အခန်း(၉)

5.7K 269 4
                                    

"အမယ်လေးတိုင်ချင်တဲ့နေရာတိုင်စိန်ကြည်တို့ကမကြောက်တတ်ဘူး"

ရှူးရှူးရှဲရှဲလုပ်ပြီးထဘီကြီးမကာထွက်သွား
ထိုသားအမိ လမ်းလျှောက်သံပြင်းလိုက်ပုံများအနောက်မှာတော့ခြေတွေကျန်တော့မလို

"သားငယ်အမေကိုပြစမ်းမျက်နှာကနီရဲသားတာဘဲ နာနေလား"

"နည်းနည်းတော့နာတယ် ဒါပေမယ့်အဲ့ငပိပုတ်မကိုတစ်ချက်ထဲထိုးလိုက်ရတာမကျေနပ်ဘူး"

"သူ့ထက်သာနောက်တစ်ခါဒီလိုထပ်မဖြစ်စေပါနဲ့ ရန်ဖြစ်တယ်ဆိုကောင်းအရာမဟုတ်ဘူးပြီးတေ့ာလည်းကြားမကောင်းအမျိုးသမီးနဲ့တဲ့နောက်ဒါမျိုးထပ်ဖြစ်ရင်ထိပ်တုံးခတ်ရလိမ့်မယ်"

"ရန်ဖြစ်တာကယောကျာင်းမိန်းမခွဲရသေးတာလားကျွန်တော့်ကိုလာထိရင်တော့ငြိမ်ခံမနေိုင်ပါဘူး နေပါဉီးခင်ဗျားကကျွန်တော့်ကိုထိပ်တုံးမခတ်လိုက်ရလို့ဒေါသထွက်နေတာလား"

"သားငယ်အဲ့လိုမပြောရဘူးလေ မောင်လင်းညို့ပြောတာကသားအတွက်ပြောနေတာလေ
ဘာကိစ္စခင်ဗျားတုန်း နောက်တစ်ခါအဲ့လိုမပြောနဲ့နော်မောင်လင်းညို့ကသားထက်၁၀နှစ်လောက်ကြီးတယ်အကိုဖြစ်ဖြစ်ခေါ်ပေါ့ "

အကိုတဲ့ခေါ်စရာလားရိုသေစရာမရှိတဲ့လူကိုမရိုသေနိုင်ပါဘူးကိုယ့်ကိုလုပ်သွားတဲ့ကိစ္စကိုတောင်အခဲကြေသေးတာမဟုတ်ဘူး

"အမေပြန်မယ်လေမှောင်တောင်မှောင်နေပြီဒီနားမှာတစ်စက်မှမနေချင်တော့ဘူး ခြင်လည်းကိုက်တယ်"

"အေးပါ...ဒါဖြင့်ဒေါ်လေးပြန်ဦးမယ်နော်မနက်ကြစောစောလာခဲ့ချည်ဒေါ်လေးကောက်ညင်းပေါင်း
ပေါင်းမှာမို့ပူပူ​လေးစားရအောင်လို့"

"ဟုတ်ကဲ့ဒေါ်လေးဂရုစိုက်ပြန်ပါ"

"အမေကလည်းဘာလို့သွားခေါ်နေတာလည်း
ဟိုကလည်းငတ်နေလားမသိဘူး"

"ဟယ်.. သူ့ထက်သာနင်သူ့ကိုကျေးဇူးတင်ရမှာသိလားရွာမှာမိန်းကလေးနဲ့ယောကျာင်းလေးရန်ဖြစ်ဘယ်သူမှားမှားမှန်မှန်ယောကျာင်းလေးကဘဲအပြစ်ရှိတာမို့ လက်တုံးခတ်ခံရတာ ငါတောင်နင်ခတ်ခံရပြီမှတ်တာ မောင်လင်းညို့ကိုကျေးဇူးတင်စမ်း"

သူကြီးကတော် မြို့ကြီးသားWhere stories live. Discover now