မပြည့်စုံသော သူဌေးမလေး

By Alice_Yizhan_7012

20.1K 1.8K 67

Rebirth storyလေး နောက်ထပ်အသစ်တစ်ပုဒ်လေးပါရှင့်။ ဒါလေးကလည်း ဖတ်လို့ကောင်းတဲ့အထဲပါတာကတော့ မင်မင်ဆို တစ်ထိုင်တည်... More

ဇာတ်လမ်းအကျဥ်းချုပ်
အခန်း ၁ ။
အခန်း ၂ ။
အခန်း ၄ ။
အခန်း ၅ ။
အခန်း ၆ မှ ၁၀ ။
အခန်း ၁၁ မှ ၁၅ ။
Birthday promotion
အခန်း ၁၆ မှ ၂၀ ။ (Unicode)
အခန်း ၁၆ မှ ၂၀ ။ (zawgyi)
အခန်း ၂၁ ၊ ၂၂ ။
အခန်း ၂၃ မှ ၂၅ (unicode)
အခန်း ၂၃ မှ ၂၅ (zawgyi)
အခန်း ၂၆
အခန်း ၂၇ မှ ၃၀

အခန်း ၃ ။

1.2K 152 2
By Alice_Yizhan_7012

Unicode

အခန်း ၃ ။  [ ဟင်းသီး ဟင်းရွက် ဈေးကို မရောက်ဖူးရင် ဘဝအကြောင်း ပြောလို့ မရသေးဘူး ]

တု ယုံးဝေ လီကျယ် ပန်းခြံ၌ နှစ်ရက်တိုင်တိုင် ခြင်စာ ကျွေးခဲ့ပြီး တတိယမြောက်ရက် မှာတော့ ဘာမှ မပြောလိုတော့ပါ ။ ကျန်း မန်လင်း က မနက်အစောပိုင်းအထိ တု ယင်းဝေ အိပ်ရာထဲ ရှိနေပြီး မထ‌သေးဘဲ အိပ်နေတုန်းပဲ မလို့ သူမ ကြည့်ဖို့ အပေါ်တက်ရင်း သူမ အတွက်  အသီးတစ်ချို့ ယူလာခဲ့သည်။  

“ အဟွတ် အဟွတ် အဟွတ် ” အခန်း တံခါးဝဆီ ရောက်ရောက်ချင်း  တု ယုံးဝေ၏ အဆက်မပြတ် ချောင်းဆိုးသံ တွေကို ကျန်း မန်လင်း ကြားလိုက်ရ၏  :

“ သမီးလေးရေ အဆင်ပြေလား ဆေးရော သောက်ပြီးပြီ လား ??? ”

တု ယုံးဝေ စောင်ကို ဆွဲခြုံလိုက်ပြီး ချိနဲ့စွာနှင့်ပဲ ပြန်ဖြေလိုက်၏ :

“ဟုတ်  သောက်ပြီးပြီ အမေ သမီးအသံကို နားထောင်ကြည့် မနေ့ကထက်ကို ပိုဆိုးလာတယ် “

ကျန်း မန်လင်း ကြားတဲ့အခါ အနည်းငယ် တုံ့ဆိုင်းပြီး ဖြေလိုက်သည် : “အဲ့ဒါဆိုလည်း စကား မပြောနဲ့တော့ အသံက ကြောက်စရာ ကောင်းနေပြီ  ”

တု ယုံးဝေ : “ …… ”

“ဒီမှာ ဒီအသီးလေးစား လည်ချောင်းနာတာ အတွက် ကောင်းတယ် ”

ကျန်း မန်လင်း သစ်‌တော်သီး အစိတ်‌လေးကို ယူကာ တု ယုံးဝေကို ကျွေးလိုက်သည် ။

“ သမီး တကယ် လီကျယ် ပန်းခြံကို မသွားချင်ဘူး ဆိုလည်း မသွားပါနဲ့တော့ ဘယ်လိုပဲဖြစ်ဖြစ် ကျားကလည်း အစစ်တောင် မဟုတ်ဘူးလေ အဲ့လိုဆိုတော့ သက်‌ရောက်မှု ကလည်း အကန့်အသတ်ရှိရင် ရှိနေမှာ “

တု ယုံးဝေသည် ချိုအေးနေသည့် သစ်တော်သီးကို ပါးစပ်ထဲမှာ ဝါးရင်း သူမ ခေါင်းကို တဆက်ဆက် ငြိမ့်နေမိ၏ ။

' နောက်ဆုံးတော့ သူမ အမေ စာနာနိုင်သွားခဲ့ပြီ ! ’

ကျန်း မန်လင်း က ပြောပြန်သည် : “ ငါ တစ်ယောက်‌ယောက်ကို တိရိစ္ဆာန်ရုံ လက်မှတ် နှစ်စောင် သွားဝယ်ခိုင်း ထားတယ် မနက်ဖြန် ငါတို့ တိရိစ္ဆာန်ရုံကို သွားပြီး ကျားအစစ်ကို သွားကြည့်ကြမယ် “

တု ယုံးဝေ : “ ဟင် !? ”

ကျန်း မန်လင်း : “ တိရိစ္ဆာန်ရုံက သမီးကို ကျားနဲ့ ခဏ နေခိုင်းပါ့မလား ဆိုတာတော့  အမေ မသိသေးဘူး ”

တု ယုံးဝေ : “ ဟင် ??? ”

 ‘ ငါ့အမေက ဘယ်လို‌တွေတောင် ပြောနေတာလားး ! ကျားက နေချင်တဲ့ ဆန္ဒရှိ‌ရင်တောင် သမီးက‌တော့ မနေချင်ဘူး ! ‘

“ အမေ သမီးက လီကျယ် ပန်းခြံကို မသွားရင်တောင် ကျားစာ ကျွေးပစ်ဖို့ အထိတော့ မလိုဘူးလေ …”

ကျန်း မန်လင်း ပြုံးလိုက်ပြီး သူမ ခေါင်းလေးကို ထိလိုက်၏ ။ ထို့နောက် သူမက သစ်တော်သီး တစ်စိတ် ပေးလိုက်ရင်း :

 “ အမေ မနက်က ဗေဒင်ဆရာနဲ့ စကားပြောပြီး သွားပြီ သူပြောတာက သမီး ဖျားနေမှတော့ လီကျယ် ပန်းခြံ ကို ထပ်သွားစရာ မလိုတော့ဘူးတဲ့ သူက အမေတို့နဲ့ တွေ့ဖို့ စီစဉ်ထားတယ် ၊ မနက်ဖြန် သူ့ကို သွားတွေ့ပြီး ကံကောင်းခြင်းတွေ တောင်းရမယ် သမီးအိပ်ရာဘေးမှာ ထားဖို့ ကျားရုပ် အဆောင်လေးတောင် ရှိသေး “

“ ဟုတ်ပါပြီ …” 

‘ အမေမှ လီကျယ် ပန်းခြံ ထဲသွားပြီး ခြင်ရိုင်းတွေ ဝိုင်းကိုက်တာ မခံဖူးတာ ပြောဖို့လွယ်တာပါ့ ဘယ်နတ်ဘုရားက လာကူညီမလဲ ဆိုတာ သမီးလည်း မြင်ချင်ပါသေးတယ် ‘

သူမအမေ ထွက်သွားပြီးနောက်  တု ယုံးဝေ ပိုသက်သာလာသလို ခံစားလိုက်ရပြီး သူမ မိုဘိုင်းဖုန်းနှင့် တောက်လျှောက် ဆော့နေလိုက်သည် ။ အဲ့ဒီနောက် သူမ မနေ့ညက တင်ထားသည့် ပို့စ်အောက်မှာ ဝေရွေ ကွန်မန့်တစ်ခု ချန်ခဲ့တာကို တွေ့လိုက်ရ၏ ။

 “ နင် ဘာဖြစ်လို့လဲ ? ” တု ယုံးဝေ၏ လက်ချောင်းတွေက ဒီကွန်မန့်ကို မြင်တော့ ရပ်သွားခဲ့သည် ။

ဝေရွေ က သူမနဲ့အတူ ကြီးပြင်းလာတဲ့ သူငယ်ချင်းကောင်း တစ်ယောက်ပါ ။ စွန်း ရှောင်ရှောင် ပေါ်မလာခင်အထိ သူတို့ရဲ့  ဆက်ဆံရေးက အတော် ကောင်းခဲ့ကြသည်။ တု ယုံးဝေက စွန်း ရှောင်ရှောင် ကို တက္ကသိုလ်မှပဲ တွေ့ခဲ့ခြင်းဖြစ်၏ ။ စွန်း ရှောင်ရှောင်က ရိုးရှင်းတဲ့‌သူ မဟုတ်ဘူး ဆိုတာ ဝေရွေက ခဏခဏ သတိပေးဖူးသည် ။    စွန်း ရှောင်ရှောင်နဲ့ သိပ်အဆက်အသွယ် မလုပ်ဖို့လည်း ပြောခဲ့‌ပေမဲ့ သူမ နားမထောင်မိခဲ့ပေ။

နောက်ပိုင်းမှာ သူမနှင့် စွန်း ရှောင်ရှောင်က ပိုရင်းနှီးလာခဲ့ပြီး သူမနဲ့ဝေရွေရဲ့ ဆက်ဆံရေးက‌တော့ ပြတ်တောက် သွားခဲ့သည် ။ သို့ပေမဲ့ ဘယ်သူမှ ဝင်မကူညီရဲကြသည့် တု မိသားစု ပြဿနာတက်နေသည့်အချိန်တွင် ဝေရွေကသာ ကျန်းမိသားစုကို ဆန့်ကျင်ပြီး သူမကို တိတ်တဆိတ် ငွေပေးရန် စွန့်စားရဲခဲ့သူ ဖြစ်သည် ။  တု ယုံးဝေသည် ဝေရွေ၏ ဝီချက် ပရိုဖိုင် ဓာတ်ပုံကို ထောက်ကာ စကားပြောခန်းထဲ ဝင်လိုက်ပြီး မက်ဆေ့ခ်ျသုံးခုကို ဆက်တိုက် ပို့ပေးလိုက်၏ ။

ယုံးဝေ : ရွေ… ငါက တကယ်ကို စိတ်ပျက်စရာ ကောင်းလွန်းတာပါ !

ယုံးဝေ : ရွေ နင်ကမှ ငါ့ရဲ့ တစ်သက်တာ သူငယ်ချင်းပဲ !

ယုံးဝေ : ဒီနေ့လည်ခင်း အားလား ? သွားကြစို့ ! ကျန်းမာရေး ဂရုစိုက်မှု ကြီးကြီးမားမား သွားလုပ်ရအောင် ငါနင့်ကို ဖိတ်တယ် !!

ဝေရွေ : “….. ” ‘ သူမ တု ယုံးဝေ ကျောင်းမှာ ဘာဖြစ်ခဲ့လဲဆိုတာ ကြားခဲ့သည် ၊ ဒါပေမဲ့ သူမ ဒီလောက် စိတ်ဓာတ် ကျသွားမယ် လို့တော့ မမျှော်လင့်မိခဲ့ '

တု ယုံးဝေရဲ့ ကျန်းမာရေး‌ စောင့်ရှောက်မှုကြီး ဆိုတာက တကယ်ကို ရိုးရိုးရှင်းရှင်းလေး မဟုတ်ပါဘူး ၊၊ ခန္ဓာကိုယ် တစ်ခုလုံးကို အမှန်အကန် နှိပ်နယ်ခြင်းပါ အနှိပ်ကုတင် အကောင်းစားကြီးပေါ် လှဲရင်း အနှိပ်ဆီတွေကို တစ်ကိုယ်လုံးပေါ် လူးပြီး အမျိုးသမီးလှလှ တစ်‌ယောက် က နှိပ်နယ်ပေးနေခြင်းမျိုး ဖြစ်သည် ။ သူမရဲ့ အဖျားတွေတောင် ပျောက်ကွယ်သွားပြီဟု တု ယုံးဝေ ခံစား‌နေရ၏ ။

“ အာ… ဇိမ်ရှိလိုက်တာ … ”

တု ယုံးဝေ အခန်းတွင်း ဖွင့်ထားသော တီးလုံးသံ ညိမ့်ညိမ့်လေးကို နားထောင်ရင်း ရီဝေဝေ ခံစားနေရသည် ။

ဝေရွေ ကလည်း သူမဘေးမှာ လှဲနေရင်း အရမ်းကို သက်တောင့်သက်သာ ရှိနေလေသည် : “  နင် ပြောတာ နင့်အမေက နင့် ကံကြမ္မာဖတ်ဖို့ တစ်ယောက်ယောက် တွေ့ထားပြီဆို အဲ့တာ အလုပ်ရော ဖြစ်ရဲ့လား ? “

တု ယုံးဝေ ပြောလိုက်၏ ။

“ လမ်းတစ်ဝက်မှာတင် အလုပ်ဖြစ်တယ် ၊ မနေ့က လီကျယ် ပန်းခြံ မှာ ကောင်ချောလေး တစ်ယောက်ကို တွေ့ခဲ့တယ် ”

“ ဖူးးး ” ဝေရွေ မထိန်းနိုင်ဘဲ ရီသံထွက်လာသည် ။

“ တု ယုံးဝေရေ နည်းနည်း လေးလောက် ရင့်ကျက်ပေးလို့ ရမလားး ? ”

တု ယုံးဝေ ထူးမခြားနားစွာပဲ ပြောလိုက်၏ : “နင်လည်း သူ့ကို မြင်ပြီးရင် ရင့်ကျက်တဲ့သူ ဖြစ်ချင်တော့မှာ မဟုတ်ဘူး “

“ သူက အဲ့လောက်ကို ချောတာလားး ? ”

“‌‌ ပြောရမယ်ဆိုရင်ကွာ သူက မိမိုက်နေတာမျိုး ဒါမဲ့ ဈေး‌တော်တော်ကြီးတဲ့ ဝတ်စုံ ဝတ်ထားတယ်ဆိုတော့ သူ့မှာ နောက်ခံကောင်းကောင်း ရှိရမယ် “

ဝေရွေ မျက်ခုံးတွေ တွန့်ချိုးပြီး တစ်ခုခုကို တွေးနေသည် :  “ မဖြစ်သင့်ဘူးဟ ပုံမှန်ဆို မြို့တော်အေက ချမ်းသာတဲ့သူတွေ အကုန်လုံးကို နင် သိတယ်လေ “

“ငါလည်း အဲ့တာ တွေးနေတာပဲ သူက တခြားနေရာကများ ဖြစ်နိုင်မလား “

ဝေရွေ ပြောလိုက်၏ : “ ဒါမဲ့ ငါတို့ သွားနေကျ လူမှုရေးပွဲတွေ တက်စရာ မလို‌အောင်ကို  သူ့အဆင့်က အရမ်း မြင့်လွန်းနေလို့ နင် မသိတာလည်း ဖြစ်နိုင်တာပဲ “

ဒီ စကားလုံးတွေက တု ယုံးဝေ ကို နည်းနည်း စိတ်ဝင်စား သွားစေသည် : “ မြို့တော်အေမှာ အဲ့လိုလူမျိုး ရှိသေးတာလား ? ”

“ ရှိတာ‌ပေါ့ ဥပမာပြောရရင် ….. “ ဝေရွေ ကျန်း မိသားစုရဲ့ ကျန်း ရှောင်ယန် ဆိုပြီး ပြောမိတော့မလို့ ပေမဲ့ သူ့ပါးစပ်နား ရောက်လာသည့် စကားလုံးတွေကို ပြန်မြိုချ ပစ်လိုက်ရ၏ ။ ‘တု ယုံးဝေ က မကြာသေးခင်ကမှ ကျန်း ရှိန်းကျဲ ကြောင့် နာကျင်ထားရတာ သူ့ရှေ့မှာ ကျန်း မိသားစုအကြောင်း မဟသင့်ဘူး '

“ဥပမာ‌ ပြောရရင် ဆိုတာ ဘယ်သူလဲ? “  ဝေရွေက ဆက်မပြောတာကို မြင်သည့်အခါ တု ယုံးဝေ သိချင်စိတ်အပြည့်နဲ့ မေးလိုက်သည် ။

“ ဘယ်သူမှ မဟုတ်ပါဘူး ငါ ပြောလိုက်ရင်တောင် နင်မသိဘူးရယ် သူတို့ကို “

ဝေရွေ စကားလမ်းကြောင်း‌ ပြောင်းလိုက်၏ ။

“ အနှိပ်သည် အကြောင်း ပြောတော့မှပဲ ဒီက လက်ရာက တကယ်ကို ကောင်းတာနော် “

“ဟုတ်တယ် ငါ တကယ် သူတို့ထဲက တစ်ယောက်ကို ငါတို့အိမ်ကို ဖိတ်ချင်တာ “ တု ယုံးဝေ ပြောလိုက်သည် ။ သူမ ဒီရောက်စ တုန်းက သူမကို နှိပ်ပေးနေသည့် အနှိပ်သည် အမျိုးသမီးကို “ တစ်လကို ဘယ်လောက်ရတာလဲ ? ” လို့ တကယ်မေးခဲ့ဖူးသည် ။ နှိပ်ပေးနေသည့် သူ က ရီရင်း ပြန်ဖြေခဲ့၏ : “ မစ္စ တု က ကျွန်မတို့ရဲ့  လစာကို ဂရုမစိုက်ဘူး ဆိုတာတော့ သေချာပါတယ် “  

တု ယုံးဝေ ပြောလိုက်သည် ။

” အို့ … ဒီအရည်အချင်းနဲ့ဆို နေထိုင်စားသောက်ဖို့က မပူရဘူးဆိုတာ သေချာပါတယ် နှိပ်တာက တကယ်ကို ကောင်းတာ “

ဝေရွေ သူမကို အံဩမှုတစ်ချို့နဲ့ အတူ လှမ်းကြည့်လိုက်၏ : “ ချစ်ရပါသော သခင်မလေးတုက အဲ့ဒီလိုမျိုး ဘယ်လို‌ တောင် ပြောနိုင်ရတာလဲ “

တု ယုံးဝေ ဝေရွေကို မျက်လုံး ဝေ့ကြည့်လိုက်ပြီး တည်တည်ငြိမ်ငြိမ် နဲ့‌ ပြောလိုက်၏ :

“ ရွေ ငါတို့က ပိုက်ဆံရှိတဲ့ မိသားစုမှာမွေးပြီး ငယ်ကတည်းက ချမ်းချမ်းသာသာ နေလာခဲ့ရတာ.. ပိုက်ဆံရဖို့ဆိုတာ ငါတို့အတွက်က အရမ်း လွယ်လွန်းတယ် ဒါကြောင့် ငါတို့က ပိုက်ဆံကို သိပ်ဂရုမစိုက် ဖြစ်ကြဘူး အဲ့ဒါ မဖြစ်သင့်ဘူး ငါတို့က ပိုက်ဆံကို အာရုံစိုက်မှရမှာ … မဟုတ်ရင် တစ်ရက်ကျ ပိုက်ဆံတွေဆိုတာ ငါတို့ဆီက ထွက်သွားပြီး ငါတို့ကို ချန်ထားခဲ့လိမ့်မယ် “

“…ငါ နင့်ကို မေးချင်တယ် ဘာကများ နင့်ကို ဒီလို အတွေးအမြင်တွေ မြင်တတ် သွားအောင် လုပ်လိုက်ရတာလဲ ? “ ဝေရွေ သူမကို မေးခွန်းထုတ် လိုက်သည် ။

တု ယုံးဝေ ပြော၏ : “ရွေ နင် ဟင်းသီး ဟင်းရွက် ဈေးကို ရောက်ဖူးလား ? “

 “ အသေအချာကိုပဲ ဘယ်လိုလုပ် ရောက်ဖူးမှာလဲ ?  ငါတို့ မိသားစုမှာ ခိုင်းစရာလူတွေ ရှိနေတာကို ဘာလို့ ငါတို့ ကိုယ်တိုင် သွားဝယ်ရမှာလဲ ? “  တု ယုံးဝေ ရဲ့ မေးခွန်းက ဝေရွေကို ရယ်စေခဲ့၏ ။ သူမနဲ့ တု ယုံးဝေ နှစ်ယောက်လုံးက ငယ်စဉ် ကလေးဘဝ ကတည်းက ဘယ်အိမ်အလုပ်မှ မလုပ်ဖူးခဲ့ချေ ။

တု ယုံးဝေ သက်ပြင်းချ လိုက်ပြီး ဝေရွေကို ပြောလိုက်၏  :

“ ဟင်းသီး ဟင်းရွက်ဈေးကို မရောက်ဖူးတဲ့ သူတွေက ငါနဲ့ ဘဝ အကြောင်း ဆွေးနွေးလို့ မရ‌သေးဘူး “

ဝေရွေ : “ ….. ” ‘ အန်တီကျန်းက တု ယုံးဝေကို ဗေဒင်ဆရာဆီ ခေါ်မသွားသင့်ဘဲ စိတ်ရောဂါကု ဆရာဝန် နဲ့ ပြပေးသင့်နေတာ' ဟု ပင် ခံစားလိုက်ရသည် ။

တစ်ကိုယ်လုံး အနှိပ်ခံပြီးတဲ့‌နောက် တု ယုံးဝေ သက်တောင့် သက်သာ ရှိသွားပြီး စကားပြောဆိုတာတောင် နည်းလာခဲ့၏ ။ သူမ ဗီတာမင် အားဆေးကို သောက်ပြီး အိပ်ရာဝင်လိုက် တော့သည် ။ နောက်နေ့မနက် ဆယ်နာရီ၌မူ ဗေဒင်ဆရာနဲ့ တွေ့ရမည်ဟု ဆိုကာ သူမအမေ နှိုးတာကို ခံလိုက်ရတော့၏ ။

ကံကြမ္မာ အကြောင်း ပြောဟောသည့် ဗေဒင်ဆရာက တု ယုံးဝေ တွေးထားသည်နှင့် ကွာခြားလွန်းလှသည် ။ တောနက်ကြီး အတွင်းပိုင်းတို့  တောင်တွေ ကြားမှာတို့တွင် မနေဘဲ မြို့လည်ခေါင်ရှိ ရုံးခန်း အဆောက်အဦး တစ်ခုထဲမှာ စတူဒီယိုကို ဖွင့်ထားခြင်း ဖြစ်၏ ။

 ‘ ….. သူက တကယ်ကို ခေတ်နဲ့ လိုက်ပြီး နေတတ်တာပဲ '

သူမနှင့် သူမအမေ တို့ နှစ်ဆယ်သုံးထပ် အထိ ဓာတ်လှေကား စီးသွားကြ၏ ။ ဓာတ်လှေကား တံခါးက ထွက်ထွက်ချင်း မျက်နှာချင်းဆိုင် နံရံပေါ် ချိတ်ဆွဲထားသော “ ချန်း ကျိုင်ရှင်း စတူဒီယို “ ဆိုသည့် စကားလုံးတွေကို မြင်လိုက်ရသည် ။

“ ဒီဆရာ ချန်း ကျိုင်ရှင်း က ဆရာချန်း ရှင်း ရဲ့ မြေးလေ ၊ သူ့ရဲ့ တစ်ဦးတည်းသော ဆက်ဆံသူဆိုလည်း ဟုတ်တယ် “  ကျန်း မန်လင်း က တု ယုံးဝေကို ဆရာ ချန်း ကျိုင်ရှင်းအကြောင်း မိတ်ဆက်ပေးပြီး သူ့ ရုံးခန်းကို ဦးဆောင် ခေါ်သွားတော့သည် ။ တု ယုံးဝေ က ပြန်ဖြေဖို့ရာကို စိတ်မဝင်စားပေ ။ ဘယ်လိုပဲဖြစ်ဖြစ် ချန်း ရှင်းနေနေ ချန်း ကျိုင်ရှင်းနေနေ သူမ ဘယ်သူ့ကိုမှ မှ မကြားဖူးတာ ။

“ ဒီမှာ ”

ဆရာချန်း ကျိုင်ရှင်း ရုံးခန်းတံခါးကို ရောက်သောအခါ ကျန်း မန်လင်း ရပ်လိုက်ပြီး တံခါးခေါက် လိုက်၏ ။

“ ဆရာ ချန်း ကျွန်မ ကျွန်မသမီးကို ခေါ်လာခဲ့ပါပြီ “

“ ကျေးဇူးပြု၍ ၊ ဝင်ခဲ့ပါ ”

တု ယုံးဝေ က ဆွဲဆောင်မှုရှိသည့်အသံ ထွက်လာတာကို ကြားလိုက် ရသောအခါ အံ့ဩသွားပြန်သည် ။

' ဗေဒင်ဆရာ တွေအားလုံးက သက်လတ်ပိုင်း အရွယ်တွေ မဟုတ်ဘူးလား ? ဘာလို့ ဒီဆရာရဲ့  အသံက အသက်နှစ်ဆယ်ကျော် အရွယ်ထဲမှာ ရှိနေတဲ့ လူချောလေးအသံ လိုမျိုး ဖြစ်နေရတာလဲ ? ‘

“ သွား ဝင် ၊ ဆရာက သမီးနဲ့ပြီးရင် စကားပြောလိမ့်မယ် ၊ အဲ့ဒီအခါကျရင် ပေါက်ကရတွေ မပြောနဲ့  “ တု ယုံးဝေ နားထောင်လိုက်ပြီး ပွင့်ပွင့်လင်းလင်း‌ ပြုံးပြလိုက်၏  :

“ တိုက်ဆိုင်လိုက်တာနော် သမီးကလည်း စကားပြောချင်နေတာ “

ကျန်း မန်လင်း တံခါးကို ဖွင့်လိုက်သည် ။ တု ယုံးဝေ သူမ နောက်ကနေပြီး လိုက်ဝင်သွားခဲ့၏ ။ တံခါးပေါက်က ချန်း ကျိုင်ရှင်းရဲ့ စားပွဲခုံနှင့် မျက်နှာချင်းဆိုင် ဖြစ်သည် ။ စားပွဲခုံပေါ်တွင် ကွန်ပြူတာ တစ်လုံး ရှိနေပြီး မျက်နှာပြင်က ဆရာ၏မျက်နှာကို ကွယ်နေ၏ ။

စားပွဲခုံရဲ့ အနောက်က နံရံပေါ်မှာတော့ နဂါးနှင့်ဇာမဏီတို့ ကနေဟန် လက်ရေးအလှ ရေးသားချက်တို့ ရှိနေပြီး သစ်သား အကောင်းစားဖြင့် ဘောင်သွင်းထားသည် ။ ဒီလက်ရေးလှ ပန်းချီကား က အရမ်းကို မျက်စိ ဖမ်းစားနိုင် လွန်းလှ၏ ။ တု ယုံးဝေ မနေနိုင်ဘဲ သေချာ ကြည့်မိလိုက်တော့ _

“ ဒီ ကံကြမ္မာအရ‌ တွေ့ဆုံမှုကို တန်ဖိုးထားပါ ”

တု ယုံးဝေ : “..…”

 ‘ ဆရာက ခေတ်စနစ်နဲ့ လိုက်ညှိပြီး ခေတ်မှီအောင် နေပေမဲ့လည်း ဒါကတော့ တော်တော်ကို ရှေးရိုး ဆန်တာပဲ '

“ ဒီမှာ ထိုင်ပါ ” ချန်း ကျိုင်ရှင်း က ကွန်ပြူတာ စားပွဲမှ ထရပ်ပြီး ကျန်း မန်လင်း နဲ့ တု ယုံးဝေ ကို ပြောလိုက်သည် ။ နောက်ဆုံးမှာတော့ တု ယုံးဝေ ဆရာရဲ့ မျက်နှာကို မြင်လိုက်ရပါပြီ … သူက တကယ်ကို ငယ်ရွယ်ပြီး ခပ်ချောချော လူငယ်တစ်ယောက်ပါ ! လီကျယ် ပန်းခြံမှာ အဲ့ဒီနေ့က သူမ တွေ့လိုက်ရတဲ့ အေးစက်စက် ခန့်ခန့် ငြားငြားပုံစံ အမျိုးသားထက် အနည်းငယ် မဆိုစလောက်လေးပဲ လျော့သည် ။

တု ယုံးဝေ နှုတ်ခမ်း‌တွေ တွ့န့်သွားပြီး ပြင်သစ်စတိုင် ပြတင်းပေါက် ဘေးက ဆိုဖာ အသေးလေးပေါ် သူမအမေနောက်က လိုက်၍ ထိုင်ချလိုက်၏  :

“ အမေ သူကချောတာနဲ့ပဲ သူ့ဆီက အလှည့်စားခံရဖို့ ကိုယ်တိုင်ဆန္ဒ ရှိနေတာလို့တော့ မပြောနဲ့နော် “

“ ဒီကလေး ကတော့ ဘာတွေလျှောက်‌ပြောနေတာလဲ အဓိပ္ပာယ်မရှိ ပေါက်တတ်ကရတွေ မပြောနဲ့လို့ ခုနလေးတင်မှ ပြောထားတာလေ “

ချန်း ကျိုင်ရှင်း အပြုံးလေးနဲ့ ပြောလာသည် : “ ရပါတယ်ဗျာ သူကလုံးဝကို တည့်တိုး ပြောတတ်တာပဲ “

တု ယုံးဝေ : “..…”

‘ ဟက် ဒီလူက အရေ တကယ်ထူတယ်ဟ ‘

သူက တု ယုံးဝေကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လိုက်၏ : “ တု သခင်မလေး ကြည့်ရတာ ကျွန်တော့်ကို ယုံကြည်တဲ့ပုံ မပေါ်ဘူးပဲ ၊ တကယ်လည်း လူတိုင်းက ဒီလို ထူးခြားဆန်းကြယ်တဲ့ကိစ္စတွေကို ယုံကြတာမှ မဟုတ်တာ ၊ ဒါပေမဲ့ မင်းကတော့ သေချာပေါက်ကို ယုံကြည်လိမ့်မယ် လို့  ကျွန်တော် ထင်ထားတာ “

တု ယုံးဝေ မတတ်နိုင်ဘဲ သူ့ကို စိုးရိမ်တကြီး ငေးကြည့်မိသွား၏ ။

‘ သူ ဘာကို ပြောချင်တာလဲ ? ငါ ပြန်မွေးဖွားလာတာကို သူ မြင်နိုင်တာလား ? ‘

“ဆရာက ဘာကို ဆိုလိုတာလဲ ?” တု ယုံးဝေ မဝံ့မရဲ မေးလိုက်မိသည် ။

ချန်း ကျိုင်ရှင်းပြောလိုက်၏ :

“ မင်း အမေက မင်းရဲ့ ကံကြမ္မာကို ပြောင်းစေချင်နေတာ အဲ့မတိုင်ခင် မင်းရဲ့ကံကို တစ်ချက် ဖတ်ကြည့်ဖို့လည်း မေးထားသေးတယ် ၊ ဒီကမ္ဘာကြီးမှာ လူတိုင်းက ကောင်းကင်ဘုံ အလိုကို ဆန့်ကျင်ပြီး အစကနေပြန်စဖို့ ၊ ကံကြမ္မာကို ပြောင်းလဲပစ်ဖို့ အခွင့်အရေး ရကြတာ မဟုတ်ဘူး “

 တု ယုံးဝေ သူမလက်က ချွေးအေးတွေပင် ထွက်လာ၏ ။  ‘ဒါတွေက ဗေဒင်ဆရာတွေရဲ့ အက်‌ကြောင်းထပ်နေတဲ့ လက်သုံးစကား‌တွေ ဒါမဲ့ သူက ခန့်မှန်းတာ အဲ့လောက်တော်တာလား ဒါမှမဟုတ် သူက တကယ်များလား ? ‘

“ မှန်ပါတယ် ဆရာ ချန်း ဒီတစ်ခါတော့ ကျွန်မ သမီးလေးကို ကူညီဖို့ ဆရာ့ကိုပဲ ဒုက္ခပေးရဦးမယ် “

ချန်း ကျိုင်ရှင်း လွတ်နေတဲ့ ဆိုဖာဆီကို သွားပြီး ထိုင်ချလိုက်သည် ။ တု ယုံးဝေကို မျက်နှာချင်းဆိုင်ရင်း :

“မစ္စ ကျန်း မစိုးရိမ်ပါနဲ့ ခင်ဗျားရဲ့ အဖိုးတန် သမီးလေးရဲ့ကံတရားက တဖြေး‌ဖြေးချင်းနဲ့ ပြောင်းလဲနေပါပြီ “

“ ဒီလိုဆို တော်သေးတာပေါ့ ကောင်းတယ် ကောင်းတယ်  “ ကျန်း မန်လင်း စိတ်သက်သာရာရစွာ ရင်ကိုဖိလိုက်သည် ။

သူက တု ယုံးဝေ ကို ကြည့်ပြီး ပြောခဲ့၏ : “မစ္စတု မှာ အခွင့်အရေး ရှိမှတော့ သူမ ဒါကို တန်ဖိုးထားမှရမယ် ၊ ပြီးတော့ သူမရဲ့ အတိတ်က အစွဲအလမ်းတွေကို လည်း လက်လွှတ် လိုက်သင့်တယ် “

တု ယုံးဝေ သူ့မျက်လုံးတွေထဲ ကြည့်လိုက်ရင်း သူမ နှုတ်ခမ်းတွေကိုပင် ခပ်တင်းတင်းစေ့မိသွား၏ ။ အခု သူမမှာ ဒီ ဆရာချန်း ကျိုင်ရှင်းက တကယ် အကုန်လုံးကို သိနေတယ်ဆိုတဲ့ ထူးဆန်းတဲ့ ခံစားချက်ကြီး တစ်ခု ပြင်းပြင်း ထန်ထန် ခံစားနေမိသည်။

“ အို့ … ဒါဟုတ်တယ် “ ချန်း ကျိုင်ရှင်း နှုတ်ခမ်းတို့ တွန့်‌ကွေးကာ သူမကို ပြုံးပြလိုက်ပြီး : “ မစ္စ တု မှာ ကောင်းတဲ့ အရာတွေ ဆောင်ရွက်ရဖို့ ရှိသေးတယ် လုပ်စရာတွေ အများကြီးပါပဲ ကျန်သေးတယ် “

...

Zawgyi

အခန္း ၃ ။  [ ဟင္းသီး ဟင္း႐ြက္ ေဈးကို မေရာက္ဖူးရင္ ဘဝအေၾကာင္း ေျပာလို႔ မရေသးဘူး ]

တု ယုံးေဝ လီက်ယ္ ပန္းၿခံ၌ ႏွစ္ရက္တိုင္တိုင္ ျခင္စာ ေကြၽးခဲ့ၿပီး တတိယေျမာက္ရက္ မွာေတာ့ ဘာမွ မေျပာလိုေတာ့ပါ ။ က်န္း မန္လင္း က မနက္အေစာပိုင္းအထိ တု ယင္းေဝ အိပ္ရာထဲ ရွိေနၿပီး မထ‌ေသးဘဲ အိပ္ေနတုန္းပဲ မလို႔ သူမ ၾကည့္ဖို႔ အေပၚတက္ရင္း သူမ အတြက္  အသီးတစ္ခ်ိဳ႕ ယူလာခဲ့သည္။  

“ အဟြတ္ အဟြတ္ အဟြတ္ ” အခန္း တံခါးဝဆီ ေရာက္ေရာက္ခ်င္း  တု ယုံးေဝ၏ အဆက္မျပတ္ ေခ်ာင္းဆိုးသံ ေတြကို က်န္း မန္လင္း ၾကားလိုက္ရ၏  :

“ သမီးေလးေရ အဆင္ေျပလား ေဆးေရာ ေသာက္ၿပီးၿပီ လား ??? ”

တု ယုံးေဝ ေစာင္ကို ဆြဲၿခဳံလိုက္ၿပီး ခ်ိနဲ႕စြာႏွင့္ပဲ ျပန္ေျဖလိုက္၏ :

“ဟုတ္  ေသာက္ၿပီးၿပီ အေမ သမီးအသံကို နားေထာင္ၾကည့္ မေန႕ကထက္ကို ပိုဆိုးလာတယ္ “

က်န္း မန္လင္း ၾကားတဲ့အခါ အနည္းငယ္ တုံ႕ဆိုင္းၿပီး ေျဖလိုက္သည္ : “အဲ့ဒါဆိုလည္း စကား မေျပာနဲ႕ေတာ့ အသံက ေၾကာက္စရာ ေကာင္းေနၿပီ  ”

တု ယုံးေဝ : “ …… ”

“ဒီမွာ ဒီအသီးေလးစား လည္ေခ်ာင္းနာတာ အတြက္ ေကာင္းတယ္ ”

က်န္း မန္လင္း သစ္‌ေတာ္သီး အစိတ္‌ေလးကို ယူကာ တု ယုံးေဝကို ေကြၽးလိုက္သည္ ။

“ သမီး တကယ္ လီက်ယ္ ပန္းၿခံကို မသြားခ်င္ဘူး ဆိုလည္း မသြားပါနဲ႕ေတာ့ ဘယ္လိုပဲျဖစ္ျဖစ္ က်ားကလည္း အစစ္ေတာင္ မဟုတ္ဘူးေလ အဲ့လိုဆိုေတာ့ သက္‌ေရာက္မႈ ကလည္း အကန႔္အသတ္ရွိရင္ ရွိေနမွာ “

တု ယုံးေဝသည္ ခ်ိဳေအးေနသည့္ သစ္ေတာ္သီးကို ပါးစပ္ထဲမွာ ဝါးရင္း သူမ ေခါင္းကို တဆက္ဆက္ ၿငိမ့္ေနမိ၏ ။

' ေနာက္ဆုံးေတာ့ သူမ အေမ စာနာနိုင္သြားခဲ့ၿပီ ! ’

က်န္း မန္လင္း က ေျပာျပန္သည္ : “ ငါ တစ္ေယာက္‌ေယာက္ကို တိရိစာၦန္႐ုံ လက္မွတ္ ႏွစ္ေစာင္ သြားဝယ္ခိုင္း ထားတယ္ မနက္ျဖန္ ငါတို႔ တိရိစာၦန္႐ုံကို သြားၿပီး က်ားအစစ္ကို သြားၾကည့္ၾကမယ္ “

တု ယုံးေဝ : “ ဟင္ !? ”

က်န္း မန္လင္း : “ တိရိစာၦန္႐ုံက သမီးကို က်ားနဲ႕ ခဏ ေနခိုင္းပါ့မလား ဆိုတာေတာ့  အေမ မသိေသးဘူး ”

တု ယုံးေဝ : “ ဟင္ ??? ”

 ‘ ငါ့အေမက ဘယ္လို‌ေတြေတာင္ ေျပာေနတာလားး ! က်ားက ေနခ်င္တဲ့ ဆႏၵရွိ‌ရင္ေတာင္ သမီးက‌ေတာ့ မေနခ်င္ဘူး ! ‘

“ အေမ သမီးက လီက်ယ္ ပန္းၿခံကို မသြားရင္ေတာင္ က်ားစာ ေကြၽးပစ္ဖို႔ အထိေတာ့ မလိုဘူးေလ …”

က်န္း မန္လင္း ၿပဳံးလိုက္ၿပီး သူမ ေခါင္းေလးကို ထိလိုက္၏ ။ ထို႔ေနာက္ သူမက သစ္ေတာ္သီး တစ္စိတ္ ေပးလိုက္ရင္း :

 “ အေမ မနက္က ေဗဒင္ဆရာနဲ႕ စကားေျပာၿပီး သြားၿပီ သူေျပာတာက သမီး ဖ်ားေနမွေတာ့ လီက်ယ္ ပန္းၿခံ ကို ထပ္သြားစရာ မလိုေတာ့ဘူးတဲ့ သူက အေမတို႔နဲ႕ ေတြ႕ဖို႔ စီစဥ္ထားတယ္ ၊ မနက္ျဖန္ သူ႕ကို သြားေတြ႕ၿပီး ကံေကာင္းျခင္းေတြ ေတာင္းရမယ္ သမီးအိပ္ရာေဘးမွာ ထားဖို႔ က်ား႐ုပ္ အေဆာင္ေလးေတာင္ ရွိေသး “

“ ဟုတ္ပါၿပီ …” 

‘ အေမမွ လီက်ယ္ ပန္းၿခံ ထဲသြားၿပီး ျခင္ရိုင္းေတြ ဝိုင္းကိုက္တာ မခံဖူးတာ ေျပာဖို႔လြယ္တာပါ့ ဘယ္နတ္ဘုရားက လာကူညီမလဲ ဆိုတာ သမီးလည္း ျမင္ခ်င္ပါေသးတယ္ ‘

သူမအေမ ထြက္သြားၿပီးေနာက္  တု ယုံးေဝ ပိုသက္သာလာသလို ခံစားလိုက္ရၿပီး သူမ မိုဘိုင္းဖုန္းႏွင့္ ေတာက္ေလွ်ာက္ ေဆာ့ေနလိုက္သည္ ။ အဲ့ဒီေနာက္ သူမ မေန႕ညက တင္ထားသည့္ ပို႔စ္ေအာက္မွာ ေဝေ႐ြ ကြန္မန႔္တစ္ခု ခ်န္ခဲ့တာကို ေတြ႕လိုက္ရ၏ ။

 “ နင္ ဘာျဖစ္လို႔လဲ ? ” တု ယုံးေဝ၏ လက္ေခ်ာင္းေတြက ဒီကြန္မန႔္ကို ျမင္ေတာ့ ရပ္သြားခဲ့သည္ ။

ေဝေ႐ြ က သူမနဲ႕အတူ ႀကီးျပင္းလာတဲ့ သူငယ္ခ်င္းေကာင္း တစ္ေယာက္ပါ ။ စြန္း ေရွာင္ေရွာင္ ေပၚမလာခင္အထိ သူတို႔ရဲ႕  ဆက္ဆံေရးက အေတာ္ ေကာင္းခဲ့ၾကသည္။ တု ယုံးေဝက စြန္း ေရွာင္ေရွာင္ ကို တကၠသိုလ္မွပဲ ေတြ႕ခဲ့ျခင္းျဖစ္၏ ။ စြန္း ေရွာင္ေရွာင္က ရိုးရွင္းတဲ့‌သူ မဟုတ္ဘူး ဆိုတာ ေဝေ႐ြက ခဏခဏ သတိေပးဖူးသည္ ။    စြန္း ေရွာင္ေရွာင္နဲ႕ သိပ္အဆက္အသြယ္ မလုပ္ဖို႔လည္း ေျပာခဲ့‌ေပမဲ့ သူမ နားမေထာင္မိခဲ့ေပ။

ေနာက္ပိုင္းမွာ သူမႏွင့္ စြန္း ေရွာင္ေရွာင္က ပိုရင္းႏွီးလာခဲ့ၿပီး သူမနဲ႕ေဝေ႐ြရဲ႕ ဆက္ဆံေရးက‌ေတာ့ ျပတ္ေတာက္ သြားခဲ့သည္ ။ သို႔ေပမဲ့ ဘယ္သူမွ ဝင္မကူညီရဲၾကသည့္ တု မိသားစု ျပႆနာတက္ေနသည့္အခ်ိန္တြင္ ေဝေ႐ြကသာ က်န္းမိသားစုကို ဆန႔္က်င္ၿပီး သူမကို တိတ္တဆိတ္ ေငြေပးရန္ စြန႔္စားရဲခဲ့သူ ျဖစ္သည္ ။  တု ယုံးေဝသည္ ေဝေ႐ြ၏ ဝီခ်က္ ပရိုဖိုင္ ဓာတ္ပုံကို ေထာက္ကာ စကားေျပာခန္းထဲ ဝင္လိုက္ၿပီး မက္ေဆ့ခ္်သဳံးခုကို ဆက္တိုက္ ပို႔ေပးလိုက္၏ ။

ယုံးေဝ : ေ႐ြ… ငါက တကယ္ကို စိတ္ပ်က္စရာ ေကာင္းလြန္းတာပါ !

ယုံးေဝ : ေ႐ြ နင္ကမွ ငါ့ရဲ႕ တစ္သက္တာ သူငယ္ခ်င္းပဲ !

ယုံးေဝ : ဒီေန႕လည္ခင္း အားလား ? သြားၾကစို႔ ! က်န္းမာေရး ဂ႐ုစိုက္မႈ ႀကီးႀကီးမားမား သြားလုပ္ရေအာင္ ငါနင့္ကို ဖိတ္တယ္ !!

ေဝေ႐ြ : “….. ” ‘ သူမ တု ယုံးေဝ ေက်ာင္းမွာ ဘာျဖစ္ခဲ့လဲဆိုတာ ၾကားခဲ့သည္ ၊ ဒါေပမဲ့ သူမ ဒီေလာက္ စိတ္ဓာတ္ က်သြားမယ္ လို႔ေတာ့ မေမွ်ာ္လင့္မိခဲ့ '

တု ယုံးေဝရဲ႕ က်န္းမာေရး‌ ေစာင့္ေရွာက္မႈႀကီး ဆိုတာက တကယ္ကို ရိုးရိုးရွင္းရွင္းေလး မဟုတ္ပါဘူး ၊၊ ခႏၶာကိုယ္ တစ္ခုလုံးကို အမွန္အကန္ ႏွိပ္နယ္ျခင္းပါ အႏွိပ္ကုတင္ အေကာင္းစားႀကီးေပၚ လွဲရင္း အႏွိပ္ဆီေတြကို တစ္ကိုယ္လုံးေပၚ လူးၿပီး အမ်ိဳးသမီးလွလွ တစ္‌ေယာက္ က ႏွိပ္နယ္ေပးေနျခင္းမ်ိဳး ျဖစ္သည္ ။ သူမရဲ႕ အဖ်ားေတြေတာင္ ေပ်ာက္ကြယ္သြားၿပီဟု တု ယုံးေဝ ခံစား‌ေနရ၏ ။

“ အာ… ဇိမ္ရွိလိုက္တာ … ”

တု ယုံးေဝ အခန္းတြင္း ဖြင့္ထားေသာ တီးလုံးသံ ညိမ့္ညိမ့္ေလးကို နားေထာင္ရင္း ရီေဝေဝ ခံစားေနရသည္ ။

ေဝေ႐ြ ကလည္း သူမေဘးမွာ လွဲေနရင္း အရမ္းကို သက္ေတာင့္သက္သာ ရွိေနေလသည္ : “  နင္ ေျပာတာ နင့္အေမက နင့္ ကံၾကမၼာဖတ္ဖို႔ တစ္ေယာက္ေယာက္ ေတြ႕ထားၿပီဆို အဲ့တာ အလုပ္ေရာ ျဖစ္ရဲ႕လား ? “

တု ယုံးေဝ ေျပာလိုက္၏ ။

“ လမ္းတစ္ဝက္မွာတင္ အလုပ္ျဖစ္တယ္ ၊ မေန႕က လီက်ယ္ ပန္းၿခံ မွာ ေကာင္ေခ်ာေလး တစ္ေယာက္ကို ေတြ႕ခဲ့တယ္ ”

“ ဖူးးး ” ေဝေ႐ြ မထိန္းနိုင္ဘဲ ရီသံထြက္လာသည္ ။

“ တု ယုံးေဝေရ နည္းနည္း ေလးေလာက္ ရင့္က်က္ေပးလို႔ ရမလားး ? ”

တု ယုံးေဝ ထူးမျခားနားစြာပဲ ေျပာလိုက္၏ : “နင္လည္း သူ႕ကို ျမင္ၿပီးရင္ ရင့္က်က္တဲ့သူ ျဖစ္ခ်င္ေတာ့မွာ မဟုတ္ဘူး “

“ သူက အဲ့ေလာက္ကို ေခ်ာတာလားး ? ”

“‌‌ ေျပာရမယ္ဆိုရင္ကြာ သူက မိမိုက္ေနတာမ်ိဳး ဒါမဲ့ ေဈး‌ေတာ္ေတာ္ႀကီးတဲ့ ဝတ္စုံ ဝတ္ထားတယ္ဆိုေတာ့ သူ႕မွာ ေနာက္ခံေကာင္းေကာင္း ရွိရမယ္ “

ေဝေ႐ြ မ်က္ခုံးေတြ တြန႔္ခ်ိဳးၿပီး တစ္ခုခုကို ေတြးေနသည္ :  “ မျဖစ္သင့္ဘူးဟ ပုံမွန္ဆို ၿမိဳ႕ေတာ္ေအက ခ်မ္းသာတဲ့သူေတြ အကုန္လုံးကို နင္ သိတယ္ေလ “

“ငါလည္း အဲ့တာ ေတြးေနတာပဲ သူက တျခားေနရာကမ်ား ျဖစ္နိုင္မလား “

ေဝေ႐ြ ေျပာလိုက္၏ : “ ဒါမဲ့ ငါတို႔ သြားေနက် လူမႈေရးပြဲေတြ တက္စရာ မလို‌ေအာင္ကို  သူ႕အဆင့္က အရမ္း ျမင့္လြန္းေနလို႔ နင္ မသိတာလည္း ျဖစ္နိုင္တာပဲ “

ဒီ စကားလုံးေတြက တု ယုံးေဝ ကို နည္းနည္း စိတ္ဝင္စား သြားေစသည္ : “ ၿမိဳ႕ေတာ္ေအမွာ အဲ့လိုလူမ်ိဳး ရွိေသးတာလား ? ”

“ ရွိတာ‌ေပါ့ ဥပမာေျပာရရင္ ….. “ ေဝေ႐ြ က်န္း မိသားစုရဲ႕ က်န္း ေရွာင္ယန္ ဆိုၿပီး ေျပာမိေတာ့မလို႔ ေပမဲ့ သူ႕ပါးစပ္နား ေရာက္လာသည့္ စကားလုံးေတြကို ျပန္ၿမိဳခ် ပစ္လိုက္ရ၏ ။ ‘တု ယုံးေဝ က မၾကာေသးခင္ကမွ က်န္း ရွိန္းက်ဲ ေၾကာင့္ နာက်င္ထားရတာ သူ႕ေရွ႕မွာ က်န္း မိသားစုအေၾကာင္း မဟသင့္ဘူး '

“ဥပမာ‌ ေျပာရရင္ ဆိုတာ ဘယ္သူလဲ? “  ေဝေ႐ြက ဆက္မေျပာတာကို ျမင္သည့္အခါ တု ယုံးေဝ သိခ်င္စိတ္အျပည့္နဲ႕ ေမးလိုက္သည္ ။

“ ဘယ္သူမွ မဟုတ္ပါဘူး ငါ ေျပာလိုက္ရင္ေတာင္ နင္မသိဘူးရယ္ သူတို႔ကို “

ေဝေ႐ြ စကားလမ္းေၾကာင္း‌ ေျပာင္းလိုက္၏ ။

“ အႏွိပ္သည္ အေၾကာင္း ေျပာေတာ့မွပဲ ဒီက လက္ရာက တကယ္ကို ေကာင္းတာေနာ္ “

“ဟုတ္တယ္ ငါ တကယ္ သူတို႔ထဲက တစ္ေယာက္ကို ငါတို႔အိမ္ကို ဖိတ္ခ်င္တာ “ တု ယုံးေဝ ေျပာလိုက္သည္ ။ သူမ ဒီေရာက္စ တုန္းက သူမကို ႏွိပ္ေပးေနသည့္ အႏွိပ္သည္ အမ်ိဳးသမီးကို “ တစ္လကို ဘယ္ေလာက္ရတာလဲ ? ” လို႔ တကယ္ေမးခဲ့ဖူးသည္ ။ ႏွိပ္ေပးေနသည့္ သူ က ရီရင္း ျပန္ေျဖခဲ့၏ : “ မစၥ တု က ကြၽန္မတို႔ရဲ႕  လစာကို ဂ႐ုမစိုက္ဘူး ဆိုတာေတာ့ ေသခ်ာပါတယ္ “  

တု ယုံးေဝ ေျပာလိုက္သည္ ။

” အို႔ … ဒီအရည္အခ်င္းနဲ႕ဆို ေနထိုင္စားေသာက္ဖို႔က မပူရဘူးဆိုတာ ေသခ်ာပါတယ္ ႏွိပ္တာက တကယ္ကို ေကာင္းတာ “

ေဝေ႐ြ သူမကို အံဩမႈတစ္ခ်ိဳ႕နဲ႕ အတူ လွမ္းၾကည့္လိုက္၏ : “ ခ်စ္ရပါေသာ သခင္မေလးတုက အဲ့ဒီလိုမ်ိဳး ဘယ္လို‌ ေတာင္ ေျပာနိုင္ရတာလဲ “

တု ယုံးေဝ ေဝေ႐ြကို မ်က္လုံး ေဝ့ၾကည့္လိုက္ၿပီး တည္တည္ၿငိမ္ၿငိမ္ နဲ႕‌ ေျပာလိုက္၏ :

“ ေ႐ြ ငါတို႔က ပိုက္ဆံရွိတဲ့ မိသားစုမွာေမြးၿပီး ငယ္ကတည္းက ခ်မ္းခ်မ္းသာသာ ေနလာခဲ့ရတာ.. ပိုက္ဆံရဖို႔ဆိုတာ ငါတို႔အတြက္က အရမ္း လြယ္လြန္းတယ္ ဒါေၾကာင့္ ငါတို႔က ပိုက္ဆံကို သိပ္ဂ႐ုမစိုက္ ျဖစ္ၾကဘူး အဲ့ဒါ မျဖစ္သင့္ဘူး ငါတို႔က ပိုက္ဆံကို အာ႐ုံစိုက္မွရမွာ … မဟုတ္ရင္ တစ္ရက္က် ပိုက္ဆံေတြဆိုတာ ငါတို႔ဆီက ထြက္သြားၿပီး ငါတို႔ကို ခ်န္ထားခဲ့လိမ့္မယ္ “

“…ငါ နင့္ကို ေမးခ်င္တယ္ ဘာကမ်ား နင့္ကို ဒီလို အေတြးအျမင္ေတြ ျမင္တတ္ သြားေအာင္ လုပ္လိုက္ရတာလဲ ? “ ေဝေ႐ြ သူမကို ေမးခြန္းထုတ္ လိုက္သည္ ။

တု ယုံးေဝ ေျပာ၏ : “ေ႐ြ နင္ ဟင္းသီး ဟင္း႐ြက္ ေဈးကို ေရာက္ဖူးလား ? “

 “ အေသအခ်ာကိုပဲ ဘယ္လိုလုပ္ ေရာက္ဖူးမွာလဲ ?  ငါတို႔ မိသားစုမွာ ခိုင္းစရာလူေတြ ရွိေနတာကို ဘာလို႔ ငါတို႔ ကိုယ္တိုင္ သြားဝယ္ရမွာလဲ ? “  တု ယုံးေဝ ရဲ႕ ေမးခြန္းက ေဝေ႐ြကို ရယ္ေစခဲ့၏ ။ သူမနဲ႕ တု ယုံးေဝ ႏွစ္ေယာက္လုံးက ငယ္စဥ္ ကေလးဘဝ ကတည္းက ဘယ္အိမ္အလုပ္မွ မလုပ္ဖူးခဲ့ေခ် ။

တု ယုံးေဝ သက္ျပင္းခ် လိုက္ၿပီး ေဝေ႐ြကို ေျပာလိုက္၏  :

“ ဟင္းသီး ဟင္း႐ြက္ေဈးကို မေရာက္ဖူးတဲ့ သူေတြက ငါနဲ႕ ဘဝ အေၾကာင္း ေဆြးေႏြးလို႔ မရ‌ေသးဘူး “

ေဝေ႐ြ : “ ….. ” ‘ အန္တီက်န္းက တု ယုံးေဝကို ေဗဒင္ဆရာဆီ ေခၚမသြားသင့္ဘဲ စိတ္ေရာဂါကု ဆရာဝန္ နဲ႕ ျပေပးသင့္ေနတာ' ဟု ပင္ ခံစားလိုက္ရသည္ ။

တစ္ကိုယ္လုံး အႏွိပ္ခံၿပီးတဲ့‌ေနာက္ တု ယုံးေဝ သက္ေတာင့္ သက္သာ ရွိသြားၿပီး စကားေျပာဆိုတာေတာင္ နည္းလာခဲ့၏ ။ သူမ ဗီတာမင္ အားေဆးကို ေသာက္ၿပီး အိပ္ရာဝင္လိုက္ ေတာ့သည္ ။ ေနာက္ေန႕မနက္ ဆယ္နာရီ၌မူ ေဗဒင္ဆရာနဲ႕ ေတြ႕ရမည္ဟု ဆိုကာ သူမအေမ ႏွိုးတာကို ခံလိုက္ရေတာ့၏ ။

ကံၾကမၼာ အေၾကာင္း ေျပာေဟာသည့္ ေဗဒင္ဆရာက တု ယုံးေဝ ေတြးထားသည္ႏွင့္ ကြာျခားလြန္းလွသည္ ။ ေတာနက္ႀကီး အတြင္းပိုင္းတို႔  ေတာင္ေတြ ၾကားမွာတို႔တြင္ မေနဘဲ ၿမိဳ႕လည္ေခါင္ရွိ ႐ုံးခန္း အေဆာက္အဦး တစ္ခုထဲမွာ စတူဒီယိုကို ဖြင့္ထားျခင္း ျဖစ္၏ ။

 ‘ ….. သူက တကယ္ကို ေခတ္နဲ႕ လိုက္ၿပီး ေနတတ္တာပဲ '

သူမႏွင့္ သူမအေမ တို႔ ႏွစ္ဆယ္သုံးထပ္ အထိ ဓာတ္ေလွကား စီးသြားၾက၏ ။ ဓာတ္ေလွကား တံခါးက ထြက္ထြက္ခ်င္း မ်က္ႏွာခ်င္းဆိုင္ နံရံေပၚ ခ်ိတ္ဆြဲထားေသာ “ ခ်န္း က်ိဳင္ရွင္း စတူဒီယို “ ဆိုသည့္ စကားလုံးေတြကို ျမင္လိုက္ရသည္ ။

“ ဒီဆရာ ခ်န္း က်ိဳင္ရွင္း က ဆရာခ်န္း ရွင္း ရဲ႕ ေျမးေလ ၊ သူ႕ရဲ႕ တစ္ဦးတည္းေသာ ဆက္ဆံသူဆိုလည္း ဟုတ္တယ္ “  က်န္း မန္လင္း က တု ယုံးေဝကို ဆရာ ခ်န္း က်ိဳင္ရွင္းအေၾကာင္း မိတ္ဆက္ေပးၿပီး သူ႕ ႐ုံးခန္းကို ဦးေဆာင္ ေခၚသြားေတာ့သည္ ။ တု ယုံးေဝ က ျပန္ေျဖဖို႔ရာကို စိတ္မဝင္စားေပ ။ ဘယ္လိုပဲျဖစ္ျဖစ္ ခ်န္း ရွင္းေနေန ခ်န္း က်ိဳင္ရွင္းေနေန သူမ ဘယ္သူ႕ကိုမွ မွ မၾကားဖူးတာ ။

“ ဒီမွာ ”

ဆရာခ်န္း က်ိဳင္ရွင္း ႐ုံးခန္းတံခါးကို ေရာက္ေသာအခါ က်န္း မန္လင္း ရပ္လိုက္ၿပီး တံခါးေခါက္ လိုက္၏ ။

“ ဆရာ ခ်န္း ကြၽန္မ ကြၽန္မသမီးကို ေခၚလာခဲ့ပါၿပီ “

“ ေက်းဇူးျပဳ၍ ၊ ဝင္ခဲ့ပါ ”

တု ယုံးေဝ က ဆြဲေဆာင္မႈရွိသည့္အသံ ထြက္လာတာကို ၾကားလိုက္ ရေသာအခါ အံ့ဩသြားျပန္သည္ ။

' ေဗဒင္ဆရာ ေတြအားလုံးက သက္လတ္ပိုင္း အ႐ြယ္ေတြ မဟုတ္ဘူးလား ? ဘာလို႔ ဒီဆရာရဲ႕  အသံက အသက္ႏွစ္ဆယ္ေက်ာ္ အ႐ြယ္ထဲမွာ ရွိေနတဲ့ လူေခ်ာေလးအသံ လိုမ်ိဳး ျဖစ္ေနရတာလဲ ? ‘

“ သြား ဝင္ ၊ ဆရာက သမီးနဲ႕ၿပီးရင္ စကားေျပာလိမ့္မယ္ ၊ အဲ့ဒီအခါက်ရင္ ေပါက္ကရေတြ မေျပာနဲ႕  “ တု ယုံးေဝ နားေထာင္လိုက္ၿပီး ပြင့္ပြင့္လင္းလင္း‌ ၿပဳံးျပလိုက္၏  :

“ တိုက္ဆိုင္လိုက္တာေနာ္ သမီးကလည္း စကားေျပာခ်င္ေနတာ “

က်န္း မန္လင္း တံခါးကို ဖြင့္လိုက္သည္ ။ တု ယုံးေဝ သူမ ေနာက္ကေနၿပီး လိုက္ဝင္သြားခဲ့၏ ။ တံခါးေပါက္က ခ်န္း က်ိဳင္ရွင္းရဲ႕ စားပြဲခုံႏွင့္ မ်က္ႏွာခ်င္းဆိုင္ ျဖစ္သည္ ။ စားပြဲခုံေပၚတြင္ ကြန္ျပဴတာ တစ္လုံး ရွိေနၿပီး မ်က္ႏွာျပင္က ဆရာ၏မ်က္ႏွာကို ကြယ္ေန၏ ။

စားပြဲခုံရဲ႕ အေနာက္က နံရံေပၚမွာေတာ့ နဂါးႏွင့္ဇာမဏီတို႔ ကေနဟန္ လက္ေရးအလွ ေရးသားခ်က္တို႔ ရွိေနၿပီး သစ္သား အေကာင္းစားျဖင့္ ေဘာင္သြင္းထားသည္ ။ ဒီလက္ေရးလွ ပန္းခ်ီကား က အရမ္းကို မ်က္စိ ဖမ္းစားနိုင္ လြန္းလွ၏ ။ တု ယုံးေဝ မေနနိုင္ဘဲ ေသခ်ာ ၾကည့္မိလိုက္ေတာ့ _

“ ဒီ ကံၾကမၼာအရ‌ ေတြ႕ဆုံမႈကို တန္ဖိုးထားပါ ”

တု ယုံးေဝ : “..…”

 ‘ ဆရာက ေခတ္စနစ္နဲ႕ လိုက္ညွိၿပီး ေခတ္မွီေအာင္ ေနေပမဲ့လည္း ဒါကေတာ့ ေတာ္ေတာ္ကို ေရွးရိုး ဆန္တာပဲ '

“ ဒီမွာ ထိုင္ပါ ” ခ်န္း က်ိဳင္ရွင္း က ကြန္ျပဴတာ စားပြဲမွ ထရပ္ၿပီး က်န္း မန္လင္း နဲ႕ တု ယုံးေဝ ကို ေျပာလိုက္သည္ ။ ေနာက္ဆုံးမွာေတာ့ တု ယုံးေဝ ဆရာရဲ႕ မ်က္ႏွာကို ျမင္လိုက္ရပါၿပီ … သူက တကယ္ကို ငယ္႐ြယ္ၿပီး ခပ္ေခ်ာေခ်ာ လူငယ္တစ္ေယာက္ပါ ! လီက်ယ္ ပန္းၿခံမွာ အဲ့ဒီေန႕က သူမ ေတြ႕လိုက္ရတဲ့ ေအးစက္စက္ ခန့္ခန႔္ ျငားျငားပုံစံ အမ်ိဳးသားထက္ အနည္းငယ္ မဆိုစေလာက္ေလးပဲ ေလ်ာ့သည္ ။

တု ယုံးေဝ ႏႈတ္ခမ္း‌ေတြ တြ႕န့္သြားၿပီး ျပင္သစ္စတိုင္ ျပတင္းေပါက္ ေဘးက ဆိုဖာ အေသးေလးေပၚ သူမအေမေနာက္က လိုက္၍ ထိုင္ခ်လိဳက္၏  :

“ အေမ သူကေခ်ာတာနဲ႕ပဲ သူ႕ဆီက အလွည့္စားခံရဖို႔ ကိုယ္တိုင္ဆႏၵ ရွိေနတာလို႔ေတာ့ မေျပာနဲ႕ေနာ္ “

“ ဒီကေလး ကေတာ့ ဘာေတြေလွ်ာက္‌ေျပာေနတာလဲ အဓိပၸာယ္မရွိ ေပါက္တတ္ကရေတြ မေျပာနဲ႕လို႔ ခုနေလးတင္မွ ေျပာထားတာေလ “

ခ်န္း က်ိဳင္ရွင္း အၿပဳံးေလးနဲ႕ ေျပာလာသည္ : “ ရပါတယ္ဗ်ာ သူကလုံးဝကို တည့္တိုး ေျပာတတ္တာပဲ “

တု ယုံးေဝ : “..…”

‘ ဟက္ ဒီလူက အေရ တကယ္ထူတယ္ဟ ‘

သူက တု ယုံးေဝကို နက္နက္ရွိုင္းရွိုင္း စိုက္ၾကည့္လိုက္၏ : “ တု သခင္မေလး ၾကည့္ရတာ ကြၽန္ေတာ့္ကို ယုံၾကည္တဲ့ပုံ မေပၚဘူးပဲ ၊ တကယ္လည္း လူတိုင္းက ဒီလို ထူးျခားဆန္းၾကယ္တဲ့ကိစၥေတြကို ယုံၾကတာမွ မဟုတ္တာ ၊ ဒါေပမဲ့ မင္းကေတာ့ ေသခ်ာေပါက္ကို ယုံၾကည္လိမ့္မယ္ လို႔  ကြၽန္ေတာ္ ထင္ထားတာ “

တု ယုံးေဝ မတတ္နိုင္ဘဲ သူ႕ကို စိုးရိမ္တႀကီး ေငးၾကည့္မိသြား၏ ။

‘ သူ ဘာကို ေျပာခ်င္တာလဲ ? ငါ ျပန္ေမြးဖြားလာတာကို သူ ျမင္နိုင္တာလား ? ‘

“ဆရာက ဘာကို ဆိုလိုတာလဲ ?” တု ယုံးေဝ မဝံ့မရဲ ေမးလိုက္မိသည္ ။

ခ်န္း က်ိဳင္ရွင္းေျပာလိုက္၏ :

“ မင္း အေမက မင္းရဲ႕ ကံၾကမၼာကို ေျပာင္းေစခ်င္ေနတာ အဲ့မတိုင္ခင္ မင္းရဲ႕ကံကို တစ္ခ်က္ ဖတ္ၾကည့္ဖို႔လည္း ေမးထားေသးတယ္ ၊ ဒီကမာၻႀကီးမွာ လူတိုင္းက ေကာင္းကင္ဘုံ အလိုကို ဆန႔္က်င္ၿပီး အစကေနျပန္စဖို႔ ၊ ကံၾကမၼာကို ေျပာင္းလဲပစ္ဖို႔ အခြင့္အေရး ရၾကတာ မဟုတ္ဘူး “

 တု ယုံးေဝ သူမလက္က ေခြၽးေအးေတြပင္ ထြက္လာ၏ ။  ‘ဒါေတြက ေဗဒင္ဆရာေတြရဲ႕ အက္‌ေၾကာင္းထပ္ေနတဲ့ လက္သုံးစကား‌ေတြ ဒါမဲ့ သူက ခန႔္မွန္းတာ အဲ့ေလာက္ေတာ္တာလား ဒါမွမဟုတ္ သူက တကယ္မ်ားလား ? ‘

“ မွန္ပါတယ္ ဆရာ ခ်န္း ဒီတစ္ခါေတာ့ ကြၽန္မ သမီးေလးကို ကူညီဖို႔ ဆရာ့ကိုပဲ ဒုကၡေပးရဦးမယ္ “

ခ်န္း က်ိဳင္ရွင္း လြတ္ေနတဲ့ ဆိုဖာဆီကို သြားၿပီး ထိုင္ခ်လိဳက္သည္ ။ တု ယုံးေဝကို မ်က္ႏွာခ်င္းဆိုင္ရင္း :

“မစၥ က်န္း မစိုးရိမ္ပါနဲ႕ ခင္ဗ်ားရဲ႕ အဖိုးတန္ သမီးေလးရဲ႕ကံတရားက တေျဖး‌ေျဖးခ်င္းနဲ႕ ေျပာင္းလဲေနပါၿပီ “

“ ဒီလိုဆို ေတာ္ေသးတာေပါ့ ေကာင္းတယ္ ေကာင္းတယ္  “ က်န္း မန္လင္း စိတ္သက္သာရာရစြာ ရင္ကိုဖိလိုက္သည္ ။

သူက တု ယုံးေဝ ကို ၾကည့္ၿပီး ေျပာခဲ့၏ : “မစၥတု မွာ အခြင့္အေရး ရွိမွေတာ့ သူမ ဒါကို တန္ဖိုးထားမွရမယ္ ၊ ၿပီးေတာ့ သူမရဲ႕ အတိတ္က အစြဲအလမ္းေတြကို လည္း လက္လႊတ္ လိုက္သင့္တယ္ “

တု ယုံးေဝ သူ႕မ်က္လုံးေတြထဲ ၾကည့္လိုက္ရင္း သူမ ႏႈတ္ခမ္းေတြကိုပင္ ခပ္တင္းတင္းေစ့မိသြား၏ ။ အခု သူမမွာ ဒီ ဆရာခ်န္း က်ိဳင္ရွင္းက တကယ္ အကုန္လုံးကို သိေနတယ္ဆိုတဲ့ ထူးဆန္းတဲ့ ခံစားခ်က္ႀကီး တစ္ခု ျပင္းျပင္း ထန္ထန္ ခံစားေနမိသည္။

“ အို႔ … ဒါဟုတ္တယ္ “ ခ်န္း က်ိဳင္ရွင္း ႏႈတ္ခမ္းတို႔ တြန့္‌ေကြးကာ သူမကို ၿပဳံးျပလိုက္ၿပီး : “ မစၥ တု မွာ ေကာင္းတဲ့ အရာေတြ ေဆာင္႐ြက္ရဖို႔ ရွိေသးတယ္ လုပ္စရာေတြ အမ်ားႀကီးပါပဲ က်န္ေသးတယ္ “

Continue Reading

You'll Also Like

6.7K 562 14
ကဝေမဒီလေး ဒီnovelလေးကတော့ ချစ်ဖို့ကောင်းတဲ့novelလေးလို့ပြောရပါမယ်။ အချိုလေးတွေ စားချင်တဲ့သူတွေဆိုရင်တော့ ဒါလေးကိုဖတ်သင့်ပါတယ်ရှင့်။ 😍
349K 8.7K 80
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
1.9K 155 63
A place Beyond Heavens(2019) and Teares of Heroes(2020) by Thaw Lwin Ko Ko.
24.9K 3.1K 61
[ Myanmar Translation ~ ] Author(s) -Gu Lezhi (顾了之) Associated Names -Ni Shi Chi Lai De Huanxi -You Are My Fateful Happiness -You Are My Belated Hap...