပီေလ။'

' အဲ့ဒါဆိုလည္း အဝတ္အစားကို ေသခ်ာ ဝတ္လာခဲ့ေလ။ အခုလို ခ်ဳပ္လို႔ မၿပီးေသးတာကို ေကာက္ဝတ္ မလာနဲ႔။'

' ဒါက ... တမင္ ဒီဇိုင္းထြင္ၿပီး ခ်ဳပ္ထားတာ။ ဒါေလးေတာင္ မသိဘူးလား။'

' မသိဘူး။ သိလည္း မသိခ်င္ဘူး။ သြား ... ျပန္ေတာ့ ...။'

လိကြား ႏြားႏို႔ ခြက္ အလႊတ္ကို ယူၿပီး ႏႈတ္ခမ္းကို မဲ့႐ြဲ႕ၿပီး ထြက္လာလိုက္သည္။

ေရွာင္းက်န္႔ ဝမ္ရိေပၚ ကို လွည့္ၾကည့္ေတာ့ ေက်နပ္ေနတဲ့ မ်က္ႏွာနဲ႔ ၿပဳံးခ်င္ခ်င္ ေတာင္ ျဖစ္ေနတယ္။

' ဝမ္ သခင္ေလး က ညႀကီး မင္းႀကီး အဲ့လို ပုံစံေတြ ဝတ္ၿပီး အခန္းေရွ႕ တံခါး လာေခါက္တာကို ႀကိဳက္တာလား။ အခုက က်ေနာ္ အေႏွာင့္ယွက္ လာေပးသလိုမ်ား ျဖစ္သြားလား?.'

' မင္း ခုလို ကိုယ့္ကို လာၿပီး ကာကြယ္ေပးတာကို သေဘာက်တာပါ။ သူ႔ကိုက မ်က္လုံးထဲေတာင္ မထည့္ဘူး။ ၿပီးေတာ့ အဲ့လို ဝတ္စားပုံကို ကိုယ္မႀကိဳက္ဘူး။ ကိုယ္ ႀကိဳက္တာက ည အိပ္ဝတ္ အျပည့္အစုံ ဝတ္ထားတာကိုမွ ပန္ဒါ ႐ုပ္ေလးနဲ႔ဟာမ်ိဳး ...။'

ေရွာင္းက်န္႔ သူ႔ကို ေျခဆုံး ေခါင္းဆုံး ၾကည့္ရင္း ေျပာလာတာေၾကာင့္ သူ႔ကိုယ္သူ ျပန္ၾကည့္ေတာ့ ဝမ္ သခင္ေလး ေျပာတဲ့ ပုံစံက သူ ျဖစ္ေနတယ္။

ဒါေပမယ့္ သူ က ေယာက်ာ္းႀကီးေလ အဲ့လို အတို အျပတ္မ်ိဳး မဝတ္ျပႏိုင္ပါဘူး။ ဒါကိုေတာ့ ႁခြင္းခ်က္ ထားလိုက္ေတာ့မယ္။ သူ ႀကိဳက္တာ တစ္ခုေလာက္ပဲ လုပ္ေပး႐ုံနဲ႔ သူ႔ကို လက္မထပ္ရပါဘူး ...။

' လာေျပာခ်င္လို႔ ေျပာတယ္ ထင္မေနနဲ႔ ...။ အခု အေျခေနက ဝမ္ သခင္ေလးနဲ႔ က်ေနာ္ နဲ႔က လက္ထပ္ဖို႔ သေဘာတူခံ ထားရတဲ့ လူေတြေလ။ ၿပီးေတာ့ က်ေနာ္ တစ္ေယာက္လုံး ဒီအိမ္ ေရာက္ေနၿပီး ဝမ္ သခင္ေလး နဲ႔ ပတ္သက္မႈ ကို သိေနတာေတာင္ အခုလို လာေၾကာတာ မခံႏိုင္လို႔ လာေျပာတာ။ ေျပာရရင္ က်ေနာ့္ သိကၡာကို က်ေနာ္ လာဆယ္တာ သက္သက္ ပဲ။'

ရိေပၚ လက္ပိုက္လ်က္ အေနထားနဲ႔ အခန္းရဲ႕ နံရံကို မွီရင္း ေျပာေနတဲ့ တစ္ေယာက္ရဲ႕ အေရွ႕ကို သြားၿပီး မ်က္ႏွာခ်င္း နီးေအာင္ တေျဖးေျဖး တိုးကပ္သြားလိုက္သည္။

' ဘာ ... ဘာလုပ္မလို႔လဲ ...။'

' အဟြန္း !!!.'

ရိေပၚ သူ႔ကို မၾကည့္ရဲပဲ အၾကည့္ကို ဟိုလႊဲ ဒီလႊဲ နဲ႔ စကားပါ ထစ္ လာတဲ့ တစ္ေယာက္ကို ၾကည့္ရင္း သေဘာက်စြာ ရယ္ လိုက္ၿပီး ...

' ဘာမွ မလုပ္ပါဘူး။ ဒီတိုင္း မ်က္လုံးခ်င္း ဆုံေအာင္ ၾကည့္ခ်င္တာ ...။ လာပါ ... ကိုယ့္ မ်က္လုံး ကို ၾကည့္ ...။'

' ဟင့္အင္း ...။'

ေရွာင္းက်န္႔ သူ႔ ေမးဖ်ားကိုပါ လာကိုင္တဲ့ ဝမ္ သခင္ေလးေၾကာင့္ လႊတ္ထြက္ေအာင္ လွည့္ပစ္လိုက္ၿပီး ...

' က်ေနာ္ အိပ္ခ်င္လို႔ သြား အိပ္ေတာ့မယ္။ ဖယ္ ...။'

ရိေပၚ သူ႔ကို တြန္းတိုက္ၿပီး ထြက္သြားတဲ့ တစ္ေယာက္ကို တမင္ တကာ လႊတ္ေပးလိုက္သည္။

ထိုစဥ္ ...

!!!! ဒုန္း !!!!

' အဟင္း ... စိတ္ကလည္း ဆတ္ လိုက္တာ ...။'

ရိေပၚ သူ႔ကို ႐ြဲ႕ၿပီး အခန္း တံခါးကို အသံ အက်ယ္ႀကီး ျမည္ေအာင္ ပိတ္သြားတဲ့ တစ္ေယာက္ေၾကာင့္ ရယ္ လိုက္ရင္း သူ လည္းပဲ အခန္းထဲ ဝင္လာလိုက္သည္။

~~~~~~~

' ဒုတ္ ... ဒုတ္ ...။'

' ဒုတ္ ... ဒုတ္ ...။'

ေရွာင္းက်န္႔ အခန္း တံခါး ကို ေက်ာေပးရင္း တ ဒုတ္ ဒုတ္ ျမည္ေနတဲ့ သူ႔ ႏွလုံးသား ေနရာ ကို ဖိထားလိုက္ၿပီး ...

' အာ ... ဘာျဖစ္ေနတာလဲ ...။ ရင္ခုန္ တာက မသိရင္ ေပါက္ထြက္ေတာ့မယ့္ အတိုင္းနဲ႔။'

ေရွာင္းက်န္႔ သူ႔ ႏွလုံးသား ကို ဖိလိုက္ၿပီး ...

' ၿငိမ္ၿငိမ္ ေနစမ္း၊ ၿငိမ္ၿငိမ္ ေနစမ္း ...။'

ထိုစဥ္ ...

' ေရွာင္း ... ဘာလုပ္ေနတာလဲ ...။'

' ဘာ ... ဘာမွ မလုပ္ဘူး။'

ေရွာင္းက်န္႔ ႐ုတ္တရက္ ၾကားလိုက္ရတဲ့ အသံေၾကာင့္ ျပန္ေျပာလိုက္ၿပီးမွ ...
လက္ႏွစ္ဖက္ကို တံခါးခ်ပ္မွာ ဆန္႔ထုတ္လိုက္ၿပီး အထက္ ေအာက္ ပြတ္သုတ္လိုက္ရင္း ...

' ဖုန္ သုတ္ေနတာ။ အဟင္း ...။'

ယြီ႕က်င္း စိုေနတဲ့ ဆံပင္ ကို တဘက္နဲ႔ သုတ္ရင္း ...

' ႐ူးေနတာလား ...။ နင္ ခုန ေျပာေတာ့ အိပ္ေတာ့မယ္ဆို...။ အခု မ်က္လုံးက ဘယ္လိုျဖစ္လို႔ ဇီးကြက္ ထက္ေတာင္ ျပဴးထြက္ေနတာလဲ ...။ ၿပီးေတာ့ ဆံပင္တု က ဘာလို႔ ျပန္စြပ္ထားေနေသးတာလဲ ...။ မဟုတ္မွ တကယ္ႀကီး မိန္းကေလး ျဖစ္ခ်င္သြားၿပီလား ...။'

ေရွာင္းက်န္႔ အဲ့ေတာ့မွ သူ႔ေခါင္းေပၚက ဆံပင္ ကို ဆြဲခြၽတ္ၿပီး ယြီ႕က်င္း ဆီ ပစ္ေပါက္ လိုက္ရင္း ...

' ျဖစ္ခ်င္စရာလား ...။ မိန္းကေလး ဆို ဟိုတစ္ေယာက္ကို ျမင္တာနဲ႔တင္ စိတ္ကုန္တယ္။'

' ဘယ္တစ္ေယာက္ လဲ ...။'

' ဒီမွာ မင္း နဲ႔ ငါ ရယ္ လူငယ္ဆိုလို႔ ဘယ္သူ ရွိေသးလို႔လဲ ...။'

အဲ့ေတာ့မွ ယြီ႕က်င္း မ်က္လုံးထဲ မ်က္ႏွာကို မိတ္ကပ္ေတြ အသားကုန္ ဖို႔ ထားၿပီး ႏႈတ္ခမ္းကိုလည္း ရဲေနေအာင္ ဆိုးထားတဲ့ ေန႔လည္ က တစ္ေယာက္ကို ျမင္ေယာင္လာသည္။

ယြီ႕က်င္း ဘာမွဆက္မေမးေတာ့ပဲ မွန္တင္ခုံေရွ႕မွာ ဝင္ထိုင္လိုက္ၿပီး ...

' ဒါဆိုလည္း မအိပ္ေသးမယ့္ အတူတူ ငါ့ ဆံပင္ကို ေျခာက္ေအာင္ လာမႈတ္ေပးစမ္းပါ။'

' ဆံပင္ ကို ဘယ္လို မႈတ္ရမွာလဲ ...။ ႐ူးေနတာကမွ မင္း ...။'

ယြီ႕က်င္း မွန္ထဲကေန ျမင္ေနရတဲ့ ေရွာင္း ကို ေျပာရတာ ေမာ တယ္ဆိုတဲ့ ပုံစံနဲ႔ ၾကည့္လိုက္ၿပီး ခုံေပၚမွာ တင္ထားတဲ့ ဆံပင္ ေျခာက္ေအာင္ မႈတ္တဲ့ စက္ ကို ယူ ေထာင္ျပလိုက္ၿပီး ...

' ဒီမွာ စိုေနတဲ့ ဆံပင္ ကို ဒါနဲ႔ မႈတ္ရတာ။ နင္ ဇာတ္ကားေတြ ၾကည့္ေနတာ မင္းသား က မင္းသမီးကို ဆံပင္ မႈတ္ေပးတာမ်ိဳး မပါဘူးလား ...။'

' မပါဘူး ...။'

ေရွာင္းက်န္႔ ယြီ႕က်င္း အနား သြားၿပီး စက္ ကို ယူလိုက္ရင္းနဲ႔မွ ...

' မင္း အခု ငါ့ကို မင္းသား က မင္းသမီး ကို ဆံပင္မႈတ္ေပးတဲ့ ဇာတ္ေတာ့ မသြင္းဘူး မလား။ ေျပာထားတယ္ေနာ္ ... မင္း ကို ရင္မခုန္ဘူးလို႔ ...။'

' မႈတ္ မွ သာ မႈတ္စမ္းပါ။ စကားကိုမ်ားတယ္။'

ေရွာင္းက်န္႔ ကလည္း မေျပာရ မေနႏိုင္တဲ့ သူ ျဖစ္တာေၾကာင့္ ဆံပင္ ငုတ္စိ ကို မႈတ္ခ်င္ေနေသးတယ္လို႔ ပြစိ ပြစိ ေျပာေနပါတယ္။

~~~~~~~~

နံနက္ေရာက္ေသာ္ ...

' ေဒါက္ ... ေဒါက္ ... ေဒါက္ ...။'

ေရွာင္းက်န္႔ တံခါး ေခါက္သံေၾကာင့္ ႏႈိး လာရသည္။ ဒါေပမယ့္ မေန႔ည ကလို ဟိုလူရဲ႕ အခန္းကို လာေခါက္တာကို သူ႔ အခန္းကို လာေခါက္တယ္ဆိုၿပီး ထပ္ၿပီး အထင္မွား မွာစိုးလို႔ ေသခ်ာ နားေထာင္ လိုက္သည္။

ဒါေပမယ့္ ဒီတစ္ခါ တံခါး ေခါက္သံက တကယ္ပဲ သူ႔အခန္းကို လာေခါက္ေနတယ္ဆိုတာ သိလိုက္ရသည္။

ေရွာင္းက်န္႔ ၾကားထဲ ဖက္လုံး ျခားထားတာကို ေက်ာ္ၿပီး ၾကည့္ေတာ့ မုယြီ႕က်င္း က အိပ္မက္ မက္ေကာင္းတုန္း ျဖစ္ပုံ ရတယ္။

အဲ့ဒါေၾကာင့္ ေျခေထာက္နဲ႔ ကန္ ၿပီး ႏႈိးလိုက္သည္။

' ယြီ႕က်င္း ...

ယြီ႕က်င္း ...။'

' အင္ ???.'

' ထ ေတာ့ ... ငါတို႔ အခန္း တံခါး လာေခါက္ေနတယ္။ အဲ့ဒါ ဘာလုပ္ဖို႔လည္း သိရေအာင္ သြားဖြင့္ေပးအုံး။'

ယြီ႕က်င္း အိပ္ခ်င္ မူးတူး ႐ုပ္နဲ႔ မ်က္လုံး ကို ပြတ္ၿပီး ေခါင္းအုံး နားက ထား ထားတဲ့ ဖုန္း ကို ယူၾကည့္ေတာ့ မနက္ ၆ နာရီ ပဲ ရွိေသးတယ္။

' ဒီလို အခ်ိန္ႀကီး ဘယ္သူက အခန္း တံခါး လာေခါက္မွာလဲ ... နင္ အိပ္မက္ ေယာင္ေနတာ ျဖစ္မွာပါ။ ျပန္အိပ္အုံး ...။'

ထိုစဥ္ အခန္း တံခါး ေခါက္သံ ကို ပီပီ သသ ထပ္ၾကားလိုက္ရသည္။

' ေဒါက္ ... ေဒါက္ ... ေဒါက္ ...။'

' ၾကားလား ...။ အခန္း တံခါး တကယ္ လာေခါက္ေနတာပါဆို ...။ သြား ... ထ ၿပီး သြားဖြင့္ၾကည့္ ...။'

' ဟာ !!!! ရႈပ္လိုက္တာ ...။ မနက္ ေစာေစာ စီးစီး ဘာလုပ္ဖို႔ အခန္း တံခါးကို ေသေအာင္ လာေခါက္ေနတာလဲ ...။'

ယြီ႕က်င္း မ ထ ခ်င္ပဲ ထ လိုက္ရေတာ့ မေက်မနပ္ ေရ႐ြတ္ရင္း သြားဖြင့္လိုက္သည္။

အခန္း တံခါး ကို လာေခါက္တာက အိမ္ေဖာ္ ေကာင္မေလး ျဖစ္ေနတယ္။

' ဘာကိစၥလဲ ...။'

' ဟို ... သခင္မႀကီးက မမေလး ကို လာႏႈိးခိုင္းလို႔ပါ။'

' ဘာလုပ္ဖို႔လည္း ... ဒါက အိပ္ေကာင္းေနတုန္း အခ်ိန္ပဲ ရွိေသးတာေလ။'

' ဟုတ္ကဲ့ ...။ ေတာင္းပန္ပါတယ္။ က်မ ကိုလည္း သခင္မႀကီးက လာႏႈိးခိုင္းလို႔ ပါ။'

ထိုစဥ္ ...

' မင္းသမီး ျဖစ္ၿပီး ဝိရိယ ကို မရွိဘူး။ ၿပီးေတာ့ ဒါက အိမ္ေထာင္ရွင္မ တစ္ေယာက္ ျဖစ္ေတာ့မယ့္ မိန္းကေလးက အိပ္ေနရမယ့္ အခ်ိန္လား။'

ယြီ႕က်င္း မနက္ေစာေစာ စီးစီး အ ကုသိုလ္႐ုပ္နဲ႔ ဘာေတြ လာေျပာေနမွန္း မသိတဲ့ ဟိုတစ္ေယာက္ေၾကာင့္ စိတ္ေတြ ရႈပ္လာၿပီး ပြ ေနတဲ့ ေခါင္းကို ပိုပြေအာင္ ဆြဲဖြ လိုက္ၿပီး ...

' ဘာေတြ လာေရာင္းေနတာလဲ ...။ ငါတို႔က ငါတို႔ ေနတတ္တဲ့ အတိုင္း ေျပာတာေလ။ နင္က ၾကားထဲ ဘာေတြ လာျဖစ္ေနတာလဲ။'

' ဘာမွ လာမေရာင္းဘူး။ ေဒၚေလး က ေကာင္မေလးကိုပဲ လာႏႈိးခိုင္းရင္ နင္တို႔ ခုလို ျပန္ေျပာမယ္ဆိုတာ သိလို႔ ငါ့ကိုပါ လာႏႈိးခိုင္းတာ။

သြား ပါ။ နင့္ မမေလးကိုပဲ သြားႏႈိးစမ္းပါ။ ဝမ္ အိမ္ေတာ္ရဲ႕ စည္းကမ္းထဲမွာ မနက္ ၆ နာရီဆို ထ ရၿပီး ဘုံေက်ာင္း သြားရမယ္ဆိုတာ ထိပ္ဆုံးက ပါတယ္။ ေနာက္မွ နင္တို႔ကို စည္းကမ္း စာအုပ္ လာေပးၿပီး က်က္ခိုင္းအုံးမယ္။'

~~~~~~~~

ေရွာင္းက်န္႔ သူ ျပင္ဆင္ၿပီး ေအာက္ဆင္းလာေတာ့ သခင္မႀကီး နဲ႔ လိကြား ဆိုတဲ့ တစ္ေယာက္က အိမ္ေရွ႕ တံခါးမႀကီး နားမွာ သူ႔ကို ရပ္ေစာင့္ေနတာ ေတြ႕လိုက္ရသည္။

သခင္မႀကီး အနား ေရာက္လာတဲ့ မင္းသမီး ကို သူ႔လက္ထဲက ဆြဲျခင္း ကို ေပးလိုက္သည္။

' ေရာ့ ... ဒါကို သယ္ လာခဲ့။ မင္း က မေန႔ကမွ အိမ္ေတာ္ ကို ေရာက္လာတာေၾကာင့္ မသိေသးဘူး ဆိုတဲ့ အေနနဲ႔ ဒီေန႔ အတြက္ေတာ့ ခြင့္ျပဳလိုက္မယ္။ ေနာက္ဆို မနက္ဆို ၆ နာရီ ထိုးတာနဲ႔ ထ ရမယ္။ ၿပီးရင္ ထမင္းစားခန္းထဲ လာၿပီး ဘုံေက်ာင္း သြားရင္ ယူသြားရမယ့္ ပစၥည္းေတြ လာျပင္ဆင္ ရမယ္။'

' အဲ့ဒါက က်ေနာ္ ကိုယ္တိုင္ ဝင္လုပ္မွ ျဖစ္မွာလား။ အိမ္ေတာ္ ဆိုၿပီး အိမ္ အတြက္ ခ်က္ျပဳတ္ တာဝန္ ယူတဲ့ လူ မရွိဘူးလား။'

သခင္မႀကီး စ ေရာက္ကတည္းက သူ႔ကို တစ္ခြန္း မက်န္ ျပန္ခံေျပာေနတဲ့ မင္းသမီး ကို ေသခ်ာ စိုက္ၾကည့္လိုက္ၿပီး ...

' မင္း ကို ယဥ္ေက်းမႈ မရွိဘူး ေျပာရင္လည္း မင္း မိဘေတြကို ပုတ္ခတ္ ေျပာတယ္ ျဖစ္အုံးမယ္။ မင္း က မင္းသမီး ျဖစ္ၿပီး၊ ဒီအိမ္ရဲ႕ ေခြၽးမ ျဖစ္လာမယ္ဆိုရင္ေတာင္ ငါကလည္း ဒီအိမ္ေတာ္ရဲ႕ အိမ္ေထာင္ ဦးစီး ဝမ္ လူႀကီးမင္းရဲ႕ မိန္းမ ေတာ္ပါတယ္။ မင္း ငါ့ကို နည္းနည္း ပါးပါး ေလးစားမႈ ရွိသင့္တယ္။ ခုလို တစ္ခြန္း မက်န္ ျပန္ခံေျပာေနရင္ မင္းတို႔ရဲ႕ အိမ္ေတာ္ နဲ႔ မ်ိဳး႐ိုးပဲ ထိခိုက္မယ္ေနာ္။

ငါ ေျပာခ်င္တဲ့ အဓိပၸာယ္ကို သေဘာေပါက္တယ္ မလား။'

ေရွာင္းက်န္႔ သူ က အခု မုယြီ႕က်င္း အျဖစ္ ဟန္ေဆာင္ ထားတာဆိုေတာ့ သခင္မႀကီး ေျပာသလို သူသာ ႐ိုင္းျပရင္ သူ႔ကို ဘယ္သူမွ ဆို ဆုံးမမႈ မရွိဘူးလားဆိုၿပီး ေသခ်ာေပါက္ မု ေတာ္ဝင္ မ်ိဳးႏြယ္ကို အရင္ဆုံး ေျပးျမင္ၾကမွာပဲ ျဖစ္တာေၾကာင့္ ေခါင္း မညိတ္ခ်င္ ညိတ္ခ်င္နဲ႔ ဟုတ္ကဲ့ လို႔ ျပန္ေျပာလိုက္သည္။

လိကြား ကေတာ့ အေရွ႕က ထြက္သြားတဲ့ ေဒၚေလး ေနာက္ကို လိုက္မသြားခင္ အေနာက္မွာ ရပ္ေနတဲ့ မင္းသမီးကို ေလွာင္ၿပဳံး ၿပဳံးျပရင္း ႏႈတ္ခမ္း မဲ့ ျပဖို႔လည္း မေမ့ပါ။

ေရွာင္းက်န္႔ သူ႔ကို လာေျပာင္ေနတဲ့ လိကြား ကို လက္ထဲက ကိုင္ထားတဲ့ ျခင္းနဲ႔ ေကာက္ေပါက္ လိုက္ခ်င္ေပမယ့္ သူ႔ကို တစ္ေယာက္တည္း လိုက္ခိုင္းၿပီး အိပ္ယာထဲမွာ ခုထိ သာသာ ယာယာ နဲ႔ အိပ္ေနအုံးမယ့္ ယြီ႕က်င္း ကိုပဲ ပိုၿပီး ဖိသတ္လိုက္ခ်င္ေနတယ္။

~~~~~~~~~

ရိေပၚ ႏႈိး လာၿပီး ေရခ်ိဳး အဝတ္အစား လဲ ၿပီးတာနဲ႔ ေအာက္ကို အျမန္ဆင္းလာလိုက္သည္။ ဒါေပမယ့္ အိမ္ေရွ႕ ဧည့္ခန္းမွာေရာ၊ ထမင္းစားခန္းထဲထိ ဝင္လာတာေတာင္ သူ႔ မိန္းမေလာင္းလ်ာ ရဲ႕ အရိပ္အေယာင္ေတာင္ မေတြ႕ရပါ။

ထမင္းစားခန္းမွာ ဖိုးဖိုး ပဲ တစ္ေယာက္တည္း ထိုင္ေနတယ္။

' ေျမး ရိေပၚ ... လာ ... မနက္စာ လာစား။'

ရိေပၚ မေက်နပ္ေသးပဲ ဟို ဟို ဒီ ဒီ ရွာၾကည့္ရင္း ...

' ဖိုးဖိုး ... ဘယ္သူမွ မရွိဘူးလား ...။'

ဝမ္ အဖိုး ခါတိုင္း ဘယ္သူမွ မရွိရင္ ပိုေတာင္ သေဘာက်ေနေသးတဲ့ သူ႔ ေျမးက အခုလို ေမးလာေတာ့ သေဘာက်ၿပီး ၿပဳံးလိုက္ရင္း ...

' သူတို႔ေတြ မနက္ ကတည္းက ဘုံေက်ာင္း သြားေနၾကတာတဲ့။'

' အဲ့ဒါ ခုထိ ျပန္မလာၾကေသးဘူးလား။'

ရိေပၚ ေျပာရင္း မု မင္းသမီး ကို စိတ္ပူသြားသည္။ စလာကတည္းက ခုလို စည္းကမ္းေတြ တင္းၾကပ္ေနရင္ သူ႔အိမ္ေတာ္ပဲ ျပန္ေျပးသြားေလမလား။ နဂိုကတည္းက သူ႔ကို လက္မထပ္ခ်င္ဘူး ဆိုၿပီး ျငင္းခ်င္ေနတာမလား။

' ခုန ဖုန္းဆက္ၾကည့္ေတာ့ လာခါနီးၿပီလို႔ ေျပာတယ္။ ဒါေပမယ့္ ေျမး ကုမၼဏီ သြားမွာနဲ႔က မမီေတာ့ဘူး ထင္တယ္။ သူတို႔က ခုမွ ဘုံေက်ာင္းကေန ထြက္လာမွာဆိုေတာ့ ကား ပိတ္မွာနဲ႔ဆို ၾကာအုံးမွာ။'

' ရတယ္။ ဒီေန႔ က်ေနာ္ ကုမၼဏီ မွာ အေရးႀကီး အစည္းအေဝး မရွိဘူးဆိုေတာ့ ၿပီးမွ သြားလည္း ရပါတယ္။'

' အင္း ...။ သေဘာ။'

ထိုစဥ္ ... ထမင္းစား စားပြဲေပၚမွာ တင္ထားတဲ့ ဖုန္း ျမည္လာသည္။

ဝမ္ အဖိုး သူ႔ဖုန္း ျမည္လာတာေၾကာင့္ ၾကည့္လိုက္ေတာ့ မု အိမ္ေတာ္က ...

ဝမ္ အဖိုး သူ႔ေျမးပါ ၾကားရေအာင္ ဖုန္း ကိုင္ၿပီး စပီကာ ပါ ဖြင့္ထားလိုက္သည္။

' ဟလို ... မဂၤလာပါ ဗ်။'

' မဂၤလာပါ ဝမ္ လူႀကီးမင္း ...။ ေနေကာင္းပါတယ္ေနာ္ ...။'

' ေနေကာင္းပါတယ္။ မဟုတ္ေတာင္ က်ေနာ္လည္း မု အိမ္ေတာ္ ကို ဖုန္းဆက္မလို႔ပါပဲ။ မေန႔ကပဲ သမီးေလး ေရာက္လာတယ္။ သမီးေလး ကို ျမင္တာနဲ႔ က်ေနာ္ေတာင္ ေျမးရိေပၚ နဲ႔ ခ်က္ခ်င္း ကို လက္ထပ္ေပးခ်င္စိတ္ ျဖစ္သြားတယ္။ က်ေနာ္ ေတာ့ အရမ္း သေဘာက်ေနၿပီဗ်ာ ...။'

ေဘးက ဝမ္ရိေပၚ ရဲ႕ စိတ္ထဲတြင္လည္း က်ေနာ္ လည္း အရမ္းကို သေဘာက်ေနပါၿပီလို႔ ေျပာေနပါတယ္။

~~~~~~~~

ဝမ္အိမ္ေတာ္ ကို ျပန္လာတဲ့ လမ္းတြင္လည္း ကား ေပၚမွာ ေရွာင္းက်န္႔ တစ္ေယာက္ မ်က္ခုံးေတြ လႈပ္ေနပါသည္။

ဝမ္ အိမ္ေတာ္မွာ အိပ္ယာ မထ ခ်င္လို႔ က်န္ခဲ့တဲ့ မုယြီ႕က်င္းကလည္း အိပ္ယာႏႈိးလို႔ ေအာက္ ဆင္းလာေနတုန္း ထမင္းစားခန္း အဝင္ ဝ နားမွာ သူ႔ ဖြားေလးရဲ႕ အသံကို ၾကားၿပီး ေျခလွမ္းက အထဲကိုလည္း ဆက္လွမ္းလို႔ မရ၊ ေနာက္ကိုလည္း ျပန္လွည့္လို႔ မရနဲ႔ ေတာင့္ေတာင့္ႀကီး ျဖစ္ေနပါသည္။ ဖုန္းဆက္ေျပာရေအာင္ကလည္း ေရထဲမွာပဲ ေနဖူးတဲ့ ေရွာင္း က ဖုန္း မရွိပါ။

အဲ့ဒီအခ်ိန္မွာ သူ ဆုေတာင္းလိုက္တာက အခုခ်ိန္ ေရွာင္း အိမ္ေတာ္ ျပန္မေရာက္ပါေစနဲ႔ လို႔သာ။

~~~~~~~~

ဝမ္ အိမ္ေတာ္ရဲ႕ ထမင္းစားခန္းထဲက ဖုန္း ေျပာျခင္းကလည္း မၿပီးျပတ္ႏိုင္ေသးပါ။ ေျမး အေၾကာင္းေတြ ေျပာၾကရင္း ေရွးေဟာင္း ေႏွာင္းျဖစ္ေတြထိပါ ဆက္ေျပာေနၾကျပန္တယ္။ မသိရင္ ေရွာင္းက်န္႔ အိမ္ျပန္လာတာကို ေစာင့္ရင္း ေျပာေနတဲ့ ပုံ။

' ဝမ္ လူႀကီးမင္း တို႔ဆီ က်မ ၿပီးမွ လာလည္ပါအုံးမယ္။ က်မ အစ္ကိုႀကီး ဆုံး တုန္းကပဲ ဆုံတာ ဆိုေတာ့ ေတာ္ေတာ္ ေတာင္ ၾကာေနခဲ့ၿပီ။'

' ဟုတ္ပါ့။ ဟုတ္ပါ့။ လာခဲ့ပါဗ်ာ။ တကယ္ေတာ့ ထိုင္ဝမ္ နဲ႔ ေပက်င္း ဆိုတာ တစ္ကမာၻစီ မဟုတ္ပဲ ကိုယ့္ ကိစၥနဲ႔ကိုယ္ တစ္ေယာက္ ဆီ တစ္ေယာက္ မေရာက္ျဖစ္ၾကတာ။'

' ဟုတ္တယ္။ တကယ္ေတာ့ ကိစၥဆိုတာက အေရးႀကီးတာေရာ အေရးမႀကီးတာေရာ အၿမဲတမ္း ရွိေနတာပါပဲ။ တစ္ခါတစ္ေလ ေတာ့လည္း လက္လႊတ္ႏိုင္မွ စိတ္သက္သာ ရာ ရတာ။'

ထိုစဥ္ ...

' တင္း တင္ ... တင္း တင္ ...။'

ရိေပၚ သူ႔ဖုန္း ျမည္လာတာေၾကာင့္ ၾကည့္လိုက္ေတာ့ သူ႔လက္ေထာက္ ...။ သြားၿပီ ... သူ ကုမၼဏီ သြားရေတာ့မယ္။

~~~~~~~

ေရွာင္းက်န္႔ ဘုံေက်ာင္း ေရာက္ေတာ့လည္း သူ႔ကို ပညာ ဆက္ျပခ်င္ေနေသးတဲ့ သခင္မႀကီး က သူ႔ကို ဘုံေက်ာင္းဝင္းထဲ တံျမက္စည္း လွည္းခိုင္းေသးတာေၾကာင့္ သူ႔မွာ ဘုံေက်ာင္း ေရာက္ကတည္းကေန ျပန္လာတဲ့ခ်ိန္ထိ ကား ေပၚေရာက္မွသာ ထိုင္ခြင့္ရေတာ့တယ္။

သခင္မႀကီး နဲ႔ လိကြား ကား အေနာက္ခန္းမွာ ထိုင္ၿပီး ေရွ႕ခန္းမွာ ထိုင္ရင္း ေျခေထာက္ကို လက္သီးဆုပ္နဲ႔ ထု ေနတဲ့ မု မင္းသမီး ကို ၾကည့္ၿပီး မင္းသမီး မျမင္ေအာင္ တစ္ေယာက္ လက္ ဖဝါး တစ္ေယာက္ ႐ိုက္လိုက္ၾကသည္။

အိမ္ အျပန္လမ္းမွာ လာေနတုန္း သခင္မႀကီး အေရွ႕နားမွာ ၂၄ နာရီ ရတဲ့ စတိုးဆိုင္ တစ္ဆိုင္ ရွိေနတယ္ ဆိုတဲ့ အႀကိဳ ဆိုင္းဘုတ္ ေထာင္ထားတာကို ျမင္ၿပီး အႀကံ ထပ္ထြက္လာသည္။

အဲ့ဒါေၾကာင့္ ...

' ကား သမား ... အေရွ႕နား ေရာက္ရင္ ခဏ ရပ္အုံး။'

ေရွာင္းက်န္႔ အေနာက္က ထြက္လာတဲ့ အသံေၾကာင့္ သူ႔ ကံၾကမၼာသူ ႀကိဳတင္ေဟာထားလိုက္ေတာ့သည္။ ဒါလည္း သူ႔ကို ခိုင္းခ်င္လို႔ သက္သက္ ရပ္ခိုင္းတာ။

~~~~~~~~

သူတို႔ အိမ္ျပန္ေရာက္လာေတာ့ ေရွာင္းက်န္႔ အကုန္လုံးထက္ အရင္ အိမ္ထဲ ဝင္ေျပးလိုက္သည္။

' ဟင္း ... ဟင္း ...။'

' ဒါ ... အ စ ပဲ ရွိေသးတယ္။ အဲ့ဒါ ငါ့ကို လူႀကီးကို လူႀကီးမွန္း မသိ ျပန္ခံ ေျပာလို႔ ယဥ္ေက်းမႈ သိေအာင္ သင္ေပးတာ။'

လိကြား လည္း သူ႔ ေဒၚေလးကို လက္မ ေထာင္ျပလိုက္ၿပီး ...

' ေဒၚေလး ... ေတာ္တယ္။ ေနာက္ဆို သူ ဦးေမာ့ မလာႏိုင္ေအာင္ ထပ္ ဖိ ေပးရမယ္။'

' မပူနဲ႔။ သူ႔အိမ္ သူ ျပန္ေျပးခ်င္ေအာင္ လုပ္ေပးအုံးမွာ။'

' ေကာင္းတယ္။'

အိမ္ အျပင္မွာ က်န္ခဲ့တဲ့ ႏွစ္ေယာက္ သူတို႔ ႏိုင္ၿပီ ထင္ၿပီး ေပ်ာ္ေနၾကသလို ...

အိမ္အေပၚထပ္က ႏွစ္ေယာက္ကလည္း ...

' ဘယ္လို ...။'

' ဟုတ္တယ္။ မနက္က ဝမ္ သခင္ႀကီး ဆီ ဖြားေလး ဖုန္းဆက္လာတာ။ ေတာ္ေသးတယ္ နင္ ေစာေစာ ျပန္မလာလို႔ ...။ ငါ့မွာ နင့္ကို ဖုန္းဆက္ေျပာဖို႔ ကလည္း နင္ က ဖုန္း မရွိဘူးေလ။'

' ဖုန္း မရွိေတာ့ မင္း က ဝယ္ေပးေပါ့။ ငါက ဘာ သိမွာလဲ ...။'

' ေအးပါ ...။ တစ္ရက္ေလာက္ သြားဝယ္ၾကတာေပါ့။'

ေရွာင္းက်န္႔ ဆိုဖာမွာ ကို႔ယို႔ ကားရား ဝင္ထိုင္ရင္း ...

' ဒါဆို ဟိုဘြားေတာ္ႀကီး ငါ့ကို ဟိုဟာခိုင္း ဒီဟာခိုင္းနဲ႔ အခ်ိန္ၾကာေနတာကိုပဲ ေက်းဇူးတင္ရမွာေပါ့။'

' ေအး ... အဲ့လို ေျပာရမယ့္ သေဘာ ျဖစ္ေနၿပီ။'

~~~~~~~~

ကုမၼဏီ က ဝမ္ရိေပၚကလည္း ဒီေန႔ မထင္ထားပဲ ႏိုင္ငံျခားသား က သူတို႔ ကုမၼဏီ ကို လာတာေၾကာင့္ အလုပ္ကို ေစာေစာ လာလိုက္ရေတာ့တာ ျဖစ္သည္။

လူကပဲ ေရာက္လာၿပီး စိတ္က အိမ္မွာ က်န္ခဲ့ေတာ့ ႏိုင္ငံျခားသား နဲ႔ စကား ေျပာတာေတာင္ အေယာင္ ေယာင္ အမွား မွား ျဖစ္ေနပါေတာ့တယ္။

အခ်စ္က တကယ္ပဲ လူ ကို ပ်က္စီးေစတတ္တာလား ????

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
2023.10.14 ( Sat )

Continue Reading

You'll Also Like

51.4K 3.7K 68
တကယ့် ဖြစ်ရပ်မှန် ဇာတ်လမ်းလေးကို Yizhan Version လေးနဲ့ စိတ်ကူးလေးတွေ ဖြည့်စွက်ပြီး ရေးထားတာပါ အချစ်က - တားဆီးလို့မရတဲ့အရာ - ကန့်သတ်လို့မရတဲ့အရာ - ထ...
14.3K 1.3K 16
ကျုပ် မင်းကိုမြတ်နိုးတယ် မင်းဆရာဝမ်။
1.4M 96.8K 24
#Book-2 in Lost Royalty series ( CAN BE READ STANDALONE ) Ekaksh Singh Ranawat The callous heartless , sole heir of Ranawat empire, which is spread...
889 58 10
နှစ်ပေါင်းများစွာ ကြာလာသော်လည်း ချစ်ရသူအား ယနေ့ထိမနေ့နိုင်သော ဝမ်ဧကရာဇ်ဝမ်ရိပေါ်ခေါ် ဖီးနတ်တို့၏အရှင် လန်ကျန့် ချစ်ရသူအားကယ်တင်ဖို့ သေမင်းနှင့်စစ်ခင်...