ပေကျင်းမြို့မှာ မိန်းကလေး သီးသန့် တက်နေတဲ့ တက္ကသိုလ် ကျောင်း တစ်ကျောင်းရှိပါတယ်။ မိန်းကလေး သီးသန့် ပဲ တက်တယ်ဆိုပေမယ့် သာမန် လူတန်းစား အတွက်တော့ မဟုတ်ပါ။
ကျောင်းဝင်းကြီးက ကျယ် သလောက် အားကစား ခန်းမ၊ ထမင်း စားသည့် နေရာ၊ တစ်ခြားသော အားကစား လုပ်လို့ ရတဲ့ နေရာ များစွာ ရှိပါသေးတယ်။
မေဂျာဆိုလည်း ယောကျာ်းလေး အများစု တက်ကြတဲ့ လေကြောင်းလိုင်း၊ ရေကြောင်းလိုင်း ပါ ရှိသည့်အပြင် တစ်ခြားသော ရွေးချယ်စရာ များတဲ့ မေဂျာတွေလည်း ရှိပါတယ်။
ဒီနေ့တော့ သောကြာနေ့ ဖြစ်ပြီး တစ်ပတ်စာရဲ့ နောက်ဆုံး ရက် တက်ရတဲ့နေ့လည်း ဖြစ်၊ ကျောင်းဆင်းချိန်လည်း ဖြစ်တာကြောင့် ကျောင်းဝင်းထဲမှာ ဆူဆူ ညံညံ နဲ့ ကျောင်းသူလေးတွေ အတန်းဆင်းလာပြီး ကိုယ့်အိမ်ကို ပြန်မယ့်လမ်းဆီ ဦးတည်နေကြတယ်။
ထိုအထဲတွင် ဆံပင်ကေ ကို အတိုညှပ်ထားပြီး နားထဲ တစ်ဖက်ညှပ်ထားတဲ့ ကောင်မလေး တစ်ယောက်ကတော့ ပါးစပ်ထဲမှာလည်း ပီကေ ဝါးရင်း သူ့အိမ်က လာကြိုမယ့်ဆီ စောင့်နေပါတယ်။
ခဏအကြာတော့ ပြောင်လက်နေတဲ့ ကား အမဲ တစ်စီး သူမ ရှေ့ ထိုးဆိုက်လာသည်။
ကောင်မလေး ကား သမားက ကား တံခါး ဖွင့်ဆင်းပြီး သူမ အတွက် ကား နောက်ခန်း တံခါး ဖွင့်ပေးမလို့ လုပ်တာကို လက် ကာပြပြီး သူမ ဘာသာ တံခါး ဖွင့်ပြီး တက်သွားလိုက်သည်။
' မမလေး ... နောက်ဆို ကျနော် တံခါး အရင်ဖွင့်ပေးပါ့မယ်။'
' ကဲပါ ... ကျမ လည်း ကား ပေါ်ရောက်နေပါပြီ။ ကား မောင်းတော့ ...။'
ကား သမား ကား နောက်ကြည့်မှန်ကနေ မမလေး ကို ကြည့်တော့ ခေါင်းကို င်္အကျီမှာ ပါတဲ့ ခေါင်းစွပ်တောင် စွပ်ထားပြီးနေပြီး နားထဲကိုလည်း နားကြပ် တပ်ထားနေပြီကိုတွေ့ရတာကြောင့် ဘာမှ ထပ်မပြောတော့ပဲ ကား ကို မောင်းထွက်ခဲ့လိုက်သည်။
~~~~~~~~
Company တစ်ခု၏ ဒါရိုက်တာ ရုံးခန်းထဲတွင် suit အပြည့်နဲ့ လူ တစ်ယောက် သူ့ရဲ့ စားပွဲမှာ ထိုင်ပြီး ဖိုင် တစ်ခုမှာ လက်မှတ် ထိုးနေတယ်။
' ဒီနေ့ ဘာ အရေးကြီး တာ ရှိလဲ ...။'
' ဒီနေ့ အိမ်တော် ပြန်ရမယ့် နေ့ ပါ။'
သူ မေးတာကို ပြန်ဖြေတဲ့ စကား ကြားတော့မှ လက်မှတ် ထိုးနေတဲ့ လူ ရဲ့ လက် ရပ်တန့် သွားခဲ့သည်။
' သောကြာ နေ့တောင် ရောက်သွားပြန်ပြီလား ..'
' ဟုတ်ကဲ့ ...။ ဒီနေ့ စက်တင်ဘာ ၅ ရက်နေ့ သောကြာနေ့ ပါ ...။'
' ဒါဆို အိမ်တော် ကနေ ပြန်လာရင် လေယာဉ် လက်မှတ် ဖြတ်ထားလိုက်တော့...။ ငါ သူ့မွေးနေ့ သွားတာ နောက်ကျရင် စိတ်ကောက်နေလိမ့်မယ်။'
' ဟုတ်ကဲ့ ...။ ဒီနှစ်ကရော လက်ဆောင် က ဘာပြင်ဆင်ထားပေးရမလဲ ...။'
' ရတယ်။ မပြင်နဲ့။ အဲ့နေ့ကျမှ သူ့ကို ခေါ်ပြီး သူ ကြိုက်တာ ဝယ်ပေးလိုက်မယ်။'
' ဟုတ်ကဲ့ ...။'
' အိုခေ ...။ ဒါဆို တစ်ခြား အရေးကြီးတာ မရှိတော့ဘူး မလား ...။'
' ဟုတ်ကဲ့ ... မရှိတော့ပါဘူး ...။'
' အင်း ...။'
~~~~~~~~~
တောင်ကုန်းမြင့်လေး တစ်နေရာမှာ ရှိနေတဲ့ သစ်လုံးအိမ် တစ်ခုထဲတွင် အိမ်မှု ကိစ္စကို တာဝန် ယူရတဲ့ အမျိုးသမီး တစ်ယောက် နဲ့ အိမ်ပိုင်ရှင် မမလေး ရဲ့ ကား သမား လုပ်ပေးရတဲ့ အမျိုးသား တစ်ယောက် နဲ့ ပြီးတော့ အိမ်ပိုင်ရှင် မုယွီ့ကျင်း အမည်ရ ကောင်မလေး တစ်ယောက် သာ နေထိုင်ကြသည်။
' မမလေး ... ပြန်လာပြီလား ...။'
ယွီ့ကျင်း ဧည့်ခန်းထဲက ဆိုဖာမှာ လွယ်အိတ်ကို ပစ်ထားပြီး သူ ပါ ဆိုဖာမှာ ကားယား ထိုင်ချရင်း ...
' အားးး ... ကျောင်းတက်ရတာ ပင်ပန်းလိုက်တာ၊ တော်သေးတယ် ဖွားလေး ပြောတဲ့ နိုင်ငံခြားမှာ ကျောင်း သွားမတက်ဘူး ဆိုပြီး ဘူး ခံ ငြင်းထားတာ။'
' ဒါဆို ကျမ မမလေး အတွက် ဖျော်ရည် သွားဖျော်လာပေးမယ်။ ခဏစောင့် ...။'
' ဟင့်အင်း ...။ မဖျော်လာနဲ့။ ခုန လမ်းမှာတင် ဦးလေး ကို ကား ရပ်ခိုင်းပြီး အအေး နဲ့ ဘာကာ တစ်လုံး ဝင်ဝယ်ခိုင်းခဲ့တာ။ ဒီည အတွက် ညစာ လည်း သမီး မစားတော့ဘူးနော်။ ဦးလေး နဲ့ အန်တီ ပဲ စားလိုက်တော့။'
' ဟုတ်ပါပြီ။ ဒါဆို မမလေး ခဏ နားပြီးမှ ရေချိုးနော်။ ကျမ လုပ်စရာ ရှိတာ သွားလုပ်လိုက်အုံးမယ်။'
' ဟုတ်ကဲ့ ပါ ...။'
ယွီ့ကျင်း အန်တီ ထွက်သွားတဲ့ ခြေသံ ကြားတာနဲ့ ထိုင်နေရာကနေ ဆိုဖာ ပေါ် လှဲချပြီး င်္အကျီ အိတ်ထောင်ထဲ ထည့်ထားတဲ့ ဖုန်း ကို ထုတ်ယူလိုက်သည်။
ထိုစဉ် သူ ဖုန်း ထုတ်တာနဲ့ ဖုန်း က တန်းမြည်လာသည်။
' တင်း တင် ... တင်း တင် ...။'
ယွီ့ကျင်း ဖုန်း မှာ ပေါ်နေတဲ့ နာမည်ကို ကြည့်ပြီး နှာခေါင်း အရင်ရှုံ့ပြီးမှ ကိုင်လိုက်သည်။
' ဖွားလေး ... ပြော ...။'
' အသံ က ဘာလို့ ပျင်းတိ ပျင်းရွဲ့ သံ ထွက်နေတာလဲ...။ ခုမှ ကျောင်းက ပြန်လာတာ မလား။ ဘာမှ မလုပ်ပဲ ထိုးအိပ်နေပြန်ပြီလား ...။'
ယွီ့ကျင်း နှာခေါင်း ရှုံ့ယုံ မကတော့ပဲ စပီကာ ဖွင့်ထားတဲ့ ဖုန်း ကို ကျောပေးပြီး ဆိုဖာ ကျောမှီကို မျက်နှာ မူထားလိုက်တော့သည်။
အဲ့လို အပြော ရှည်ရှည် တွေကြောင့် ဖွားလေး ဖုန်းဆက်လာရင် မကိုင်ချင်တာ ...။
' ကျင်းအာ ... ဖွားလေး ပြောနေတာ ကြားလား ...။'
' ကြားပါတယ်။ ဖွားလေး က ဒါကိုပဲ နေ့တိုင်း ပြောနေတာလေ။ ပြန်တောင် မဖြေချင်တော့ဘူး ...။'
' ဟုတ်ပြီလေ။ ဒါဆို တစ်ခြားဟာ ပြောမယ်။ ဒီနေ့ ဝမ် အိမ်တော် က ဖုန်းလာတယ်။ သမီး ကို သူတို့ရဲ့ မြေး ဝမ်ရိပေါ် နဲ့ စေ့စပ်ပေးမယ့် ကိစ္စ ထပ်ပြောလာတာ။ အဲ့ဒါ ဝမ်ရိပေါ် ကလည်း လက်ခံလိုက်ပြီတဲ့။ အဲ့ဒါကြောင့် ဖွားလေး လည်း လက်ခံလိုက်ပြီ ...။'
' ဘယ်လို !!!!!.'
ယွီ့ကျင်း ခုတော့ ကျောပေး ထားရာကနေ မျက်လုံး ပြူး မျက်ဆံ ပြူးနဲ့ ထ ထိုင်လာပါတယ်။
' ဖွားလေး ကလည်း ဘာလို့ လက်ခံလိုက်တာလဲ ...။ အဲ့ဒီ ဝမ်ရိပေါ်က သမီး ထက် အသက် ၁၀ နှစ်လောက် ကြီးသေးတယ်။ ပြီးတော့ သမီး တို့ မျိုးရိုးမှာ လက်ထပ်လို့ မရတဲ့ ကျိန်စာ ရှိတယ်လေ။ သမီး လက်ထပ်လိုက်လို့ ကျိန်စာသင့်ပြီး တစ်ခုခု ဖြစ်သွားရင် ဘယ်လို လုပ်မလဲ ...။'
' မုယွီ့ကျင်း ... ညည်း အဲ့ကိစ္စနဲ့ ဖွားလေး ကို တစ်ခါ ငြင်းလာပြီးပြီနော် ...။ အဲ့ဒီ ကျိန်စာ သင့်တယ်ဆိုတာ ဘယ်သူ့ဆီက သွားကြားလာတာလဲ ...။'
ယွီ့ကျင်း ဖွားလေး ရဲ့ စကားကြောင့် နှုတ်ခမ်း မဲ့လိုက်ပြီး ...
' ဘယ်က ကြားလာတာလဲ ထက် ဖွားလေး လည်း ကျိန်စာ ကြောက်လို့ ခုထိ ယောကျာ်း မယူတာ မလား။'
' ညည်း ဖွားလေး ကို ဘာမှ ပြန်ခံမပြောနဲ့။ ဒီနှစ် ကျောင်းပြီးရင် ဝမ်ရိပေါ် နဲ့ လက်ထပ်ဖို့ ပြင်ထား။ ဒါပဲ ပြောချင်တယ်။'
' ဟာ ... ဖွားလေး ကလည်း ကျောင်းပြီးတာနဲ့ တန်း လက်ထပ်ရမှာလား။ ပြောတော့ အရင် စေ့စပ်မှာဆို ...။ ပြီးတော့ ပိုဆိုးတာက သမီး တို့ ခုထိ တစ်ယောက် နဲ့ တစ်ယောက် အပြင်မှာ မမြင်ဖူးသေးဘူးနော်။ ပြီးတော့ သူတို့က သမီး လို မိန်းမ မဆန်တဲ့ ပုံစံကို လက်ခံနိုင်မှာတဲ့လား ...။'
' ညည်း လျှာ တော်တော် ရှည်နေပါလား ...။ သူတို့ကို ညည်း အကြောင်း အကုန် ပြောထားပြီးသား။ ဘာမှ မပူနဲ့ သူတို့ သင်ပြပေးမယ်တဲ့။ သူတို့ရဲ့ မြေးက သူတို့စကားကို မငြင်းဆန်ပဲ ခုလို သူတို့ လက်ထပ်ပေးတဲ့ တော်ဝင် မျိုးရိုးကို လက်ခံတာနဲ့တင် သူတို့က တစ်ခုခု ချို့ယွင်းချက် ရှိရင်တောင် လက်ခံပေးမယ့် သဘော ရှိတယ်။'
ယွီ့ကျင်း အဲ့တော့မှ ပိုပြီး မျက်ဝန်းတွေ ပြူးထွက်လာသည်။
' ဖွားလေး ... အဲ့လိုဆို သူတို့ရဲ့ မြေးက တစ်ခုခု ချို့ယွင်းနေလို့ များလား ...။'
' မဟုတ်ပါဘူး။ သူတို့ရဲ့ မြေး အကြီးက သူတို့တောင် မသိလိုက်ပဲ အိမ်ထောင် ပြုလိုက်လို့လေ။ အဲ့ဒါကြောင့် ကျန်နေတဲ့ တစ်ယောက်ကို အမှား အဖြစ်မခံချင်တာပါ။'
' မသိဘူး ...၊ သမီးကတော့ ချက်ချင်းကြီ လက်မထပ်နိုင်ဘူး။ အဲ့ဒါ ဖွားလေး သူတို့ကို ကြိုက်သလိုသာ အကြောင်းပြန်လိုက်တော့ ...။ ဒါပဲ ...။ သမီး ဖုန်း ချပြီ။'
ယွီ့ကျင်း ဖုန်း ချပြီးတာနဲ့ စက်ပါ တန်းပိတ်ထားလိုက်တော့တယ်။ မဟုတ်ရင် တစ်ညလုံး နားငြီး ရနိုင်ချေရှိတယ်။
~~~~~~~~
' ဖိုးဖိုး သိနေတယ်။ ဒီတစ်ခါတော့ မြေးလေး ဖိုးဖိုး ရဲ့ ကား နာခံမယ်ဆိုတာ ...။ အဲ့ဒါကြောင့် ဖိုးဖိုး မု အိမ်တော် ဆီကိုတောင် မြေး ချွေးမ ဖုန်း ဆက် ထပ်တောင်း ပြီးပြီ။'
' ရှင် ကလည်းနော် ... တော်တော် ကို လက်သွက်နေပါလား။ ကျမ ရဲ့ တူမ နဲ့ ပေးစားမယ်ဆိုတုန်းက ကျတော့ အင်း မလုပ် အဲ မလုပ်ပဲနဲ့။ အခုကျ ဘယ်လို ဖြစ်ရတာလဲ ...။'
ရိပေါ် ဖိုးဖိုး ရဲ့ နောက်ထပ် အိမ်ထောင်ပြုလိုက်လို့ သူ့ အဖွား တော်လာတဲ့ အမျိုးသမီး ကို တစ်ချက် ကြည့်လိုက်ပြီး ...
' ဖိုးဖိုး က မြင့်မြတ်တဲ့ အိမ်တော် နှစ်ခု ပေါင်းစည်းတာပဲ လိုချင်နေတာ မို့လို့ ဖြစ်မှာပါ။'
' ဝမ်ရိပေါ် !!! မင်း ငါ့ကို ဘယ်လို ပြောလိုက်တာလဲ ...။ မင်း ပြောတဲ့ ပုံက ငါတို့ မျိုးရိုးက အောက်တန်းကျနေလို့လား ...။'
' ကျနော် အဲ့လိုပြောမိလို့လား ...။'
' မင်း !!!!!။'
' ကဲ ... တော်ကြတော့ ...။ မြေး ရိပေါ် လည်း တော်တော့ ...။ ဖိုးဖိုး ညစာ အတူ စားဖို့ ခေါ်တာ ခုလို ဆူဆူ ညံညံ အသံတွေ ကြားချင်လို့ မဟုတ်ဘူး။'
' ရှင့် မြေးကို ကြိုပြောထားလေ။ သူက ကျမ ဒီအိမ် ပြောင်းလာကတည်းက အပြင်မှာတောင် ထွက် နေ နေတာ မလား။'
' အဲ့ဒါ ကျနော့် ပိုက်ဆံ နဲ့ ဝယ်ထားတဲ့ အိမ် ပါ။ ဖိုးဖိုး ပိုက်ဆံတွေ မဟုတ်ဘူး။'
' မင်း ပိုက်ဆံကလည်း မင်း အဖိုး အရင်း စိုက်ထားပေးလို့ တိုးပွါး လာတာပဲ မလား။'
' ကျနော် ကျောင်းတက် ကတည်းက ကိုယ်တိုင် ရှာထားတဲ့ ပိုက်ဆံတွေ။'
ထိုစဉ် ...
' ချွင် !!!!.'
ဝမ် အဖိုး သူ့ လက်ထဲက ဇွန်း ကို အသံမြည်အောင် ချ ပစ်လိုက်ပြီး ...
' ဒီနေ့ ထမင်း မစားကြတော့ဘူးဆိုလည်း သိမ်းခိုင်းလိုက်တော့ ...။'
အဲ့တော့မှ နှစ်ယောက်လုံး ဇွန်း တွေ ကောက်ကိုင်ကြသည်။
~~~~~~~~
ရိပေါ် ထမင်း စားပြီး သူ့ အခန်းကို ရောက်တာနဲ့ Laptop ကို အရင် သွားဖွင့်ပြီး အကောင့် တစ်ခုကို v call ခေါ်ထားလိုက်သည်။
' ဟလို ... လေးလေး ...။'
ရိပေါ် သူ့တူ ကို တစ်ချက်ကြည့်လိုက်ပြီး ဆိုဖာမှာ အရင်ထိုင်လိုက်သည်။
' လေးလေး ကျနော့် မွေးနေ့ ကို အမီ လာမှာလား ...။ ပြီးတော့ ကျနော် ဘယ်တော့ တရုတ်ကို ပြန်ရမလဲ ...။'
' မင်း အကြောင်းကို အိမ် ကို မပြောထားဘူး။ မဟုတ်လို့ မင်း အမေ လို ဖြစ်ချင်လို့လား ...။'
' ဒါဆို ကျနော်က တစ်သက်လုံး သူများ နိုင်ငံမှာ နေ နေ ရမှာလား ...။ ကျနော် တစ်ယောက်တည်း မနေချင်တော့ဘူး။ ကျနော် လည်း ဖိုးဖိုးကြီး နား နေချင်တယ်။ ပြီးတော့ လေးလေး နဲ့လည်း အတူနေချင်တယ်။'
' ခဏ သည်းခံလိုက်အုံး။ ကျောင်းကိုပဲ ပြီးအောင် အရင် တက်လိုက်။ ပြီးတော့ မင်း မွေးနေ့ မတိုင်ခင် လာခဲ့မလို့။ လက်ဆောင်က အဲ့ရောက်မှ မင်း ကြိုက်တာ ဝယ်ပေးမယ်။'
' ကျနော် ဘာ လက်ဆောင်မှ မလိုချင်ဘူး။ ကျနော် တရုတ်ပဲ ပြန်ချင်တယ်။'
' ဝမ်ဟော်ရှင်း ... မင်း ဘာလို့ ခုမှ ပြောရခက်နေတာလဲ ...။ မင်း က သာမန်လူ မဟုတ်ဘူးဆိုတာကိုရော သတိရသေးရဲ့လား။ မင်း သာ သာမန် လူဆို ငါ့ကို ခုလို စကား အများကြီး ပြောနေစရာတောင် မလိုဘူး။'
ရိပေါ် သူ ပြောတာကို ဘာမှပြန်မပြောပဲ အသံ တိတ် သွားပြီး မျက်ဝန်းတွေ နီလာတဲ့ သူ့ တူလေးကို မြင်ရတော့လည်း စိတ်မကောင်း ဖြစ်သွားရပြန်သည်။
' ကဲ ... မငိုနဲ့တော့ ...။ မင်း ကျောင်းမပြီးသေးပဲ တရုတ် ပြန်လာချင်တယ်ဆိုရင် ငါ နည်းလမ်း ရှာထားပေးမယ်။ အခုတော့ ငါ့ပြောစကား နားထောင်။'
' လေးလေး တကယ် ပြောတာနော် ...။'
' ငါ ဘယ်တုန်းက မင်း ကို လိမ်ဖူးလို့လဲ ...။'
' ဟီး ... ဟုတ် ...။'
ရိပေါ် ခုကျလည်း သူ့ကို ပြန်ရယ်ပြလာတဲ့ ကလေး ကြောင့် သူ ပါ လိုက်ပြုံးမိသွားသည်။
~~~~~~~~~
တိတ်ဆိတ်တဲ့ ည အချိန် သူများတွေ အိပ်ကောင်းခြင်းနဲ့ အိပ်ပျော်နေကြတဲ့ အချိန်မှာ အိပ်မပျော်နိုင်တဲ့ ကောင်မလေး တစ်ယောက်လည်း ရှိနေပါတယ်။
' ဟင်း ...။'
' ဟူး ...။'
' ဟင်း ...။'
ယွီ့ကျင်း ဘယ်လိုမှ အိပ်မပျော်နိုင်ပဲ သက်ပြင်းတွေချည်း ချနေမိတာကြောင့် ငုတ်တုတ် ပြန် ထ ထိုင်လိုက်သည်။
' ငါ တကယ်ပဲ လက်ထပ် ရမှာလား ...။'
' ငါ မှ လက်မထပ်ချင်တာ ...။'
' ဒါမှ မဟုတ် ထွက်ပြေးရမှာလား ...။'
ယွီ့ရှင်း သူ့ဘာသာ သူ ပြောပြီး ... သူ ပြောတာတွေကလည်း တစ်ခုမှ ဖြစ်နိုင်တာ မရှိတာကြောင့် ခေါင်းကို ရှုပ်နေအောင် ဆွဲဖွ ပစ်လိုက်ပြီး အော် လိုက်တော့သည်။
' အား .... စိတ်တွေ ရှုပ်လိုက်တာ ...။'
~~~~~~~~~
ကမ္ဘာကြီးက တိုင်းတာလို့ မရအောင် ကြီးကျယ် သလောက် တကယ်လည်း နေရာတိုင်းမှာ အထူးအဆန်းတွေ ရှိပါတယ်။
မြေပြင်ပေါ်မှာ လူသားတွေ နဲ့ ကုန်းနေ သက်ရှိ သတ္တဝါတွေ နေထိုင်ကြတယ် ဆိုရင် ...
ရေ မှာလည်း ဘယ်သူမှ တွေးလို့ မမီတဲ့ ထူးထူးဆန်းဆန်း ရေ နေ သတ္တဝါတွေ ရှိပါတယ်။
ဥပမာ- လူ တစ်ပိုင်း ငါး တစ်ပိုင်း ရေသူထီး/မ တွေပေါ့။
မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး၊ မဖြစ်သေးတာပဲ ရှိတာ ဆိုတဲ့ လူသားတွေ ပြောနေကျ စကား က တကယ်ပဲ မှန်ပါတယ်။
အခုတော့ မဖြစ်နိုင်ဘူး ထင်တဲ့ ရေသူထီး/မ တွေ တကယ်ပဲ လူသားတွေနဲ့ ရောနှော နေထိုင်နေကြပြီ။ ဒါပေမယ့် လူသားတွေက အထူးဆန်း ဆိုရင် စိတ်ဝင်စားပြီး သူတို့ ကြုံတွေ၊ မြင်တွေ့တာကို ကြွားတတ်ကြတော့ ရေသူထီး/မ တွေက သူတို့ရဲ့ သရုပ်မှန်ကို ထင်ထင် ပေါ်ပေါ် မပြသရဲကြပါ။
ခေါ်သွားခံရပြီး ပြတိုက်ထဲ ထည့်ထားရင် တော်သေးတယ်။ မဟုတ်လို့ သတ်ခံရရင် ခံရ၊ ကုန်ကူးလည်း ခံရရင် မျိုးသုဉ်းသွားနိုင်တယ် မလား။
အဲ့ဒီလို တွေးတဲ့ထဲ ကောင်မလေး တစ်ယောက်တော့ မပါခဲ့ပါ။ သူ ကုန်းပေါ် တက်သွားပြီး ပထမဆုံး တွေ့ လိုက်တဲ့ လူသား ကို ချစ်မိ သွားတာကြောင့် အချစ် နောက် လိုက်ရင်း အခုဆို သူ့ဘဝ ပါ ဆုံးရတော့မယ်။
' ကျန့်ကျန့် ...။'
' အကျဲ ...။'
' အကျဲ ကို ပေးထားတဲ့ ကတိ ကို မမေ့နဲ့နော်။ အကျဲ ရဲ့ သား ကို ပြန်တွေ့အောင် ရှာပေးမယ် ဆိုတာ။'
ရှောင်းကျန့် သူ့ကို ပြောနေတာတောင် အသံ ဖျော့ဖျော့ပဲ ထွက်တော့တဲ့ သူ့ရဲ့ အကျဲ ရဲ့ လက်ကို ကိုင်ပြီး အငိုသန်တဲ့ ကလေး တစ်ယောက် ပါးပြင်ပေါ်မှာ ပုလဲလုံးလေးတွေ တ သော သော ကျလာသည်။
' အကျဲ ရဲ့ ကလေး ကို ကိုယ်တိုင် ပြန်သွားရှာချင်ပေမယ့် မဖြစ်နိုင်တော့ဘူး။ အဲ့ဒါကြောင့် ကျန့်ကျန့် ကပဲ ကျန့်ကျန့် ရဲ့ တူလေး ကို တွေ့အောင် ရှာပြီး ကာကွယ်ပေးနော် ...။'
' အကျဲ ကို ကျနော် ကတိပေးထားတဲ့ အတိုင်း တွေ့အောင် ရှာမှာပါ။ အကျဲ စကားတွေ အများကြီး မပြောနဲ့တော့နော် ...။'
အကျဲ သူ့ မောင်လေးရဲ့ စကားကြောင့် ပြုံးလိုက်ပြီး ...
' အကျဲ ရဲ့အခြေနေကို ကိုယ့်ဘာသာ သိပါတယ်။ အကျဲ အတွက် အချိန်တွေ အများကြီး မကျန်တော့ဘူး။ ဒါပေမယ့် အကျဲ က ရေသူမ ဖြစ်ပြီး လူသား ကို ချစ်မိ သွားလို့ ခုလို အသက်တို သွားမှာကို နောင်တ မရဘူး။ တစ်ခုပဲ ... အကျဲ ချစ်တဲ့ လူကို မကာကွယ်နိုင်တာကိုပဲ ရင်နာတယ်။'
' အကျဲ ... နားလိုက်အုံး ...။ စကားတွေ အများကြီး မပြောပါနဲ့တော့ ...။'
' အကျဲ ကို မတားပါနဲ့ ...။ အကျဲ ရဲ့ နောက်ဆုံးချိန်မှာ အကျဲ ရဲ့ မောင်လေး နဲ့ စကားတွေ ပြောရင်း ကုန်ဆုံးသွားပါရစေ။'
ရှောင်းကျန့် သူ့ အကျဲ ရဲ့ မျက်နှာကို ကြည့်နေရင် အကျယ်ကြီး အော် ငိုမိတော့မှာ သိတာကြောင့် တစ်ဖက်ကို လှည့်ပစ်လိုက်သည်။
သူ လှည့်လိုက်စဉ်မှာပဲ သူ့လက်ထဲက လက်လေးတစ်ဖက် လျှောကျသွားခဲ့တယ်။
ရှောင်းကျန့် သူ့ အကျဲ ရှိတဲ့ ဘက်ကို ပြန်လှည့်ကြည့်တော့ မျက်ဝန်းတွေ မှိတ်သွားတဲ့ အကျဲ က မျက်နှာကတော့ ပြုံးယောင်သမ်းနေခဲ့ပါတယ်။
' အကျဲ ... ကျနော့် ကို တစ်ယောက်တည်း ထားခဲ့ပြီလား ...။'
အမြှီး တဖျတ်ဖျတ် ခတ်ရင်း ရေသူထီးလေး တစ်ကောင်တော့ သူ့ရဲ့ တစ်ဦးတည်းသော အစ်မ ကို ဖက်ရင်း မျက်ဝန်းမှာ ပုလဲလုံးတွေ ခ ကုန်တယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
2023.10.02 ( Mon ) စ ပါပြီနော် ...။
Zawgyi
~~~~~~~~
' ဟုတ်ကဲ့ ...။'
' အင်း ...။'
~~~~~~~~~
' မမလေး ... ပြန်လာပြီလား ...။'
' ဟုတ်ကဲ့ ပါ ...။'
' တင်း တင် ... တင်း တင် ...။'
' ဖွားလေး ... ပြော ...။'
' ဘယ်လို !!!!!.'
~~~~~~~~
' မင်း !!!!!။'
ထိုစဉ် ...
' ချွင် !!!!.'
~~~~~~~~
' ဟလို ... လေးလေး ...။'
' ဟီး ... ဟုတ် ...။'
~~~~~~~~~
' ဟင်း ...။'
' ဟူး ...။'
' ဟင်း ...။'
' ငါ မှ လက်မထပ်ချင်တာ ...။'
~~~~~~~~~
' ကျန့်ကျန့် ...။'
' အကျဲ ...။'
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~