Chapter 46

515 79 2
                                    


Chapter 46-

ဒါက အပေးအယူတစ်ခုလား





ရုန်ယီ ပြင်းပြင်းထန်ထန် စဉ်းစားကြည့်ပြီး နောက်ဆုံးတွင် တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ လက်မှတ် ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

ချန်းခယ့်ယောင်သည် လွန်ခဲ့သည့်နှစ်ရက်ခန့်က ထိုရုပ်ဆိုးဆိုး ပလပ်စတစ်အိတ်ထဲသို့ ပစ္စည်းများ ပစ်ထည့်ခဲ့ချိန်၌ ၎င်းကို သတိထားမိသွားပုံရပြီး ရုန်ယီလည်း တက်ရောက်လိမ့်မည်ဟု ယူဆခဲ့ခြင်း ဖြစ်နိုင်သည်။

နောက်ဆုံး အတည်ပြုရန်အတွက် သူ ချန်းကို သွားမတွေ့ခဲ့ပါ။

အဆုံးသတ်တွင် ရုန်ယီသည် အမြဲ သူ့အပေါ် မကျေမနပ်မဖြစ်ဘဲ မနေနိုင်သော်လည်း အတွင်းစိတ်ထဲကမူ သူ့ကို လုံးဝကြီး မနှစ်သက်သည်တော့လည်း မဟုတ်ပေ။ သူ၏နှလုံးသားထဲမှ ရုန်ယီအပေါ် ထားရှိသည့် ခံစားချက်များကို တစ်ကြိမ်မျှ ဝန်ခံလိုက်သည်နှင့် အရာအားလုံးက ရုန်ယီ၏ထိန်းချုပ်မှုအောက်မှ လွတ်ထွက်သွားနိုင်သည်။ ချန်းခယ့်ယောင်သာ သူ့ကို တစ်ခေါက်လောက် ထပ်ပြီး ဂရုစိုက်ပေး၍ စကားစမြည် ပြောပေးပါက သူ ၎င်းထံမှ ရုန်းထွက်ရန် ပို၍ ခက်ခဲသွားမည်ကို ကြောက်ရွံ့မိသည်။

ငရဲကဲ့သို့ အချစ်တွင် ကျဆုံးမည့်အစား အိုင်ဒေါများနောက်သို့ လိုက်သွားခြင်းက အဆပေါင်းများစွာ ပိုကောင်းသည်။

အလုပ်ပရောဂျက်ပြီးသွားသည့်အခါ နောက်ဆုံးတွင်  ဆုလာဒ်အဖြစ် အားလပ်ရက်ရှည် ရခဲ့သည်။ ရုန်ယီ ကုတ်အင်္ကျီထူထူများနှင့် ပြည့်နှက်နေသော ခရီးဆောင်သေတ္တာတစ်လုံးနှင့်အတူ မျှော်လင့်ခြင်းအပြည့် နှလုံးသားဖြင့် ခရီးကို စတင်လိုက်သည်။

သူနှင့်အတူ လေယာဉ်ပေါ်တွင် ပါလာသူက သူ၏ လုပ်ဖော်ကိုင်ဖက် ရှောင်ကျန်း ဖြစ်သည်။ သို့သော်လည်း ရှောင်ကျန်းသည် ကုမ္ပဏီမှ အားလပ်ရက်အဖြစ် သတ်မှတ်ပေးလိုက်သောကြောင့် သူမ၏ မိသားစုကိုပါ သူမနှင့်အတူ ခေါ်ဆောင်လာခဲ့သည်။ လာမည့် ရက်အနည်းငယ်တွင် ပြုလုပ်မည့် fan meetingပွဲမှလွဲ၍ သူမနှင့် ရုန်ယီသည် တွေ့ဆုံစရာအကြောင်း မရှိတော့ချေ။

Mr.Rong's ချစ်မှုရေးရာ ဒိုင်ယာရီWhere stories live. Discover now