[Unicode]
Chpater 3.2 - သူတို့ကို ဘယ်လို ဖြေရှင်းရမလဲ... သေအောင် ရိုက်သတ်လိုက်ပေါ့
ဆရာဝန်က ရိုးရှင်းစွာပင် သူမကို တစ်ကြိမ်သာ စစ်ဆေးလိုက်သည် " ခေါင်းမှာ မြင်နေရတဲ့ ဒဏ်ရာတော့ မရှိဘူး နောက်ထပ် စစ်ဆေးမှုတွေ လုပ်ဖို့ ဆေးရုံရောက်တဲ့အထိ စောင့်ဦး"
ယုကျောက် ကျီးရန်ကို တစ်စက္ကန့်မျှ လှည့်ကြည့်လိုက်သည်။
ကျီးရန်၏ မျက်လုံးထောင့်စွန်းလေးများက ကွေးညွှတ်ကျသွားပြီး နှုတ်ခမ်းများကမူ ဆိုးသွမ်းသော အပြုံးတစ်ခုကို လှစ်ဟပြလျက် " လောင်ဇစ်က စိတ်အခြေအနေကောင်းနေတယ်လို့ မင်း ထင်နေတာလား..."
ယုကျောက်က ကျီးရန်ဘေးတွင် နာခံပြီး ချစ်ဖို့ကောင်းစွာ ထိုင်နေသည့် ချီယင်းကို ကြည့်လိုက်သည်။ သူမက ကျီးယန်၏ အင်္ကျီထောင့်စွန်းကို တင်းတင်းကျပ်ကျပ် ကိုင်ထားပြီး လွှတ်လိုက်ရန် ငြင်းဆန်နေဆဲ။ သူ တကယ်ကို စိတ်ညစ်နေရသည်။ သူ့အိပ်ကပ်ထဲမှ ဖုန်းက ရုတ်တရက် မြည်လာလေသည်။
သူ ယူပြီး ကြည့်လိုက်သောအခါ သူ့အဖေ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ယုကျောက် ချက်ချင်း ကြောက်လန့်လာရသည်။
သူ ဖုန်းကို တုန်တုန်ယီယီ ဖြေလိုက်သည်။ ဖုန်း၏ တခြားတစ်ဖက်မှ ယုချန်က မေးလိုက်သည် " မင်း ကျောင်းဆင်းပြီလား... ငါ အလုပ်ပြီးသွားလို့ အခု မင်းနဲ့ ယင်းယင်းကို လာကြိုဖို့ လမ်းမှာ"
ယုကျောက်တွင် ပြောမထွက်နိုင်လောက်သည့် ခါးသီးမှုတို့ကို ခံစားနေရသည်။ သူ့အဖေ၏ မေးခွန်းကို ရှောင်လိုက်သည် " ကျွန်တော်တို့ ဘတ်စ်ကားနဲ့ ပြန်လာလို့ ရပါတယ် အဖေထွက်လာပြီး လာကြိုဖို့ မလိုပါဘူး"
ယုချန် ပြောလိုက်သည် " ဘယ်လိုလုပ် ယင်းယင်းကို လူကြပ်တဲ့ ဘတ်စ်ကားထဲမှာ တိုးခိုင်းနိုင်ပါ့မလဲ... မင်းတို့ ကျောင်းမှာ စောင့်နေ ငါ သိပ်မကြာခင် ရောက်မယ်"
ယုကျောက် ငိုမိလုနီးနီးပင်။ သူက အမှန်ကျ ဝန်ခံပြီး သူ့ ကံတရားကို လက်ခံရန် စီစဥ်လိုက်သည်။ သို့သော် ချီယင်းက သူမ၏ ဖုန်းကို ယုကျောက်အား ပေးလိုက်သည်။ ထိုထဲတွင် ရေးထားသည်က : ဦးလေးကို ပြောလိုက် ငါ အတန်းဖော်တွေနဲ့ စာရေးကိရိယာတွေ ကျူတိုရီရယ် စာအုပ်တွေ ဝယ်ဖို့ စာအုပ်ဆိုင်ကို သွားတယ်လို့ ပြီးတော့ ငါတို့က နည်းနည်းလောက် လျောက်လည်ဦးမယ်လို့
သူက လွတ်ငြိမ်းချမ်းသာခွင့်ကို ရသွားသလို ချီယင်း၏ မက်ဆေ့ချ်ကို ယုချန်ထံသို့ အလျင်အမြန် ပေးပို့လိုက်သည်။ ယုချန်က ချီယင်း သူ့အတန်းဖော်များနှင့် အလွန်ပျော်နေသည်ဟု သိလိုက်ရသည့်အတွက် ထိုကိစ္စကို လွှတ်ပေးလိုက်သည်။
ယုကျောက် ဖုန်းချလိုက်ပြီးနောက် ချီယင်း ဘေးနားက ပင်ပန်းနေသော ကျီးရန်ကို ကြည့်လိုက်သည်။ ထို့နောက် သူ၏ ခေါင်းကို ငုံ့ကာ we chat တွင် စာရိုက်ရင်း ချီယင်းနှင့် စကားပြောနေလိုက်သည်။
____ အစ်မ နင် သူ့ကို သိလို့လား...
____ အင်း
____ တကယ်ကြီး ... အစ်မတို့နှစ်ယောက် ဘယ်လိုသိတာလဲ... သူ ဘယ်သူလဲဆိုတာရော အစ်မ သိလား...
____ ကျီးရန်
____ အစ်မ ကျွန်တော် ပြောမယ် သူ့ရဲ့ ရုပ်ကြောင့် အရူးလုပ် မခံရစေနဲ့ ဒီလူက လူကောင်း မဟုတ်ဘူး
____ မဟုတ်ပါဘူး သူက အရမ်းကောင်းတဲ့လူပါ အစ်မ သိတယ်
ယုကျောက် ဒေါသထွက်စွာ မျက်လုံးကို လှိမ့်လိုက်၏။ သူ ဆဲမိလုနီးပါးပင်။
သူမ ဘာမှ မသိပါဘူး
သူ့ရဲ့ တိတ်ဆိတ်ပြီး လိမ္မာတဲ့ အစ်မကို ကျောင်း ပထမဦးဆုံးနေ့မှာတင် ဦးနှောက်ဆေးခံလိုက်ရတဲ့အထိ သောက်တန်းခွဲ ၂ က အဆိပ်ပြင်းတာလား...
ခွေးကောင် ကျီးရန်ရဲ့ လက်သီးက အားပြင်းလွန်းလို့ သူ့ဗိုက်အောက်ပိုင်းက အခုထိ နာနေတုန်းပဲ ပြီးရင် သူ့အခြေအနေကို ဆရာဝန်ကို စစ်ဆေးခိုင်းရမယ်
လူနာတင်ယာဥ်က ဆေးရုံသို့ တန်းလာခြင်း ဖြစ်ပြီး ကျီးရန်က အစမှ အဆုံးထိ စကားတစ်ခွန်းမျှ မပြောပေ။ ချီယင်း ဆရာဝန်နှင့် တွေ့ဆုံနေသည်အထိ စောင့်နေခဲ့သည်။ ထို့နောက် ကုသစရိတ်စာရွက်ကို ယူပြီး ကောင်တာသို့သွားကာ ဆေးစရိတ်ကို ပေးချေလိုက်သည်။ သူ ပြန်ရောက်သောအခါ သူက ထိုကိစ္စအားလုံးကို ယုကျောက်ထံတွင် ထားခဲ့ပြီး ထွက်သွားတော့သည်။
ချီယင်းက ကုသခန်းကို ဝင်တော့မည့်အချိန်တွင် သူ ထွက်သွားတော့မည်ကို တွေ့လိုက်ရသည်။ သူမက ပြေးသွားလိုက်ပြီး သူ့ပခုံးပေါ်မှ ကျောင်းအင်္ကျီ၏ လက်ကို ဆွဲထားလိုက်သည်။
ကျီးရန် ပြန်လှည့်မကြည့်ပေ။ မျက်လုံးထောင့်စွန်းမှ ယုကျောက်ကိုသာ တစ်ချက် ကြည့်လိုက်သည်။ သူ့ ဘယ်သူ့ကို ခြိမ်းခြောက်နေမှန်း မသိသော လေသံဖြင့် ပြောလိုက်သည် " လောင်ဇစ်က အရမ်း စိတ်ရှည်မနေဘူး"
ယုကျောက် အလျင်အမြန်ပင် ချီယင်း၏ လက်ကို ပြန်ဆွဲလိုက်သည်။
အမှန်တွင် သူမ သူ့ကို လွှတ်မပေးချင်ပေ။ သို့သော် ကျီးရန်၏ အမူအရာကို ကြည့်လိုက်ပြီး သူ ခုလေးတင် ပြောလိုက်သော စကားများမှာ ကောင်းသောစကားများ မဟုတ်ကြောင်း သိလိုက်ရသည်။ သူမ၏ မျက်ဝန်းများက နီရဲနေသေးသော်လည်း သူမ၏ လက်ချောင်းများကမူ ပြေလျော့သွားရတော့သည်။
ကျီးရန် သူ၏ ပခုံးပေါ်ကို ပုတ်ခါလိုက်ပြီး ဓါတ်လှေကားဆီသို့ လျှောက်သွားလိုက်သည်။
ခြေနှစ်လှမ်း လှမ်းပြီးနောက် သူ မထင်မှတ်ထားဘဲ သူမကို ပြန်လှည့်ကြည့်လိုက်မိသည်။
ချီယင်းက ထိုနေရာတွင် ရပ်နေဆဲ။ သူ၏ ကျောပြင်ကို စိုးရိမ်တကြီးဖြင့် စိုက်ကြည့်နေလေသည်။ သူ ပြန်လှည့်ကြည့်သည်ကို သူမ တွေ့လိုက်သောအခါ သူမ၏ မျက်နှာသေးသေးလေးပေါ်တွင် ချက်ချင်း အပြုံးတစ်ပွင့် ပေါ်လာလေသည်။
ထိုအပြုံးက သတိကြီးကြီးဖြင့် သူ့ကို ကျေနပ်စေရန် စိတ်အား ထက်သန်နေလေသည်။
ကျီးရန် နှလုံးသားထဲတွင် ရုတ်တရက် တစ်စုံတစ်ရာက အကြောင်းမဲ့ ပေါက်ကွဲသွားသလို ခံစားလိုက်ရသည်။ သူ ဆဲရေးလိုက်ပြီး ခြေလှမ်းကို အရှိန်မြှင့်လိုက်ကာ ထွက်သွားတော့သည်။
သူ ဆေးရုံမှ ထွက်လိုက်ပြီး သိပ်မကြာမီ ချွီသာ့ကျွမ်းက သူ့ကို မေးမြန်းရန် ဖုန်းခေါ်လာသည် " ရန်ကော အစ်ကို့အစား အရိုက်ဝင်ခံပေးတဲ့ ကောင်မလေး ဘယ်လိုနေသေးလဲ..."
ကျီးရန် သူ့အိပ်ကပ်ထဲမှ စီးကရက်ကို ထုတ်ပြီး ပြောလိုက်သည် " အရမ်းကြီးကြီးမားမား ထိမသွားဘူး"
ချွီသာ့ကျွမ်း သက်ပြင်းချလိုက်သည် " သောက်ရမ်းမိုက်တယ် ရန်ကော အစ်ကို့ရဲ့ ဂုဏ်ကျက်သရေနဲ့ တင့်တယ်တဲ့ သမိုင်းမှာ ထည့်ဖို့ နောက်တစ်ချက် တိုးလာပြီ အစ်ကို့ကို ရိုက်မယ့် တုတ်ကို အစားဝင်ခံပေးဖို့ လိုလားနေတဲ့ မိန်းကလေးတွေ ရှိနေပြီ"
ကျီးရန် ရယ်လိုက်သည် " သွားစမ်းပါ"
ချွီသာ့ကျွမ်း ထပ်ပြောလိုက်သည် " ရန်ကော အမှတ် ၃ အထက်တန်းကျောင်းက ငညစ်ကောင်တွေကို ဘယ်လို ရှင်းလိုက်ရမလဲ..."
သူခေါင်းကို စောင်းလိုက်ပြီး ပခုံးနှင့် ခေါင်းကြားတွင် ဖုန်းကို ထားလိုက်ပြီး စီးကရက်ကို မီးငြှိရန် မီးခြစ်ကို ရှာလိုက်သည်။ သူ စီးကရက်ငွေ့ကို ရှူထုတ်လိုက်သောကြောင့် စီးကရက်နံ့က လေထဲတွင် ပျံနှံ့သွားတော့၏။ အနီးအနားမှ လုံခြုံရေး အစောင့်က အော်လိုက်သည် "ဟေး ဆေးရုံမှာ ဆေးလိပ်သောက်ခွင့် မပြုဘူး"
ကျီးရန် ခေါင်းမော့ကာ ထိုအစောင့်ကို ကြည့်လိုက်သည်။ သူက ကျောင်းဝတ်စုံ ဝတ်ထားသော ဆယ်ကျော်သက် တစ်ယောက်မှန်း သိသာထင်ရှားသော်လည်း သူ့မျက်လုံးများကမူ ရှင်းမပြနိုင်လောက်အောင် ကြောက်မက်ဖွယ်အတိ။
လုံခြုံရေးအစောင့်က မသိစိတ်အရ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိသည်။
ကျီးရန် ပြုံးရုံသာ ပြုံးလိုက်ပြီး ခြေလှမ်းကို အရှိန်တင်ကာ တံခါးမှ ထွက်သွားလိုက်သည်။ သူအသံက ဖုန်းထဲသို့ ခပ်အုပ်အုပ် ပျံ့လွင့်သွားသည် "သူတို့ကို ဘယ်လို ဖြေရှင်းရမလဲ... သေအောင် ရိုက်သတ်လိုက်ပေါ့"
[Zawgyi]
Chpater 3.2 - သူတို႔ကို ဘယ္လို ေျဖရွင္းရမလဲ... ေသေအာင္ ႐ိုက္သတ္လိုက္ေပါ့
ဆရာဝန္က ႐ိုးရွင္းစြာပင္ သူမကို တစ္ႀကိမ္သာ စစ္ေဆးလိုက္သည္ " ေခါင္းမွာ ျမင္ေနရတဲ့ ဒဏ္ရာေတာ့ မရွိဘူး ေနာက္ထပ္ စစ္ေဆးမႈေတြ လုပ္ဖို႔ ေဆး႐ုံေရာက္တဲ့အထိ ေစာင့္ဦး"
ယုေက်ာက္ က်ီးရန္ကို တစ္စကၠန္႔မွ် လွည့္ၾကည့္လိုက္သည္။
က်ီးရန္၏ မ်က္လုံးေထာင့္စြန္းေလးမ်ားက ေကြးၫႊတ္က်သြားၿပီး ႏႈတ္ခမ္းမ်ားကမူ ဆိုးသြမ္းေသာ အၿပဳံးတစ္ခုကို လွစ္ဟျပလ်က္ " ေလာင္ဇစ္က စိတ္အေျခအေနေကာင္းေနတယ္လို႔ မင္း ထင္ေနတာလား..."
ယုေက်ာက္က က်ီးရန္ေဘးတြင္ နာခံၿပီး ခ်စ္ဖို႔ေကာင္းစြာ ထိုင္ေနသည့္ ခ်ီယင္းကို ၾကည့္လိုက္သည္။ သူမက က်ီးယန္၏ အက်ႌေထာင့္စြန္းကို တင္းတင္းက်ပ္က်ပ္ ကိုင္ထားၿပီး လႊတ္လိုက္ရန္ ျငင္းဆန္ေနဆဲ။ သူ တကယ္ကို စိတ္ညစ္ေနရသည္။ သူ႔အိပ္ကပ္ထဲမွ ဖုန္းက ႐ုတ္တရက္ ျမည္လာေလသည္။
သူ ယူၿပီး ၾကည့္လိုက္ေသာအခါ သူ႔အေဖ ျဖစ္ေနသည္ကို ေတြ႕လိုက္ရသည္။
ယုေက်ာက္ ခ်က္ခ်င္း ေၾကာက္လန္႔လာရသည္။
သူ ဖုန္းကို တုန္တုန္ယီယီ ေျဖလိုက္သည္။ ဖုန္း၏ တျခားတစ္ဖက္မွ ယုခ်န္က ေမးလိုက္သည္ " မင္း ေက်ာင္းဆင္းၿပီလား... ငါ အလုပ္ၿပီးသြားလို႔ အခု မင္းနဲ႔ ယင္းယင္းကို လာႀကိဳဖို႔ လမ္းမွာ"
ယုေက်ာက္တြင္ ေျပာမထြက္ႏိုင္ေလာက္သည့္ ခါးသီးမႈတို႔ကို ခံစားေနရသည္။ သူ႔အေဖ၏ ေမးခြန္းကို ေရွာင္လိုက္သည္ " ကြၽန္ေတာ္တို႔ ဘတ္စ္ကားနဲ႔ ျပန္လာလို႔ ရပါတယ္ အေဖထြက္လာၿပီး လာႀကိဳဖို႔ မလိုပါဘူး"
ယုခ်န္ ေျပာလိုက္သည္ " ဘယ္လိုလုပ္ ယင္းယင္းကို လူၾကပ္တဲ့ ဘတ္စ္ကားထဲမွာ တိုးခိုင္းႏိုင္ပါ့မလဲ... မင္းတို႔ ေက်ာင္းမွာ ေစာင့္ေန ငါ သိပ္မၾကာခင္ ေရာက္မယ္"
ယုေက်ာက္ ငိုမိလုနီးနီးပင္။ သူက အမွန္က် ဝန္ခံၿပီး သူ႔ ကံတရားကို လက္ခံရန္ စီစဥ္လိုက္သည္။ သို႔ေသာ္ ခ်ီယင္းက သူမ၏ ဖုန္းကို ယုေက်ာက္အား ေပးလိုက္သည္။ ထိုထဲတြင္ ေရးထားသည္က : ဦးေလးကို ေျပာလိုက္ ငါ အတန္းေဖာ္ေတြနဲ႔ စာေရးကိရိယာေတြ က်ဴတိုရီရယ္ စာအုပ္ေတြ ဝယ္ဖို႔ စာအုပ္ဆိုင္ကို သြားတယ္လို႔ ၿပီးေတာ့ ငါတို႔က နည္းနည္းေလာက္ ေလ်ာက္လည္ဦးမယ္လို႔
သူက လြတ္ၿငိမ္းခ်မ္းသာခြင့္ကို ရသြားသလို ခ်ီယင္း၏ မက္ေဆ့ခ်္ကို ယုခ်န္ထံသို႔ အလ်င္အျမန္ ေပးပို႔လိုက္သည္။ ယုခ်န္က ခ်ီယင္း သူ႔အတန္းေဖာ္မ်ားႏွင့္ အလြန္ေပ်ာ္ေနသည္ဟု သိလိုက္ရသည့္အတြက္ ထိုကိစၥကို လႊတ္ေပးလိုက္သည္။
ယုေက်ာက္ ဖုန္းခ်လိုက္ၿပီးေနာက္ ခ်ီယင္း ေဘးနားက ပင္ပန္းေနေသာ က်ီးရန္ကို ၾကည့္လိုက္သည္။ ထို႔ေနာက္ သူ၏ ေခါင္းကို ငုံ႔ကာ we chat တြင္ စာ႐ိုက္ရင္း ခ်ီယင္းႏွင့္ စကားေျပာေနလိုက္သည္။
____ အစ္မ နင္ သူ႔ကို သိလို႔လား...
____ အင္း
____ တကယ္ႀကီး ... အစ္မတို႔ႏွစ္ေယာက္ ဘယ္လိုသိတာလဲ... သူ ဘယ္သူလဲဆိုတာေရာ အစ္မ သိလား...
____ က်ီးရန္
____ အစ္မ ကြၽန္ေတာ္ ေျပာမယ္ သူ႔ရဲ႕ ႐ုပ္ေၾကာင့္ အ႐ူးလုပ္ မခံရေစနဲ႔ ဒီလူက လူေကာင္း မဟုတ္ဘူး
____ မဟုတ္ပါဘူး သူက အရမ္းေကာင္းတဲ့လူပါ အစ္မ သိတယ္
ယုေက်ာက္ ေဒါသထြက္စြာ မ်က္လုံးကို လွိမ့္လိုက္၏။ သူ ဆဲမိလုနီးပါးပင္။
သူမ ဘာမွ မသိပါဘူး
သူ႔ရဲ႕ တိတ္ဆိတ္ၿပီး လိမၼာတဲ့ အစ္မကို ေက်ာင္း ပထမဦးဆုံးေန႔မွာတင္ ဦးေႏွာက္ေဆးခံလိုက္ရတဲ့အထိ ေသာက္တန္းခြဲ ၂ က အဆိပ္ျပင္းတာလား...
ေခြးေကာင္ က်ီးရန္ရဲ႕ လက္သီးက အားျပင္းလြန္းလို႔ သူ႔ဗိုက္ေအာက္ပိုင္းက အခုထိ နာေနတုန္းပဲ ၿပီးရင္ သူ႔အေျခအေနကို ဆရာဝန္ကို စစ္ေဆးခိုင္းရမယ္
လူနာတင္ယာဥ္က ေဆး႐ုံသို႔ တန္းလာျခင္း ျဖစ္ၿပီး က်ီးရန္က အစမွ အဆုံးထိ စကားတစ္ခြန္းမွ် မေျပာေပ။ ခ်ီယင္း ဆရာဝန္ႏွင့္ ေတြ႕ဆုံေနသည္အထိ ေစာင့္ေနခဲ့သည္။ ထို႔ေနာက္ ကုသစရိတ္စာ႐ြက္ကို ယူၿပီး ေကာင္တာသို႔သြားကာ ေဆးစရိတ္ကို ေပးေခ်လိုက္သည္။ သူ ျပန္ေရာက္ေသာအခါ သူက ထိုကိစၥအားလုံးကို ယုေက်ာက္ထံတြင္ ထားခဲ့ၿပီး ထြက္သြားေတာ့သည္။
ခ်ီယင္းက ကုသခန္းကို ဝင္ေတာ့မည့္အခ်ိန္တြင္ သူ ထြက္သြားေတာ့မည္ကို ေတြ႕လိုက္ရသည္။ သူမက ေျပးသြားလိုက္ၿပီး သူ႔ပခုံးေပၚမွ ေက်ာင္းအက်ႌ၏ လက္ကို ဆြဲထားလိုက္သည္။
က်ီးရန္ ျပန္လွည့္မၾကည့္ေပ။ မ်က္လုံးေထာင့္စြန္းမွ ယုေက်ာက္ကိုသာ တစ္ခ်က္ ၾကည့္လိုက္သည္။ သူ႔ ဘယ္သူ႔ကို ၿခိမ္းေျခာက္ေနမွန္း မသိေသာ ေလသံျဖင့္ ေျပာလိုက္သည္ " ေလာင္ဇစ္က အရမ္း စိတ္ရွည္မေနဘူး"
ယုေက်ာက္ အလ်င္အျမန္ပင္ ခ်ီယင္း၏ လက္ကို ျပန္ဆြဲလိုက္သည္။
အမွန္တြင္ သူမ သူ႔ကို လႊတ္မေပးခ်င္ေပ။ သို႔ေသာ္ က်ီးရန္၏ အမူအရာကို ၾကည့္လိုက္ၿပီး သူ ခုေလးတင္ ေျပာလိုက္ေသာ စကားမ်ားမွာ ေကာင္းေသာစကားမ်ား မဟုတ္ေၾကာင္း သိလိုက္ရသည္။ သူမ၏ မ်က္ဝန္းမ်ားက နီရဲေနေသးေသာ္လည္း သူမ၏ လက္ေခ်ာင္းမ်ားကမူ ေျပေလ်ာ့သြားရေတာ့သည္။
က်ီးရန္ သူ၏ ပခုံးေပၚကို ပုတ္ခါလိုက္ၿပီး ဓါတ္ေလွကားဆီသို႔ ေလွ်ာက္သြားလိုက္သည္။
ေျခႏွစ္လွမ္း လွမ္းၿပီးေနာက္ သူ မထင္မွတ္ထားဘဲ သူမကို ျပန္လွည့္ၾကည့္လိုက္မိသည္။
ခ်ီယင္းက ထိုေနရာတြင္ ရပ္ေနဆဲ။ သူ၏ ေက်ာျပင္ကို စိုးရိမ္တႀကီးျဖင့္ စိုက္ၾကည့္ေနေလသည္။ သူ ျပန္လွည့္ၾကည့္သည္ကို သူမ ေတြ႕လိုက္ေသာအခါ သူမ၏ မ်က္ႏွာေသးေသးေလးေပၚတြင္ ခ်က္ခ်င္း အၿပဳံးတစ္ပြင့္ ေပၚလာေလသည္။
ထိုအၿပဳံးက သတိႀကီးႀကီးျဖင့္ သူ႔ကို ေက်နပ္ေစရန္ စိတ္အား ထက္သန္ေနေလသည္။
က်ီးရန္ ႏွလုံးသားထဲတြင္ ႐ုတ္တရက္ တစ္စုံတစ္ရာက အေၾကာင္းမဲ့ ေပါက္ကြဲသြားသလို ခံစားလိုက္ရသည္။ သူ ဆဲေရးလိုက္ၿပီး ေျခလွမ္းကို အရွိန္ျမႇင့္လိုက္ကာ ထြက္သြားေတာ့သည္။
သူ ေဆး႐ုံမွ ထြက္လိုက္ၿပီး သိပ္မၾကာမီ ခြၽီသာ့ကြၽမ္းက သူ႔ကို ေမးျမန္းရန္ ဖုန္းေခၚလာသည္ " ရန္ေကာ အစ္ကို႔အစား အ႐ိုက္ဝင္ခံေပးတဲ့ ေကာင္မေလး ဘယ္လိုေနေသးလဲ..."
က်ီးရန္ သူ႔အိပ္ကပ္ထဲမွ စီးကရက္ကို ထုတ္ၿပီး ေျပာလိုက္သည္ " အရမ္းႀကီးႀကီးမားမား ထိမသြားဘူး"
ခြၽီသာ့ကြၽမ္း သက္ျပင္းခ်လိုက္သည္ " ေသာက္ရမ္းမိုက္တယ္ ရန္ေကာ အစ္ကို႔ရဲ႕ ဂုဏ္က်က္သေရနဲ႔ တင့္တယ္တဲ့ သမိုင္းမွာ ထည့္ဖို႔ ေနာက္တစ္ခ်က္ တိုးလာၿပီ အစ္ကို႔ကို ႐ိုက္မယ့္ တုတ္ကို အစားဝင္ခံေပးဖို႔ လိုလားေနတဲ့ မိန္းကေလးေတြ ရွိေနၿပီ"
က်ီးရန္ ရယ္လိုက္သည္ " သြားစမ္းပါ"
ခြၽီသာ့ကြၽမ္း ထပ္ေျပာလိုက္သည္ " ရန္ေကာ အမွတ္ ၃ အထက္တန္းေက်ာင္းက ငညစ္ေကာင္ေတြကို ဘယ္လို ရွင္းလိုက္ရမလဲ..."
သူေခါင္းကို ေစာင္းလိုက္ၿပီး ပခုံးႏွင့္ ေခါင္းၾကားတြင္ ဖုန္းကို ထားလိုက္ၿပီး စီးကရက္ကို မီးျငႇိရန္ မီးျခစ္ကို ရွာလိုက္သည္။ သူ စီးကရက္ေငြ႕ကို ရွဴထုတ္လိုက္ေသာေၾကာင့္ စီးကရက္နံ႔က ေလထဲတြင္ ပ်ံႏွံ႔သြားေတာ့၏။ အနီးအနားမွ လုံၿခဳံေရး အေစာင့္က ေအာ္လိုက္သည္ "ေဟး ေဆး႐ုံမွာ ေဆးလိပ္ေသာက္ခြင့္ မျပဳဘူး"
က်ီးရန္ ေခါင္းေမာ့ကာ ထိုအေစာင့္ကို ၾကည့္လိုက္သည္။ သူက ေက်ာင္းဝတ္စုံ ဝတ္ထားေသာ ဆယ္ေက်ာ္သက္ တစ္ေယာက္မွန္း သိသာထင္ရွားေသာ္လည္း သူ႔မ်က္လုံးမ်ားကမူ ရွင္းမျပႏိုင္ေလာက္ေအာင္ ေၾကာက္မက္ဖြယ္အတိ။
လုံၿခဳံေရးအေစာင့္က မသိစိတ္အရ ေနာက္သို႔ ေျခတစ္လွမ္း ဆုတ္လိုက္မိသည္။
က်ီးရန္ ၿပဳံး႐ုံသာ ၿပဳံးလိုက္ၿပီး ေျခလွမ္းကို အရွိန္တင္ကာ တံခါးမွ ထြက္သြားလိုက္သည္။ သူအသံက ဖုန္းထဲသို႔ ခပ္အုပ္အုပ္ ပ်ံ႕လြင့္သြားသည္ "သူတို႔ကို ဘယ္လို ေျဖရွင္းရမလဲ... ေသေအာင္ ႐ိုက္သတ္လိုက္ေပါ့"