အပိုင်း (၁၂)

6.4K 455 42
                                    

{Unicode}

... ငါ ဟိုကို သွားတဲ့ အချိန်
ကောင်းကောင်းမွန်မွန် နေနော်...
အိနြ္ဒေ....။

***

နေ့ရက် အသွယ်သွယ် လည်ပတ်ကုန်ဆုံးသွားသည်။ ထို့အတူ အစ်ကိုကျောင်းတက်ရမည့် နေတွေလည်း နီးလာပြီဖြစ်သည်။ မနေ့က... ကျွန်တော် အစ်ကို့ဆီ ၉တန်းစာအုပ်များကို ယူပြီး သွားရသည်။ အစ်ကိုက သူ့ဆီ လာဖို့ ခေါ်သည်မို့...။

မနေ့ညက...

အိမ်၀ိုင်းထဲသို့ တံခါးဖွင့်ကာ ၀င်လိုက်မိသည်။ ထို့နောက် အိမ်၀ိုင်းထဲက လူအခြေအနေကို မကြည့်တော့ဘဲ တင်းကုပ်အောက်ကိုက ကုတင်ပေါ်ကိုသာ သွားလိုက်မိသည်။ ခဏ အကြာမှာတော့ အစ်ကိုက ကျွန်တော့်ဆီသို့ မီးဖိုခန်းထဲမှ ထွက်ကာ လာလေပြီ...။

ကျွန်တော်လည်း အစ်ကိုအကျင့်အတိုင်း စာ သေချာသင်ဖို့ လုပ်ရင်း စာအုပ်များကို ကြိုတင်ပြီး လှန်လျော ထားမိသည်။ သို့သော် အစ်ကိုကတော့ ကျွန်တော့်ရှေ့သို့ ရောက်လာသည်နှင့် ကျွန်တော့်ဖြန့်ထားသည့် စာအုပ်များကို ပိတ်သည်။

ထို့နောက် အချိန်အတော်ကြာ ငေးကြည့်နေသည်မို့ ကျွန်တော်လည်း မနေတတ်စွာ ရှိနေမိသည်။ ထိုအရာကိုတော့ အစ်ကိုက သိနေသည် ထင်သည်။ သူ့အကြည့်အောက်မှ ဖယ်လွှဲမည့် ကျွန်တော့်မျက်နှာကို မေးစေ့မှ ဆွဲယူကိုင်ပြီး သူ့ဘက်သို့ လှည့်စေကာ သူ့၏ အကြည့်စူးစူးများဖြင့် တစ်ဖန်ပြန်လည် တွေ့ဆုံစေသည်...။

"... မနက်ဖြန် ကျောင်းကို သွားရတော့မယ်...။ မနက်ဖြန်က ကျောင်းဖွင့်ပြီး တစ်ပတ်အကြာမို့ မသွားရင် မရတဲ့ အခြေအနေမို့...။ ငါ ကျောင်းနားဖို့ တွေးကြည့်သေးတယ်...။ အဆင်မပြေတာနဲ့... သွားဖို့ ပြင်လိုက်တာ...။ ဒါပေမယ့် မင်းဆီကလည်း ဆုံးဖြတ်ချက် လိုချင်သေးတယ်... ငါ့ကို ကျောင်းတက်စေချင်လား?"

"......"

ကျွန်တော် ဘာကို ပြန်ဖြေရမှန်း မသိတော့ပါ...။ သူ့ရဲ့ ဘ၀တစ်စိတ်တစ်ပိုင်းကို ကျွန်တော့်ကို လာမေးတမျိုးက ဘယ်လိုလဲ တစ်မျိုးတမည် အနေအထား...။ ကျွန်တော်က အဖြေကို မဖြေဘဲ ရှောင်လွှဲနေမိတော့....

ငါ ပိုင်တဲ့ ငါ့နေရာ (Complete)Where stories live. Discover now