အခန်း(၁)

10.8K 416 3
                                    

*ထိုဇာတ်လမ်းတွင်ပါဝင်သောအကြောင်း
အရာများမည်သည့်တစ်ဦးတစ်ယောက်ဆီကမှကူးယူခြင်းမရှိပါ။စာရေးသူအနေနဲ့စိတ်ကူး
ယဥ်သက်သက်သာပုံဖော်ထားခြင်းဖြစ်သည်။*

[၁]

"ကိုထွန်းမောင်ရေ... မပြီးသေးဘူးလားဘာလုပ်နေတာလဲ ကျုပ်သားလေးကစောင့်နေတော့မယ်"

ဒေါ်စိန်ကြည်ထို့သို့အော်ရခြင်းမှာသားဖြစ်မှာရွာကိုလာမည်ဖြစ်သောကြောင့်ရွာထိပ်မှာသွားကြိုခိုင်းခြင်းဖြစ်သည် ရွာလမ်းမှာလဲရွံတွေနဲ့ဆိုတော့သားဖြစ်သူကရွံတတ်ပုံနှင့်သွားမခေါ်မခြင်းလာမည်မဟုတ်....

"မင်းမလဲဘယ်လိုဖြစ်နေလဲ ငါရေအိပ်လေးဝင်တာတောင်အေးအေးဆေးဆေးမတတ်ရ
အသည်းအသန်နဲ့ရထားက၉နာရီမှဆိုက်အခုမှ၈နာရီငါကသွားထိုင်စောင့်နေရမှာလားထမင်းကြမ်းတောင်ပါးစပ်ထဲမထည့်ရသေးဘူးကွ"

"အို...မရဘူးအခုသွား သားငယ်အကြောင်းသိတယ်မှတ်လား စိတ်ကောက်ရင်တော်ပဲချော့ ရထားကစောရင်စောမှာပဲ
ကျုပ်နွားလှည်းထုတ်ထားတယ်သွား​ေတာ့ဗိုက်ဆာရင်လမ်းမှာတစ်ခုခုဝင်စားလိုက်"

"အေးအေးသွားပြီ မင်း သမီးကိုလဲအခန်းပြင်ထုတ်ပေးလိုက်ပါဉီးကွာ ထမင်းလဲမစားဘူး"

"ကျုပ်သိပါတယ် သွားသွား"

ယောကျာ်း ဖြစ်သူသွားမှသမီးဖြစ်သူအခန်းကိုသွားကာ

"သမီးသူသူထက် အမေကောင်းသမီးဘဝကောင်းစားအောင်စီစဉ်ပေးတာကို ဘာလို့အဲ့ဘုန်းကြီးကျောင်းသားကိုမလဲ မောင်လင်းညိုနဲ့သာယူရင်ညည်းလဲသူကြီးကတော်ဖြစ်ပြီ..
ပြီးတော့သူတိုဆီလယ်ကွက်တွေအလည်းအများကြီး ညည်းသူနဲ့သာယူရင်ဘာမှလုပ်စရာတောင်မလိုဘူး"

"သမီးတို့လည်း သူ့လောက်မချမ်းသာပေမယ့်အထိုက်အလျှောက်တော့ရှိတာပဲလေ သမီးကိုအောင်ကိုဘဲချစ်တယ်ကိုအောင်နဲ့ပဲလက်ထက်မယ် မချစ်မနှစ်သက်တဲ့လူကိုယူပြီးချမ်းသာလဲသမီးမှမပျော်တာ"

"တော်ပြီသူသူထက် ညည်းကစကားကောင်းကောင်းပြောလို့မရဘူး ဒီပတ်စနေမောင်လင်းညို့နဲ့စေ့စပ်ရမယ် ဒါပဲ"

သူကြီးကတော် မြို့ကြီးသားWhere stories live. Discover now