7

2.5K 239 11
                                    

မဂ်လာခန်းမကြီးထဲ ဖာသာရဲ့ရှေ့ရပ်လို့နေတဲ့ အဖြူရောင်သတိုးသားလေးနှစ်ယောက်..
တယောက်မျက်နှာတယောက်ကြည့်လို့ လက်ကလေးတွေဆုတ်ကိုင်ထားကာ ဖာသာရဲ့စကားတွေနားထောင်ပြီး ကတိကဝတ်တွေပြုလို့..

" ကြင်စဦး လင်လင်မောင်နှံ အနမ်းပေးလို့ရပါ
ပြီ "

Jungkook ဟာ  Taehyung ရဲ့ ပါးပြင်လေးကို ထိန်းကိုင်လိုက်ချိန်မှာ Taehyung ဟာ ရင်တုန်ပန်းတုန်ဖြင့် တံတွေးတွေမြိုချနေမိတယ်..

ဒါဟာ သူ့ရဲ့First kiss.ထို First kiss ကို သူ့မချစ်တဲ့သူ သူ့ကိုလည်းမချစ်တဲ့သူ.. သူငယ်ချင်းကြောင့် ဟန်ဆောင်လက်ထပ်ပေးရသူ.
သူငယ်ချင်းကြောင့် ဟန်ဆောင်ပြန်လက်ထပ်သူကိုမှပေးရမယ်လို့ တွေးရင်း Taehyung တယောက် ပွဲရဲ့ ထိပ်ဆုံးဝိုင်းမှာ သူ့ ကိုကို လက်ကိုဆုတ်ကိုင်လို့ သူ့ကိုပြုံးပြုံးကြီးကြည့်နေတဲ့ သူငယ်ချင်းကောင်းကြီးကို အရည်ခွံနွှာချင်စိတ်တွေတဖွားဖွားဖြစ်လို့နေသည်..

ပါးပြင်ကိုထိန်းကိုင်ရင်း ခေါင်းလေးစောင်းကာ သူ့ရဲ့မျက်နှာနားတိုးကပ်လာတဲ့ Jungkook..နှစ်ဦးသား တဖြေးဖြေး နီးကပ်လာတဲ့ အခြေအနေကို တချက်လေးမှ မျက်တောင်မခက်ကာ စိုက်ကြည့်နေကြပြီး နှုတ်ခမ်းသားနှစ်ခု ထပ်တူကြလုလု ဆဲဆဲမှာ နှစ်ယောက်စလုံးပြိုင်တူ မျက်လုံးလေးတွေမှိတ်လိုက်ကာ နှုတ်ခမ်းပါးပေါ် ရောက်လို့လာတဲ့ Jungkook လက်မ.. ထိုလက်မပေါ်သာ Jungkook ရဲ့ အနမ်းကိုပေးလိုက်ချိန်မှာ Taehyung ဟာ မျက်လွှာလေးကို ဖွင့်လို့ကြည့်မိသည်..

သူရဲ့ ရှေ့မှာ အနီးကပ်မြင်နေရတဲ့ Jungkook ရဲ့ မျက်နှာ မျက်လုံးလေးမှိတ်လိုက်တော့ ရှည်လျားပြီးဆင်းနေတဲ့ မျက်တောင်လေးတွေက မဲနက်လို့..

သူထိုမျက်တောင်လေးကိုကြည့်နေချိန်မှာပဲ ပွင့်လို့လာတဲ့ မျက်ဝန်းဝိုင်းဝိုင်းလေး မဲနက်ပြီး ကြည်လဲ့နေသည်.

နီးကပ်နေတဲ့ အနေအထားမှာ နှစ်ဦးသားအကြည့်ခြင်းစုံပြီး တဖြေးဖြေး ဝေးကွာသွားခဲ့သည်..

Impersonator Lover


ခန်းမကြီးထဲ Jungkook ရဲ့ လက်ကို Taehyung ကတွဲလို့ သိတဲ့သူရောမသိတဲ့သူရောကို ပြုံးကာနှုတ်ဆက်နေရသည်..

Impersonator Lover (complete) Wo Geschichten leben. Entdecke jetzt