Extra 1

722 68 0
                                    

Extra 1

နောက်ဆုံးတော့ကျိုးလီချစ်မိသွားပြီ -1





အချိန်အများစုတွင် ကျိုးလီသည်သူ့ကိုယ်သူစိတ်အားရှင်းရှင်းလင်းလင်းထားနိုင်သူဟုယူဆခဲ့သည်။

သို့သော် အင်တာနက်တွင် ရုန်ယီနှင့်ချန်းခယ့်ယောင်တို့လက်ဆွဲနှုတ်ဆက်နေသည့်ဓာတ်ပုံများကိုမြင်ရသည့်အခါ သူသည်တမဟုတ်ချင်းစိတ်ရှုပ်ထွေးရဆဲပင်။

သီအိုရီအရသူအနည်းငယ်ဝမ်းနည်းသင့်သည်ဟုထင်မိ၏။ အပေါ်ယံတွင် ငါတို့က သူငယ်ချင်းကောင်းတွေပါ ဟူသောသဘောမျိုးရှိနေစေကာမူ ရုန်ယီသည်သူမြင်မြင်ချင်းချစ်မိသွားခဲ့သူဖြစ်ပြီးသူ၏နှလုံးသားအတွင်း၌မူကွဲပြားသောခံစားချက်တွေ ရှိနေသည်။

ရုန်ယီ၏အကြည့်များက သူ၏နှလုံးသားမှအနူးညံ့ဆုံးအပိုင်းလေးကို အပြည့်အဝထိုးဖောက်နိုင်သည်။ သူသည်မပင်မပန်းနှင့်မေးထောက်၍အနှီသူကိုတစ်နေကုန်ထိုင်ကြည့်နိုင်သည်။ သည့်အပြင် ရုန်ယီသည် အလွန်စာရိတ္တကောင်းသောလူတစ်ယောက်ဖြစ်နေသည်၊ သူ့အားအဆင်မပြေစေမည့်လူမျိုးမဟုတ်၊ သူတို့၏ရည်ရွယ်ချက်များကိုတစ်မျက်နှာလုံးပြထားပြီး တလျှောက်လုံးအတူနေသွားရန်ကသိကအောက်ဖြစ်စေမည့် Alpha များကဲ့သို့လည်းမဟုတ်ပေ။

ထိုကြောင့် မလွဲမသွေပြောရမည်ဆိုပါက ယခုသူသည်အချစ်၏ဒုက္ခသမားလေးပင်။

အသည်းကွဲနေပါသောကျိုးလီသည် သူ၏ဖုန်းကိုလက်ထဲတွင်ကိုင်ကာ ထိုပုံများကိုနှိပ်ကြည့်သည်၊ ချဲ့ကြည့်သည်၊ အပေါ် အောက် ဘယ်နှင့်ညာကိုကြည့်ကာ နောက်ဆုံး၌ခပ်တင်းတင်းဆုပ်ကိုင်ထားသောလက်နှစ်ဖက်အပေါ်အာရုံစိုက်လိုက်သည်။

ပြီးနောက် သူပြုံးလိုက်၏။

နားမလည်နိုင်လောက်အောင်စိတ်လှုပ်ရှားရမှုက သူ၏နှလုံးသားထဲတွင်ဖြည်းဖြည်းချင်းပြည့်ဖောင်းလာသည်။

အစတည်းကသူရုန်ယီကိုမည်သို့ပြောခဲ့သနည်း။ ထိုသူနှစ်ယောက်ကအတူရပ်နေရုံနှင့်ပင် ပြည့်စုံသွားသည်ဟုမြင်ရစေသည်။ သင်ပိုကြည့်လေ သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက်လိုက်ဖက်သည်ဟုပိုမိုထင်ရလေပင်။ မျက်စိပသာဒဖြစ်စေသည်။ ကောင်းကင်ဘုံမှတွဲစပ်ပေးထားခြင်းပင်။

Mr.Rong's ချစ်မှုရေးရာ ဒိုင်ယာရီWhere stories live. Discover now