အခန်း(၂)

6.9K 329 3
                                    

*ထိုဇာတ်လမ်းတွင်ပါဝင်သောအကြောင်း
အရာများမည်သည့်တစ်ဦးတစ်ယောက်ဆီကမှကူးယူခြင်းမရှိပါ။စာရေးသူအနေနဲ့စိတ်ကူး
ယဥ်သက်သက်သာပုံဖော်ထားခြင်းဖြစ်သည်။*

"အမေ.... အမေ"

"သားငယ် ဘာဖြစ်လာတာလဲ တကိုယ်လုံးလဲပေကျန်လို့ လာလာရေသောက်ပြီးခနားပြီးရင်ရေချိုး ..အမေသားကြိုက်တဲ့ဟင်းချက်ထားတယ်"

"အမေ မမကိုဘာလို့အခန်းထဲပိတ်ထားတာ"

ကိုယ်ပြောသည့်စကားကြောင့်အမေကမျက်နှာပျက်သွားကာခပ်စူးစူးကြည့်လာသည်။သောက်လက်စရေနွေးကြမ်းအားလက်စသတ််လိုက်ပြီး

"နင်ကဘယ်လိုသိတာတုန်း"

"သိတာတွေမသိတာတွေကအရေးမကြီးဘူး
ကျွန်တော်မေးတာကိုပဲဖြေပါ"

"နင့်အမကမိဘကကောင်းစေချင်လို့ သူကြီးမောင်လင်းညို့နဲ့စီစဉ်ပေးတာကို ဘုန်းကြီးကျောင်းသားကောင်နဲ့လိုက်ပြေးဖို့ပြင်လို့ပိတ်ထားတာ အနာဂတ်မရှိတဲ့ကောင်ကိုမှကြိုက်ရတယ်လို့ ဘာအရည်အချင်းမှမရှိဘူး"

"အမေ ဘာလို့ဒီလိုလုပ်ရတာလမမကအရွယ်ရောက်နေပြီပဲဟာ..သူချစ်တဲ့လူကိုဘဲရွေးမှာပေါ့ မချစ်တဲ့လူဘယ်ယူချင်မလဲအမေတောင်အိမ်ကသဘောတူတဲ့လူနဲ့မယူနိုင်လို့အဘနဲ့ခိုးရာလိုက်ပြေးခဲ့မဟုတ််လား
နားလည်ပေးလိုက်ပါ"

ကိုယ်ပြောသည့်စကားကိုအမေဖြစ်သူက
ဂရုမစိုက်ဟန်ဖြင့် ကွမ်းအစ် ထဲမှကွမ်းယာကိုဝါးနေသေးသည်...

"အို...မဆိုင်တာတွေ ငါ့ကအမေငါ့ပြောရင်နားထောင်ရမှာ မောင်နှမနှစ်ယောက်လုံးတစ်ချိုးတည်း သူ့ထက်သာပြန်လာလာ​ခြင်းငါမဆူချင်ဘူး သွားသွား အခန်းထဲသွား ပြီးရင်ထမင်းစားမယ်"

ကိုယ့်အမေအကြောင်းကိုယ်သိသောကြောင့်ကြောက်ကြောက်နဲ့အခန်းထဲသာလာလိုက်သည်။မိိမိအခန်းမှမျက်နှာချင်းဆိုင်မမအခန်းကိုကြည့်ပြီးသက်ပြင်းသာချလိုက်တော့တယ်
အမဖြစ်သူကိုလဲသနားပါတယ်ဒါပေမယ့်သူတန်နိုင်တာမှမရှိတာ...

*****
ရေချိုးပြီးတာလဲ အိမ်ရာပေါ်မှာခေါင်းချလိုက်တာနဲ့အိပ်ပျော်သွားသည်။
အချိန်အတော်ကြာထိအိပ်ပျော်သွားတယ်နိုးလာတဲ့အချိန်ကနေ့လည်၃နာရီလောက်မှာနိုးလာသည်။ ထိုစဉ်ဗိုက်ကအချက်ပြလာတာကြောင့်အိမ်အောက်သို့ဆင်းလာတော့ကွပ်ပစ်မှာထိုင်နေသာအဘနှင့်လူအချို့

သူကြီးကတော် မြို့ကြီးသားWhere stories live. Discover now