16

2.3K 209 13
                                    

" Tae ငါတို့အတူတူ "

" ငါပြောထားတဲ့အတိုင်းနေကြရအောင်လေ ငါ Bus နဲ့ပဲသွားတော့မယ် Jungkook "

Impersonator Lover

အလုပ်ရောက်တော့ သူကိုယ်တိုင်မဟုတ်ပေမယ့် အားလုံးတော့စီစဥ်ပေးထားသည်.ကုမ္မဏီကိုစရောက်ထဲက အဝင်အဝမှာ စောင့်ကြိုနေတဲ့ မန်နေဂျာHobi..

" Taehyung ရောက်ပြီလား.ခဏလေးနော် နောက်တယောက်စောင့်လိုက်အုံးမယ် "

" ဟုတ်ကဲ့ "

ခဏအကြာမှာရောက်လို့လာတဲ့ နောက်တယောက်ဆိုသူကြောင့် Taehyung မျက်မှောင်လေးမသိမသာကျုတ်မိသွား​​တော့သည် .

" wooyoung နောက်ကြလိုက်တာ "

" ဟုတ်တယ် Hobi oppa ကားလမ်းတွေပိတ်နေလို့.. ဒီက မနေ့ကတွေ့တဲ့ Jung မိတ်ဆွေ ဆိုတာလား "

Hobi " ဘယ်လို Jungkook မိတ်ဆွေ..."

" ဟုတ်ပါတယ် ဒုတိယအကြိမ်တွေ့စုံခြင်းပါ "

Hobi pov..wooyoung လောက်တော့ပြောပြထားသင့်တယ်ထင်တာပဲလေ ဘာလို့များ...

Hobi " လာ ခု နှစ်ယောက်စလုံးက ဒီဇိုင်းနာတွေဆိုတော့ နှစ်ယောက်လုပ်ရနေရာလိုက်ပြပေးမယ်.. ဒီနှစ်ဆောင်းတွင်းကိုတော့ ငါအကြိုရင်ခုန်နေပြီ..တကယ်ဆရာကြီးတွေ ငါတို့ကုမ္မဏီကိုရောက်လာကြတာပဲ ကြိုဆိုပါတယ်နော်နှစ်ယောက်လုံးကို.. "

ဓာတ်လှေကားထဲ အရှေ့က မန်နေဂျာHobi ကတော့ပေါက်ပေါက်ဖောက်သည့်အလား မနားတန်းပြောနေပေမယ့် အနောက်ကနှစ်ယောက်က အသက်တောင်ပါလာရဲ့လားမသိ အပ်ကျသံတောင်မကြားရသလိုတိတ်ဆိတ်လို့နေသည်..

Impersonator Lover

သူတို့လုပ်ရမယ်နေရာရောက်တော့ Wooyoung ဆိုတာကို အားလုံးက Jungkook ရဲ့ငယ်သူငယ်ချင်း ဘယ်သူဘယ်ဝါမှန်းသိကြတော့ ရောက်လာထဲက ဖားနေကြသည်အထာ..

ဘေးက Taehyung ကိုတော့ရှိတယ်လို့ကိုမထင် Taehyung ကလည်းဒါမျိုးကိုသာလိုချင်တာကြောင့် ဘယ်သူမှနှုတ်မဆက်လည်းအေးဆေး..

သို့သော်အနားကို​ရောက်လာတဲ့ အရပ်ရှည်ရှည်မှန်ကြောင်လေးတယောက်ရယ် ..မျက်နှာက တလောကလုံးသူလုပ်စာထိုင်စားနေသည့်အလားဆူပုတ်နေတဲ့ ဖြူစုပ်စုပ်ကောင်လေးတယောက်..

Impersonator Lover (complete) Where stories live. Discover now