အငှါးကား တစ်စီး ၁၂ ပေ ကျယ်တဲ့ လမ်းကြားလေးထဲ မောင်းဝင်လာနေတယ်။
လမ်းရဲ့ ဟိုဖက် ဒီဖက်မှာတော့ အဝါရောင် အပွင့်တွေ ပွင့်နေတဲ့ အပင်တွေက လမ်းသွား လမ်းလာတွေ အရိပ်ရအောင် အုံ့အုံ့ဆိုင်းဆိုင်းလေးနဲ့ မိုးပေးထားတယ်။
အဝေးကနေ ကြည့်ရင် အနက်ရောင် ကတ္တရာ လမ်းပေါ် လာနေတဲ့ အငှါးကား အဝါလေးက အဝါရောင် ပွင့်နေတဲ့ အပင်ရဲ့ အောက်မှာ ကဗျာတောင် ဆန်နေပါသေးတယ်။
အဝေးကနေ လာတဲ့ ကား လေးထဲမှာ နီးလာတော့ စကားသံ ပါ ကြားလာရသည်။
' ဒီဘက်ကို လာတဲ့ လမ်း ဒီလောက်ထိ လှပြီး သာယာနေမယ်လို့ မထင်ထားဘူး။'
' ဟုတ်တယ်။ ဦးလေး လည်း တူမ က ကား ငှါးလာတော့မှ ဒီဘက်ကို ရောက်ဖူးတာ။'
လိကွား ကား မောင်းသမား ဦးလေးရဲ့ စကားကြောင့် အပြင်ကို ကြည့်ရာကနေ အရှေ့ကို ကြည့်လိုက်ပြီး ...
' ဒီဘက်ကို ဘယ်သူမှ ကား မငှါးလာဖူးဘူးလား ...။'
' ဒီလမ်းက ဝမ် တော်ဝင် အိမ်တော် သွားတဲ့ လမ်းမလား? သူတို့ရဲ့ ကိုယ်ပိုင်လမ်း ဖြစ်တာကြောင့် သူတို့ဆီ ဧည့်သည်လာရင်တောင် ကိုယ့်ကားနဲ့ကိုယ် လာကြတာ များတယ်လေ။'
လိကွား ဦးလေးရဲ့ စကားကြောင့် နင် သွားရသည်။ သူကလည်း ရှန်ဟိုင်း က လာတာမို့လို့ ကိုယ်ပိုင်ကား နဲ့ လာလို့ မရတာပါ။ မရှိလို့ မဟုတ်ဘူး။
လိကွား ဘာမှ ဆက်မပြောတော့ပဲ လက် ကို ကား အပြင်ကို ထုတ်ပြီး လမ်း တစ်လျှောက် အုံ့အုံ့ဆိုင်းဆိုင်းလေး ဖြစ်နေပြီး နေရောင် တိုး မပေါက်အောင် ဖြစ်နေတဲ့ အဝါရောင် အပွင့်လေးနဲ့ အပင်ပေါ်က အပွင့်လေး ကျ လာလို ကျ လာငြား ခံ ထားကြည့်လိုက်သည်။
ခဏ အကြာတော့ အဝါရောင် အငှါးကားလေး ခြံတံခါး ခတ်ထားတဲ့ အရှေ့ တစ်နေရာမှာ ထိုးရပ်သွားခဲ့သည်။
လိကွား ကား ရပ်သွားတာနဲ့ ပိုက်ဆံ ထုတ်ရှင်းပြီး ဆင်းလိုက်သည်။
ကား သမားလည်း မိန်းကလေး ဆင်းတာနဲ့ သူ ပါ လိုက်ဆင်းပြီး ကား နောက်ဖုံးက အဝတ်သေတ္တာကို ထုတ်ပေးလိုက်သည်။
' ကျေးဇူးတင်ပါတယ်နော် ဦးလေး ...။'
' ဟုတ်ပြီ။ ဦးလေး သွားပြီ။'
' ဟုတ်ကဲ့ ...။'
လိကွား သေတ္တာရဲ့ လက်ကိုင် ကို ဆွဲထုတ်ပြီး ဆွဲရင်း တံခါး ဘဲလ် သွားတီးလိုက်သည်။
~~~~~~~~
ခုန လမ်းထဲကို နောက်ထပ် ကား တစ်စီး ဝင်လာသည်။
အရှေ့မှာ ထိုင်နေတဲ့ ရှောင်းကျန့်ကတော့ ပင်လယ် နက်နက် အောက်က ရေမှော် အပင်လေးတွေ ၊ ရောင်စုံ ငါးတွေ ၊ ပုလဲတွေ ၊ ခရုတွေ ၊ လူတွေ အတွက် ထူးဆန်းတယ်ဆိုတဲ့ အရာများစွာ မြင်ဖူးတာကြောင့် အနောက်မှာ ထိုင်နေတဲ့ ယွီ့ကျင်း လို အိန္ဒြေပျက်အောင် ကား ရဲ့ အပြင်ဘက်ကို ဟိုကြည့် ဒီကြည့် လုပ်မနေပါ။
' ခဏနေ ဝမ် အိမ်တော် ရောက်တော့မယ်။'
ရှောင်းကျန့် ကြားပေမယ့် ဘာမှပြန်မပြောပဲ နေလိုက်သည်။ သူလည်း အမြန်ရောက်ချင်နေပြီ။ ခေါင်းပေါ်က ဆံပင်တု ကို အရမ်းကို ချွတ်ချင်နေပြီလေ။
ရိပေါ် သူ့ကို စကား ပြန်မပြောပေမယ့် သူကပဲ ဆက်ပြောလိုက်သည်။
' အိမ်တော်မှာက ဖိုးဖိုး နဲ့ သူ့ရဲ့ နောက်ထပ် လက်ထပ်ထားတဲ့ အမျိုးသမီး ရှိတယ်။ ပြောချင်တာက မင်း ကို သူမ က ဘာပဲ ပြောပြော ဖိုးဖိုး နဲ့ ကိုယ်က ဘာမှ မပြောသရွှေ့ မင်း စိတ်ထဲ ဘာမှ ထည့်ထားစရာ မလိုဘူး။'
' သူမ ကို အရာ မသွင်းကြဘူးပေါ့ ...။ အဲ့လိုလား ...။'
' အဲ ... မမလေး ...။'
ယွီ့ကျင်း ရှောင်း ရဲ့ စကားကြောင့် ဝမ် သခင်လေးက ဘယ်လို ဖြစ်မလဲ မသိ၊ သူကတော့ ဝမ် သခင်လေးကို အားနာနေပါသည်။
အဲ့ဒီ ရှောင်း ဘယ်က စကားတွေ တတ်လာသလဲ မသိဘူး။ တစ်ချို့စကားတွေက သိရုံ သိထားသင့်ပြီး ထုတ်မပြောသင့်ဘူးဆိုတာ မသိလေရော့သလား ...။
ရိပေါ် ကြားလိုက်ရတဲ့ စကားကြောင့် စိတ်ဆိုးရမယ့် အစား ခပ် လွန့်လွန့် တောင် ပြုံးမိသွားသည်။ ကောင်မလေး တစ်ယောက်ကတော့ သူ့ ကို စ ပြီး အကန် ပြောနေပြီ။
' အရာ မသွင်းတာတော့ မဟုတ်ဘူး။ အမှန်တိုင်း ပြောရရင် သူမ နဲ့ ကိုယ်က အရမ်းကြီး တည့်တာ မဟုတ်ဘူး။ အရင်က ကိုယ် က ကိုယ့်ဘာသာ အိမ် သပ်သပ် ခွဲနေတာ။ အခု မင်း က ဝမ် အိမ်တော်မှာ လာနေမယ်ဆိုတော့မှ ကိုယ်က အိမ် ပြန်လာနေတာ။'
' ဘာပဲ ပြောပြော သူမ က နောက်မှ ရောက်လာလို့ နေရာ မပေးချင်တာကတော့ အမှန်တရားပဲ မလား ...။'
' ဒါပေါ့ ...။ ဆုံးသွားတဲ့ ကိုယ့်ရဲ့ ဖွားဖွား နေရာ ကို ဘယ်သူ့ကိုမှ အစားမထိုးနိုင်ဘူး။'
ရှောင်းကျန့် အဲ့စကားကြောင့် ဝမ် သခင်လေး ဘက်ကို လှည့်လိုက်ပြီး ...
' ဒါဆို ပြောချင်တာ ဝမ် သခင်လေးက အစားထိုးရတာ မကြိုက်ဘူးပေါ့။'
' ဘာလဲ ... မင်း အဲ့စကား ကို မှတ်ထားပြီး ကိုယ် မကြိုက်တဲ့ အရာ လုပ်မလို့လား ...။'
ရှောင်းကျန့် အရှေ့ကို ပြန်လှည့်လိုက်ပြီး ...
' မှတ်စရာ မလိုဘူး။ ကျနော် က ဥာဏ်ကောင်းတယ်။'
' ဟုတ် လား ...။'
ရှောင်းကျန့် ဝမ်သခင်လေးရဲ့ ဟုတ်လား ဆိုတဲ့ စကား က သူ့ကို ရွဲ့ပြောနေမှန်း သိသာနေတာကြောင့် မျက်စောင်းတောင် ထိုးမိတော့မလို ဖြစ်သွားသည်။
~~~~~~~~~
ဝမ် အိမ်တော်တွင် ...
' ဒေါ်လေး ... ဝမ် သခင်လေး ရော ... ဝမ် သခင်လေး ဘယ်မှာလဲ ...။'
' လိကွား ... အိန္ဒြေရရ နေစမ်းပါအုံး။ ဝမ်ရိပေါ် က သူ့ရဲ့ သတို့သမီးလောင်းကို သွားကြိုနေတာ ...။'
' ဘယ်လို ...။'
' ဟုတ်တယ်။ ဒေါ်လေး ပြောထားသလိုပဲလေ။ ဖြစ်ချင်တော့ သူကလည်း ဒီနေ့ ဝမ်အိမ်တော်ကို လာမှာ။'
ဝမ် သခင်မ မျက်နှာတွေ နီ ပြီး လက်သီးတွေ ဆုပ်လာတဲ့ သူ့ရဲ့ တူမ ကို ကြည့်ပြီး လက်မောင်းကို ထိန်းကိုင်ရင်း ...
' စိတ်လျော့ ... စိတ်လျော့ ... ဒီမှာက စိတ်တိုတာနဲ့ အော် ချင် သလို အော် လို့ ရတဲ့ ညည်းအိမ်လို မဟုတ်ဘူး။ ပြီးတော့ ဒေါ်လေးမှာ အကြံအစည်တွေ ရှိပါတယ်။ ညည်းသာ ဒေါ်လေး နောက်က ဖောလိုး လိုက်ရုံပဲ။'
အဲ့တော့မှ လိကွား သူမရဲ့ လက်သီး နှစ်ဖက်ကို ပြန်ဖြန့်လိုက်ပြီး ...
' ဒေါ်လေး တကယ်ပြောတာလား။ သမီး ဝမ် သခင်လေးကို ဘယ်လောက်တောင် သဘောကျနေတာလဲ ဒေါ်လေး သိတာပဲ။ သူက သမီး အတွက်ပဲ ဖြစ်ရမယ်။'
' အေးပါ ... အေးပါ။ အခုတော့ ဒေါ်လေး အောက် လိုက်ဆင်းခဲ့။ သခင်ကြီး ကို နှုတ်ဆက်ရမယ်။'
~~~~~~~~~
' သခင်ကြီး ...။'
' မင်္ဂလာပါ ...။ သမီး က လိကွား ပါ။'
' အင်း ...။ ရောက်တုန်း သက်တောင့် သက်သာ နေပါ။ ဒီမှာက တစ်ချို့ စည်းကမ်းတွေ ရှိတယ်။ မင်းရဲ့ အဒေါ် ပြောပြလိမ့်မယ်။'
' ဟုတ်ကဲ့။ သမီး မလာခင်ကတည်းက ဒေါ်လေးက ပြောထားပါတယ်။ ဝမ် အိမ်တော် ရောက်ရင် စည်းနဲ့ ကမ်းနဲ့ နေရမယ် ဆိုတာ။ ပြီးတော့ ဝမ် သခင်ကြီး စိတ်အနှောင့်ယှက် မဖြစ်စေဖို့ရယ် ...။'
' ငါက ကိစ္စ မရှိဘူး။ အဓိက ရိပေါ် ပဲ။ သူ့ အနားသာ မနေနဲ့။ သူက စိတ်ရှုပ်ရင် မကြိုက်ဘူး။ သူ့ကို ခက်ခက် ခဲခဲ နဲ့ အိမ်တော်မှာ လာနေဖို့ ခေါ်ထားရတာ။ တော်ကြာ တစ်ပတ်တောင် မခံပဲ သူ့အိမ် သူ ပြန်သွားလိမ့်မယ်။'
' ဝမ် သခင်လေးမှာ အိမ် သပ်သပ် ရှိသေးတာလား။ ဒီလိုပဲ အကြီးကြီးလား ...။'
' လိကွား !!!!.'
လိကွား သူ့ကို တံတောင် နဲ့ တွက်ပြီး သတိပေးလာတဲ့ ဒေါ်လေးကြောင့် တောက်ပ စွာ မေးခွန်း မေးနေတဲ့ သူမရဲ့ မျက်နှာကို အမြန်ပြန်ပြင်ပြီး မျက်လွှာ ချ ထားလိုက်သည်။
ထိုစဉ် သူတို့ အနားကို ကောင်မလေး တစ်ယောက် ရို့ကျိုးစွာ လာရပ်ပြီး ...
' ဝမ် သခင်လေး ပြန်ရောက်ပါပြီ။'
' ဟုတ်ပြီ။ ငါ လာခဲ့မယ်။'
သခင်မကြီးကတော့ သူကလည်း ဝမ် အိမ်တော်က ကတော် တစ်ယောက်မို့ ခုလို အိမ်အရှေ့မှာထိ သွားမကြိုချင်ပါ။
ဒါပေမယ့် ဝမ် သခင်လေး ဆိုတာနဲ့ လှုပ်လှုပ်ရှားရှား ဖြစ်သွားတဲ့ လိကွား ကတော့ ဘာမှ မစဉ်းစားပဲ သူ့ ဒေါ်လေးရဲ့ လက်ကို ဆွဲပြီး သခင်ကြီး နောက် လိုက်နေပြီ။
~~~~~~~~~
ရှောင်းကျန့် ပင်လယ်ကြီး နက် သလောက်၊ ကျယ် သလောက် တစ်နေရာ မကျန် နေခဲ့ဖူးပေမယ့် ကုန်းပေါ် တက်လာတဲ့ အခါမှာတော့ ခုလို ကြီးကျယ် ခမ်းနားတဲ့ အိမ်ကို မမြင်ဖူးပါ။ ဒီတစ်ခါတောင်မှ သူ ရေကန် ကျဉ်းကျဉ်းလေးထဲမှာပဲ တက်လာခဲ့ရတာ မလား။
သူ့ဘေးက ယွီ့ကျင်း ကို ကြည့်တော့ ...
အမယ် ... ကလေးမ က အိမ် ကို မြင်ဖူးတာ ရိုးနေတဲ့ ပုံစံ နဲ့ ခါးကို လက်နှစ်ဖက် ထောက်ပြီး ဘယ်တွေ လိုက်ကြည့်နေသည် မသိ ခြံဝင်းဘက်ကို မျက်နှာ မူလျက်။
ယွီ့ကျင်း အတွက်ကတော့ ဒီလို အိမ်က တကယ်ကို ရိုးနေတာ ဖြစ်သည်။ သူတို့အိမ်တော်ကလည်း ဒီလို ပုံစံပဲလေ။
ထိုစဉ် ...
' လာ ... အထဲ ဝင်ကြမယ်။ မင်းတို့ ပစ္စည်းတွေကတော့ ခဏနေ လာသယ်ခိုင်းလိုက်မယ်။'
ရှောင်းကျန့် နဲ့ ယွီ့ကျင်း ဝမ် သခင်လေး ရှိတဲ့ ဘက်ကို လျှောက်လာနေတုန်း ...
' မြေး ရိပေါ် ရောက်လာပြီလား ...။'
' ဖိုးဖိုး ...။'
ရှောင်းကျန့် နဲ့ ယွီ့ကျင်းလည်း အသံ လာရာ ဆီကို မော့ကြည့်တော့ ဝမ် လူကြီးမင်း နဲ့ အတူ နောက်က ပါလာတာကတော့ ဝမ် သခင်လေးနဲ့ သိပ်မတည့်ဘူးဆိုတဲ့ ဝမ် သခင်မ ဖြစ်ပုံရပြီး နောက်တစ်ယောက် ကတော့ မသိပါ။
' သမီး က မုယွီ့ကျင်း လေး လား ...။'
ယွီ့ကျင်း ဝမ် သခင်ကြီး မေးတာတောင် တုတ်တုတ် မလှုပ်သေးတဲ့ ရှောင်း ကြောင့် ဘယ်သူမှ မမြင်ခင် ခါး ကို တို့ပြီး သတိပေးလိုက်သည်။
ရှောင်းကျန့် သူ ဘာမှ မပြောရသေးခင် အသံ တစ်သံက အရင် ထွက်လာသည်။
' တော်ဝင် မိသားစု က ဖြစ်ပြီး လူကြီးက မေးရင် ချက်ချင်း ဖြေရတယ် ဆိုတာ နားမလည်ဘူးလား။ ယဉ်ကျေးမှု မရှိလိုက်တာ။'
ရှောင်းကျန့် သူ့ကို အမှုကြီးအောင် ဝင်ပြောလာတဲ့ ကောင်မလေး ကို ကြည့်နေတုန်း ...
' မင်း က ဘယ်သူလဲ ...။'
လိကွား ဒီလို အချိန်ကြီးမှာ သူ့ကို ဝမ် သခင်လေးက စကားပြောလာတာကို ဝမ်းမသာနိုင်ပါ။ ဒါ ... သက်သက် သူ့ကို တမင် မေးပြီး အရှက်ခွဲတာ။
ရှောင်းကျန့် ဝမ် သခင်ကြီးကို ဦးညွှတ်လိုက်ပြီး ...
' ဟုတ်ကဲ့ပါ။ ကျနော်က မုအိမ်တော် ကပါ။ ခုန ချက်ချင်း မဖြေလိုက်ရတဲ့ အတွက် တောင်းပန်ပါတယ်။'
' မလိုဘူး။ မလိုဘူး။ သမီး က ချစ်စရာလေးပဲ။ အရပ်ကလည်း မြေး ရိပေါ် နဲ့တောင် မတိမ်းမယိမ်း ဖြစ်ချင်နေပြီ။
အင်း ... မွေးလာမယ့် မျိုးဆက်လေးကတော့ နိုင်ငံတကာ တန်းဝင်တဲ့ အရပ် ဖြစ်တော့မှာပဲ။ ဖိုးဖိုး ကတော့ သမီး ကို မြင်တာနဲ့ မြေး ရိပေါ် နဲ့တောင် ချက်ချင်း လက်ထပ်ပေးလိုက်ချင်ပြီ။'
' ကျနော် က လက်ခံနိုင်ပါတယ်။'
' အို ... ချက်ချင်းကြီး လက်ထပ်လို့ မရသေးပါဘူး။'
ရှောင်းကျန့် သခင်ကြီးရဲ့ စကားကို ချက်ချင်းကို ကောက်ခါ ငင်ခါ လက်ခံနေတဲ့ ဝမ် သခင်လေးကြောင့် ရင်ထိတ်နေတုန်း သူ့ အစား ငြင်းပေးလာတဲ့ ဝမ် သခင်မကြီးကို ကျေးဇူးတင်သွားသည်။
' ကဲ ... အိမ်ထဲ အရင် ဝင်ကြ။ ပြီးမှ စကား ဆက်ပြောလို့ ရပါတယ်။ အိမ်ရှေ့မှာ မိုးတိုး မတ်တပ်နဲ့ ပြောနေတာ မကောင်းဘူး။'
ရှောင်းကျန့် သူတို့ထက် အရင် အိမ်ထဲ ပြန်ဝင်ဖို့ ပြင်နေကြတဲ့ အထဲ ခုန သူ့ကို ဝင်ညှောင့်တဲ့ မိန်းကလေးက သူ့ကို ကြည့်ရင်း မျက်စောင်း ထိုး သွားတာကြောင့် အဲ့မိန်းကလေး ဝမ် သခင်လေးကို သဘောကျနေမယ်ဆိုတာ သူ့ရဲ့ ကိုရီးယား၊ ဂျပန်၊ ထိုင်း အချစ် ဇာတ်လမ်းတွေ ကြည့်ထားတဲ့ အတွေ့အကြုံ အရ သိလိုက်သည်။
အဲ့ဒါကြောင့် ရှောင်းကျန့် တစ်ချက်ခုတ် နှစ်ချက်ပြတ်အောင် သူ့ကို ဘယ်သူမှ အမြင်မကြည်မယ့် အပြုအမူ တစ်ခု လုပ်လိုက်သည်။
' ကိုကို ...။'
ဟုတ်ပါတယ် ...။ ရှောင်းကျန့် ကနေမှ ဝမ်သခင်လေးရဲ့ လက်မောင်းကို ဖက်ပြီး ခပ် ချွဲချွဲ ခေါ်လိုက်တဲ့ အသံ ပါ။
သူ့ အသံကြောင့် အိမ်ထဲ ပြန်ဝင်မယ့် ဝမ် သခင်ကြီး၊ ဝမ် သခင်မကြီး နဲ့ ဟိုမိန်းကလေး ပါ ပြန်လှည့်လာကြသည်။
လှည့်လာပြီး အရမ်းကို အံ့ဩ နေတဲ့ မျက်နှာတွေကြောင့် ရှောင်းကျန့် စိတ်ထဲ ကြိတ်ပြုံးလိုက်သည်။
အရမ်း အံ့ဩသွားကြပြီ မလား ...။ ပြီးတော့ ဒီမိန်းကလေး လက်ရဲ ဇက်ရဲ နိုင်လိုက်တာဆိုပြီး အိမ်ကနေ မောင်းထုတ်ချင်သွားပြီ မလား ...။ ဒါ အစ ပဲ ရှိသေးတယ်။ လူငယ်တွေရဲ့ စိတ်ဆန္ဒနဲ့ သဘောထား ကို ဦးစားမပေးပဲ လူကြီးချင်း သဘောတူပြီး လက်ထပ် ပေးချင်ကြအုံး ...။
ရှောင်းကျန့် သူ့ အတွေး နဲ့ သူ ကျေနပ်နေပြီး သူ မကြည့်မိသေးတာ သူ ကိုကို လို့ ခေါ်ပြီး လက်မောင်း ဆွဲဖက် ထားတဲ့ ဝမ် သခင်လေးရဲ့ မျက်နှာကိုပေါ့။
ယွီ့ကျင်း ကတော့ လုံးဝ ကို ပါးစပ် အဟောင်း သား နဲ့ ဟ ပြီး မျက်လုံး ပြူးရင်း ရပ်ကြည့်နေခဲ့တယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
2023.10.11 ( Wed )
Zawgyi
အငွါးကား တစ္စီး ၁၂ ေပ က်ယ္တဲ့ လမ္းၾကားေလးထဲ ေမာင္းဝင္လာေနတယ္။
လမ္းရဲ႕ ဟိုဖက္ ဒီဖက္မွာေတာ့ အဝါေရာင္ အပြင့္ေတြ ပြင့္ေနတဲ့ အပင္ေတြက လမ္းသြား လမ္းလာေတြ အရိပ္ရေအာင္ အုံ႔အုံ႔ဆိုင္းဆိုင္းေလးနဲ႔ မိုးေပးထားတယ္။
အေဝးကေန ၾကည့္ရင္ အနက္ေရာင္ ကတၱရာ လမ္းေပၚ လာေနတဲ့ အငွါးကား အဝါေလးက အဝါေရာင္ ပြင့္ေနတဲ့ အပင္ရဲ႕ ေအာက္မွာ ကဗ်ာေတာင္ ဆန္ေနပါေသးတယ္။
အေဝးကေန လာတဲ့ ကား ေလးထဲမွာ နီးလာေတာ့ စကားသံ ပါ ၾကားလာရသည္။
' ဒီဘက္ကို လာတဲ့ လမ္း ဒီေလာက္ထိ လွၿပီး သာယာေနမယ္လို႔ မထင္ထားဘူး။'
' ဟုတ္တယ္။ ဦးေလး လည္း တူမ က ကား ငွါးလာေတာ့မွ ဒီဘက္ကို ေရာက္ဖူးတာ။'
လိကြား ကား ေမာင္းသမား ဦးေလးရဲ႕ စကားေၾကာင့္ အျပင္ကို ၾကည့္ရာကေန အေရွ႕ကို ၾကည့္လိုက္ၿပီး ...
' ဒီဘက္ကို ဘယ္သူမွ ကား မငွါးလာဖူးဘူးလား ...။'
' ဒီလမ္းက ဝမ္ ေတာ္ဝင္ အိမ္ေတာ္ သြားတဲ့ လမ္းမလား? သူတို႔ရဲ႕ ကိုယ္ပိုင္လမ္း ျဖစ္တာေၾကာင့္ သူတို႔ဆီ ဧည့္သည္လာရင္ေတာင္ ကိုယ့္ကားနဲ႔ကိုယ္ လာၾကတာ မ်ားတယ္ေလ။'
လိကြား ဦးေလးရဲ႕ စကားေၾကာင့္ နင္ သြားရသည္။ သူကလည္း ရွန္ဟိုင္း က လာတာမို႔လို႔ ကိုယ္ပိုင္ကား နဲ႔ လာလို႔ မရတာပါ။ မရွိလို႔ မဟုတ္ဘူး။
လိကြား ဘာမွ ဆက္မေျပာေတာ့ပဲ လက္ ကို ကား အျပင္ကို ထုတ္ၿပီး လမ္း တစ္ေလွ်ာက္ အုံ႔အုံ႔ဆိုင္းဆိုင္းေလး ျဖစ္ေနၿပီး ေနေရာင္ တိုး မေပါက္ေအာင္ ျဖစ္ေနတဲ့ အဝါေရာင္ အပြင့္ေလးနဲ႔ အပင္ေပၚက အပြင့္ေလး က် လာလို က် လာျငား ခံ ထားၾကည့္လိုက္သည္။
ခဏ အၾကာေတာ့ အဝါေရာင္ အငွါးကားေလး ၿခံတံခါး ခတ္ထားတဲ့ အေရွ႕ တစ္ေနရာမွာ ထိုးရပ္သြားခဲ့သည္။
လိကြား ကား ရပ္သြားတာနဲ႔ ပိုက္ဆံ ထုတ္ရွင္းၿပီး ဆင္းလိုက္သည္။
ကား သမားလည္း မိန္းကေလး ဆင္းတာနဲ႔ သူ ပါ လိုက္ဆင္းၿပီး ကား ေနာက္ဖုံးက အဝတ္ေသတၱာကို ထုတ္ေပးလိုက္သည္။
' ေက်းဇူးတင္ပါတယ္ေနာ္ ဦးေလး ...။'
' ဟုတ္ၿပီ။ ဦးေလး သြားၿပီ။'
' ဟုတ္ကဲ့ ...။'
လိကြား ေသတၱာရဲ႕ လက္ကိုင္ ကို ဆြဲထုတ္ၿပီး ဆြဲရင္း တံခါး ဘဲလ္ သြားတီးလိုက္သည္။
~~~~~~~~
ခုန လမ္းထဲကို ေနာက္ထပ္ ကား တစ္စီး ဝင္လာသည္။
အေရွ႕မွာ ထိုင္ေနတဲ့ ေရွာင္းက်န္႔ကေတာ့ ပင္လယ္ နက္နက္ ေအာက္က ေရေမွာ္ အပင္ေလးေတြ ၊ ေရာင္စုံ ငါးေတြ ၊ ပုလဲေတြ ၊ ခ႐ုေတြ ၊ လူေတြ အတြက္ ထူးဆန္းတယ္ဆိုတဲ့ အရာမ်ားစြာ ျမင္ဖူးတာေၾကာင့္ အေနာက္မွာ ထိုင္ေနတဲ့ ယြီ႕က်င္း လို အိေျႏၵပ်က္ေအာင္ ကား ရဲ႕ အျပင္ဘက္ကို ဟိုၾကည့္ ဒီၾကည့္ လုပ္မေနပါ။
' ခဏေန ဝမ္ အိမ္ေတာ္ ေရာက္ေတာ့မယ္။'
ေရွာင္းက်န္႔ ၾကားေပမယ့္ ဘာမွျပန္မေျပာပဲ ေနလိုက္သည္။ သူလည္း အျမန္ေရာက္ခ်င္ေနၿပီ။ ေခါင္းေပၚက ဆံပင္တု ကို အရမ္းကို ခြၽတ္ခ်င္ေနၿပီေလ။
ရိေပၚ သူ႔ကို စကား ျပန္မေျပာေပမယ့္ သူကပဲ ဆက္ေျပာလိုက္သည္။
' အိမ္ေတာ္မွာက ဖိုးဖိုး နဲ႔ သူ႔ရဲ႕ ေနာက္ထပ္ လက္ထပ္ထားတဲ့ အမ်ိဳးသမီး ရွိတယ္။ ေျပာခ်င္တာက မင္း ကို သူမ က ဘာပဲ ေျပာေျပာ ဖိုးဖိုး နဲ႔ ကိုယ္က ဘာမွ မေျပာသေ႐ႊ႕ မင္း စိတ္ထဲ ဘာမွ ထည့္ထားစရာ မလိုဘူး။'
' သူမ ကို အရာ မသြင္းၾကဘူးေပါ့ ...။ အဲ့လိုလား ...။'
' အဲ ... မမေလး ...။'
ယြီ႕က်င္း ေရွာင္း ရဲ႕ စကားေၾကာင့္ ဝမ္ သခင္ေလးက ဘယ္လို ျဖစ္မလဲ မသိ၊ သူကေတာ့ ဝမ္ သခင္ေလးကို အားနာေနပါသည္။
အဲ့ဒီ ေရွာင္း ဘယ္က စကားေတြ တတ္လာသလဲ မသိဘူး။ တစ္ခ်ိဳ႕စကားေတြက သိ႐ုံ သိထားသင့္ၿပီး ထုတ္မေျပာသင့္ဘူးဆိုတာ မသိေလေရာ့သလား ...။
ရိေပၚ ၾကားလိုက္ရတဲ့ စကားေၾကာင့္ စိတ္ဆိုးရမယ့္ အစား ခပ္ လြန္႔လြန္႔ ေတာင္ ၿပဳံးမိသြားသည္။ ေကာင္မေလး တစ္ေယာက္ကေတာ့ သူ႔ ကို စ ၿပီး အကန္ ေျပာေနၿပီ။
' အရာ မသြင္းတာေတာ့ မဟုတ္ဘူး။ အမွန္တိုင္း ေျပာရရင္ သူမ နဲ႔ ကိုယ္က အရမ္းႀကီး တည့္တာ မဟုတ္ဘူး။ အရင္က ကိုယ္ က ကိုယ့္ဘာသာ အိမ္ သပ္သပ္ ခြဲေနတာ။ အခု မင္း က ဝမ္ အိမ္ေတာ္မွာ လာေနမယ္ဆိုေတာ့မွ ကိုယ္က အိမ္ ျပန္လာေနတာ။'
' ဘာပဲ ေျပာေျပာ သူမ က ေနာက္မွ ေရာက္လာလို႔ ေနရာ မေပးခ်င္တာကေတာ့ အမွန္တရားပဲ မလား ...။'
' ဒါေပါ့ ...။ ဆုံးသြားတဲ့ ကိုယ့္ရဲ႕ ဖြားဖြား ေနရာ ကို ဘယ္သူ႔ကိုမွ အစားမထိုးႏိုင္ဘူး။'
ေရွာင္းက်န္႔ အဲ့စကားေၾကာင့္ ဝမ္ သခင္ေလး ဘက္ကို လွည့္လိုက္ၿပီး ...
' ဒါဆို ေျပာခ်င္တာ ဝမ္ သခင္ေလးက အစားထိုးရတာ မႀကိဳက္ဘူးေပါ့။'
' ဘာလဲ ... မင္း အဲ့စကား ကို မွတ္ထားၿပီး ကိုယ္ မႀကိဳက္တဲ့ အရာ လုပ္မလို႔လား ...။'
ေရွာင္းက်န္႔ အေရွ႕ကို ျပန္လွည့္လိုက္ၿပီး ...
' မွတ္စရာ မလိုဘူး။ က်ေနာ္ က ဥာဏ္ေကာင္းတယ္။'
' ဟုတ္ လား ...။'
ေရွာင္းက်န္႔ ဝမ္သခင္ေလးရဲ႕ ဟုတ္လား ဆိုတဲ့ စကား က သူ႔ကို ႐ြဲ႕ေျပာေနမွန္း သိသာေနတာေၾကာင့္ မ်က္ေစာင္းေတာင္ ထိုးမိေတာ့မလို ျဖစ္သြားသည္။
~~~~~~~~~
ဝမ္ အိမ္ေတာ္တြင္ ...
' ေဒၚေလး ... ဝမ္ သခင္ေလး ေရာ ... ဝမ္ သခင္ေလး ဘယ္မွာလဲ ...။'
' လိကြား ... အိေျႏၵရရ ေနစမ္းပါအုံး။ ဝမ္ရိေပၚ က သူ႔ရဲ႕ သတို႔သမီးေလာင္းကို သြားႀကိဳေနတာ ...။'
' ဘယ္လို ...။'
' ဟုတ္တယ္။ ေဒၚေလး ေျပာထားသလိုပဲေလ။ ျဖစ္ခ်င္ေတာ့ သူကလည္း ဒီေန႔ ဝမ္အိမ္ေတာ္ကို လာမွာ။'
ဝမ္ သခင္မ မ်က္ႏွာေတြ နီ ၿပီး လက္သီးေတြ ဆုပ္လာတဲ့ သူ႔ရဲ႕ တူမ ကို ၾကည့္ၿပီး လက္ေမာင္းကို ထိန္းကိုင္ရင္း ...
' စိတ္ေလ်ာ့ ... စိတ္ေလ်ာ့ ... ဒီမွာက စိတ္တိုတာနဲ႔ ေအာ္ ခ်င္ သလို ေအာ္ လို႔ ရတဲ့ ညည္းအိမ္လို မဟုတ္ဘူး။ ၿပီးေတာ့ ေဒၚေလးမွာ အႀကံအစည္ေတြ ရွိပါတယ္။ ညည္းသာ ေဒၚေလး ေနာက္က ေဖာလိုး လိုက္႐ုံပဲ။'
အဲ့ေတာ့မွ လိကြား သူမရဲ႕ လက္သီး ႏွစ္ဖက္ကို ျပန္ျဖန္႔လိုက္ၿပီး ...
' ေဒၚေလး တကယ္ေျပာတာလား။ သမီး ဝမ္ သခင္ေလးကို ဘယ္ေလာက္ေတာင္ သေဘာက်ေနတာလဲ ေဒၚေလး သိတာပဲ။ သူက သမီး အတြက္ပဲ ျဖစ္ရမယ္။'
' ေအးပါ ... ေအးပါ။ အခုေတာ့ ေဒၚေလး ေအာက္ လိုက္ဆင္းခဲ့။ သခင္ႀကီး ကို ႏႈတ္ဆက္ရမယ္။'
~~~~~~~~~
' သခင္ႀကီး ...။'
' မဂၤလာပါ ...။ သမီး က လိကြား ပါ။'
' အင္း ...။ ေရာက္တုန္း သက္ေတာင့္ သက္သာ ေနပါ။ ဒီမွာက တစ္ခ်ိဳ႕ စည္းကမ္းေတြ ရွိတယ္။ မင္းရဲ႕ အေဒၚ ေျပာျပလိမ့္မယ္။'
' ဟုတ္ကဲ့။ သမီး မလာခင္ကတည္းက ေဒၚေလးက ေျပာထားပါတယ္။ ဝမ္ အိမ္ေတာ္ ေရာက္ရင္ စည္းနဲ႔ ကမ္းနဲ႔ ေနရမယ္ ဆိုတာ။ ၿပီးေတာ့ ဝမ္ သခင္ႀကီး စိတ္အေႏွာင့္ယွက္ မျဖစ္ေစဖို႔ရယ္ ...။'
' ငါက ကိစၥ မရွိဘူး။ အဓိက ရိေပၚ ပဲ။ သူ႔ အနားသာ မေနနဲ႔။ သူက စိတ္ရႈပ္ရင္ မႀကိဳက္ဘူး။ သူ႔ကို ခက္ခက္ ခဲခဲ နဲ႔ အိမ္ေတာ္မွာ လာေနဖို႔ ေခၚထားရတာ။ ေတာ္ၾကာ တစ္ပတ္ေတာင္ မခံပဲ သူ႔အိမ္ သူ ျပန္သြားလိမ့္မယ္။'
' ဝမ္ သခင္ေလးမွာ အိမ္ သပ္သပ္ ရွိေသးတာလား။ ဒီလိုပဲ အႀကီးႀကီးလား ...။'
' လိကြား !!!!.'
လိကြား သူ႔ကို တံေတာင္ နဲ႔ တြက္ၿပီး သတိေပးလာတဲ့ ေဒၚေလးေၾကာင့္ ေတာက္ပ စြာ ေမးခြန္း ေမးေနတဲ့ သူမရဲ႕ မ်က္ႏွာကို အျမန္ျပန္ျပင္ၿပီး မ်က္လႊာ ခ် ထားလိုက္သည္။
ထိုစဥ္ သူတို႔ အနားကို ေကာင္မေလး တစ္ေယာက္ ႐ို႕က်ိဳးစြာ လာရပ္ၿပီး ...
' ဝမ္ သခင္ေလး ျပန္ေရာက္ပါၿပီ။'
' ဟုတ္ၿပီ။ ငါ လာခဲ့မယ္။'
သခင္မႀကီးကေတာ့ သူကလည္း ဝမ္ အိမ္ေတာ္က ကေတာ္ တစ္ေယာက္မို႔ ခုလို အိမ္အေရွ႕မွာထိ သြားမႀကိဳခ်င္ပါ။
ဒါေပမယ့္ ဝမ္ သခင္ေလး ဆိုတာနဲ႔ လႈပ္လႈပ္ရွားရွား ျဖစ္သြားတဲ့ လိကြား ကေတာ့ ဘာမွ မစဥ္းစားပဲ သူ႔ ေဒၚေလးရဲ႕ လက္ကို ဆြဲၿပီး သခင္ႀကီး ေနာက္ လိုက္ေနၿပီ။
~~~~~~~~~
ေရွာင္းက်န္႔ ပင္လယ္ႀကီး နက္ သေလာက္၊ က်ယ္ သေလာက္ တစ္ေနရာ မက်န္ ေနခဲ့ဖူးေပမယ့္ ကုန္းေပၚ တက္လာတဲ့ အခါမွာေတာ့ ခုလို ႀကီးက်ယ္ ခမ္းနားတဲ့ အိမ္ကို မျမင္ဖူးပါ။ ဒီတစ္ခါေတာင္မွ သူ ေရကန္ က်ဥ္းက်ဥ္းေလးထဲမွာပဲ တက္လာခဲ့ရတာ မလား။
သူ႔ေဘးက ယြီ႕က်င္း ကို ၾကည့္ေတာ့ ...
အမယ္ ... ကေလးမ က အိမ္ ကို ျမင္ဖူးတာ ႐ိုးေနတဲ့ ပုံစံ နဲ႔ ခါးကို လက္ႏွစ္ဖက္ ေထာက္ၿပီး ဘယ္ေတြ လိုက္ၾကည့္ေနသည္ မသိ ၿခံဝင္းဘက္ကို မ်က္ႏွာ မူလ်က္။
ယြီ႕က်င္း အတြက္ကေတာ့ ဒီလို အိမ္က တကယ္ကို ႐ိုးေနတာ ျဖစ္သည္။ သူတို႔အိမ္ေတာ္ကလည္း ဒီလို ပုံစံပဲေလ။
ထိုစဥ္ ...
' လာ ... အထဲ ဝင္ၾကမယ္။ မင္းတို႔ ပစၥည္းေတြကေတာ့ ခဏေန လာသယ္ခိုင္းလိုက္မယ္။'
ေရွာင္းက်န္႔ နဲ႔ ယြီ႕က်င္း ဝမ္ သခင္ေလး ရွိတဲ့ ဘက္ကို ေလွ်ာက္လာေနတုန္း ...
' ေျမး ရိေပၚ ေရာက္လာၿပီလား ...။'
' ဖိုးဖိုး ...။'
ေရွာင္းက်န္႔ နဲ႔ ယြီ႕က်င္းလည္း အသံ လာရာ ဆီကို ေမာ့ၾကည့္ေတာ့ ဝမ္ လူႀကီးမင္း နဲ႔ အတူ ေနာက္က ပါလာတာကေတာ့ ဝမ္ သခင္ေလးနဲ႔ သိပ္မတည့္ဘူးဆိုတဲ့ ဝမ္ သခင္မ ျဖစ္ပုံရၿပီး ေနာက္တစ္ေယာက္ ကေတာ့ မသိပါ။
' သမီး က မုယြီ႕က်င္း ေလး လား ...။'
ယြီ႕က်င္း ဝမ္ သခင္ႀကီး ေမးတာေတာင္ တုတ္တုတ္ မလႈပ္ေသးတဲ့ ေရွာင္း ေၾကာင့္ ဘယ္သူမွ မျမင္ခင္ ခါး ကို တို႔ၿပီး သတိေပးလိုက္သည္။
ေရွာင္းက်န္႔ သူ ဘာမွ မေျပာရေသးခင္ အသံ တစ္သံက အရင္ ထြက္လာသည္။
' ေတာ္ဝင္ မိသားစု က ျဖစ္ၿပီး လူႀကီးက ေမးရင္ ခ်က္ခ်င္း ေျဖရတယ္ ဆိုတာ နားမလည္ဘူးလား။ ယဥ္ေက်းမႈ မရွိလိုက္တာ။'
ေရွာင္းက်န္႔ သူ႔ကို အမႈႀကီးေအာင္ ဝင္ေျပာလာတဲ့ ေကာင္မေလး ကို ၾကည့္ေနတုန္း ...
' မင္း က ဘယ္သူလဲ ...။'
လိကြား ဒီလို အခ်ိန္ႀကီးမွာ သူ႔ကို ဝမ္ သခင္ေလးက စကားေျပာလာတာကို ဝမ္းမသာႏိုင္ပါ။ ဒါ ... သက္သက္ သူ႔ကို တမင္ ေမးၿပီး အရွက္ခြဲတာ။
ေရွာင္းက်န္႔ ဝမ္ သခင္ႀကီးကို ဦးၫႊတ္လိုက္ၿပီး ...
' ဟုတ္ကဲ့ပါ။ က်ေနာ္က မုအိမ္ေတာ္ ကပါ။ ခုန ခ်က္ခ်င္း မေျဖလိုက္ရတဲ့ အတြက္ ေတာင္းပန္ပါတယ္။'
' မလိုဘူး။ မလိုဘူး။ သမီး က ခ်စ္စရာေလးပဲ။ အရပ္ကလည္း ေျမး ရိေပၚ နဲ႔ေတာင္ မတိမ္းမယိမ္း ျဖစ္ခ်င္ေနၿပီ။
အင္း ... ေမြးလာမယ့္ မ်ိဳးဆက္ေလးကေတာ့ ႏိုင္ငံတကာ တန္းဝင္တဲ့ အရပ္ ျဖစ္ေတာ့မွာပဲ။ ဖိုးဖိုး ကေတာ့ သမီး ကို ျမင္တာနဲ႔ ေျမး ရိေပၚ နဲ႔ေတာင္ ခ်က္ခ်င္း လက္ထပ္ေပးလိုက္ခ်င္ၿပီ။'
' က်ေနာ္ က လက္ခံႏိုင္ပါတယ္။'
' အို ... ခ်က္ခ်င္းႀကီး လက္ထပ္လို႔ မရေသးပါဘူး။'
ေရွာင္းက်န္႔ သခင္ႀကီးရဲ႕ စကားကို ခ်က္ခ်င္းကို ေကာက္ခါ ငင္ခါ လက္ခံေနတဲ့ ဝမ္ သခင္ေလးေၾကာင့္ ရင္ထိတ္ေနတုန္း သူ႔ အစား ျငင္းေပးလာတဲ့ ဝမ္ သခင္မႀကီးကို ေက်းဇူးတင္သြားသည္။
' ကဲ ... အိမ္ထဲ အရင္ ဝင္ၾက။ ၿပီးမွ စကား ဆက္ေျပာလို႔ ရပါတယ္။ အိမ္ေရွ႕မွာ မိုးတိုး မတ္တပ္နဲ႔ ေျပာေနတာ မေကာင္းဘူး။'
ေရွာင္းက်န္႔ သူတို႔ထက္ အရင္ အိမ္ထဲ ျပန္ဝင္ဖို႔ ျပင္ေနၾကတဲ့ အထဲ ခုန သူ႔ကို ဝင္ေညႇာင့္တဲ့ မိန္းကေလးက သူ႔ကို ၾကည့္ရင္း မ်က္ေစာင္း ထိုး သြားတာေၾကာင့္ အဲ့မိန္းကေလး ဝမ္ သခင္ေလးကို သေဘာက်ေနမယ္ဆိုတာ သူ႔ရဲ႕ ကိုရီးယား၊ ဂ်ပန္၊ ထိုင္း အခ်စ္ ဇာတ္လမ္းေတြ ၾကည့္ထားတဲ့ အေတြ႕အႀကဳံ အရ သိလိုက္သည္။
အဲ့ဒါေၾကာင့္ ေရွာင္းက်န္႔ တစ္ခ်က္ခုတ္ ႏွစ္ခ်က္ျပတ္ေအာင္ သူ႔ကို ဘယ္သူမွ အျမင္မၾကည္မယ့္ အျပဳအမူ တစ္ခု လုပ္လိုက္သည္။
' ကိုကို ...။'
ဟုတ္ပါတယ္ ...။ ေရွာင္းက်န္႔ ကေနမွ ဝမ္သခင္ေလးရဲ႕ လက္ေမာင္းကို ဖက္ၿပီး ခပ္ ခြၽဲခြၽဲ ေခၚလိုက္တဲ့ အသံ ပါ။
သူ႔ အသံေၾကာင့္ အိမ္ထဲ ျပန္ဝင္မယ့္ ဝမ္ သခင္ႀကီး၊ ဝမ္ သခင္မႀကီး နဲ႔ ဟိုမိန္းကေလး ပါ ျပန္လွည့္လာၾကသည္။
လွည့္လာၿပီး အရမ္းကို အံ့ဩ ေနတဲ့ မ်က္ႏွာေတြေၾကာင့္ ေရွာင္းက်န္႔ စိတ္ထဲ ႀကိတ္ၿပဳံးလိုက္သည္။
အရမ္း အံ့ဩသြားၾကၿပီ မလား ...။ ၿပီးေတာ့ ဒီမိန္းကေလး လက္ရဲ ဇက္ရဲ ႏိုင္လိုက္တာဆိုၿပီး အိမ္ကေန ေမာင္းထုတ္ခ်င္သြားၿပီ မလား ...။ ဒါ အစ ပဲ ရွိေသးတယ္။ လူငယ္ေတြရဲ႕ စိတ္ဆႏၵနဲ႔ သေဘာထား ကို ဦးစားမေပးပဲ လူႀကီးခ်င္း သေဘာတူၿပီး လက္ထပ္ ေပးခ်င္ၾကအုံး ...။
ေရွာင္းက်န္႔ သူ႔ အေတြး နဲ႔ သူ ေက်နပ္ေနၿပီး သူ မၾကည့္မိေသးတာ သူ ကိုကို လို႔ ေခၚၿပီး လက္ေမာင္း ဆြဲဖက္ ထားတဲ့ ဝမ္ သခင္ေလးရဲ႕ မ်က္ႏွာကိုေပါ့။
ယြီ႕က်င္း ကေတာ့ လုံးဝ ကို ပါးစပ္ အေဟာင္း သား နဲ႔ ဟ ၿပီး မ်က္လုံး ျပဴးရင္း ရပ္ၾကည့္ေနခဲ့တယ္။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
2023.10.11 ( Wed )