Impersonator Lover (complete)

Av BlackRoseTK93

93.5K 8.3K 823

Jeon Jungkook Kim Taehyung Mer

1
2
3
4
5
6
7
8
9
10
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
Final

11

2.3K 231 53
Av BlackRoseTK93

မနက်ခင်းအိပ်ရာနိုးတော့ သူတို့နှစ်ယောက်ရဲ့ အလည်မှာခွခေါင်းအုံးမပြောနဲ့ လေတိုးပေါက် တောင်မရှိ..

Jungkook ရဲ့လက်မောင်းပေါ် Taehyung က ခေါင်းလေးအုံးလို့ လက်တဖက်က ဖက်လို့ထားသည်..

Jungkook ကလည်း သူ့ရင်ခွင်ထဲက Taehyung ရဲ့ ကိုယ်လုံးလေးကို ဖက်လို့ထားပြန်သည်.

Taehyung ထက် Jungkook က အစောကြီးနိုးလာကာ သူတို့နှစ်ယောက်ရဲ့ အခြေအနေကြောင့် Jungkook မှာ သဘောတွေကျနေပြီး မနက်ခင်း အနမ်းလေးကို Taehyung ရဲ့ ခေါင်းလေးသို့ ပေးလိုက်သေးသည်..

သူ့ရင်ခွင်ထဲမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ Taehyung ရဲ့ မျက်နှာလေးကို အနီးကပ် တဝကြီး ကြည့်နေမိသည်..

ပြတင်းပေါက်က တိုးလို့လာတဲ့ လေညှင်းလေး
ကြောင့် လိုက်ကာစလေးလွှင့်သွားချိန်မှာ နံနက် ခင်းနေရောင်ခြည်ပြပြလေးက Taehyung ရဲ့ မျက်နှာပေါ်ကျရောက်လာတော့ Jungkook ဟာ လက်ကလေးနဲ့ ကာပေးလိုက်တော့ မျက်လုံးစူးသွားလို့ အိပ်ရင်းမျက်မှောင်ကျုတ်သွားတဲ့ Taehyung ရဲ့မျက်နှာလေးက ပြန်ပြေရော့လို့သွားပြီး ခဏအကြာမှာ လှုပ်လှုပ် လှုပ်လှုပ်နဲ့နိုးလာတာကြောင့် Jungkook ဟာ ကာထားတဲ့ လက်ကိုဖယ်လိုက်ပြီး အိပ်ချင်ယောင်ပြန်ဆောင်နေတော့သည်..

ခုမှနိုးလာတဲ့ Taehyung ဟာ သူက Jungkook ရဲ့ ရင်ခွင်ထဲ ရောက်နေတာမှန်းလည်းသိရော ခေါင်းလေးကိုဖြေးဖြေးရွေ့ကာ မော့ကြည့်လိုက်တော့ Jungkook က အိပ်နေသေးတာကြောင့် ကုတင်ပေါ်ကနေ နောက်ပြန်ဖြေးဖြေးခြင်း Jungkook မနိုးအောက်ဆင်းလို့ ရေချိုးခန်းထဲ ဝင်လာခဲ့သည်..

ကုတင်ပေါ်က Jungkook ကတော့ Taehyung ထွက်သွားတာနဲ့ ပြုံးစိပြုံးစိနဲ့ ထလာခဲ့သည်..

ရေချိုးခန်းထဲ အနောက်ကနေဝင်လာတဲ့ Jungkook ကြောင့် Taehyung မှာ သွားတိုက်နေရင်း လန့်လို့သွားသည်..

" လန့်လိုက်တာ "

" တံခါးဘာလို့မပိတ်ထားတာလည်း "

" မေ့သွားတာ"

" ဟိုဘက်လှည့်နေ သေးပေါက်ချင်လို့ ခိုးမကြည့်နဲ့နော် "

" ဘာ ဘာလို့ခိုးကြည့်ရမှာလည်း "

Jungkook ဟာ Taehyung ကို စချင်တာ
ကြောင့်တမင်ပြောလိုက်တာဖြစ်သည်. ရှက်လို့သွားတဲ့ ကောင်လေး ရဲ့ မျက်နှာလေးကတော့ မှန်ထဲကနေလှမ်းကြည့်တာတောင် ရှက်သွားမှန်းသိသာသည်..

သေးပေါက်ပြီးတော့ အနားကိုရောက်လို့လာတဲ့ Jungkook မှန်ရှေ့နှစ်ယောက်တူတူ သွားတိုက်နေကြတာကို Jungkook ဟာ မှန်ထဲကနေကြည့်နေတာကြောင့် Taehyung မှာ မြန်မြန်မျက်နှာသစ်ပြီး အောက်ထက်သို့ဆင်းလာခဲ့တော့သည်..အနောက်ခန်းထဲ အမေ နဲ့အဘွားဟာ ထမင်းဟင်းချက်ရင်းအလုပ်ရှုပ်နေကြသည်..

" သား Tae လေးနိုးပြီလား အိပ်ရေးရောဝရဲ့လား ညဘက်တွေအဲ့လိုအကြာကြီးမနေကြနဲ့ နေမကောင်းဖြစ်တက်တယ်.. ဒီမှာ သားကြိုက်တက်တာလေးတွေ ရွေးပြီး omma ကချက်နေတာ ငါ့သားလေးကြည့်ရတာ သေးသေးလေးဖြစ်နေပြီ အားရှိအောင် စားအုံးကြားလား "

" ဟုတ် omma သား ဘာလုပ်ပေးရအုံးမလည်း "

" ဘာမှလုပ်စရာမလိုဘူး လုပ်ရမှာက ဟင်းကျက်ရင်များများစားဖို့ပဲ ဟုတ်ပြီလား "

ထမင်းစားစားပွဲနား မက်တပ်​လေးရပ်ကာ အမေဖြစ်သူနဲ့စကားပြောနေတဲ့ Taehyung ကို အနောက်ကနေရောက်လို့လာပြီး ခါးလေးကနေသိုင်းဖတ်လိုက်တဲ့ Jungkook..

Taehyung ဟာ Jungkook ဖတ်တာခံလိုက်ရတာကြောင့် ရုန်းလည်းရုန်းမိသွားသလို လန့်လည်းလန့်လို့သွားပြီး Jungkook ကိုလည်း မော့ကြည့်လိုက်တော့ သူ့ကိုပြုံးကာကြည့်လို့နေပြီး မျက်ခုံးလေးတချက်ပင့်ကာပြတော့ သူလည်းဟန်ဆောင်ပန်ဆောင်ပြန်ပြုံးပြလိုက်ရသည်..

"အောင်မလေး ငါ့သားနှယ့် သူ့အမျိုးသားလေးကိုချစ်နေလိုက်တာ ခုလေးတင်တကုတင်ထဲအိပ်လာပေလို့ပဲနော် တောက်တဲ့ ကျနေတာပဲ ဘာလည်းအမေတို့ရှိလို့ Morning kiss မပေးတာမဟုတ်လား ပေးလို့ရတယ်ပေးလို့ရတယ် ပေးပေး "

အမေဖြစ်သူကပဲ သူတို့နှစ်ယောက်ကို ရိပ်မိနေတာလား တကယ်ပဲလွှတ်လွှတ်လပ်လပ်ရှိတဲ့ မိသားစုပုံစံပဲလားဆိုတာ Taehyung မစဥ်းစားတက်တော့ ခုလည်း morning kiss ပေးခိုင်းနေတာကြောင့် Jungkook တကယ်ပေးလာမှာလားဆိုပြီးတွေးနေတုန်း

" ပေးရမလား "

အနောက်က သိုင်းဖက်ထားရာကနေ သူရဲ့မျက်နှာနား ခေါင်းလေးစောင်းကာ မေးလို့နေတဲ့ Jungkook..

အရှေ့က အမေဖြစ်သူကလည်းဟင်းသာချက်နေတာ အကြည့်ကသူတို့နှစ်ယောက်စီမှာ ဘေးက အဘွားကလည်း မျှော်လင့်နေတယ်ဆိုတဲ့အ
ကြည့်မျိုးကြောင့် Taehyung မှာ ဘာလုပ်လို့လုပ်ရမလည်းမသိ သူ့ကိုကြည့်လို့နေတဲ့ Jungkook ကို ကြည့်ကာ ခေါင်းလေးညိတ်ပြလိုက်မိတော့သည်..

" အင်း "

ခွင့်ပြုလိုက်သိနှင့် ပါးပြင်ပေါ်ကျရောက်လာသည် နှူးညံ့တဲ့နှုတ်ခမ်းတစုံကြောင့် Taehyung ရဲ့ ရင်ထဲ အမည်မသိရင်ခုန်မှုတွေဖြစ်ပေါ်လို့သွားသလို..

တဖက်က Jungkook မှာလည် စတော်ဘယ်ရီနံ့ ဆွဲလို့နေတဲ့ နူးညံ့လှတဲ့ ပါးပြင်လေး ကြောင့် ရင်ခုန်သံတွေထိန်းမရတော့ကာ အပြင်ကိုပေါက်ထွက်တော့မည်တောင်ထင်ရတဲ့ အထိ ကိုဖြစ်လို့နေသည်..

" နှစ်ယောက်က ခုမှနမ်းဘူးကြတာလား ဒါမှမဟုတ် အရမ်း romantic ဆန်တာလား မြင်ရတဲ့ အဘွားကြီးတွေတောင် ရင်ခုန်တယ် ငါ့သားရယ် မင်းနှယ့် Tae လေးကိုအဲ့လောက်တောင်ချစ်တာလား."

" omma ကလည်း "

" တော်သေးတာပေါ့ ငါ့သားစိတ်ကြိုက်ရွေးချယ်မှုကိုခွင့်ပြုပေးခဲ့လို့ မဟုတ်ရင် ငါ့သားစိတ်ဆင်းရဲနေရင် ဒီအမေ ရင်ကွဲမှာ "

သားမိနှစ်ယောက်စကားတွေပြောနေကြတဲ့အထိ Taehyung မှာမလှုပ်မယှက်ပဲ Jungkook ဖတ်ထားတဲ့အတိုင်း ငြိမ်နေမိတော့သည်..

ထမင်းတူတူစားကြပြန်တော့လည်း အမှန်ဆို နှစ်ယောက်ဘေးချင်းကပ်လျက်ထိုင်ရမှာကို မထိုင်ပဲ မျက်နှာခြင်းဆိုင်ထိုင်လို့နေတဲ့ Jungkook..

အမေ ချက်ပေးထားတာတွေကလည်း Taehyung အကြိုက်တွေဖြစ်တာကြောင့် Taehyung ဟာ အစားကိုသာအာရုံရောက်နေပေမယ့် အရှေ့က Jungkook ရဲ့ အကြည့်က Taehyung စီမှာ..

" ငါ့သား ထမင်းက အောက်မှာနော် "

Taehyung လည်းအမေဖြစ်သူပြောမှသာ အရှေ့ကတယောက်ကိုကြည့်မိတော့သည်..ခုထိထမင်းပန်းကန်က အရာမရွင်းသေးသလို ဒီလောက်ပြော နေတာတောင် သူ့ကိုအကြည့်မပျက်တဲ့ Jungkook ကြောင့် Taehyung ဟာ မျက်မှောင်လေးကျုတ်ပြလိုက်တော့ Jungkook ကပြုံးပြသည်..

" Taehyung ထမင်းစားရင် အရမ်းချစ်ဖို့ကောင်းတာ အမေသိလား သူ့နှုတ်ခမ်းတထော်ထော်နဲ့စားနေတာကိုသားသဘောကျလို့ သူတခုခုစားတိုင်း သားကအဲ့လိုထိုင်ကြည့်ရတာ သဘောကျလို့ပါအမေရဲ့ "

ထမင်းစားရင်းပေါ့ပေါ့ပါးပါးပြောလို့နေတဲ့ Jungkook ကြောင့် Taehyung မှာ ထမင်းဝိုင်းကနေတောင်ပြေးထွက်သွားချင်တော့အတဲ့အထိ

" ငါ့သားကတကယ်ကို လိပ်လေးဖြစ်နေပြီပဲကို "

" ဟုတ်တယ် Tae ဘက်သာ ယှက်တဲ့လိပ် "

ဟန်ဆောင်နေတာလား တကယ်လားဆိုတာမခွဲခြားတက်တော့လောက်အောင် သရုပ်ဆောင်တော်လို့နေတဲ့ Jungkook ကြောင့် Taehyung မှာလည်း မပြုံးပဲမနေနိုင်တော့အထိ သူပါ သဘောတကျပြုံးနေမိတော့သည်...

Jk pov.. Tae ငါဟန်ဆောင်နေတယ် ထင်နေလို့မင်းရီနေတာလား.. ဒါငါရင်ထဲက ခံစားချက်အတိုင်းပြောနေတာ ဒါကြောင့် မင်းရင်ထဲ ငါတဖြေးဖြေးဝင်လာခဲ့မယ် မင်းတံခါးလေးတော့ဖွင့်ထားဖို့လိုမယ် Tae..မင်းတံခါးက ခုထိပိတ်နေသေးတာတော့ခက်တယ်ကွာ ...

BlackroseTK93
Taekookforever 🐰🐯

ကျမ ဒီနေ့ဘယ်သူ့ အားကိုးနဲ့ ဒီလောက်အများကြီးတင်ပေးနေမိလည်းမသိဘူးနော်... ခုတော့ကေုန်သွားပါပြီ တင်စရာတကယ်ကိုမရှိတော့ပါ..

ဖတ်ရတာများလို့ ပျင်းသွားကြပြီထင်တယ် မန့်တောင်မပေးကြတော့ဘူးနော် ငြိုငြင်ကြတာလားပြော

ကဲ ပြောမယ်... review ပေါ့နော်

တွန့်ဆုတ်နေတဲ့ JJK ကိုဖတ်ချင်ရင်
Impersonator Lover ကိုဖတ်ပါ..

ချစ်သလိုလို မချစ်သလိုလို မမဆောင်းမောင်ကိုဖတ်ချင်ရင် Vody ကိုဖတ်ပါ..

ဒဲ့ကိုကို ကို ဖတ်ချင်ရင် CHARACTER ကိုဖတ်ပါ..

zawgyi










" လန့်လိုက်တာ "


" မေ့သွားတာ"












" ပေးရမလား "



" အင်း "




" omma ကလည်း "













BlackroseTK93
Taekookforever 🐰🐯

ကျမ ဒီနေ့ဘယ်သူ့ အားကိုးနဲ့ ဒီလောက်အများကြီးတင်ပေးနေမိလည်းမသိဘူးနော်... ခုကေေုနျသှားပါပွီ တင်စရာတကယ်ကိုမရှိတော့ပါ..






Fortsett å les

You'll Also Like

2.2M 115K 64
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...
428K 17.5K 61
╰┈➤ *⋆❝ 𝐢'𝐝 𝐫𝐚𝐭𝐡𝐞𝐫 𝐧𝐨𝐭 𝐥𝐨𝐬𝐞 𝐦𝐲 𝐜𝐨𝐟𝐟𝐞𝐞 𝐭𝐚𝐛𝐥𝐞 𝐚𝐬 𝐚 𝐫𝐞𝐬𝐮𝐥𝐭 𝐨𝐟 𝐲𝐨𝐮 𝐩𝐢𝐬𝐬𝐢𝐧𝐠 𝐨𝐟𝐟 𝐭𝐡𝐚𝐭 𝐭𝐢𝐦𝐞-𝐛...
457K 16.3K 94
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
952K 36K 86
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...