ငါ ပိုင်တဲ့ ငါ့နေရာ (Complete)
By Zphoowai
450K 21.6K 1.3K
Boy ×Boy Age gap More
Intro
အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း(၂၅)
အပိုင်း (၂၆)
အပိုင်း (၂၇)
အပိုင်း(၂၈)
အပိုင်း (၂၉)
ဇာတ်သိမ်းပိုင်း
Extra
အပိုင်း (၂၀)
11.8K 615 47
By Zphoowai
{Unicode}
...ချစ်လို့ ယူထားတာကိုဗျာ...
ခင်ဗျားတို့က ဘယ်နဲ့ဖြစ်....။
****
ယခင်အပိုင်းမှ အဆက်
"ဒီကလေးတွေက ဒီအတိုင်း ဖြစ်‌နေပြီဆိုရင်တောင် ကျွန်မကတော့ လက်မခံနိုင်ဘူး..."
အစ်ကို့အဖေကတော့ ကျွန်တော်နှင့် အမေ့ကို တစ်ချက်မျှ ကြည့်လာပြီး....
"ငါက ... နင်တို့ကို အဲ့လိုမျိုးထိ လက်ခံခိုင်းတာ မဟုတ်ပါဘူး...။ ပထမဆုံး အနေနဲ့... အရင်က ခင်မင်ခဲ့ပြီးသား မိသားစု နှစ်ခုကို ဒီကိစ္စတစ်ခုနဲ့ အပြက်ပြက်နဲ နှာခေါင်းသွေး ထွက်မှာ မလိုလားလို့ပါ...။ ပတ်ဝန်းကျင်ကလည်း နည်းနည်း ကိစ္စရှိနေပြီဆိုတော့ ညှိပြီး လုပ်မလို့ပါ..။ ဒီ့ထက် မဆိုးဝါးလာခင်ပေါ့..."
"........."
အမေကတော့ ဦးလေးစကားကို ဘာမှမပြောဘဲ ငြိမ်နေသည်...။
"သေချာ စဉ်းစားကြည့်ပါ... ငါ့နှမ..။ ဒီကိစ္စက ဒီလို ဖြေရှင်းလို့ မရပါဘူး...။ ဦးနှောက်အေးအေးနဲ့ ဖြေရှင်းမှ ရမယ်..."
"ဟုတ်... ဒါဆို.. ကျွန်မ စိတ်အေးအေးနဲ့ စဉ်းစားလိုက်ပါဦးမယ်...။ ကျွန်မလည်း ဘေးစကားတွေနဲ့ ကိုယ့်ကလေးကို ထိခိုက်တာမျိုးတွေရှိလို့...။ ပြီးတော့ သူကလဲ အိမ်ကို အကျိုးအကြောင်းတောင် လာမပြောနိုင်ဘဲ ဖြစ်နေလို့ပါ..."
မေမေကတော့ နောက်ဆုံးမှာတော့ တစ်ထစ်မှ လျှော့ချလိုက်လေပြီ...။ ပြီးတော့ ကျွန်တော့်ကို မျက်ရည်များ... ကရုဏာ ဒေါသများနှင့်အတူ ရှိနေသည့် ကြည့်လာသည့် အချိန်မှာတော့ ကျွန်တော် ခေါင်းကိုသာ ငုံ့ထားလိုက်မိတော့သည်...။
မကြာမီပင် ဦးလေးသက်တို့ ပြန်သည့် အချိန်မှာတော့ ကျွန်တော်လည်း အိမ်ကို တစ်ချက်ကြည့်ပြီး ကျွန်တော့်အကျီ်ထုပ်များကို နေရာချဖို့ ပြင်လေတော့ မေမေက...
"ဒီကို လာဦး... ကူးငယ်...။ ငါက နင့်ကို သေချာမကျွေးမွေးထားလို့... သေချာ မထားလို့ ဒီလောက်ကြီး မိုက်လုံးကြီးရလားဟင်...။ ကျောင်းတောင် မပြီးသေးဘဲ နင်က အိမ်ကို အာခံပြီပေါ့...။ ဘာမှမပြောဘဲ ယောကျ်ားနောက် လိုက်တယ် ဟုတ်လား? ငါ ရှက်လို့ သေတော့မယ်...။ နင့်ကို တစ်ရွာလုံးက ဘယ်လို ပြောနေတယ်ထင်လဲ...? နင်က မြူဆွယ်တာတဲ့...။ အစကတည်းက နင်ကိုယ်တိုင်က မြူဆွယ်နေတာတဲ့...။"
"........."
"ငါတို့ကို ငွေမက်လို့တဲ့...။ ပြီးတော့ ခါနွေဦးလို လူမျိုးက မိန်းမပဲ ယူမှာဟဲ့...။ မင်းကို တကယ်ကြိုက်တယ် ထင်နေတာလား? သူနဲ့ ဟို တောင်ပိုင်းက မြတ်နိူးဆိုတဲ့ မိန်းကလေးနဲ့က မိဘချင်းတောင် ပြောဆိုထားပြီးသား...။ နင် ဘာတွေ တွေးနေတာလဲ? ငါတို့ကို ရွာမှာ မျက်နှာမပြနိုင်အောင် အိုးမဲသုတ်ဖို့ ကြိုးစားနေတာလား?"
မေမေကတော့ ကျွန်တော့်ကို ကရုဏာဒေါသောနှင့် အပြည့်အဝဆူသည့် အချိန်မှာတော့ ကျွန်တော် ဘာမှမပြောနိုင်ဘဲ ငြိမ်နေမိတော့သည်...။ ကြိုက်သလိုသာ ကျွန်တော့်ကို လုပ်ကြပါတော့....။
"အရီးလေး... အမလေး... မလုပ်နဲ့။ မလုပ်ပါနဲ့..."
ကျွန်တော်လည်း ဘာမှမပြောဘဲ အမေလုပ်သမျှ ငြိမ်ခံနေတော့... မကြာခင်မှာပင် အိမ်ဘေးမှ မင်းသွေး က လာရောက်ပြီး မိဘနှင့် သားသမီးကြား ဝင်ရောက်ကြားဖြန့်၍....။
သူကတော့ ကျွန်တော့်ကို ကြားထဲမှ ဆွဲထုတ်လာပြီးသည့်နောက် တစ်နေရာသို့။ မေမေကတော့ ဘာမှမပြောတော့ဘဲ တရှုံ့ရှုံ့သာ ငိုကြွေးပြီး ကျန်နေခဲ့လေပြီ။
အိမ်အနောက်ဘက်မှ တစ်နေရာ....
"ဘယ်လို ဖြစ်ရတာလဲ ကူးငယ်ရယ်...။ ငါက မင်း အဲ့လိုလုပ်သွားတာကို.. ယုံကို မယုံနိုင်ဘူး။ အစ်ကိုခါနွေက မင်းကို အတင်းခြိမ်းခြောက်ပြီး ခေါ်သွားတာမလား?"
သူကတော့ ကျွန်တော့်အခြေအနေကို တစ်ချက်ကြည့်လာပြီး မေးလာတော့ ဘာမှမပြောနိုင်ဘဲ ခေါင်းကိုသာ ငုံ့လျက် တရှုံ့ရှုံ့ ငိုကြွေးလိုက်မိတော့သည်။
နေ့လည်ပိုင်း...
"နေဦး... ခါနွေ... သား အနောက်ပိုင်းကို မသွားရသေးဘူး...။"
"ဘာဖြစ်လို့လဲ အဖေ..။ ကျွန်တော် အိန္ဒြေ့ကို သွားခေါ်မလို့ပါ..."
"နေဦး ... ခဏလာဦး... အဲ့လိုလုပ်လို့ မရဘူး...။ အဖေတို့ ကောလဟာလကိစ္စတွေကို နည်းနည်း အရင်ထိန်းမှရမယ်...။"
"ဘာတွေ ဖြစ်နေလို့လဲ အဖေ..."
"မင်း သတိထားရမယ့် ကိစ္စတွေ အများကြီး ရှိတယ်။ အခုလောလောဆယ်တော့ မသွားပါနဲ့ဦးကွာ..."
"ဒါပေမယ့် သူက ကျွန်တော် လိုချင်တဲ့ တစ်ဦးတည်းသူပါ အဖေ..."
သားဖြစ်သူကတော့ အပြင် တောဘက်က ပြန်လာသည်နှင့် ထိုကလေးဖြစ်သူကို လိုက်ရှာတာပင်။ အိမ်ပြင် အိမ်အောက်  တစ်ဝိုင်းလုံး နေရာအနှံ့ ရှာကြည့်ပြီးသည့်နောက်မှာတော့ အိမ်ဝိုင်းထဲမှ အပြင်ကို ထွက်ဖို့။
"ခါနွေ... မင်းကို မသွားရသေးဘူးလို့ ပြောထားတယ် မလား? ဟိုကလေးက ပြဿနာဖြစ်နေတာ..။ မင်း ဒီလိုလုပ်ရင် ပိုဆိုးသွားလိမ့်မယ်...။"
ထိုအချိန်မှာတော့ အနားသို့ ရောက်လာသည့် သားတော်ကတော့ စိတ်ရှုပ်စွာပင် အနီးနားက ကုလားထိုင်ဘေးက ထပ်ထားသည့် မျိုးစေ့အိတ်များပေါ်တွင် ထိုင်နေသည်...။ ပုဆိုးကို ဒူးအောက်တိုတိုနံ့နံ့လောက်အထိ လိပ်တင်ထားသည်...။
"ဘာတွေလဲဗျာ..? ဘာတွေက ဖြစ်ပြန်ရတာလဲ?"
သားတော်က စိတ်ရှုပ်စွာ မေးလာသည့် အချိန်မှာတော့ မိမိတို့လည်း ဖြောင့်ဖျရတော့မည်...။ 
"ဘာဖြစ်ရမှာလဲ? ဟိုက ကလေးပဲ ရှိသေးတာ...။ အထက်တန်းတောင် အောင်သေးတာ မဟုတ်ဘူး...။ ပြဿနာတွေ ဖြစ်မယ်...။ အသက်မပြည့်သေးဘဲ အဲ့လို ကိစ္စတွေ ဖြစ်ရင်ပိုဆိုးမယ်...။ မင်းက ဒီအတိုင်း ခေါ်ထားလည်း ပတ်ဝန်းကျင် ရှိတယ်...။  ပြီးတော့ ဒါက ပတ်ဝန်းကျင်အနေနဲ့ လူပြောစရာ ဖြစ်တယ်...။ အစကတော့ ငါ ဝင်မပါဘဲ ကြည့်နေခဲ့တယ်...။ ခါနွေ... မင်းကို ငါတစ်ခါမှ အပြစ်မပြောဘူး...။ ငါ့သားက တစ်ခြားကလေးတွေလို မကောင်းတဲ့ ကိစ္စကြီးတွေတော့ မလုပ်ဘူးဟ ဆိုပြီး လွှတ်ပေးထားတာ...။ အခုတော့... ဒီကိစ္စတွေ အတွက်... နှစ်ဖက်လုံးက အခြေအနေ မကောင်းတော့ဘူး...။ ဒီထက်ဆိုးမလာခင် အခြေအနေကို ဦးနှောက် အေးအေးနဲ့ စဉ်းစားသင့်တယ်...။ အဖေ ပြောတာကို ခဏလောက်တော့ နားထောင်ဦး... ငါ့သား..."
ထိုအချိန်မှာတော့ သားဖြစ်သူက ခေါင်းမှ ဆံပင်ကို စိတ်ရှုပ်စွာ ပွတ်သပ်လိုက်ပြီး တစ်နေရာရာကို ငေးစိုက်ကာ လက်သီးကိုသာ တင်းတင်းကြပ်ကြပ် ဆုပ်ထားသည်...။ အံကိုသာ တင်းတင်းကြိတ်ထားမိတော့သည်...။
ကူးငယ်တို့ အိမ် ....
"ဘယ်လိုလဲ? အဆင်ပြေရဲ့လား?"
ကျွန်တော် အိမ်ကို ရောက်သည်နှင့် တစ်ယောက်ပြီး တစ်ယောက် အိမ်ကို လာပြီး မေးလေပြီ။ သူပြန်လို့မှ မဆုံးသေး အိမ်ကို ကိုခက ရောက်လာလေပြီ။
"ဟုတ်... အဆင်ပြေပါတယ် ကိုခ..."
ကိုခကတော့ ကျွန်တော့်ကို တစ်ချက်လောက် ကြည့်လာပြီးသည့်နောက်မှာတော့...
"ဘာမှမဖြစ်တော့နဲ့... ကိုယ့်အမှားမှ မဟုတ်တာ...။ စာထဲကိုသာ အာရုံစိုက်ပါ။ အဲ့ဒါတွေက ပြီးသွားပြီ။ ဘာမှစိတ်ထဲ မထားတော့နဲ့။ စာကိုလည်း အစ်ကို့ကိုပဲ ဟုတ်ပြီလား?"
"ဟုတ် အစ်ကို ကျေးဇူးတင်ပါတယ်...။ ဒါနဲ့ မင်းကြည့်ရတာ နေမကောင်း ဖြစ်နေသလိုပဲ။"
ကိုခကတော့ ‌မိမိအခြေအနေကို ကြည့်ကာ တစ်ချက်မေးလာသည့် ခေါင်းကိုသာ ခါရမ်းပြလိုက်မိသည်။ ထိုအချိန်မှာတော့ အစ်ကိုက ကျွန်တော့်ခေါင်းကို ကိုင်ကာ ဖွဖွလေး ပွတ်သပ်လာသည်။
"ဘာမှမ‌ဖြစ်ဘူး... အဆင်ပြေသွားမှာ။ အကုန်လုံး အဆင်ပြေသွားမှာပါ။ ‌အကုန်လုံးကို အတိတ်မှာ ထားပြီး မေ့ပစ်လိုက်တော့။"
ကိုခက နှစ်သိမ့်သလိုပင် ပြောလာသည်။ ထိုအချိန်မှာတော့ ကျွန်တော်လည်း ထိန်းထားသမျှ အကုန်လုံးကို ဖွင့်ချထုတ်မိလိုက်လေပြီ။ ဒီအတောအတွင်း ကျဉ်းထဲကြပ်ထဲ ဆိုသလိုပင်။ အစ်ကိုက တစ်ဖက်... အိမ်က တစ်ဖက်... ကျောင်းက တစ်ဖက် ဆိုသလိုပင်။
နောက်ပြီး ကျွန်တော် သူမရှိတုန်း ဒီရောက်နေတာကိုပင် ဘယ်လိုဖြေရှင်းရမလဲ။ အစ်ကို့ပုံစံကို ကျွန်တော့်ကို လွှတ်ပေးမှာ မဟုတ်။ အဲ့ဒီအချိန်ကျ ဖြစ်မယ့် ပြဿနာကို ပိုပြီး ရင်လေးရသည်။ ကျွန်တော် ဘယ်လို ဆုံးဖြတ်ရမလဲ တကယ်မသိတော့ပါ။
ညနေပိုင်း...
"ဒီစာက ဒီလို ဖြစ်ရမှာ...။ စာကိုပဲ အာရုံစိုက်နော် ကူးငယ်..."
ကိုခကတော့ ညနေပိုင်းမှာ ကျွန်တော်နှင့် မင်းသွေး ကို စာကိစ္စနဲ့ ထပ်ပြီး ရောက်လာပါသည်။ ကျွန်တော်က ကျောင်းမတက်ရသည့် ရက်များလည်း ရှိသည်မို့ လွတ်သွားသည့် စာများကို ပြန်ပြီး နားလည်အောင် လိုက်နေရပါသည်။
"... ကိုခ... ကျွန်တော် အိမ်သာတက်ချင်လို့ ခဏသွားမယ်နော်။ ခဏစောင့်ဦး မသင်ကြနဲ့ဦး...။"
"ကဲ... စာသင်ရတော့မယ်ဆို အဲ့ဒီမင်းသွေးကတော့လေ...။ မြန်မြန် ပြန်လာခဲ့...။"
"ဟုတ်... ဟုတ်ကဲ့ ကိုခ ကျွန်တော် မနိုင်တော့ဘူးဗျ။ မြန်မြန် ပြန်လာခဲ့မယ်နော်။"
မင်းသွေး အိမ်သာကို အပြေးကလေး သွားသည့်အချိန်မှာတော့ ကိုခက ကျွန်တော် နားမလည်သည့် ပုစ္ဆာများကို တကူးတက ရှင်းပြပေးနေသည်။ ကိုခကတော့ ပုစ္ဆာတစ်ပုဒ်ချင်းစီကို အသေအချာ အာရုံစိုက်ပြီး ရှင်းပြနေသည်...။
တစ်ခါတစ်လေ ကျွန်တော် စိတ်ထင်၍ပဲလား မသိ... ကိုခက ကျွန်တော့်လက်ရေး အရေးအသားကို သေချာကြည့်ရှုနေသည်...။ ကျွန်တော်လည်း သတိထားမိကာ ကိုခကို ကြည့်မိလိုက်သည့် အချိန်မှာတော့ ကိုခ အကြည့်နှင့် ဆုံသည်...။ ထိုအခါမှာတော့ ကိုခက အနည်းငယ် ရှိုးတိုးရှန်းတန်းနှင့်အတူ....
"လက်ရေးလှလို့ ကြည့်နေတာ...။ ကူးငယ် လက်ရေးက အတော်လေးကို အဆင်ပြေတယ်နော်...။ ဘယ်လိုပြောရမလဲ?... လက်ရေးထဲမှာကို အရှိန်အဝါ ပါနေတာ..."
ထိုအချိန်မှာတော့ ကျွန်တော်လည်း ဘာမှမပြောတော့ဘဲ စာအုပ်ထဲမှာ ကျွန်တော့်လက်ရေးများကို ကြည့်လိုက်မိသည်။
ဟုတ်ပါရဲ့...
ကျွန်တော့်လက်ရေးတွေက တစ်စုံတစ်ယောက်ရဲ့ မွေးစားချင်းဆီ ခံလိုက်ရတာပဲ...။
အရင်တုန်းက ကျွန်တော့်ကိုယ်ပိုင်လက်ရေးက ပျောက်လျက် အခုတော့ဖြင့် ဒီလို font design အဆန်းနဲ့ လက်ရေးက နေရာယူထားခဲ့တာ ကြာပြီဖြစ်သည်။
ဒီလို လက်ရေးကို စ ရေးကတည်းက ကျွန်တော့်စာဖတ်တဲ့ လူတော်တော်များများ ဒီအတိုင်းပဲ ပြောကြားခဲ့တာ ဖြစ်သည်။ အခုတော့ဖြင့်....
"........"
ကျွန်တော်က ဘာမှမပြောဘဲ တွေတွေ ငေးကာ ငြိမ်နေတော့ ကိုခက ဘာမှမပေးတော့ဘဲ စာထဲကိုသာ အာရုံစိုက်ဖို့ ပြောနေတော့သည်။
နာရီအနည်းငယ် အကြာမှာတော့ ကျွန်တော်တို့လည်း စာသင်တာပြီးပြီ ဖြစ်သည်။ ဆောင်းတွင်း နေမို့ လျင်မြန်စွာပင် ကျလျက် ရိုးမတောင်တန်းများအကြား တိုးဝင်ပျောက်ကွယ်နေသည်မို့ ပုဇွန်ဆီရောင် ညနေခင်းက လောကဓာတ်တစ်ခွင် ဖြန့်ကျက်နေသည်။
ကျွန်တော်တို့ စာသင်ပြီးသည်နှင့် ကိုခကို မေမေက လိုက်ပို့ဖို့ ပြောတာမို့ မင်းသွေးနှင့်အတူ ရွာထဲသို့ ထွက်လာခဲ့မိတော့သည်။ အမေကတော့ ကျွန်တော့်ကို ဒီအခြေအနေအတွက် လူတောမတိုးစေချင်တာမျိုး အဖြစ်မခံနိုင်တာမျိုးပင်။ ပြီးတော့ အမေ့စိတ်ဓာတ်က ကိုယ်ကောင်းရင် ခေါင်းဘက်မှမရွေ့ဆိုသလိုမျိုး။ သူတို့စကားတွေကို လိုက်ခံစားပြီး  အိမ်တွင်းပုန်းတာမျိုးက ပိုပြီး လူပြောစရာ ဖြစ်တာမို့။
ကျွန်တော်တို့ မေမေ့ကို ပြောပြီး အိမ်တံခါး အပြင် လမ်းကြားထိပ်ပဲ ရောက်ပါသေးသည်။ တစ်စုံတစ်ရောက်နှင့် ထပ်တိုက် တွေ့လေပြီ။ မကြာပါ... ကျွန်တော့်ကို စိတ်မချစွာ လိုက်လာသည့် အိမ်က အစ်မတစ်ဝမ်းကွဲ ဖြစ်သူ။
အားလုံးက အစ်ကို့ကို မြင်သည်နှင့် ကျွန်တော့်ရှေ့မှ ကာလျက် ကျွန်တော်ကတော့ သူတို့နောက်မှ ကပ်လျက် အစ်ကို့ကို တမင်တကာ မကြည့်ဘဲ ရှိနေမိသည်။
"အိန္ဒြေ... "
အံကြိတ်သံနှင့်အတူ ခပ်ကြိတ်ကြိတ် အသံနောက်မှာတော့ ကျွန်တော့်တစ်ကိုယ်လုံး ခဲသွားသလိုပင်။
ထိုအချိန်မှာတော့ ကျွန်တော့်နောက်ကို စိတ်မချဘဲ လိုက်ပါလာသည့် အစ်မတစ်ဝမ်းကွဲကတော့...
"ဒီမှာ ခါနွေ... နင် ကလေးကို အဲ့လိုကြီး လုပ်လို့မရဘူး။ နင် ကလေးကို ဘာဒုက္ခမပေးပါနဲ့။"
ထိုအချိန်မှာတော့ အစ်ကို့ခပ်ကြိတ်ကြိတ် ရယ်သံကိုသာ ကြားနေမိတော့သည်။ သို့သော် အစ်ကို့ကို ကြည့်ဖို့အတွက် အားအင် မရှိသေး....။
"ဩော... ချစ်လို့ ယူထားတာပါဆို ခင်ဗျားတို့က ဘယ်နဲ့ဖြစ်..."
အစ်ကိုက အနည်းငယ် ရိကာ ပြောလာသည့်အချိန်မှာတော့... အစ်မတစ်ဝမ်းကွဲ ဖြစ်သူမှာတော့ အတော်လေးကို စိတ်ဆိုးဒေါသထွက်သွားသည့်ဟန်....။
"နင် ဘယ်လိုပဲ ချစ်လို့ပဲ ယူယူ... ငါတို့ဘက်က သဘောမတူလို့ ဒါကို ကန့်ကွက်ရမှာပဲ...။ "
ထိုအချိန်မှာတော့ အစ်ကိုက...
".. သဘောမတူဘူး ဟုတ်လား? ကျုပ်ကတော့ လုပ်စရာ ရှိတာ လုပ်မှာပဲ..
အိန္ဒြေ... မင်း အိမ်က မင်းအိပ်ရာမှာ ငါကိုယ်တိုင် လာအိပ်ရမလား။ ဒါမှမဟုတ် ငါ့အိပ်ရာမှ မင်း လာအိပ်မှာလား? ငါကတော့ ငါလုပ်စရာ ရှိတာ အကုန်..လုပ်..မှာ..."
ကြာတော့ အစ်ကိုပြောလာသည့် အရာများက ဇွတ်တရွတ် ဆန်လာသည်။ ကျွန်တော်လည်း အခုထက်ထိ အစ်ကို့ကို မကြည့်သေး...။ ထိုစကားများကို မကြည်ဖြူသည့်အကြားက ကြားလိုက်ရတော့ ကျွန်တော့်ရှေ့မှ ကာကွယ်ထားသည့် လူအားလုံးရဲ့ ဒေါသကို ဆွလိုက်သလိုပင်။ သို့ပေမယ့် အတင်း ရုန်းရင်းဆန်ခတ်တော့ မဖြစ်လာသေး။
"ခါနွေဦး... နင် မိုက်ရိုင်းလှချည်လား? အသက်မပြည့် အလိုမတူတဲ့ ကလေးကို အဲ့လိုလုပ်ကြည့်ပြီး စမ်းကြည့်လိုက်လေ...။ ငါတို့က ဒီအတိုင်း ရှိမယ် ထင်နေလား? နင် ဘာသာ ဘာပဲဖြစ်နေ ဖြစ်နေ... ငါတို့က ကူးငယ်ကို နင့်လက်ထဲ လုံးဝအပါခံနိုင်မှာ မဟုတ်ဘူး..."
အစ်မဝမ်းကွဲ၏ ဒေါသနှင့်အတူ ဝမ်းခေါင်းလှိုက်သံများက အတော်လေးကို စိတ်ဆိုးဒေါသထွက်နေသည့်နှယ်...။
ဒါနဲ့ အစ်မနှင့် ရင်ဆိုင်နေရတဲ့ အစ်ကိုကရော ဘယ်လိုရှိလဲ?
ဟင့်အင်း ကျွန်တော် မသိပါ... ကြည့်လည်း မကြည့်ရဲတာမို့...။
"အိန္ဒြေ..."
အစ်ကို့ အသံ ခပ်ကြိတ်ကြိတ်က ထွက်လာပြန်သည်။ ထိုအချိန်မှာတော့ အစ်ကိုက ရှေ့သို့ အနည်းငယ် တိုးလာသည် ထင်သည်။ ကျွန်တော်တို့က နောက်ကို အနည်းငယ် ဆုတ်လျက်....
"ခါနွေဦး_"
အစ်မဝမ်းကွဲက အစ်ကို့ကို စိတ်ဆိုးမာန်ဆိုးဖြင့် သူ့နာမည်ကို ခေါ်လာသည့် အချိန်မှာတော့....
"သူ့ အသံက လွဲလို့ ဘယ်အသံမှ ထပ်ပြီး မထွက်လာနဲ့ ...!"
ထိုအသံနောက်မှာတော့ နောက်ထပ်ဘယ်သူ့အသံမှ မကြားရတော့။ မိမိမရှိတဲ့အချိန် အိမ်ကို ပြန်သွားသည့် သူက ပြန်လိုက်ဖို့ အစီစဉ်မရှိသလို ကြည့်တောင် မကြည့်လာသေးဘဲ ခေါင်းကိုငုံ့ကာ ရှိနေသည်။
ပြီးတော့ သူ့ကို ကာကွယ်နေသည့် ရှေ့မှ မိုးမခဆိုတဲ့ ကောင်က သူfavour ဖြစ်နေသည့်သူ။ ပြီးတော့ ထိုကောင်ကလဲ အခု သူ့အပေါ်မှာ မရိုးသားစွာ ရှိနေသည့်သူ...။ ထိုကောင်လို လူမျိုးဆီက အကာအကွယ်ယူပြီး မိမိကို ပြစ်ပယ်နေသည့် စိတ်က ဒေါသအား အဆုံးစွန်ထိ ဖြစ်ပေါ်စေသည်...။
မိမိခေါ်နေတာမျိုးကို ဥပေက္ခာပြုပြီး သူစိမ်းတစ်ယောက်... အဲ့ဒီသူစိမ်းတစ်ယောက်က သူ့ကို ကြိုက်နေတဲ့သူ...
ထိုအရာများက မျက်စိရှေ့မှာ ဖြစ်ပျက်နေသည်။ အခုထက်ထိ မိမိဆီ အကြည့်မရောက်လာသေး... ရှေ့မှ ကာကွယ်ပေးနေသည့် မိုးမခဆိုသည့် နောက်မှာ အကာအကွယ် ယူဖို့ ရပ်လိုက်သည်နှင့်....
"မင်း အဲ့လို လုပ်လို့ မရဘူး အိန္ဒြေ... မင်း ငါ့ကို အဲ့လိုလုပ်လို့ မရဘူး..."
ရှေ့မှ အကာအကွယ်များအကြားမှ အစ်ကိုက ကျွန်တော့်အနားသို့ ရောက်လာကာ ကျွန်တော့်လည်တိုင်ကို ဖျစ်ညှစ်ရင်း ဆိုလာသည်။
"မင်း ငါ့ကို ကြည့်စမ်း! ငါ့ကို ကြည့်! အစောနက မကြည့်ဘဲ ခေါင်းငုံ့ထားတဲ့ မျက်လုံးတွေက အခု ငါ့ကို ကြည့်...။ မင်းအကြည့်တွေက ငါ့ဆီကနေ ရွေ့သွားလို့ မရဘူး...။"
အစ်ကိုကတော့ သူ့ကို ကြည့်ဖို့ အတင်းပြောလာပြီး ကျွန်တော့်လည်ပင်းမှ ကိုင်ကာ ခေါင်းမငုံ့စေဘဲ သူ့ကို ကြည့်ခိုင်းလာသည်မို့ ကျွန်တော်လည်း အစ်ကို့မျက်နှာကို မဖြစ်မနေကြည့်လိုက်မိသည်။
"ငါနဲ့ ပြန်မလိုက်လို့ ရမယ် ထင်နေလား? မင်း ပြောစမ်း... ငါနဲ့ ပြန်မလိုက်လို့ ရမယ်ထင်လား? အခုပြောစမ်း!"
အစ်ကိုကတော့ ကျွန်တော့်ကို ကြည့်ပြီး ဇွတ်အတင်း မေးနေလေပြီ...။ ကျွန်တော့်လက်နှစ်ဖက်လုံးက သန်မာလာသည့် အစ်ကို့လက်မောင်းကြွက်သားများကိုသာ အားပျော့ပျော့ ဖိဆုပ်လျက်....။
"ထွက်ပြေးဖို့ ကြိုးစားရဲတယ်ပေါ့... အဲ့ဒီခြေထောက်ကို ငါကိုယ်တိုင် ဆွဲဖြုတ်ပစ်မယ်... ဒါမှပြေးရဲမလား ကြည့်တာပေါ့...။"
"......."
ဘေးနားက လူတွေက ဝိုင်းဆွဲဖို့ လုပ်ပေမယ့် အစ်ကိုကတော့ တစ်ယောက်မှ သူ့အနားကို အကပ်မခံပါ...။ ကျွန်တော်ကတော့ အစ်ကို့လက်ထဲမှာပင် ရှိနေမိသည်...။ ခဏအကြာမှာတော့ အိမ်ကသူတွေ ဝိုင်းဆွဲနေသည့် အကြားမှ အစ်ကိုက ကျွန်တော့်လည်ပင်းကို ကိုင်ကာ တစ်နေရာသို့ ဆွဲခေါ်သည်။  ကျွန်တော်ကတော့ အစ်ကို့နောက်သို့ ဒရောသောပါး ပါသွားလေပြီ...။ 
ကျွန်တော်လည်း ဟန်ချက်ပျက်ကာ အစ်ကို့အနား အထူးသဖြင့် အစ်ကို့ခြေထောက်အနားသို့ မှေးမှီကာ ကျသွားမိသည်။ ထိုအချိန်မှာတော့ အစ်ကိုက ကျွန်တော့်လည်ပင်းမှ ထိန်းထားလိုက်ပြီး....
"ဒါက ငါ့ပိုင်တဲ့ ငါ့နေရာ...။ ဒီလူက ငါပိုင်တဲ့ ငါ့နေရာ...။"
အ!
အနားမှာ ရှိနေသည့် သူပါးတစ်ဖက်ကို အဲ့ဒီသူရှေ့မှာပင် ခေါင်းငုံ့ကာ ကိုက်ပြလိုက်မိသည်။
တစ်ဖက်မှ တစ်စုံတစ်ယောက်ကို ကြည့်ကာ ပြောလိုက်မိတော့သည်။ အဲ့ဒီတစ်ယောက်ကို ဘယ်သူက ဘယ်သူ့အပိုင်‌ဆိုတာလေးကိုလည်း သိစေချင်သည်။
"... သူ လူပျိုဘဝ စွန့်လွှတ်ရမယ် ဆိုရင်တောင် ငါ့ကြောင့်ပဲ အိုရမှာ...။ ငါပိုင်တဲ့ ငါ့နေရာ... သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံး ငါပဲ အစိုးရတာ... လုပ်ပိုင်ခွင့် အခွင့်အာဏာက ငါပဲ ရှိလို့ အကြည့်နဲ့တောင် စွေကြည့်မလာနဲ့... တောက်!"
အစ်ကို့ရဲ့ စကားနောက်မှာ ကျွန်တော့် ဘယ်သူ့ကိုမှ မကြည့်ရဲတော့...။ ကျွန်တော် ဘာမှလည်း မတွေးမိတော့...။ ခဏအကြာမှာတော့ အနည်းငယ် အေးသွားသည့် တစ်ခဏ အစ်ကိုက စွေ့ခနဲ ကျွန်တော့်ကို ကောက်ပွေ့ပြီး သူ့အိမ်ရှိရာသို့ တရွေ့ရွေ့....။
အစ်ကိုတို့ အစောနက ဖြစ်နေသည့် နေရာက ရွာလယ်လမ်းမနှင့် မလှမ်းမကမ်းမို့ လူအမြဲတမ်း ရှိနေသည့် ရွာလမ်းမမှ လူတော်တော်များများက ကျွန်တော်နှင့် အစ်ကို့အဖြစ်ကို သိနေပြီး ဖြစ်သည်။
အခုလို ကျွန်တော့်ကို ပွေ့ဆီပြီး သူ့အိမ်ပြန်သည့် အချိန်မှာတော့ ကျွန်တော့်မျက်နှာ ဘယ်လို ထားရမလဲ မသိတော့။ အခုမှ သတိထားမိသည်က ရုန်းရင်းဆန်ခတ်နှင့် အစ်ကိုပွေ့ခေါ်သည့် အချိန်မှာပဲ ဖိနပ်များက ကျွတ်နေခဲ့သလား မသိတော့ အခုတော့ ခြေဗလာနဲ့ ဖြစ်နေခဲ့သည်။
အဲ့ဒီထက် အရေးကြီးတာက အစ်ကို စိတ်တိုနေသည်လား မသိ...။  သေချာသည်ကတော့ ကျွန်တော့်အိမ်မှာ ပြန်ပြီး နေလိုက်သည်ကို သူလုံးဝကျေနပ်မှာ မဟုတ်....။
မကြာမီပင် အစ်ကိုက သူ့အိမ်ရောက်သည့်အထိ ကျွန်တော့်ကို ပွေ့ချီမှု မပျက်သေး...။ ကျွန်တော့်ကို လှေကားထစ်များအတိုင်း သူ့အိမ်ပေါ်သို့...။ ထင်သည့်အတိုင်း သူ့အခန်းထဲ ထည့်ပြီးသည်နှင့် အခန်းတံခါးပိတ်လျက်....
ကျွန်တော့်ဘေးနား ကပ်လျက် ရှိနေပြီး ညတုန်းက ကျွန်တော့်ကို ပြကာ ချိန်းခဲ့သည့် ဓားကို တစ်ချက်ဆွဲယူလာပြီးသည့်နောက် အစ်ကိုက မျက်နှာတည်တည်ဖြင့်ပြင်....
ကျွန်တော့်ဘေးနား ထိုဓားဦးစွန်းကို အောက်က ကြမ်းပြင်၌ ထောက်ကာ...
"ငါ့မိန်းမ ဖြစ်ပေးမလား? မဖြစ်ပေးဘူးလား?"
"အစ်ကို.. အိန္ဒြေ..."
"မိုးမခဆိုတဲ့ ကောင်နဲ့ မင်းနဲ့ ပတ်သတ်မှုကို ငါသိထားတယ်နော်... အိန္ဒြေ...။ ပေါက်ကရတွေ မလုပ်နဲ့... ဒီမျက်နှာက ငါ့လက်သီး တစ်ချက်စာတောင် မရှိဘူး..."
"......."
"ဒီနေ့က စ ပြီး မင်း ငါ့ကိုပဲ ကြည့်ရမယ် အိန္ဒြေ... မင်းအကြည့် တစ်ခြားဘက်ရောက်သွားပြီးဆိုတာနဲ့ ငါ့အဆိုးမဆိုနဲ့...။"
ခဏအကြာမှာတော့ အစ်ကိုက ထိုင်လိုက် ထလိုက်ဖြင့်ပင် ရှိနေပြီး ကျွန်တော့်အနားသို့ ရောက်လာကာ ကျွန်တော့်လည်ပင်းကို တစ်ချက်ကိုင်လာပြီး...
"မင်းရဲ့ ဘယ်အစိတ်အပိုင်းတွေ သူကြည့်ခဲ့တာလဲ...? ဘယ်လောက်အထိ ကြည့်နေခဲ့တာလဲ?"
ခဏအကြာမှာတော့ အစ်ကို့မျက်နှာက ကျွန်တော့်မျက်နှာအနားသို့ တဖြည်းဖြည်း တိုးလာသည်မို့ အနည်းငယ် ထိတ်လန့်ဟန် ရှိနေသည့် ဒီအနေအထားကြောင့်...
"ဒီမျက်နှာကို ငါ အခု ကိုက်ဖဲ့ပြီး စားပစ်လိုက်တော့မလို့လေ...။"
"အစ်ကို... မဟုတ်ဘူး...။ အိန္ဒြေကို သနားပါ...။ အိန္ဒြေ တောင်းပန်ပါတယ်...။ ကိုခနဲ့က ဘာမှမဟုတ်ပါဘူး... အစ်ကိုရယ်...။"
"အဲ့ဒီ ကောင်နာမည်ကို ထပ်ပြီး မထွက်လာတော့နဲ့...။ မင်းပါးစပ်က ထပ်ပြီး မထွက်လာနဲ့...။ ငါ့စိတ်ကို မဆွလာနဲ့..."
"အစ်ကို အိန္ဒြေ တောင်းပန်ပါတယ် အစ်ကိုရယ်...။ အစ်ကို့စိတ်ကို လျှော့ပါနော်...။ အိန္ဒြေ တောင်းပန်ပါတယ် အစ်ကိုရယ်နော်...။ နောက်တစ်ခါ အစ်ကိုမကြိုက်တာ အိန္ဒြေ မလုပ်တော့ပါဘူး...။"
ထိုအချိန်မှာတော့ အစ်ကိုက ဘာမှမပြောတော့ဘဲ အခန်းအပြင်ကိုသာ ထွက်သွားလေပြီ...။
"အစ်ကို... အစ်ကို..."
တံခါးကို ထုပြီး ခေါ်ပေမယ့် အပြင်က တုံ့ဖြေသံမကြားရတော့ပါ။ အစ်ကို့အမူအကျင့်အတိုင်း ဒီနေ့ကတော့ အစ်ကို့ကို စိတ်ဆိုးပြေအောင် ဘယ်လိုချော့ရလဲ မသိတော့ပါ...။
အစ်ကို့ထည့်ထားခဲ့သည့် အခန်းထဲမှာပဲ ရှိနေမိသည်။ ခဏအကြာမှာတော့ တံခါးချက်(ဂျက်)ကို ဖွင့်လိုက်ပြီး တံခါးကို ဖွင့်ပေးလာသည်...။ ထိုသူက အစ်ကိုပင်...
အခန်းထဲသို့ ဝင်လာပြီး သူ့ညာဘက်လက်သီးက လက်ဆစ်များမှာ ပေါက်ပြဲကာ သွေးတို့ မြင်မကောင်းအောင် စီးလျက်...။ လောလောလတ်လတ် ရလာခဲ့သည့် ဒဏ်ရာပင် ဖြစ်ပါလိမ့်မည်။
အစ်ကိုကတော့ သူ့လက်က ဒဏ်ရာများကို အလေးမထားဘဲ ကျွန်တော့်ကို တစ်ချက်ကြည့်လာသည်...။
"ညစာ ထမင်းစားမယ်..."
တိုတောင်း ပြတ်တောင်းလှသည့် စကားတစ်ခွန်း။ မိမိမှာတော့ သူ့လက်က ဒဏ်ရာများကိုသာ အာရုံစိုက်မိနေရင်းမှ...
"အစ်ကို... လက်က ဒဏ်ရာတွေ _"
ကျွန်တော့်စကားမဆုံး အစ်ကိုက အရေးမပါသလိုပင်...။
"ဘာမှ မဖြစ်ဘူး..."
"ဟို... တကယ်တော့ အိန္ဒြေ ထမင်းမဆာသေးပါဘူး...။ အစ်ကို့လက်က ဒဏ်ရာကိုသာ အရင်ကြည့်ရအောင်နော်..."
ထိုအချိန်မှာတော့ အစ်ကိုက ကျွန်တော့်ကို စူးစိုက်စွာ ကြည့်လာပြီး....
"ငါ မင်းကို ဟိုပြတင်းပေါက်ကနေ ...အောက်ကို ပစ်မချခင် ထမင်းစားဖို့ ပြင်တော့..."
အိန္ဒြေဆိုတာ အစိုးရခြင်းတဲ့...။
အင်း... သေချာသည်ကတော့ တစ်စုံတစ်ယောက်ရဲ့ စိတ်ကိုပဲ အစိုးရနေသလိုမျိုး ဖြစ်ဟန်တူပါရဲ့...။
N-possessive / red flagဆိုတာတွေကို ကျွန်တော်လည်း သေသေချာချာ ကွဲကွဲပြားပြား မသိလို့ ကျေးဇူးပြုပြီး ကျွန်တော့်အတွက် possessiveလို့ပဲ သုံးပေးပါဗျ။
ဒါနဲ့ ခါကြီးနှင့် ငဦး Ongoingက ကျွန်တော့်ရဲ့ possessive themeနဲ့ပတ်သတ်ပြီး နောက်ဆုံးပါပဲ...။ အဲ့ဒီပြီးရင် Possessive themeအတွက် ရေးနိုင်တော့မယ် မထင်ပါဘူး...။ နောက်ပိုင်း ဂျစ်တာ ရစ်တာလေးတွေပဲ အရင်အတိုင်း ပြန်ရေးပါတော့မယ်ဗျ...။
ဒီအပိုင်းကတော့ ကျွန်တော်လည်း ကျိုးကြောင်း ဆီလျော်မှုတွေ သိပ်ပြီး မစဥ်းစားထားဘူး...။ ဒါကြောင့် ဖတ်ရတာ အဆင်​ပြေချင်မှလည်း ပြေပါလိမ့်မယ်။
ဒီFicက နောက်ထပ် ငါးပိုင်းဆို ပြီးပါပြီ။
အားလုံးကို ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျ။
Sunday:05:11:2:56AM
{Zawgyi}
****
ယခင်အပိုင်းမှ အဆက်
"........."
"........."
နေ့လည်ပိုင်း...
"ဘာဖြစ်လို့လဲ အဖေ..။ ကျွန်တော် အိန္ဒကြေို့ သွားခေါ်မလို့ပါ..."
ကူးငယ်တို့ အိမ် ....
ညနေပိုင်း...
မင်းသွေး အိမ်သာကို အပြေးကလေး သွားသည့်အချိန်မှာတော့ ကိုခက ကျွန်တော် နားမလည်သည့် ပုစ်ဆာများကို တကူးတက ရှင်းပြပေးနေသည်။ ကိုခကတော့ ပုစ်ဆာတစ်ပုဒ်ချင်းစီကို အသေအချာ အာရုံစိုက်ပြီး ရှင်းပြနေသည်...။
ဟုတ်ပါရဲ့...
"........"
"အိန္ဒြေ... "
"အိန္ဒြေ..."
"ခါနွဦေး_"
"......."
အ!
"အစ်ကို.. အိန္ဒြေ..."
"......."
"အစ်ကို... အစ်ကို..."
"ညစာ ထမင်းစားမယ်..."
"အစ်ကို... လက်က ဒဏ်ရာတွေ _"
"ဘာမှ မဖြစ်ဘူး..."
အိန္ဒဆြေိုတာ အစိုးရခြင်းတဲ့...။
Sunday:05:11:2:56AM
Continue Reading
You'll Also Like
363K 16K 48
ဧက္ကရာဇ်မင်းဈာန် မြို့နယ်အရာရှိ ။အရာရာကို တိကျလေးနက်တဲ့လူမျိုး။ အသက် 32 ။ နောက်ကွယ်လုပ်ရပ်တွေက မြို့နယ်အရာရှိတစ်ဦးနဲမတူ။မူးယစ်မှောင်ခို အကုန်လုပ...
505K 6K 18
ယောက်ဖကို မြူစွယ်မည့် ဒွိလိင်ကောင်လေးအကြောင်း 21+ ပါ smut အသားပေး fiction တစ်ပုဒ်ဖြစ်လို့ အသက်မပြည့်ရင်မဖတ်စေလိုပါ။
19K 498 40
"ကျွန်တော်သာ ဆီးနှင်းတွေဖုံးအုပ်ခံထားရတဲ့ မြက်ရိုင်းပင်လေးဆိုရင်... တစ်နေ့တာဆိုတဲ့ကောင်လေးက ကျွန်တော့်အတွက် နေရောင်ခြည်ငယ်လေးပါပဲ..." ရေးဗဟို "လူတိုင...