What's wrong? ( Completed )

By NangKhaingNiTun

16.6K 1K 65

မှားတာက မင်းရဲ့ ဖြစ်တည်မှု က စ မှားတာ ... မွားတာက မင္းရဲ႕ ျဖစ္တည္မႈ က စ မွားတာ ... Story no.18 Crd cv photo More

Ep - 1
Ep - 2
Ep - 4
Ep - 5
Ep - 6
Ep - 7
Ep - 8
Ep - 9
Ep - 10
Ep - 11
Ep - 12
Ep - 13
Ep - 14
Ep - 15
Ep - 16
Ep - 17
Ep - 18
Ep - 19
Ep - 20
Ep - 21
Ep - 22
Ep - 23
Ep - 24
Ep - 25
Ep - 26
Ep - 27
Ep - 28
Ep - 29
Ep - 30
Ep - 31 ( Final )

Ep - 3

609 40 1
By NangKhaingNiTun

ည အချိန်ခါ တောင်ကုန်းမြင့်ပေါ်က သစ်လုံးအိမ်ထဲတွင် ယွီ့ကျင်း တစ်ယောက် ထမင်း ကို ဟို ဒီ ထိုးကော်နေရင်း အပေါ်ထပ်က တစ်ယောက် အတွက် ဘယ်လို ယူသွားပေးရမလဲဆိုတာ စဉ်းစားနေတယ်။

ထမင်း စားပွဲဝိုင်းမှာ အတူ ထိုင်နေတဲ့ အမျိုးသမီး ကလည်း မမလေး လုပ်နေတာတွေ မြင်တာကြောင့် မမလေး ဒီနေ့ ချက်တဲ့ ဟင်းကို မကြိုက်တာများလား ဆိုပြီး အတွေးဝင်သွားရသည်။

' မမလေး !!!!.'

' ဟင် !!!!.'

' ဟင်းတွေ မကြိုက်လို့လား ...။ ကျမ ကြက်ဥ ခေါက်ပြီး ထပ်ကြော်ပေးရမလား ...။'

' မဟုတ်ဘူး ...။ ကြိုက်တယ်။ ကျမ မှာ အရေးကြီး စာလုပ်စရာ ရှိတာ မေ့ပြီး ... အခုမှ သတိရလို့ ...။ အဲ့ဒါကြောင့် အန်တီ ထမင်းဟင်း ပြင်ပြီး ကျမ အခန်းကိုပဲ ယူလာပေးလို့ ရလား ...။ ပြီးတော့ နှစ်ယောက်စာ ...။'

' ရှင် !!!!'

ယွီ့ကျင်း သူပြောမှ တုန်လှုပ်သွားတဲ့ အန်တီ ကို ကြည့်ပြီး ပြန်ပြုံးပြရင်း ...

' အဟီး ... အခုက တစ်ခါ စားမှာ ...။ စာ လုပ်နေရင်း ဗိုက်ပြန်ဆာလာရင် ထပ်စားမှာ ...။'

' ဪ ... ဟုတ်ကဲ့ပါ။'

' ဒါဆို ကျမ အပေါ် တက်တော့မယ်။'

အမျိုးသမီး ထွက်သွားတဲ့ မမလေး ကို ကြည့်ပြီး ထမင်းဝိုင်းမှာ အတူ ထိုင်နေတဲ့ သူ့ ယောကျာ်းကိုပါ ပြောလိုက်သည်။

' မမလေး ထူးဆန်းနေတယ်လို့ ရှင် မထင်ဘူးလား ...။'

' ဘာထူးဆန်း ရမှာလဲ ...။ ကျောင်းသားက စာလုပ်တာ ထူးဆန်းလို့လား ...။'

' စာလုပ်တာကို ပြောတာ မဟုတ်ဘူး။ မမလေး ခါတိုင်းတောင် ညစာ မစားတာ များတယ်လေ။ အခုက နှစ်ယောက်စာ ပြင်ခိုင်းတာ ဆိုတော့ ကျမ ထူးဆန်းလို့ပါ။'

' ဘာမှ မဖြစ်ဘူး ...။ မမလေး ပြောတာလဲ ဟုတ်တာပဲလေ။ စာ ဆိုတာ ထိုင်လုပ်နေရတယ်ဆိုပေမယ့် ဦးနှောက်ရော လက်တွေရော သုံးရတာ၊ ပြီးတော့ ခန္ဓာကိုယ်က ဟိုလှုပ် ဒီလှုပ် ဆိုတော့ ဗိုက်ပြန်ချောင်သွားလည်း ဖြစ်နိုင်တာပဲ။

ကဲပါ ... အတွေး မများနဲ့ ။ လုပ်စရာ ရှိတာ လုပ်သွားပေးလိုက် ...။'

~~~~~~~~~

ယွီ့ကျင်း သူ့ အခန်းထဲ ရောက်မှ ဆိုဖာမှာ ထိုင်နေတဲ့ ရှောင်းကျန့် ကို မြင်ပြီး ဒီည ရှောင်းကျန့် ကို ဘယ်မှာ အိပ်ခိုင်းရမလဲ ဆိုတာ တွေးမိသွားသည်။

ရှောင်းကျန့် အခန်း တံခါးနားမှာ ရပ်ပြီး ဘာမှလည်း မပြော ဝင်လည်း မလာတဲ့ ယွီ့ကျင်း ကို ခြေဆုံး ခေါင်းဆုံး ကြည့်လိုက်ပြီး ...

' ဘာလုပ်နေတာလဲ ...'

' ဒီည နင် ဆိုဖာ မှာ အိပ် ...။'

ရှောင်းကျန့် သူ မေးတာ တစ်မျိုး အဖြေ တစ်မျိုး ထွက်လာတဲ့ ယွီ့ကျင်း ကို တစ်ချက်ကြည့်ပြီး TV ဘက် ပြန်ကြည့်ရင်း ...

' ဘာများလဲလို့ ... ငါလည်း မင်း အိပ်ယာပေါ် တက် အိပ်ဖို့ မစဉ်းစားပါဘူး။ ပြီးတော့ ထွက်သွားလို့ ရရင် ငါ့ဘာသာ ဟိုတယ်မှာပဲ ဇိမ်နဲ့ သွားအိပ်လို့ ရသေးတယ်။'

ယွီ့ကျင်း အဲ့စကား ကြားတော့ ရှောင်းကျန့် အနားကို ကပ်ထိုင်ပစ်လိုက်ပြီး ...

' မသွားရဘူး။ နင့်ကို ငါ့ကို ကူညီပေးရမယ်လို့ ပြောထားတယ်လေ။ မဟုတ်ရင် ပင်လယ် အောက်က နင်တို့ အသိုက်ရဲ့ အကြောင်း ဖွင့်ချပြလိုက်မယ်။'

' တကယ်လို့ ငါ ထွက်သွားရင် မင်း တကယ်ပဲ အဲ့လို လုပ်မှာလား ...။'

' အမ်း ... အဟမ်း ...။'

ယွီ့ကျင်း ရှောင်းကျန့် က မျက်လုံးကို တည့်တည့် ကြည့်ရင်း မေးလာတော့လည်း ချက်ချင်း အဖြေ မပေးလိုက်နိုင်ပါ။

' ဒါ ... ဒါကတော့ နင် က ငါ့ကို ပေးထားတဲ့ ကတိ ကို ဖျက်ရင် လုပ်ရမှာပဲလေ။'

' ငါ ဘယ်တုန်းက ကတိပေးလိုက်မိလို့လဲ ...။'

' မပေးလည်း နင် ခေါင်းညိတ်လိုက်ကတည်းက ငါက အဲ့ဒါကို ကတိပေးတာလို့ ယူဆ လိုက်ပြီ။'

ရှောင်းကျန့် သူ့မှာ တစ်ခြား လုပ်စရာ ရှိနေတာကို သတိရလိုက်ပြီး ခေါင်းဆတ်လိုက်ရင်း ...

' ထားပါတော့ ...။'

ယွီ့ကျင်း အဲ့တော့မှ ရှောင်းကျန့် ရဲ့ လက်မောင်းကို လက်သီး နဲ့ တစ်ချက်ထိုးလိုက်ပြီး ...

' အဲ့လိုလုပ်ပါ ...။ စိတ်မပူနဲ့ ငါ နင်နဲ့ တစ်ချိန်လုံး အတူ ရှိနေပေးမှာပါ။'

' တကယ်လို့ မင်း လက်ထပ် ရမယ့် လူက ငါ ဟန်ဆောင်တာကို မိ သွားရင် ဘယ်လို လုပ်မလဲ ...။ ပြီးတော့ ငါက ဘယ်ချိန်ထိ ဟန်ဆောင် ပေးရမှာလဲ ...။'

' ဘယ်အချိန်ထိလဲ ဆိုတော့  ... အင်း ... ငါက တကယ်ဆို သူ့ကို လက်မထပ်ချင်ဘူး။ အခုက ငါ့အဖွားက အတင်းကို ပေးစားမှာမလို့ လက်ထပ်ရမှာ။ အဲ့တော့ နင်သာ သူ ငါ့ကို အမြင်ကပ်ပြီး သဘောမကျပဲ လက်ထပ် ချင်စိတ် မရှိအောင် လုပ်နိုင်ရင် ရပြီ။ အချိန်က နင် မြန်မြန် လုပ်နိုင်ရင် လုပ်နိုင်သလို မူတည်တယ်။'

' မင်း ဟာကလဲ ... ပို ပို ခက်လာပြီနော်။ ဟန်ဆောင် ဖို့တောင် ငါ့မှာ တော်တော် လုပ်ယူရမှာ။ အခုက သူ ငါ့ကို အမြင်ကပ်အောင် ထပ်လုပ်ရမှာဆိုတာက ငါက ဘယ်လို လုပ်မှ သူက အမြင်ကပ်မှာလဲ ...။'

ယွီ့ကျင်း သူလည်း အဲ့ဒါတော့ မသိပါ။ ဘာလို့ဆို သူလည်း ဝမ်ရိပေါ် ကို မမြင်ဖူး သူ့စိတ်ကိုလည်း မသိဘူးလေ။

~~~~~~~~~

နံနက် မိုးသောက် ရောက်သော် အမြဲတမ်း သပ်သပ် ရပ်ရပ် စမတ်ကျကျ နေတဲ့ ဝမ်ရိပေါ် ကတော့ နှိုးပြီဆိုတာနဲ့ ကုတင်ဘေးမှာ တင်ထားတဲ့ ရေ ကရားထဲက ရေ တစ်ခွက် ငှဲ့သောက်ပြီး ရေချိုးခန်းထဲ တန်းဝင်ပါတယ်။

၁၀ မိနစ် အတွင်းမှာ တစ်ကိုယ်ရေ တစ်ကာယ ကိစ္စတွေ အကုန်ပြီး၊ ရေချိုးတာပါ ပြီးသွားခဲ့တယ်။

အသက် ၃၀ ပဲ ကျော်သေးတယ်ဆိုပေမယ့် ကုမ္မဏီမှာ လူကြီး တစ်ယောက် အနေနဲ့ နေ နေ ရတာဖြစ်တာကြောင့် ဝတ်စုံအပြည့်နဲ့ပဲ ရုံးတက်တာ ဖြစ်သည်။

ဝတ်စုံ ဝတ်ပြီး ၊ နက်ခ်တိုင် ချည်ပြီးသွားတော့ မှန်တင်ခုံ အံဆွဲထဲမှာ ရှိတဲ့ များစွာသော နာရီထဲက တစ်လုံး ယူပြီး လက်မှာ ပတ်လိုက်သည်။ ပြီးတာနဲ့ ဘောင်းဘီ အရောင်နဲ့ ဆင်တူ ကုတ် င်္အကျီ ကို လက်မှာ ချိတ်ရင်း အိပ်ခန်းထဲက ထွက်လာပြီး အပြင် က စားပွဲခုံပေါ်မှာ တင်ထားတဲ့ လပ်တော့ အိတ်ကို ဆွဲပြီး အခန်းထဲက ထွက်လာလိုက်တယ်။

~~~~~~~~

အိမ်ရဲ့ အပြင်ဘက်မှာတော့ ပြောင်လက်ပြီး ကိုယ့်ပုံရိပ်တောင် ကိုယ် ပြန်မြင်နိုင်တဲ့ အနေထားနဲ့ ကား ကို ကား သမား က ထပ်ပြီး ပွတ်သုတ်နေတယ်။

သိပ်မပြောင်သေးဘူး ထင်ရတဲ့ နေရာကိုတော့ ပါးစပ် နဲ့ အာငွေ့ ပေးပြီး ထပ်ခါ ထပ်ခါ ပွတ်သုတ်နေပြန်တယ်။

ရိပေါ် သူ အိမ်ရှေ့ ထွက်လာတော့ ကား သမား က ကား တံခါး အသင့် ဖွင့်ထားပေးတာကြောင့် ကား ထဲ တန်းဝင်လိုက်သည်။

ခဏ အကြာ ပြောင်လက်နေတဲ့ ကား တစ်စီး ခြံဝင်း တစ်ခုထဲက ထွက်သွားခဲ့တယ်။

~~~~~~~~~

' ဆရာ ... ဘယ်ကို အရင် ဝင်ရမလဲ ...။'

ရိပေါ် နာရီကို တစ်ချက် ကြည့်လိုက်ပြီး ...

' အရှေ့နားက ကော်ဖီ ဆိုင်ကို ဝင်လိုက်။ ပြီးရင် ခင်ဗျားလည်း မနက်စာ သွားစားချင်ရင် သွားစားလို့ ရတယ်။ ရုံးကို ၈ ခွဲ ရောက်ရင် ရပြီ။'

' ဟုတ်ကဲ့ ...။'

ရိပေါ် ကား သမားကို ပြောပြီး သူ့ လက်ထောက်ကို ဖုန်းဆက်ဖို့ ပြင်လိုက်သည်။

' ဟလို ...။'

' ....။'

' ဒီနေ့ အရေးကြီး အစည်းအဝေး ရှိတယ်။ မင်း အကုန် ပြင်ဆင်ထားပြီးပြီလား။'

' ....။'

' ဟုတ်ပြီ။ မင်း ရုံးရောက်နေပြီဆိုလည်း အစည်းအဝေး လုပ်ဖို့ အတွက် ကြိုတင်ပြင်ဆင်ထားလိုက်တော့ ...။ ငါ ၈ ခွဲ ရောက်မယ်။'

' ....။'

' အိုခေ ...။ ဒါဆို ဒါပဲ။'

သူ ဖုန်း ချပြီးသွားတာတောင် ကား သမားက ခုထိ ပါကင် မထိုးနိုင်သေးပါ။

ရိပေါ် အရှေ့ကို လှမ်းကြည့်တော့ ကော်ဖီ ဆိုင်ရှေ့မှာ ကားတွေ များနေတာကို တွေ့လိုက်ရသည်။ နာရီ ကို ပြန်ကြည့်တော့ ၈ နာရီ ထိုးတော့မယ်။

' ဝင် လို့ မရရင် မဝင်နဲ့တော့။ ပြီးမှပဲ မင်း ငါ့ကို ပြန်လာဝယ်ပေးလိုက်။'

' ဟုတ်ကဲ့ ဆရာ ...။'

၈ နာရီ ခွဲဖို့ ၁၀ မိနစ် အလိုမှာ ကုမ္မဏီ ကို ရောက်လာခဲ့သည်။

ဒါပေမယ့် သူဌေးရဲ့ ကားပဲ ထားခွင့် ရှိတဲ့ နေရာမှာတော့ သူ ရင်းနှီးနေတဲ့ ကား တစ်စီးက သူ့ ကား ထက် အရင် ပါကင် ထိုးထားပြီးနေပြီ။

~~~~~~~~~

သူ ကုမ္မဏီ အထဲ ကို ဝင်လာတော့ သူ ဆူမှာ စိုးတဲ့ မျက်နှာ ဖြူဖပ် ဖြူရော် နဲ့ သူ့ လက်ထောက်ကို သူ့ အခန်းဝင်မယ့် အရှေ့မှာ ရပ်နေတာ တွေ့လိုက်ရတယ်။

' ဆရာ ...။'

ရိပေါ် လက် ကာ ပြလိုက်ပြီး ရုံးခန်း တံခါး ဖွင့် ဝင် သွားလိုက်သည်။

ရုံးခန်းထဲ ရောက်တော့ သူ ထင်ထားသလို အဖိုး တကယ် ရောက်နေတယ်။ တော်သေးတာ အဖွားကြီး မပါခဲ့ဘူး။

' ဖိုးဖိုး ...။'

' အင်း ... ရောက်လာပြီလား။ လာ ... ထိုင်အုံး ...။'

' ဖိုးဖိုး အရေးမကြီးရင် ခဏ စောင့်နေလို့ ရလား။ ဒီနေ့ ကျနော် အရေးကြီးတဲ့ အစည်းဝေး ရှိတယ်။'

' အရေးတော့ မကြီးပါဘူး။ ဒီတိုင်း ကုမ္မဏီ ကို ဝင်ကြည့်ရင်း မြေး ကိုလည်း ဝမ် အိမ်တော်ကို ပြန်နေဖို့ လာပြောချင်တာ ...။'

' ကျနော် ဘာလို့ အိမ်တော်မှာ မနေချင်တာလည်း ဖိုးဖိုး သိနေတာပဲ။ ကျနော် ခဏပဲ ပြန်ရင်တောင် ဖိုးဖိုး စိတ်အနှောင့်ယှက် ဖြစ်ရပြီ မလား။'

ဝမ် အဖိုး မတ်တပ် မတ်တပ် ဖြစ်နေတဲ့ သူ့မြေးကို ကြည့်လိုက်ပြီး ...

' ကဲ ... ခဏ လာထိုင်ပါအုံး ...။'

ရိပေါ် ဝင်ထိုင်တာနဲ့ ဝမ် အဖိုး သူ့စကားကို ထပ်ဆက်သည်။

' ဒီတစ်ခေါက် မြေးကို အိမ်တော် ပြန်နေဖို့ ခေါ်ရတဲ့ အကြောင်းရင်းက သပ်သပ် ရှိတယ်။'

ရိပေါ် အဖိုးရဲ့ စကားကြောင့် အဖိုးရဲ့ မျက်နှာကို ကြည့်မိသွားသည်။

တစ်ဖက်က မု အိမ်တော်မှာကလည်း ...

~~~~~~~~

မု အဖွား တစ်ယောက် သူ့ မြေးဆီ ဖုန်းတစ်ခါ ဆက်တိုင်း သွေးတွေ တိုး နေရတာကြောင့် လက်တစ်ဖက် ဖုန်းကိုင်ရင် ကျန် လက်တစ်ဖက်က နှာ ရှူဗူး ကိုင်ထားရသည်။

အခုလည်း ဖုန်းပြောနေရာကနေ သွေးက ဆောင့်တက်ချင်လာပြန်ပြီ ...

ဘာတဲ့ ... သူ့ကို လက်မထပ်ရသေးပဲ ဝမ် အိမ်တော် သွားနေစေချင်ရင် သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းကို အဖော်ခေါ်သွားရမှ သွားမယ်တဲ့။ ပြီးတော့ အဲ့ဒီ အရင်းနှီးဆုံး သူငယ်ချင်းက မိန်းကလေးလည်း မဟုတ်ဘူး။

ထိုစဉ် ဖုန်းထဲက အသံ ထွက်လာသည်။

' ဖွားလေး ...။'

' ဘာလဲ ...။'

' ဖွားလေး သဘောတူလား သမီး ပြောတဲ့ဟာ ...။'

မု အဖွား နှာခေါင်း နား နှာ ရှူဗူး တစ်ချက် တေ့ပြီး ခပ်ပြင်းပြင်း ရှူသွင်းလိုက်ရင်း ...

' ညည်းဟာက မဟုတ်သေးဘူးလေ။ အဖော် ခေါ်ချင်တယ်ဆိုလည်း ညည်းနဲ့ အခု အတူနေတဲ့ ထမင်း ဟင်း ချက်တဲ့ မိန်းကလေးကို ခေါ်သွားလို့ ရတာပဲ။ ညည်း ယောကျာ်းလေး တစ်ယောက်ကို အတူခေါ်သွားတော့ ဟိုဖက်က ဘယ်လို ထင်မလဲ ...။'

' ဖွားလေး ကလည်း သူက ယောကျာ်း စစ်စစ် မဟုတ်ပါဘူး။ ယောကျာ်းစိတ် ဝင် နေတဲ့ ကောင်မလေးပါ။'

တစ်ဖက်က ရှောင်းကျန့် မုယွီ့ကျင်းရဲ့ စကားကြောင့် သူ့ကိုယ်သူ ပြန်စမ်းကြည့်မိတော့မလို ဖြစ်သွားသည်။ မုယွီ့ကျင်း မုယွီ့ကျင်း ငါ့ကို မိန်းကလေး ဇာတ်သွင်းချင်တာ အားမရလို့ အခု မိန်းကလေးက ယောကျာ်းလေး စိတ်ဝင်တယ် ဖြစ်ရပြန်ပြီ။ တကယ်ပဲ ဘာလုပ်ချင်နေတာမှန်း မသိဘူး။

ယွီ့ကျင်း သူ့ကို သွားတွေ စေ့ ပြပြီး သတ်ချင်တဲ့ ရုပ် လုပ်ပြနေတဲ့ ရှောင်းကျန့် ကို ကြည့်ရင်း လက်လေးနဲ့ ပုတ်ချပြီး စိတ်လျော့ဆိုတဲ့ ပုံစံနဲ့ လုပ်ပြလိုက်သည်။

' ဒါဆို ဖွားက သူ့ကိုပါ ခေါ်ဖို့ လက်ခံတယ်ဆို ညည်း စာမေးပွဲ ဖြေပြီးတာနဲ့ ဝမ် အိမ်တော် သွားမှာလား ...။'

' သွားမယ်လေ ...။ သွားမယ်။ သမီးလည်း ဝမ်ရိပေါ် ကို အနီးကပ် လေ့လာကြည့်ချင်နေတာ။'

' ဟုတ်ပြီ။ ဒါဆို သွားမယ့်နေ့ ဖွားလေး လာခေါ်မယ်။ ဖွားလေး ကိုယ်တိုင် လိုက်ပို့မယ်။'

ယွီ့ကျင်း ဒီစကား ကြားတော့ ခြေတကာကာ လက် တကာကာ ဖြစ်သွားသည်။

' မဖြစ်ဘူး ...။ မဖြစ်ဘူး ...။'

' ဘာလို့ မဖြစ်တာလဲ ...။'

ယွီ့ကျင်း ဘယ်လိုဖြေရမလဲ ဆိုတာ အသည်းအသန် စဉ်းစားနေတုန်း ရှောင်းကျန့်ကို ကြည့်တော့ ပန်းသီးလေး စားလိုက် ဇာတ်လမ်း ကြည့်လိုက် လုပ်နေတာ တွေ့ရတာကြောင့် ခြေထောက်တဲ့ လှမ်းတို့ပြီး အချက်ပေးလိုက်သည်။

' ကျင်းကျင်း ... ဖွားလေး မေးနေတယ်လေ။'

ရှောင်းကျန့် ဖုန်းထဲက ဟိုဘက်က ထွက်လာတဲ့ အသံကို ကြားပေမယ့် တမင် မသိချင်ယောင်ဆောင် လိုက်သည်။

ယွီ့ကျင်း ဘယ်လိုပြန်ဖြေရမလဲ စဉ်းစားရင်း ရှောင်းကျန့် ကြည့်နေတဲ့ ဇာတ်လမ်း ကို ကြည့်တော့ မင်းသား ဖြစ်ပုံ ရတဲ့ ယောကျာ်းလေး က ကောင်မလေးကို အိမ်ထိ လာကြိုတဲ့ အခန်း ဖြစ်နေတာကြောင့် အတွေးက လင်းခနဲ ဖြစ်သွားရသည်။

' ဟို ... သမီးကတောင် သူတို့အိမ်တော်ကို လိုက်နေတော့မှာလေ။ အဲ့ဒါကြောင့် ဝမ်ရိပေါ် ကို သမီး ကို ကိုယ်တိုင် လာကြိုစေချင်တယ်။ အဲ့ဒါမှ သမီး နဲ့ ဖွားလေး တို့ သိက္ခာ မကျမှာပေါ့။'

တစ်ဖက်က မု အဖွားကလည်း သူ့မြေးပြောတာ ဟုတ်နေတာကြောင့် တစ်ချက်တော့ စဉ်းစားလိုက်သည်။

သူ စဉ်းစားနေတုန်း သူ့မြေးရဲ့ အသံက ထပ်ထွက်လာသည်။

' ဖွားလေး စဉ်းစားမနေနဲ့တော့ သမီး ပြောသလို လုပ်လိုက်ပါ။ သမီး တို့တောင် မိန်းကလေးရှင် ဖြစ်ပြီး သူတို့ပြောတာ လက်ခံနေပြီပဲ။ သူတို့ သားရှင် ဘက်က ဒီလောက်တော့ ပြန်လုပ်ပေးသင့်ပါတယ်။'

' အေးပါ ...။ ဖွားလေး သူတို့ဘက်ကို အဲ့လို အကြောင်းပြန်လိုက်မယ်။'

' ဟုတ် ...။ ဒါဆို ဖွားလေး သမီး ဖုန်းချတော့မယ်နော်။ စာမေးပွဲ အတွက် စာကြည့်ရအုံးမယ်။'

' အေး ...။'

' တီ !!!!!.'

မု အဖွား သူ့မှာ အေး တစ်လုံးပဲ ပြောလိုက်ရသေးတယ် သူ့မြေးက ဖုန်းတောင် ချသွားခဲ့ပြီ။

' မုယွီ့ကျင်း တို့များ ခုကျ ဝမ်အိမ်ကို အရမ်းသွားချင်နေပြီ ထင်တယ်။ စာမေးပွဲ နီးနေတာတောင် စာ လုပ်သံ မကြားရတဲ့ လူက အခုတော့ စာ ကြည့်ရမယ်ဆိုပဲ။ စာမေးပွဲ တော်တော် ဖြေချင်ပြီး မြန်မြန်ပြီးချင်နေပြီ ထင်ပါ့။'

မု အဖွား မသိတာက သူ တွေးတာနဲ့ မုယွီ့ကျင်း တွေးတာနဲ့ ပြဒါး တစ်လမ်း သံ တစ်လမ်း ဖြစ်နေတယ်ဆိုတာပါပဲ။

~~~~~~~~~

ည အချိန် ဝမ် အိမ်တော်တွင် ဝမ် သခင်မ သူ Toilet ထဲကနေ ထွက်လာတော့ သူ့ ယောကျာ်းကြီးက သူ့ကို ကျောပေးပြီး အိပ်ယာပေါ်တောင် ရောက်နေပြီကို တွေ့လိုက်ရပေမယ့် ဒီနေ့ သူ့ယောကျာ်း အပြင်သွားတာကို သူ့ကို ခေါ်မသွားတာကိုတော့ မကျေနပ်ပါ။

' ရှင် အိပ်မပျော်သေးတာ ကျမ သိတယ်နော် ...။'

သူ ပြောလိုက်မှပဲ သခင်ကြီးက ခန္ဓာကိုယ် လှုပ်ရှားလာပြီး စောင် တောင် သေချာ ပြန်ယူခြုံလိုက်တာကို ထပ်မြင်လိုက်ရတော့ ခုနမှ မတ်စ် ကပ်ပြီးထားတဲ့ မျက်နှာက မဲ လာပါတော့သည်။

' သခင်ကြီး !!!!!.'

' ဘာလဲကွာ ...။ အိပ်ချိန်ရောက်နေပြီ။ မင်း မအိပ်ချင်သေးရင်လည်း အပြင်မှာ TV သွားဖွင့်ကြည့်နေ။ ငါတော့ အိပ်ချင်လို့ အိပ်တော့မယ်။'

သခင်မ မျက်နှာ မဲ ရုံ မက နှုတ်ခမ်းပါ မဲ့ရွဲ့လာပြီး မျက်ဝန်းနှစ်ဖက်မှာ ဘယ်က ရောက်လာမှန်း မသိတဲ့ အရည်တွေ ပြည့်လာပါတော့သည်။

' အဟင့် ... ဟင့် ...။ ရှင် ခုတော့ ကျမ ကို လျစ်လျူရှု ထားပြီပေါ့။ ကျမ ကို မယူခင်တုန်းက ရှင် ဘာပြောခဲ့လည်း ... ကျမ က ရှင့်ရဲ့ အချစ်ဦးမို့ နောက်ကျမှ လက်ထပ်ခဲ့ရပေမယ့် ကျမ စိတ်ဆင်းရဲအောင် ဘယ်တော့မှ မလုပ်ဘူး။ ကျမ ကို မျက်ရည် မကျစေရဘူးဆို ...။ အဟင့် ... ဟင့် ... ခုတော့ ... ရှင်က ...။'

သခင်ကြီး နားငြီး လာတာကြောင့် စိတ်ပျက် လက်ပျက်နဲ့ ထ ထိုင်လိုက်ပြီး ...

' ကဲ ... ငါ ဘာတွေများ လုပ်မိလို့လဲ ...။'

' ရှင် အပြင်သွားတာ ကျမ ကို မခေါ်ဘူးလေ။'

' ငါ့ ထက်တောင် မင်း အရင် အပြင်သွားတာ မဟုတ်ဘူးလား။ ပြီးတော့ ငါက ဘယ်မှလည်း သွားတာ မဟုတ်ဘူး။ မြေး ရိပေါ် ဆီပဲ သွားတာ...။'

' အဲ့ဒါလေ ... အဲ့ဒါကို ပြောတာ ...။ ရှင့်မြေးဆီ သွားပြီး ကျမ မကောင်းကြောင်းတွေ သွားပြောတာ မလား ...။ အဟင့် ... ဟင့် ...။'

သခင်ကြီး သူ့မိန်းမ စကားကြောင့် ပိုတောင် စိတ်ရှုပ်တဲ့ မျက်နှာ ဖြစ်သွားရသည်။ မိန်းမ တွေများ လုပ်စရာ မရှိလည်း အိပ်ရေး ဝ အောင် အိပ်ပါတော့လား ...။ ဘာတွေ လျှောက်တွေး လျှောက်ထင်နေမှန်းကို မသိဘူး။

' မင်းရဲ့ မကောင်းကြောင်း သွားပြောတယ်လို့ ဘာလို့ ထင်ရတာလဲ ...။ မဟုတ်လို့ မင်း တကယ် မကောင်းတဲ့ အကြံအစည် ရှိနေတာလား ...။'

' ကျမ က ဘာလို့ မကောင်းတဲ့ အကြံအစည် ရှိရမှာလဲ ...။ ရှင့်မြေး အတွက်တောင် စဉ်းစားပေးလို့ပဲ ကျမ ရှင့်ကို အကြံဥာဏ် ပေးထားသေးတယ်လေ။'

' အေးလေ ...။ ငါလည်း သူ့ကို အိမ်မှာ ပြန်လာနေဖို့ နဲ့ အဲ့ကိစ္စပဲ သွားပြောတာ ...။'

' တကယ်လား ...။'

သခင်ကြီး ခုကျလည်း မျက်ရည် မကျတော့ပဲ တက်တက် ကြွကြွ လေသံ ပြန်ဖြစ်လာတဲ့ သူ့ မိန်းမ ကြောင့် ခေါင်းကိုပဲ ခါရမ်းပြီး ခေါင်းအုံးပေါ် ခေါင်း ပြန်ချလိုက်တော့သည်။

သခင်မ သူ့မှာ ရေရေ ရာရာ အဖြေ မရသေးတာကြောင့် ပြန်လှဲအိပ်သွားတဲ့ သခင်ကြီးရဲ့ လက်မောင်း ကို တွန်းထိုးလိုက်ပြီး မရ မက မေးပြန်တယ်။

' သခင်ကြီး ... တကယ် လား လို့ ...။ ပြီးတော့ ရှင် အဲ့လို သွားပြောတော့ သူ ဘာပြန်ပြောလဲ ...။ ပြန်လာနေမယ်လို့ ပြောလား ...။ ဟင် ...။'

သခင်ကြီး တကယ်ပဲ စိတ်မရှည်တော့ပါ။ အဲ့ဒါကြောင့် ထွက်လာတဲ့ အသံ ကလည်း မညင်သာ နိုင်တော့ပါ။

' အေးဟေ့ ... အေး ...။ လာမယ်တဲ့ ...။ မင်းတို့ နှစ်ယောက်က မတွေ့ရင်လည်း သတိရကြတယ်။ တွေ့ရင်လည်း မတည့်ကြဘူး ...။ အခု တစ်ခါ မိသားစု စုံလို့ မင်းတို့ နှစ်ယောက် စကားပြော မတည့်ရင် ငါ နှစ်ယောက်လုံးကို အမွေ ဖြတ်ပစ်မယ်။'

' ကျမ က တည့်ပါတယ်။ ရှင့် မြေး ကသာ ကျမ ကို အမွေ ခွဲပေးရမှာစိုးလို့ ကျမ ကို မတည့်အောင် နေ နေတာ ...။'

' ကဲ ... အခု အိပ်လို့ ရပြီလား ...။'

' အိပ် ... အိပ် ...။ အားနေ အိပ်ဖို့ပဲ ...။'

သခင်ကြီး သူ့မှာ တကယ်ပဲ ပြောစရာ မရှိတော့ပါ။ ည ရောက်လို့ လူ အိပ်ချိန် ရောက်နေပြီ ...။ အဲ့ဒါကို မအိပ်တော့ ထ ပြီး လေ့ကျင့်ခန်း လုပ်နေရမှာလား ...။

~~~~~~~~~~

နောက်ထပ် ရက် အနည်းငယ် အကြာမှာတော့ မုယွီ့ကျင်း တစ်ယောက် စာမေးပွဲကြီးကို ခေါင်းပေါ် တင်ထားရတာ ဖြုတ်ချရန် အတွက် နောက်ဆုံး တစ်ဘာသာ ပဲ ဖြေဖို့ ကျန်ပါတော့တယ်။

သူများတွေကတော့ မနက်ခင်းမှာ စာကျက်ရင် အလွယ်ရနိုင်တဲ့ ဆိုပြီး စောစော ထ ပြီး စာကျက် ကြပေမယ့် အဲ့ထဲမှာ ယွီ့ကျင်း မပါ ပါ။ သူက စောစော ထ တော့ ထ ပါရဲ့ ...။ အဲ့ဒါကလည်း သူ တစ်ပတ်လောက် အခန်းထဲမှာပဲ ဖွက်ထားတဲ့ ရှောင်းကျန့် ကို ကား ထဲ သွားနေခိုင်းပြီး အပြင်ကို ခေါ်ထုတ်ဖို့ ခိုးကြောင် ခိုးဝှက်နဲ့ အိမ်ပေါ်ကနေ ဆင်းလာတဲ့ အလုပ် လုပ်နေတယ်။

ရှောင်းကျန့် သူ ပါ ခြေဖော့ပြီး မုယွီ့ကျင်း နောက် လိုက်ဆင်းလာရင်း သူ အခု ဘာတွေ လုပ်နေမိတာလဲ ဆိုတာ စဉ်းစားမိသွားတယ်။

ဒါပေမယ့် သူက ကုန်းပေါ်မှာ အချိန် အကြာကြီး နေရဖို့ ရှိသေးတယ်။ သူ့ တူလေးကို ခုထိ ဘယ်ကနေ ဘယ်လို စ ရှာရမှန်း နည်းနည်းမှတောင် စဉ်းစားလို့ မရသေးဘူး။

မနက် အစောချိန် ဖြစ်တာကြောင့် သူတို့ နှစ်ယောက် ရှောရှော ရှုရှု နဲ့ အိမ်ရှေ့ကို ထွက်လာနိုင်ကြပါတယ်။

' ကဲ ... ကား နောက်ခန်းထဲ သွား ဝင် နေ နေ။ ငါတို့ ဒီနေ့ ဝမ် အိမ် သွားရင် သုံးရမယ့် ပစ္စည်းတွေ သွားဝယ်ရမယ်။'

' ကား ထဲ ဝင်နေတာ ဟုတ်ပြီ။ ကား သမား ရောက်လာရင် သူ ငါ့ကို မြင်မှာပဲ မဟုတ်ဘူးလား ...။'

' မပူနဲ့ ...။ ဒီနေ့ ကား ကို ငါ ကိုယ်တိုင် မောင်းသွားဖို့ ပြောမှာ။ အဲ့ဒါကြောင့် စကား မများပဲ ကား ထဲ ဝင်လိုက်တော့။ ခဏနေ ကျရင် သူတို့ နှိုးတော့မှာ။'

ရှောင်းကျန့် သူ့ကို ကား ထဲ အတင်း တွန်းတက်ခိုင်းနေတဲ့ ယွီ့ကျင်း ကြောင့် ကိုယ် ကို ခါလိုက်ပြီး ...

' အေးပါ ... အရမ်း တွန်း မနေနဲ့ ...။'

ရှောင်းကျန့် ကား ထဲရောက်တာနဲ့ လက် ကို ခေါင်းအုံးပြီး ပြန်အိပ်လိုက်သည်။ ဟုတ်တယ်လေ ...။ လူတွေ အိပ်ကောင်းနေတဲ့ အချိန်ကြီးမှာ လာနှိုးခံရတာ ...။ အဲ့ဒါကြောင့် ပြန်အိပ်မှာပဲ။

~~~~~~~~~~

အချိန်ဆိုတာ တစ်ခါတစ်လေ ဘာမှန်းတောင် မသိလိုက်ခင်မှာပဲ တစ်ပတ် နှစ်ပတ် လောက်က အသာလေးနဲ့ ကျော်လွန်သွားတတ်တယ်။

အခုလည်း လက်ထပ် ရမယ့် ကောင်မလေး က စာမေးပွဲ ဖြေပြီးသွားလို့ ဝမ် အိမ်တော် မှာ လာနေဖို့ ကို ဝမ် သခင်လေး ကိုယ်တိုင် လာကြိုပေးပါလို့ တောင်းဆိုထားတာကြောင့် ကောင်မလေး နေတဲ့ အိမ်ကို သွားနေတာ ဖြစ်သည်။

အခုမှ သိရတယ်။ ကောင်မလေးက ထိုင်ဝမ် မှာ ကျောင်း မတက်ပဲ ပေကျင်းမှာ လာတက်နေတာကို ...။

ရိပေါ် ကား မောင်း တတ်ပေမယ့် တစ်ခါမှ ကိုယ်တိုင် မမောင်းဖူးတာကြောင့် အခုလည်း ကား မောင်းရင်း ရှေ့ကြည့် နောက်ကြည့် ဘေးကြည့် ကြည့်နေရတာကြောင့် သိပ်တော့ အဆင်မပြေလှပါ။

~~~~~~~~

ဖလော်လာ အိမ်ရာ ရဲ့ လမ်းထိပ်မှာတော့ ဆံပင်ကို အရှည်ထားပြီး အဖျားနားမှာ အခွေလိုက်လေး ပုံစံ ဖြစ်နေတဲ့ မိန်းမလှလေး ကတော့ မုယွီ့ကျင်း ဟန်ဆောင် ထားတဲ့ ရှောင်းကျန့် ဖြစ်ပြီး၊ ဘေးမှာ ဆံပင်ကို ယောကျာ်းလေး ကေ ညှပ်ထားတဲ့ တစ်ယောက်ကတော့ ရှောင်းကျန့် နေရာ ပြန်ဟန်ဆောင်တဲ့ မုယွီ့ကျင်းပဲ ဖြစ်သည်။

ရှောင်းကျန့် သူ့ကို စွပ်ခိုင်းထားတဲ့ ဆံပင် ကို ခဏ ခဏ ကိုင်ကြည့်နေမိသည်။ တော်သေးတာက အဝတ်အစားကတော့ တီရှပ် င်္အကျီ ကို ဂျင်းဘောင်းဘီ နဲ့ပဲ ဝတ်ခိုင်းထားလို့။

' ဟဲ့ ... ရှောင်း ... ဆံပင်ကို ခဏ ခဏ ကိုင်မနေနဲ့ ...။ ပြုတ်ကျသွားရင် နင် ရော ငါ ရော ကယ်မယ့် သူ မရှိဘူးနော် ...။'

ရှောင်းကျန့် ရင်ဘတ် အရှေ့မှာ ကျ ကျ လာတဲ့ ဆံပင် ကို နောက်ပို့ရင်း ...

' ပူတယ်လေ ...။ နင်ကျ ကောင်းတယ်။ ဆံပင် အတိုနဲ့ အဝတ်အစားကလည်း ပွ ပွ နဲ့ ...။'

' နင့်ကိုလည်း ခုလို ဝတ်လို့ ရအောင် ဟိုဖက် ဝမ် အိမ်တော်ကို ငါ က မိန်းကလေး သိပ်မဆန်ဘူးလို့ ပြောထားခိုင်းတာကိုပဲ ကျေးဇူးတင်...။ မဟုတ်ရင် တကယ့် မိန်းကလေး လို နေရမှာ ...။'

ရှောင်းကျန့် ယွီ့ကျင်း ဘာပြောပြော ခုချိန် စိတ်က ခေါင်းပေါ်က ဆံပင်ဆီပဲ ရောက်နေတာ ဖြစ်သည်။

' အဲ့ဒါဆို ဆံပင်ကျ ဘာလို့ အတို မဟုတ်တာလဲ ...။ ဆံပင် နဲ့ အဝတ်အစားနဲ့က လိုက်ကို မလိုက်တာ ...။'

ယွီ့ကျင်း နေက ပူပါတယ်ဆို ... စကားတွေ အရမ်းများနေတဲ့ ရှောင်းကျန့် ကြောင့် စိတ် က မရှည်လာတော့ပါ။

' အဲ့ဒါဆို ဆံပင် နဲ့ လိုက်အောင် မိန်းကလေး င်္အကျီတွေ ဝတ် မလား ...။'

ရှောင်းကျန့် အဲ့တော့မှ နှုတ်ခမ်း စူရင် တစ်ဖက် လှည့်သွားပါတော့တယ်။

ထိုစဉ် သူတို့ အနားကို ကား တစ်စီး ထိုးရပ်လာသည်။

ရှောင်းကျန့် ကား မြင်တာနဲ့ ယွီ့ကျင်း ရဲ့ အနောက်ကို ပြေးကွယ်လိုက်သည်။

အဲ့အချိန် ကား မှန် လျှောခနဲ ကျ လာတယ်။

ရိပေါ် သူ့ကို လာကြိုရမယ်ဆိုလို့သာ လာခဲ့တာ။ ကောင်မလေး ကို မမြင်ဖူးသေးပါ။ ဒါပေမယ့် ဒီနေ့ ဒီလို အချိန်မှာ အဝတ်အိတ်တွေ အများကြီးနဲ့ လမ်းပေါ် ရောက်နေတယ်ဆိုတာ မု အိမ်တော်က ကောင်မလေးပဲ ဖြစ်နိုင်တာ မလား ...။

ရိပေါ် ခုန သူ ကား ရပ်လိုက်ကတည်းက အရပ် ရှည်ရှည်နဲ့ ကောင်မလေးကို ကြည့်နေတာ ဖြစ်သည်။ ပုံစံ အနေထားကတော့ သူ လက်ထပ် ရမယ့် ကောင်မလေး ပဲ။

အနားမှာ ကောင်မလေးရဲ့ နားရွက် လောက်ပဲ ရှိတဲ့ အရပ်နဲ့က ဖိုးဖိုး ပြောထားသလို ကောင်မလေးရဲ့ အဖော် ယောကျာ်းစိတ် ဝင်နေတဲ့ ဆိုတဲ့ တစ်ယောက် ဖြစ်လိမ့်မယ်။

ရိပေါ် သူ့ကို မမှိတ်မသုန် ကြည့်နေတဲ့ နှစ်ယောက်ကြောင့် ကား စက် သတ်ပြီး ကား ပေါ်က အရင်ဆင်းလိုက်သည်။

ယွီ့ကျင်း ကား ပေါ်က လူ ဆင်းလာတော့မှ မြင်ရတဲ့ ပုံစံ အနေထားနဲ့ ဘာမှန်း မသိ အဲ့လူဆီက အရှိန်အဝါ က ကြောက်စိတ်တောင် ဖြစ်စေတာကြောင့် တံတွေး တစ်ချက် မျိုချမိသွားတယ်။

ရှောင်းကျန့် က ပိုဆိုးသည်။ သူက အရင်တုန်းက ကုန်းပေါ် တက် လာတတ်တယ်ဆိုပေမယ့် ဒီလိုပဲ လူတွေနဲ့ ဖြတ်သွား ဖြတ်လာလောက်ပဲ မြင်ဖူးတာ ဖြစ်သည်။

အခုကျ လိမ်လည်း လိမ်ရသေးတယ်။ တစ်ဖက်လူကလည်း လွယ်လွယ်နဲ့ လိမ် လို့ မရနိုင်ဘူးဆိုပြီး နဖူးမှာ စာ မကပ်ထားရုံတမယ် အရှိန်အဝါကလည်း ကြီးလိုက်တာ ...။

ရိပေါ် နှစ်ယောက်စလုံးရဲ့ ရှေ့မှာ သွားရပ်လိုက်တယ် ဆိုပေမယ့် သူ့ မျက်လုံးနဲ့ တန်းတဲ့ အရပ်နဲ့ တစ်ယောက်ကိုပဲ တည့်တည့် ကြည့်ပြီး မေးလိုက်သည်။

' မင်း တို့က မု အိမ်တော် ကလား ...။'

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
2023.10.08 ( Sun )

Zawgyi

ည အခ်ိန္ခါ ေတာင္ကုန္းျမင့္ေပၚက သစ္လုံးအိမ္ထဲတြင္ ယြီ႕က်င္း တစ္ေယာက္ ထမင္း ကို ဟို ဒီ ထိုးေကာ္ေနရင္း အေပၚထပ္က တစ္ေယာက္ အတြက္ ဘယ္လို ယူသြားေပးရမလဲဆိုတာ စဥ္းစားေနတယ္။

ထမင္း စားပြဲဝိုင္းမွာ အတူ ထိုင္ေနတဲ့ အမ်ိဳးသမီး ကလည္း မမေလး လုပ္ေနတာေတြ ျမင္တာေၾကာင့္ မမေလး ဒီေန႔ ခ်က္တဲ့ ဟင္းကို မႀကိဳက္တာမ်ားလား ဆိုၿပီး အေတြးဝင္သြားရသည္။

' မမေလး !!!!.'

' ဟင္ !!!!.'

' ဟင္းေတြ မႀကိဳက္လို႔လား ...။ က်မ ၾကက္ဥ ေခါက္ၿပီး ထပ္ေၾကာ္ေပးရမလား ...။'

' မဟုတ္ဘူး ...။ ႀကိဳက္တယ္။ က်မ မွာ အေရးႀကီး စာလုပ္စရာ ရွိတာ ေမ့ၿပီး ... အခုမွ သတိရလို႔ ...။ အဲ့ဒါေၾကာင့္ အန္တီ ထမင္းဟင္း ျပင္ၿပီး က်မ အခန္းကိုပဲ ယူလာေပးလို႔ ရလား ...။ ၿပီးေတာ့ ႏွစ္ေယာက္စာ ...။'

' ရွင္ !!!!'

ယြီ႕က်င္း သူေျပာမွ တုန္လႈပ္သြားတဲ့ အန္တီ ကို ၾကည့္ၿပီး ျပန္ၿပဳံးျပရင္း ...

' အဟီး ... အခုက တစ္ခါ စားမွာ ...။ စာ လုပ္ေနရင္း ဗိုက္ျပန္ဆာလာရင္ ထပ္စားမွာ ...။'

' ဪ ... ဟုတ္ကဲ့ပါ။'

' ဒါဆို က်မ အေပၚ တက္ေတာ့မယ္။'

အမ်ိဳးသမီး ထြက္သြားတဲ့ မမေလး ကို ၾကည့္ၿပီး ထမင္းဝိုင္းမွာ အတူ ထိုင္ေနတဲ့ သူ႔ ေယာက်ာ္းကိုပါ ေျပာလိုက္သည္။

' မမေလး ထူးဆန္းေနတယ္လို႔ ရွင္ မထင္ဘူးလား ...။'

' ဘာထူးဆန္း ရမွာလဲ ...။ ေက်ာင္းသားက စာလုပ္တာ ထူးဆန္းလို႔လား ...။'

' စာလုပ္တာကို ေျပာတာ မဟုတ္ဘူး။ မမေလး ခါတိုင္းေတာင္ ညစာ မစားတာ မ်ားတယ္ေလ။ အခုက ႏွစ္ေယာက္စာ ျပင္ခိုင္းတာ ဆိုေတာ့ က်မ ထူးဆန္းလို႔ပါ။'

' ဘာမွ မျဖစ္ဘူး ...။ မမေလး ေျပာတာလဲ ဟုတ္တာပဲေလ။ စာ ဆိုတာ ထိုင္လုပ္ေနရတယ္ဆိုေပမယ့္ ဦးေႏွာက္ေရာ လက္ေတြေရာ သုံးရတာ၊ ၿပီးေတာ့ ခႏၶာကိုယ္က ဟိုလႈပ္ ဒီလႈပ္ ဆိုေတာ့ ဗိုက္ျပန္ေခ်ာင္သြားလည္း ျဖစ္ႏိုင္တာပဲ။

ကဲပါ ... အေတြး မမ်ားနဲ႔ ။ လုပ္စရာ ရွိတာ လုပ္သြားေပးလိုက္ ...။'

~~~~~~~~~

ယြီ႕က်င္း သူ႔ အခန္းထဲ ေရာက္မွ ဆိုဖာမွာ ထိုင္ေနတဲ့ ေရွာင္းက်န္႔ ကို ျမင္ၿပီး ဒီည ေရွာင္းက်န္႔ ကို ဘယ္မွာ အိပ္ခိုင္းရမလဲ ဆိုတာ ေတြးမိသြားသည္။

ေရွာင္းက်န္႔ အခန္း တံခါးနားမွာ ရပ္ၿပီး ဘာမွလည္း မေျပာ ဝင္လည္း မလာတဲ့ ယြီ႕က်င္း ကို ေျခဆုံး ေခါင္းဆုံး ၾကည့္လိုက္ၿပီး ...

' ဘာလုပ္ေနတာလဲ ...'

' ဒီည နင္ ဆိုဖာ မွာ အိပ္ ...။'

ေရွာင္းက်န္႔ သူ ေမးတာ တစ္မ်ိဳး အေျဖ တစ္မ်ိဳး ထြက္လာတဲ့ ယြီ႕က်င္း ကို တစ္ခ်က္ၾကည့္ၿပီး TV ဘက္ ျပန္ၾကည့္ရင္း ...

' ဘာမ်ားလဲလို႔ ... ငါလည္း မင္း အိပ္ယာေပၚ တက္ အိပ္ဖို႔ မစဥ္းစားပါဘူး။ ၿပီးေတာ့ ထြက္သြားလို႔ ရရင္ ငါ့ဘာသာ ဟိုတယ္မွာပဲ ဇိမ္နဲ႔ သြားအိပ္လို႔ ရေသးတယ္။'

ယြီ႕က်င္း အဲ့စကား ၾကားေတာ့ ေရွာင္းက်န္႔ အနားကို ကပ္ထိုင္ပစ္လိုက္ၿပီး ...

' မသြားရဘူး။ နင့္ကို ငါ့ကို ကူညီေပးရမယ္လို႔ ေျပာထားတယ္ေလ။ မဟုတ္ရင္ ပင္လယ္ ေအာက္က နင္တို႔ အသိုက္ရဲ႕ အေၾကာင္း ဖြင့္ခ်ျပလိုက္မယ္။'

' တကယ္လို႔ ငါ ထြက္သြားရင္ မင္း တကယ္ပဲ အဲ့လို လုပ္မွာလား ...။'

' အမ္း ... အဟမ္း ...။'

ယြီ႕က်င္း ေရွာင္းက်န္႔ က မ်က္လုံးကို တည့္တည့္ ၾကည့္ရင္း ေမးလာေတာ့လည္း ခ်က္ခ်င္း အေျဖ မေပးလိုက္ႏိုင္ပါ။

' ဒါ ... ဒါကေတာ့ နင္ က ငါ့ကို ေပးထားတဲ့ ကတိ ကို ဖ်က္ရင္ လုပ္ရမွာပဲေလ။'

' ငါ ဘယ္တုန္းက ကတိေပးလိုက္မိလို႔လဲ ...။'

' မေပးလည္း နင္ ေခါင္းညိတ္လိုက္ကတည္းက ငါက အဲ့ဒါကို ကတိေပးတာလို႔ ယူဆ လိုက္ၿပီ။'

ေရွာင္းက်န္႔ သူ႔မွာ တစ္ျခား လုပ္စရာ ရွိေနတာကို သတိရလိုက္ၿပီး ေခါင္းဆတ္လိုက္ရင္း ...

' ထားပါေတာ့ ...။'

ယြီ႕က်င္း အဲ့ေတာ့မွ ေရွာင္းက်န္႔ ရဲ႕ လက္ေမာင္းကို လက္သီး နဲ႔ တစ္ခ်က္ထိုးလိုက္ၿပီး ...

' အဲ့လိုလုပ္ပါ ...။ စိတ္မပူနဲ႔ ငါ နင္နဲ႔ တစ္ခ်ိန္လုံး အတူ ရွိေနေပးမွာပါ။'

' တကယ္လို႔ မင္း လက္ထပ္ ရမယ့္ လူက ငါ ဟန္ေဆာင္တာကို မိ သြားရင္ ဘယ္လို လုပ္မလဲ ...။ ၿပီးေတာ့ ငါက ဘယ္ခ်ိန္ထိ ဟန္ေဆာင္ ေပးရမွာလဲ ...။'

' ဘယ္အခ်ိန္ထိလဲ ဆိုေတာ့  ... အင္း ... ငါက တကယ္ဆို သူ႔ကို လက္မထပ္ခ်င္ဘူး။ အခုက ငါ့အဖြားက အတင္းကို ေပးစားမွာမလို႔ လက္ထပ္ရမွာ။ အဲ့ေတာ့ နင္သာ သူ ငါ့ကို အျမင္ကပ္ၿပီး သေဘာမက်ပဲ လက္ထပ္ ခ်င္စိတ္ မရွိေအာင္ လုပ္ႏိုင္ရင္ ရၿပီ။ အခ်ိန္က နင္ ျမန္ျမန္ လုပ္ႏိုင္ရင္ လုပ္ႏိုင္သလို မူတည္တယ္။'

' မင္း ဟာကလဲ ... ပို ပို ခက္လာၿပီေနာ္။ ဟန္ေဆာင္ ဖို႔ေတာင္ ငါ့မွာ ေတာ္ေတာ္ လုပ္ယူရမွာ။ အခုက သူ ငါ့ကို အျမင္ကပ္ေအာင္ ထပ္လုပ္ရမွာဆိုတာက ငါက ဘယ္လို လုပ္မွ သူက အျမင္ကပ္မွာလဲ ...။'

ယြီ႕က်င္း သူလည္း အဲ့ဒါေတာ့ မသိပါ။ ဘာလို႔ဆို သူလည္း ဝမ္ရိေပၚ ကို မျမင္ဖူး သူ႔စိတ္ကိုလည္း မသိဘူးေလ။

~~~~~~~~~

နံနက္ မိုးေသာက္ ေရာက္ေသာ္ အၿမဲတမ္း သပ္သပ္ ရပ္ရပ္ စမတ္က်က် ေနတဲ့ ဝမ္ရိေပၚ ကေတာ့ ႏႈိးၿပီဆိုတာနဲ႔ ကုတင္ေဘးမွာ တင္ထားတဲ့ ေရ ကရားထဲက ေရ တစ္ခြက္ ငွဲ႔ေသာက္ၿပီး ေရခ်ိဳးခန္းထဲ တန္းဝင္ပါတယ္။

၁၀ မိနစ္ အတြင္းမွာ တစ္ကိုယ္ေရ တစ္ကာယ ကိစၥေတြ အကုန္ၿပီး၊ ေရခ်ိဳးတာပါ ၿပီးသြားခဲ့တယ္။

အသက္ ၃၀ ပဲ ေက်ာ္ေသးတယ္ဆိုေပမယ့္ ကုမၼဏီမွာ လူႀကီး တစ္ေယာက္ အေနနဲ႔ ေန ေန ရတာျဖစ္တာေၾကာင့္ ဝတ္စုံအျပည့္နဲ႔ပဲ ႐ုံးတက္တာ ျဖစ္သည္။

ဝတ္စုံ ဝတ္ၿပီး ၊ နက္ခ္တိုင္ ခ်ည္ၿပီးသြားေတာ့ မွန္တင္ခုံ အံဆြဲထဲမွာ ရွိတဲ့ မ်ားစြာေသာ နာရီထဲက တစ္လုံး ယူၿပီး လက္မွာ ပတ္လိုက္သည္။ ၿပီးတာနဲ႔ ေဘာင္းဘီ အေရာင္နဲ႔ ဆင္တူ ကုတ္ အၤက်ီ ကို လက္မွာ ခ်ိတ္ရင္း အိပ္ခန္းထဲက ထြက္လာၿပီး အျပင္ က စားပြဲခုံေပၚမွာ တင္ထားတဲ့ လပ္ေတာ့ အိတ္ကို ဆြဲၿပီး အခန္းထဲက ထြက္လာလိုက္တယ္။

~~~~~~~~

အိမ္ရဲ႕ အျပင္ဘက္မွာေတာ့ ေျပာင္လက္ၿပီး ကိုယ့္ပုံရိပ္ေတာင္ ကိုယ္ ျပန္ျမင္ႏိုင္တဲ့ အေနထားနဲ႔ ကား ကို ကား သမား က ထပ္ၿပီး ပြတ္သုတ္ေနတယ္။

သိပ္မေျပာင္ေသးဘူး ထင္ရတဲ့ ေနရာကိုေတာ့ ပါးစပ္ နဲ႔ အာေငြ႕ ေပးၿပီး ထပ္ခါ ထပ္ခါ ပြတ္သုတ္ေနျပန္တယ္။

ရိေပၚ သူ အိမ္ေရွ႕ ထြက္လာေတာ့ ကား သမား က ကား တံခါး အသင့္ ဖြင့္ထားေပးတာေၾကာင့္ ကား ထဲ တန္းဝင္လိုက္သည္။

ခဏ အၾကာ ေျပာင္လက္ေနတဲ့ ကား တစ္စီး ၿခံဝင္း တစ္ခုထဲက ထြက္သြားခဲ့တယ္။

~~~~~~~~~

' ဆရာ ... ဘယ္ကို အရင္ ဝင္ရမလဲ ...။'

ရိေပၚ နာရီကို တစ္ခ်က္ ၾကည့္လိုက္ၿပီး ...

' အေရွ႕နားက ေကာ္ဖီ ဆိုင္ကို ဝင္လိုက္။ ၿပီးရင္ ခင္ဗ်ားလည္း မနက္စာ သြားစားခ်င္ရင္ သြားစားလို႔ ရတယ္။ ႐ုံးကို ၈ ခြဲ ေရာက္ရင္ ရၿပီ။'

' ဟုတ္ကဲ့ ...။'

ရိေပၚ ကား သမားကို ေျပာၿပီး သူ႔ လက္ေထာက္ကို ဖုန္းဆက္ဖို႔ ျပင္လိုက္သည္။

' ဟလို ...။'

' ....။'

' ဒီေန႔ အေရးႀကီး အစည္းအေဝး ရွိတယ္။ မင္း အကုန္ ျပင္ဆင္ထားၿပီးၿပီလား။'

' ....။'

' ဟုတ္ၿပီ။ မင္း ႐ုံးေရာက္ေနၿပီဆိုလည္း အစည္းအေဝး လုပ္ဖို႔ အတြက္ ႀကိဳတင္ျပင္ဆင္ထားလိုက္ေတာ့ ...။ ငါ ၈ ခြဲ ေရာက္မယ္။'

' ....။'

' အိုေခ ...။ ဒါဆို ဒါပဲ။'

သူ ဖုန္း ခ်ၿပီးသြားတာေတာင္ ကား သမားက ခုထိ ပါကင္ မထိုးႏိုင္ေသးပါ။

ရိေပၚ အေရွ႕ကို လွမ္းၾကည့္ေတာ့ ေကာ္ဖီ ဆိုင္ေရွ႕မွာ ကားေတြ မ်ားေနတာကို ေတြ႕လိုက္ရသည္။ နာရီ ကို ျပန္ၾကည့္ေတာ့ ၈ နာရီ ထိုးေတာ့မယ္။

' ဝင္ လို႔ မရရင္ မဝင္နဲ႔ေတာ့။ ၿပီးမွပဲ မင္း ငါ့ကို ျပန္လာဝယ္ေပးလိုက္။'

' ဟုတ္ကဲ့ ဆရာ ...။'

၈ နာရီ ခြဲဖို႔ ၁၀ မိနစ္ အလိုမွာ ကုမၼဏီ ကို ေရာက္လာခဲ့သည္။

ဒါေပမယ့္ သူေဌးရဲ႕ ကားပဲ ထားခြင့္ ရွိတဲ့ ေနရာမွာေတာ့ သူ ရင္းႏွီးေနတဲ့ ကား တစ္စီးက သူ႔ ကား ထက္ အရင္ ပါကင္ ထိုးထားၿပီးေနၿပီ။

~~~~~~~~~

သူ ကုမၼဏီ အထဲ ကို ဝင္လာေတာ့ သူ ဆူမွာ စိုးတဲ့ မ်က္ႏွာ ျဖဴဖပ္ ျဖဴေရာ္ နဲ႔ သူ႔ လက္ေထာက္ကို သူ႔ အခန္းဝင္မယ့္ အေရွ႕မွာ ရပ္ေနတာ ေတြ႕လိုက္ရတယ္။

' ဆရာ ...။'

ရိေပၚ လက္ ကာ ျပလိုက္ၿပီး ႐ုံးခန္း တံခါး ဖြင့္ ဝင္ သြားလိုက္သည္။

႐ုံးခန္းထဲ ေရာက္ေတာ့ သူ ထင္ထားသလို အဖိုး တကယ္ ေရာက္ေနတယ္။ ေတာ္ေသးတာ အဖြားႀကီး မပါခဲ့ဘူး။

' ဖိုးဖိုး ...။'

' အင္း ... ေရာက္လာၿပီလား။ လာ ... ထိုင္အုံး ...။'

' ဖိုးဖိုး အေရးမႀကီးရင္ ခဏ ေစာင့္ေနလို႔ ရလား။ ဒီေန႔ က်ေနာ္ အေရးႀကီးတဲ့ အစည္းေဝး ရွိတယ္။'

' အေရးေတာ့ မႀကီးပါဘူး။ ဒီတိုင္း ကုမၼဏီ ကို ဝင္ၾကည့္ရင္း ေျမး ကိုလည္း ဝမ္ အိမ္ေတာ္ကို ျပန္ေနဖို႔ လာေျပာခ်င္တာ ...။'

' က်ေနာ္ ဘာလို႔ အိမ္ေတာ္မွာ မေနခ်င္တာလည္း ဖိုးဖိုး သိေနတာပဲ။ က်ေနာ္ ခဏပဲ ျပန္ရင္ေတာင္ ဖိုးဖိုး စိတ္အေႏွာင့္ယွက္ ျဖစ္ရၿပီ မလား။'

ဝမ္ အဖိုး မတ္တပ္ မတ္တပ္ ျဖစ္ေနတဲ့ သူ႔ေျမးကို ၾကည့္လိုက္ၿပီး ...

' ကဲ ... ခဏ လာထိုင္ပါအုံး ...။'

ရိေပၚ ဝင္ထိုင္တာနဲ႔ ဝမ္ အဖိုး သူ႔စကားကို ထပ္ဆက္သည္။

' ဒီတစ္ေခါက္ ေျမးကို အိမ္ေတာ္ ျပန္ေနဖို႔ ေခၚရတဲ့ အေၾကာင္းရင္းက သပ္သပ္ ရွိတယ္။'

ရိေပၚ အဖိုးရဲ႕ စကားေၾကာင့္ အဖိုးရဲ႕ မ်က္ႏွာကို ၾကည့္မိသြားသည္။

တစ္ဖက္က မု အိမ္ေတာ္မွာကလည္း ...

~~~~~~~~

မု အဖြား တစ္ေယာက္ သူ႔ ေျမးဆီ ဖုန္းတစ္ခါ ဆက္တိုင္း ေသြးေတြ တိုး ေနရတာေၾကာင့္ လက္တစ္ဖက္ ဖုန္းကိုင္ရင္ က်န္ လက္တစ္ဖက္က ႏွာ ရွဴဗူး ကိုင္ထားရသည္။

အခုလည္း ဖုန္းေျပာေနရာကေန ေသြးက ေဆာင့္တက္ခ်င္လာျပန္ၿပီ ...

ဘာတဲ့ ... သူ႔ကို လက္မထပ္ရေသးပဲ ဝမ္ အိမ္ေတာ္ သြားေနေစခ်င္ရင္ သူ႔ရဲ႕ အရင္းႏွီးဆုံး သူငယ္ခ်င္းကို အေဖာ္ေခၚသြားရမွ သြားမယ္တဲ့။ ၿပီးေတာ့ အဲ့ဒီ အရင္းႏွီးဆုံး သူငယ္ခ်င္းက မိန္းကေလးလည္း မဟုတ္ဘူး။

ထိုစဥ္ ဖုန္းထဲက အသံ ထြက္လာသည္။

' ဖြားေလး ...။'

' ဘာလဲ ...။'

' ဖြားေလး သေဘာတူလား သမီး ေျပာတဲ့ဟာ ...။'

မု အဖြား ႏွာေခါင္း နား ႏွာ ရွဴဗူး တစ္ခ်က္ ေတ့ၿပီး ခပ္ျပင္းျပင္း ရွဴသြင္းလိုက္ရင္း ...

' ညည္းဟာက မဟုတ္ေသးဘူးေလ။ အေဖာ္ ေခၚခ်င္တယ္ဆိုလည္း ညည္းနဲ႔ အခု အတူေနတဲ့ ထမင္း ဟင္း ခ်က္တဲ့ မိန္းကေလးကို ေခၚသြားလို႔ ရတာပဲ။ ညည္း ေယာက်ာ္းေလး တစ္ေယာက္ကို အတူေခၚသြားေတာ့ ဟိုဖက္က ဘယ္လို ထင္မလဲ ...။'

' ဖြားေလး ကလည္း သူက ေယာက်ာ္း စစ္စစ္ မဟုတ္ပါဘူး။ ေယာက်ာ္းစိတ္ ဝင္ ေနတဲ့ ေကာင္မေလးပါ။'

တစ္ဖက္က ေရွာင္းက်န္႔ မုယြီ႕က်င္းရဲ႕ စကားေၾကာင့္ သူ႔ကိုယ္သူ ျပန္စမ္းၾကည့္မိေတာ့မလို ျဖစ္သြားသည္။ မုယြီ႕က်င္း မုယြီ႕က်င္း ငါ့ကို မိန္းကေလး ဇာတ္သြင္းခ်င္တာ အားမရလို႔ အခု မိန္းကေလးက ေယာက်ာ္းေလး စိတ္ဝင္တယ္ ျဖစ္ရျပန္ၿပီ။ တကယ္ပဲ ဘာလုပ္ခ်င္ေနတာမွန္း မသိဘူး။

ယြီ႕က်င္း သူ႔ကို သြားေတြ ေစ့ ျပၿပီး သတ္ခ်င္တဲ့ ႐ုပ္ လုပ္ျပေနတဲ့ ေရွာင္းက်န္႔ ကို ၾကည့္ရင္း လက္ေလးနဲ႔ ပုတ္ခ်ၿပီး စိတ္ေလ်ာ့ဆိုတဲ့ ပုံစံနဲ႔ လုပ္ျပလိုက္သည္။

' ဒါဆို ဖြားက သူ႔ကိုပါ ေခၚဖို႔ လက္ခံတယ္ဆို ညည္း စာေမးပြဲ ေျဖၿပီးတာနဲ႔ ဝမ္ အိမ္ေတာ္ သြားမွာလား ...။'

' သြားမယ္ေလ ...။ သြားမယ္။ သမီးလည္း ဝမ္ရိေပၚ ကို အနီးကပ္ ေလ့လာၾကည့္ခ်င္ေနတာ။'

' ဟုတ္ၿပီ။ ဒါဆို သြားမယ့္ေန႔ ဖြားေလး လာေခၚမယ္။ ဖြားေလး ကိုယ္တိုင္ လိုက္ပို႔မယ္။'

ယြီ႕က်င္း ဒီစကား ၾကားေတာ့ ေျခတကာကာ လက္ တကာကာ ျဖစ္သြားသည္။

' မျဖစ္ဘူး ...။ မျဖစ္ဘူး ...။'

' ဘာလို႔ မျဖစ္တာလဲ ...။'

ယြီ႕က်င္း ဘယ္လိုေျဖရမလဲ ဆိုတာ အသည္းအသန္ စဥ္းစားေနတုန္း ေရွာင္းက်န္႔ကို ၾကည့္ေတာ့ ပန္းသီးေလး စားလိုက္ ဇာတ္လမ္း ၾကည့္လိုက္ လုပ္ေနတာ ေတြ႕ရတာေၾကာင့္ ေျခေထာက္တဲ့ လွမ္းတို႔ၿပီး အခ်က္ေပးလိုက္သည္။

' က်င္းက်င္း ... ဖြားေလး ေမးေနတယ္ေလ။'

ေရွာင္းက်န္႔ ဖုန္းထဲက ဟိုဘက္က ထြက္လာတဲ့ အသံကို ၾကားေပမယ့္ တမင္ မသိခ်င္ေယာင္ေဆာင္ လိုက္သည္။

ယြီ႕က်င္း ဘယ္လိုျပန္ေျဖရမလဲ စဥ္းစားရင္း ေရွာင္းက်န္႔ ၾကည့္ေနတဲ့ ဇာတ္လမ္း ကို ၾကည့္ေတာ့ မင္းသား ျဖစ္ပုံ ရတဲ့ ေယာက်ာ္းေလး က ေကာင္မေလးကို အိမ္ထိ လာႀကိဳတဲ့ အခန္း ျဖစ္ေနတာေၾကာင့္ အေတြးက လင္းခနဲ ျဖစ္သြားရသည္။

' ဟို ... သမီးကေတာင္ သူတို႔အိမ္ေတာ္ကို လိုက္ေနေတာ့မွာေလ။ အဲ့ဒါေၾကာင့္ ဝမ္ရိေပၚ ကို သမီး ကို ကိုယ္တိုင္ လာႀကိဳေစခ်င္တယ္။ အဲ့ဒါမွ သမီး နဲ႔ ဖြားေလး တို႔ သိကၡာ မက်မွာေပါ့။'

တစ္ဖက္က မု အဖြားကလည္း သူ႔ေျမးေျပာတာ ဟုတ္ေနတာေၾကာင့္ တစ္ခ်က္ေတာ့ စဥ္းစားလိုက္သည္။

သူ စဥ္းစားေနတုန္း သူ႔ေျမးရဲ႕ အသံက ထပ္ထြက္လာသည္။

' ဖြားေလး စဥ္းစားမေနနဲ႔ေတာ့ သမီး ေျပာသလို လုပ္လိုက္ပါ။ သမီး တို႔ေတာင္ မိန္းကေလးရွင္ ျဖစ္ၿပီး သူတို႔ေျပာတာ လက္ခံေနၿပီပဲ။ သူတို႔ သားရွင္ ဘက္က ဒီေလာက္ေတာ့ ျပန္လုပ္ေပးသင့္ပါတယ္။'

' ေအးပါ ...။ ဖြားေလး သူတို႔ဘက္ကို အဲ့လို အေၾကာင္းျပန္လိုက္မယ္။'

' ဟုတ္ ...။ ဒါဆို ဖြားေလး သမီး ဖုန္းခ်ေတာ့မယ္ေနာ္။ စာေမးပြဲ အတြက္ စာၾကည့္ရအုံးမယ္။'

' ေအး ...။'

' တီ !!!!!.'

မု အဖြား သူ႔မွာ ေအး တစ္လုံးပဲ ေျပာလိုက္ရေသးတယ္ သူ႔ေျမးက ဖုန္းေတာင္ ခ်သြားခဲ့ၿပီ။

' မုယြီ႕က်င္း တို႔မ်ား ခုက် ဝမ္အိမ္ကို အရမ္းသြားခ်င္ေနၿပီ ထင္တယ္။ စာေမးပြဲ နီးေနတာေတာင္ စာ လုပ္သံ မၾကားရတဲ့ လူက အခုေတာ့ စာ ၾကည့္ရမယ္ဆိုပဲ။ စာေမးပြဲ ေတာ္ေတာ္ ေျဖခ်င္ၿပီး ျမန္ျမန္ၿပီးခ်င္ေနၿပီ ထင္ပါ့။'

မု အဖြား မသိတာက သူ ေတြးတာနဲ႔ မုယြီ႕က်င္း ေတြးတာနဲ႔ ျပဒါး တစ္လမ္း သံ တစ္လမ္း ျဖစ္ေနတယ္ဆိုတာပါပဲ။

~~~~~~~~~

ည အခ်ိန္ ဝမ္ အိမ္ေတာ္တြင္ ဝမ္ သခင္မ သူ Toilet ထဲကေန ထြက္လာေတာ့ သူ႔ ေယာက်ာ္းႀကီးက သူ႔ကို ေက်ာေပးၿပီး အိပ္ယာေပၚေတာင္ ေရာက္ေနၿပီကို ေတြ႕လိုက္ရေပမယ့္ ဒီေန႔ သူ႔ေယာက်ာ္း အျပင္သြားတာကို သူ႔ကို ေခၚမသြားတာကိုေတာ့ မေက်နပ္ပါ။

' ရွင္ အိပ္မေပ်ာ္ေသးတာ က်မ သိတယ္ေနာ္ ...။'

သူ ေျပာလိုက္မွပဲ သခင္ႀကီးက ခႏၶာကိုယ္ လႈပ္ရွားလာၿပီး ေစာင္ ေတာင္ ေသခ်ာ ျပန္ယူၿခဳံလိုက္တာကို ထပ္ျမင္လိုက္ရေတာ့ ခုနမွ မတ္စ္ ကပ္ၿပီးထားတဲ့ မ်က္ႏွာက မဲ လာပါေတာ့သည္။

' သခင္ႀကီး !!!!!.'

' ဘာလဲကြာ ...။ အိပ္ခ်ိန္ေရာက္ေနၿပီ။ မင္း မအိပ္ခ်င္ေသးရင္လည္း အျပင္မွာ TV သြားဖြင့္ၾကည့္ေန။ ငါေတာ့ အိပ္ခ်င္လို႔ အိပ္ေတာ့မယ္။'

သခင္မ မ်က္ႏွာ မဲ ႐ုံ မက ႏႈတ္ခမ္းပါ မဲ့႐ြဲ႕လာၿပီး မ်က္ဝန္းႏွစ္ဖက္မွာ ဘယ္က ေရာက္လာမွန္း မသိတဲ့ အရည္ေတြ ျပည့္လာပါေတာ့သည္။

' အဟင့္ ... ဟင့္ ...။ ရွင္ ခုေတာ့ က်မ ကို လ်စ္လ်ဴရႈ ထားၿပီေပါ့။ က်မ ကို မယူခင္တုန္းက ရွင္ ဘာေျပာခဲ့လည္း ... က်မ က ရွင့္ရဲ႕ အခ်စ္ဦးမို႔ ေနာက္က်မွ လက္ထပ္ခဲ့ရေပမယ့္ က်မ စိတ္ဆင္းရဲေအာင္ ဘယ္ေတာ့မွ မလုပ္ဘူး။ က်မ ကို မ်က္ရည္ မက်ေစရဘူးဆို ...။ အဟင့္ ... ဟင့္ ... ခုေတာ့ ... ရွင္က ...။'

သခင္ႀကီး နားၿငီး လာတာေၾကာင့္ စိတ္ပ်က္ လက္ပ်က္နဲ႔ ထ ထိုင္လိုက္ၿပီး ...

' ကဲ ... ငါ ဘာေတြမ်ား လုပ္မိလို႔လဲ ...။'

' ရွင္ အျပင္သြားတာ က်မ ကို မေခၚဘူးေလ။'

' ငါ့ ထက္ေတာင္ မင္း အရင္ အျပင္သြားတာ မဟုတ္ဘူးလား။ ၿပီးေတာ့ ငါက ဘယ္မွလည္း သြားတာ မဟုတ္ဘူး။ ေျမး ရိေပၚ ဆီပဲ သြားတာ...။'

' အဲ့ဒါေလ ... အဲ့ဒါကို ေျပာတာ ...။ ရွင့္ေျမးဆီ သြားၿပီး က်မ မေကာင္းေၾကာင္းေတြ သြားေျပာတာ မလား ...။ အဟင့္ ... ဟင့္ ...။'

သခင္ႀကီး သူ႔မိန္းမ စကားေၾကာင့္ ပိုေတာင္ စိတ္ရႈပ္တဲ့ မ်က္ႏွာ ျဖစ္သြားရသည္။ မိန္းမ ေတြမ်ား လုပ္စရာ မရွိလည္း အိပ္ေရး ဝ ေအာင္ အိပ္ပါေတာ့လား ...။ ဘာေတြ ေလွ်ာက္ေတြး ေလွ်ာက္ထင္ေနမွန္းကို မသိဘူး။

' မင္းရဲ႕ မေကာင္းေၾကာင္း သြားေျပာတယ္လို႔ ဘာလို႔ ထင္ရတာလဲ ...။ မဟုတ္လို႔ မင္း တကယ္ မေကာင္းတဲ့ အႀကံအစည္ ရွိေနတာလား ...။'

' က်မ က ဘာလို႔ မေကာင္းတဲ့ အႀကံအစည္ ရွိရမွာလဲ ...။ ရွင့္ေျမး အတြက္ေတာင္ စဥ္းစားေပးလို႔ပဲ က်မ ရွင့္ကို အႀကံဥာဏ္ ေပးထားေသးတယ္ေလ။'

' ေအးေလ ...။ ငါလည္း သူ႔ကို အိမ္မွာ ျပန္လာေနဖို႔ နဲ႔ အဲ့ကိစၥပဲ သြားေျပာတာ ...။'

' တကယ္လား ...။'

သခင္ႀကီး ခုက်လည္း မ်က္ရည္ မက်ေတာ့ပဲ တက္တက္ ႂကြႂကြ ေလသံ ျပန္ျဖစ္လာတဲ့ သူ႔ မိန္းမ ေၾကာင့္ ေခါင္းကိုပဲ ခါရမ္းၿပီး ေခါင္းအုံးေပၚ ေခါင္း ျပန္ခ်လိုက္ေတာ့သည္။

သခင္မ သူ႔မွာ ေရေရ ရာရာ အေျဖ မရေသးတာေၾကာင့္ ျပန္လွဲအိပ္သြားတဲ့ သခင္ႀကီးရဲ႕ လက္ေမာင္း ကို တြန္းထိုးလိုက္ၿပီး မရ မက ေမးျပန္တယ္။

' သခင္ႀကီး ... တကယ္ လား လို႔ ...။ ၿပီးေတာ့ ရွင္ အဲ့လို သြားေျပာေတာ့ သူ ဘာျပန္ေျပာလဲ ...။ ျပန္လာေနမယ္လို႔ ေျပာလား ...။ ဟင္ ...။'

သခင္ႀကီး တကယ္ပဲ စိတ္မရွည္ေတာ့ပါ။ အဲ့ဒါေၾကာင့္ ထြက္လာတဲ့ အသံ ကလည္း မညင္သာ ႏိုင္ေတာ့ပါ။

' ေအးေဟ့ ... ေအး ...။ လာမယ္တဲ့ ...။ မင္းတို႔ ႏွစ္ေယာက္က မေတြ႕ရင္လည္း သတိရၾကတယ္။ ေတြ႕ရင္လည္း မတည့္ၾကဘူး ...။ အခု တစ္ခါ မိသားစု စုံလို႔ မင္းတို႔ ႏွစ္ေယာက္ စကားေျပာ မတည့္ရင္ ငါ ႏွစ္ေယာက္လုံးကို အေမြ ျဖတ္ပစ္မယ္။'

' က်မ က တည့္ပါတယ္။ ရွင့္ ေျမး ကသာ က်မ ကို အေမြ ခြဲေပးရမွာစိုးလို႔ က်မ ကို မတည့္ေအာင္ ေန ေနတာ ...။'

' ကဲ ... အခု အိပ္လို႔ ရၿပီလား ...။'

' အိပ္ ... အိပ္ ...။ အားေန အိပ္ဖို႔ပဲ ...။'

သခင္ႀကီး သူ႔မွာ တကယ္ပဲ ေျပာစရာ မရွိေတာ့ပါ။ ည ေရာက္လို႔ လူ အိပ္ခ်ိန္ ေရာက္ေနၿပီ ...။ အဲ့ဒါကို မအိပ္ေတာ့ ထ ၿပီး ေလ့က်င့္ခန္း လုပ္ေနရမွာလား ...။

~~~~~~~~~~

ေနာက္ထပ္ ရက္ အနည္းငယ္ အၾကာမွာေတာ့ မုယြီ႕က်င္း တစ္ေယာက္ စာေမးပြဲႀကီးကို ေခါင္းေပၚ တင္ထားရတာ ျဖဳတ္ခ်ရန္ အတြက္ ေနာက္ဆုံး တစ္ဘာသာ ပဲ ေျဖဖို႔ က်န္ပါေတာ့တယ္။

သူမ်ားေတြကေတာ့ မနက္ခင္းမွာ စာက်က္ရင္ အလြယ္ရႏိုင္တဲ့ ဆိုၿပီး ေစာေစာ ထ ၿပီး စာက်က္ ၾကေပမယ့္ အဲ့ထဲမွာ ယြီ႕က်င္း မပါ ပါ။ သူက ေစာေစာ ထ ေတာ့ ထ ပါရဲ႕ ...။ အဲ့ဒါကလည္း သူ တစ္ပတ္ေလာက္ အခန္းထဲမွာပဲ ဖြက္ထားတဲ့ ေရွာင္းက်န္႔ ကို ကား ထဲ သြားေနခိုင္းၿပီး အျပင္ကို ေခၚထုတ္ဖို႔ ခိုးေၾကာင္ ခိုးဝွက္နဲ႔ အိမ္ေပၚကေန ဆင္းလာတဲ့ အလုပ္ လုပ္ေနတယ္။

ေရွာင္းက်န္႔ သူ ပါ ေျခေဖာ့ၿပီး မုယြီ႕က်င္း ေနာက္ လိုက္ဆင္းလာရင္း သူ အခု ဘာေတြ လုပ္ေနမိတာလဲ ဆိုတာ စဥ္းစားမိသြားတယ္။

ဒါေပမယ့္ သူက ကုန္းေပၚမွာ အခ်ိန္ အၾကာႀကီး ေနရဖို႔ ရွိေသးတယ္။ သူ႔ တူေလးကို ခုထိ ဘယ္ကေန ဘယ္လို စ ရွာရမွန္း နည္းနည္းမွေတာင္ စဥ္းစားလို႔ မရေသးဘူး။

မနက္ အေစာခ်ိန္ ျဖစ္တာေၾကာင့္ သူတို႔ ႏွစ္ေယာက္ ေရွာေရွာ ရႈရႈ နဲ႔ အိမ္ေရွ႕ကို ထြက္လာႏိုင္ၾကပါတယ္။

' ကဲ ... ကား ေနာက္ခန္းထဲ သြား ဝင္ ေန ေန။ ငါတို႔ ဒီေန႔ ဝမ္ အိမ္ သြားရင္ သုံးရမယ့္ ပစၥည္းေတြ သြားဝယ္ရမယ္။'

' ကား ထဲ ဝင္ေနတာ ဟုတ္ၿပီ။ ကား သမား ေရာက္လာရင္ သူ ငါ့ကို ျမင္မွာပဲ မဟုတ္ဘူးလား ...။'

' မပူနဲ႔ ...။ ဒီေန႔ ကား ကို ငါ ကိုယ္တိုင္ ေမာင္းသြားဖို႔ ေျပာမွာ။ အဲ့ဒါေၾကာင့္ စကား မမ်ားပဲ ကား ထဲ ဝင္လိုက္ေတာ့။ ခဏေန က်ရင္ သူတို႔ ႏႈိးေတာ့မွာ။'

ေရွာင္းက်န္႔ သူ႔ကို ကား ထဲ အတင္း တြန္းတက္ခိုင္းေနတဲ့ ယြီ႕က်င္း ေၾကာင့္ ကိုယ္ ကို ခါလိုက္ၿပီး ...

' ေအးပါ ... အရမ္း တြန္း မေနနဲ႔ ...။'

ေရွာင္းက်န္႔ ကား ထဲေရာက္တာနဲ႔ လက္ ကို ေခါင္းအုံးၿပီး ျပန္အိပ္လိုက္သည္။ ဟုတ္တယ္ေလ ...။ လူေတြ အိပ္ေကာင္းေနတဲ့ အခ်ိန္ႀကီးမွာ လာႏႈိးခံရတာ ...။ အဲ့ဒါေၾကာင့္ ျပန္အိပ္မွာပဲ။

~~~~~~~~~~

အခ်ိန္ဆိုတာ တစ္ခါတစ္ေလ ဘာမွန္းေတာင္ မသိလိုက္ခင္မွာပဲ တစ္ပတ္ ႏွစ္ပတ္ ေလာက္က အသာေလးနဲ႔ ေက်ာ္လြန္သြားတတ္တယ္။

အခုလည္း လက္ထပ္ ရမယ့္ ေကာင္မေလး က စာေမးပြဲ ေျဖၿပီးသြားလို႔ ဝမ္ အိမ္ေတာ္ မွာ လာေနဖို႔ ကို ဝမ္ သခင္ေလး ကိုယ္တိုင္ လာႀကိဳေပးပါလို႔ ေတာင္းဆိုထားတာေၾကာင့္ ေကာင္မေလး ေနတဲ့ အိမ္ကို သြားေနတာ ျဖစ္သည္။

အခုမွ သိရတယ္။ ေကာင္မေလးက ထိုင္ဝမ္ မွာ ေက်ာင္း မတက္ပဲ ေပက်င္းမွာ လာတက္ေနတာကို ...။

ရိေပၚ ကား ေမာင္း တတ္ေပမယ့္ တစ္ခါမွ ကိုယ္တိုင္ မေမာင္းဖူးတာေၾကာင့္ အခုလည္း ကား ေမာင္းရင္း ေရွ႕ၾကည့္ ေနာက္ၾကည့္ ေဘးၾကည့္ ၾကည့္ေနရတာေၾကာင့္ သိပ္ေတာ့ အဆင္မေျပလွပါ။

~~~~~~~~

ဖေလာ္လာ အိမ္ရာ ရဲ႕ လမ္းထိပ္မွာေတာ့ ဆံပင္ကို အရွည္ထားၿပီး အဖ်ားနားမွာ အေခြလိုက္ေလး ပုံစံ ျဖစ္ေနတဲ့ မိန္းမလွေလး ကေတာ့ မုယြီ႕က်င္း ဟန္ေဆာင္ ထားတဲ့ ေရွာင္းက်န္႔ ျဖစ္ၿပီး၊ ေဘးမွာ ဆံပင္ကို ေယာက်ာ္းေလး ေက ညႇပ္ထားတဲ့ တစ္ေယာက္ကေတာ့ ေရွာင္းက်န္႔ ေနရာ ျပန္ဟန္ေဆာင္တဲ့ မုယြီ႕က်င္းပဲ ျဖစ္သည္။

ေရွာင္းက်န္႔ သူ႔ကို စြပ္ခိုင္းထားတဲ့ ဆံပင္ ကို ခဏ ခဏ ကိုင္ၾကည့္ေနမိသည္။ ေတာ္ေသးတာက အဝတ္အစားကေတာ့ တီရွပ္ အၤက်ီ ကို ဂ်င္းေဘာင္းဘီ နဲ႔ပဲ ဝတ္ခိုင္းထားလို႔။

' ဟဲ့ ... ေရွာင္း ... ဆံပင္ကို ခဏ ခဏ ကိုင္မေနနဲ႔ ...။ ျပဳတ္က်သြားရင္ နင္ ေရာ ငါ ေရာ ကယ္မယ့္ သူ မရွိဘူးေနာ္ ...။'

ေရွာင္းက်န္႔ ရင္ဘတ္ အေရွ႕မွာ က် က် လာတဲ့ ဆံပင္ ကို ေနာက္ပို႔ရင္း ...

' ပူတယ္ေလ ...။ နင္က် ေကာင္းတယ္။ ဆံပင္ အတိုနဲ႔ အဝတ္အစားကလည္း ပြ ပြ နဲ႔ ...။'

' နင့္ကိုလည္း ခုလို ဝတ္လို႔ ရေအာင္ ဟိုဖက္ ဝမ္ အိမ္ေတာ္ကို ငါ က မိန္းကေလး သိပ္မဆန္ဘူးလို႔ ေျပာထားခိုင္းတာကိုပဲ ေက်းဇူးတင္...။ မဟုတ္ရင္ တကယ့္ မိန္းကေလး လို ေနရမွာ ...။'

ေရွာင္းက်န္႔ ယြီ႕က်င္း ဘာေျပာေျပာ ခုခ်ိန္ စိတ္က ေခါင္းေပၚက ဆံပင္ဆီပဲ ေရာက္ေနတာ ျဖစ္သည္။

' အဲ့ဒါဆို ဆံပင္က် ဘာလို႔ အတို မဟုတ္တာလဲ ...။ ဆံပင္ နဲ႔ အဝတ္အစားနဲ႔က လိုက္ကို မလိုက္တာ ...။'

ယြီ႕က်င္း ေနက ပူပါတယ္ဆို ... စကားေတြ အရမ္းမ်ားေနတဲ့ ေရွာင္းက်န္႔ ေၾကာင့္ စိတ္ က မရွည္လာေတာ့ပါ။

' အဲ့ဒါဆို ဆံပင္ နဲ႔ လိုက္ေအာင္ မိန္းကေလး အၤက်ီေတြ ဝတ္ မလား ...။'

ေရွာင္းက်န္႔ အဲ့ေတာ့မွ ႏႈတ္ခမ္း စူရင္ တစ္ဖက္ လွည့္သြားပါေတာ့တယ္။

ထိုစဥ္ သူတို႔ အနားကို ကား တစ္စီး ထိုးရပ္လာသည္။

ေရွာင္းက်န္႔ ကား ျမင္တာနဲ႔ ယြီ႕က်င္း ရဲ႕ အေနာက္ကို ေျပးကြယ္လိုက္သည္။

အဲ့အခ်ိန္ ကား မွန္ ေလွ်ာခနဲ က် လာတယ္။

ရိေပၚ သူ႔ကို လာႀကိဳရမယ္ဆိုလို႔သာ လာခဲ့တာ။ ေကာင္မေလး ကို မျမင္ဖူးေသးပါ။ ဒါေပမယ့္ ဒီေန႔ ဒီလို အခ်ိန္မွာ အဝတ္အိတ္ေတြ အမ်ားႀကီးနဲ႔ လမ္းေပၚ ေရာက္ေနတယ္ဆိုတာ မု အိမ္ေတာ္က ေကာင္မေလးပဲ ျဖစ္ႏိုင္တာ မလား ...။

ရိေပၚ ခုန သူ ကား ရပ္လိုက္ကတည္းက အရပ္ ရွည္ရွည္နဲ႔ ေကာင္မေလးကို ၾကည့္ေနတာ ျဖစ္သည္။ ပုံစံ အေနထားကေတာ့ သူ လက္ထပ္ ရမယ့္ ေကာင္မေလး ပဲ။

အနားမွာ ေကာင္မေလးရဲ႕ နား႐ြက္ ေလာက္ပဲ ရွိတဲ့ အရပ္နဲ႔က ဖိုးဖိုး ေျပာထားသလို ေကာင္မေလးရဲ႕ အေဖာ္ ေယာက်ာ္းစိတ္ ဝင္ေနတဲ့ ဆိုတဲ့ တစ္ေယာက္ ျဖစ္လိမ့္မယ္။

ရိေပၚ သူ႔ကို မမွိတ္မသုန္ ၾကည့္ေနတဲ့ ႏွစ္ေယာက္ေၾကာင့္ ကား စက္ သတ္ၿပီး ကား ေပၚက အရင္ဆင္းလိုက္သည္။

ယြီ႕က်င္း ကား ေပၚက လူ ဆင္းလာေတာ့မွ ျမင္ရတဲ့ ပုံစံ အေနထားနဲ႔ ဘာမွန္း မသိ အဲ့လူဆီက အရွိန္အဝါ က ေၾကာက္စိတ္ေတာင္ ျဖစ္ေစတာေၾကာင့္ တံေတြး တစ္ခ်က္ မ်ိဳခ်မိသြားတယ္။

ေရွာင္းက်န္႔ က ပိုဆိုးသည္။ သူက အရင္တုန္းက ကုန္းေပၚ တက္ လာတတ္တယ္ဆိုေပမယ့္ ဒီလိုပဲ လူေတြနဲ႔ ျဖတ္သြား ျဖတ္လာေလာက္ပဲ ျမင္ဖူးတာ ျဖစ္သည္။

အခုက် လိမ္လည္း လိမ္ရေသးတယ္။ တစ္ဖက္လူကလည္း လြယ္လြယ္နဲ႔ လိမ္ လို႔ မရႏိုင္ဘူးဆိုၿပီး နဖူးမွာ စာ မကပ္ထား႐ုံတမယ္ အရွိန္အဝါကလည္း ႀကီးလိုက္တာ ...။

ရိေပၚ ႏွစ္ေယာက္စလုံးရဲ႕ ေရွ႕မွာ သြားရပ္လိုက္တယ္ ဆိုေပမယ့္ သူ႔ မ်က္လုံးနဲ႔ တန္းတဲ့ အရပ္နဲ႔ တစ္ေယာက္ကိုပဲ တည့္တည့္ ၾကည့္ၿပီး ေမးလိုက္သည္။

' မင္း တို႔က မု အိမ္ေတာ္ ကလား ...။'

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
2023.10.08 ( Sun )

Continue Reading

You'll Also Like

443K 24.4K 166
Featured at Wattpad's Editor Picks list. Luna, an overworked Engineer, had an unfortunate end. Her spirit, feeling wronged, fights Death for a second...
9.8K 1K 13
𝐽𝑢𝑠𝑡 𝑓𝑟𝑖𝑒𝑛𝑑 𝑏𝑢𝑡 ℎ𝑒'𝑠 𝑚𝑖𝑛𝑒...
1.4M 97K 24
#Book-2 in Lost Royalty series ( CAN BE READ STANDALONE ) Ekaksh Singh Ranawat The callous heartless , sole heir of Ranawat empire, which is spread...
54.2K 466 33
Dear Fellow Readers , this is love.