အခန်း(73) မင်းကအရမ်းကောင်းပါတယ်။ ဒါကြောင့် ကျေးဇူးပြုပြီး 'yes' လို့ပြောပေးပါလား။ရုန်ယီသည် သူ၏ကိုယ်တွင်းမှအရိုးများဆွဲခွာခံရသည့်အလားခံစားလိုက်ရကာ သူ၏တစ်ကိုယ်လုံးတွင် အရေပြားတစ်ခုသာရှိတော့သယောင်။
သူလုံးဝနာကျင်နေရပြီး အားလည်းမသုံးနိုင်တော့။ သူသည်ပြားချပ်နေသောကိတ်မုန့်ကဲ့သို့သာ အိပ်ရာပေါ်တွင်လှဲနေနိုင်သည်။
မနေ့ကလေးတင်သွေးထုတ်ထားသည့်ချန်းခယ့်ယောင်ကား အားအင်အပြည့်နှင့်ရှိနေ၏။ အနှီမှာ တကယ်ကိုမတရားမှုပင်။ သူတို့ချစ်တင်းနှောကြသည့်အခါ ချန်းခယ့်ယောင်ကသာ ရုပ်ပိုင်းအင်အားကိုပိုစိုက်ထုတ်ရန်လိုအပ်သည်။
သို့သော် ရုန်ယီသည်နောက်ဆုံးမြင်ရပြီးထိတွေ့လိုက်ရသည့် အံ့ဩဖွယ်ခန္ဓာကိုယ်ကိုတိတ်တဆိတ်ပြန်လည်အောက်မေ့လိုက်ပြီးနောက် စိတ်အေးသွားသည်။
လေ့ကျင့်ခန်းလုပ်သူနှင့်မလုပ်သူတွင်အမှန်တကယ် ကြီးမားသောကွာဟချက်ရှိသည်။ နှိုင်းယှဉ်ကြည့်ပါက ရုန်ယီသည်အရပ်အတန်သင့်ရှည်လင့်ကစား အားနည်းသည်။
သို့သော် ရုန်ယီသည် မူလကပြင်ဆင်ရာတွင်ဝိုင်ဖြူဝယ်မည့်အစီအစဉ်အားမလိုအပ်တော့ဟုထင်မြင်လိုက်သည်။
သူရောက်တတ်ရာရာများတွေးနေခိုက် ချန်းခယ့်ယောင်သည်အိပ်ရာဘေးမှ ပွကြဲနေသည့်စက္ကူစတပုံတပင်ကိုကောက်ကာ အမှိုက်ပုံးတွင်းသို့ပစ်ထည့်ရန် လုံးထွေးလိုက်သည်။
ရုန်ယီသည်ရှော့ခ်ရသွားပြီး သူ၏ကိ်ုယ်ပေါ်မှမသက်သာမှုကိုမေ့သွားကာချန်းခယ့်ယောင်နှင့်သတ်ပုတ်ရန်အမြန်ပြေးသွားသည်။
"မင်းဘာလုပ်တာလဲ၊ ငါမဖတ်ရသေးဘူးကွ!"
"မဖတ်နဲ့တော့၊ ဖတ်ရအောင်လည်းမတန်ပါဘူး"
ချန်းခယ့်ယောင်၏တမျက်နှာလုံး ရဲပတောင်းခတ်နေ၏။
"ကိုယ့်ကိုသနားပါကွာ"
"ဒါကငါ့အတွက်ကွ! စာအိတ်ပေါ်မှာငါ့နာမည်ရှိတယ်၊ အဲဒါကြောင့်ငါ့စာပဲ!"
YOU ARE READING
Mr.Rong's ချစ်မှုရေးရာ ဒိုင်ယာရီ
Fanfictionမင်္ဂလာ ညချမ်းပါရှင် အသစ်လေးတွေ လာကြေညာတာပါ ရှင့် ???? BL အတိုလေးနှစ်ပုဒ် PICK ထားပါတယ် အပိုင်းသိပ်မများတာလေးတွေပါ ဖတ်ပေးကြပါဦးနော် ... အားလုံးပဲ ကျန်းမာ ဘေးကင်း ဝင်ငွေတိုးကြပါစေ... ပုံအောက်မှာ Description ပါတယ်နော် ...