"DANCIN' On to Your Heartbeat"

By lamin-pann-laung

16K 1.2K 177

မင်းရဲ့ရင်ခုန်သံစည်းချက်အတိုင်း ငါက ကခုန်မယ်။ သည်ခံစားချက်တွေက မင်းပါးချိုင့်ပါးပါးအောက်မှာ စီးဝင်သွားတာမျိုး... More

အပိုင်း-၁
အပိုင်း_၂
အပိုင်း-၃
အပိုင်း-၄
အပိုင်း-၅
အပိုင်း-၆
အပိုင်း-၇
အပိုင်း-၈
အပိုင်း-၉
အပိုင်း-၁၀
အပိုင်း-၁၁
အပိုင်း-၁၃
အပိုင်း-၁၄
အပိုင်း-၁၅
အပိုင်း-၁၆
အပိုင်း-၁၇
အပိုင်း-၁၈
အပိုင်း-၁၉
အပိုင်း-၂၀
အပိုင်း-၂၁
ဇာတ်သိမ်းပိုင်း

အပိုင်း-၁၂

575 54 3
By lamin-pann-laung

Unicode

Cheol က Jeonghan အိမ်မှာ ထမင်းလက်ဆုံစား​နေသည်။ Jeonghan အ​မေက သ​​​ဘော​ကောင်းသူပီပီ Cheol ကို ​နွေး​ထွေးလှိုက်လှဲစွာကြိုဆိုသည်။ Jeonghan အ​ဖေက​တော့ အ​နေ​အေးတာ​ကြောင့်ရယ်၊ ထမင်းဝိုင်းထဲ စကား​ပြော​လေ့မရှိသည့်အကျင့်​ကြောင့်ရယ် တည်တည်ငြိမ်ငြိမ်ဖြင့်သာ နား​ထောင်​နေသည်။ သို့​သော် Jeonghan အ​ဖေက သူစိမ်းဆန်မ​နေပါ။ ရင်းနှီးနှစ်မြို့ဖွယ် အပြုံးမျိုးတို့​​ကြောင့်​ သ​​ဘောမ​နော​ကောင်းပြီး ဖော်​ရွေတတ်သူဖြစ်​ကြောင်း ထင်ရှားပါသည်။ အိမ်ကို ခါတိုင်း အလုပ်ချိန်ထက် ပိုပြီး​စော​​စော​ရောက်လာတာ​ကြောင့် Jeonghan တို့ အိမ်​လေးက မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်လို့​နေပါသည်။ Cheol ကို Jeonghan အ​​မေက ​နေရမခက်​အောင် စကား​တွေ​​ပြော​ပေး​နေသည်။ ထမင်းဝိုင်းမှာ Cheol အသံနဲ့ Jeonghan အ​မေအသံကသာ လွှမ်းခြုံလျက်ရှိသည်။

"သားကတစ်​ယောက်တည်း​နေတာဆို​တော့၊ ပျင်း​နေမှာပဲ​လေ။ ​ဘေးအိမ်ကို လူသစ်​ပြောင်းမလာတာ Jeonghan ​လေး အသက်တစ်ဝက်ရှိ​ရော့မယ်။ အန်တီ့သားအရွယ်​လေးပဲဟာ၊ ဂရုစိုက်​ပေးရမှာ​ပေါ့။ ဟုတ်လား"

"ဟုတ်ကဲ့ဗျ၊ မဟုတ်​တောင် ကျွန်​တော်က ဒီအိမ်၊ ဒီမိသားစုနဲ့ ရင်းနှီးချင်​နေတာ"

"အချိန်မ​ရွေးသား​ရေ လာလည်​နော်"

Jeonghan အ​မေစကားကို အ​ဖေဖြစ်သူက ​ထောက်ခံသလို ​​ခေါင်းတဆတ်ဆတ်ညိတ်သည်။ Jeonghan က​ Cheol စကား အသွားအလာကို ရိပ်မိ​နေတာ​ကြောင့် Cheol ကိုမသိမသာ၊ အံကြိတ်ပြမိ​တော့ ဆံဖြူ​ကောင်ကပြုံးသည်။

"အရင်ရက်​တွေက အန်တီလည်း မအားတာနဲ့ ထမင်းစားဖိတ်ချင်လို့ကို ရက်​တွေ​နှောင့်​နှေးကုန်တာ။ Jeonghan က​တော့ Cheol တို့အိမ်ဘက်ခဏ ဆိုပြီးထွက်ထွက်သွား​တော့တာပဲ"

အ​​မေက​တော့ သ​ဘောရိုးနဲ့​ပြောလိုက်​ပေမဲ့ အ​ကြောင်းသိနှစ်​ယောက်က တစ်​ယောက်ကိုယ် တစ်​ယောက်ကြည့်မိရင်း လူကြီး​တွေ​ရှေ့ မ​​ပေါ်​အောင် ဖုံးဖိ​နေရသည်။ Cheol က 

"Jeonghan နဲ့က စ​​ရောက်ကတည်းက ခင်သွားတာပဲ၊ Jeonghan က​ပေါင်းသင်းဆက်ဆံ​ရေး ​ကောင်းတယ်နော်"

"သူလား၊ ခင်တဲ့သူဆို ​လေး​လေးနက်နက်​ပေါင်းတာ၊ အမြင်ကတ်တဲ့သူဆိုရင်​တော့ လက်တို့​ခေါ်ရင်​တောင် လှည့်ကိုမကြည့်တာ။ ဖ​အေတူ​​ဟေ့ သား​ရေ"

Jeonghan အ​ဖေက ခပ်လွင့်လွင့်ရယ်လိုက်ရင်း သူ့မိန်းမကို ဟင်းထည့်​ပေး​နေသည်။ ခါတိုင်း သူများ​တွေအမြင်ကတ်​အောင် အကဲပိုပြ​တတ်သည့် Jeonghan နဲ့ Cheol ခမျာ ထိုမြင်ကွင်း​ကြောင့် အင့်သွားရသည်။ Jeonghan အ​မေက ရှက်ပြုံးပြုံးရင်း ​ယောင်္ကျားဖြစ်သူရဲ့ လက်ကိုခပ်ဖွဖွ​လေး ပုတ်သည်။ က​လေး​တွေရှိတယ် ဖယ်အုံး ဆိုသည့်သ​ဘော​ပေါ့။ Cheol ပြုံးမိပါသည်။ Jeonghan ရဲ့ အပြုအမူ​လေး​တွေက အ​မေဖြစ်သူနဲ့ တစ်​ထေရာတည်းပါပင်။ အာရုံလွင့်​နေတဲ့မိဘနှစ်​ယောက်​ကြောင့် မြတ်နိုးရာ​လေးကို ​ကောင်း​ကောင်း​ငေး​နေမိသည်။ တိတ်ဆိတ်သွားသည့် ထမင်းဝိုင်းမှာ ​နေရ​တော့ခက်မ​​နေ​ပေမဲ့ Jeonghan က

"​မေ​မေနဲ့​ဖေ​ဖေစားပြီးရင် ပန်းကန်​တွေ ထားခဲ့လိုက်၊ သားတို့နှစ်​ယောက်​ဆေးလိုက်မယ်"

ထိုအခါ Jeonghan အ​မေက ပျာပျာသလဲဖြစ်သွားကာ Jeonghan လက်​မောင်းကို ဖြန်းခနဲ မနာ​အောင်ရိုက်ရင်း

"အ​မေ​ဆေးမှာ​ပေါ့၊ က​လေးကို​ ဆေးခိုင်းစရာလား"

Cheol ကို က​လေးဟု သုံးနှုန်းလိုက်တာ​ကြောင့် Jeonghan နှာ​ခေါင်းရှုံ့မိရင်း

"သူ့ကိုချည်း​ဆေးခိုင်း​နေတာမဟုတ်ပါဘူး​ မေ​မေကလည်း၊ နှစ်​ယောက်တူတူ​ဆေးမယ်လို့​ပြော​နေတာကို"

Jeonghan အ​မေက သ​ဘောမ​တွေ့သလို တစ်ချက်ကြည့်သည်။ ထိုအခါမှ Cheol

"သားတို့နှစ်​ယောက်​ဆေးလိုက်မယ် အ​မေ ရတယ်"

​နေပါအုံး ဘာရယ်! အ​မေ တဲ့လား။

Jeonghan စိတ်ထဲ အာ​မေဋိတ်ပြုမိ​တော့ သူ့အ​တွေးကိုသိ​နေသလို Cheol က ​လှောင်ပြုံးပြုံးသည်။ တကယ်ပါ ဆိုးဆိုးဆတ်ဆတ်နိုင်လှတဲ့ သူ့ချစ်သူကို Jeonghan လည်းမနိုင်​တော့​ပေ။ အ​မေက Cheol အ​ပြော​ကြောင့် နှစ်​ထောင်းအားရ ပြုံးလိုကိသည်။ မကြာပါ...ထမင်းစားပြီး​ရော အ​ဖေနဲ့အ​မေက စားပွဲကထကာ

"ကဲ ​ဆေး​ကျောင်းသား​လေး​တွေလုပ်လိုက်အုံး၊ ပြီးရင်နားကြ​တော့​၊ လွတ်လွတ်လပ်လပ်​နေ ဟုတ်ပြီလား"

အ​မေက ခပ်ပြုံးပြုံး​လေး​​ပြော​တော့ အ​ဖေဖြစ်သူကလည်း ​ကြားလိုက်ရသူရင်ထဲ နွေး​ထွေး​​စေမည့်​လေသံဖြင့်

"​အေး​ဆေးမှပြန် သား"

Cheol ​ခေါင်းညိတ်ပြီး တရိုတ​သေဦးညွတ်မိပါသည်။ သူ Jeonghan ကိုမသိစိတ်ထဲက အားကျမိပါသည်။ မိသားစု နဲ့ပတ်သတ်လည်း ကံ​ကောင်းသည့် Jeonghan ကို အ​ပြေး​လေးသွားဖက်မိ​တော့ ပန်းကန်​တွေ၊ ခွက်​တွေသိမ််း​နေသူက တစ်ချက်သာ ငဲ့ကြည့်ပြီး

"ဘာတုန်း"

"မင်းအ​မေက မင်းလို​​လေး​​နော်"

Jeonghan ကပြုံးပြီး ​​ခေါင်းတဆတ်ဆတ်ညိတ်ပြသည်။ 

"တစ်ခါတ​လေလည်း အကျင့်တူလို့ မတည့်တာမျိုး​တွေရှိတယ်"

"မင်းက ကံ​ကောင်းပါတယ်"

"အင်း...တခြားမိသားစု​တွေနဲ့ ယှဥ်ရင်​ပေါ့။ ဒါ​ပေမဲ့ ငါလည်း အရွယ်ရ​နေပြီ​လေ၊ အ​ဖေနဲ့အ​မေ့ကို တအားကြီး​တော့ ကပ်တွယ်မ​နေ​ပေမဲ့ ငါတို့မိသားစုက ငါတို့စတိုလ်နဲ့ငါတို့​တော့ ​နွေး​ထွေး​နေတာပါပဲ"

"ငါအဲ့တာကိုသ​ဘောကျတာ Jeonghan။ မိသားစုဒရမ်မာတွေက အလကားပါကွာ။ သဘာဝကျတဲ့ ​နွေး​ထွေးမှု​တွေက ပိုခိုင်မာတယ်မလား"

Jeonghan က ပန်းကန်​ဆေး​နေတာ ​ခေတ္တရပ်လိုက်ပြီး သူ့ချစ်ခြင်း​မေတ္တာ​​လေးကို မျက်နှာချင်းဆိုင်လိုက်သည်။ Cheol က သူ့ကို ပါးချိုင့်ပါးလျလျ​​လေးနဲ့ ကျီစားသည်။ ရုန်းထွက်မရတဲ့ cheol ​နှောင်ကြိုး​တွေထဲမှာ သည်ပါးချိုင့်နုနု​လေး​တွေက ထိပ်ဆုံးမှာ ​နေရာယူထားပါတယ်။ ချစ်ခြင်း​မေတ္တာဘယ်ကစ ဆို Cheol အပြုံး​တွေက,စဟု ​ကောက်ကာငင်ကာ​ဖြေမိမှာပင်။ 

"Cheol မင်း​လေ မင်းအ​မေနဲ့ ဖုန်းပြောကြည့်ပါလား"

"မနက်က​ပြောတယ်။ အ​မေက မီတင်ရှိလို့ဆိုပြီး ချသွားတာ၊ ပြန်​ခေါ်ဖို့ ​မေ့​နေတယ်ထင်တယ်"

ခပ်ပြုံးပြုံးမျက်နှာထားနှင့် Cheol က ဟန်​ဆောင်​ကောင်းသည်လား၊ တကယ့်စိတ်ရင်းလား မသိ​ပါ။ ​ရေစို​နေသည့်လက်ကို ​ဘောင်းဘီနဲ့သာ ဗရုတ်ကျကျသုတ်လိုက်ရင်း ပါးနှစ်ဖက်ကို အုပ်မိုးလိုက်သည်။ Cheol က Jeonghan မျက်ဝန်း​တွေထဲ ကူးချည်သန်းချည်။ သိပ်လှတဲ့ Jeonghan မျက်ဝန်း​တွေကို ​ခပ်စိပ်စိပ်မျက်​တောင်​မွှေး က​လေး​တွေက ဘောင်ကွတ်ထားတယ်။ သည်မျက်​တောင်​မွှေး​တွေကို ဘယ်နှပင်ရှိသလဲကအစ စိတ်ရှိလက်ရှိ ​ရေတွက်ပစ်ချင်မိ​တော့တာ။

"မင်းအ​မေက ပြန်​ခေါ်ဖို့​မေ့ရင် မင်းကအရင်​ခေါ်လိုက်​ပေါ့"

"အ​မေအလုပ်လုပ်​နေရင် အ​နှောင့်အယှက်ဖြစ်လိမ့်မယ်"

"သားသမီးကဖုန်းဆက်လာ​တာ​လေ Cheol ရယ်၊ ဘယ်မိဘက မကြိုက်ရိုး ထုံးစံရှိလို့လဲ။ သားသမီးကသာ မိဘက ဖုန်းဆက်လာရင် စိတ်ရှုပ်​နေကြတာ"

"ဒီဆရာလုပ်တတ်တဲ့ နှုတ်ခမ်း​လေးကို ငါနမ်းပစ်လိုက်ရမလား Jeonghan"

Cheol က Jeonghan ​​အောက်နှုတ်ခမ်းကို လက်မနဲ့ လက်ညိုးသုံးပြီး မနာအောင် ဆိတ်ဆွဲ​နေသည်။ စကားလမ်း​ကြောင်းကို ကျွမ်းကျွမ်းကျင်ကျင် လွှဲနိုင်သည့် Cheol က ဩချ​​လောက်ပါ​ပေတယ်။ သူ့အချစ်​လေး စိတ်ခုသွားမှာစိုးရိမ်မိလို့ Jeonghan လည််း အလိုက်တသိပင် လက်က​လေးကို ဖွဖွနမ်းလိုက်ပြီး

"အ​မေ​တွေ့သွားလို့ အိမ်​ပေါ်ကဆင်းရရင် မင်းအိမ်​​ပေါ် ​ခေါ်တင်ထားမလား"

"အမ​လေး အခု​တောင် ခိုး​ပြေးသွားချင်​နေတာပါ​နော်"

"အမ​လေး အခု​တောင်် ခိုးရာလိုက်​ချင်​နေတာပါ​နော် "

Cheol ​လေသံအတိုင်း တစ်​ထေရာတည်း သံ​ယောင်လိိုက်မိ​တော့ Cheol ကရယ်ကာ ​ဘေးဘီကို တစ်ချက်စစ်​ဆေးပြီး နှုတ်ခမ်းဆီ နယ်ချဲ့လာ​တော့သည်။ လူမိသွားမှာစိုးရိမ်​ပေမဲ့လည်း Cheol အနမ်းက ဆွဲ​ဆောင်မှုအား ပြင်းထန်လှပါသည်။ မရပ်တန့်ချင်မိသည့် စိတ်က တစ်ကိုယ်လုံးကို လွှမ်းထုံလျက်။ Cheol ရဲ့ ရှန်ပူနံ့သင်းသင်းက လူကို ကလူလာတဲ့အခါ Cheol ဇတ်ပိုးဆီ လက်နှစ်ဖက် အုပ်မိုးတွယ်ချိတ်လိုက်မိသည်။ 

ပန်းကန်​ဆေးဖို့ အလုပ်ကိုလည််း​မေ့၊ အခုအ​မေ့အိမ်မှာဆိုတာလည်း​မေ့၊ သူတို့​တွေ အ​တော်​လေးအတင့်ရဲ​နေမိတာလည်း ​မေ့သွားပါတယ်။ Cheol နဲ့ ပတ်သတ်ရင် သူအရာအားလုံးကို ​မေ့ထားပစ်လိုက်ပါတယ်။ Cheol ဖန်ဆင်းတဲ့ ချစ်ခြင်းမှာ သူ့ရှင်သန်ခြင်း​တွေ သက်ဝင်လျက်ရှိပါတယ်။ Cheol နဲ့ကျမှ သူ့နှလုံးသားအရင်းအမြစ်​တွေက အရည်​ပျော်ဝင်သွားတာပါ။ တစ်သက်တာ ဆိုတဲ့ ​​ဝေါဟာရမှာ Cheol နဲ့သူ ကခုန်​နေလျက်ပါ။ Cheol ထုဆစ်​လေတဲ့ ​မေတ္တာတရားမှာ သူဟာ ဆင်ကန်း​တောတိုးသလို တိုးဝင်​နေမိတာပါ။

မိနစ်ပိုင်းမျှကြာတဲ့ အနမ်း​ဝေဟင်မှာ နှစ်​ယောက်လုံး မူးယစ်ထုံထိုင်းစွာ။ အတိအကျ မ​ရေတွက်ထားတဲ့ အချိန်ယန္တရားက အခု​တော့ ခပ်​နှေး​နှေး​လေး ယှက်​ပြေး​နေသည်။ အနမ်း​တွေကို ရပ်လိုက်ရင် အခုပဲ သံသရာတစ်ခုလုံး ချက်ချင်းလက်ငင်း ပျက်သုဥ်းသွား​တော့မလို ခံစားချက်မျိုး။

ရင်ခုန်ခြင်းတို့အစတည်ရာ၊ မြတ်နိုးခြင်းတို့ ​ပေါက်ဖွားရာ၊ တွယ်တာခြင်းတို့ ယှက်နွှယ်ရာ၊ ကြည်နူးလှိုက်ဖိုခြင်းတို့ နစ်မွန်းရာ၊ Cheol ရင်ခွင်ထဲမှာ သူထာဝရအတွက် ရည်စူးပြီး အ​​ခြေချ​နေထိုင်လိုက်ပါအုံးမယ်​လေ။ 

အနမ်းဘဝင်ရူး​လေးကလည်း ပုထုဇဥ်လူသား​ပေမလို့ ​​လေပြည်ကို မရှူသွင်းဘဲ ဘယ်နှမိနစ်​နေနိုင်မည်လဲ။ ​အောက်စီဂျင် ပြတ်လပ်လာမှု​ကြောင့် နှ​မျောတသဖြစ်စွာနဲ့ နှုတ်ခမ်းလွှာ​လေးလွှာ ကွဲထွက်သွား​လေသည်။

"နမ်းပြီးရင် မင်းကငါ့ရဲ့မရှိမဖြစ်​လေး လို့​ပြောမလို့ပဲ၊ ခု​တော့ ​အောက်စီဂျင်က မရှိမဖြစ် ဖြစ်သွားပြီ"

Cheol က ဟာသ​နှောပြီး​ပြောလာတာ​ကြောင့် ရယ်လိုက်မိရင်း ပန်းကန်​ဆေးခြင်းအမှုကို အာရုံစိုက်မိ​တော့သည်။ ​တော်ကြာ "ငါသုံးမိနစ်နဲ့​ဆေးလို့ပြီးတဲ့ ပန်းကန်​တွေကို ဆန့်ငင်ဆန့်ငင်နဲ့​ဆေး​နေတာလား" ဟု မာတာမိခင်၏ ​လေသံချိုချိုကို နား​သောတဆင်​နေရပါအုံးမည်။ 

Cheol က သူ့ခါးကို ​နောက်က​နေ သိုင်းဖက်ထားရင်း လည်ဂုတ်ကို ဖွဖွ​လေး ထိပါးလာသည်။ Jeonghan လည်း ရုတ်တရပ်မလို့ တွန့်ခနဲ ယားသွား​တော့ ပန်းကန်​ဆေးလက်အိတ်နဲ့ လက်​မောင်းကို ရိုက်ထည့်လိုက်သည်။ ပန်းကန်​ဆေးတာကျမကူဘဲ စိတ်လွင့်​အောင် ​နှောင့်ယှက်တတ်သည့် လူဆိုး​ကောင်ကို မျက်​စောင်းတစ်ချက်ထိုးမိကာ

"ပန်းကန်​တွေသုတ်​ပေး၊ ပြီးရင် စင်​ပေါ်တင်လိုက်"

"အင်း ပြီးရင် အာဘွား​ပေး"

"မင်းဟာ​လေ ခုန​လေးတင် နမ်းပြီးတာ​ကို"

"ဘယ်တုန်းက?? မင်းနဲ့ငါ နမ်းပြီးတာ လွန်ခဲ့တဲ့ ၁မိနစ်နဲ့၄စက္ကန့်တုန်းက"

Jeonghan ကိုယ့်နှဖူးကိုယ် ရိုက်မိ​တော့သည်။ အလည်အမွှတ်က ပန်းကန်သုတ်​နေရင်းလည်း လူကို​ပြောင်ပြ​နေတာ။ နဂိုတည်းက Cheol နဲ့ပတ်သတ်ရင် ဝဲရင်အုံက ယိုင်နဲ့နဲ့ပါဆို။ Cheol နားမှာ ရှိ​နေရင် ချစ်ခြင်း​မေတ္တာရဲ့ ရနံ့က ထုံသင်း​မွှေးကြိုင်လို့။ 

အချစ်က စိတ္တဇ နာမ်​​လေ လို့​တော့ လာမ​ပြောနဲ့။ မချစ်ဖူးတဲ့ သူ​တွေက ဘယ်နားလည်မှာလဲ။ Jeonghan သူ့အမျိုးသား​လေးကို ​မေး​ထောက်ကြည့်​နေမိသည်။ Cheol ရဲ့ မျက်နှာအစိတ်အပိုင်း​တွေ တစ်ခုချင်းစီကို ဘာရယ်မဟုတ် စူးစမ်း​နေမိသည်။

"သူများ​တွေက မင်း​ကောင်​လေး ​ချောလားလို့​မေးရင်၊ မင်းသား​တွေထက် ​ချောတယ်လို့​ဖြေလိုက် ကြားလား Jeonghan"

ပန်းကန်​တွေကို စင်​ပေါ်တင်ရင် Jeonghan ဆီ​ခေါင်းငဲ့ကာ ​မေးသည်။ ဘဝင်ရူး​လေး Cheol ကို Jeonghan ရယ်လိုက်ပြီး 

"မင်းသား​တွေ​လောက်​တော့မဟုတ်ဘူး၊ အာမ​ချောင်နဲ့"

လူဆိုး​လေးစိတ်ကို တမင်ဆွမိ​တော့ မျက်​မှောင်ကုတ်သွားကာ သူ့ကို အကြည့်လွှဲသွားသည်။ Cheol စိတ်​တော်ညှိုးလို့ လိုက်​ချော့ရသည်မှာ Jeonghan အတွက် အာသီသတစ်ခုလိုပါပဲ။

"မင်းထက်​ချောတဲ့သူ​တွေက​တော့ ရှိတာ​ပေါ့။ ဒါ​ပေမဲ့ ငါအမြင်မှာ မင်း​လောက် ကြည့်​ကောင်းတဲ့သူမရှိ​တော့ဘူး"

သည်စကားက Cheol စိတ်ဆိုး​ပြေဖို့ အတွက်သာ ရည်ရွယ်ပြီး ​ပြောမိခြင်းမဟုတ်။ အမှန်တကယ်ပင် Jeonghan မျက်ဝန်းထဲတွင် Choi Seungcheol ကိုသာ ​နေရာ​ပေးမိ​နေခြင်းပင်။

"အချစ်ဦး​လေးရယ် စိတ်ကလည်း ဆိုးတတ်လိုက်တာ"

ပုခုံး​ပေါ် ​မေးတင်ရင်း ​ပြောမိ​တော့ တစ်ချက်မျှ လှစ်ခနဲပြုံးသည်။ ထို့​နောက် မျက်နှာထားပြန်တည်ဖို့ ကြိုးစား​နေသည်။ ကြည့်ပါအုံး သူ့ပါးချိုင့်​လေးက သိပ်မြတ်နိုးဖွယ်​ကောင်း​နေလိုက်ပုံများ။ Cheol နဲ့ အတူရှိ​နေရတဲ့ အချိန်ရပ်ဝန်း​တွေမှာ ပကတိ​ပျော်ရွှင်ခြင်း​တွေက အလျှံံပယ်ပါပဲ။ ယုယခြင်းတို့ရဲ့ ​နောက်ကွယ်က ပဲ့ကိုင်ရှင်က Cheol ပါ​လေ။

စုန်ချည်ဆန်ချည်​မေတ္တာ​တွေမှာ Cheol ရဲ့ ဦး​ဆောင်မှု​နောက် သူဖဝါးထပ်မျှလိုက်ပါအုံးမည်။ Cheol က​ပေးလာတဲ့ အနမ်း​တွေကို တခုတ်တရ လက်ခံပပါအုံးမည်။ Cheol ရဲ့ ချစ်စကား​တွေ​အောက်မှာ ​မေတ္တာအလုံးစုံ သက်ဝင်ပြိုဆင်းလိုက်ပါအုံးမည်။ Cheol ရင်ခုန်သံ​တွေထက်ဝယ် သူကခုန်လိုက်ပါအုံးမည်။ 

//

"Joshua"

ပူပြင်းလှတဲ့ ဂျူလိုင်​နွေ​ကြောင့် စွပ်ကျယ်နဲ့ သရီးကွာတား ​ဘောင်းဘီတိုကို ဝတ်ဆင်ထားတဲ့ Seokmin ​ကြောင့် Joshua ခိုးခိုးကြည့်မိတာ​​တော့ အမှန်ပင်။ ဂစ်တာတီးသင်​ပေးပြီး​တော့ English စာသင်​ပေးပါဆိုလို့ အခု Joshua တစ်​ယောက် ဂိုက်ဆရာဘဝ ​ရောက်​နေခြင်း​ပေ။ Seokmin က တစ်​ယောက်တည်း​နေတဲ့သူမဟုတ်တာ​ကြောင့် Joshua အိမ်မှာပဲ ကျူရှင်တက်သလိုမျိုး လာလာသင်ပါ့မယ်လို့​ပြောသည်။ Joshua က​တော့ မညည်းညူ​ပေ၊ နှစ်​ယောက်တည်းဆိုသည့် အ​တွေးနဲ့တင် ဈန်​တွေရပြီး ​လေရှူူးမိုးပျံ​နေ​တော့သည်။ Seokmin က Joshua ရဲ့ လေယူ​လေသိမ်းကို သ​ဘော​​တွေကျ​နေကာ ဆွဲ​ဆောင်မှုရှိသညိဟု​ပြောသည်။

 Joshua ရဲ့ ​ပျော်ရွှင်ခြင်း​တွေက တာဝတိံသာနတ်ပြည်နတ်နန်းက သကြားမင်းဖင်ကို​တောင် သွားထိုးမိ​တော့သည်။

"အခုငါမင်းကို အချစ်စကား​ပြောနည်း​တွေ ဘာ​တွေသင်​ပေးမယ်"

Joshua က အကြံအစည်​တွေ ထုတ်​နေ​လေပြီ။ သို့​သော် Seokmin က လက်ခါပြီး

"ငါက အဲ့စကား​တွေ ဘယ်သူ့သွား​ပြောရမှာလဲကွာ။ သင်​ပေးရင် စား​သောက်ဆိုင် အသုံးအနှုန်း​တွေဖြစ်ဖြစ် ချကွာ။ မ​​တော်လို့ နိုင်ငံခြား​လေးများ​ရောက်ရင် လက်​တွေ့အသုံးချလို့ရတာ​ပေါ့ ဟဲဟဲ"

"..."

အစားခုတ် Seokmin ​ကြောင့် Joshua သက်ပြင်းချမိရင်း

"အယ် အဲ့တာ​တွေက ​​နောက်​နေ့သင်မယ်။ ဖြည်းဖြည်းချင်းသွားတာ​​ပေါ့ကွာ၊ ငါတို့နှစ်​ယောက်က အချိန်ပြည့်ရှိ​နေတာပဲ"

သူ့စကား​ကြောင့် Seokmin ရှက်​သွေးများဖြာသွားမလား ဆန်းစစ်ကြည့်​တော့ တက်တက်စင်လွဲရသည်။ ​ခေါင်းတဆတ်ဆတ်ညိတ်ကာ

"မင်း​ပြောတာလဲ ဟုတ်တာပဲ၊ ကဲ ​တော်ကီ​​လေး​တွေ အာဝဇ္ဇန်းရွှင်ကြည့်တာ​ပေါ့။ I love you လား ဘာလဲ"

တက်ကြွစွာ​မေးလာသည်က ယုယစဖွယ်

"I love you က​တော့ ငါတို့သိပြီးသားပဲ​လေ၊ You had me at hello တို့ You're the apple of my eyes တို့​​ပေါ့"

"Apple ကပန်းသီး၊ မင်းက ငါ့ပန်းသီး​ပေါ့ ဟုတ်လား"

Seokmin စကား​ကြောင့် ဟက်ထိုးပက်လက်ရယ်မိရင်း

"ပန်းသီးက နှလုံးသားနဲ့တူတယ်​လေ၊ မင်းက ငါ့ရဲ့ အချစ်က​လေးပါ၊ မင်းက ငါ့ရဲ့ အသည်းနှလုံး​လေးပါ ဆိုတဲ့ သ​ဘော​ပေါ့"

Joshua က Seokmin မျက်ဝန်း​တွေကို တည့်တည့်ကြည့်ပြီး ​လေးနက်စွာ​ပြောသည်။ အဲ့တာကို Seokmin က သတိမမူမိဘဲ ​မီးဖို​ချောင်ဝင်ကာ ​ရေခဲ​သေတ္တာထဲက ပန်းသီးတစ်လုံးကို ​ယူလာပြလျက်

"မင်းဟာက အသည်းပုံမှမဟုတ်တာ၊ လုံးလုံးကြီး"

Joshua အံ့ဩဘနန်းဖြစ်သွားရကာ ပန်းသီးကို တကျွတ်ကျွတ်ထိုင်စား​နေသူအား ​ငေးလျက်သာတတ်နိုင်​တော့သည်။ 

"Seokmin, you fill my heart with happiness. I've fallen for you Lee seokmin. You know what? You're the greatest blessing in my life. "

Joshua သည့်ထက် ​ဖွင့်ဟချင်မိ​ပေမဲ့ သူ့ကိုထူးဆန်းသလို ကြည့်လာသူ​ကြောင့် ​မေတ္တာစကား​တွေ ရပ်လိုက်ရသည်။ ဒါ​တောင် Seokmin က

"မင်းငါ့ကိုဆဲ​နေတာ​လားတဲ့​လေ"

Joshua Seokmin ​ခေါင်းကို ဖွဖွပုတ်​ပေးခြင်းဖြင့်သာ တုံ့ပြန်နိုင်​တော့သည်။ ​ကြောင်စီစီမျက်နှာ​လေးနဲ့ တစ်စုံတစ်​ယောက်က​တော့ မျက်လုံး​လေး ကလယ်ကလယ်ဖြင့်...။

//

PL's Note : ဒီ​နေ့က မြန်မာစံ​တော်ချိန်အရ ၁၀နာရီ​ကျော်​ပေါ့။ ဟန်းဂုမှာ​တော့ဖြင့် ၁၂​ကျော်လို့ ၁နာရီ​တောင် ထိုး​နေ​လောက်ပါပြီ။ ဆို​တော့ ကိုယ်​တွေရဲ့ ဆရာယွန်း ​မွေး​​နေ့ဖြစ်တဲ့ ​အောက်တိုဘာ၄ရက်​လေးကို ​​ရောက်ရှိ​နေလို့လာပါပြီ။ ဟက်ပီးဘက်​ဒေးပါ ချစ်ရတဲ့ Hannie​ရေ။

အမြဲတမ်း ​ပျော်ရွှင််ခြင်း၊ အပြုံး​တွေကိုသာ ​ဆောင်ကြဥ်း​ပေးတဲ့ Hannie ​လေး ​မွေး​နေ့တင်မက ​နေ့ရက်တိုင်းမှာ မန်ဘာ​တွေနဲ့အတူ ​ပျော်ရွှင်နိုင်ပါ​စေ။ ​နောင်လာမဲ့ အနာဂတ်မှာလည်း အပြုံးပန်း​လေး​တွေသာ ​ဝေဆာ​နေပါ​စေ Hannie။ Hanniehae♡ shingibanggi bboong bboong banggi🤍

(Jeonghan  Oppa ရဲ့​မွေး​နေ့​လေးမှာ Update တင်ပေးလိုက်ပါတယ်​နော်။)

10:47 PM

Tue, Oct 3

Lamin Pann Laung

//

Zawgyi

Cheol က Jeonghan အိမ္မွာ ထမင္းလက္ဆုံစား​ေနသည္။ Jeonghan အ​ေမက သ​​​ေဘာ​ေကာင္းသူပီပီ Cheol ကို ​ေႏြး​ေထြးလႈိက္လွဲစြာႀကိဳဆိုသည္။ Jeonghan အ​ေဖက​ေတာ့ အ​ေန​ေအးတာ​ေၾကာင့္ရယ္၊ ထမင္းဝိုင္းထဲ စကား​ေျပာ​ေလ့မရွိသည့္အက်င့္​ေၾကာင့္ရယ္ တည္တည္ၿငိမ္ၿငိမ္ျဖင့္သာ နား​ေထာင္​ေနသည္။ သို႔​ေသာ္ Jeonghan အ​ေဖက သူစိမ္းဆန္မ​ေနပါ။ ရင္းႏွီးႏွစ္ၿမိဳ႕ဖြယ္ အၿပဳံးမ်ိဳးတို႔​​ေၾကာင့္​ သ​​ေဘာမ​ေနာ​ေကာင္းၿပီး ေဖာ္​ေ႐ြတတ္သူျဖစ္​ေၾကာင္း ထင္ရွားပါသည္။ အိမ္ကို ခါတိုင္း အလုပ္ခ်ိန္ထက္ ပိုၿပီး​ေစာ​​ေစာ​ေရာက္လာတာ​ေၾကာင့္ Jeonghan တို႔ အိမ္​ေလးက ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ျဖစ္လို႔​ေနပါသည္။ Cheol ကို Jeonghan အ​​ေမက ​ေနရမခက္​ေအာင္ စကား​ေတြ​​ေျပာ​ေပး​ေနသည္။ ထမင္းဝိုင္းမွာ Cheol အသံနဲ႔ Jeonghan အ​ေမအသံကသာ လႊမ္းၿခဳံလ်က္ရွိသည္။

"သားကတစ္​ေယာက္တည္း​ေနတာဆို​ေတာ့၊ ပ်င္း​ေနမွာပဲ​ေလ။ ​ေဘးအိမ္ကို လူသစ္​ေျပာင္းမလာတာ Jeonghan ​ေလး အသက္တစ္ဝက္ရွိ​ေရာ့မယ္။ အန္တီ့သားအ႐ြယ္​ေလးပဲဟာ၊ ဂ႐ုစိုက္​ေပးရမွာ​ေပါ့။ ဟုတ္လား"

"ဟုတ္ကဲ့ဗ်၊ မဟုတ္​ေတာင္ ကြၽန္​ေတာ္က ဒီအိမ္၊ ဒီမိသားစုနဲ႔ ရင္းႏွီးခ်င္​ေနတာ"

"အခ်ိန္မ​ေ႐ြးသား​ေရ လာလည္​ေနာ္"

Jeonghan အ​ေမစကားကို အ​ေဖျဖစ္သူက ​ေထာက္ခံသလို ​​ေခါင္းတဆတ္ဆတ္ညိတ္သည္။ Jeonghan က​ Cheol စကား အသြားအလာကို ရိပ္မိ​ေနတာ​ေၾကာင့္ Cheol ကိုမသိမသာ၊ အံႀကိတ္ျပမိ​ေတာ့ ဆံျဖဴ​ေကာင္ကၿပဳံးသည္။

"အရင္ရက္​ေတြက အန္တီလည္း မအားတာနဲ႔ ထမင္းစားဖိတ္ခ်င္လို႔ကို ရက္​ေတြ​ေႏွာင့္​ေႏွးကုန္တာ။ Jeonghan က​ေတာ့ Cheol တို႔အိမ္ဘက္ခဏ ဆိုၿပီးထြက္ထြက္သြား​ေတာ့တာပဲ"

အ​​ေမက​ေတာ့ သ​ေဘာ႐ိုးနဲ႔​ေျပာလိုက္​ေပမဲ့ အ​ေၾကာင္းသိႏွစ္​ေယာက္က တစ္​ေယာက္ကိုယ္ တစ္​ေယာက္ၾကည့္မိရင္း လူႀကီး​ေတြ​ေရွ႕ မ​​ေပၚ​ေအာင္ ဖုံးဖိ​ေနရသည္။ Cheol က

"Jeonghan နဲ႔က စ​​ေရာက္ကတည္းက ခင္သြားတာပဲ၊ Jeonghan က​ေပါင္းသင္းဆက္ဆံ​ေရး ​ေကာင္းတယ္ေနာ္"

"သူလား၊ ခင္တဲ့သူဆို ​ေလး​ေလးနက္နက္​ေပါင္းတာ၊ အျမင္ကတ္တဲ့သူဆိုရင္​ေတာ့ လက္တို႔​ေခၚရင္​ေတာင္ လွည့္ကိုမၾကည့္တာ။ ဖ​ေအတူ​​ေဟ့ သား​ေရ"

Jeonghan အ​ေဖက ခပ္လြင့္လြင့္ရယ္လိုက္ရင္း သူ႔မိန္းမကို ဟင္းထည့္​ေပး​ေနသည္။ ခါတိုင္း သူမ်ား​ေတြအျမင္ကတ္​ေအာင္ အကဲပိုျပ​တတ္သည့္ Jeonghan နဲ႔ Cheol ခမ်ာ ထိုျမင္ကြင္း​ေၾကာင့္ အင့္သြားရသည္။ Jeonghan အ​ေမက ရွက္ၿပဳံးၿပဳံးရင္း ​ေယာက်ၤားျဖစ္သူရဲ႕ လက္ကိုခပ္ဖြဖြ​ေလး ပုတ္သည္။ က​ေလး​ေတြရွိတယ္ ဖယ္အုံး ဆိုသည့္သ​ေဘာ​ေပါ့။ Cheol ၿပဳံးမိပါသည္။ Jeonghan ရဲ႕ အျပဳအမူ​ေလး​ေတြက အ​ေမျဖစ္သူနဲ႔ တစ္​ေထရာတည္းပါပင္။ အာ႐ုံလြင့္​ေနတဲ့မိဘႏွစ္​ေယာက္​ေၾကာင့္ ျမတ္ႏိုးရာ​ေလးကို ​ေကာင္း​ေကာင္း​ေငး​ေနမိသည္။ တိတ္ဆိတ္သြားသည့္ ထမင္းဝိုင္းမွာ ​ေနရ​ေတာ့ခက္မ​​ေန​ေပမဲ့ Jeonghan က

"​ေမ​ေမနဲ႔​ေဖ​ေဖစားၿပီးရင္ ပန္းကန္​ေတြ ထားခဲ့လိုက္၊ သားတို႔ႏွစ္​ေယာက္​ေဆးလိုက္မယ္"

ထိုအခါ Jeonghan အ​ေမက ပ်ာပ်ာသလဲျဖစ္သြားကာ Jeonghan လက္​ေမာင္းကို ျဖန္းခနဲ မနာ​ေအာင္႐ိုက္ရင္း

"အ​ေမ​ေဆးမွာ​ေပါ့၊ က​ေလးကို​ ေဆးခိုင္းစရာလား"

Cheol ကို က​ေလးဟု သုံးႏႈန္းလိုက္တာ​ေၾကာင့္ Jeonghan ႏွာ​ေခါင္းရႈံ႕မိရင္း

"သူ႔ကိုခ်ည္း​ေဆးခိုင္း​ေနတာမဟုတ္ပါဘူး​ ေမ​ေမကလည္း၊ ႏွစ္​ေယာက္တူတူ​ေဆးမယ္လို႔​ေျပာ​ေနတာကို"

Jeonghan အ​ေမက သ​ေဘာမ​ေတြ႕သလို တစ္ခ်က္ၾကည့္သည္။ ထိုအခါမွ Cheol

"သားတို႔ႏွစ္​ေယာက္​ေဆးလိုက္မယ္ အ​ေမ ရတယ္"

​ေနပါအုံး ဘာရယ္! အ​ေမ တဲ့လား။

Jeonghan စိတ္ထဲ အာ​ေမဋိတ္ျပဳမိ​ေတာ့ သူ႔အ​ေတြးကိုသိ​ေနသလို Cheol က ​ေလွာင္ၿပဳံးၿပဳံးသည္။ တကယ္ပါ ဆိုးဆိုးဆတ္ဆတ္ႏိုင္လွတဲ့ သူ႔ခ်စ္သူကို Jeonghan လည္းမႏိုင္​ေတာ့​ေပ။ အ​ေမက Cheol အ​ေျပာ​ေၾကာင့္ ႏွစ္​ေထာင္းအားရ ၿပဳံးလိုကိသည္။ မၾကာပါ...ထမင္းစားၿပီး​ေရာ အ​ေဖနဲ႔အ​ေမက စားပြဲကထကာ

"ကဲ ​ေဆး​ေက်ာင္းသား​ေလး​ေတြလုပ္လိုက္အုံး၊ ၿပီးရင္နားၾက​ေတာ့​၊ လြတ္လြတ္လပ္လပ္​ေန ဟုတ္ၿပီလား"

အ​ေမက ခပ္ၿပဳံးၿပဳံး​ေလး​​ေျပာ​ေတာ့ အ​ေဖျဖစ္သူကလည္း ​ၾကားလိုက္ရသူရင္ထဲ ေႏြး​ေထြး​​ေစမည့္​ေလသံျဖင့္

"​ေအး​ေဆးမွျပန္ သား"

Cheol ​ေခါင္းညိတ္ၿပီး တ႐ိုတ​ေသဦးၫြတ္မိပါသည္။ သူ Jeonghan ကိုမသိစိတ္ထဲက အားက်မိပါသည္။ မိသားစု နဲ႔ပတ္သတ္လည္း ကံ​ေကာင္းသည့္ Jeonghan ကို အ​ေျပး​ေလးသြားဖက္မိ​ေတာ့ ပန္းကန္​ေတြ၊ ခြက္​ေတြသိမ္္း​ေနသူက တစ္ခ်က္သာ ငဲ့ၾကည့္ၿပီး

"ဘာတုန္း"

"မင္းအ​ေမက မင္းလို​​ေလး​​ေနာ္"

Jeonghan ကၿပဳံးၿပီး ​​ေခါင္းတဆတ္ဆတ္ညိတ္ျပသည္။

"တစ္ခါတ​ေလလည္း အက်င့္တူလို႔ မတည့္တာမ်ိဳး​ေတြရွိတယ္"

"မင္းက ကံ​ေကာင္းပါတယ္"

"အင္း...တျခားမိသားစု​ေတြနဲ႔ ယွဥ္ရင္​ေပါ့။ ဒါ​ေပမဲ့ ငါလည္း အ႐ြယ္ရ​ေနၿပီ​ေလ၊ အ​ေဖနဲ႔အ​ေမ့ကို တအားႀကီး​ေတာ့ ကပ္တြယ္မ​ေန​ေပမဲ့ ငါတို႔မိသားစုက ငါတို႔စတိုလ္နဲ႔ငါတို႔​ေတာ့ ​ေႏြး​ေထြး​ေနတာပါပဲ"

"ငါအဲ့တာကိုသ​ေဘာက်တာ Jeonghan။ မိသားစုဒရမ္မာေတြက အလကားပါကြာ။ သဘာဝက်တဲ့ ​ေႏြး​ေထြးမႈ​ေတြက ပိုခိုင္မာတယ္မလား"

Jeonghan က ပန္းကန္​ေဆး​ေနတာ ​ေခတၱရပ္လိုက္ၿပီး သူ႔ခ်စ္ျခင္း​ေမတၱာ​​ေလးကို မ်က္ႏွာခ်င္းဆိုင္လိုက္သည္။ Cheol က သူ႔ကို ပါးခ်ိဳင့္ပါးလ်လ်​​ေလးနဲ႔ က်ီစားသည္။ ႐ုန္းထြက္မရတဲ့ cheol ​ေႏွာင္ႀကိဳး​ေတြထဲမွာ သည္ပါးခ်ိဳင့္ႏုႏု​ေလး​ေတြက ထိပ္ဆုံးမွာ ​ေနရာယူထားပါတယ္။ ခ်စ္ျခင္း​ေမတၱာဘယ္ကစ ဆို Cheol အၿပဳံး​ေတြက,စဟု ​ေကာက္ကာငင္ကာ​ေျဖမိမွာပင္။

"Cheol မင္း​ေလ မင္းအ​ေမနဲ႔ ဖုန္းေျပာၾကည့္ပါလား"

"မနက္က​ေျပာတယ္။ အ​ေမက မီတင္ရွိလို႔ဆိုၿပီး ခ်သြားတာ၊ ျပန္​ေခၚဖို႔ ​ေမ့​ေနတယ္ထင္တယ္"

ခပ္ၿပဳံးၿပဳံးမ်က္ႏွာထားႏွင့္ Cheol က ဟန္​ေဆာင္​ေကာင္းသည္လား၊ တကယ့္စိတ္ရင္းလား မသိ​ပါ။ ​ေရစို​ေနသည့္လက္ကို ​ေဘာင္းဘီနဲ႔သာ ဗ႐ုတ္က်က်သုတ္လိုက္ရင္း ပါးႏွစ္ဖက္ကို အုပ္မိုးလိုက္သည္။ Cheol က Jeonghan မ်က္ဝန္း​ေတြထဲ ကူးခ်ည္သန္းခ်ည္။ သိပ္လွတဲ့ Jeonghan မ်က္ဝန္း​ေတြကို ​ခပ္စိပ္စိပ္မ်က္​ေတာင္​ေမႊး က​ေလး​ေတြက ေဘာင္ကြတ္ထားတယ္။ သည္မ်က္​ေတာင္​ေမႊး​ေတြကို ဘယ္ႏွပင္ရွိသလဲကအစ စိတ္ရွိလက္ရွိ ​ေရတြက္ပစ္ခ်င္မိ​ေတာ့တာ။

"မင္းအ​ေမက ျပန္​ေခၚဖို႔​ေမ့ရင္ မင္းကအရင္​ေခၚလိုက္​ေပါ့"

"အ​ေမအလုပ္လုပ္​ေနရင္ အ​ေႏွာင့္အယွက္ျဖစ္လိမ့္မယ္"

"သားသမီးကဖုန္းဆက္လာ​တာ​ေလ Cheol ရယ္၊ ဘယ္မိဘက မႀကိဳက္႐ိုး ထုံးစံရွိလို႔လဲ။ သားသမီးကသာ မိဘက ဖုန္းဆက္လာရင္ စိတ္ရႈပ္​ေနၾကတာ"

"ဒီဆရာလုပ္တတ္တဲ့ ႏႈတ္ခမ္း​ေလးကို ငါနမ္းပစ္လိုက္ရမလား Jeonghan"

Cheol က Jeonghan ​​ေအာက္ႏႈတ္ခမ္းကို လက္မနဲ႔ လက္ညိဳးသုံးၿပီး မနာေအာင္ ဆိတ္ဆြဲ​ေနသည္။ စကားလမ္း​ေၾကာင္းကို ကြၽမ္းကြၽမ္းက်င္က်င္ လႊဲႏိုင္သည့္ Cheol က ဩခ်​​ေလာက္ပါ​ေပတယ္။ သူ႔အခ်စ္​ေလး စိတ္ခုသြားမွာစိုးရိမ္မိလို႔ Jeonghan လည္္း အလိုက္တသိပင္ လက္က​ေလးကို ဖြဖြနမ္းလိုက္ၿပီး

"အ​ေမ​ေတြ႕သြားလို႔ အိမ္​ေပၚကဆင္းရရင္ မင္းအိမ္​​ေပၚ ​ေခၚတင္ထားမလား"

"အမ​ေလး အခု​ေတာင္ ခိုး​ေျပးသြားခ်င္​ေနတာပါ​ေနာ္"

"အမ​ေလး အခု​ေတာင္္ ခိုးရာလိုက္​ခ်င္​ေနတာပါ​ေနာ္ "

Cheol ​ေလသံအတိုင္း တစ္​ေထရာတည္း သံ​ေယာင္လိိုက္မိ​ေတာ့ Cheol ကရယ္ကာ ​ေဘးဘီကို တစ္ခ်က္စစ္​ေဆးၿပီး ႏႈတ္ခမ္းဆီ နယ္ခ်ဲ႕လာ​ေတာ့သည္။ လူမိသြားမွာစိုးရိမ္​ေပမဲ့လည္း Cheol အနမ္းက ဆြဲ​ေဆာင္မႈအား ျပင္းထန္လွပါသည္။ မရပ္တန္႔ခ်င္မိသည့္ စိတ္က တစ္ကိုယ္လုံးကို လႊမ္းထုံလ်က္။ Cheol ရဲ႕ ရွန္ပူနံ႔သင္းသင္းက လူကို ကလူလာတဲ့အခါ Cheol ဇတ္ပိုးဆီ လက္ႏွစ္ဖက္ အုပ္မိုးတြယ္ခ်ိတ္လိုက္မိသည္။

ပန္းကန္​ေဆးဖို႔ အလုပ္ကိုလည္္း​ေမ့၊ အခုအ​ေမ့အိမ္မွာဆိုတာလည္း​ေမ့၊ သူတို႔​ေတြ အ​ေတာ္​ေလးအတင့္ရဲ​ေနမိတာလည္း ​ေမ့သြားပါတယ္။ Cheol နဲ႔ ပတ္သတ္ရင္ သူအရာအားလုံးကို ​ေမ့ထားပစ္လိုက္ပါတယ္။ Cheol ဖန္ဆင္းတဲ့ ခ်စ္ျခင္းမွာ သူ႔ရွင္သန္ျခင္း​ေတြ သက္ဝင္လ်က္ရွိပါတယ္။ Cheol နဲ႔က်မွ သူ႔ႏွလုံးသားအရင္းအျမစ္​ေတြက အရည္​ေပ်ာ္ဝင္သြားတာပါ။ တစ္သက္တာ ဆိုတဲ့ ​​ေဝါဟာရမွာ Cheol နဲ႔သူ ကခုန္​ေနလ်က္ပါ။ Cheol ထုဆစ္​ေလတဲ့ ​ေမတၱာတရားမွာ သူဟာ ဆင္ကန္း​ေတာတိုးသလို တိုးဝင္​ေနမိတာပါ။

မိနစ္ပိုင္းမွ်ၾကာတဲ့ အနမ္း​ေဝဟင္မွာ ႏွစ္​ေယာက္လုံး မူးယစ္ထုံထိုင္းစြာ။ အတိအက် မ​ေရတြက္ထားတဲ့ အခ်ိန္ယႏၲရားက အခု​ေတာ့ ခပ္​ေႏွး​ေႏွး​ေလး ယွက္​ေျပး​ေနသည္။ အနမ္း​ေတြကို ရပ္လိုက္ရင္ အခုပဲ သံသရာတစ္ခုလုံး ခ်က္ခ်င္းလက္ငင္း ပ်က္သုဥ္းသြား​ေတာ့မလို ခံစားခ်က္မ်ိဳး။

ရင္ခုန္ျခင္းတို႔အစတည္ရာ၊ ျမတ္ႏိုးျခင္းတို႔ ​ေပါက္ဖြားရာ၊ တြယ္တာျခင္းတို႔ ယွက္ႏႊယ္ရာ၊ ၾကည္ႏူးလႈိက္ဖိုျခင္းတို႔ နစ္မြန္းရာ၊ Cheol ရင္ခြင္ထဲမွာ သူထာဝရအတြက္ ရည္စူးၿပီး အ​​ေျခခ်​ေနထိုင္လိုက္ပါအုံးမယ္​ေလ။

အနမ္းဘဝင္႐ူး​ေလးကလည္း ပုထုဇဥ္လူသား​ေပမလို႔ ​​ေလျပည္ကို မရႉသြင္းဘဲ ဘယ္ႏွမိနစ္​ေနႏိုင္မည္လဲ။ ​ေအာက္စီဂ်င္ ျပတ္လပ္လာမႈ​ေၾကာင့္ ႏွ​ေမ်ာတသျဖစ္စြာနဲ႔ ႏႈတ္ခမ္းလႊာ​ေလးလႊာ ကြဲထြက္သြား​ေလသည္။

"နမ္းၿပီးရင္ မင္းကငါ့ရဲ႕မရွိမျဖစ္​ေလး လို႔​ေျပာမလို႔ပဲ၊ ခု​ေတာ့ ​ေအာက္စီဂ်င္က မရွိမျဖစ္ ျဖစ္သြားၿပီ"

Cheol က ဟာသ​ေႏွာၿပီး​ေျပာလာတာ​ေၾကာင့္ ရယ္လိုက္မိရင္း ပန္းကန္​ေဆးျခင္းအမႈကို အာ႐ုံစိုက္မိ​ေတာ့သည္။ ​ေတာ္ၾကာ "ငါသုံးမိနစ္နဲ႔​ေဆးလို႔ၿပီးတဲ့ ပန္းကန္​ေတြကို ဆန္႔ငင္ဆန္႔ငင္နဲ႔​ေဆး​ေနတာလား" ဟု မာတာမိခင္၏ ​ေလသံခ်ိဳခ်ိဳကို နား​ေသာတဆင္​ေနရပါအုံးမည္။

Cheol က သူ႔ခါးကို ​ေနာက္က​ေန သိုင္းဖက္ထားရင္း လည္ဂုတ္ကို ဖြဖြ​ေလး ထိပါးလာသည္။ Jeonghan လည္း ႐ုတ္တရပ္မလို႔ တြန္႔ခနဲ ယားသြား​ေတာ့ ပန္းကန္​ေဆးလက္အိတ္နဲ႔ လက္​ေမာင္းကို ႐ိုက္ထည့္လိုက္သည္။ ပန္းကန္​ေဆးတာက်မကူဘဲ စိတ္လြင့္​ေအာင္ ​ေႏွာင့္ယွက္တတ္သည့္ လူဆိုး​ေကာင္ကို မ်က္​ေစာင္းတစ္ခ်က္ထိုးမိကာ

"ပန္းကန္​ေတြသုတ္​ေပး၊ ၿပီးရင္ စင္​ေပၚတင္လိုက္"

"အင္း ၿပီးရင္ အာဘြား​ေပး"

"မင္းဟာ​ေလ ခုန​ေလးတင္ နမ္းၿပီးတာ​ကို"

"ဘယ္တုန္းက?? မင္းနဲ႔ငါ နမ္းၿပီးတာ လြန္ခဲ့တဲ့ ၁မိနစ္နဲ႔၄စကၠန္႔တုန္းက"

Jeonghan ကိုယ့္ႏွဖူးကိုယ္ ႐ိုက္မိ​ေတာ့သည္။ အလည္အမႊတ္က ပန္းကန္သုတ္​ေနရင္းလည္း လူကို​ေျပာင္ျပ​ေနတာ။ နဂိုတည္းက Cheol နဲ႔ပတ္သတ္ရင္ ဝဲရင္အုံက ယိုင္နဲ႔နဲ႔ပါဆို။ Cheol နားမွာ ရွိ​ေနရင္ ခ်စ္ျခင္း​ေမတၱာရဲ႕ ရနံ႔က ထုံသင္း​ေမႊးႀကိဳင္လို႔။

အခ်စ္က စိတၱဇ နာမ္​​ေလ လို႔​ေတာ့ လာမ​ေျပာနဲ႔။ မခ်စ္ဖူးတဲ့ သူ​ေတြက ဘယ္နားလည္မွာလဲ။ Jeonghan သူ႔အမ်ိဳးသား​ေလးကို ​ေမး​ေထာက္ၾကည့္​ေနမိသည္။ Cheol ရဲ႕ မ်က္ႏွာအစိတ္အပိုင္း​ေတြ တစ္ခုခ်င္းစီကို ဘာရယ္မဟုတ္ စူးစမ္း​ေနမိသည္။

"သူမ်ား​ေတြက မင္း​ေကာင္​ေလး ​ေခ်ာလားလို႔​ေမးရင္၊ မင္းသား​ေတြထက္ ​ေခ်ာတယ္လို႔​ေျဖလိုက္ ၾကားလား Jeonghan"

ပန္းကန္​ေတြကို စင္​ေပၚတင္ရင္ Jeonghan ဆီ​ေခါင္းငဲ့ကာ ​ေမးသည္။ ဘဝင္႐ူး​ေလး Cheol ကို Jeonghan ရယ္လိုက္ၿပီး

"မင္းသား​ေတြ​ေလာက္​ေတာ့မဟုတ္ဘူး၊ အာမ​ေခ်ာင္နဲ႔"

လူဆိုး​ေလးစိတ္ကို တမင္ဆြမိ​ေတာ့ မ်က္​ေမွာင္ကုတ္သြားကာ သူ႔ကို အၾကည့္လႊဲသြားသည္။ Cheol စိတ္​ေတာ္ညႇိဳးလို႔ လိုက္​ေခ်ာ့ရသည္မွာ Jeonghan အတြက္ အာသီသတစ္ခုလိုပါပဲ။

"မင္းထက္​ေခ်ာတဲ့သူ​ေတြက​ေတာ့ ရွိတာ​ေပါ့။ ဒါ​ေပမဲ့ ငါအျမင္မွာ မင္း​ေလာက္ ၾကည့္​ေကာင္းတဲ့သူမရွိ​ေတာ့ဘူး"

သည္စကားက Cheol စိတ္ဆိုး​ေျပဖို႔ အတြက္သာ ရည္႐ြယ္ၿပီး ​ေျပာမိျခင္းမဟုတ္။ အမွန္တကယ္ပင္ Jeonghan မ်က္ဝန္းထဲတြင္ Choi Seungcheol ကိုသာ ​ေနရာ​ေပးမိ​ေနျခင္းပင္။

"အခ်စ္ဦး​ေလးရယ္ စိတ္ကလည္း ဆိုးတတ္လိုက္တာ"

ပုခုံး​ေပၚ ​ေမးတင္ရင္း ​ေျပာမိ​ေတာ့ တစ္ခ်က္မွ် လွစ္ခနဲၿပဳံးသည္။ ထို႔​ေနာက္ မ်က္ႏွာထားျပန္တည္ဖို႔ ႀကိဳးစား​ေနသည္။ ၾကည့္ပါအုံး သူ႔ပါးခ်ိဳင့္​ေလးက သိပ္ျမတ္ႏိုးဖြယ္​ေကာင္း​ေနလိုက္ပုံမ်ား။ Cheol နဲ႔ အတူရွိ​ေနရတဲ့ အခ်ိန္ရပ္ဝန္း​ေတြမွာ ပကတိ​ေပ်ာ္႐ႊင္ျခင္း​ေတြက အလွ်ံံပယ္ပါပဲ။ ယုယျခင္းတို႔ရဲ႕ ​ေနာက္ကြယ္က ပဲ့ကိုင္ရွင္က Cheol ပါ​ေလ။

စုန္ခ်ည္ဆန္ခ်ည္​ေမတၱာ​ေတြမွာ Cheol ရဲ႕ ဦး​ေဆာင္မႈ​ေနာက္ သူဖဝါးထပ္မွ်လိုက္ပါအုံးမည္။ Cheol က​ေပးလာတဲ့ အနမ္း​ေတြကို တခုတ္တရ လက္ခံပပါအုံးမည္။ Cheol ရဲ႕ ခ်စ္စကား​ေတြ​ေအာက္မွာ ​ေမတၱာအလုံးစုံ သက္ဝင္ၿပိဳဆင္းလိုက္ပါအုံးမည္။ Cheol ရင္ခုန္သံ​ေတြထက္ဝယ္ သူကခုန္လိုက္ပါအုံးမည္။

//

"Joshua"

ပူျပင္းလွတဲ့ ဂ်ဴလိုင္​ေႏြ​ေၾကာင့္ စြပ္က်ယ္နဲ႔ သရီးကြာတား ​ေဘာင္းဘီတိုကို ဝတ္ဆင္ထားတဲ့ Seokmin ​ေၾကာင့္ Joshua ခိုးခိုးၾကည့္မိတာ​​ေတာ့ အမွန္ပင္။ ဂစ္တာတီးသင္​ေပးၿပီး​ေတာ့ English စာသင္​ေပးပါဆိုလို႔ အခု Joshua တစ္​ေယာက္ ဂိုက္ဆရာဘဝ ​ေရာက္​ေနျခင္း​ေပ။ Seokmin က တစ္​ေယာက္တည္း​ေနတဲ့သူမဟုတ္တာ​ေၾကာင့္ Joshua အိမ္မွာပဲ က်ဴရွင္တက္သလိုမ်ိဳး လာလာသင္ပါ့မယ္လို႔​ေျပာသည္။ Joshua က​ေတာ့ မညည္းညဴ​ေပ၊ ႏွစ္​ေယာက္တည္းဆိုသည့္ အ​ေတြးနဲ႔တင္ ဈန္​ေတြရၿပီး ​ေလရႉူးမိုးပ်ံ​ေန​ေတာ့သည္။ Seokmin က Joshua ရဲ႕ ေလယူ​ေလသိမ္းကို သ​ေဘာ​​ေတြက်​ေနကာ ဆြဲ​ေဆာင္မႈရွိသညိဟု​ေျပာသည္။

Joshua ရဲ႕ ​ေပ်ာ္႐ႊင္ျခင္း​ေတြက တာဝတႎသာနတ္ျပည္နတ္နန္းက သၾကားမင္းဖင္ကို​ေတာင္ သြားထိုးမိ​ေတာ့သည္။

"အခုငါမင္းကို အခ်စ္စကား​ေျပာနည္း​ေတြ ဘာ​ေတြသင္​ေပးမယ္"

Joshua က အႀကံအစည္​ေတြ ထုတ္​ေန​ေလၿပီ။ သို႔​ေသာ္ Seokmin က လက္ခါၿပီး

"ငါက အဲ့စကား​ေတြ ဘယ္သူ႔သြား​ေျပာရမွာလဲကြာ။ သင္​ေပးရင္ စား​ေသာက္ဆိုင္ အသုံးအႏႈန္း​ေတြျဖစ္ျဖစ္ ခ်ကြာ။ မ​​ေတာ္လို႔ ႏိုင္ငံျခား​ေလးမ်ား​ေရာက္ရင္ လက္​ေတြ႕အသုံးခ်လို႔ရတာ​ေပါ့ ဟဲဟဲ"

"..."

အစားခုတ္ Seokmin ​ေၾကာင့္ Joshua သက္ျပင္းခ်မိရင္း

"အယ္ အဲ့တာ​ေတြက ​​ေနာက္​ေန႔သင္မယ္။ ျဖည္းျဖည္းခ်င္းသြားတာ​​ေပါ့ကြာ၊ ငါတို႔ႏွစ္​ေယာက္က အခ်ိန္ျပည့္ရွိ​ေနတာပဲ"

သူ႔စကား​ေၾကာင့္ Seokmin ရွက္​ေသြးမ်ားျဖာသြားမလား ဆန္းစစ္ၾကည့္​ေတာ့ တက္တက္စင္လြဲရသည္။ ​ေခါင္းတဆတ္ဆတ္ညိတ္ကာ

"မင္း​ေျပာတာလဲ ဟုတ္တာပဲ၊ ကဲ ​ေတာ္ကီ​​ေလး​ေတြ အာဝဇၨန္း႐ႊင္ၾကည့္တာ​ေပါ့။ I love you လား ဘာလဲ"

တက္ႂကြစြာ​ေမးလာသည္က ယုယစဖြယ္

"I love you က​ေတာ့ ငါတို႔သိၿပီးသားပဲ​ေလ၊ You had me at hello တို႔ You're the apple of my eyes တို႔​​ေပါ့"

"Apple ကပန္းသီး၊ မင္းက ငါ့ပန္းသီး​ေပါ့ ဟုတ္လား"

Seokmin စကား​ေၾကာင့္ ဟက္ထိုးပက္လက္ရယ္မိရင္း

"ပန္းသီးက ႏွလုံးသားနဲ႔တူတယ္​ေလ၊ မင္းက ငါ့ရဲ႕ အခ်စ္က​ေလးပါ၊ မင္းက ငါ့ရဲ႕ အသည္းႏွလုံး​ေလးပါ ဆိုတဲ့ သ​ေဘာ​ေပါ့"

Joshua က Seokmin မ်က္ဝန္း​ေတြကို တည့္တည့္ၾကည့္ၿပီး ​ေလးနက္စြာ​ေျပာသည္။ အဲ့တာကို Seokmin က သတိမမူမိဘဲ ​မီးဖို​ေခ်ာင္ဝင္ကာ ​ေရခဲ​ေသတၱာထဲက ပန္းသီးတစ္လုံးကို ​ယူလာျပလ်က္

"မင္းဟာက အသည္းပုံမွမဟုတ္တာ၊ လုံးလုံးႀကီး"

Joshua အံ့ဩဘနန္းျဖစ္သြားရကာ ပန္းသီးကို တကြၽတ္ကြၽတ္ထိုင္စား​ေနသူအား ​ေငးလ်က္သာတတ္ႏိုင္​ေတာ့သည္။

"Seokmin, you fill my heart with happiness. I've fallen for you Lee seokmin. You know what? You're the greatest blessing in my life. "

Joshua သည့္ထက္ ​ဖြင့္ဟခ်င္မိ​ေပမဲ့ သူ႔ကိုထူးဆန္းသလို ၾကည့္လာသူ​ေၾကာင့္ ​ေမတၱာစကား​ေတြ ရပ္လိုက္ရသည္။ ဒါ​ေတာင္ Seokmin က

"မင္းငါ့ကိုဆဲ​ေနတာ​လားတဲ့​ေလ"

Joshua Seokmin ​ေခါင္းကို ဖြဖြပုတ္​ေပးျခင္းျဖင့္သာ တုံ႔ျပန္ႏိုင္​ေတာ့သည္။ ​ေၾကာင္စီစီမ်က္ႏွာ​ေလးနဲ႔ တစ္စုံတစ္​ေယာက္က​ေတာ့ မ်က္လုံး​ေလး ကလယ္ကလယ္ျဖင့္...။

//

PL's Note : ဒီ​ေန႔က ျမန္မာစံ​ေတာ္ခ်ိန္အရ ၁၀နာရီ​ေက်ာ္​ေပါ့။ ဟန္းဂုမွာ​ေတာ့ျဖင့္ ၁၂​ေက်ာ္လို႔ ၁နာရီ​ေတာင္ ထိုး​ေန​ေလာက္ပါၿပီ။ ဆို​ေတာ့ ကိုယ္​ေတြရဲ႕ ဆရာယြန္း ​ေမြး​​ေန႔ျဖစ္တဲ့ ​ေအာက္တိုဘာ၄ရက္​ေလးကို ​​ေရာက္ရွိ​ေနလို႔လာပါၿပီ။ ဟက္ပီးဘက္​ေဒးပါ ခ်စ္ရတဲ့ Hannie​ေရ။

အၿမဲတမ္း ​ေပ်ာ္႐ႊင္္ျခင္း၊ အၿပဳံး​ေတြကိုသာ ​ေဆာင္ၾကဥ္း​ေပးတဲ့ Hannie ​ေလး ​ေမြး​ေန႔တင္မက ​ေန႔ရက္တိုင္းမွာ မန္ဘာ​ေတြနဲ႔အတူ ​ေပ်ာ္႐ႊင္ႏိုင္ပါ​ေစ။ ​ေနာင္လာမဲ့ အနာဂတ္မွာလည္း အၿပဳံးပန္း​ေလး​ေတြသာ ​ေဝဆာ​ေနပါ​ေစ Hannie။ Hanniehae♡ shingibanggi bboong bboong banggi🤍

(Jeonghan Oppa ရဲ႕​ေမြး​ေန႔​ေလးမွာ Update တင္ေပးလိုက္ပါတယ္​ေနာ္။)

10:47 PM

Tue, Oct 3

Lamin Pann Laung

//

Continue Reading

You'll Also Like

14.4K 352 200
Volume #2!!!! If you haven't seen Volume #1 of our memes, I highly recommend that you do as the memes are just as good as the ones in this book. Once...
7.8K 1K 19
ပိုချစ်ရတဲ့သူ ကိုယ်ဖြစ်ပါရစေ