အခန်း(၂၃)

5.4K 198 1
                                    

"ကိုကိုကြီး..ကိုကိုကြီးကျွန်တော်လက်ကိုက်နေတယ်နေလို့မကောင်းဘူး"

အိမ်​အနောက်ရှိသစ်ပင်အရိပ်အောက်ကသစ်သားကွပ်ပစ်တွင်ထိုင်ကာစာဖတ်နေသောလင်းညို့အနားအားသူ့ထက်သာသွားကာပြောပြလိုက်ခြင်းပင်ကိုယ်ပြောလိုက်တော့သူတစ်ချက်လှည့်ပြီးခေါင်းညိမ့်ပြသည်။သဘောကသူ့အနားလာဆိုသည့်သဘောပင်ဖြစ်သည်။သူ့ထက်သာလည်းအနားသွားထိုင်သည်နှင့်

"လက်ပေးငါတစ်ချက်ကြည့်ပေးမယ်"

ကိုက်နေသည့်ဘယ်ဘက်လက်ကိုပေးလိုက်တာနဲ့တစ်ပြိုက်နက်တံတောင်ဆစ်နားကိုအားပြင်းပြင်းနှင့်ဖိလိုက်သောအခါ

"အားး...ဘာလို့ဖိတာလဲလို့ခနကကိုက်နေတာအခုအောင့်သွားပြီ"

"ဘယ်နေရာနာနေမှန်းကမသိဘူးလေအခုသိသွားပြီဘာလို့ဖြစ်တာလဲမနေ့ဘာလုပ်သေးလဲ"

သူ့ထက်သာတွေးစစလေးဖြေလိုက်သည်။

"ကျွန်တော်မနေ့.....ဟင်းပဲချက်တာလေ
ဟင်းချက်ရုံလောက်နဲ့တော့ကျွန်တော်မဖြစ်ဘူးအဲ့လောက်ပျော့မနေဘူးသန်မာတယ်
ယောကျာင်းပဲဒီလောက်တော့လုပ်နိုင်ပါတယ်"

ကိုယ့်ကိုကိုယ့်ချီးမွမ်းခန်းဖွင့်နေသောသူ့ထက်သာအား၏နှဖူးအားလင်းညို့ခပ်ဖွဖွတောက်လိုက်သည်။

"အပြောကြီးတာပဲမင်းကလက်လေးကိုက်တာကိုတောင်ရှုံ့တွနေပြီးတော့အခုလောလောဆယ်ဆေးမလိမ်းလဲ လိမ်းဆေးကနည်းနည်းပြင်းတယ်အဝတ်နဲ့စီးထားပေးမယ်"

သူ့ထက်သာတစ်ယောက်လင်းညို့ဘာလုပ်နေလဲဆိုနားမလည်ပါစကားအဆုံးထသွားကကြိုးတန်းပေါ်မှာလှန်းထားသည့်ခပ်နွမ်းနွမ်းပုဆိုးအပေါက်တွေကလည်းဟိုတစ်ပေါက်ဒီတစ်ပေါ်နှင့်ထိုပုဆိုး
တစ်ထည်အားယူလာကာအားပါပါနဲ့ဖြဲလိုက်တော့တစ်စစီဖြစ်သွားသောပုဆိုး
အပိုင်းနှစ်ပိုင်းအားကိုင်ကာဟန်ပါပါနဲ့​
သူ့ထက်သာအနားသို့လျှောက်ရောက်လာသည်။

"လက်ပေးအဝတ်နဲ့စီးမယ်"

"ဟင်..ကျွန်တော်အဲ့ပုဆိုးအစုတ်ကြီးနဲ့စီးရမှာလားအရောင်တွေက​ဖြင့်လွှင့်နေပြီဒါကြီးပတ်ထားရင်ရှက်စရာကြီး"

သူကြီးကတော် မြို့ကြီးသားWhere stories live. Discover now