Mr.Rong's ချစ်မှုရေးရာ ဒိုင်ယ...

By eithethmue

51.9K 7K 113

မင်္ဂလာ ညချမ်းပါရှင် အသစ်လေးတွေ လာကြေညာတာပါ ရှင့် ???? BL အတိုလေးနှစ်ပုဒ် PICK ထားပါတယ် အပိုင်းသိပ်မများတာလေး... More

Chapter 1.1
Chapter 1.2
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9.1
Chapter 9.2
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21.1
Chapter 21.2
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56.1
Chapter 56.2
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 67
Chapter 68
Chapter 69.1
Chapter 69.2
Chapter 70
Chapter 71
Chapter 72
Chapter 73
Extra 1
Extra 2
Extra 3
Extra 4
Extra 5
Extra 6
Extra 7
Extra 8
Extra 9
Extra 10
Extra 11
End of Extra

Chapter 66

488 70 1
By eithethmue


Chapter 66:

ရုန်ယီ ကိုယ်မင်းကို လိုချင်တယ်....





ချန်းခယ့်ယောင် က ရုန်ယီ အား သူ့အပေါ် အဆင်မပြေတဲ့ အချစ်ရေးကာလ၌ သူ့အကြောင်း လေးလေးနက်နက် မတွေးဝံ့တာကြောင့် ဖြစ်သည်ဟု ရုန်ယီ ကို ပြောပြခဲ့သည်။ သို့သော် ယခုတွင် ကွဲပြားသွားသည်။ ယခုတွင်တော့၊သူသည် ရုန်ယီဖြတ်သွားနေတာကို မြင်သည့်အခါတိုင်း ရုန်ယီအား သူ့ရင်ခွင်ထဲကို ဆွဲသွင်းကာနမ်းချင်နေခဲ့သည်။





သို့သော် လက်တွေ့တွင်တော့ ချန်းခယ့်ယောင် သည် သူ့အတွေးများကို အကောင်အထည်ဖော်ရန် အချိန်မရမီတွင် သူ့တစ်ကိုယ်လုံး စိတ်မသက်မသာဖြစ်ခဲ့ရသည်။





ချန်းခယ့်ယောင်သည် ရုန်ယီကို သူ့ အပိုင်အဖြစ် ချက်ချင်းသတ်မှတ်ရန် အလျင်စလိုမဖြစ်သော်လည်း၊ ရုန်ယီအား မနမ်းနိုင်သည့်အတွက် သူ့နှလုံးသားထဲမှ စိတ်မကောင်းဖြစ်မိသည်။





ချန်းခယ့်ယောင် ထိုအရာများအား ပြောပြီးချိန်၌ သူသည် ကားမောင်းသူထိုင်ခုံမှာ ထိုင်နေကာ သူ့လက်တွေက စတီယာရင်ကိုတင်းတင်းကိုင်ထားပြီး သူ့မျက်နှာက ညှိုးငယ်သွားခဲ့သည်။





တွဲဖက်ယာဉ်မောင်း၏ ထိုင်ခုံတွင်ထိုင်ပြီး ချန်းခယ့်ယောင် ၏စကားကို ငြိမ်သက်စွာ နားထောင်နေသော ရုန်ယီ သည် လေးလေးနက်နက် ဆင်ခြင်မိသွားခဲ့သည်။



ခဏအကြာ၌ မီးနီစောင့်ဆိုင်းနေစဉ် ရုန်ယီသည် ဘယ်ဘက်သို့ အနည်းငယ် စောင်း၍ ပြောလာသည်-





“ဒါဆို နောင်အချိန်မှာ မင်းဘာမှ ဂရုမစိုက်ဘဲ မင်းကို နမ်းဖို့ ငါ ကပဲ အစပြုလိုက်မယ်..... ဘယ်လိုလဲ?"





ကံမကောင်းစွာပဲ၊ ချန်းခယ့်ယောင်က သူ့ခေါင်းကိုတောင် လှည့်မလာခဲ့ပေ။





သူက မျက်မှောင်ကြုတ်ပြီး အသက်ပြင်းပြင်းချလိုက်ကာ ပြောလာသည်-





“… ကိုယ်ကားမောင်းနေတာ.....ကျေးဇူးပြုပြီး စကားမပြောပါနဲ့။"





ထို့နောက် သူ ဖော်မြူလာများကို စတင်ရွတ်ဆိုခဲ့သည်။





ရုန်ယီသည် ချန်းခယ့်ယောင်ဆီက ယခုပင်ပြောလိုက်သော "စိတ်ဆင်းရဲစရာ" ဟူသော စကားလုံး၏ ဆိုလိုရင်းအား ချက်ချင်း သဘောပေါက်သွားသည်။

.

အမှန်တကယ်တွင် ရုန်ယီ ဟာ သူ့ရဲ့ ပြန်လည်ကောင်းမွန်လာတဲ့ ချစ်သူကို မြင်သောအခါ သူသည်လည်း သူအားဖက်ထားကာ နမ်းချင်ခဲ့သည်။ရုန်ယီက ချန်းခယ့်ယောင်၏ ခန္ဓာကိုယ်ကို စိတ်ပူနေတာကြောင့် မဟုတ်ရင် သူ ချန်းခယ့်ယောင်အား တစ်နေ့ကို အကြိမ်ရှစ်ဆယ်မျှ နမ်းလိမ့်မည်။ ယေဘူယျအားဖြင့် ပြောရလျှင် ခင်မင်ရင်းနှီးသော စုံတွဲများသည် သူတို့၏ ဆက်ဆံရေးကို စတင်အတည်ပြုသောအခါတွင် မည်မျှပင် ခွဲခွာရပါစေ၊ သူတို့၏ အပြုအမူများကို မလွဲမသွေ အာရုံစိုက်ကြမည်ဖြစ်သည်။





သို့သော်၊ ထိုအရာသည် ရုန်ယီ နှင့် ချန်းခယ့်ယောင်တို့၌ တော့လုံးဝမတူညီခဲ့ပေ။ ရုန်ယီသည် အမြဲတမ်း၌ သူနဲ့ ချန်းခယ့်ယောင်သည် တကယ်ကို အချိန်အကြာကြီး ချစ်နေခဲ့တာလို့ အမြဲခံစားခဲ့ရသည်။ တစ်ယောက်နဲ့တစ်ယောက် နေ့ရောညရောပါ တူတူနေလာကြရင်း သူတို့သည် အခြားသူများ၏ မပျော်ရွှင်ကြတာ စိတ်မချမ်းသာကြသည်များအား မြင်တွေ့ခဲ့ရသည်။





ထို့ကြောင့်၊ သူတို့တွင် ဖုံးကွယ်ထားစရာ ဘာတစ်ခုမှ မရှိခဲ့ဘဲသူတို့၏ စိတ်အားထက်သန်မှုများပင်လျှင် အထူးပင် ပွင့်ပွင့်လင်းလင်း ရှိနေသည်။



အကြိမ်ရေအများစု၌ ရုန်ယီသည် သူနှင့် ချန်းခယ့်ယောင် သည် ချစ်သူဖြစ်နသည်ဟု သတိမထားမိခဲ့ပေ။ ယင်းအစား သူတို့သည် တစ်ဦးနှင့်တစ်ဦး အမြဲတစေ ချစ်ခြင်းမေတ္တာရှိကြသော ခင်ပွန်းသည်နှင့် ကာလကြာရှည်စွာ လက်တွဲခဲ့ကြသည်ဟု သူခံစား‌ နေခဲ့ရသည်။ သို့သော် သူတို့သည် ဘ၀၏အကောင်းဆုံး သံစဉ်လေးနှင့်ပက်သက်၍ အတွေ့အကြုံမရှိကြသေးပေ… (ဤအကြောင်းအရာသည် လိင်ဆက်ဆံခြင်းအားညွှန်းဆို၏)၊





အမှန်အတိုင်းပြောရလျှင် ရုန်ယီအနည်းငယ် စိတ်ဓာတ်ကျသွားသည်။ ဒါပေမယ့် ချန်းခယ့်ယောင်က သူ့၌ ဒီလို စိတ်ခံစားချက်များ ဖြစ်တည်သွားသည် ကို ဘယ်တော့မှ သိခွင့်မပြုမည်မဟုတ်။ သူ့ရဲ့ မက်ဆေ့ချ်များ၌ ချန်းခယ့်ယောင်က သူ့သူငယ်ချင်းအားပြောခဲ့ဖူးသည်။

(မင်းအတွက် သင့်တော်တဲ့သူက မင်းရဲ့ရောဂါကို ခံနိုင်ရည်ရှိမှာပါ)





ရုန်ယီ ဤစာကိုဖတ်ပြီး သူ့ကိုယ်သူ ယုံကြည်သည်ဟု ခံစားလာရသောအခါ၌ အထူးဝမ်းသာသွားသည်။ ထို့ကြောင့် သူသည် ချန်းခယ့်ယောင် ၏မျှော်လင့်ချက်အတိုင်း အသက်ရှင်ချင်သည်။





အခု ရုန်ယီပိုစိုးရိမ်တာက ချန်းခယ့်ယောင် က သူ့ရောဂါအပေါ်သူ့ကိုယ်သူ သည်းမခံနိုင်တော့သည်ကိုဖြစ်၏။





အိမ်ပြန်ရောက်ပြီးနောက်၊ ရုန်ယီ သည် ချက်ပြုတ်ရင်းနှင့်အလုပ်ရှုပ်နေချိန်တွင် ချန်းခယ့်ယောင်သည်ဧည့်ခန်းရှိ ဆိုဖာပေါ်၌ လှဲေလျာင်းနေကာ သူ၏ note book ကို ကိုင်ကာ စာရိုက်နေခဲ့သည်။





ရုန်ယီ  ချန်းခယ့်ယောင်၏ အကြိုက်ဆုံး နံရိုးဟင်းချိုကို ဂက်စ်မီးဖိုပေါ်တင်ပြီး မီးတင်လိုက်သည်။

ထို့နောက် မီးဖိုချောင်မှ ထွက်လိုက်ကာ ဧည့်ခန်းထဲသို့ လှမ်းကြည့်လိုက်သည်။ ချန်းခယ့်ယောင် သတိမထားမိပုံ‌ရသောအခါ ရုန်ယီ သူ့အခန်းသို့ ပြန်သွားခဲ့သည်။ နာရီဝက်လောက်ကြာပြီးသောအခါ သူ သပ်ရပ်စွာ ပြင်ပြီးတာနဲ့ မီးဖိုခန်းကို သွားကြည့်ဖို့ စီစဉ်လိုက်စဉ်တွင် သူ့ဖုန်းက တုန်ခါသွားသည်။



သူနှင့်ငါးမီတာလောက်သာဝေးသော ချန်းခယ့်ယောင် သည် ရုန်ယီ အား မကျေနပ်နေသည့် အီမိုဂျီတစ်ခု ပေးပို့ခဲ့သည်။





ရုန်ယီသည်စိတ်ရှုပ်သွားပြီး ဧည့်ခန်းဆီသို့ လှမ်းအော်လိုက်သည်။





"မင်းဘာပြသနာထပ်ရှိရပြန်ပြီလဲ?"





ချန်းခယ့်ယောင်သည်က ဘာမှ ထပ်မပြောလာပေ့မယ် ရုန်ယီ၏လက်ကိုင်ဖုန်းက ထပ်မံ တုန်ခါသွားပြန်သည်။





"မင်းပြောတော့ မင်းက ကိုယ် မင်းကို အာရုံမစိုက်မိတဲ့အခါတွေကျ နမ်းမယ်ဆို...မင်းလိမ်တယ်....."





ရုန်ယီ ရယ်ရမလား ငိုရမလား မသိဖြစ်သွား၏။





သူက လက်ကိုင်ဖုန်းကို ချလိုက်ကာ အပြင်သို့ထွက်လာခဲ့သည်။ သူ့အခန်းတံခါးဝသို့ရောက်သောအခါတွင် သူ ညင်သာစွာချောင်းဟန့်လိုက်သည် ဆိုဖာပေါ်တွင် လဲလျောင်းနေဆဲဖြစ်သော ချန်းခယ့်ယောင်က သူ့ note book ကို စိုက်ကြည့်နေပြီး လုံးဝသူ‌ဆီ အာရုံမရလာဘဲ အလေးအနက်ထားပုံရသည်။





ရုန်ယီသည် ဆိုဖာပေါ်သို့ တမင်ပင်နှေးကွေးစွာ ခေါင်းကိုငုံ့လိုက်ကာ ချန်းခယ့်ယောင်ကို အာရုံစိုက်လိုက်သည်။





သို့သော် ထို့နောက် သူသည် ဆိုဖာကိုဖြတ်ပြီး မီးဖိုချောင်ထဲကို တည့်တည့်လျှောက်သွားခဲ့သည်။ မီးဖိုချောင်ထဲမှာ ခဏလောက် ရယ်မောပြီးနောက်၊ သူချောင်းကြည့်လိုက်သောအချိန်တွင် ချန်းခယ့်ယောင်သည် ထထိုင်နေပြီဖြစ်ကာ နာကျင်နေတဲ့ မျက်နှာကို ဖုံးအုပ်ထားသည်အားမြင်လိုက်ရသည်။





ရုန်ယီက အနည်းငယ်လွန်သွားသည့်ပုံရ‌၏။





သို့သော်လည်း ယခုအချိန်၌ထွက်သွားကာ ချန်းခယ့်ယောင် ကို နမ်းလိုက်မည်ဆိုလျှင် ချန်းခယ့်ယောင် ၏ရုန်းကန်နေရမှုကြီးကို အနှောင့်အယှက်ဖြစ်စေမည်မဟုတ်ပေဘူးလား....?





ရုန်ယီသည် မီးဖိုချောင်တွင် ရပ်ကာ မျက်မှောင်ကြုတ်ကာ တုံ့ဆိုင်းနေ၏။ ခဏအကြာတွင် ချန်းခယ့်ယောင် ရုတ်တရက် တံခါးကို တွန်းဖွင့်ပြီး ဝင်လာခဲ့သည်။





သူ နေမကောင်းတဲ့ပုံပေါ်နေသေးကာ စိတ်မပျော်နေသည်က သိသာပါသည်။





"မင်းက ကိုယ်နဲ့ တမင်တကာ ကစားနေတာပဲ"





ချန်းခယ့်ယောင် က ပြောသည်။





ရုန်ယီ က အမြန်ပြုံးပြလိုက်ကာ သူဘက်လှည့်လာသည်။





"မဟုတ်ပါဘူး.....ဒါပေမယ့် မင်းငါ့ကို အခုကျ အာရုံစိုက်နေတာ သိသာတယ်.... အဲဒါက ငါတို့ သဘောတူထားတာနဲ့ မတူဘူးလေ...."





ချန်းခယ့်ယောင် သည် သူ၏ မီးဖိုချောင်ကို လျစ်လျူရှူကာ ထွက်ခဲ့သည်။





သူက မျက်မှောင်ကြုတ်ပြီး ထူးထူးခြားခြား ခံ့ညားတဲ့ ပုံစံနဲ့ ရုန်ယီ ဆီကို တည့်တည့် လျှောက်သွားတာကြောင့် ရုန်ယီဟာ အပြစ်ရှိသည်ဟု ခံစားရပြီး နောက်ပြန်ဆုတ်သွားခဲ့သည်။





ရုန်ယီသည် မီးဖိုချောင်၏ အအေးခံကြွေပြားများထိတိုင်အောင် ကျောခိုင်းလိုက်သောအခါတွင်၊ ချန်းခယ့်ယောင်သည် သူ့ထံသို့ လျှောက်လာ‌ နေပြီး ရုန်ယီ၏ မျက်နှာနှင့် မနီးမဝေး နံရံပေါ်တွင် သူ့လက်ကို တင်လိုက်သည်။





"...မင်းအဆင်ပြေရဲ့လား.....မသက်မသာခံစားနေရလား..."





ရုန်ယီ သတိကြီးကြီးနဲ့ မေးလိုက်သည်။





“ကောင်းပါတယ်၊”





ချန်းခယ့်ယောင်က ခေါင်းညိတ်လိုက်ကာ ရုန်ယီထံသို့ မှီကျလာသည်။





“ကိုယ် အဲဒါကို ကျော်ဖြတ်နိုင်ခဲ့တယ်....အခု...မြန်မြန်လေး အချိန်ယူလိုက်တော့...."



မူလက ရုန်ယီထင်သည်က ထိုအရာသည် သူတို့ နေရက်တိုင်း ပေးနေကြ‌ဖြစ်သော နွေးထွေးကာ တိုးတောင်းသော ပေါ့ပေါ့ပါးပါးအနမ်းလေးဟုထင်ထားသော်လည်း ချန်းခယ့်ယောင်သည်သူ၏အဖျားအား အနိုင်ပိုင်း ပစ်ရန်စိတ်ပိုင်းဖြတ်ထားပုံရနေ၏။





ရုန်ယီ သူ၏ အသက်ရှုသံကထိန်းချုပ်မှုများပျက်ပြားလာသည့်ပုံရသည်ဟုခံစားလာသည်။ သူ၏အယ်လ်ဖာသည်ရုတ်တရက်သူအား လွှတ်မပေးတော့ဘဲ ထိုအစား သူ့အနောက်အား ဆက်တိုက်လိုက်နေလေ၏။





ယင်း ယောက်ျားနှစ်ဦး၏ နှုတ်ခမ်းများ မထပ်မှီတွင် ရုန်ယီက သူ့ခေါင်းကို စောင်းလိုက်ပြီး ချန်းခယ့်ယောင် ၏ မျက်နှာကို ဆုပ်ကိုင်ရန် သူ့လက်ကို ဆန့်တန်းလိုက်သည်။ သူက ချန်းခယ့်ယောင်ရဲ့ပါးပြင်သို့ နီးကပ်လာကာ တီတိုးပြောလာသည်။





"အဆင်ပြေရဲ့လား?"





ချန်းခယ့်ယောင်သည် ခေါင်းကို အနည်းငယ်ခါယမ်းလိုက်ပြီး ရုန်ယီ ကို ထပ်မံနမ်းလိုက်သည်။





ရုန်ယီသည် ဒီအချိန်၌သူ့ကိုယ်သူလည်း အဆင်မပြေသလို ခံစားလိုက်ရသည်။





ချန်းခယ့်ယောင်၏ နူးညံ့ပြီး စွဲမက်ဖွယ်ကောင်းသော ရနံ့သည် နေရာအနှံ့ကို မသိလိုက်ဘဲ စိမ့်ဝင်သွားသည် ရုန်ယီထိုအခြင်းအရာကို သတိပြုမိသောအခါ တစ်ကိုယ်လုံး အရေပြားတစ်လက်မမကျန် ပူနွေးသောရေထဲ၌ ရောက်နေလေသော ဖားတစ်ကောင်ကဲ့သို့ ဖြစ်နေသလိုပင်။





သို့သော်လည်း၊ ရုန်ယီသည် သူ၏ တွန်းအားများကို ဖိနှိပ်လိုက်သည့်အချိန်၌ သူ၏ အယ်လ်ဖာ သည် သူ၏ ခံနိုင်ရည် ကန့်သတ်ချက်သို့ ရောက်ရှိသွားပုံရသည်။





ချန်းခယ့်ယောင်သည် နောက်ဆုံးတွင် ရုန်ယီ၏ နှုတ်ခမ်းများကို လွှတ်လိုက်သော်လည်း သူ့လက်များကို မလွှတ်လိုက်ပေ။ သူက ရုန်ယီကို ပွေ့ဖက်လိုက်ပြီး ရုန်ယီ ရဲ့ ပခုံးပေါ် ခေါင်းကို မြှုပ်လိုက်ပြီး  သဘာ၀မဆန်သော တုန်လှုပ်မှုတွေနဲ့ အသက်ပြင်းပြင်းရှူသည်။





ထို့ကြောင့် ရုန်ယီသည် ချန်းခယ့်ယောင်ကို ပွေ့ဖက်ကာ ချန်းခယ့်ယောင် ၏ ခေါင်းနောက်ဘက်တွင် သူ့လက်ကို နေရာချကာ သူ့ကို နှစ်သိမ့်ရန် ကြိုးစားလိုက်သည်။





“ ကောင်းပြီ....မကြာခင် အဆင်ပြေသွားမှာပါ။ သိပ်မကြာခင်မှာ လုံးဝပျောက်ကင်းသွားလိမ့်မယ်....”





ရုန်ယီက တီးတိုးပြောပြီး နောက် ခေါင်းကိုလှည့်ကာ ချန်းခယ့်ယောင်၏ ပါးပြင်ကို နမ်းလိုက်သည်။





"ဟေ့ ဒီတခေါက်မှာတော့ မင်းသေချာ အာရုံစိုက်မနေဘူးပဲ...."





ဤအခိုက်အတန့်၌ အနည်းငယ်တုန်လှုပ်နေသော ချန်းခယ့်ယောင်သည် ရယ်နေနိုင် သေးသည်ဟု သူထင်ခဲ့သည်။





ဤကဲ့သို့ခဏရပ်ပြီးနောက်၊ ရုန်ယီက ချန်းခယ့်ယောင်သည် သူ၏အန်ချင်သောဆန္ဒကို တစ်ဖန်အောင်မြင်စွာ ကျော်လွှားနိုင်မည်ဟု ခန့်မှန်းခဲ့သည်။ ထို့ကြောင့် သူသည် ချန်းခယ့်ယောင်နှင့် အနည်းငယ်ဝေးရာသို့ ရွှေ့လိုက်ပြီး ချန်းခယ့်ယောင် ၏လက်ကို ကိုင်ကာ ဧည့်ခန်းသို့ ပြန်ခေါ်သွားခဲ့သည်။





"ဒီမှာ ခဏထိုင်"





ချန်းခယ့်ယောင်ကို ဆိုဖာပေါ် သို့ဖိချလိုက်သည်။





"ငါ မင်းအတွက် ရေတခွက်ယူပေးမယ်"





ထိုစကားကို ပြောပြီးနောက် သူ လှည့်ထွက်ရန်လုပ်ပါသော်လည်း ချန်းခယ့်ယောင်က သူ့အားလွှတ်ရန် ဆန္ဒမရှိသည်ကို တွေ့ရှိမှသာ ပြန်လှည့်ကြည့်လာခဲ့သည်။





ရုန်ယီ ခေါင်းငုံ့ကာ ခံစားချက်များရှုပ်ယှက်ခတ်နေသော ချန်းခယ့်ယောင် ဆီသို့ ငုံ့ကြည့်လိုက်ချိန်၌ ချန်းခယ့်ယောင် ၏ အရှိန်အဟုန်ပြင်းပြင်းဖြင့် ရှေ့သို့ ဆွဲချခြင်းကြောင့် လဲကျသွားခဲ့သည်။





ချန်းခယ့်ယောင် သူ့ကို မလွှတ်ပေးချင်ခဲ့ချေ။ခဏတာ အထိတ်တလန့်ဖြစ်ပြီးနောက် သူ မရုန်းကန်ရန် ရွေးချယ်ခဲ့သည်။



ချန်းခယ့်ယောင် ၏ ပရိုမုန်းများ က သူအဆုတ်ထဲသို့ထပ်မံ စိမ့်ဝင်လာသောအခါ ရုန်ယီ၏ စိတ်ထဲတွင် တုံ့ပြန်လိုက်ရန် ဗီဇသာ ကျန်ရှိတော့သည် ။ သူသည် များပြားသော ပရိုမုန်း အများအပြားကို မသိစိတ်မှ ထုတ်လွှတ်ရမည်ဟု သိထားကာ ယခုတွင် ချန်းခယ့်ယောင် အသက်ရှူလိုက်တိုင်း ရုန်ယီ၏ပရိုမုန်းများကိုသာ အနံ့ခံလိုက်ရသည်။





ထိုအရာသည် အန္တရာယ်ရှိပေမယ့် ထို့ကဲ့သို့သော သိစိတ်က ရုန်ယီအား အနှိုင်းမဲ့ ကျေနပ်စေသည်။





သူ့ကိုယ်နှင့် ချန်းခယ့်ယောင် ၏ ခန္ဓာကိုယ်တွင် မည်သို့သော အပြောင်းအလဲများ ဖြစ်ပျက်နေသည်ကို သူ ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။ ဒါက သူ့ကို ပိုပိုပြီး စိတ်လှုပ်ရှားစေခဲ့ပြီး ချန်းခယ့်ယောင် က သူ့နှုတ်ခမ်းကို အသာအယာကိုက်လိုက်တဲ့အခါ ထိန်းမနိုင်သိမ်းမနိုင် တုန်လှုပ်သွားခဲ့သည်။





ထိုအချိန်၌ပင် ချန်း ခယ့်ယောင်က သူ့ရဲ့ လုပ်ရပ်ကို သဘာဝမကျစွာ ရပ်တန့်လိုက်သည်။ သူက သူ့ပေါ်မှာ ထိုင်နေတုန်းပင်ဖြစ်သော ရုန်ယီကို ဆုပ်ကိုင်လိုက်ကာ ခေါင်းကို တစ်ဖက်သို့ အနည်းငယ် ရွေ့ထားလျက် မျက်လုံးကိုမှိတ်ပြီး မျက်မှောင်ကြုတ်လိုက်သည်။





သူထပ်ပြီးအဆင်မပြေခံစားရပြန်ပြီထင်၏။ ရုန်ယီ သည် ချန်းခယ့်ယောင် ၏ မျက်နှာကို အလွန်အလှမ်းဝေးသော အကွာအဝေးတွင် ကြည့်နေသည်။ ချန်းခယ့်ယောင် ၏ မျက်လုံးများသည် အထပ်ထပ် သည်းခံမှုကြောင့် နီမြန်းနေကာ သူတို့၏ အဆုံးမဲ့ အနမ်းများကြောင့် နှုတ်ခမ်းများလည်း နီမြန်းနေလေသည်။





အခု ရပ်လိုက်တာ အကောင်းဆုံးဖြစ်နိုင်သည်။ မဟုတ်ပါက ဆက်လက်သာဖြစ်နေပါက အထိန်းအချုပ်ကလွှတ်ထွက်သွားမည်ဖြစ်၏။ ချန်းခယ့်ယောင်သည် သူ့အလိုဆန္ဒများအား အလိုမလိုက်ရန်အတွက် သူ့ကိုယ်သူ စစ်တိုက်နေရ၏။ သူ ယခုတွင် သူ တော်တော် အဆင်မပြေဖြစ်နေခဲ့သည်။





ရုန်ယီက သူ့ကိုယ်သူ နှလုံးသားထဲမှာ ထပ်ခါတလဲလဲ သတိပေးနေပေမယ့် အဆုံးမှာတော့ သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ချန်းခယ့်ယောင်၏ မျက်နှာကို ဆုပ်ကိုင်လိုက်ပြီး သူ့ကို ထပ်နမ်းလိုက်သည်။





ချန်းခယ့်ယောင် သည် ခဏတာ တောင့်တင်းသွားနောက် ချက်ချင်းပင် တုံ့ပြန်ခဲ့သည်။





နှစ်ယောက်စလုံးက ရပ်ချင်သည့်စိတ်မရှိကြပေ။





လက်ရှိအချိန်တွင်၊ ချန်းခယ့်ယောင်နှင့်နမ်းခြင်းသည် ရုန်ယီလုပ်ဖူးသမျှတွင် အသာယာဆုံးနှင့် အပျော်ဆုံးအရာဖြစ်သည်။ သို့သော်၊ သူ ထပ်ခါတလဲလဲ ကျေနပ်ပြီးနောက် ယခုအခါ ၌လောဘကြီးလာသည်။ ဒီလူနှင့်သာဆိုရင် ပိုပျော်ရွှင်စရာတွေ ရှိမည်ဆိုတာကိုသူသိသည်။





သူသည် သူလက်များကိုအလွန်စိတ်လှုပ်ရှားများနှင့် ပျာယာခတ်များကြားမှ ချန်းခယ့်ယောင် ၏အဝတ်အစားအောက်မှ သူ့ခန္ဓာကိုယ်အောက်ပိုင်းနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည့်အရာအား လိုက်ရှာခဲ့သည်။





ရုန်ယီ ၏လက်ချောင်းထိပ်များကထိုအရာကိုထိလိုက်သောအခါတွင် သူ့လက်ကို ချန်းခယ့်ယောင်က ဆုပ်ကိုင်ထားသည်။





"ရုန်ယီ"





ချန်းခယ့်ယောင် ၏ အသံသည် နားနှင့် နီးကပ်နေကာ အနည်းငယ် တုန်ယင်နေသည်။





“ကိုယ်လေ…”





ရုန်ယီ က ခေါင်းယမ်းလိုက်ပြီး သူပြောသောအခါတွင် စိုစွတ်သော ရေခိုးရေငွေ့များ ထွက်လာပြီး သူအသံက သူ့ကိုယ်သူ တုန်လှုပ်သွားစေသည်။





"ဒါပေမယ့် ငါမင်းကို လိုချင်တယ်"





ထိုစကားကိုပြောပြီးနောက် သူခေါင်းကို ငုံချလိုက်သည်။ သူ့နှလုံးခုန်သံသည် ကျယ်လောင်လွန်းသဖြင့် သူ့နားစည်များသည် နာကျင်မှုအချို့နှင့်ပင် အထပ်ထပ်အခါခါ တုန်ခါနေလေသည်။ သူ့လေသံက အခုမှ ငိုတော့မည် အသံဖြစ်နေသည်ဟု ခံစားလိုက်ရသည်။





ဖြစ်နိုင်တာ သူတကယ်ပဲ ငိုချင်နေခဲ့တာလား....





သို့သော်လည်း ထိုကဲ့သို့ ဝမ်းနည်းမှု၊ စိတ်မကောင်းမှုနှင့် အပျက်သဘောဆောင်တဲ့ စိတ်ခံစားမှုအားလုံးသည် မည်သည်မျှ မပြုနိုင်ပါ။ သူပျော်နေပြီး စိတ်လှုပ်ရှားနေသည်က ထင်ရှားပါသည်။ သူသည် စိတ်အားထက်သန်လွန်းသူဖြစ်နိုင်သည်။





ချန်းခယ့်ယောင် မျက်မှောင်ကြုတ်ကာ အချိန်အတော်ကြာ တောင့်တင်းနေသောကြောင့်ရုန်ယီ သည် သူ့စိတ်အလုံးစုံအား ပြန်လည် ရရှိလုနီးပါးဖြစ်ခဲ့သည်။





ထို့နောက် သူ ကိုင်ဆောင်ထားသည့် ချန်းခယ့်ယောင် ၏လက်ကို ဖြေလျော့လိုက်သည်။ သို့သော် ရုန်ယီသည် မည်သည့်အရာကိုမျှ ဆက်လက်လုပ်ဆောင်ရန် အခွင့်မရှိပေ၊ အဘယ်ကြောင့်ဆိုသော် လေပွေလှိုင်းတစ်ခုကဲ့သို့ ချန်းခယ့်ယောင် ၏တစ်ကိုယ်လုံးက သူ့အား ဖိထားကာ ဆိုဖာပေါ်တွင် လှဲချလိုက်သည်။





ထို့နောက်သူတို့ နမ်းကြသည်။ ရုန်ယီကလည်း လွန်ခဲ့သည့် ရက်အနည်းငယ်က ဟိုတယ်ဆိုဖာပေါ်၌ ဤအနမ်းမျိုးကို ခံစားဖူးသည်။





ရုန်ယီအလိုလို ထိတ်လန့်ကာ အဆုံးမရှိ မူးဝေသွားစေသည်။ မသိစိတ်က သူ့လက်များကို မြှောက်လိုက်ပြီး ချန်းခယ့်ယောင် ကို ပွေ့ဖက်ချင်သော်လည်း ကော်ဖီစားပွဲပေါ်ရှိ တစ်ရှူးသေတ္တာကို မတော်တဆ ထိသွားခဲ့သည်။ သေတ္တာသည် မြေပြင်ပေါ်သို့ အသံနှင့်အတူ ဆင်းသက်ပြီးနောက် လူနှစ်ယောက်၏ လှုပ်ရှားမှုများ တပြိုင်နက် ရပ်တန့်သွားသည်။





အလွန်နီးကပ်သောအကွာအဝေးတွင် တစ်ယောက်ကိုတစ်ယောက်ကြည့်၍ပြုံးကာ ဆက်သွားနေချိန်တွင် ရုန်ယီသည် တစ်ရှူးသေတ္တာကျသည့်နေရာကို မသိစိတ်ဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် ကြီးမားသောအော်သံတစ်ခုထွက်ပေါ်လာသည်။





စွဲလန်းနေဆဲဖြစ်ပြီး ရုန်ယီကို ထပ်မံနမ်းချင်နေသည့် ချန်းခယ့်ယောင် သည် အလွန်ကြောက်လန့်သွားခဲ့သည်။ သူသည် သူ့နှလုံးကို ဖိလိုက်ကာ နောက်သို့ လှည့်ကြည့်ပြီးနောက် သူလည်းပဲ သဘာ၀မကျစွာအော်လာသည်။





ဧည့်ခန်းတံခါးနားက လူတစ်ယောက်ရှိနေခဲ့သည်။





ရုန်ယီ က သူ့ကို သတိထားမိတဲ့အခါ ဒီလူက ဂရုတစိုက်နဲ့ အပြင်ကို တိတ်တဆိတ် ထွက်သွားဖို့ပြင်နေသည်။





ယခုမူကား ထိုလူနှစ်ယောက်၏ ထိတ်လန့်သောအကြည့်တွင် သူရပ်သွားခဲ့သည်။





သူက လှည့်ကြည့်လိုက်ကာ လည်ချောင်းကို တချက် ရှင်းထုတ်ပြီး ဆိုဖာပေါ်ရှိ ၀တ်စုံ တ၀က်သာ ရှိတော့သော လူနှစ်ယောက်ဆီသို့ “နားလည်ပါတယ်” ဟုဆိုကာ အပြုံးကို ဖြစ်ညှစ် ပြုံးဖို့ ကြိုးစားသည်။





“အဲဒါ…”





သူပြောလာကာ လက်ကို မြှောက်ပြီး နှာခေါင်းကို အုပ်လိုက်သည်။





"အခန်းထဲမှာ အခြားအနံ့ရှိ သေးတာလား"





တခြား ဘာအနံ့ ရှိနိုင်မလဲ....





heat ၀င်နေသည့် အယ်လ်ဖာ နှင့် သူ၏ အိုမီဂါ တို့သည် တွဲလျက်ရှိနေသည်။ သူတို့ရဲ့ ဦးနှောက်ထဲမှာ အားလုံးဟာ ထပ်တူကျနေသည်။





ဘယ်လိုများ ထိုအနံများက မထူးဆန်းပဲနေနိုင်ပါ့မလဲ.....





“အဖေ၊”





ချန်းခယ့်ယောင်သည် ငိုတော့မည့်ပုံဖြစ်နေ၏ ။





" ကျွန်တော်ပြောခဲ့တဲ့ရက်က ဒီနေ့မဟုတ်ဘူး!"





ချန်းခယ့်ယောင်၏ဖခင်က မျက်မှောင်ကြုတ်ကာ သူ့အကြည့်သည် မီးဖိုချောင်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့သွားသည်-





"ငါသိပါတယ်၊ ဒါပေမယ့်…"





မီးဖိုချောင်မှ ထူးဆန်းသော အသံတစ်ခု ထွက်လာသောအခါ၌ သူစကားကိုပင် အဆုံးမသတ်နိုင်တော့ပေ။





Continue Reading

You'll Also Like

5.5K 1K 23
Zero Sugar is not sweet......, but good for Health ! Binthew Fanfiction { Start - 14 May, 2024 - } ဤ FanFiction သည် စာရေးသူ၏ စိတ်ကူးအတွေးသက်သက်...
41.5K 6K 39
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
17.1K 3.6K 52
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
10.6K 1.9K 20
ජීවිතේ ප්‍රේමනීය පරිච්ඡේද ලියවුනේම ආදරනීය හමුවීම් එක්ක.... ......❤️