[Unicode]
ချီယင်း၏ မည်သည့်အရိုးမှ ကျိုးမသွားပေ။
အဲ့ဒီကုပ်ချောင်းချောင်းကောင်က သူမ အပြေးရောက်လာတော့ နည်းနည်း တုံ့ဆိုင်းသွားလို့ ဖြစ်မယ်။ ယုကျောက်က စိတ်သက်သာရာရသွားပြီး ဆရာဝန် ညွှန်ကြားထားသည့် ဆေးစာရွက်ကို သူ့ လွယ်အိတ်ထဲတွင် ဖွက်ထားလိုက်သည်။ အိမ်ပြန်လမ်းတွင် သူက ဘူတာရုံသို့သွားပြီး ချီယင်း ယူဆောင်သွားရန် အချို့ပစ္စည်းအသစ်များကို ဝယ်ယူလိုက်သည်။
ယုချန်၏ အကျင့်စရိုက်အရ ထိုကိစ္စက ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ ကျောင်းသို့သွားပြီး ပြသနာ ရှာမည်မှာ အတိအကျပင်။
ယုကျောက်က ထိုအတွေးတစ်ခုသာ ရှိသည် : လူကြီးတွေကို အတန်းဖော် ကျောင်းသားတွေကြားက ကိစ္စတွေမှာ မပါစေနဲ့
သူ ချီယင်းနှင့် ပူးပေါင်းကာ ဆင်ခြေကိုပင် တွေးထားခဲ့သည်။ အကယ်၍ သူမ၏ ဒဏ်ရာကို တွေ့သွားပါက သူမ မတော်တဆ တိုက်မိခြင်းဟု ပြောရန် ဖြစ်သည်။
အိမ်ကို ပြန်ရောက်သောအခါ ညစာက အဆင့်သင့်ပင်။
ချီယင်း၏ အကြိုက်များက မူလပိုင်ရှင်နှင့် တထပ်တည်းပင်။ သူမ အကြိုက်ဆုံး ဟင်းပွဲများကပင် တူညီနေသည်။ သူမ ဤနေရာသို့ ရောက်လာတည်းက သူမ၏ အဒေါ်က သူမ ကြိုက်တတ်သော ဟင်းများကို နေ့တိုင်း ချက်ပြုတ်လေ့ရှိသည်။ ထိုအချင်းအရာက ချီယင်းကို စိတ်လှုပ်ရှားစေခဲ့သည်။
ယုချန်က ယင်းယင်းကို အနိုင်ကျင့်တဲ့ သူ ရှိလား၊ ယင်းယင်းကို လူတွေ ဝိုင်းနေကြလား၊ ယင်းယင်း မကြားနိုင်တာကြောင့် လှောင်တဲ့သူတွေရှိလား အစရှိသော မေးခွန်းများ မေးခဲ့သည်။
ယုကျောက် မျက်လုံးများလှန်လိုက်သည် " ကျောင်းသားတိုင်းက အလုပ်ရှုပ်နေတာ ဟုတ်ပြီလား... အထက်တန်းကျောင်းသားတွေက စာလုပ်ဖို့နည်းနည်းပဲ ရှိတယ်လို့ အဖေ ထင်နေတာလား..."
ယူချန် မနက်က ကျောင်းဂိတ်တွင် သူတွေ့ခဲ့သော ဆိုင်ကယ်စီးလာသည့် ကျောင်းသားကို သတိရလိုက်ပြီး ယုကျောက်၏ စကားများကို မယုံတော့ပေ။
စားပြီးသောအခါ ချီယင်း သူမ၏ အခန်းသို့ ပြန်သွားပြီး စားပွဲခုံတွင် ထိုင်ကာ စာရေးနေလေသည်။ ယုချန် တံခါးဝတွင် ရပ်နေရင်း သူမကို ကြည့်လိုက်ပြီးနောက် ဆိုဖာပေါ်တွင် လှဲကာ ဂိမ်းကစားနေသော ယုကျောက်ကို လှည့်ကြည့်လိုက်သည်။ ထို့နောက် ယုကျောက်ဆီသို့ လျှောက်သွားလိုက်ပြီး ခြေထောက်ဖြင့် ကန်ကာ ပြောလိုက်သည်။
"ထစမ်း မင်းအစ်မ ဘာတွေ ရေးနေလဲ သွားကြည့်"
ယုကျောက် စိတ်မပါစွာ ပြောလိုက်သည် "သူမ ဘာရေးနေလဲ ဆိုတာကို အဖေက ဘာလို့ သိချင်တာလဲ... သူမ အိမ်စာတွေ ရေးနေတာ နေမှာပေါ့"
ယုချန် သူ့ကို စိုက်ကြည့်လိုက်သည် " သူမက အတန်းထဲက သင်ခန်းစာတွေကို ကြားမှ မကြားရတာ ဘာကို အိမ်စာလဲ... သွားကြည့်စမ်း"
ယုချန်က အလွန် ခက်ထန်နေသောကြောင့် ယုကျောက်ကို စိတ်အနှောက်အယှက် ဖြစ်နေသည် " သူမရဲ့ ဒိုင်ယာရီထဲမှာ ရေးနေရင် ဘယ်လိုလုပ်မလဲ... ကလေးတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာကို လေးစားရမယ်ဆိုတာ အဖေ မသိဘူးလား..."
ယုချန် ယုကျောက်၏ နားကို လိမ်ဆွဲလိုက်သည် " ဆရာဝန် ဘာပြောခဲ့လဲဆိုတာ မေ့သွားပြီလား... သူမ တည်ငြိမ်နေတယ်ဆိုပြီး ငါတို့ သတိလက်လွတ် ဖြစ်နေလို့ မရဘူး သူမ အခုတလော တော်တော်လေး သာမန် ဖြစ်နေတယ် နောက်ပြီး သူမရဲ့ ဒိုင်ယာရီထဲမှာ တစ်ခုခု ရေးနေတယ်ဆိုရင် အဲ့တာက အရေးကြီးတယ် ဖုံးကွယ်မထားသင့်ဘူးလေ"
ယုကျောက် စိတ်မပါလက်မပါဖြင့် ချီယင်း၏ အခန်းသို့ သွားလိုက်သည်။
သူမက သူ့ခြေသံများကို မကြားနိုင်သောကြောင့် သူ ဖွဖွလေး လျှောက်စရာ မလိုပေ။ သူက ဆယ့်ခြောက်နှစ်သာ ရှိသေးသော်လည်း တစ်မီတာခွဲအထိ အရပ်ရှည်သောကြောင့် အလွန် အရပ်ရှည်သည်ဟု ဆိုရမည်ပင်။ သူမနောက်သို့ သူရောက်သောအခါ စားပွဲပေါ်တွင် ရှိနေသည် မှတ်စုစာအုပ်၏ စာမျက်နှာကိုသာ တွေ့နိုင်သည်။
ချီယင်းက သူမ နောက်တွင် တစ်စုံတစ်ယောက် ရပ်နေသည်ကို သတိမထားမိသောကြောင့် အာရုံစူးစိုက်ကာ ရေးနေလေသည်။
ယုကျောက် နှစ်ကြိမ်တိုင်တိုင် စိုက်ကြည့်ပြီးနောက် နောက်သို့ ပြန်လှည့်လိုက်သည်။ ယုချန် သူ့ကို မေးလိုက်သည် " မင်း မြင်လိုက်လား..."
သူ ခေါင်းကုတ်ကာ ပြောလိုက်သည် " မြင်တယ် ကြည့်ရတာတော့ ဝတ္ထုရေးနေတာနဲ့ တူတယ်"
ယုချန် : "ဝတ္ထုလား..."
ယုကျောက် တုံ့ဆိုင်းစွာ ပြောလိုက်သည် " စစ်သူကြီးတစ်ယောက်ရယ် တိုက်ပွဲတွေရယ် ရှေးခေတ် ဝတ္ထု ဖြစ်မယ်"
ယုချန် တခဏကြာအောင် တွေးနေလေသည် " ဝတ္ထုတွေရေးတာလည်း ကောင်းပါတယ် အာရုံပြောင်းပြီး ကိုယ်ပိုင် စိတ်ဝင်စားမှုတွေလည်း တိုးတက်တယ်"
...
အခန်းထဲတွင် ချီယင်းက ပထမဆုံးအကြိမ်အဖြစ် ဒိုင်ယာရီ ရေးပြီးနောက် သူမ၏ မှတ်စုစာအုပ်ကို ပိတ်လိုက်ပြီး ပြတင်းပေါက် အပြင်ဘက်မှ ညဘက်ကောင်းကင်ကို ကြည့်နေလိုက်သည်။
သူမရဲ့ စစ်သူကြီးကို ပြန်တွေ့ရတာ ကောင်းလိုက်တာ
ဒီဘဝမှာ စစ်သူကြီးက သူမကို မသိတော့ပေမဲ့ ကိစ္စ မရှိပါဘူး ဒီတစ်ကြိမ်တော့ သူ့ကို သိရအောင် လုပ်ဖို့က သူမ အလှည့်ပဲ
မနက်စာ စားပြီးသောအခါ ပုံမှန်အတိုင်း ယုချန်က ယုကျောက်နှင့် ချီယင်းကို ကျောင်းသို့ ကားမောင်းပို့လေသည်။ အရင်တစ်ခေါက်က ကျောင်းတက်ရန် တွန့်ဆုတ်နေခဲ့သော ချီယင်းက ယခုတွင်တော့ ကျောင်းထဲသို့ ပျော်ရွှင်စွာ ဝင်သွားလေသည်။
သူမ အတန်းထဲသို့ ဝင်လိုက်သည်နှင့် သူမ၏ အတန်းဖော်များက သူမကို စိုးရိမ်တကြီး ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။ ချီယင်း ရှုပ်ထွေးသွားရ၏။ သူမ ထိုင်လိုက်ချိန်တွင် ယွဲ့လီက မနက်စာကို ကိုင်ထားရင်း သူမအနားသို့ အပြေးရောက်လာလေသည်။ သူမက အတော်ကြာသည်အထိ ချီယင်းကို စကားများပြောနေခဲ့သည်။
တော်တော်ကြာအောင် စကားပြောပြီးနောက်မှ ချီယင်းက သူမ ပြောသည်အား မကြားနိုင်သည်ကို သတိရသွားသည်။ သူမ ခေါင်းကို သူမ ပုတ်လိုက်ကာ သူမ၏ မှတ်စုစာအုပ်ကို ထုတ်လိုက်သည်။ ထို့နောက် ရေးလိုက်သည် : ယင်းယင်း နင်အဆင်ပြေရဲ့လား... ဘယ်လိုဖြစ်လို့ ကျီးယန်နဲ့ သွားရှုပ်ရတာလဲ...
ချီယင်းက ရှုပ်ထွေးနေပုံ ပေါ်သည်။ သူမ ပြန်ရေးလိုက်သည် : ငါ အဆင်ပြေပါတယ် ဘာဖြစ်လို့လဲ...
ယွဲ့လီက စာရေး အလွန် နှေးသည်။ အနီးအနားသို့ ကြည့်လိုက်ပြီး ဆရာကို မတွေ့သောအခါ သူမ၏ ဖုန်းကို ခိုးကြောင်ခိုးဝှက် ထုတ်လိုက်ပြီး စာရိုက်လိုက်သည် : မနေ့တုန်းက ကျောင်းဂိတ်ရှေ့ကို လူနာတင်ယာဥ် ရောက်လာတယ်လေ ကျောင်းသားတွေ ပြောတာတော့ နင့်ကို ကျီးရန်က ရိုက်လိုက်တယ်ဆို...
ချီယင်း : ...
သူမက ပြန်၍ စာရိုက်ရန် ပြင်နေချိန်တွင် ဆရာလျှိုက အတန်းထဲသို့ အလျင်စလို ဝင်လာလေသည်။ ဆရာလျှိုက ချီယင်းဆီသို့ တန်းတန်းမတ်မတ် လျှောက်လာပြီး သူမကို စိုးရိမ်တကြီး ကြည့်လိုက်သည်။ ထို့နောက် ချီယင်းကို သူနှင့်အတူ ရုံးခန်းသို့ လိုက်လာရန် ပြောလိုက်သည်။
ချီယင်း ထွက်သွားသည်နှင့် ကောင်လေးအနည်းငယ်က စုကာ စကားပြောကြတော့သည် " အတန်းဖော်အသစ်က ရောက်တာမှ တစ်ရက်ပဲ ရှိသေးတယ်လေ... တန်းခွဲ ၉ က ကလေကချေတွေကတော့ တကယ့်ကို အလကားကောင်တွေပဲ..."
"တကယ်ပါပဲ... ဘာလို့ မကြားရတဲ့ သူကို အနိုင်ကျင့်ရတာလဲ..."
"ပုံမှန်ဆိုရင် ကျီးရန် ပြသနာ အကြီးကြီးတွေ ရှာရင်တောင် ပြသနာ မတက်ဘူး သူက ဘယ်လိုလုပ် အထူးကျောင်းသူကို ဒီလို လုပ်နိုင်ရတာလဲ..."
"ကျောင်းအုပ်ကြီး အပေါ် မူတည်တယ် ဒီတစ်ကြိမ်တော့ သူဘာလုပ်နိုင်ဦးမလဲ ကြည့်ရမယ်"
"အရင် စာသင်နှစ်က သူ စီနီယာ တစ်ယောက်ကို ဆေးရုံရောက်အောင် လုပ်ခဲ့တယ်လေ... သူတော့ ကျောင်းထုတ်ခံရတော့မယ်လို့ ငါထင်လိုက်တာ ဒါပေမဲ့ ဘာမှ မဖြစ်သွားဘူးလေ ဒီတစ်ကြိမ်တော့ သူ ပြေးလို့ မလွတ်တော့ဘူး သူမက အာဇာနည်တစ်ဦးရဲ့ သမီးလေ"
အတန်းထဲတွင် ကျီးရန်ကို တိတ်တဆိတ် ကြိုက်နေကြသော မိန်းကလေးများ များပြားသောကြောင့် သူတို့က ချက်ချင်း ငြင်းဆိုကြလေသည် " ဘာဖြစ်တယ်တော့ ငါမသိဘူး ဒါပေမဲ့ ကျီးရန်က မိန်းကလေးတွေကို ဘယ်တုန်းကမှ မရိုက်ဘူး"
"အတင်းပြောတဲ့ ပါးစပ်ပေါက်တွေနဲ့ အတန်းထဲမှာ အတင်းပြောရဲတယ်ပေါ့ နင်တို့ ကျီးရန်ရှေ့မှာ ပြောရဲတဲ့ သတ္တိရှိလို့လား..."
အတန်းထဲတွင် ဆူညံနေသော်လည်း ရုံးခန်းထဲတွင်တော့ ချီယင်းက ဘာတွေ ဖြစ်နေသည်ကို ဆရာလျှိုထံမှ သိလိုက်ရသည်။ သိပ်မကြာလိုက် သင်ကြာရေး ဒါရိုက်တာနှင့် ကျောင်းအုပ်ကြီးက အလျင်စလို ရောက်လာကြသည်။
သူရဲကောင်းတစ်ယောက်၏ ကလေးကို နွေးထွေးဖော်ရွေတဲ့ ပတ်ဝန်းကျင်ရအောင် လုပ်ပေးသင့်တယ်လို့ ပြောခဲ့သည်။ ရလဒ်အနေဖြင့် ကျောင်း၏ ပထမဆုံးနေ့တွင် ထိုကိစ္စ ဖြစ်သွားခဲ့သည်။ သင်ကြားရေး ဒါရိုက်တာက စိတ်တိုနေလေသည် " ငါ မင်းကို ပြောခဲ့တယ်လေ... ကျီးရန်ကို ကျောင်းမှာ ဆက်ထားရတာက ကျိန်စာလိုပဲလို့ အရင်စာသင်နှစ်ထဲက ငါတို့ သူ့ကို ကျောင်းထုတ်ခဲ့သင့်တယ် ... သူက သိုးမည်းတစ်ကောင်ပဲ..."
သူ ရုံးခန်းသို့ ရောက်လာချိန်တွင် သူက စကား အကြောင်းအရာ ခေါင်းစဥ်ကို ပြောင်းလိုက်ပြီး ချီယင်းဘက်သို့ လှည့်လိုက်သည်။
ချီယင်းက ဘောပင်ဖြင့် မှတ်စုစာအုပ်ထဲတွင် ရေးလိုက်သည် : ကျီးရန် သမီးကို မရိုက်ပါဘူး အဲ့တာက နားလည်မှုလွဲနေတာပါ
သင်ကြားရေး ဒါရိုက်တာက စာပြန်ရေးလိုက်သည်။ ချီယင်းက နားလည်အောင် အချိန်အတော်ယူကာ ဖတ်လိုက်ရသည် : ချီယင်း အမှန်တရားကို ပြောဆိုဖို့ မကြောက်ပါနဲ့ ... ငါတို့ကျောင်းက မင်းကို ကာကွယ်မှာပါ...
ချီယင်းက အကြောင်းအရာတစ်ခုလုံးကို ရေးကာ ရှင်းပြတော့မည့် အချိန်တွင် တန်းခွဲ ၉ မှ အတန်းပိုင်ဆရာ လျှိုယောင်က ကျီးရန်ကို ဦးဆောင်ကာ ခေါ်လာလေသည်။
လျှိုယောင်က ကျီးရန်ကြောင့် စိတ်ပင်ပန်း ခံမနေပေ။ သူ မကြိုးစားခဲ့သောကြောင့် မဟုတ်ဘဲ အသုံးမဝင်သောကြောင့်ပင်။ ကျီးရန်က အမြဲတမ်းလိုလို ဂရုမစိုက်သလို မျက်နှာထားရှိသောကြောင့် လူတွေက သူတို့ပြောတာကို ကျီးရန် ကြားရောကြားရဲ့လားဟုပင် သံသယဝင်စေမိသည်။
နောက်ပိုင်းတွင် လျှိုယောင်က သူ့ကို ဂရုစိုက်ရန် ပျင်းလွန်းသောကြောင့် သူ ဘာပြသနာမှ မရှာသ၍ လျှိုယောင်က မျက်လုံးတစ်ဖက်ကိုဖွင့်ပြီး တစ်ဖက်ကို မှိတ်ထားခဲ့သည်။
(TN : မသိချင်ယောင် ဆောင်တာပါ)
ရလဒ်ကတော့ ဒီတစ်ကြိမ် သူက အထူးကျောင်းသူကို တကယ်ကြီး အနိုင်ကျင့်ခဲ့တယ်လေ...
လျှိုယောင်က ရုံးခန်းကို လာရာလမ်းတစ်လျှောက်တွင် ကျီးရန်ကို ဆူပူနေခဲ့သည်။ သို့သော် ကျီးရန်ကတော့ ဂရုမစိုက်သလို အမူအရာဖြင့်ပင်။ သူ့မျက်လုံးများကို မော့ကြည့်ရန်ပင် ပျင်းလွန်းနေသယောင်။
သူ ရုံးခန်းထဲသို့ ဝင်လိုက်သည်နှင့် ချီယင်းက ထိုနေရာတွင် လိမ်လိမ်မာမာ ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူ့နှုတ်ခမ်းထောင့်စွန်းများက အပြုံးတစ်ခုအဖြစ် တွန်းကွေးသွားလျက်။ သူ ထိုင်ခုံပေါ်သို့ ပျင်းရိစွာဖြင့် ထိုင်ချလိုက်သည်။
သင်ကြားရေး ဒါရိုက်တာက ထခုန်မိတော့မတတ် " မင်း မတ်တတ်ရပ်လိုက်စမ်း..."
ကျီးရန်က မတ်တတ်မရပ်ရုံတင် မဟုတ်ဘဲ သူ့ ခြေထောက်များကိုပင် တစ်ခုပေါ်တစ်ခု တင်ကာချိတ်လိုက်လေသည်။ သူ့ပုံစံက စီးကရက်တစ်လိပ်ကိုပင် မီးညှိ၍ သောက်ချင်နေသယောင်။
ဆရာများ၏ အမူအရာများက ဆိုးဝါးသွားကြသည်။ ကျောင်းအုပ်ကြီးက သူ့ကို သေချာစိုက်ကြည့်လိုက်ပြီး အသံခပ်နက်နက်ဖြင့် ပြောလိုက်သည် " ကျီးရန် ဒီတစ်ကြိမ်ရော ဘာဖြစ်ပြန်တာလဲ... ဆရာတွေ အများကြီး ဒီမှာ ရှိနေတယ် မင်း ရှင်းပြပါ"
ကျီးရန်၏ မျက်လုံးများက ပို၍ ပျင်းရိနေသယောင်၊ သူ့အသံကလည်း ပျင်းရိပျင်းတွဲဖြင့် ပြောလိုက်သည် " ရှင်းပြစရာ လိုသေးလို့လား... ကျွန်တော် ရိုက်လိုက်တယ်လို့ ဆရာ ထင်နေတာပဲမလား... ကျွန်တော့်ကို အပြစ်သာ ပေးလိုက်"
သင်ကြားရေး ဒါရိုက်တာက ကျီးရန်ကို ထပ်၍ ဆူပူချင်သေးသော်လည်း ကျောင်းအုပ်ကြီးက သူ့ကို တားလိုက်သည် " မင်းက ကလေး မဟုတ်တော့ကို ဆရာသိတယ် မင်း စိတ်လိုက်မာန်ပါ လုပ်တတ်တယ်ဆိုပေမဲ့ ဘာက မှန်တယ် ဘာက မှားတယ် ဆိုတာကိုတော့ မင်း သိကိုသိရမယ်လေ"
စကားမပြီးသေးခင် သူ့အင်္ကျီကို အဆွဲခံလိုက်ရသည်။
ကျောင်းအုပ်ကြီး လှည့်ကြည့်လိုက်သောအခါ ချီယင်းက သူ့နောက်တွင် ရပ်နေရင်း စာတစ်ပိုဒ်ရေးထားသော စာရွက်ကို သူ့အား သူ့ကို ကမ်းပေးနေသည်ကို တွေ့လိုက်ရသည်။ ဆရာများ ငုံ့ကြည့်လိုက်ကြသည်။ ဖတ်ကြည့်ပြီးနောက် စိတ်တိုနေသော အကြည့်များက ရှုပ်ထွေးနေသည့်အကြည့်များအဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားကြသည်။
မျက်နှာပေါ်တွင် အပြုံးဖြင့် ကျောင်းအုပ်ကြီးက ကျီးရန်ကို လှည့်ကြည့်လိုက်သည် " ဆရာပြောပါတယ် မင်းက အမှားအမှန်ကို ခွဲခြားသိတဲ့ကလေးပါလို့ ဒီလို ကောင်းမွန်တဲ့လုပ်ရပ်တွေကို ဆရာတွေကို ဘာလို့ မရှင်းပြခဲ့ရတာလဲ..."
ကျီးရန် : ...
သူ ဘာလုပ်ခဲ့လို့လဲ... ကောင်းမွန်တဲ့ လုပ်ရပ်နဲ့ ဘယ်လိုများ ဆက်စပ်နေလို့လဲ...
ကျောင်းအုပ်ကြီး : "တခြားကျောင်းက ကျောင်းသားဆိုးတွေက ချီယင်းကို အနိုင်ကျင့်ခဲ့တာပဲ ကူညီပေးတာက မှန်ပေမဲ့ ပြသနာကို ဖြေရှင်းဖို့ အကြမ်းဖက်တဲ့ နည်းလမ်းတွေ သုံးတာက မကောင်းဘူး မင်းကိုလည်း ထိခိုက်စေနိုင်တယ်လေ မင်းက လူနာတင်ယာဥ် ခေါ်ခဲ့တယ် နောက်တစ်ခါဆို ရဲစခန်းကိုပါ ဖုန်းဆက်ခေါ်လိုက်... ဒီတစ်ကြိမ် မင်းက ချီယင်းကို ကာကွယ်ပေးခဲ့တယ် ဆရာတို့ကျောင်းမှာ ဆုပေး ဒဏ်ပေးစနစ်ကို ရှင်းရှင်းလင်းလင်း ခွဲခြားပေးထားတယ် ဒီတစ်ကြိမ် မင်းကို အပို credit တွေပေးမယ်"
ကျီးရန် : ...
ဘယ်သူက အပို credit တွေကို လိုချင်နေလို့လဲ...
သူ ချီယင်းကို စိတ်မရှည်သလို မော့ကြည့်လိုက်သည်။ မိန်းမငယ်လေးကို ပြုံးပြလိုက်ပြီးနောက် သူ၏ အမူအရာက အေးခဲသွားလေသည်။ သူ ဆဲရေးလိုက်ပြီး ခေါင်းငုံ့လိုက်တော့သည်။
ပြသနာကို ဖြေရှင်းပြီးသွားပြီ ဖြစ်သောကြောင့် ကျီးရန်နှင့် ချီယင်း သူတို့၏ အတန်းများသို့ အသီးသီး ပြန်သွားရလေသည်။ တန်းခွဲ ၂ နှင့် တန်းခွဲ ၉ က ဟောခန်း၏ အစနှင့် အဆုံးတွင် ရှိလေသည်။ လှေကားများအပေါ်သို့ တက်သွားပြီးနောက် သူတို့နှစ်ယောက်လုံးက သက်ဆိုင်ရာ ဘယ်ညာသို့ သွားကြသည်။
လှေကားပေါ်သို့ တက်နေချိန်တွင် ချီယင်းက ကျီးရန်၏ နောက်တွင် နာခံစွာဖြင့် လိုက်လာလေသည်။
ကိုယ်ပိုင်စာကြည့်ချိန် အစောပိုင်းဖြစ်နေသောကြောင့် စင်္ကြံတွင် မည်သူ တစ်ဦး တစ်ယောက်မျှ မရှိပေ။ ကျီးရန်က လှေကားပေါ်သို့ တက်ပြီးနောက် နောက်သို့ လှည့်လိုက်သည်။
ချီယင်းက သူနှင့် ခြေနှစ်လှမ်းအကွာတွင်ပင်။ မော့ကြည့်လိုက်ပြီးနောက် သူမက အပြုံးဖြင့် မျက်လုံးများက နူးညံ့နေလေသည်။
သူက သူမထက် မြင့်သော နေရာတွင် ရပ်နေရင်း ပြုံးလိုက်သည် " ငါ ဘယ်တုန်းက မင်းကို ကယ်ခဲ့လို့လဲ..."
ချီယင်း သူပြောသည်ကို မကြားရပေ။ သူမ၏ နှုတ်ခမ်းထောင့်စွန်းများကို လျှာဖြင့် သပ်လိုက်ပြီး နာခံသော အပြုံးလေးဖြင့် ပြုံးနေလေသည်။
ဒီလို ထပ်ကြည့်ပြန်ပြီ
ကျီးရန် သူ့နှလုံးခုန်သံကို ကြားလိုက်ရပြီး ပြုံးချင်နေသည့်စိတ်ကို လျစ်လျူရှုထားလိုက်ပြီး သူမကို အေးစက် ကြမ်းကြုတ်စွာ ခြိမ်းခြောက်လိုက်သည် " လောင်ဇစ်ကို ဘယ်တော့မှ ထပ်ရယ်မပြနဲ့ ... လောင်ဇစ် နောက်ကိုလည်း မလိုက်နဲ့တော့ ကြားလား..."
ချီယင်း မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။
သူ မြန်မြန် လှည့်ထွက်သွားတော့သည်။
ချီယင်း သူ့နောက်ကျောဘက်တွင် လက်ပြလိုက်သည်။
အတန်းထဲသို့ သူမ ပြန်ရောက်သောအခါ သူမ ဝင်လိုက်သည်နှင့် အတန်းက တိတ်ဆိတ်သွားတော့သည်။ ချီယင်းက လူစိတ်ဝင်စားခံရသည့် ခံစားချက်ကို မကြိုက်ပေ။ သို့သော် ကောလဟာလများကို သတိရလိုက်သောအခါ သတ္တိများကို စုစည်းလိုက်ပြီး စာသင်စင်မြင့်ထက်သို့ သွားလိုက်ပြီး မြေဖြူကို ကောက်ကိုင်လိုက်သည်။
အတန်းမှ ကျောင်းသားများက ကိုယ်ပိုင်စာကြည့်ချိန်တွင် စာကြည့်ရမည်ကို အာရုံမရှိဘဲ သူမကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။
ချီယင်းက တစ်ကြိမ်လျှင် စုတ်ချက်တစ်ချက် ဆွဲလေသည် : ကျီးရန်က ငါ့ကို မရိုက်ခဲ့ပါဘူး မနေ့က ငါ တခြားကျောင်းက အနိုင်ကျင့်တဲ့သူ တစ်ယောက်နဲ့ တွေ့ခဲ့တာ သူက ငါ့ကို ကူညီပေးခဲ့တာပါ
သူမ ရေးပြီးနောက် အတန်းဖော်များ ဘက်သို့ လှည့်ကြည့်ကာ ပြုံးလိုက်ပြီး ကျောက်သင်ပုန်းမှ စာများကို ဘောဖျက်ဖြင့် ဖျက်လိုက်သည်။ သူမ၏ ထိုင်ခုံနေရာသို့ ပြန်သွားပြီး ထိုင်လိုက်သည်။ ယွဲ့လီက စိတ်လှုပ်ရှားလွန်းသောကြောင့် သူမ မျက်နှာပေါ်တွင် ထင်ရှားနေသည်။ သူမက စာရေးပြီး မေးလိုက်သည် : ယင်းယင်း နင် ကျီးရန်ကို အရင်က သိလား...
ချီယင်း ခေါင်းခါလိုက်သည်။
ယွဲ့လီ အံ့အားသင့်သွားလေသည် : ဒါပေမဲ့ သူ နင့်ကို ကူညီခဲ့တယ်... ကျီးရန်က အရမ်း ရက်စက်ပြီး ဒုက္ခပေးတတ်တာ... နင်က ချောလို့ နင့်ကို ကူညီခဲ့တာများလား...
ချီယင်းက လေးနက်စွာ ရေးပြလိုက်သည် : မဟုတ်ဘူး သူက လူကောင်း တစ်ယောက်ပါ
သူမရဲ့ စစ်သူကြီးက ကမ္ဘာပေါ်မှာ အကောင်းဆုံးလူပဲ
သူက ရန်သူတွေ ဖမ်းသွားတဲ့ ဒုက္ခသည်တွေကို ကယ်ဖို့ နယ်ခြားစောင့်တပ်စခန်းထဲသို့ပင် စွန့်စားကာ ဝင်သွားရဲသည်။
သူ၏ တဲစခန်းကို ဒဏ်ရာရနေသူအတွက် ပေးနိုင်ပြီး တပ်မတော်အတွက် ရိက္ခာတိုးစေရန် သူ့ကိုယ်ပိုင် ရိက္ခာများကိုပင် ပေးနိုင်သည်။
သူ့ တစ်ဘဝလုံးကို ပြည်သူတွေအတွက် တိုက်ခိုက်ပေးခဲ့သည်။ သူသေဆုံးပြီးနောက် သူ၏ ရုပ်အလောင်းကို ပေကျင်းသို့ ပြန်သယ်လာသောအခါ ပြည်သူများက ကြိုဆိုခဲ့ကြသည်။
ယခု ဤကမ္ဘာကြီးက ငြိမ်းချမ်းနေပြီး သူမ၏ စစ်သူကြီးက ရန်သူများကို တိုက်ခိုက်ရန် မလိုတော့ပေ။ ဤကမ္ဘာကြီးက သူ့ကို အတော်လေး နားလည်မှုလွဲနေပုံပင်။
သို့သော် သူမ၏ စစ်သူကြီးက မပြောင်းလဲမှန်း သူမ သိလေသည်။
သူမ၏ သူရဲကောင်းပင်။ သူမ ဘယ်နေရာမှာပဲ ဖြစ်နေပါစေ၊ အချိန်နှင့် နေရာက ပြောင်းလဲသွားလျှင်ပင် အရေးမကြီးပေ။ သူမ ထိုရဲရင့်သော နှလုံးသားတစ်စုံကို ဘယ်တော့မှ မေ့မည် မဟုတ်ပေ။
...................................................
(TN : ဒါလေးကို mybibliobay.com မှာလည်း တင်ထားပါတယ်နော်)
[Zawgyi]
ခ်ီယင္း၏ မည္သည့္အ႐ိုးမွ က်ိဳးမသြားေပ။
အဲ့ဒီကုပ္ေခ်ာင္းေခ်ာင္းေကာင္က သူမ အေျပးေရာက္လာေတာ့ နည္းနည္း တုံ႔ဆိုင္းသြားလို႔ ျဖစ္မယ္။ ယုေက်ာက္က စိတ္သက္သာရာရသြားၿပီး ဆရာဝန္ ၫႊန္ၾကားထားသည့္ ေဆးစာ႐ြက္ကို သူ႔ လြယ္အိတ္ထဲတြင္ ဖြက္ထားလိုက္သည္။ အိမ္ျပန္လမ္းတြင္ သူက ဘူတာ႐ုံသို႔သြားၿပီး ခ်ီယင္း ယူေဆာင္သြားရန္ အခ်ိဳ႕ပစၥည္းအသစ္မ်ားကို ဝယ္ယူလိုက္သည္။
ယုခ်န္၏ အက်င့္စ႐ိုက္အရ ထိုကိစၥက ႀကီးသည္ျဖစ္ေစ ငယ္သည္ျဖစ္ေစ ေက်ာင္းသို႔သြားၿပီး ျပသနာ ရွာမည္မွာ အတိအက်ပင္။
ယုေက်ာက္က ထိုအေတြးတစ္ခုသာ ရွိသည္ : လူႀကီးေတြကို အတန္းေဖာ္ ေက်ာင္းသားေတြၾကားက ကိစၥေတြမွာ မပါေစနဲ႔
သူ ခ်ီယင္းႏွင့္ ပူးေပါင္းကာ ဆင္ေျခကိုပင္ ေတြးထားခဲ့သည္။ အကယ္၍ သူမ၏ ဒဏ္ရာကို ေတြ႕သြားပါက သူမ မေတာ္တဆ တိုက္မိျခင္းဟု ေျပာရန္ ျဖစ္သည္။
အိမ္ကို ျပန္ေရာက္ေသာအခါ ညစာက အဆင့္သင့္ပင္။
ခ်ီယင္း၏ အႀကိဳက္မ်ားက မူလပိုင္ရွင္ႏွင့္ တထပ္တည္းပင္။ သူမ အႀကိဳက္ဆုံး ဟင္းပြဲမ်ားကပင္ တူညီေနသည္။ သူမ ဤေနရာသို႔ ေရာက္လာတည္းက သူမ၏ အေဒၚက သူမ ႀကိဳက္တတ္ေသာ ဟင္းမ်ားကို ေန႔တိုင္း ခ်က္ျပဳတ္ေလ့ရွိသည္။ ထိုအခ်င္းအရာက ခ်ီယင္းကို စိတ္လႈပ္ရွားေစခဲ့သည္။
ယုခ်န္က ယင္းယင္းကို အႏိုင္က်င့္တဲ့ သူ ရွိလား၊ ယင္းယင္းကို လူေတြ ဝိုင္းေနၾကလား၊ ယင္းယင္း မၾကားႏိုင္တာေၾကာင့္ ေလွာင္တဲ့သူေတြရွိလား အစရွိေသာ ေမးခြန္းမ်ား ေမးခဲ့သည္။
ယုေက်ာက္ မ်က္လုံးမ်ားလွန္လိုက္သည္ " ေက်ာင္းသားတိုင္းက အလုပ္ရႈပ္ေနတာ ဟုတ္ၿပီလား... အထက္တန္းေက်ာင္းသားေတြက စာလုပ္ဖို႔နည္းနည္းပဲ ရွိတယ္လို႔ အေဖ ထင္ေနတာလား..."
ယူခ်န္ မနက္က ေက်ာင္းဂိတ္တြင္ သူေတြ႕ခဲ့ေသာ ဆိုင္ကယ္စီးလာသည့္ ေက်ာင္းသားကို သတိရလိုက္ၿပီး ယုေက်ာက္၏ စကားမ်ားကို မယုံေတာ့ေပ။
စားၿပီးေသာအခါ ခ်ီယင္း သူမ၏ အခန္းသို႔ ျပန္သြားၿပီး စားပြဲခုံတြင္ ထိုင္ကာ စာေရးေနေလသည္။ ယုခ်န္ တံခါးဝတြင္ ရပ္ေနရင္း သူမကို ၾကည့္လိုက္ၿပီးေနာက္ ဆိုဖာေပၚတြင္ လွဲကာ ဂိမ္းကစားေနေသာ ယုေက်ာက္ကို လွည့္ၾကည့္လိုက္သည္။ ထို႔ေနာက္ ယုေက်ာက္ဆီသို႔ ေလွ်ာက္သြားလိုက္ၿပီး ေျခေထာက္ျဖင့္ ကန္ကာ ေျပာလိုက္သည္။
"ထစမ္း မင္းအစ္မ ဘာေတြ ေရးေနလဲ သြားၾကည့္"
ယုေက်ာက္ စိတ္မပါစြာ ေျပာလိုက္သည္ "သူမ ဘာေရးေနလဲ ဆိုတာကို အေဖက ဘာလို႔ သိခ်င္တာလဲ... သူမ အိမ္စာေတြ ေရးေနတာ ေနမွာေပါ့"
ယုခ်န္ သူ႔ကို စိုက္ၾကည့္လိုက္သည္ " သူမက အတန္းထဲက သင္ခန္းစာေတြကို ၾကားမွ မၾကားရတာ ဘာကို အိမ္စာလဲ... သြားၾကည့္စမ္း"
ယုခ်န္က အလြန္ ခက္ထန္ေနေသာေၾကာင့္ ယုေက်ာက္ကို စိတ္အေႏွာက္အယွက္ ျဖစ္ေနသည္ " သူမရဲ႕ ဒိုင္ယာရီထဲမွာ ေရးေနရင္ ဘယ္လိုလုပ္မလဲ... ကေလးတစ္ေယာက္ရဲ႕ ကိုယ္ေရးကိုယ္တာကို ေလးစားရမယ္ဆိုတာ အေဖ မသိဘူးလား..."
ယုခ်န္ ယုေက်ာက္၏ နားကို လိမ္ဆြဲလိုက္သည္ " ဆရာဝန္ ဘာေျပာခဲ့လဲဆိုတာ ေမ့သြားၿပီလား... သူမ တည္ၿငိမ္ေနတယ္ဆိုၿပီး ငါတို႔ သတိလက္လြတ္ ျဖစ္ေနလို႔ မရဘူး သူမ အခုတေလာ ေတာ္ေတာ္ေလး သာမန္ ျဖစ္ေနတယ္ ေနာက္ၿပီး သူမရဲ႕ ဒိုင္ယာရီထဲမွာ တစ္ခုခု ေရးေနတယ္ဆိုရင္ အဲ့တာက အေရးႀကီးတယ္ ဖုံးကြယ္မထားသင့္ဘူးေလ"
ယုေက်ာက္ စိတ္မပါလက္မပါျဖင့္ ခ်ီယင္း၏ အခန္းသို႔ သြားလိုက္သည္။
သူမက သူ႔ေျခသံမ်ားကို မၾကားႏိုင္ေသာေၾကာင့္ သူ ဖြဖြေလး ေလွ်ာက္စရာ မလိုေပ။ သူက ဆယ့္ေျခာက္ႏွစ္သာ ရွိေသးေသာ္လည္း တစ္မီတာခြဲအထိ အရပ္ရွည္ေသာေၾကာင့္ အလြန္ အရပ္ရွည္သည္ဟု ဆိုရမည္ပင္။ သူမေနာက္သို႔ သူေရာက္ေသာအခါ စားပြဲေပၚတြင္ ရွိေနသည္ မွတ္စုစာအုပ္၏ စာမ်က္ႏွာကိုသာ ေတြ႕ႏိုင္သည္။
ခ်ီယင္းက သူမ ေနာက္တြင္ တစ္စုံတစ္ေယာက္ ရပ္ေနသည္ကို သတိမထားမိေသာေၾကာင့္ အာ႐ုံစူးစိုက္ကာ ေရးေနေလသည္။
ယုေက်ာက္ ႏွစ္ႀကိမ္တိုင္တိုင္ စိုက္ၾကည့္ၿပီးေနာက္ ေနာက္သို႔ ျပန္လွည့္လိုက္သည္။ ယုခ်န္ သူ႔ကို ေမးလိုက္သည္ " မင္း ျမင္လိုက္လား..."
သူ ေခါင္းကုတ္ကာ ေျပာလိုက္သည္ " ျမင္တယ္ ၾကည့္ရတာေတာ့ ဝတၳဳေရးေနတာနဲ႔ တူတယ္"
ယုခ်န္ : "ဝတၳဳလား..."
ယုေက်ာက္ တုံ႔ဆိုင္းစြာ ေျပာလိုက္သည္ " စစ္သူႀကီးတစ္ေယာက္ရယ္ တိုက္ပြဲေတြရယ္ ေရွးေခတ္ ဝတၳဳ ျဖစ္မယ္"
ယုခ်န္ တခဏၾကာေအာင္ ေတြးေနေလသည္ " ဝတၳဳေတြေရးတာလည္း ေကာင္းပါတယ္ အာ႐ုံေျပာင္းၿပီး ကိုယ္ပိုင္ စိတ္ဝင္စားမႈေတြလည္း တိုးတက္တယ္"
...
အခန္းထဲတြင္ ခ်ီယင္းက ပထမဆုံးအႀကိမ္အျဖစ္ ဒိုင္ယာရီ ေရးၿပီးေနာက္ သူမ၏ မွတ္စုစာအုပ္ကို ပိတ္လိုက္ၿပီး ျပတင္းေပါက္ အျပင္ဘက္မွ ညဘက္ေကာင္းကင္ကို ၾကည့္ေနလိုက္သည္။
သူမရဲ႕ စစ္သူႀကီးကို ျပန္ေတြ႕ရတာ ေကာင္းလိုက္တာ
ဒီဘဝမွာ စစ္သူႀကီးက သူမကို မသိေတာ့ေပမဲ့ ကိစၥ မရွိပါဘူး ဒီတစ္ႀကိမ္ေတာ့ သူ႔ကို သိရေအာင္ လုပ္ဖို႔က သူမ အလွည့္ပဲ
မနက္စာ စားၿပီးေသာအခါ ပုံမွန္အတိုင္း ယုခ်န္က ယုေက်ာက္ႏွင့္ ခ်ီယင္းကို ေက်ာင္းသို႔ ကားေမာင္းပို႔ေလသည္။ အရင္တစ္ေခါက္က ေက်ာင္းတက္ရန္ တြန္႔ဆုတ္ေနခဲ့ေသာ ခ်ီယင္းက ယခုတြင္ေတာ့ ေက်ာင္းထဲသို႔ ေပ်ာ္႐ႊင္စြာ ဝင္သြားေလသည္။
သူမ အတန္းထဲသို႔ ဝင္လိုက္သည္ႏွင့္ သူမ၏ အတန္းေဖာ္မ်ားက သူမကို စိုးရိမ္တႀကီး ၾကည့္ေနၾကသည္ကို ေတြ႕လိုက္ရသည္။ ခ်ီယင္း ရႈပ္ေထြးသြားရ၏။ သူမ ထိုင္လိုက္ခ်ိန္တြင္ ယြဲ႕လီက မနက္စာကို ကိုင္ထားရင္း သူမအနားသို႔ အေျပးေရာက္လာေလသည္။ သူမက အေတာ္ၾကာသည္အထိ ခ်ီယင္းကို စကားမ်ားေျပာေနခဲ့သည္။
ေတာ္ေတာ္ၾကာေအာင္ စကားေျပာၿပီးေနာက္မွ ခ်ီယင္းက သူမ ေျပာသည္အား မၾကားႏိုင္သည္ကို သတိရသြားသည္။ သူမ ေခါင္းကို သူမ ပုတ္လိုက္ကာ သူမ၏ မွတ္စုစာအုပ္ကို ထုတ္လိုက္သည္။ ထို႔ေနာက္ ေရးလိုက္သည္ : ယင္းယင္း နင္အဆင္ေျပရဲ႕လား... ဘယ္လိုျဖစ္လို႔ က်ီးယန္နဲ႔ သြားရႈပ္ရတာလဲ...
ခ်ီယင္းက ရႈပ္ေထြးေနပုံ ေပၚသည္။ သူမ ျပန္ေရးလိုက္သည္ : ငါ အဆင္ေျပပါတယ္ ဘာျဖစ္လို႔လဲ...
ယြဲ႕လီက စာေရး အလြန္ ေႏွးသည္။ အနီးအနားသို႔ ၾကည့္လိုက္ၿပီး ဆရာကို မေတြ႕ေသာအခါ သူမ၏ ဖုန္းကို ခိုးေၾကာင္ခိုးဝွက္ ထုတ္လိုက္ၿပီး စာ႐ိုက္လိုက္သည္ : မေန႔တုန္းက ေက်ာင္းဂိတ္ေရွ႕ကို လူနာတင္ယာဥ္ ေရာက္လာတယ္ေလ ေက်ာင္းသားေတြ ေျပာတာေတာ့ နင့္ကို က်ီးရန္က ႐ိုက္လိုက္တယ္ဆို...
ခ်ီယင္း : ...
သူမက ျပန္၍ စာ႐ိုက္ရန္ ျပင္ေနခ်ိန္တြင္ ဆရာလွ်ိဳက အတန္းထဲသို႔ အလ်င္စလို ဝင္လာေလသည္။ ဆရာလွ်ိဳက ခ်ီယင္းဆီသို႔ တန္းတန္းမတ္မတ္ ေလွ်ာက္လာၿပီး သူမကို စိုးရိမ္တႀကီး ၾကည့္လိုက္သည္။ ထို႔ေနာက္ ခ်ီယင္းကို သူႏွင့္အတူ ႐ုံးခန္းသို႔ လိုက္လာရန္ ေျပာလိုက္သည္။
ခ်ီယင္း ထြက္သြားသည္ႏွင့္ ေကာင္ေလးအနည္းငယ္က စုကာ စကားေျပာၾကေတာ့သည္ " အတန္းေဖာ္အသစ္က ေရာက္တာမွ တစ္ရက္ပဲ ရွိေသးတယ္ေလ... တန္းခြဲ ၉ က ကေလကေခ်ေတြကေတာ့ တကယ့္ကို အလကားေကာင္ေတြပဲ..."
"တကယ္ပါပဲ... ဘာလို႔ မၾကားရတဲ့ သူကို အႏိုင္က်င့္ရတာလဲ..."
"ပုံမွန္ဆိုရင္ က်ီးရန္ ျပသနာ အႀကီးႀကီးေတြ ရွာရင္ေတာင္ ျပသနာ မတက္ဘူး သူက ဘယ္လိုလုပ္ အထူးေက်ာင္းသူကို ဒီလို လုပ္ႏိုင္ရတာလဲ..."
"ေက်ာင္းအုပ္ႀကီး အေပၚ မူတည္တယ္ ဒီတစ္ႀကိမ္ေတာ့ သူဘာလုပ္ႏိုင္ဦးမလဲ ၾကည့္ရမယ္"
"အရင္ စာသင္ႏွစ္က သူ စီနီယာ တစ္ေယာက္ကို ေဆး႐ုံေရာက္ေအာင္ လုပ္ခဲ့တယ္ေလ... သူေတာ့ ေက်ာင္းထုတ္ခံရေတာ့မယ္လို႔ ငါထင္လိုက္တာ ဒါေပမဲ့ ဘာမွ မျဖစ္သြားဘူးေလ ဒီတစ္ႀကိမ္ေတာ့ သူ ေျပးလို႔ မလြတ္ေတာ့ဘူး သူမက အာဇာနည္တစ္ဦးရဲ႕ သမီးေလ"
အတန္းထဲတြင္ က်ီးရန္ကို တိတ္တဆိတ္ ႀကိဳက္ေနၾကေသာ မိန္းကေလးမ်ား မ်ားျပားေသာေၾကာင့္ သူတို႔က ခ်က္ခ်င္း ျငင္းဆိုၾကေလသည္ " ဘာျဖစ္တယ္ေတာ့ ငါမသိဘူး ဒါေပမဲ့ က်ီးရန္က မိန္းကေလးေတြကို ဘယ္တုန္းကမွ မ႐ိုက္ဘူး"
"အတင္းေျပာတဲ့ ပါးစပ္ေပါက္ေတြနဲ႔ အတန္းထဲမွာ အတင္းေျပာရဲတယ္ေပါ့ နင္တို႔ က်ီးရန္ေရွ႕မွာ ေျပာရဲတဲ့ သတၱိရွိလို႔လား..."
အတန္းထဲတြင္ ဆူညံေနေသာ္လည္း ႐ုံးခန္းထဲတြင္ေတာ့ ခ်ီယင္းက ဘာေတြ ျဖစ္ေနသည္ကို ဆရာလွ်ိဳထံမွ သိလိုက္ရသည္။ သိပ္မၾကာလိုက္ သင္ၾကာေရး ဒါ႐ိုက္တာႏွင့္ ေက်ာင္းအုပ္ႀကီးက အလ်င္စလို ေရာက္လာၾကသည္။
သူရဲေကာင္းတစ္ေယာက္၏ ကေလးကို ေႏြးေထြးေဖာ္ေ႐ြတဲ့ ပတ္ဝန္းက်င္ရေအာင္ လုပ္ေပးသင့္တယ္လို႔ ေျပာခဲ့သည္။ ရလဒ္အေနျဖင့္ ေက်ာင္း၏ ပထမဆုံးေန႔တြင္ ထိုကိစၥ ျဖစ္သြားခဲ့သည္။ သင္ၾကားေရး ဒါ႐ိုက္တာက စိတ္တိုေနေလသည္ " ငါ မင္းကို ေျပာခဲ့တယ္ေလ... က်ီးရန္ကို ေက်ာင္းမွာ ဆက္ထားရတာက က်ိန္စာလိုပဲလို႔ အရင္စာသင္ႏွစ္ထဲက ငါတို႔ သူ႔ကို ေက်ာင္းထုတ္ခဲ့သင့္တယ္ ... သူက သိုးမည္းတစ္ေကာင္ပဲ..."
သူ ႐ုံးခန္းသို႔ ေရာက္လာခ်ိန္တြင္ သူက စကား အေၾကာင္းအရာ ေခါင္းစဥ္ကို ေျပာင္းလိုက္ၿပီး ခ်ီယင္းဘက္သို႔ လွည့္လိုက္သည္။
ခ်ီယင္းက ေဘာပင္ျဖင့္ မွတ္စုစာအုပ္ထဲတြင္ ေရးလိုက္သည္ : က်ီးရန္ သမီးကို မ႐ိုက္ပါဘူး အဲ့တာက နားလည္မႈလြဲေနတာပါ
သင္ၾကားေရး ဒါ႐ိုက္တာက စာျပန္ေရးလိုက္သည္။ ခ်ီယင္းက နားလည္ေအာင္ အခ်ိန္အေတာ္ယူကာ ဖတ္လိုက္ရသည္ : ခ်ီယင္း အမွန္တရားကို ေျပာဆိုဖို႔ မေၾကာက္ပါနဲ႔ ... ငါတို႔ေက်ာင္းက မင္းကို ကာကြယ္မွာပါ...
ခ်ီယင္းက အေၾကာင္းအရာတစ္ခုလုံးကို ေရးကာ ရွင္းျပေတာ့မည့္ အခ်ိန္တြင္ တန္းခြဲ ၉ မွ အတန္းပိုင္ဆရာ လွ်ိဳေယာင္က က်ီးရန္ကို ဦးေဆာင္ကာ ေခၚလာေလသည္။
လွ်ိဳေယာင္က က်ီးရန္ေၾကာင့္ စိတ္ပင္ပန္း ခံမေနေပ။ သူ မႀကိဳးစားခဲ့ေသာေၾကာင့္ မဟုတ္ဘဲ အသုံးမဝင္ေသာေၾကာင့္ပင္။ က်ီးရန္က အၿမဲတမ္းလိုလို ဂ႐ုမစိုက္သလို မ်က္ႏွာထားရွိေသာေၾကာင့္ လူေတြက သူတို႔ေျပာတာကို က်ီးရန္ ၾကားေရာၾကားရဲ႕လားဟုပင္ သံသယဝင္ေစမိသည္။
ေနာက္ပိုင္းတြင္ လွ်ိဳေယာင္က သူ႔ကို ဂ႐ုစိုက္ရန္ ပ်င္းလြန္းေသာေၾကာင့္ သူ ဘာျပသနာမွ မရွာသ၍ လွ်ိဳေယာင္က မ်က္လုံးတစ္ဖက္ကိုဖြင့္ၿပီး တစ္ဖက္ကို မွိတ္ထားခဲ့သည္။
(TN : မသိခ်င္ေယာင္ ေဆာင္တာပါ)
ရလဒ္ကေတာ့ ဒီတစ္ႀကိမ္ သူက အထူးေက်ာင္းသူကို တကယ္ႀကီး အႏိုင္က်င့္ခဲ့တယ္ေလ...
လွ်ိဳေယာင္က ႐ုံးခန္းကို လာရာလမ္းတစ္ေလွ်ာက္တြင္ က်ီးရန္ကို ဆူပူေနခဲ့သည္။ သို႔ေသာ္ က်ီးရန္ကေတာ့ ဂ႐ုမစိုက္သလို အမူအရာျဖင့္ပင္။ သူ႔မ်က္လုံးမ်ားကို ေမာ့ၾကည့္ရန္ပင္ ပ်င္းလြန္းေနသေယာင္။
သူ ႐ုံးခန္းထဲသို႔ ဝင္လိုက္သည္ႏွင့္ ခ်ီယင္းက ထိုေနရာတြင္ လိမ္လိမ္မာမာ ထိုင္ေနသည္ကို ေတြ႕လိုက္ရသည္။ သူ႔ႏႈတ္ခမ္းေထာင့္စြန္းမ်ားက အၿပဳံးတစ္ခုအျဖစ္ တြန္းေကြးသြားလ်က္။ သူ ထိုင္ခုံေပၚသို႔ ပ်င္းရိစြာျဖင့္ ထိုင္ခ်လိုက္သည္။
သင္ၾကားေရး ဒါ႐ိုက္တာက ထခုန္မိေတာ့မတတ္ " မင္း မတ္တတ္ရပ္လိုက္စမ္း..."
က်ီးရန္က မတ္တတ္မရပ္႐ုံတင္ မဟုတ္ဘဲ သူ႔ ေျခေထာက္မ်ားကိုပင္ တစ္ခုေပၚတစ္ခု တင္ကာခ်ိတ္လိုက္ေလသည္။ သူ႔ပုံစံက စီးကရက္တစ္လိပ္ကိုပင္ မီးညႇိ၍ ေသာက္ခ်င္ေနသေယာင္။
ဆရာမ်ား၏ အမူအရာမ်ားက ဆိုးဝါးသြားၾကသည္။ ေက်ာင္းအုပ္ႀကီးက သူ႔ကို ေသခ်ာစိုက္ၾကည့္လိုက္ၿပီး အသံခပ္နက္နက္ျဖင့္ ေျပာလိုက္သည္ " က်ီးရန္ ဒီတစ္ႀကိမ္ေရာ ဘာျဖစ္ျပန္တာလဲ... ဆရာေတြ အမ်ားႀကီး ဒီမွာ ရွိေနတယ္ မင္း ရွင္းျပပါ"
က်ီးရန္၏ မ်က္လုံးမ်ားက ပို၍ ပ်င္းရိေနသေယာင္၊ သူ႔အသံကလည္း ပ်င္းရိပ်င္းတြဲျဖင့္ ေျပာလိုက္သည္ " ရွင္းျပစရာ လိုေသးလို႔လား... ကြၽန္ေတာ္ ႐ိုက္လိုက္တယ္လို႔ ဆရာ ထင္ေနတာပဲမလား... ကြၽန္ေတာ့္ကို အျပစ္သာ ေပးလိုက္"
သင္ၾကားေရး ဒါ႐ိုက္တာက က်ီးရန္ကို ထပ္၍ ဆူပူခ်င္ေသးေသာ္လည္း ေက်ာင္းအုပ္ႀကီးက သူ႔ကို တားလိုက္သည္ " မင္းက ကေလး မဟုတ္ေတာ့ကို ဆရာသိတယ္ မင္း စိတ္လိုက္မာန္ပါ လုပ္တတ္တယ္ဆိုေပမဲ့ ဘာက မွန္တယ္ ဘာက မွားတယ္ ဆိုတာကိုေတာ့ မင္း သိကိုသိရမယ္ေလ"
စကားမၿပီးေသးခင္ သူ႔အက်ႌကို အဆြဲခံလိုက္ရသည္။
ေက်ာင္းအုပ္ႀကီး လွည့္ၾကည့္လိုက္ေသာအခါ ခ်ီယင္းက သူ႔ေနာက္တြင္ ရပ္ေနရင္း စာတစ္ပိုဒ္ေရးထားေသာ စာ႐ြက္ကို သူ႔အား သူ႔ကို ကမ္းေပးေနသည္ကို ေတြ႕လိုက္ရသည္။ ဆရာမ်ား ငုံ႔ၾကည့္လိုက္ၾကသည္။ ဖတ္ၾကည့္ၿပီးေနာက္ စိတ္တိုေနေသာ အၾကည့္မ်ားက ရႈပ္ေထြးေနသည့္အၾကည့္မ်ားအျဖစ္သို႔ ႐ုတ္တရက္ ေျပာင္းလဲသြားၾကသည္။
မ်က္ႏွာေပၚတြင္ အၿပဳံးျဖင့္ ေက်ာင္းအုပ္ႀကီးက က်ီးရန္ကို လွည့္ၾကည့္လိုက္သည္ " ဆရာေျပာပါတယ္ မင္းက အမွားအမွန္ကို ခြဲျခားသိတဲ့ကေလးပါလို႔ ဒီလို ေကာင္းမြန္တဲ့လုပ္ရပ္ေတြကို ဆရာေတြကို ဘာလို႔ မရွင္းျပခဲ့ရတာလဲ..."
က်ီးရန္ : ...
သူ ဘာလုပ္ခဲ့လို႔လဲ... ေကာင္းမြန္တဲ့ လုပ္ရပ္နဲ႔ ဘယ္လိုမ်ား ဆက္စပ္ေနလို႔လဲ...
ေက်ာင္းအုပ္ႀကီး : "တျခားေက်ာင္းက ေက်ာင္းသားဆိုးေတြက ခ်ီယင္းကို အႏိုင္က်င့္ခဲ့တာပဲ ကူညီေပးတာက မွန္ေပမဲ့ ျပသနာကို ေျဖရွင္းဖို႔ အၾကမ္းဖက္တဲ့ နည္းလမ္းေတြ သုံးတာက မေကာင္းဘူး မင္းကိုလည္း ထိခိုက္ေစႏိုင္တယ္ေလ မင္းက လူနာတင္ယာဥ္ ေခၚခဲ့တယ္ ေနာက္တစ္ခါဆို ရဲစခန္းကိုပါ ဖုန္းဆက္ေခၚလိုက္... ဒီတစ္ႀကိမ္ မင္းက ခ်ီယင္းကို ကာကြယ္ေပးခဲ့တယ္ ဆရာတို႔ေက်ာင္းမွာ ဆုေပး ဒဏ္ေပးစနစ္ကို ရွင္းရွင္းလင္းလင္း ခြဲျခားေပးထားတယ္ ဒီတစ္ႀကိမ္ မင္းကို အပို credit ေတြေပးမယ္"
က်ီးရန္ : ...
ဘယ္သူက အပို credit ေတြကို လိုခ်င္ေနလို႔လဲ...
သူ ခ်ီယင္းကို စိတ္မရွည္သလို ေမာ့ၾကည့္လိုက္သည္။ မိန္းမငယ္ေလးကို ၿပဳံးျပလိုက္ၿပီးေနာက္ သူ၏ အမူအရာက ေအးခဲသြားေလသည္။ သူ ဆဲေရးလိုက္ၿပီး ေခါင္းငုံ႔လိုက္ေတာ့သည္။
ျပသနာကို ေျဖရွင္းၿပီးသြားၿပီ ျဖစ္ေသာေၾကာင့္ က်ီးရန္ႏွင့္ ခ်ီယင္း သူတို႔၏ အတန္းမ်ားသို႔ အသီးသီး ျပန္သြားရေလသည္။ တန္းခြဲ ၂ ႏွင့္ တန္းခြဲ ၉ က ေဟာခန္း၏ အစႏွင့္ အဆုံးတြင္ ရွိေလသည္။ ေလွကားမ်ားအေပၚသို႔ တက္သြားၿပီးေနာက္ သူတို႔ႏွစ္ေယာက္လုံးက သက္ဆိုင္ရာ ဘယ္ညာသို႔ သြားၾကသည္။
ေလွကားေပၚသို႔ တက္ေနခ်ိန္တြင္ ခ်ီယင္းက က်ီးရန္၏ ေနာက္တြင္ နာခံစြာျဖင့္ လိုက္လာေလသည္။
ကိုယ္ပိုင္စာၾကည့္ခ်ိန္ အေစာပိုင္းျဖစ္ေနေသာေၾကာင့္ စႀကႍတြင္ မည္သူ တစ္ဦး တစ္ေယာက္မွ် မရွိေပ။ က်ီးရန္က ေလွကားေပၚသို႔ တက္ၿပီးေနာက္ ေနာက္သို႔ လွည့္လိုက္သည္။
ခ်ီယင္းက သူႏွင့္ ေျခႏွစ္လွမ္းအကြာတြင္ပင္။ ေမာ့ၾကည့္လိုက္ၿပီးေနာက္ သူမက အၿပဳံးျဖင့္ မ်က္လုံးမ်ားက ႏူးညံ့ေနေလသည္။
သူက သူမထက္ ျမင့္ေသာ ေနရာတြင္ ရပ္ေနရင္း ၿပဳံးလိုက္သည္ " ငါ ဘယ္တုန္းက မင္းကို ကယ္ခဲ့လို႔လဲ..."
ခ်ီယင္း သူေျပာသည္ကို မၾကားရေပ။ သူမ၏ ႏႈတ္ခမ္းေထာင့္စြန္းမ်ားကို လွ်ာျဖင့္ သပ္လိုက္ၿပီး နာခံေသာ အၿပဳံးေလးျဖင့္ ၿပဳံးေနေလသည္။
ဒီလို ထပ္ၾကည့္ျပန္ၿပီ
က်ီးရန္ သူ႔ႏွလုံးခုန္သံကို ၾကားလိုက္ရၿပီး ၿပဳံးခ်င္ေနသည့္စိတ္ကို လ်စ္လ်ဴရႈထားလိုက္ၿပီး သူမကို ေအးစက္ ၾကမ္းၾကဳတ္စြာ ၿခိမ္းေျခာက္လိုက္သည္ " ေလာင္ဇစ္ကို ဘယ္ေတာ့မွ ထပ္ရယ္မျပနဲ႔ ... ေလာင္ဇစ္ ေနာက္ကိုလည္း မလိုက္နဲ႔ေတာ့ ၾကားလား..."
ခ်ီယင္း မ်က္ေတာင္ ပုတ္ခတ္ပုတ္ခတ္ လုပ္လိုက္သည္။
သူ ျမန္ျမန္ လွည့္ထြက္သြားေတာ့သည္။
ခ်ီယင္း သူ႔ေနာက္ေက်ာဘက္တြင္ လက္ျပလိုက္သည္။
အတန္းထဲသို႔ သူမ ျပန္ေရာက္ေသာအခါ သူမ ဝင္လိုက္သည္ႏွင့္ အတန္းက တိတ္ဆိတ္သြားေတာ့သည္။ ခ်ီယင္းက လူစိတ္ဝင္စားခံရသည့္ ခံစားခ်က္ကို မႀကိဳက္ေပ။ သို႔ေသာ္ ေကာလဟာလမ်ားကို သတိရလိုက္ေသာအခါ သတၱိမ်ားကို စုစည္းလိုက္ၿပီး စာသင္စင္ျမင့္ထက္သို႔ သြားလိုက္ၿပီး ေျမျဖဴကို ေကာက္ကိုင္လိုက္သည္။
အတန္းမွ ေက်ာင္းသားမ်ားက ကိုယ္ပိုင္စာၾကည့္ခ်ိန္တြင္ စာၾကည့္ရမည္ကို အာ႐ုံမရွိဘဲ သူမကို အံ့အားသင့္စြာ ၾကည့္လိုက္ၾကသည္။
ခ်ီယင္းက တစ္ႀကိမ္လွ်င္ စုတ္ခ်က္တစ္ခ်က္ ဆြဲေလသည္ : က်ီးရန္က ငါ့ကို မ႐ိုက္ခဲ့ပါဘူး မေန႔က ငါ တျခားေက်ာင္းက အႏိုင္က်င့္တဲ့သူ တစ္ေယာက္နဲ႔ ေတြ႕ခဲ့တာ သူက ငါ့ကို ကူညီေပးခဲ့တာပါ
သူမ ေရးၿပီးေနာက္ အတန္းေဖာ္မ်ား ဘက္သို႔ လွည့္ၾကည့္ကာ ၿပဳံးလိုက္ၿပီး ေက်ာက္သင္ပုန္းမွ စာမ်ားကို ေဘာဖ်က္ျဖင့္ ဖ်က္လိုက္သည္။ သူမ၏ ထိုင္ခုံေနရာသို႔ ျပန္သြားၿပီး ထိုင္လိုက္သည္။ ယြဲ႕လီက စိတ္လႈပ္ရွားလြန္းေသာေၾကာင့္ သူမ မ်က္ႏွာေပၚတြင္ ထင္ရွားေနသည္။ သူမက စာေရးၿပီး ေမးလိုက္သည္ : ယင္းယင္း နင္ က်ီးရန္ကို အရင္က သိလား...
ခ်ီယင္း ေခါင္းခါလိုက္သည္။
ယြဲ႕လီ အံ့အားသင့္သြားေလသည္ : ဒါေပမဲ့ သူ နင့္ကို ကူညီခဲ့တယ္... က်ီးရန္က အရမ္း ရက္စက္ၿပီး ဒုကၡေပးတတ္တာ... နင္က ေခ်ာလို႔ နင့္ကို ကူညီခဲ့တာမ်ားလား...
ခ်ီယင္းက ေလးနက္စြာ ေရးျပလိုက္သည္ : မဟုတ္ဘူး သူက လူေကာင္း တစ္ေယာက္ပါ
သူမရဲ႕ စစ္သူႀကီးက ကမာၻေပၚမွာ အေကာင္းဆုံးလူပဲ
သူက ရန္သူေတြ ဖမ္းသြားတဲ့ ဒုကၡသည္ေတြကို ကယ္ဖို႔ နယ္ျခားေစာင့္တပ္စခန္းထဲသို႔ပင္ စြန္႔စားကာ ဝင္သြားရဲသည္။
သူ၏ တဲစခန္းကို ဒဏ္ရာရေနသူအတြက္ ေပးႏိုင္ၿပီး တပ္မေတာ္အတြက္ ရိကၡာတိုးေစရန္ သူ႔ကိုယ္ပိုင္ ရိကၡာမ်ားကိုပင္ ေပးႏိုင္သည္။
သူ႔ တစ္ဘဝလုံးကို ျပည္သူေတြအတြက္ တိုက္ခိုက္ေပးခဲ့သည္။ သူေသဆုံးၿပီးေနာက္ သူ၏ ႐ုပ္အေလာင္းကို ေပက်င္းသို႔ ျပန္သယ္လာေသာအခါ ျပည္သူမ်ားက ႀကိဳဆိုခဲ့ၾကသည္။
ယခု ဤကမာၻႀကီးက ၿငိမ္းခ်မ္းေနၿပီး သူမ၏ စစ္သူႀကီးက ရန္သူမ်ားကို တိုက္ခိုက္ရန္ မလိုေတာ့ေပ။ ဤကမာၻႀကီးက သူ႔ကို အေတာ္ေလး နားလည္မႈလြဲေနပုံပင္။
သို႔ေသာ္ သူမ၏ စစ္သူႀကီးက မေျပာင္းလဲမွန္း သူမ သိေလသည္။
သူမ၏ သူရဲေကာင္းပင္။ သူမ ဘယ္ေနရာမွာပဲ ျဖစ္ေနပါေစ၊ အခ်ိန္ႏွင့္ ေနရာက ေျပာင္းလဲသြားလွ်င္ပင္ အေရးမႀကီးေပ။ သူမ ထိုရဲရင့္ေသာ ႏွလုံးသားတစ္စုံကို ဘယ္ေတာ့မွ ေမ့မည္ မဟုတ္ေပ။
...................................................
(TN : ဒါေလးကို mybibliobay.com မွာလည္း တင္ထားပါတယ္ေနာ္)