Unicode
အခုရက်တွေထဲ Jeonghan ရဲ့ မိသားစုနဲ့ မထင်မှတ်ထားလောက်အောင် Cheol ရင်းနှီးလာခဲ့တယ်။ Cheol က Jeonghan အိမ်ကိုပဲ ခြေချင်းလိမ်နေသည်။ တချို့သောရက်တွေဆို Jeonghan အိပ်ခန်းထဲတောင် ဝင်အိပ်နေလေ့ရှိသည်။ အမေကတော့ ဘာမှမပြော၊ အဖေကလည်း အလုပ်ကိစ္စတွေသာ အာရုံစိုက်နေရတာကြောင့် သိပ်သတိမထားမိ။ Jeonghan က အတင့်ရဲလှသည့် Cheol ကြောင့် ရင်လေးနေရသည်။ သို့သော်လည်း ခဏတာသာ။ Cheol ရဲ့ ရင်ခွင်ထဲ ခိုနားလိုက်ရတဲ့ အခိုက်အတန့်တိုင်းမှာ ဗိုက်ထဲ လိပ်ပြာတွေသာမကပဲ အကောင်ပေါင်းစုံ ပလူပျံနေတော့တာ။ Cheol နဲ့သူက သတိမထားမိလောက်အောင် ချစ်ရည်ရွှမ်းနေခဲ့ကြတာ။ စစချည်းတွဲတုန်းက Cheol စနမ်းရင် သူ့မှာ ကျွမ်းထိုးမှောက်ခုန်ဖြစ်နေတာ။ မနေတတ်၊ မထိုင်တတ် နဲ့ ရင်ထဲယားကျိကျိလိုလို၊ ကလိလိလိုလို ခံစားချက်မျိုး။ အခုတော့ အနမ်းတွေမှာ အသားကျသွားသလိုလိုပါပဲ။ Cheol ကသိပ်လည်တယ်။ တစ်ခါတလေ သူကိုမြူဆွယ်ပြီး နမ်းမလိုလိုနဲ့ ပြန်ပြန်ရုတ်လိုက်တယ်။ သူကတော့ ဖိုးသိုးဖက်သက်ကြီး ကျန်ခဲ့ရတာပေါ့။ Cheol မနမ်းရင် မနေတတ်ဘူးဆိုတာသိလို့ လူဆိုးလေးက တမင်ယုတ်တာပါ။ တစ်နေ့မှာ အနည်းဆုံးနှစ်ခါလောက်ဖြစ်ဖြစ် Cheol ဆီကအနမ်းကို သူမျှော်လင့်မိပါသည်။
အခုလည်း လူဆိုးလေးက သူ့ကုတင်ပေါ် နိုင်ထက်စီးနင်း နေရာယူထားပုံများ။ ဂိမ်းဆော့နေတဲ့ လက်ချောင်းတွေက သွေးကြောတွေဆီ အကြည့်ရောက်မိတော့ ရင်တွေတဒိတ်ဒိတ်နဲ့ပါပဲ။ သည်လူသားကို ငါပိုင်နေရတာပါလား ဆိုတဲ့အတွေးက တစိမ့်စိမ့်ကြည်နူးရတာ။ မျက်နှာသစ်၊ သွားတိုက်နေတဲ့ Jeonghan ကို ဂိမ်းဆော့ရင်းစောင့်နေတဲ့ ဆံဖြူကောင်လေးက ဖက်ထုပ်လေးလို ညှစ်ပစ်ချင်စရာ။ အသည်းယားစွာ ရင်ခွင်ထဲ ပစ်လဲချမိတော့ ဂိမ်းတန်းလန်းနဲ့ ဖုန်းကို ကုတင်ဘေး ဖြစ်သလို ပစ်ချလိုက်ပြီး ဆံပင်တွေကို လာဖွတယ်။ နောက်တော့ လက်ချောင်းတွေက မျက်ခုံးမွှေးဆီ တဖြည်းဖြည်း ကူးသန်းလာတယ်။ Jeonghan အသာလေး ငြိမ်ခံနေရင်းကနေ သူ့မျက်ခုံးမွှေးကို ဆွဲထည့်လိုက်တဲ့ Cheol ကြောင့် အား ခနဲအော်မိရင်း ရင်ဘတ်ကျယ်ကျယ်ကို ရိုက်ထည့်လိုက်မိသည်။ လူကို ကလူတာလည်း ကလူပေါ့၊ အသားနာအောင်အထိ စ,စရာလား ဟုတွေးမိသည်။
"အသည်းယားလို့ပါကွာ၊ မင်းကလည်း"
"နာသွားတယ်လေ၊ မင်းအားကြီးနဲ့ ဆွဲထည့်တာ"
ထိုစကားကြောင့် Cheol က Jeonghan မျက်ခုံးမွှေးလေးကို ညင်သာစွာ ထိတွေ့ပေးနေသည်။ Cheol ရဲ့ လက်ဖဝါးနေရာလေးကို Jeonghan တစ်ချက်ဖိနမ်းလိုက်သည်။ Cheol နှုတ်ကလည်း ဖွတေး၊ ဖွတေး ဟု အဆက်မပြတ် ရွတ်နေသည်။ နူးညံ့လှတဲ့ Cheol အပြုအမူတွေကို သူခံယူနေရတိုင်း မြတ်နိုးခြင်းထုထည်က အဆပေါင်းများစွာ ကြီးထွားလာတယ်။ မျက်ခုံးမွှေးဆီ ရစ်ပတ်ခြယ်လှယ်နေတဲ့ လက်ချောင်းတွေက Jeonghan ပါးကို အုပ်ကိုင်လိုက်ရင်း
"ငါ့ကိုကြည့်အုံး"
Cheol ရင်ခွင်ထဲ ပက်လက်အိပ်နေတဲ့ Jeonghan ကို မျက်နှာချင်းဆိုင်စေပြီး
"နမ်းအုံး"
သူ့နှုတ်ခမ်းသူ လက်ညိုးထိုးပြနေသည်က ချစ်စဖွယ်။ Jeonghan ခပ်ဖွဖွသာ နမ်းလိုက်ပြီး
"အမေဝင်လာရင် ပြဿနာတက်မယ် Cheol။ ငါ့အိပ်ခန်းထဲထိတော့ မင်းအတင့်လာမရဲနဲ့"
"အဲ့ဆို ငါ့အိမ်သွားမယ်"
"တော်ပါ"
Cheol ကရယ်လိုက်ပြီး Jeonghan ကို တင်းနေအောင် ဖက်ထားတယ်။ အလွှတ်မပေးချင်မိတဲ့အထိ သူ့လောဘတွေက အတောမသတ်နိုင်။ Jeonghan နဲ့ပတ်သတ်ရင် လူဆိုးလေးလိုပဲ နေထိုင်ချင်တော့တယ်။ သူ့အရာရာတိုင်းကို အလိုလိုက်ပေးတဲ့ Jeonghan ကြောင့်လည်း ထိန်းချုပ်မရစွာ မိုက်ရူးရဲနေမိတာ။ Jeonghan ဖိနှိပ်လွှမ်းမိုးထားတဲ့ ချစ်ခြင်းဝင်္ကပါဟာ သိပ်ကို ခမ်းနားလွန်းပါတယ်လေ။ 24 7 စိတ်ကို စိုးမိုးနေလွန်းသူက Jeonghan ပါ။ သူ့သံသရာထဲမှာ Jeonghan မှာလှပနေတော့မှာ...။
တောင်~
Jeonghan ဖုန်းကနေ စာတစ်စောင်ဝင်လာတော့ Cheol ကတစ်ချက် လှမ်းကြည့်လိုက်သည်။ Jeonghan က Mingyu ဆီကဟုပြောတော့ ပြုံးကာ ခေါင်းညိတ်ပြရင်း ခါးကိုလှမ်းဖက်သည်။
Mingyu ပြောထားသည်က
"မနက်ဖြန် Wonnu မွေးနေ့၊ ပါတီလုပ်မလို့ *&#^%&983"
နောက်ကမှားရေးမိတဲ့ စာတွေကြောင့် Jeonghan ကြောင်မိသည်။ ဘာလဲဟ ဟုနှုတ်ကထွက်မိတော့ Cheol စိတ်ဝင်စားသွားကာ စာကိုလှမ်းဖတ်သည်။ ထို့နောက်
"မင်းသူငယ်ချင်းတွေက ဒါကောင်းတဲ့ကောင်ကော ပါရဲ့လား"
နားထင်ကို လက်ညိုးဖြင့်ထိုးပြကာ Jeonghan ကိုမေးမိသည်။ Jeonghan မျက်မှောင်ကျုံ့၍ Cheol ကိုကြည့်လိုက်ကာ ပေါင်ကိုတစ်ချက်ရိုက်လိုက်သည်။ Mingyu ကို ဘာလဲ ဟုစာပြန်ပို့လိုက်သည်။ သိပ်မကြာလိုက်၊ Mingyu စီက စာတစ်စောင်ထပ်ပို့လာသည်။
"အဟဲ ဘေးမှာ Wonnu လေးလိုက်နှောင့်နေလို့၊ စာမှားရိုက်မိတာ ဆော်ရီးသားရီးရေ"
Jeonghan ပြုံးမိကာ အိုခေလေ ဟုပြန်ပို့လိုက်သည်။ Mingyu တောင် Wonwoo ဆီက အဖြေရပြီလားဟုတွေးမိတော့ ဘာမဆိုင် ညာမဆိုင် Jisoo ကိုသနားသွားမိသည်။ ငဒူကိုမှ သဘောကျမိနေတဲ့ Jisoo အဆင်မှပြေပါ့မလား ဟု သူတွေးမိသည်။ Jisoo နဲ့ Seokmin ကြား မြှားနတ်မောင်အဖြစ် ဝင်လုပ်ချင်ပေမဲ့ ဘေးက ဆံဖြူကောင် အထင်လွဲမှာလည်း စိုးရသည်။ ထို့ကြောင့် လက်မောင်းကို တွဲချိတ်လိုက်ပြီး
"Cheol"
ဂိမ်းဆက်ဆော့နေသည့်သူက တစ်ချက်ငဲ့ကြည့်လာသည်။
"ဖုန်းခဏချ၊ ပြောစရာရှိ"
"ပြော အချစ်"
တစ်သဝေမတိမ်းလိုက်နာသည့် Cheol က ဖုန်းကိုပိတ်လိုက်ပြီး Jeonghan ကိုချိုမြိန်စွာကြည့်လာသည်။
"ငါပြောဖူးတယ်မလား၊ Jisoo က Seokmin ကိုသဘောကျနေတာလို့"
ခေါင်းတဆတ်ဆတ်ညိတ်ကာ
"အေး အဲ့တာဘာဖြစ်"
"ဒီလိုကွာ၊ Seokmin က Jisoo ကိုသူငယ်ချင်းတစ်ယောက်လိုပဲ မြင်နေတာ။ အဲ့တော့ ငါတို့ ကူညီပေးကြမလား"
"ငါတို့နဲ့ဘာဆိုင်လဲ"
"Cheol ကလည်း၊ မင်းနဲ့မဆိုင်ပေမဲ့ ငါနဲ့ဆိုင်တယ်လေ။ ငါ့သူငယ်ချင်းလေ"
"Jeonghan ငါပြောမယ်၊ လူတစ်ယောက်နဲ့ လူတစ်ယောက်က ချစ်ကြိုက်ဖို့ဆို ဘေးလူနဲ့ ဘာမှမဆိုင်ဘူး။ Seokmin က Jisoo ကို ကြိုက်လာရင် သူ့နည်းသူဟန်နဲ့ ချပြလိမ့်မယ်။ ငါတို့သွားလုပ်ယူလို့မရဘူး"
"Seokmin လား ချပြပါလိမ့်မယ်။ သူကနည်းနည်း ငါတို့နဲ့မတူဘူးကွာ၊ အတွေးအခေါ်က"
"အကယ်၍ ငါတို့ကူညီပေးလို့ အကျိုးထူးလာရင် တစ်မျိုးပေါ့။ မဟုတ်ရင် အချိန်တွေပေးထားရတာ နမျောစရာ"
"ဟုတ်ပါပြီ၊ နော်...ကူညီရအောင်"
"သဘော သဘော"
//
ဂျူလိုင် ၁၇ရက်
Wonwoo မွေးနေ့မှာ တက်ကြွနေသူက ကာယံကံရှင်မဟုတ်ပါဘဲ Mingyu ဖြစ်နေသည်။ ပါတီလုပ်မယ်လို့ပြောတော့ Wonwoo ကငြင်းပါသေးသည်။ ပါတီအတွက် Decorations ကို စိတ်အားထက်သန်စွာ လုပ်နေသူအား လက်ပိုက်သာကြည့်နေရသည်။ အတန်းထဲက သူငယ်ချင်းတွေကိုသာ အဓိကထားဖိတ်ထားတာကြောင့် နေရမခက်လောက်ပါဘူးဟု Wonwoo ဖြေသိမ့်နေမိသည်။ confetti တွေ ဖြန့်ကျဲထားကာ LED light ရောင်စုံကို ဝယ်ချလာသည်။ အိမ်မှာလည်း ဘောလုံးတွေက အပြည့်။ အစ်ကိုဖြစ်သူနဲ့ အတူနေသည့် Wonwoo က အခုလို Mingyu ထင်ရာစိုင်းနေသည်ကြောင့် အစ်ကို,ကို အားနာမိပေမဲ့ အနေအေးသူပီပီ လက်ခံပေးပါသည်။ သူ့အိပ်ခန်းထဲသာ နယ်ချဲ့ ကျူးကျော်မလာရင်ပြီးရော၊ တစ်အိမ်လုံးကို ကိုယ့်အိမ်ကိုယ့်ရာလို သဘောထားပါတဲ့ လေ။
မွေးနေ့မတိုင်ခင်ရက်တွေတည်းက Mingyu က Wonwoo အစ်ကိုနဲ့ ရင်းနှီးအောင် ပေါင်းထားသည်သာ။ ပါတီလုပ်မယ်ဟု အကြံစတော့ သူငယ်ချင်းတိုင်းကို စာရိုက်ပို့နေသူကြောင့် အသည်းအသန်တားမိရင်း ဖရိုဖရဲတွေဖြစ်ကာ စာမှားပို့မိသည်ကြောင့် Wonwoo အားနာမိရသည်။ Mingyu က ပြုံးတုံ့တုံ့ဖြင့်သာ အရာအားလုံးကို မွမ်းမံကွပ်ကဲနေသည်။ ကိတ်မုန့်သွားဝယ်ဖို့ကအစ၊ ပါတီမှာဆော့ကြမဲ့ ဂိမ်းတွေအထိ Mingyu သာအစ အဆုံး လုပ်သွားသည်။ Wonwoo ကတော့ ဒါမျိုးတွေကို လိုက်မမီတာကြောင့် အသာလေးလွှတ်ပေးထားလိုက်ရသည်။
"Wonnu"
"အင်း"
Wonwoo ဘောလုံးတွေကို အလှဆင်နေရင်း Mingyu ခေါ်တာကို ပြန်ထူးလိုက်သည်။
"ညနေဆို လူတွေရောက်လာကြမှာဆိုတော့ ခုပေးထားချင်လို့"
လက်ဆောင်ဘူး မကြီး၊ မသေးလေးကို ကိုင်ရင်းပြောလာသည့် Mingyu အပြုံးတွေက နူးညံ့စွာ။ Wonwoo ခေါင်းညိတ်ပြလိုက်ပြီး ဘူးလေးကို လှမ်းယူလိုက်သည်။ သူဖွင့်ကြည့်မိတော့ လည်ဆွဲလေးတစ်ခုနဲ့ လက်ကောက်တစ်ခု။ ငွေချည်ကြိုးလေးကို "W" စာလုံးလေးဘေးမှာမှ အသည်းပုံခပ်သေးသေးလေးက လှပစွာနေရာယူထားသည်။ ထို W လေး ကွတ်ထားသည့် ထဲမှာ "M" သေးသေးလေးက ချစ်စရာကောင်းလှစွာ ဝံ့ထည်နေသည်။ သေချာကြည့်မှ မြင်နိုင်သည့် စာလုံးလေးကို တစိမ့်စိမ့်ကြည့်မိရင်း ကြည်နူးလာရသည်။ လက်ကောက်လေးကလည်း ယင်းကဲ့သို့ ပုံဖော်ထားသည်ပင်။ Mingyu က
"ကြိုက်ရဲ့လား၊ ငါက ဒါမျိုးတွေအမြင်မရှိတော့ လိုင်းပေါ်ကပဲ ဒီဇိုင်းရှာလိုက်တာကွာ။ ငါ့ဘာသာငါ လုပ်ထားပေမဲ့လို့"
"M" စာလုံးသေးသေးလေးကပင် Mingyu ကိုယ်တိုင်လုပ်ထားသည်ဖြစ်ကြောင်း သက်သေပြုပါသည်။ Wonwoo ခေါင်းညိတ်ပြလိုက်ပြီး
"ကြိုက်ပါတယ်၊ ဒါနဲ့ M ကဘာလို့"
"မင်းရဲ့ ဒီနှလုံးသားထဲမှာ ငါကနေရာသေးသေးလေးပဲဖြစ်ဖြစ် ရှိနေချင်လို့"
Mingyu က Wonwoo ဝဲရင်အုံကို လက်ညိုးထိုးရင်း ပြောလာသည်။ Wonwoo ခေါင်းငုံ့မိကာ ပြုံးပြလိုက်မိပါသည်။ စကားတတ်သည့် Mingyu ကြောင့် ဘာမှထပ်မဆိုနိုင်တော့တဲ့အချိန် သူ့လက်ထဲက လည်ဆွဲလေးကို ယူပြီး
"ငါဆွဲပေးမယ် Wonnu"
အသားဖြူသည့် Wonwoo ကြောင့် လည်ဆွဲလေးက ပိုလို့ထင်ပေါ်နေပါသည်။ Mingyu က Wonwoo ရဲ့ ဂုတ်ပိုးလေးကို မနေနိုင်စွာ ငုံ့နမ်းမိတော့ တစ်ချက်တွန့်သွားပြီး ရိုက်ဖို့လက်ရွယ်ပါသည်။ နောက်တော့မှ လက်ကိုပြန်ရုတ်လိုက်ပြီး
"မပြောမဆိုနဲ့ "
"မနေနိုင်တော့လို့"
"အစ်ကိုတွေ့သွားလိမ့်မယ်"
"အစ်ကိုမတွေ့ရင် နမ်းလို့ရတယ်ပေါ့"
"မင်း! "
Mingyu ကရယ်ကာ မွေးနေ့ကိတ်ဘူးလေးကို တစ်ချက်လှမ်းကြည့်ရင်း
"မွေးနေ့ကိတ်ကို တကယ်ကြိုက်ပါတယ်နော်၊ တကယ်တမ်း ငါကိုယ်တိုင် ပြင်ပေးချင်တာ"
Mingyu ရဲ့ အသံက တိုးလျပေမဲ့ တက်ကြွနေပါသည်။ Happy Birthday Wonnu ဆိုတဲ့ စာတန်းကို သူကိုယ်တိုင် အလှဆင်ပေးထားတာတောင် အားမရသေးတာများလား။ မနက်က ဘယ်သန်လေး Mingyu အလှဆင်နေတာ သူငေးကြည့်ရင်း ကြည်နူးမိတာတော့အမှန်။ Mingyu ဆီကနေ ပျော်ရွှင်မှုတွေ ဒီလောက်ရလိမ့်မယ်လို့ Wonwoo မထင်မိ။
သည်လိုနဲ့ နှစ်ယောက်တူတူ ပြင်ဆင်နေကြရင်း Seungkwan ရောက်လာသည်။ အိမ်မှာပျင်းလို့ စောစောလာခဲ့သည်ဟု ဆိုသည်။ ရောက်လာတော့လည်း မုန့်ထိုင်စားကာ အခန့်သားနေရမည်မထင်ပါနှင့်။ ဘောလုံးကူမှုတ်ပေးနေရသည်။ Wonwoo ကအားနာရပေမဲ့ Mingyu ၏ ဘောလုံးမမှုတ်ပေးရင် ဘာမှမကျွေးဘူးဆိုသည့်စကားကြောင့် Seungkwan တစ်ယောက် အနာခံမှ အသာစံလိုက်ရပါသည်။
Seungkwan တစ်ယောက်တည်းကသာ လူအားသုံးပြီး ဘောလုံးမှုတ်နေရပေမဲ့ ကျန်သည့်နှစ်ယောက်တော့ helium gas နှင့် အေးဆေးလေးဖြစ်နေသည်။ ထိုစဥ် Jeonghan နဲ့ Cheol ရောက်လာသည်။ Cheol ကကျောင်းမတူ၊ Wonwoo ကိုလည်းမသိပေမဲ့ Jeonghan သွားမည်ဆိုလို့ တောက်တဲ့တစ်ကောင်လို ကပ်တွယ်ကာ လိုက်ခဲ့ခြင်းပင်။ Mingyu နဲ့ Wonwoo က သဘောကောင်းတာကြောင့် တစ်ဖက်ကျောင်းကလူတွေ ဘာတွေ စိတ်ထဲမထား။ လူများရင် ဂိမ်းဆော့ရတာ ပိုစည်သည်ဟု၍တောင် Mingyu ကက အာခေါင်အာရင်းသန်သန်ဖြင့်ပြောနေသည်။
"သားရီး မင်းဟိုတစ်ခါ ဘောကန်တုန်းက ရှယ်ပဲကွ၊ တကယ့် Legendary ပဲ"
"ကျေးဇူး၊ မင်းလည်း ကပ်ပြီးဂိုးသွားတာ။ ငါကတော့ သရေနဲ့ ဟုတ်လှပြီထင်နေတာ"
ထိုစကားဝိုင်းထဲ ဘောလုံးဝါသနာပါသူ Seungkwan နဲ့ Jeonghan လည်းပါလာသည်။ Wonwoo ကတော့ တိတ်တိတ်ကလေးသာ နားထောင်နေသည်။ များမကြာမီ Wonwoo အိမ်လေးထဲမှာ လူစုံလာသည်။ Wonwoo အစ်ကိုက ခေါက်ဆွဲပြုတ်တို့၊ ရေဘူးတို့ စသည့် တိုလီမုတ်စတွေကို လာယူသည်။ ပါတီစသည့်အခါ အနှောင့်အယှက်ဖြစ်မှာစိုး၍သာ။ လူစုံလာတော့ ထုံးစံအတိုင်း မာဖီးယားဂိမ်းကိုသာ သွေးကြွလာစေရန် စတင်ကြသည်။
ထို့အပြင် Mingyu က Jisoo နဲ့ Jihoon တို့ကို ဂစ်တာယူလာခိုင်းပြီး သီချင်းဟစ်ကြမည်ဟု ဆော်ဩထားသည်။ အားလုံးက စီစဥ်ထားခြင်းမရှိပါဘဲ အစီအစဥ်တကျဖြစ်နေတာကြောင့် Wonwoo ကိုတစ်ချက်ပြုံးပြရင်း
"တွေ့တယ်မလား ဘာမှ စိတ်မပူနေပါနဲ့လို့"
Wonwoo က သူ့မွေးနေ့မှာ သူငယ်ချင်းတွေ စိတ်သက်သာရာမရမည်ကို စိုးရိမ်နေသည်ကြောင့် Mingyu စကားနှင့်ဖြေသာရသည်။
"ကဲကဲကဲ ငါတို့ထဲမှာ လူလိမ်လေးတွေ ရှိမှာပဲ။ Truth or dare လေး စရအောင်"
အပြောထက် အလုပ်ကပိုမြန်သည်ကြောင့် Hoshi တစ်ယောက် ပုလင်းကို တန်းလှည့်သည်။ ဝိုင်းထိုင်နေကြသည့် အလယ်တည့်တည့်မှာ အလိမ်ဖော်စက်က ထင်းလို့။
"ဟေးဟေး Wonwoo ကွ"
"Wonwoo Truth or dare "
"Truth လုပ်ရင်ကောင်းမယ်၊ ငါသိချင်တာရှိတယ်"
"Dare ပဲလုပ်၊ ပိုပျော်စရာကောင်းတယ်"
တစ်ယောက်တစ်ပေါက်ဖြစ်လာရင်း Wonwoo က Dare ဟုသာ ဖြေလိုက်သည်။ Dare အတွက် မဲဘူးကို Mingyu ကမွှေရင်း
"Good luck ချစ်"
Mingyu အပြောကြောင့် ကျောတောင်ချမ်းသွားရသည်။ Wonwoo ရွေးလိုက်သည့် မဲတစ်လိပ်ကို Seungkwan က အော်ဖတ်ပြသည်။
"ကိုယ့်ဘေးကထိုင်နေတဲ့လူကို ပါးနမ်းပါတဲ့၊ မင်းတို့ကကွာ အဲ့လိုကြီးတွေတော့ မပါနဲ့လေ"
Seungkwan ရစ်တော့ Mingyu က လက်ညိုးထောင်ပြကာ
"တစ်ခုပဲပါတာ၊ တကယ်တစ်ခု"
အားလုံးက Mingyu အကြံကို ရိပ်မိသည်ကြောင့် ရယ်လိုက်သည်။ Wonwoo က
"ဘေးလူဆိုတော့ ဘယ်လား၊ ညာလား မပြောဘူးလေ၊ ငါရွေးလို့ရတယ်မလား"
Wonwoo ၏ ညာဘက်တွင် Mingyu ထိုင်နေတာဖြစ်ပြီး၊ ဘယ်ဘက်တွင်တော့ Minghao ထိုင်နေတာဖြစ်သည်။ Wonwoo စကားကြောင့် Mingyu ပျာပျာသလဲဖြစ်သွားကာ မရဘူး ဟုဖြေသည်။ သို့သော် အားလုံးက Wonwoo ၏ စကားကိုသာ ထောက်ခံကြသည်။
"မင်းဟာကြီးက ဘေးလူ ပဲပြောတာ၊ ညာဘက်ကလူ လို့မှ မပါတာ။ ရတယ် Wonwoo မင်းရွေး"
Seokmin ကဝင်ညှောင့်သည်။ Mingyu အံကြိတ်ကာ မျက်စောင်းထိုးလိုက်သည်။ Wonwoo က တုံ့ဆိုင်းခြင်းမရှိပါဘဲ Minghao ပါးကိုသာ ၁စက္ကန့်မကြာ ရွှတ်ခနဲ နမ်းလိုက်သည်။ သူ့ကိုပဲ ရွေးမည်ဟု တစ်သတ်မတ်တည်း တွေးထားသည့် Mingyu ရင်ထဲ ဆို့နင့်သွားသည်။ အားလုံးလိုလို ဝိုးခနဲဖြစ်သွားပေမဲ့ Mingyu ကတော့ ငိုကြီးချက်မဖြင့်။ ဝမ်းနည်းသွားသည့် နှလုံးသားကို အပြင်လူမတွေ့စေဖို့ အတင်းဖုံးဖိရင်း ဂိမ်းထဲ အာရုံစိုက်လိုက်သည်။ သို့သော် Mingyu မှာ သိသိသာသာ ငြိမ်ကျသွားပါသည်။
"အဟေး Jisoo"
"ငါလည်း Dare ပဲ"
ထုံးစံအတိုင်း Jisoo မဲနှိုက်သည်။ Seungkwan ကဖတ်ပြသည်။
"မိမိကြိုက်နှစ်သက်ရာ လူတစ်ယောက်ကို ခေါ်ပြီး ချစ်စကားပြောပါ။ တစ််ခွန်းတည်းမရပါ။ တစ်ဖက်လူကလည်း ပြန်ပြောရမည်။ ခံစားချက်ပါရမည်။ မပါရင် နှစ်ယောက်လုံး ပြစ်ဒဏ်ခံရမည် တဲ့"
Jeonghan က Seokmin ကိုရွေးဖို့ Jisoo အားအချက်ပြသည်။ Jisoo ကလည်း ခေါင်းညိတ်လိုက်ကာ
"Seokmin ထွက်ခဲ့"
"ဟမ် ငါ"
Joshua တစ်ဖန်ခေါင်းညိတ်ပြလိုက်သည်။ အားလုံးရဲ့ အကြည့်တွေက သူတို့နှစ်ယောက်စီမှာ။ Jisoo က စ,မယ်နော် လို့ အချက်ပြတော့ Seokmin က အိုခေ ဟုပြန်ပြောသည်။
Joshua သက်ပြင်းတစ်ချက်ချလိုက်ပြီး
"ငါမင်းကို သဘောကျနေတာ တကယ်ကြာပြီ Seokmin။ မင်းတစ်ခါပြုံးရင် ငါတစ်ခါမေတ္တာပြိုဆင်းရတာ။ ဖွင့်ပြောလိုက်ရင်း အခုလို ဆက်နွှယ်မှုလေးက ယိုယွင်းသွားမလားလို့ စိုးရိမ်မိလို့။ မင်းသိလား ၁၅၀၀ မေတ္တာတွေကို သူငယ်ချင်းဆက်ဆံရေးထဲမှာပဲ သိမ်းထားနေရတာကြာတော့ ငါဖွင့်ဟချင်လာတယ်။ မင်းခွင့်ပြုမယ်ဆိုရင်၊ မင်းငါ့ကိုနားလည်ပေးမယ်ဆိုရင် ငါဖွင့်ပြောတာကို လက်ခံပေးမလားဟင်"
"အာ..."
Seokmin က ခံစားချက် သက်ဝင်လှသည့် Joshua ၏ စကားတွေကြောင့် ဆွံ့အနေတော့ ကြည့်နေသည့် ပရိတ်သတ်တွေ စိတ်မရှည်တော့။
"မြန်မြန်လုပ် Seokmin။ အပြစ်ခံရမယ်နော်"
Hoshi က ခပ်ဆတ်ဆတ်ကလေး အသိပေးမှသာ
"အာ...အင်း ငါလည်း အဟမ်း ဟို ငါလည်း မင်းကိုကြိုက်ပါတယ်။ ရပြီမလား အဲ့လောက်ဆို"
ခံစားချက်မပါ၊ အထစ်ထစ်အငေါ့ငေါ့ Seokmin ၏ ပြန်ဖြေမှုက ကြည့်နေတဲ့သူတွေကို ဖီးလ်လင်ငုတ်စေသည်။ နောက်ဆုံးမှာတော့ သူတို့နှစ်ယောက် ပြစ်ဒဏ်ခံရလေသည်။ ပြစ်ဒဏ်က ပြင်းထန်ပါသည်။ သံပရာသီးနဲ့ Wasabi ကို တွဲစားရမည်ပင်။ Seokmin က မျက်ရည်က တောက်တောက်ကျလာသည်။ Joshua ကတော့ ရင်ဘတ်တစ်ခုလုံး စုတ်ပြတ်သတ်သွားသလိုပင်။ Seokmin ဆီက တုန့်ပြန်မှုလေး တစ်ခုခုတော့ မျှော်လင့်ထားမိသည်သာ။ Seokmin က မျက်နှာမကောင်းသည့် Joshua ကိုကြည့်ပြီး
"ဆော်ရီးကွာ Shua။ ငါကအဲ့လို သရုပ်ဆောင်တာဆို ညံ့တယ်။ မင်းကနော် သရုပ်ဆောင်တာလည်းတော်၊ အဆိုလည်းတော်။ ရှယ်"
လက်မထောင်ကာ ပြောလာသူကို တစ်ချက်သာ ပြုံးပြမိပြီး ဘာမှ ပြန်မပြောမိ။
"..."
"ငါဇာတ်လမ်းကြည့်နေတယ်တောင်ထင်မိတာ။ မင်းသရုပ်ဆောင် ပီပြင်ချက်က လက်လန်တယ်"
"သရုပ်ဆောင်နေတာ မဟုတ်ဘူး Seokmin "
"ဟင်"
"ငါ့ရင်ထဲက စကားတွေ။ ငါမင်းကို မြတ်မြတ်နိုးနိုး ထုတ်ပြချင်မိတဲ့ ချစ်ခြင်းတရားတွေ။ တကယ် သူငယ်ချင်းဆိုတာထက် ကိုပိုနေမိတာတွေ။ အချိန်ပြည့် ဖုံးကွယ်ထားနေရတာကြာတော့ အစွယ်က ငေါ်ထွက်လာတယ်ထင်တယ်"
Joshua တစ်ချက်ရယ်မိသည်။ သို့သော် ထိုရယ်သံက အက်ကွဲကြောင်းတွေ စွက်လျက်။ Seokmin ရဲ့ ဝဲဂယက်မှာတော့ အံ့ဩခြင်းတွေအပြည့်ဖြင့်။ Joshua ကို မယုံသလို၊ ထူးဆန်းသလိုသာ ကြည့်နေမိသည်။ တုတ်တုတ်တောင် မလှုပ်တော့သူကို Joshua ပြုံးပြလိုက်ပြီး
"ထားလိုက်ပါကွာ၊ ဟိုမှာသူများတွေ ဆက်ဆော့နေပြီ သွားရအောင်"
ဤမျှနာကျင်စရာကောင်းတဲ့ အပြုံးနဲ့ လေသံမျိုး Joshua ဆီက Seokmin မတွေ့ခဲ့ရဖူးပါ။ Seokmin က Joshua ကို သူငယ်ချင်းတစ်ယောက်လိုသာ ခင်မင်မိသည်ဟု သူ့ကိုယ်သူ ယူဆထားပါသည်။ Joshua ကို ဝမ်းနည်းခြင်းတွေ မဆောင်ကြဥ်းစေချင်ပေမဲ့ သူ့မှာလည်း ရွေးချယ်ခွင့်ရှိသည်ဟု Seokmin ယုံကြည်ပါသည်။ အပြစ်ဒဏ်ယူနေသည့်နေရာကနေ ကြိုထွက်သွားကာ ကစားပွဲထဲသွားထိုင်နေသော Joshua ကျောကို တစ်ချက်ငေးရင်း Seokmin သက်ပြင်းချမိပါသည်။
//
9 : 54 PM
Thu, 5 Oct
Lamin Pann Laung
//
Zawgyi
အခုရက္ေတြထဲ Jeonghan ရဲ႕ မိသားစုနဲ႔ မထင္မွတ္ထားေလာက္ေအာင္ Cheol ရင္းႏွီးလာခဲ့တယ္။ Cheol က Jeonghan အိမ္ကိုပဲ ေျခခ်င္းလိမ္ေနသည္။ တခ်ိဳ႕ေသာရက္ေတြဆို Jeonghan အိပ္ခန္းထဲေတာင္ ဝင္အိပ္ေနေလ့ရွိသည္။ အေမကေတာ့ ဘာမွမေျပာ၊ အေဖကလည္း အလုပ္ကိစၥေတြသာ အာ႐ုံစိုက္ေနရတာေၾကာင့္ သိပ္သတိမထားမိ။ Jeonghan က အတင့္ရဲလွသည့္ Cheol ေၾကာင့္ ရင္ေလးေနရသည္။ သို႔ေသာ္လည္း ခဏတာသာ။ Cheol ရဲ႕ ရင္ခြင္ထဲ ခိုနားလိုက္ရတဲ့ အခိုက္အတန႔္တိုင္းမွာ ဗိုက္ထဲ လိပ္ျပာေတြသာမကပဲ အေကာင္ေပါင္းစုံ ပလူပ်ံေနေတာ့တာ။ Cheol နဲ႔သူက သတိမထားမိေလာက္ေအာင္ ခ်စ္ရည္႐ႊမ္းေနခဲ့ၾကတာ။ စစခ်ည္းတြဲတုန္းက Cheol စနမ္းရင္ သူ႔မွာ ကြၽမ္းထိုးေမွာက္ခုန္ျဖစ္ေနတာ။ မေနတတ္၊ မထိုင္တတ္ နဲ႔ ရင္ထဲယားက်ိက်ိလိုလို၊ ကလိလိလိုလို ခံစားခ်က္မ်ိဳး။ အခုေတာ့ အနမ္းေတြမွာ အသားက်သြားသလိုလိုပါပဲ။ Cheol ကသိပ္လည္တယ္။ တစ္ခါတေလ သူကိုျမဴဆြယ္ၿပီး နမ္းမလိုလိုနဲ႔ ျပန္ျပန္႐ုတ္လိုက္တယ္။ သူကေတာ့ ဖိုးသိုးဖက္သက္ႀကီး က်န္ခဲ့ရတာေပါ့။ Cheol မနမ္းရင္ မေနတတ္ဘူးဆိုတာသိလို႔ လူဆိုးေလးက တမင္ယုတ္တာပါ။ တစ္ေန႔မွာ အနည္းဆုံးႏွစ္ခါေလာက္ျဖစ္ျဖစ္ Cheol ဆီကအနမ္းကို သူေမွ်ာ္လင့္မိပါသည္။
အခုလည္း လူဆိုးေလးက သူ႔ကုတင္ေပၚ ႏိုင္ထက္စီးနင္း ေနရာယူထားပုံမ်ား။ ဂိမ္းေဆာ့ေနတဲ့ လက္ေခ်ာင္းေတြက ေသြးေၾကာေတြဆီ အၾကည့္ေရာက္မိေတာ့ ရင္ေတြတဒိတ္ဒိတ္နဲ႔ပါပဲ။ သည္လူသားကို ငါပိုင္ေနရတာပါလား ဆိုတဲ့အေတြးက တစိမ့္စိမ့္ၾကည္ႏူးရတာ။ မ်က္ႏွာသစ္၊ သြားတိုက္ေနတဲ့ Jeonghan ကို ဂိမ္းေဆာ့ရင္းေစာင့္ေနတဲ့ ဆံျဖဴေကာင္ေလးက ဖက္ထုပ္ေလးလို ညႇစ္ပစ္ခ်င္စရာ။ အသည္းယားစြာ ရင္ခြင္ထဲ ပစ္လဲခ်မိေတာ့ ဂိမ္းတန္းလန္းနဲ႔ ဖုန္းကို ကုတင္ေဘး ျဖစ္သလို ပစ္ခ်လိုက္ၿပီး ဆံပင္ေတြကို လာဖြတယ္။ ေနာက္ေတာ့ လက္ေခ်ာင္းေတြက မ်က္ခုံးေမႊးဆီ တျဖည္းျဖည္း ကူးသန္းလာတယ္။ Jeonghan အသာေလး ၿငိမ္ခံေနရင္းကေန သူ႔မ်က္ခုံးေမႊးကို ဆြဲထည့္လိုက္တဲ့ Cheol ေၾကာင့္ အား ခနဲေအာ္မိရင္း ရင္ဘတ္က်ယ္က်ယ္ကို ႐ိုက္ထည့္လိုက္မိသည္။ လူကို ကလူတာလည္း ကလူေပါ့၊ အသားနာေအာင္အထိ စ,စရာလား ဟုေတြးမိသည္။
"အသည္းယားလို႔ပါကြာ၊ မင္းကလည္း"
"နာသြားတယ္ေလ၊ မင္းအားႀကီးနဲ႔ ဆြဲထည့္တာ"
ထိုစကားေၾကာင့္ Cheol က Jeonghan မ်က္ခုံးေမႊးေလးကို ညင္သာစြာ ထိေတြ႕ေပးေနသည္။ Cheol ရဲ႕ လက္ဖဝါးေနရာေလးကို Jeonghan တစ္ခ်က္ဖိနမ္းလိုက္သည္။ Cheol ႏႈတ္ကလည္း ဖြေတး၊ ဖြေတး ဟု အဆက္မျပတ္ ႐ြတ္ေနသည္။ ႏူးညံ့လွတဲ့ Cheol အျပဳအမူေတြကို သူခံယူေနရတိုင္း ျမတ္ႏိုးျခင္းထုထည္က အဆေပါင္းမ်ားစြာ ႀကီးထြားလာတယ္။ မ်က္ခုံးေမႊးဆီ ရစ္ပတ္ျခယ္လွယ္ေနတဲ့ လက္ေခ်ာင္းေတြက Jeonghan ပါးကို အုပ္ကိုင္လိုက္ရင္း
"ငါ့ကိုၾကည့္အုံး"
Cheol ရင္ခြင္ထဲ ပက္လက္အိပ္ေနတဲ့ Jeonghan ကို မ်က္ႏွာခ်င္းဆိုင္ေစၿပီး
"နမ္းအုံး"
သူ႔ႏႈတ္ခမ္းသူ လက္ညိဳးထိုးျပေနသည္က ခ်စ္စဖြယ္။ Jeonghan ခပ္ဖြဖြသာ နမ္းလိုက္ၿပီး
"အေမဝင္လာရင္ ျပႆနာတက္မယ္ Cheol။ ငါ့အိပ္ခန္းထဲထိေတာ့ မင္းအတင့္လာမရဲနဲ႔"
"အဲ့ဆို ငါ့အိမ္သြားမယ္"
"ေတာ္ပါ"
Cheol ကရယ္လိုက္ၿပီး Jeonghan ကို တင္းေနေအာင္ ဖက္ထားတယ္။ အလႊတ္မေပးခ်င္မိတဲ့အထိ သူ႔ေလာဘေတြက အေတာမသတ္ႏိုင္။ Jeonghan နဲ႔ပတ္သတ္ရင္ လူဆိုးေလးလိုပဲ ေနထိုင္ခ်င္ေတာ့တယ္။ သူ႔အရာရာတိုင္းကို အလိုလိုက္ေပးတဲ့ Jeonghan ေၾကာင့္လည္း ထိန္းခ်ဳပ္မရစြာ မိုက္႐ူးရဲေနမိတာ။ Jeonghan ဖိႏွိပ္လႊမ္းမိုးထားတဲ့ ခ်စ္ျခင္းဝကၤပါဟာ သိပ္ကို ခမ္းနားလြန္းပါတယ္ေလ။ 24 7 စိတ္ကို စိုးမိုးေနလြန္းသူက Jeonghan ပါ။ သူ႔သံသရာထဲမွာ Jeonghan မွာလွပေနေတာ့မွာ...။
ေတာင္~
Jeonghan ဖုန္းကေန စာတစ္ေစာင္ဝင္လာေတာ့ Cheol ကတစ္ခ်က္ လွမ္းၾကည့္လိုက္သည္။ Jeonghan က Mingyu ဆီကဟုေျပာေတာ့ ၿပဳံးကာ ေခါင္းညိတ္ျပရင္း ခါးကိုလွမ္းဖက္သည္။
Mingyu ေျပာထားသည္က
"မနက္ျဖန္ Wonnu ေမြးေန႔၊ ပါတီလုပ္မလို႔ *&#^%&983"
ေနာက္ကမွားေရးမိတဲ့ စာေတြေၾကာင့္ Jeonghan ေၾကာင္မိသည္။ ဘာလဲဟ ဟုႏႈတ္ကထြက္မိေတာ့ Cheol စိတ္ဝင္စားသြားကာ စာကိုလွမ္းဖတ္သည္။ ထို႔ေနာက္
"မင္းသူငယ္ခ်င္းေတြက ဒါေကာင္းတဲ့ေကာင္ေကာ ပါရဲ႕လား"
နားထင္ကို လက္ညိဳးျဖင့္ထိုးျပကာ Jeonghan ကိုေမးမိသည္။ Jeonghan မ်က္ေမွာင္က်ဳံ႕၍ Cheol ကိုၾကည့္လိုက္ကာ ေပါင္ကိုတစ္ခ်က္႐ိုက္လိုက္သည္။ Mingyu ကို ဘာလဲ ဟုစာျပန္ပို႔လိုက္သည္။ သိပ္မၾကာလိုက္၊ Mingyu စီက စာတစ္ေစာင္ထပ္ပို႔လာသည္။
"အဟဲ ေဘးမွာ Wonnu ေလးလိုက္ေႏွာင့္ေနလို႔၊ စာမွား႐ိုက္မိတာ ေဆာ္ရီးသားရီးေရ"
Jeonghan ၿပဳံးမိကာ အိုေခေလ ဟုျပန္ပို႔လိုက္သည္။ Mingyu ေတာင္ Wonwoo ဆီက အေျဖရၿပီလားဟုေတြးမိေတာ့ ဘာမဆိုင္ ညာမဆိုင္ Jisoo ကိုသနားသြားမိသည္။ ငဒူကိုမွ သေဘာက်မိေနတဲ့ Jisoo အဆင္မွေျပပါ့မလား ဟု သူေတြးမိသည္။ Jisoo နဲ႔ Seokmin ၾကား ျမႇားနတ္ေမာင္အျဖစ္ ဝင္လုပ္ခ်င္ေပမဲ့ ေဘးက ဆံျဖဴေကာင္ အထင္လြဲမွာလည္း စိုးရသည္။ ထို႔ေၾကာင့္ လက္ေမာင္းကို တြဲခ်ိတ္လိုက္ၿပီး
"Cheol"
ဂိမ္းဆက္ေဆာ့ေနသည့္သူက တစ္ခ်က္ငဲ့ၾကည့္လာသည္။
"ဖုန္းခဏခ်၊ ေျပာစရာရွိ"
"ေျပာ အခ်စ္"
တစ္သေဝမတိမ္းလိုက္နာသည့္ Cheol က ဖုန္းကိုပိတ္လိုက္ၿပီး Jeonghan ကိုခ်ိဳၿမိန္စြာၾကည့္လာသည္။
"ငါေျပာဖူးတယ္မလား၊ Jisoo က Seokmin ကိုသေဘာက်ေနတာလို႔"
ေခါင္းတဆတ္ဆတ္ညိတ္ကာ
"ေအး အဲ့တာဘာျဖစ္"
"ဒီလိုကြာ၊ Seokmin က Jisoo ကိုသူငယ္ခ်င္းတစ္ေယာက္လိုပဲ ျမင္ေနတာ။ အဲ့ေတာ့ ငါတို႔ ကူညီေပးၾကမလား"
"ငါတို႔နဲ႔ဘာဆိုင္လဲ"
"Cheol ကလည္း၊ မင္းနဲ႔မဆိုင္ေပမဲ့ ငါနဲ႔ဆိုင္တယ္ေလ။ ငါ့သူငယ္ခ်င္းေလ"
"Jeonghan ငါေျပာမယ္၊ လူတစ္ေယာက္နဲ႔ လူတစ္ေယာက္က ခ်စ္ႀကိဳက္ဖို႔ဆို ေဘးလူနဲ႔ ဘာမွမဆိုင္ဘူး။ Seokmin က Jisoo ကို ႀကိဳက္လာရင္ သူ႔နည္းသူဟန္နဲ႔ ခ်ျပလိမ့္မယ္။ ငါတို႔သြားလုပ္ယူလို႔မရဘူး"
"Seokmin လား ခ်ျပပါလိမ့္မယ္။ သူကနည္းနည္း ငါတို႔နဲ႔မတူဘူးကြာ၊ အေတြးအေခၚက"
"အကယ္၍ ငါတို႔ကူညီေပးလို႔ အက်ိဳးထူးလာရင္ တစ္မ်ိဳးေပါ့။ မဟုတ္ရင္ အခ်ိန္ေတြေပးထားရတာ နေမ်ာစရာ"
"ဟုတ္ပါၿပီ၊ ေနာ္...ကူညီရေအာင္"
"သေဘာ သေဘာ"
//
ဂ်ဴလိုင္ ၁၇ရက္
Wonwoo ေမြးေန႔မွာ တက္ႂကြေနသူက ကာယံကံရွင္မဟုတ္ပါဘဲ Mingyu ျဖစ္ေနသည္။ ပါတီလုပ္မယ္လို႔ေျပာေတာ့ Wonwoo ကျငင္းပါေသးသည္။ ပါတီအတြက္ Decorations ကို စိတ္အားထက္သန္စြာ လုပ္ေနသူအား လက္ပိုက္သာၾကည့္ေနရသည္။ အတန္းထဲက သူငယ္ခ်င္းေတြကိုသာ အဓိကထားဖိတ္ထားတာေၾကာင့္ ေနရမခက္ေလာက္ပါဘူးဟု Wonwoo ေျဖသိမ့္ေနမိသည္။ confetti ေတြ ျဖန႔္က်ဲထားကာ LED light ေရာင္စုံကို ဝယ္ခ်လာသည္။ အိမ္မွာလည္း ေဘာလုံးေတြက အျပည့္။ အစ္ကိုျဖစ္သူနဲ႔ အတူေနသည့္ Wonwoo က အခုလို Mingyu ထင္ရာစိုင္းေနသည္ေၾကာင့္ အစ္ကို,ကို အားနာမိေပမဲ့ အေနေအးသူပီပီ လက္ခံေပးပါသည္။ သူ႔အိပ္ခန္းထဲသာ နယ္ခ်ဲ႕ က်ဴးေက်ာ္မလာရင္ၿပီးေရာ၊ တစ္အိမ္လုံးကို ကိုယ့္အိမ္ကိုယ့္ရာလို သေဘာထားပါတဲ့ ေလ။
ေမြးေန႔မတိုင္ခင္ရက္ေတြတည္းက Mingyu က Wonwoo အစ္ကိုနဲ႔ ရင္းႏွီးေအာင္ ေပါင္းထားသည္သာ။ ပါတီလုပ္မယ္ဟု အႀကံစေတာ့ သူငယ္ခ်င္းတိုင္းကို စာ႐ိုက္ပို႔ေနသူေၾကာင့္ အသည္းအသန္တားမိရင္း ဖ႐ိုဖရဲေတြျဖစ္ကာ စာမွားပို႔မိသည္ေၾကာင့္ Wonwoo အားနာမိရသည္။ Mingyu က ၿပဳံးတုံ႔တုံ႔ျဖင့္သာ အရာအားလုံးကို မြမ္းမံကြပ္ကဲေနသည္။ ကိတ္မုန႔္သြားဝယ္ဖို႔ကအစ၊ ပါတီမွာေဆာ့ၾကမဲ့ ဂိမ္းေတြအထိ Mingyu သာအစ အဆုံး လုပ္သြားသည္။ Wonwoo ကေတာ့ ဒါမ်ိဳးေတြကို လိုက္မမီတာေၾကာင့္ အသာေလးလႊတ္ေပးထားလိုက္ရသည္။
"Wonnu"
"အင္း"
Wonwoo ေဘာလုံးေတြကို အလွဆင္ေနရင္း Mingyu ေခၚတာကို ျပန္ထူးလိုက္သည္။
"ညေနဆို လူေတြေရာက္လာၾကမွာဆိုေတာ့ ခုေပးထားခ်င္လို႔"
လက္ေဆာင္ဘူး မႀကီး၊ မေသးေလးကို ကိုင္ရင္းေျပာလာသည့္ Mingyu အၿပဳံးေတြက ႏူးညံ့စြာ။ Wonwoo ေခါင္းညိတ္ျပလိုက္ၿပီး ဘူးေလးကို လွမ္းယူလိုက္သည္။ သူဖြင့္ၾကည့္မိေတာ့ လည္ဆြဲေလးတစ္ခုနဲ႔ လက္ေကာက္တစ္ခု။ ေငြခ်ည္ႀကိဳးေလးကို "W" စာလုံးေလးေဘးမွာမွ အသည္းပုံခပ္ေသးေသးေလးက လွပစြာေနရာယူထားသည္။ ထို W ေလး ကြတ္ထားသည့္ ထဲမွာ "M" ေသးေသးေလးက ခ်စ္စရာေကာင္းလွစြာ ဝံ့ထည္ေနသည္။ ေသခ်ာၾကည့္မွ ျမင္ႏိုင္သည့္ စာလုံးေလးကို တစိမ့္စိမ့္ၾကည့္မိရင္း ၾကည္ႏူးလာရသည္။ လက္ေကာက္ေလးကလည္း ယင္းကဲ့သို႔ ပုံေဖာ္ထားသည္ပင္။ Mingyu က
"ႀကိဳက္ရဲ႕လား၊ ငါက ဒါမ်ိဳးေတြအျမင္မရွိေတာ့ လိုင္းေပၚကပဲ ဒီဇိုင္းရွာလိုက္တာကြာ။ ငါ့ဘာသာငါ လုပ္ထားေပမဲ့လို႔"
"M" စာလုံးေသးေသးေလးကပင္ Mingyu ကိုယ္တိုင္လုပ္ထားသည္ျဖစ္ေၾကာင္း သက္ေသျပဳပါသည္။ Wonwoo ေခါင္းညိတ္ျပလိုက္ၿပီး
"ႀကိဳက္ပါတယ္၊ ဒါနဲ႔ M ကဘာလို႔"
"မင္းရဲ႕ ဒီႏွလုံးသားထဲမွာ ငါကေနရာေသးေသးေလးပဲျဖစ္ျဖစ္ ရွိေနခ်င္လို႔"
Mingyu က Wonwoo ဝဲရင္အုံကို လက္ညိဳးထိုးရင္း ေျပာလာသည္။ Wonwoo ေခါင္းငုံ႔မိကာ ၿပဳံးျပလိုက္မိပါသည္။ စကားတတ္သည့္ Mingyu ေၾကာင့္ ဘာမွထပ္မဆိုႏိုင္ေတာ့တဲ့အခ်ိန္ သူ႔လက္ထဲက လည္ဆြဲေလးကို ယူၿပီး
"ငါဆြဲေပးမယ္ Wonnu"
အသားျဖဴသည့္ Wonwoo ေၾကာင့္ လည္ဆြဲေလးက ပိုလို႔ထင္ေပၚေနပါသည္။ Mingyu က Wonwoo ရဲ႕ ဂုတ္ပိုးေလးကို မေနႏိုင္စြာ ငုံ႔နမ္းမိေတာ့ တစ္ခ်က္တြန႔္သြားၿပီး ႐ိုက္ဖို႔လက္႐ြယ္ပါသည္။ ေနာက္ေတာ့မွ လက္ကိုျပန္႐ုတ္လိုက္ၿပီး
"မေျပာမဆိုနဲ႔ "
"မေနႏိုင္ေတာ့လို႔"
"အစ္ကိုေတြ႕သြားလိမ့္မယ္"
"အစ္ကိုမေတြ႕ရင္ နမ္းလို႔ရတယ္ေပါ့"
"မင္း! "
Mingyu ကရယ္ကာ ေမြးေန႔ကိတ္ဘူးေလးကို တစ္ခ်က္လွမ္းၾကည့္ရင္း
"ေမြးေန႔ကိတ္ကို တကယ္ႀကိဳက္ပါတယ္ေနာ္၊ တကယ္တမ္း ငါကိုယ္တိုင္ ျပင္ေပးခ်င္တာ"
Mingyu ရဲ႕ အသံက တိုးလ်ေပမဲ့ တက္ႂကြေနပါသည္။ Happy Birthday Wonnu ဆိုတဲ့ စာတန္းကို သူကိုယ္တိုင္ အလွဆင္ေပးထားတာေတာင္ အားမရေသးတာမ်ားလား။ မနက္က ဘယ္သန္ေလး Mingyu အလွဆင္ေနတာ သူေငးၾကည့္ရင္း ၾကည္ႏူးမိတာေတာ့အမွန္။ Mingyu ဆီကေန ေပ်ာ္႐ႊင္မႈေတြ ဒီေလာက္ရလိမ့္မယ္လို႔ Wonwoo မထင္မိ။
သည္လိုနဲ႔ ႏွစ္ေယာက္တူတူ ျပင္ဆင္ေနၾကရင္း Seungkwan ေရာက္လာသည္။ အိမ္မွာပ်င္းလို႔ ေစာေစာလာခဲ့သည္ဟု ဆိုသည္။ ေရာက္လာေတာ့လည္း မုန္႔ထိုင္စားကာ အခန္႔သားေနရမည္မထင္ပါႏွင့္။ ေဘာလုံးကူမႈတ္ေပးေနရသည္။ Wonwoo ကအားနာရေပမဲ့ Mingyu ၏ ေဘာလုံးမမႈတ္ေပးရင္ ဘာမွမေကြၽးဘူးဆိုသည့္စကားေၾကာင့္ Seungkwan တစ္ေယာက္ အနာခံမွ အသာစံလိုက္ရပါသည္။
Seungkwan တစ္ေယာက္တည္းကသာ လူအားသုံးၿပီး ေဘာလုံးမႈတ္ေနရေပမဲ့ က်န္သည့္ႏွစ္ေယာက္ေတာ့ helium gas ႏွင့္ ေအးေဆးေလးျဖစ္ေနသည္။ ထိုစဥ္ Jeonghan နဲ႔ Cheol ေရာက္လာသည္။ Cheol ကေက်ာင္းမတူ၊ Wonwoo ကိုလည္းမသိေပမဲ့ Jeonghan သြားမည္ဆိုလို႔ ေတာက္တဲ့တစ္ေကာင္လို ကပ္တြယ္ကာ လိုက္ခဲ့ျခင္းပင္။ Mingyu နဲ႔ Wonwoo က သေဘာေကာင္းတာေၾကာင့္ တစ္ဖက္ေက်ာင္းကလူေတြ ဘာေတြ စိတ္ထဲမထား။ လူမ်ားရင္ ဂိမ္းေဆာ့ရတာ ပိုစည္သည္ဟု၍ေတာင္ Mingyu ကက အာေခါင္အာရင္းသန္သန္ျဖင့္ေျပာေနသည္။
"သားရီး မင္းဟိုတစ္ခါ ေဘာကန္တုန္းက ရွယ္ပဲကြ၊ တကယ့္ Legendary ပဲ"
"ေက်းဇူး၊ မင္းလည္း ကပ္ၿပီးဂိုးသြားတာ။ ငါကေတာ့ သေရနဲ႔ ဟုတ္လွၿပီထင္ေနတာ"
ထိုစကားဝိုင္းထဲ ေဘာလုံးဝါသနာပါသူ Seungkwan နဲ႔ Jeonghan လည္းပါလာသည္။ Wonwoo ကေတာ့ တိတ္တိတ္ကေလးသာ နားေထာင္ေနသည္။ မ်ားမၾကာမီ Wonwoo အိမ္ေလးထဲမွာ လူစုံလာသည္။ Wonwoo အစ္ကိုက ေခါက္ဆြဲျပဳတ္တို႔၊ ေရဘူးတို႔ စသည့္ တိုလီမုတ္စေတြကို လာယူသည္။ ပါတီစသည့္အခါ အေႏွာင့္အယွက္ျဖစ္မွာစိုး၍သာ။ လူစုံလာေတာ့ ထုံးစံအတိုင္း မာဖီးယားဂိမ္းကိုသာ ေသြးႂကြလာေစရန္ စတင္ၾကသည္။
ထို႔အျပင္ Mingyu က Jisoo နဲ႔ Jihoon တို႔ကို ဂစ္တာယူလာခိုင္းၿပီး သီခ်င္းဟစ္ၾကမည္ဟု ေဆာ္ဩထားသည္။ အားလုံးက စီစဥ္ထားျခင္းမရွိပါဘဲ အစီအစဥ္တက်ျဖစ္ေနတာေၾကာင့္ Wonwoo ကိုတစ္ခ်က္ၿပဳံးျပရင္း
"ေတြ႕တယ္မလား ဘာမွ စိတ္မပူေနပါနဲ႔လို႔"
Wonwoo က သူ႔ေမြးေန႔မွာ သူငယ္ခ်င္းေတြ စိတ္သက္သာရာမရမည္ကို စိုးရိမ္ေနသည္ေၾကာင့္ Mingyu စကားႏွင့္ေျဖသာရသည္။
"ကဲကဲကဲ ငါတို႔ထဲမွာ လူလိမ္ေလးေတြ ရွိမွာပဲ။ Truth or dare ေလး စရေအာင္"
အေျပာထက္ အလုပ္ကပိုျမန္သည္ေၾကာင့္ Hoshi တစ္ေယာက္ ပုလင္းကို တန္းလွည့္သည္။ ဝိုင္းထိုင္ေနၾကသည့္ အလယ္တည့္တည့္မွာ အလိမ္ေဖာ္စက္က ထင္းလို႔။
"ေဟးေဟး Wonwoo ကြ"
"Wonwoo Truth or dare "
"Truth လုပ္ရင္ေကာင္းမယ္၊ ငါသိခ်င္တာရွိတယ္"
"Dare ပဲလုပ္၊ ပိုေပ်ာ္စရာေကာင္းတယ္"
တစ္ေယာက္တစ္ေပါက္ျဖစ္လာရင္း Wonwoo က Dare ဟုသာ ေျဖလိုက္သည္။ Dare အတြက္ မဲဘူးကို Mingyu ကေမႊရင္း
"Good luck ခ်စ္"
Mingyu အေျပာေၾကာင့္ ေက်ာေတာင္ခ်မ္းသြားရသည္။ Wonwoo ေ႐ြးလိုက္သည့္ မဲတစ္လိပ္ကို Seungkwan က ေအာ္ဖတ္ျပသည္။
"ကိုယ့္ေဘးကထိုင္ေနတဲ့လူကို ပါးနမ္းပါတဲ့၊ မင္းတို႔ကကြာ အဲ့လိုႀကီးေတြေတာ့ မပါနဲ႔ေလ"
Seungkwan ရစ္ေတာ့ Mingyu က လက္ညိဳးေထာင္ျပကာ
"တစ္ခုပဲပါတာ၊ တကယ္တစ္ခု"
အားလုံးက Mingyu အႀကံကို ရိပ္မိသည္ေၾကာင့္ ရယ္လိုက္သည္။ Wonwoo က
"ေဘးလူဆိုေတာ့ ဘယ္လား၊ ညာလား မေျပာဘူးေလ၊ ငါေ႐ြးလို႔ရတယ္မလား"
Wonwoo ၏ ညာဘက္တြင္ Mingyu ထိုင္ေနတာျဖစ္ၿပီး၊ ဘယ္ဘက္တြင္ေတာ့ Minghao ထိုင္ေနတာျဖစ္သည္။ Wonwoo စကားေၾကာင့္ Mingyu ပ်ာပ်ာသလဲျဖစ္သြားကာ မရဘူး ဟုေျဖသည္။ သို႔ေသာ္ အားလုံးက Wonwoo ၏ စကားကိုသာ ေထာက္ခံၾကသည္။
"မင္းဟာႀကီးက ေဘးလူ ပဲေျပာတာ၊ ညာဘက္ကလူ လို႔မွ မပါတာ။ ရတယ္ Wonwoo မင္းေ႐ြး"
Seokmin ကဝင္ေညႇာင့္သည္။ Mingyu အံႀကိတ္ကာ မ်က္ေစာင္းထိုးလိုက္သည္။ Wonwoo က တုံ႔ဆိုင္းျခင္းမရွိပါဘဲ Minghao ပါးကိုသာ ၁စကၠန္႔မၾကာ ႐ႊတ္ခနဲ နမ္းလိုက္သည္။ သူ႔ကိုပဲ ေ႐ြးမည္ဟု တစ္သတ္မတ္တည္း ေတြးထားသည့္ Mingyu ရင္ထဲ ဆို႔နင့္သြားသည္။ အားလုံးလိုလို ဝိုးခနဲျဖစ္သြားေပမဲ့ Mingyu ကေတာ့ ငိုႀကီးခ်က္မျဖင့္။ ဝမ္းနည္းသြားသည့္ ႏွလုံးသားကို အျပင္လူမေတြ႕ေစဖို႔ အတင္းဖုံးဖိရင္း ဂိမ္းထဲ အာ႐ုံစိုက္လိုက္သည္။ သို႔ေသာ္ Mingyu မွာ သိသိသာသာ ၿငိမ္က်သြားပါသည္။
"အေဟး Jisoo"
"ငါလည္း Dare ပဲ"
ထုံးစံအတိုင္း Jisoo မဲႏႈိက္သည္။ Seungkwan ကဖတ္ျပသည္။
"မိမိႀကိဳက္ႏွစ္သက္ရာ လူတစ္ေယာက္ကို ေခၚၿပီး ခ်စ္စကားေျပာပါ။ တစ္္ခြန္းတည္းမရပါ။ တစ္ဖက္လူကလည္း ျပန္ေျပာရမည္။ ခံစားခ်က္ပါရမည္။ မပါရင္ ႏွစ္ေယာက္လုံး ျပစ္ဒဏ္ခံရမည္ တဲ့"
Jeonghan က Seokmin ကိုေ႐ြးဖို႔ Jisoo အားအခ်က္ျပသည္။ Jisoo ကလည္း ေခါင္းညိတ္လိုက္ကာ
"Seokmin ထြက္ခဲ့"
"ဟမ္ ငါ"
Joshua တစ္ဖန္ေခါင္းညိတ္ျပလိုက္သည္။ အားလုံးရဲ႕ အၾကည့္ေတြက သူတို႔ႏွစ္ေယာက္စီမွာ။ Jisoo က စ,မယ္ေနာ္ လို႔ အခ်က္ျပေတာ့ Seokmin က အိုေခ ဟုျပန္ေျပာသည္။
Joshua သက္ျပင္းတစ္ခ်က္ခ်လိုက္ၿပီး
"ငါမင္းကို သေဘာက်ေနတာ တကယ္ၾကာၿပီ Seokmin။ မင္းတစ္ခါၿပဳံးရင္ ငါတစ္ခါေမတၱာၿပိဳဆင္းရတာ။ ဖြင့္ေျပာလိုက္ရင္း သူငယ္ခ်င္း ဆက္ႏႊယ္မႈေလးက ယိုယြင္းသြားမလားလို႔ စိုးရိမ္မိလို႔။ မင္းသိလား ၁၅၀၀ ေမတၱာေတြကို သူငယ္ခ်င္းဆက္ဆံေရးထဲမွာပဲ သိမ္းထားေနရတာၾကာေတာ့ ငါဖြင့္ဟခ်င္လာတယ္။ မင္းခြင့္ျပဳမယ္ဆိုရင္၊ မင္းငါ့ကိုနားလည္ေပးမယ္ဆိုရင္ ငါဖြင့္ေျပာတာကို လက္ခံေပးမလားဟင္"
"အာ..."
Seokmin က ခံစားခ်က္ သက္ဝင္လွသည့္ Joshua ၏ စကားေတြေၾကာင့္ ဆြံ႕အေနေတာ့ ၾကည့္ေနသည့္ ပရိတ္သတ္ေတြ စိတ္မရွည္ေတာ့။
"ျမန္ျမန္လုပ္ Seokmin။ အျပစ္ခံရမယ္ေနာ္"
Hoshi က ခပ္ဆတ္ဆတ္ကေလး အသိေပးမွသာ
"အာ...အင္း ငါလည္း အဟမ္း ဟို ငါလည္း မင္းကိုႀကိဳက္ပါတယ္။ ရၿပီမလား အဲ့ေလာက္ဆို"
ခံစားခ်က္မပါ၊ အထစ္ထစ္အေငါ့ေငါ့ Seokmin ၏ ျပန္ေျဖမႈက ၾကည့္ေနတဲ့သူေတြကို ဖီးလ္လင္ငုတ္ေစသည္။ ေနာက္ဆုံးမွာေတာ့ သူတို႔ႏွစ္ေယာက္ ျပစ္ဒဏ္ခံရေလသည္။ ျပစ္ဒဏ္က ျပင္းထန္ပါသည္။ သံပရာသီးနဲ႔ Wasabi ကို တြဲစားရမည္ပင္။ Seokmin က မ်က္ရည္က ေတာက္ေတာက္က်လာသည္။ Joshua ကေတာ့ ရင္ဘတ္တစ္ခုလုံး စုတ္ျပတ္သတ္သြားသလိုပင္။ Seokmin ဆီက တုန္႔ျပန္မႈေလး တစ္ခုခုေတာ့ ေမွ်ာ္လင့္ထားမိသည္သာ။ Seokmin က မ်က္ႏွာမေကာင္းသည့္ Joshua ကိုၾကည့္ၿပီး
"ေဆာ္ရီးကြာ Shua။ ငါကအဲ့လို သ႐ုပ္ေဆာင္တာဆို ညံ့တယ္။ မင္းကေနာ္ သ႐ုပ္ေဆာင္တာလည္းေတာ္၊ အဆိုလည္းေတာ္။ ရွယ္"
လက္မေထာင္ကာ ေျပာလာသူကို တစ္ခ်က္သာ ၿပဳံးျပမိၿပီး ဘာမွ ျပန္မေျပာမိ။
"..."
"ငါဇာတ္လမ္းၾကည့္ေနတယ္ေတာင္ထင္မိတာ။ မင္းသ႐ုပ္ေဆာင္ ပီျပင္ခ်က္က လက္လန္တယ္"
"သ႐ုပ္ေဆာင္ေနတာ မဟုတ္ဘူး Seokmin "
"ဟင္"
"ငါ့ရင္ထဲက စကားေတြ။ ငါမင္းကို ျမတ္ျမတ္ႏိုးႏိုး ထုတ္ျပခ်င္မိတဲ့ ခ်စ္ျခင္းတရားေတြ။ တကယ္ သူငယ္ခ်င္းဆိုတာထက္ ကိုပိုေနမိတာေတြ။ အခ်ိန္ျပည့္ ဖုံးကြယ္ထားေနရတာၾကာေတာ့ အစြယ္က ေငၚထြက္လာတယ္ထင္တယ္"
Joshua တစ္ခ်က္ရယ္မိသည္။ သို႔ေသာ္ ထိုရယ္သံက အက္ကြဲေၾကာင္းေတြ စြက္လ်က္။ Seokmin ရဲ႕ ဝဲဂယက္မွာေတာ့ အံ့ဩျခင္းေတြအျပည့္ျဖင့္။ Joshua ကို မယုံသလို၊ ထူးဆန္းသလိုသာ ၾကည့္ေနမိသည္။ တုတ္တုတ္ေတာင္ မလႈပ္ေတာ့သူကို Joshua ၿပဳံးျပလိုက္ၿပီး
"ထားလိုက္ပါကြာ၊ ဟိုမွာသူမ်ားေတြ ဆက္ေဆာ့ေနၿပီ သြားရေအာင္"
ဤမွ်နာက်င္စရာေကာင္းတဲ့ အၿပဳံးနဲ႔ ေလသံမ်ိဳး Joshua ဆီက Seokmin မေတြ႕ခဲ့ရဖူးပါ။ Seokmin က Joshua ကို သူငယ္ခ်င္းတစ္ေယာက္လိုသာ ခင္မင္မိသည္ဟု သူ႔ကိုယ္သူ ယူဆထားပါသည္။ Joshua ကို ဝမ္းနည္းျခင္းေတ္ မေဆာင္ၾကဥ္းေစခ်င္ေပမဲ့ သူ႔မွာလည္း ေ႐ြးခ်ယ္ခြင့္ရွိသည္ဟု Seokmin ယုံၾကည္ပါသည္။ အျပစ္ဒဏ္ယူေနသည့္ေနရာကေန ႀကိဳထြက္သြားကာ ကစားပြဲထဲသြားထိုင္ေနေသာ Joshua ေက်ာကို တစ္ခ်က္ေငးရင္း Seokmin သက္ျပင္းခ်မိပါသည္။
//
9 : 54 PM
Thu, 5 Oct
Lamin Pann Laung
//