{Unicode}.. ငါ မင်းကို ချစ်လွန်းလို့
သတ်မပစ်လောက်ဘူး မထင်နဲ့ အိနြ္ဒေ....။***
တစ်ပတ်မြောက် ကြာသောအခါ...
စနေနေ့ ...
နံနက်ပိုင်း.."ဒါလေး နားလည်ရဲ့လား ကူးငယ်..."
"ဟုတ်ကဲ့ နားလည်ပါတယ်... ကိုခ..."
"ဒါဆို ဘာမေးစရာ ရှိသေးလဲ? အားနာစရာ မလိုဘူး မေးလို့ရတယ်...။ ဒါနဲ့ အဲ့ဒီလို q/g ရေးတာ မှားနေတယ်...။ ပုံနှိပ်စာလုံးအတိုင်း ဆိုပေမယ့် သတိထားရမှာတွေ ရှိတယ်...။ ဒါ ဘယ်သူသင်ပေးတာလဲ?"
"အရင် ကျုရှင်ပြတဲ့ အစ်ကိုတစ်ယောက်ပါ။ အဲ့လိုရေးပါ များတော့ အကျင့်ပါနေတာ..."
"ဒါပေမယ့် စာမေးပွဲမှာ အဲ့လိုရေးတာတွေက သိပ်ပြီး သုံးလို့ မရဘူးထင်တယ်။ Qကို ရိုးရိုးလေးပဲ ရေးစေချင်တယ်..."
"ဟုတ်ကဲ့ ကိုခ..."
ဒီကလေး...
တည်ငြိမ်စွာဖြင့်ပင် ပြောလာသည်။ ငယ်ငယ်လေးကတည်းက မျက်လုံး၀ိုင်း၀ိုင်းလေးဖြင့် ရှိနေသည့် ဒီကလေးငယ်က ကျွန်တော့်ကို သဘောကျနေကြောင်း သတိထား ရိပ်မိပါသည်...။အခုတော့ ထိုကောင်လေးကို မျက်မြင်ကိုယ်တွေ့ နှစ်ယောက်သား ရင်းနှီးခွင့် ရပြန်သည်...။ အတန်ကြာ ငေးကြည့်နေမိရင်းမှ မိမိအကြည့်တို့အား လွှဲလိုက်မိပြီး....
"ကူးငယ်... အစ်ကို မုန့်သွား၀ယ်မလို့... ဘာ၀ယ်ခဲ့ရမလဲ?"
ထိုကလေးကတော့ မိမိထံ တစ်ချက်ကြည့်လာပြီးသည်နှင့် ...
"မ၀ယ်ခဲ့နဲ့ ကိုခ... ဒါလေးပြီးရင် ကူးငယ် အိမ်ပြန်လို့ ရတယ်မလား?"
"ဟင်? ဘာဖြစ်လို့လဲ ကူးငယ်ရဲ့... အခုမှ ၁နာရီလောက်ပဲ ရှိသေးတာကို..."
"မဟုတ်ဘူး ဒီအတိုင်း ကျောင်းပိတ်ရက်တွေဆိုတော့ ကူးငယ် နားချင်တာလည်း ပါလို့ပါ...။"
"ဒါဆို တစ်နေ့ကို တစ်နာရီပဲ သင်မလို့လား? ကျောင်းပိတ်ရက်လေး သင်ရတာကို...။ စာသင်တာ ပမ်းရင် မသင်တော့နဲ့လေ... အစ်ကိုနဲ့ ရွာအရှေ့ဘက်က နှမ်းပင်နဲ့ နေကြာတွေ သွားကြည့်မယ်... လိုက်ခဲ့လေ..."