36

2K 195 22
                                    

လွန်ခဲ့တဲ့ တလကျော်ပြသနာရဲ့အစ..

အိမ်ရှေ့ဘဲလ်သံကြောင့် cctv ကနေကြည့်လိုက်တော့ wooyoung ဖြစ်နေတာကြောင့် လာလည်တယ်ပဲထင်ကာ အိမ်တံခါးကိုဖွင့်ပေးလိုက်သည်..
အိမ်ထဲဝင်လာထဲက သူ့ကိုပြေးဖတ်ကာငိုနေတဲ့ wooyoung ကိုချော့ကာ ဧည့်ခန်းမှာထိုင်စေလိုက်တဲ့ omma.

" wooyoung လေးဘာဖြစ်လာတာလည်း "

" omma သမီးကိုလေ သမီးကို Jungkook က ပါးရိုက်လိုက်တယ် "

" ဟယ် ဘယ်လိုဖြစ်လို့လည်း သားJungkook က သမီးကိုဘာလို့အဲ့လိုရိုက်ရတာလည်း "

" omma.. omma သိလား ဟင့် Jungkook နဲ့ Taehyung ကလေ ဟန်ဆောင်လက်ထပ်ထားကြတာ "

" ဘာ! "

" ဒီမှာကြည့် omma "

သူအိတ်ထဲက Jungkook အခန်းထဲက ခိုးထားတဲ့ ဟန်ဆောင်စာချုပ်ကိုပြလိုက်တဲ့ wooyoung..ထိုစာချုပ်ကိုကြည့်ပြီး omma ဟာ မသိမသာလေးမျက်ခုံးပင့်မိသွားသည်..သိူ့သော်..

" ဒါက "

" သူတို့နှစ်ယောက်က ဟန်ဆောင်ထားတာ "

" နေပါအုံးခုကရော ဘယ်လိုဖြစ်လို့ သား Jungkook က သမီးကို ပါးရိုက်လိုက်ရတာလည်း "

" Jungkook ကလေ မနေ့က Taehyung ဖြစ်တဲ့ကိစ္စကို သမီးလုပ်တာဆိုပြီး သမီးကို စွပ်စွဲတာ omma "

" သမီးလုပ်တာမဟုတ်ပဲနဲ့လား ဒီကောင်လေးတော့ "

omma pov.. wooyoung ဘာလို့လိမ်နေတာလည်း omma မသိဘူးထင်နေတာလား ပြောစမ်းအမှန်တိုင်း

" ဟုတ် "

wooyoung ရဲ့ဟုတ်ဆိုတဲ့ အဖြေမှာ omma ဖြစ်သူဟာ တချက်ရယ်လိုက်ပြီး wooyoung ပေးလာတဲ့ ဟန်ဆောင်စာချုပ်ကိုဖြဲလိုက်သည်..

" wooyoung သမီးကို အန်တီက ကိုယ့်သမီးလေးလိုချစ်ခဲ့တာ သမီးအသိဆုံးပါပဲ "

အရင်လိုဆို omma လို့ပြောတဲ့သူက ခုတော့ အန်တီလို့ပြောင်းပြောလိုက်တာကြောင့်ရယ် ခုဏစာချုပ်ကိုဖြဲလိုက်တာကြောင့်ရော wooyoung မျက်နှာပျက်လို့နေပြီ..

" ငယ်ငယ်က Jungkook လေးဆို သမီးကို သူ့ထက်ပိုချစ်လို့ အမြဲစိတ်ဆိုးနေကြလေ..ဒါပေမယ့်လေ အန်တီချစ်ခဲ့တဲ့ ကလေးလေးက ဒီလောက်စိတ်ပုတ်မယ်မထင်ထားဘူး..

Impersonator Lover (complete) Wo Geschichten leben. Entdecke jetzt