Mr.Rong's ချစ်မှုရေးရာ ဒိုင်ယ...

By eithethmue

51.8K 7K 113

မင်္ဂလာ ညချမ်းပါရှင် အသစ်လေးတွေ လာကြေညာတာပါ ရှင့် ???? BL အတိုလေးနှစ်ပုဒ် PICK ထားပါတယ် အပိုင်းသိပ်မများတာလေး... More

Chapter 1.1
Chapter 1.2
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9.1
Chapter 9.2
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21.1
Chapter 21.2
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56.1
Chapter 56.2
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 66
Chapter 67
Chapter 68
Chapter 69.1
Chapter 69.2
Chapter 70
Chapter 71
Chapter 72
Chapter 73
Extra 1
Extra 2
Extra 3
Extra 4
Extra 5
Extra 6
Extra 7
Extra 8
Extra 9
Extra 10
Extra 11
End of Extra

Chapter 65

520 66 0
By eithethmue


Chapter 65

ငါရဲ့ အယ်လ်ဖာရဲ့ရောဂါ ပိုဆိုးလာတာကို သံသယဖြစ်မိတယ်။





မူလက ရုန်ယီထင်သည်မှာ ချန်းခယ့်ယောင်အား သူ့အစီအစဉ်တွင်ထည့်သွင်းထားသည့်အတိုင်း ရှုခင်းသာယာနေရာများတဝိုက်သို့ အပန်းဖြေလည်ပတ်ရန် စဉ်းစားခဲ့သော်လည်း လည်ပတ်ရန်အချိန်မရှိခဲ့ပေ။





ယခုအားလပ်ရက်၌ သူအချိန်အများကြီးရခဲ့၏။ ထပ်ပေါင်းပြောရလျှင် နှစ်သစ်လည်း မကြာမီ ရောက်ရှိလာတော့မည်ဖြစ်သောကြောင့် ယခုမှစပြီး သူ့ကုမ္ပဏီသည် အလုပ်များစွာကို တာဝန်ပေးမည်မဟုတ်ပေ။ ထို့ကြောင့် သူသည် ယခုနှစ်၏ ကျန်ရှိသော တစ်နှစ်တာအားလပ်ရက်ကို စိတ်ပူစရာမလိုဘဲ အသုံးပြုနိုင်သည်။





သို့သော် ချန်းခယ့်ယောင် သည် သူ့ကိုယ်သူ ခက်ခဲသော အလုပ်တစ်ခု လုပ်မိကြောင်း မသိလိုက်ဘဲ ရုန်ယီအား ဆွဲထုတ်လိုက်သည်။





လူနှစ်ဦးလွတ်လပ်စွာချစ်ကြိုက် ခြင်းပြုပြီးကတည်းက 24 နာရီအတွင်း၌ နှစ်ဖက်မိဘများတွေ့ဆုံရန် တိကျသောအချိန်ဇယားကို သဘောတူထားကြဖူးကြောင်း တခါသော်မျှမကြားဖူးခဲ့ပါ။





ချန်းခယ့်ယောင် အလွန်စိတ်လှုပ်ရှားနေလျက်ရှိကာ သူ့ ထို့အတွက် အချိန်ဇယားကို ချမှတ်ခဲ့သည်။ ရုန်ယီ ၏ မိဘများ သည် စနေ တနင်္ဂနွေ ပိတ်ရက် တွင် မလာမီ အိမ် သန့်ရှင်းရေး လုပ်ရန် တစ်စုံတစ်ဦး ကို တောင်းဆို ပြီး သက်လတ်ပိုင်း နှင့် သက်ကြီး ရွယ်အိုများ၏စိတ်ကို ကျေနပ် စေရန် ပေါ့ပေါ့ပါးပါး နှင့် သင့်လျော်သော ၀တ်စုံ အနည်းဆုံး သုံးစုံ ကို ဝယ် ရန် စီစဉ် ခဲ့ သည် ။ ဒါ့အပြင် သူ့ရဲ့ဆံပင်ကို ပြန်လည်ပြုပြင်ပြီး အစားအသောက်များကို ပြင်ဆင်ကာ အဝတ်အစားနဲ့ အသုံးစရိတ်တွေအကြောင်း တစ်ဘ၀လုံးအတွက် ကောင်းကောင်းစီစဉ်ထားပါ ကြောင်း သူတို့၏ ယောက္ခမလောင်းများအားပြသမည်။ ထိုအပြင် သူ့မျက်နှာပေါ်က အမာရွတ်တွေကို ဖုံးအုပ်ဖို့ သူ့အသားအရေနဲ့ သင့်တော်တဲ့ concealer ကို ဝယ်ဖို့ စိတ်ကူးထားခဲ့သည်။

ပထမဆုံး စီစဉ်ထားသော အလုပ်အနည်းငယ်နှင့် ပတ်သက်၍ ရုန်ယီက သူ့အကြံဉာဏ်ကို ပေးလိုသည်။ နောက်ဆုံးတစ်ခုကတော့ ရုန်ယီက တော့ သူ့၏ အကူအညီမဲ့မှုကို ဖော်ပြလိုက်ပါသည်။

ချန်းခယ့်ယောင် သူ့ကို တိုင်ပင်သောအခါ ရုန်ယီ ဟာ သူ့ဘဝမှာ ပထမဦးဆုံးအကြိမ်အဖြစ်နှင့် သူသည် သိမ်သိမ်မွေ့မွေ့နဲ့ မနေထိုင်ခဲ့ဘူးဟု ခံစားခဲ့ရသည်။ သူက အလှကုန်တွေ မသုံးခဲ့ဖူး‌ပေ ။

Concealer အကြောင်း သူဘယ်လိုသိနိုင်မလဲ......

ချန်းခယ့်ယောင် စိတ်ပူသွားသည်။ ပြန်လာ သောလေယာဉ် ပေါ်၌ သူအချိန် တစ်၀က်အားသူ့မျက်နှာပေါ်က အမာရွတ်ပေါ်၌ကုန်ဆုံးခဲ့ပြီး ကျန်တစ်ဝက်ကတော့ မိတ်ကပ်အချက်အလက် အမျိုးမျိုးကို ရှာဖွေနေခဲ့သည်။

ထိုအရာက သူ့ဘေးမှာ ထိုင်နေတဲ့ ရုန်ယီ၏ စိတ်ကို ရှုပ်ထွေးသွားစေသည်။

ချန်းခယ့်ယောင် အနည်းငယ် ပိုလွန်းသလားဟု သူတွေးနေမိသည်။ သူ၏ဝန်ခံမှုအောင်မြင်ပြီးနောက်တွင် သူ့အား အားပေးမှုများစွာပေးခဲ့သော ထိုသူငယ်ချင်းကို လုံးဝမေ့သွားခဲ့သည်။ မနေ့ညတည်းက ရုန်ယီပို့ထားသော မက်ဆေ့က ဆယ်နာရီပင် ကျော်နေလေ‌၏။ သို့သော်လည်း ရုန်ယီက ယခုအချိန်အထိ အကြောင်းပြန်ခြင်း မရှိသေးပေ။





ချန်းခယ့်ယောင် ဝန်ခံဖို့ ချီတုံချတုံဖြစ်နေချိန်မှာတောင် သူဒီလို ပုံမျိုး‌တော့ မဟုတ်ခဲ့ပေ ။ ရုန်ယီသည် ခဏတာ ဂရုမစိုက်ဘဲ ဝင်စာပုံးထဲတွင် မဖတ်ရသေးသော မက်ဆေ့ချ်များစွာ ရှိနေလိမ့်မည်။ ကောင်းပြီလေ၊ အခု ချန်းခယ့်ယောင်က အောင်မြင်သွားတော့ သူငယ်ချင်းက အသုံးမဝင်တော့‌ပေ ။ သူ့စိတ်ထဲတွင်တော့ ထိုအင်တာနက်သုံးစွဲသူအား လုံးလုံး မမှတ်မိတော့ပေ။



“ဟေး ဒီကိုကြည့်...”

ချန်းခယ့်ယောင်က ရုန်ယီ၏ဘက်သို့ ရုတ်တရက်လှည့်လိုက်ပြီး ရှေ့၌ မိုဘိုင်းဖုန်းစခရင်ကို ချထားလိုက်သည်။

“ ဒီမှာ "ပြီးပြည့်စုံတဲ့ concealer က ပြီးပြည့်စုံတဲ့ အသားအရေကို ပြသပေးတယ်” လို့ ရေးထားတယ်"





“.....ဒါဆို ဝယ်ပြီးတော့ စမ်းကြည့်လိုက်နော်”





ရုန်ယီက ပြောသည်။





"ကိုယ်စဉ်းစားနေတာ..."





ချန်းခယ့်ယောင်က မျက်မှောင်ကြုတ်လိုက်သည်။





“ တကယ်လို့ ဒီအရာတွေကို ကိုယ်မျက်နှာမှာ ထားလိုက်ရင် အမာရွတ်တွေ ဖုံးသွားလိမ့်မယ်။ ဒါပေမယ့် ဒီအသားအရေက သန့်ရှင်းသပ်ရပ်နေတဲ့အခါ အရမ်းသဘာဝမကျဖြစ်နေလောက်လားဟင်...."

ထိုအရာအားကြားသောအခါ ရုန်ယီ ချန်းယီချန်၏ မျက်နှာအား ချဉ်းကပ်ပြီး သေချာကြည့်လိုက်သည်။

အရွယ်ရောက်ပြီးသူ အယ်လ်ဖာအနေဖြင့် ချန်းခယ့်ယောင် ၏အသားအရေသည် မဆိုးသော်လည်း အထူးကောင်းမွန်ခြင်းမရှိပါ။ Concealer ကို တစ်စိတ်တစ်ပိုင်းသာ လိမ်းထားရင် အကျိုးသက်ရောက်မှုက တကယ်ကို ထူးဆန်းနေပါလိမ့်မည်။

“ကိုယ်က အရွယ်ရောက်ပြီးသား ယောက်ျား ပြီးတော့ Alpha တစ်ယောက်ပါ.... ကိုယ်မျက်နှာကို ဖြူစင်ပြီး နူးညံ့တာတွေနဲ့ ဆေးခြယ်ထားမယ်ဆိုရင် နည်းနည်းတော့ ရွံရှာစရာ မဟုတ်ဘူးလား.... မင်းမိဘတွေရှာတွေ့ရင် ကိုယ်ဒီထက်မက....ပိုပြီး ကျရှူံးသွားတော့မှာမလား"



ရုန်ယီ သူ့လက်အား ဖြန့်လိုက်သည်။

“မင်းကလေ မြက်မစားစေချင်ဘဲ မြေးကိုပြေးစေချင်နေပြန်ပြီ....”

ချန်းခယ့်ယောင် မျက်မှောင်ကြုတ်ပြီး သက်ပြင်းရှည်ကြီးချလိုက်သည်။

ရုန်ယီက မပြုံးနိုင်ဘဲမနေနိုင်ခဲ့ပေ။ သူ ချန်းခယ့်ယောင် ပေါ်သို့ မှီလိုက်ကာ ချန်းခယ့်ယောင်၏ မျက်နှာပေါ်ရှိ အမာရွတ်ကို ထိရန် သူ့လက်ကို ရှေ့ထုတ်လိုက်သည်။

“တကယ်ဆိုရင် ဒါတော်တော်အဆင်ပြေပါတယ်....ငါသူတို့ကိုကြိုပြီးရှင်းပြထားမယ်.... ဒါ မင်းငါ့ကိုကာကွယ်ဖို့ မင်းလုပ်ခဲ့တဲ့ ဆုလာဘ်ပဲ"

ချန်းခယ့်ယောင် ခေါင်းကို အနည်းငယ် စောင်းကာ ရုန်ယီ အား ကြည့်လိုက်သည်။ သို့သော် တစ်ခုခုပြောခါနီး၌ သူ ရုတ်တရက် သူလက်အားထုတ်လိုက်ကာ သူပါးစပ်အားကာလိုက်သည် ထို့နောက် စားပွဲသေးလေးကို လှန်ချလိုက်သည်။

သူ့တုံ့ပြန်မှုက ရုန်ယီအား လုံးလုံး အံ့အားသင့်ကျန်စေခဲ့ကာ လက်ချောင်းက လေထဲမှာ ထိုးကျန်နေတုန်းပေ။

တစ်ချိန်တည်းမှာပင် လေယာဉ်အမှုထမ်းတစ်ဦး၏ အသံသည် ရေဒီယိုမှ အသံထွက်လာပြီး လေဝင်လေထွက်ကြောင့် အိမ်သာကို ခေတ္တပိတ်ထားကြောင်း လူတိုင်းကို သတိပေးခဲ့သည်။

ရုန်ယီ ချန်းခယ့်ယောင် ၏နားကို အမြန်ရွှေ့လိုက်သည်။

"မင်းကြားလား မင်းထိန်းထားရမယ်!"

ခေါင်းကိုငုံ့ထားဆဲဖြစ်သော ချန်းခယ့်ယောင်က လက်တစ်ဖက်ကို မြှောက်လိုက်ပြီး ရုန်ယီအား တွန်းထုတ်ကာ ပျော့ညံ့စွာပြောလိုက်သည်။

“....ဒါဆို ငါနဲ့ ဝေးဝေးမှာနေ”

ရုန်ယီသည် ချန်းခယ့်ယောင်၏ "ကိုယ် အရင်ကထက် အများကြီး ပိုကောင်းနေပြီ.." ဆိုသောအဆိုကို စပြီး မှားယွင်းသော အဆိုဟု သံသယဝင်လာသည်။

.

ထို့နောက် နှစ်ရက်အကြာတွင်၊ ချန်းခယ့်ယောင် ၏ အပြုအမူသည် ရုန်ယီနှင့်တူတူရှိစဉ်တွင် လုံးဝကြောက်စရာကောင်းသည်ဟု ဖော်ပြနိုင်သည်။ မသင့်လျော်သော မှတ်ချက်လေးတစ်ခု ကြောင့် ချန်းခယ့်ယောင် ရုတ်တရက် ဖျော့တော့ကာ သူ့မျက်နှာကို အုပ်ကာ နေ့တစ်ဝက်ခန့် တိတ်ဆိတ်သွားစေရန် လုံလောက်သည်။ အမှန်တကယ် အန်ထုတ်ခြင်း မရှိတော့သော်လည်း ကြိမ်နှုန်းက မြင့်မားလွန်းသည်။

သူသည် ယခင်က ချန်းခယ့်ယောင် နှင့် မကြာခဏ အဆက်အသွယ် မရှိခဲ့သော်လည်း ပြင်းထန်သော အခြေအနေများတွင်မှ လွဲ၍ ချန်းခယ့်ယောင်သည် ပုံမှန်အတိုင်း ပြုမူနေနိုင်သည်။

ရုန်ယီက ထိုလူ၏ရောဂါက ပိုဆိုးလာနိုင်တယ်လို့တောင် တွေးမိ၏။

မဟုတ်ပါက မည်သို့များထိုမှတ်ချက်ဖြစ်သည့် "မင်းရဲ့ စားပွဲကို စီစဉ်ပေးပါရစေ" ဟူသော အသံသည် ဆွဲဆောင်မှုရှိနိုင်မည်နည်း ။ ရုန်ယီ သည် စားပွဲပေါ်တွင် ရပ်လိုက်ပြီး စားပွဲပေါ်တွင် မလှုပ်မယှက် ကွေးညွတ်နေသော ချန်းခယ့်ယောင် ကို ကြည့်လိုက်သည်။ သူ ချန်ခယ့်ယောင် ကိုတောင် အနိုင်ယူချင်ခဲ့သည်။

သို့သော်လည်း နောက်ဆုံးတွင်၊ ရုန်ယီ၏ ဆင်ခြင်တုံတရားက အသာစီးရနေသေးသည်။

သူက ချန်းခယ့်ယောင်၏ စားပွဲနားရပ်သလို ဟန်ဆောင်ကာ laptop ကို လှည့်လိုက်သည် စာအုပ်တစ်အုပ်ရဲ့ထောင့်စွန်းမှာ စာရွက်တစ်ရွက်ကို တွေ့လိုက်ရ၍ သူ စိတ်လှုပ်ရှားသွားသည်။ ကံမကောင်းစွာပဲ၊ ၎င်းက ဗြောင်စာရွက်သာဖြစ်နေသည်

ဒီကောင်! ဒီအချစ်စာလေးကို ကမ္ဘာပေါ်မှာ သူဘယ်မှာများထားခဲ့တာလဲ.....သူလွှင့်များ လွှင့်မပစ်နိုင်ခဲ့တာလား....သူလုပ်ခဲ့တာလား.....

ချန်းခယ့်ယောင်သည် ရုန်ယီနှင့် ဆက်ဆံရေးထူထောင်ပြီးကတည်းက စိတ်အားထက်သန်သော အင်တာနက်သုံးစွဲသူအဖြစ်မှ ဘာမှမထူးခြားသူအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ တစ်ရက်ခွဲကြာပြီးနောက် ရုန်ယီပေးပို့သော မက်ဆေ့ချ်များသည် နောက်ဆုံးတွင် အဖြေများရရှိခဲ့သည်။ သို့သော်လည်း အကြောင်းအရာက တော်တော်ရှည်နေခဲ့သည်။

(ငါတကယ်တောင်းပန်ပါတယ်! ငါ့လက်တွဲ‌ေဖာ်ကို လိုက်ပို့ဖို့ အရမ်းအလုပ်များနေတာနဲ့ ဖိုရမ်ကို စစ်ဆေးဖို့အချိန်မရှိခဲ့ဘူး......အဲဒီတုန်းက စိတ်တွေအရမ်းပူလို့ ထွက်လာရ‌တာဆိုတော့ စာပြန်ဖို့ကိုစိတ်မရောက်ခဲ့ဘူး....ဒီလောက်ချောချောမွေ့မွေ့ဖြစ်မယ်လို့ မမျှော်လင့်ထားဘူး.....‌ေနာက်ဆုံးတော့ စာမရေးခင်မှာ ကျွန်တော် အောင်မြင်ခဲ့တယ်......LOL.... ရလဒ်ကို ကြိုသိခဲ့မယ်ဆိုရင် အဲဒီအချိန်ကို မဖြုန်းတီးခဲ့လောက်ဘူး..... ပြီးတော့ မင်း အားလုံးမှန်ပါတယ်..... သူ့ကို တိုက်ရိုက်သွားပြီး နမ်းတာက အထိရောက်ဆုံးပဲ......)

(မင်းကရော... အောင်မြင်ပြီးပြီလား... မတွန့်ဆုတ်ပါနဲ့၊ မြန်မြန်လုပ်.....အခု ငါ တွေးပြီးသွားပြီ......တစ်နေ့လုံး ကိုယ့်ရောဂါအကြောင်းပဲတွေးပြီး ဘာမှမလုပ်ဘဲ စိတ်ကူးယဉ်ကြောက်စိတ်တွေနဲ့ တကယ်ခံစားနေခဲ့ရတာအသုံးမ၀င်ဘူး...... မင်းအတွက် သင့်တော်တဲ့သူက မင်းရောဂါကို ခံနိုင်ရည်ရှိမှာပါ။ ချစ်ခြင်းမေတ္တာစွမ်းအားကအထူးသဖြင့် မှော်ဆန်တယ်.....ဒီနှစ်ရက်အတွင်း ငါရဲ့အော့အန်ချင်စိတ်ကိုတောင် ထိန်းထားနိုင်ခဲ့တယ်..... ငါ့မင်္ဂလာပွဲလာတက်ဖို့ မင်းအဆင်သင့်ဖြစ်ရမယ်‌နော်....အဲ့အချိန်ကျရင် မင်း ကြိုက်တဲ့သူကို မင်းနဲ့အတူ ခေါ်လာနိုင်မယ်လို့ ငါမျှော်လင့်တယ်!”

ရုန်ယီသည် ဤစာကြောင်းများကို ဆယ်ကြိမ်ထက်မနည်း ထပ်ခါထပ်ခါ ဖတ်ခဲ့သော်လည်း နောက်ဆုံးတွင် စကားလုံးသုံးလုံးသာ ပေးပို့ခဲ့သည်။

"စာဘယ်မှာလဲ"

အဲဒီ လျစ်လျူရှုထားတဲ့ အင်တာနက်သုံးစွဲသူဟာ သိပ်ကို ဂရုမစိုက်ပါခဲ့ပေ။ အခုထိ အကြောင်းမပြန်သေးပေ။

ရုန်ယီသည်လည်း ချန်းခယ့်ယောင်၏အခန်းကိုရှာဖွေရန် အခွင့်အလမ်းများစွာမရှိခဲ့ပေ။

.

အခုထိ သူတို့နှစ်ယောက် ဆက်ဆံရေးရှိပေမယ့် ရုန်ယီ သူတို့နှစ်ယောက်တွဲနေတာလား အတူတူနေလားဆိုတာ မပြောနိုင်သေးပါဘူး။ ထို့အပြင်၊ ထိုလူ၏ရုပ်ပိုင်းဆိုင်ရာအခြေအနေသည် သူတို့အား လက်ရှိတွင် ပိုမိုရင်းနှီးစွာ ထိတွေ့ရန် မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် ပြန်လာပြီးနောက် အခန်းထဲတွင် သီးခြားအိပ်ကြသေးသည်။

ရုန်ယီသည် သူ့စိတ်ထဲတွင် လှောင်ပြောင်ပြီး တိတ်တဆိတ် ညည်းညူကာ ဤလူ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေသည် အလွန်ကြောက်စရာကောင်းသည်ဟု ခံစားလိုက်ရသောကြောင့်  သူ့မျက်မှောက် ရှေ့၌ပင် ပေါ်မလာတော့ပေ။

ချန်းခယ့်ယောင် ဟာ အိမ်မှာနေရသည်ကို နှစ်သက်ပြီး ရုန်ယီနှင့်လည်း အလွန်ရင်းနှီးခဲ့သည်။ ဤနှစ်ရက်တွင် သူ အဝတ်အစားဝယ်ရန် အပြင်ထွက်ကာ ဆံပင်ညှပ်သည့်အခါ၌ပင် ရုန်ယီကို သူနှင့်အတူ ခေါ်ဆောင်လာခဲ့သည်။ ထို့ကြောင့် သူ့စိတ်ထဲတွင် အမြဲရှိနေသည့် အချစ်စာတစ်စောင်ကို ရှာတွေ့ရန်အတွက် ရုန်ယီ သူ့ ဦးနှောက်ကို တွန်းအားပေးလိုက်သည်။

ထိုအချိန်တွင် ချန်း‌ခယ့်ယောင်က စားပွဲပေါ်၌ အချိန်အတော်ကြာတိုင်အောင် ငုံ့နေ၏။ ရုန်ယီက စာအုပ်စင်ကို လှမ်းကြည့် ဟန်ဆောင်ပြီး နောက်ဆုံးတွင် ချန်းခယ့်ယောင် ကို မော့ကြည့်လိုက်သည်။

“မင်း တစ်နေ့လုံး ဘာကို တွေးနေတာလဲ…”

ရုန်ယီ က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

ချန်းခယ့်ယောင်က ကုလားထိုင်နောက်ကို မှီပြီး မျက်နှာကို လက်နဲ့အုပ်လိုက်သည်။

"အခု ကိုယ်မှာ ကိုယ်‌ရေးကိုယ်တာရော လေးစားမှုရော လုံးဝမရှိဘူးလို့ ခံစားရတယ်။"

“…”

ချန်းခယ့်ယောင်သည် လှည့်၍ ရုန်ယီ ဆီသို့ သူ့လက်ကို ဆန့်လိုက်သည်။

“မြန်မြန်....ကိုယ် အော့အန်ချင်စိတ်ကို အောင်နိုင် နေပြီမို့ ပွေ့ဖက်ပါရစေ....”

"မင်းသဘော...."

ရုန်ယီသည် ချန်းခယ့်ယောင် ဆီသို့ လျှောက်သွားကာ ကုလားထိုင်ပေါ်တွင် ထိုင်ဆဲဖြစ်သော ချန်းခယ့်ယောင် ကို ဖက်ထားရန် သူ့လက်ကို ဆန့်တန်းလိုက်သည်။

"မင်းအရင်က ဒီလောက် အထိမခံ မဖြစ်ဘူး မဟုတ်လား? မင်းပိုဆိုးလာတယ်လို့ ငါဘာလို့ခံစားရလဲ။"

ချန်းခယ့်ယောင် က ရုန်ယီရင်ဘတ်၌ မြှုပ်ထားသော သူ့ခေါင်းကို ခါလိုက်သည်။

“ဒါဆို မင်း အခု မလုပ်နိုင်ဘူး.....မင်း အနာဂတ်မှာ အောင့်တာ ပိုကောင်းတယ်

ချန်းခယ့်ယောင် ရုန်ယီ ကို ရုတ်တရက် ဆွဲထုတ်လိုက်ကာ ရုန်ယီ ကို လေးလေးနက်နက် မော့ကြည့်လိုက်သည်။

“ကိုယ်အဲလိုလုပ် ဖို့မတတ်နိုင်ဘူး

"ဒါပေမယ့် ဒီဟာကကွာခြားမှု မရှိသလောက်ပါပဲ!"





ရုန်ယီကတွေးလိုက်သည်။





သို့သော် ရုန်ယီက ထိုစကားကို မပြောရဲပေ။ သူ့ကိုယ်သူ သက်သေပြနိုင်ရန်အတွက် ချန်းခယ့်ယောင်က ရုန်ယီ၏မျက်နှာပေါ်၌ အော့အန်သွားနိုင်သည် ဆိုပေမဲ့ သူဒီအတွက်ဘာမဆိုလုပ်မှာကို သူကြောက်တယ်။ ဤအရာကကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။ သူတို့ရဲ့ ပထမဆုံးလိင်ဆက်ဆံမှု… သူတို့တစ်သက်လုံး ဒီလိုဆိုးရွားတဲ့ပုံစံနှင့် အမှတ်ရမနေချင်ခဲ့ပေ။

ကံကောင်းထောက်မစွာ၊ မိုက်မဲသောကလေးထက် အရွယ်ရောက်ပြီးသား မိုက်မဲသူကိုနှစ်သိမ့်ရန် ပို၍လွယ်ကူသည်။ ရုန်ယီသည် မကြာသေးမီက ပို၍ ပို၍ အတွေ့အကြုံများလာသည်ဟု ခံစားမိသည်။

ဒါဆို ဆက်ပြီး ကြိုးစားပြီး ကုသမှု ခံယူပါ...."

ချန်းခယ့်ယောင်၏မျက်နှာကိုကိုင်လိုက်ကာ နဖူးကို နမ်းလိုက်သည်။

"နောက်တစ်ခါ ဘယ်တော့ ဆရာဝန်သွားပြမှာလဲ"



"မင်းကိုယ်နဲ့ တူတူသွားမို့လား....."

ချန်းခယ့်ယောင်၏မျက်လုံးများသည် ရုန်ယီအားကြည့်နေသောအချိန်၌ အထူးတောက်ပ နေခဲ့သည်။

.

ဆရာဝန်၏စကားကို နားထောင်ပြီးနောက် ရုန်ယီ  စိတ်ပူသွားသည်။

နူးညံ့သိမ်မွေ့ပြီး ရည်မွန်ပုံရသော ဘီတာဆရာဝန်သည် ချန်းခယ့်ယောင် ၏ပုံမှန်တိုင်ပင်ဆွေးနွေးမှုကို စတင်သောအခါတွင် သူ၏လက်ရှိပြန်လည်ထူထောင်ရေးအခြေအနေသည် အလွန်ကျေနပ်စရာကောင်းကြောင်း ရုန်ယီ အား ပြောပြခဲ့သည်။ သူတို့သည်သာ ပိုမိုမြန်ဆန်လိုပါက၊ အတင်းအကြပ် စိတ်ပိုင်းဆိုင်ရာ တွန်းအားပေးမှုအချို့ပြုလုပ်ရန် ပူးပေါင်းဆောင်ရွက်နိုင်ပါသည်။

ရုန်ယီသည် ဤအပိုင်းကို ကြားလိုက်သောအခါတွင် သူ့မျက်နှာမှာ နီရဲသွားလေသည်။





ထို့နောက် အချို့သော ဘေးထွက်ဆိုးကျိုးများလည်း ဖြစ်ပေါ်လာနိုင်ကြောင်း ဆရာဝန်က ဆက်လက်သတိပေးခဲ့သည်။ အကယ်၍ ချန်းခယ့်ေယာင်သည် ရုန်ယီကိုမြင်တိုင်း အော့အန်ချင်စိတ် ပြင်းပြပါက၊ အခြေအနေပြန်လည်ပြုပြင်သော ရလဒ် သည် နောက်ပိုင်းတွင် ဖြစ်လာနိုင်ဖွယ်ရှိသည်။ ထိုလိုဖြစ်လာခဲ့ရင် ချန်းခယ့်ယောင်ဟာ Omega အပေါ် သူ့ခံစားချက်ကြောင့် အန်မှာမဟုတ်ပေမယ့် ရုန်ယီကို မြင်သည်နှင့် သဘာဝအတိုင်း အန်မည်ဖြစ်၏။

ထိုင်နေသော ရုန်ယီ အလွန်ကြောက်လန့်သွားကာ ချန်းခယ့်ယောင်ဆီမှ နှစ်မီတာကျော်အကွာသို့ ချက်ချင်း‌ ရွေ့သွားသည်။ ထို့နောက်သူသည် ချန်းခယ့်ယောင်သည် ရုတ်တရက်သူပါးစပ်ကိုကာပြီး ငိုက်ကျသွားတာကြောင့် အကွာအဝေးသည်လည်း အရေးမပါကြောင်းသူရှာတွေ့သွားသည်။

ရုန်ယီ သည် ကမ္ဘာမြေကြီးပေါ်တွင် လှည့်ဖြားနေသောအရာအား လွန်စွာ အံ့ဩသွားပြန်သည်။

ထို့နောက် ရုန်ယီသည် ဂရုပြုရမည့်ကိစ္စများကို အသေးစိတ်မေးမြန်းခဲ့သည်။ နောက်ဆုံးတွင် လက်ရှိအခြေအနေသည် အကောင်းရှိနေဆဲဟု ကောက်ချက်ချခဲ့သည်။ ဖြည်းညှင်းစွာ ချန်းခယ့်ယောင်သည် ပိုကောင်းလာ နေသည်။

.

တိုင်ပင်ခန်းမှ ထွက်လာပြီးနောက် ရုန်ယီသည် သူ၏ ဆုံးဖြတ်ချက်ကို ချန်းခယ့်ယောင်ထံ အလျင်အမြန် အသိပေးခဲ့သည်။

“ငါ အလျင်လိုနေတာမဟုတ်ဘူး.....ဒီအကြောင်းကြောင့်နဲ့ ငါ မကျေမနပ်ဖြစ်မယ့် လူမျိုးမဟုတ်‌တာကြောင့်စိတ်ချလိုရပါတယ်.....ငါထင်တာက…"

သူ့စကားတစ်ဝက်တစ်ပျက်မှာ ချန်းခယ့်ယောင်ကို တစ်ချက်ကြည့်လိုက်ကာ ချန်းခယ့်ယောင် ရဲ့မျက်ခုံးတွေ တွန့်နေပြီး သူ လေးလေးနက်နက် စိုးရိမ်နေတာကို တွေ့လိုက်ရသည်။

ရုန်ယီမျိုချလိုက်သည်။





"... မင်း တော်တော် အလျင်လိုနေတာလား"

ချန်းခယ့်ယောင် ၏ မသက်မသာဖြစ်ရသည့် အကြိမ်ရေကို သုံးသပ်ကြည့်လျှင် သူ့ဦးနှောက်သည် ဒုံးပျံများဖြင့် ပြည့်နှက်နေဖွယ်ရှိသည်။

ချန်းခယ့်ယောင်သည်လည်း သူ့ကို စောင်းကြည့် နေခဲ့သည်။

"ရုန်ယီ မင်းက တကယ်ကို ရှားပါးပြီး မွှေးပျံ့တဲ့အနံရှိတဲ့ အယ်လ်ဖာတစ်ယောက် မဟုတ်လား။"

“…”





ရုန်ယီတွေးလိုက်သည် က -

“အို ဘုရားသခင်.....ငါ စိတ်ကူးထားတဲ့အတိုင်းပဲ သူက ပိုအလျင်လိုနေပုံရတယ်.....”

ကျိုးလီ: ငါ မင်းကို တစ်ခုပြောပြစရာရှိတယ်... အယ်လ်ဖာတွေက အလွန်ညစ်ညမ်းသော သတ္တဝါ‌တွေပဲ..... တစ်ချိန်က သိပ္ပံနည်းကျ သုတေသနပြုချက်တစ်ခုမှာဆိုရင်သူတို့က ပျမ်းမျှအားဖြင့် တစ်နေ့ကို အကြိမ်တစ်ရာထက်မနည်း လိင်ဆက်ဆံရန် ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မရည်ရွယ်ဘဲ တွေးနေကျလို့ဖော်ပြထားတယ်....

ရုန်ယီ:(๑ʘ‌ д ʘ‌๑)!!!




Continue Reading

You'll Also Like

3K 149 7
On the run in the year 1987, Bumblebee the Autobot seeks refuge in a junkyard in a small California beach town. Charlie and Y/N, on the brink of turn...
294K 50.3K 62
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
23.3K 3.1K 23
⚠BDSM ⚠dominance Love in a dark heart Sex can be intense, but we can't even imagine the love in that heart..🏳️‍🌈 〰️Please read this carefully〰️ ⚠...
92.3K 12.2K 44
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]