အပိုင်း (၂၉)

5K 310 7
                                    

{Unicode}

... သဘောမတူလည်း မတတ်နိုင်ဘူး
ကျုပ်က သူ့ကို ခေါ်ထားမှာက ခေါ်ထားမှပဲ...။

***

သိထားရမှာက... ပတ်ဝန်းကျင်ဆိုတာထက် တကယ်​ ပေးစားမှ ရမယ့် အနေအထား...။

ဒီရက်ပိုင်း မိုးကတော့ ကောင်းကောင်းမွန်မွန် ရွာသွန်းလို့ ကောင်းနေဆဲပင်...။ အစ်ကိုကတော့ ဆေးစားပြီးသည်နှင့် အလုပ်ကိစ္စကြောင့် တောထဲကို ပြန်သွားလေပြီ...။

ကျွန်တော့်မှာတော့ အိမ်မှာတစ်ယောက်တည်း ကျန်နေခဲ့မိတော့သည်...။တစ်​ယောက်တည်း ပျင်းသလိုလို ရှိတာမို့ အိမ်က အစ်ကိုတောထဲက ပြန်လာရင် လုပ်ရမည့် ကိစ္စများကို အနည်းငယ် ကူကာ လုပ်ပေးနေမိသည်...။

နွားချေးလည်း ကြုံးပြီးသွားသလို၊ အိမ်အပေါ် သန့်ရှင်းရေးလည်း လုပ်ပြီးသွားပြီ။ အစ်ကို့အဝတ်အစားများကိုလည်း လျှော်ဖွပ်ပြီး လှန်းထားသည်...။

ထို့နောက် အစ်ကို့အတွက် တောထဲက ပြန်လာရင် စားဖို့အတွက် ကိုယ်လက်သန့်စင်ပြီး မီးဖိုချောင် ဝင်မိသည်....။

ဦးလေးသက်ကတော့ လှိုက်လှိုက်လှဲလှဲ ခေါ်ပေမယ့် အရီးမြလေးကတော့ အဲ့လို မဟုတ်ပါ...။ ကျွန်တော့်ကို မမြင်သလို မကြားသလိုပင် ဆောင်နေတော့သည်...။ ကျွန်တော်လည်း ဘာမှမပြောတော့ဘဲ ကိုယ်လုပ်စရာ ရှိသည်များကိုသာ လုပ်နေမိသည်....။

ပထမဆုံး အစ်ကို မိုးအေးအေးက ပြန်ရောက်လာရင် အဆင်ပြေစေဖို့အတွက်

အခုတော့ အစ်ကိုက တောထဲက အရွက်မျိုးစုံ ခူးလာသည်မို့ ထိုအရာများကို ချက်ပြုတ်ဖို့သာ ပြင်နေမိသည်...။

ထမင်းဟင်းများကို အစဥ်လိုက် ချက်ပြုတ်ပေးပြီးသည်နှင့် နောက်ဆုံး အစ်ကို့အကြိုက် အချဥ်ဟင်းပင် ဖြစ်သည်...။

ဟင်းရည်ကို အသေအချာမွှေးအောင် လုပ်နေရင်းမှပင် နောက်တစ်ခေါက် အရသာ မြည်းစမ်းဖို့ လုပ်သည့်အချိန်မှာတော့...

ခွမ်း ဂွမ်း...

မီးဖိုအခန်းထဲမှာ ဒန်အိုးအဖုံး ကျသံများဖြင့် ဆူညံသွားသည်...။ လက်တစ်ခုလုံးပေါ်က ရေနွေးပူများဖြင့် ချက်ချင်းဆိုသလို ပူလာပြီး ရဲတက်လာခဲ့သည်...။

ငါ ပိုင်တဲ့ ငါ့နေရာ (Complete)Where stories live. Discover now