"ကိုကိုကြီး..ကိုကိုကြီးကျွန်တော်လက်ကိုက်နေတယ်နေလို့မကောင်းဘူး"
အိမ်အနောက်ရှိသစ်ပင်အရိပ်အောက်ကသစ်သားကွပ်ပစ်တွင်ထိုင်ကာစာဖတ်နေသောလင်းညို့အနားအားသူ့ထက်သာသွားကာပြောပြလိုက်ခြင်းပင်ကိုယ်ပြောလိုက်တော့သူတစ်ချက်လှည့်ပြီးခေါင်းညိမ့်ပြသည်။သဘောကသူ့အနားလာဆိုသည့်သဘောပင်ဖြစ်သည်။သူ့ထက်သာလည်းအနားသွားထိုင်သည်နှင့်
"လက်ပေးငါတစ်ချက်ကြည့်ပေးမယ်"
ကိုက်နေသည့်ဘယ်ဘက်လက်ကိုပေးလိုက်တာနဲ့တစ်ပြိုက်နက်တံတောင်ဆစ်နားကိုအားပြင်းပြင်းနှင့်ဖိလိုက်သောအခါ
"အားး...ဘာလို့ဖိတာလဲလို့ခနကကိုက်နေတာအခုအောင့်သွားပြီ"
"ဘယ်နေရာနာနေမှန်းကမသိဘူးလေအခုသိသွားပြီဘာလို့ဖြစ်တာလဲမနေ့ဘာလုပ်သေးလဲ"
သူ့ထက်သာတွေးစစလေးဖြေလိုက်သည်။
"ကျွန်တော်မနေ့.....ဟင်းပဲချက်တာလေ
ဟင်းချက်ရုံလောက်နဲ့တော့ကျွန်တော်မဖြစ်ဘူးအဲ့လောက်ပျော့မနေဘူးသန်မာတယ်
ယောကျာင်းပဲဒီလောက်တော့လုပ်နိုင်ပါတယ်"
ကိုယ့်ကိုကိုယ့်ချီးမွမ်းခန်းဖွင့်နေသောသူ့ထက်သာအား၏နှဖူးအားလင်းညို့ခပ်ဖွဖွတောက်လိုက်သည်။
"အပြောကြီးတာပဲမင်းကလက်လေးကိုက်တာကိုတောင်ရှုံ့တွနေပြီးတော့အခုလောလောဆယ်ဆေးမလိမ်းလဲ လိမ်းဆေးကနည်းနည်းပြင်းတယ်အဝတ်နဲ့စီးထားပေးမယ်"
သူ့ထက်သာတစ်ယောက်လင်းညို့ဘာလုပ်နေလဲဆိုနားမလည်ပါစကားအဆုံးထသွားကကြိုးတန်းပေါ်မှာလှန်းထားသည့်ခပ်နွမ်းနွမ်းပုဆိုးအပေါက်တွေကလည်းဟိုတစ်ပေါက်ဒီတစ်ပေါ်နှင့်ထိုပုဆိုး
တစ်ထည်အားယူလာကာအားပါပါနဲ့ဖြဲလိုက်တော့တစ်စစီဖြစ်သွားသောပုဆိုး
အပိုင်းနှစ်ပိုင်းအားကိုင်ကာဟန်ပါပါနဲ့
သူ့ထက်သာအနားသို့လျှောက်ရောက်လာသည်။
"လက်ပေးအဝတ်နဲ့စီးမယ်"
"ဟင်..ကျွန်တော်အဲ့ပုဆိုးအစုတ်ကြီးနဲ့စီးရမှာလားအရောင်တွေကဖြင့်လွှင့်နေပြီဒါကြီးပတ်ထားရင်ရှက်စရာကြီး"
"တယ့် ..ဘာရှက်စရာလဲ ဒါကအစုတ်ပေမယ့်ငါညဝတ်အိပ်တာကွအဲ့မှာပေါက်နေတဲ့
အပေါက်လေးတွေလေဝင်တော့ညဝတ်ရင်အရသာပဲမင်းကြောင့်အခုတောင်ငါ့ရဲ့အဖိုးတန်လေးကိုဖြဲပြီးရင်းပေးလိုက်ရတာနော်စေတနာကိုမစော်ကားစမ်းပါနဲ့"
သူ့ထက်သာပြောပြီးမှနောင်တတောင်
ရသွားချင်တယ်တော်တော်ထူးဆန်းတယ်
အဖိုးတန်တဲ့သူ့ထက်သာအားရပါရရီလိုက်ချင်သော်လည်း..
"အင်း.အင်းအဲ့အဖိုးတန်နဲ့ပဲစီးပေးတော့နော်"
ထိုသို့ပြောလိုက်မှမျက်လုံးကအောက်ကပါးချိုင့်သေးသေးပေါ်လာထိတိုင်ပြုံးပြကာသူ့ထက်သာလက်အားခပ်ဖွဖွကိုင်လာကာ
"ဟုတ်ပြီလိမ္မာတယ် နောက်လဲဒီလိုပဲစကားနားထောင်အဲ့အတွက်အကျိုးအမြတ်အနေနဲ့ကိုကိုကြီးကဆုချမယ်"
"ဘာဆုလဲ"
"ကိုကိုကြီး ပါးကိုနမ်းနိုင်မယ့်ဆုလေကွ "
"အဲ့ဒါဆိုမယူတော့ပါဘူးဗျပြန်သိမ်းလိုက်ပါ"
"အေးပါပြီးမှပြန်တောင်းလို့မရဘူးနော်ကိုကိုကြီးကနှစ်ခါမပေးဘူး အခွင်အရေးဆိုတာကနှစ်ခါမရဘူးနော်စိတ်ကူးမလွှဲနဲ့နော်"
"တော်ပြီစီးပေးတော့"
စကားများနေတာနဲ့လက်ကိုစီးပေးမယ့်အခန်းမရောက်တော့မည်မို့သူ့ထက်သာခပ်ကျယ်ကျယ်သာပြောလိုက်သည်။
"တင်းတင်းလေးစီးထားလိုက်မယ် "
"ကျွန်တော်အမေတို့ဆီသွားမလို့လိုက်မှာလား"
"မလိုက်တော့ဘူး အိမ်မှာနားချင်လို့သူ့ထက်သွားမယ်ဆိုကိုကိုကြီးတစ်ယောက်ယောက်ကိုလိုက်ပို့ခိုင်းလိုက်မယ်"
"ရတယ်ကျွန်တော်ကောင်းခနဲ့သွားမှာသူ့ကိုအမေတို့နဲ့လဲမိတ်ဆက်ပေးမလို့လေသူကမနက်ဖြန်ခါကပြန်မှာဆိုတော့ရွာထဲကိုလည်းကြည့်ချင်တယ်ဆိုလို့"
လင်းညို့မလိုက်ဖူးလို့ပြောပြီးမှစကားကိုပြန်ပြောင်းရတော့မည့််ပုံ..
"လိုက်မယ်ဒေါ်လေးတို့ကိုလည်းတွေချင်နေလို့"
"အိမ်မှာနားနေလိုက်လေခင်ဗျားလဲပင်ပန်းနေတာမဟုတ်ဘူးလားတော်ကြာအမေကကျွန်တော့်ကိုပြောနေမှဖြင့်"
"ရတယ်ငါပြောပေးမယ်အခုသွားတော့မလား"
"ခနနေအုံးလေကျွန်တော်ကောင်းခကိုသွားပြောပြဉီးမယ်"
လင်းညို့ပြေးထွက်သွားသောသူ့ထက်သာအား
"ပြေးမသွားနဲ့ချော်လဲပြီးကိုက်နေတဲ့
လက်ကျိုးသွားမယ်အဲ့ခါကြမှမငိုနဲ့"
လင်းညို့ပြောလိုက်မှာရပ်သွားပြီးခပ်တွက်တွက်လေးလမ်းလျှောက်သွားသည်။
.
.
.
.
.
.
.
.
.
"အရှေ့မှာလာထိုင်သူ့ထက်သာ "
"ကျွန်တော်အနောက်မှာပဲထိုင်လိုက်မယ်လေ"
အခုဖြစ်နေတဲ့ပြဿနကသူ့ထက်သာ
အမေတို့ဆီသွားမည်ထော်လာဂျီပေါ်တွင်
လင်းညို့ကသူ့ထက်သာအားမိမိဘေးတွင်လာထိုင်ဖို့ပြောသော်လည်းအနောက်မှာပဲထိုင်မည်ဆို့သည့်သူ့ထက်သာကြောင့်ဒေါသငယ်ထိပ်သို့ဆောင့်တက်သွားရသည်မှာအမှန်
"ဘာလို့အနောက်မှာထိုင်ချင်နေတာလဲနေပူလိမ့်မယ်မင်းကနေပူခံရတာကြိုက်တယ်ပေါ့ဟုတ်သလား"
သူပြောတာလဲဟုတ်သလိုလိုဒါပေမယ့်ကောင်းခကသူ့သူငယ်ချင်းမဟုတ်လားခန
တဖြုတ်လာသည့်ဧည့်သည်ကိုအနောက်ကြီးမှာတစ်ယောက်ထဲထိုင်ခိုင်းရသည်ကြတော့နည်းနည်းရိုင်းသည်မဟုတ်လား
ကောင်းခကိုကြည့်လိုက်တော့အနောက်မှာတောင်ထိုင်နေသည်။
"ကိုကိုကြီးသူကဧည့်သည်လေဒီလိုမျိုးကြီးလုပ်တော့ဘယ်ကောင်းမလဲဒီတစ်ခါလောက်လေးတော့ကျွန်တော်ပြောတာနားထောင်ပေးပါနော်..နော်..နော်လို့.."
ခပ်ချွဲချွဲလေဆိုလာသည့်သူ့ထက်သာကြောင့်လင်းညို့တင်းမာနေသည်စိတ်တွေသည်
ပျော့ခွေသွားရသည်ကိုလင်းညို့လက်မခံနိုင်
"မင်းကိုအနောက်မှာထိုင်ခိုင်းလိုက်ရင်ငါကဘာပြန်ရမှာလည်းတစ်ခုလိုချင်တော့တစ်ခုစတေးရတယ်မလား"
"တိုးတိုး တိုးတိုးနဲ့ဘာတွေပြောနေကြတာလဲ"
အနောက်ကနေကောင်းခကပြောလာသည်မို့
"ဘာပြောပြောမင်းအကြောင်းပါသလား လင်မယားကြားဝင်မပါကောင်းဘူး
ကြားသုံးကြားဝင်မကောင်းတဲ့မကြားဖူးဘူးလားတော်တော်လျှာရှည်တယ်"
သူ့ထက်သာခေါင်းမဖော်နိုင်အောင်ဖြစ်သွားဒီလူပါးစပ်ကဘာမဆိုအလွယ်လေးထွက်နေတာပဲ
"ခနလေးကောင်းခသူကအဲ့လိုပဲမို့စိတ်ထဲမထားနဲ့နော်"
"ငါပြောတာကိုဖြေလေ"
"ကျွန်တော်ကဘာပေးရမလဲ"
"ဒါဆိုငါပြောမယ် အဟမ်း...နော်ဆိုခုနလိုပဲစကားကိုပြောဒါပေမယ့်ငါ့ကိုပဲပြောရမယ်နော်တစ်ခြားလူကိုပြောလို့မရဘူး"
"ဘာကိုလဲဘယ်စကားလဲ"
"တည့်ပဲပြောတော့မယ်နောက်ဆိုငါကိုအဲ့လိုမျိုးချိုချိုသာသာလေးစကားပြော
မင်းငါကိုအဲ့လိုပြောရင်ရလာမဲ့အကျိုးအမြတ်တွေကအများကြီးပဲဒါကြောင့်ဒီလိုမကြာခဏပြော"
"အင်းပြောမယ်ဒါဆိုကျွန်တော်သွားထိုင်ပြီ
အမေတို့ကိုတွေ့ချင်လာပြီ"
လင်းညို့လဲစထွက်လိုက်သည်နှင့်တဂျစ်ဂျစ်မောင်းတဲ့အသံကိုထွက်ပေါ်လာသည်။
မဖြစ်ပါဘူးမနက်ဖြန်ခါဗညားကိုခေါ်ပြီး
မော်တော်ဆိုင်ကယ်သွားဝယ်ရမယ်ဒါမှသူ့ထက်သာနဲ့လင်းညိုနှစ်ယောက်ထဲအေးဆေးစီးလို့ရမှာ..
အဟမ်း..သူ့နဲ့နှစ်ယောက်ထဲစီးချင်လို့မဟုတ်ဘူးနော်လင်းညို့ကလူပိုတွေမခေါ်ချင်လို့မျက်စိနှောက်သည်မဟုတ်လား..
လင်းညို့အနောက်ကအခြေအနေကိုကြည့်ချင်ပေမယ့်မမြင်ရဒါ့ကြောင့်စိတ်တိုကာအမြန်ဆုံးအရှိန်ဖြင့်မောင်းလာလိုက်တာလမ်းကချိုင့်တွေကိုပင်ဂရုမစိုက်ရွာထဲကလူတွေကတော့အရှိန်ပြင်းပြင်းမောင်းလာသောထော်လာဂျီကိုကြည့်ပြီး
"ဟယ်..အဲ့တာသူကြီးထော်လာဂျီမဟုတ်လားကျုပ်နားတွေတောင်ပွင့်ထွက်တော့မယ်အသံကြောင့်အဟွတ်..အဟွတ်..ဖုန်တွေလည်းထလို့"
"ဟုတ်တယ်လေအနောက်ကကောင်လေးနှစ်ယောက်တော့သေတော့မှာပဲဘာလို့ဒီလောက်ကြီးမြန်ရတာလဲ"
ရွာထဲလူတွေကတော့တစ်ယောက်တစ်ပေါက်ပြောဆိုနေကြသည်။
လင်းညို့အရှိန်ဘယ်လောက်ပြင်းလဲတော့မသိဘူးဒေါ်လေးအိမ်ကိုတောင့်ကျော်မိသွား
သည့်အထိပင်..
တခနဲရပ်သွားသည့်အသံကြောင်ဘေးကကောင်းခကဆိုသည်။
"သူ့ထက်သာ..မင်းအိမ်ရောက်ပြီလား"
မောဟိုက်ဟိုက်အသံဖြင့်ပြောလာသည့်ကောင်းခအားသူပါးစပ်မဟနိုင်ဘဲခေါင်းပဲ
ညိမ့်ပြလိုက်သည်။
ဆင်းဖို့ကျန်လိုက်ပင်ပေမယ့်အနောက်ကိုပြန်ဆုတ်လာသောကြောင့်ဟန်ချက်ပျက်ကာနှစ်ယောက်လုံးလဲကျသွားသည်။
သူ့ထက်သာတို့နှစ်ယောက်တော်တော်နဲ့မဆင်းနိုင်သေး
"ဟေ့ဆင်းကြတော့လေအိမ်ရောက်နေပြီ
သူ့ထက်သာလာလာ"
လင်းညို့သူ့ထက်သာလက်အားဆွဲကာဆင်းခိုင်းလိုက်သည်။
ဟိုကောင်ကတော့သူ့ဘာသာသူထော်လာဂျီကိုအားပြုပြီးဆင်းလာပြီးတာနဲ့တစ်ပြိုင်နက်
အော့အန်နေသည်မို့လင်းညို့ကျေနပ်စွာပြုံးလိုက်သည်။
သူလိုချင်တာဒါမှတ်လားသူ့ထက်သာကိုကြည့်တော့ထိုနည်းတူအန်နေသည်မို့လင်းညို့အနည်းငယ်နောင်တရမိသွားသည်။
"သူ့ထက်အဆင်ပြေလားကိုကိုကြီးနှိပ်ပေးမယ်လာ"
အန်နေသည့်သူ့ထက်သာကျောအာလက်ဖြင့်ခပ်ဖွဖွနှိပ်ပေးလိုက်သည်။
"ဘယ်ကကောင်ကဒီလောက်ကျယ်တဲ့အသံနဲ့မောင်းနေတာလဲပတ်ဝန်းကျင်ကိုအားမနာတာလားငါနားတွေလဲပေါက်ကွဲတော့မယ်ဖုန်တွေလဲတလူးနေတာပဲမောင်းသွားတဲ့ကောင်ကိုငါ့သားရဲ့ယောကျာ်းသူကြီးငါ့သမက်နဲ့ကိုသွားတိုင်ပစ်ဉီးမယ်"
ဒေါ်စိန်ကြည် နေ့ခင်းနေ့လည်အိပ်ချိန်ဆူညံနေတဲ့အသံကြောင့်မအိပ်နိုင်တော့ဘဲထလာပြီးအပြင်ထွက်ကာအော်ပြောနေတာပင်ထိုစဉ်အိမ်ရှေ့ကတအော့အော့အသံတွေကြောင့်အကျီင်ပေါ်တွင်ချိတ်ထားသည့်မျက်မှန်အား
တပ်ကာကြည့်လိုက်တော့
"ဟယ်သားတို့ဘာဖြစ်နေတာလဲအဆင်ပြေရဲလားအိုငါခုနကဘာတွေပြောလိုက်မိတာလည်းလာလာအိမ်ထဲဝင်တော့"
"ဟုတ်ကဲ့ဒေါ်လေးလာသွားမယ်"
"ကောင်း...ကောင်းခကိုခေါ်လိုက်ဉီးလေ"
"ဟေ့ကောင်တော်ရုံပဲအန်တော့ယောကျာ်းဖြစ်ပြီးဒီလောက်တောင်မခံနိုင်ဘူး"
လင်းညို့လည်းသူ့ထက်သာကိုခေါ်ပြီးအိမ်ထဲသို့ဝင်လိုက်သည်။
"ဘယ်လိုရောက်လာကြလည်း သူ့ထက်သာဘေးကဘယ်သူလဲ"
"သူကကောင်းခလေ အမေမမှတ်မိဘူးလားဟိုအရင်အမေသားဆီလာတုန်းကမိတ်ဆက်ဖူးတယ်လေ"
လင်းညို့အင်တင်တင်ဖြစ်သွားသည်။ပြောတော့အခုမိတ်ဆက်ပေးမှာဆိုဒါဆိုဒေါ်လေးနဲ့အရင်ထဲကတွေဖူးပြီးသားကို လင်းညို့အလိမ်ခံလိုက်ရတာလား
"အဲ့တုန်းကအမေကိုအကျီင်ဝယ်ပေးတဲ့ကောင်လေးလားတော်တော်တောင်ချောလာတာပဲအမေကလူတောင်မှားတယ်သားကဒီကိုလာလည်တာလားဘယ်သူ့နဲ့လာတာလဲ"
ဘယ်နားကချောတာလဲတစ်စက်ကလေးမှမချောပါဘူးလင်းညို့ကမှသူ့ထက်ချောသေးတယ်
"လာလည်တာတော့မဟုတ်ဘူးအမေ သားကဒီရွာကကျောင်းကိုလာလျူတာသူ့ထက်သာကပြောဖူးလို့လေသူ့ရွာကကျောင်းရဲ့စာသင်ခန်းတွေကမကောင်းတော့ဘူးဆိုလို့လာလျှူတာပါမနက်ဖြန်ပြန်တော့မှာအဘွားနဲ့လာတာပါအဘွားကသူကြီးအိမ်မှာကျန်ခဲ့ပါတယ်ဗျ"
ဘာ..အမေတဲ့သမက်ဖြစ်တဲ့ငါတောင်ဒေါ်လေးလို့ပဲခေါ်တာကိုဒီကောင်ကများ
အမေတဲ့ဒီကောင်တော့
"ကောင်းပါတယ်ကွယ် ဒေါ်လေးတော့ချီးကျူးပါတယ်ခနထိုင်ကြဉီးလက်ဖက်သွားသုပ်ပေးမယ်သူ့ထက်သာလာအမေ့လိုက်ကူပေး"
ဒေါ်လေးနဲ့သူ့ထက်သာထွက်သွားတာနဲ့လင်းညို့ထိုကောင်အားခပ်စူးစူးကြည့်လိုက်သည်။
"ဘာလို့အဲ့လောက်ကြီးမောင်းရတာလဲသူကြီးဆိုပြီးစည်းကမ်းမရှိတာပဲပတ်ဝန်းကျင်ကို..."
ကောင်းခကိုစကားပြီးအောင်တောင်မဆို
ခိုင်းပါ..
"ငါဘာသာငါစည်းကမ်းရှိရှိမရှိရှိမင်းကိစ္စမဟုတ်ဘူးပါးစပ်ကိိုပိတ်ထားလိုက်မဟုတ်ရင်ငါအကြောင်းသိမယ်"
ကောင်းခအနည်းငယ်တော့လန့်သွားသည်ထိုကြောင့်ဘာစကားမှမဆိုပဲတိတ်တိတ်လေးနေလိုက်သည်။
အချိန်တစ်ခုကြာချိန်မှာတော့ဒေါ်လေးနဲ့သူ့ထက်သာဗန်းတွေကိုင်ကာရောက်လာသည်။
သူ့ထက်သာကော်ဖီခွက်အားလင်းညို့ရှေ့သို့အရင်ချကာနောက်မှကောင်ခကိုပေးလိုက်တော့
လင်းညို့တစ်ယောက်ဉီစားပေးခံလိုက်ရသောခံစားချက်ကြောင့်အနည်းငယ်ဝမ်းသာသွားသည်။
"မောင်လင်းညို့ သူ့ထက်သာကိုဆိုးသေးလားပြောမရလို့ကတော့ရိုက်သာပစ်လိုက်"
"နည်းနည်းတော့ဆိုးပေမယ့်စကားတော့
နားထောင်ပါတယ်စိတ်မပူပါနဲ့အမေ.."
...............................................
ဖတ်ပေးတဲ့တစ်ယောက်ချင်းဆီကိုကျေးဇူးတင်ပါတယ်
Thankyou for voting 🌟
၅.၁၀.၂၃(ကြာသပတေး)
~~~~~~~~~~~~~~~~~~~~~~
(ZG)
"လက်ပေးအဝတ်နဲ့စီးမယ်"
အပေါက်လေးတွေလေဝင်တော့ညဝတ်ရင်ရှယ်ပဲမင်းကြောင့်အခုတောင်ငါ့ရဲ့အဖိုးတန်လေးကိုဖြဲပြီးရင်းပေးလိုက်ရတာနော်စေတနာကိုမစော်ကားစမ်းပါနဲ့"
သူ့ထက်သာပြောပြီးမှနောင်တတာရသွားချင်တယ်တော်တော်အံသြစရာအဖိုးတန်တဲ့သူ့ထက်သာအားရပါရရီလိုက်ချင်သော်လည်း
ထိုသို့ပြောလိုက်မှမျက်လုံးကအောက်ကပါးချိုင့်ရေးရေးပေါ်လာထိတိုင်ပြုံးပြကာ
"အင်းလိမ္မာတယ် နောက်လဲဒီလိုပဲစကားနားထောင်အဲ့အတွက်အကျိုးအမြတ်အနေနဲ့ကိုကိုကြီးကဆုချမယ်"
"ဘာဆုလဲ"
"တော်ပြီစီးပေးတော့"
"ရတယ်ကျွန်တော်ကောင်းခနဲ့သွားမှာသူ့ကိုအမေတို့နဲ့လဲမိတ်ဆက်ပေးမလို့လေသူကမနက်ဖြန်ခါပြန်မှာဆိုတော့ရွာထဲကိုလည်းကြည့်ချင်တယ်ဆိုလို့"
လက်ကျိုးသွားမယ်"
.
.
.
.
.
.
.
.
.
အခုဖြစ်နေတဲ့ပြဿနကတော့သူ့ထက်သာအမေတို့ဆီသွားမည်မို့လို့ထော်လာဂျီပေါ်တွင်အရှေ့လင်းညို့ကသူ့ထက်သာအားမိမိဘေးတွင်လာထိုင်ဖို့ပြောသော်လည်းအနောက်မှာပဲထိုင်မည်ဆို့သည့်သူ့ထက်သာကြောင့်ဒေါသငယ်ထိပ်သို့ဆောင့်တက်သွားရသည်မှာအမှန်
ခပ်ချွဲချွဲလေဆိုလာသည့်သူ့ထက်သာကြောင့်လင်းညို့တင်းမာနေသည်စြိတ်တွေသည်ပျောခွေသွားရသည်ကိုလင်းညို့လက်မခံနိုင်
"ဘာပြောပြောမင်းအကြောင်းပါသလား လင်မယားကြားဝင်မပါကောင်းဘူးတော်တော်လျှာရှည်တယ်"
"ငါပြောတာကိုဖြေလေ"
"ကျွန်တော်ကဘာပေးရမလဲ"
"ဘာကိုလဲဘယ်စကားလဲ"
လင်းညို့လဲစထွက်လိုက်သည်မဖြစ်ပါဘူးမနက်ဖြန်ခါဗညားကိုခေါ်ပြီး
အဟမ်း..သူ့နဲ့နှစ်ယောက်ထဲစီးချင်လို့မဟုတ်ဘူးနော်လင်းညို့ကလူပိုတွေမခေါ်ချင်လို့မျက်စိနှောက်သည်မဟုတ်လားဒါကြောင့်တစ်မျိုးမထင်ကြနဲ့...
သည့်အထိပင်..
ညိမ့်ပြလိုက်သည်။
တပ်ကာကြည့်လိုက်တော့
"ဟေ့ကောင်တော်ရုံတန်ရုံပဲအန်တော့ယောကျာ်းဖြစ်ပြီးဒီလောက်တောင်မခံနိုင်ဘူး"
"လာလည်တာတော့မဟုတ်ဘူးအမေ သားကဒီရွာကကျောင်းကိုလာလျှူတာသူ့ထက်သာကပြောဖူးလို့လေသူ့ရွာကကျောင်းရဲ့စာသင်ခန်းတွေကမကောင်းတော့ဘူးဆိုလို့လာလျှူတာပါမနက်ဖြန်ပြန်တော့မှာအဘွားနဲ့လာတာပါအဘွားကသူကြီးအိမ်မှာကျန်ခဲ့ပါတယ်ဗျ"
"ဘာလို့အဲ့လောက်ကြီးမောင်းရတာလဲသူကြီးဆိပြီးစည်းကမ်းမရှိတာပဲ"
"ငါဘာသာငါစည်းကမ်းရှိရှိမရှိရှိမင်းကိစ္စမဟုတ်ဘူးပါးစပ်ကိုပိတ်ထားလိုက်မဟုတ်ရင်ငါအကြောင်းသိမယ်"
ကောင်းခအနည်းငယ်တော့လန်သွားသည်ထိုကြောင့်ဘာစကားမှမဆိုပဲတိတ်တိတ်လေးနေလိုက်သည်။
"နည်းနည်းတော့ဆိုးပေမယ့်စကားတော်နားထောင်ပါတယ်စိတ်မပူပါနဲ့အမေ.."
...............................................
Thankyou for voting 🌟
၅.၁၀.၂၃(ကြာသပတေး)