Unicode
"Wonnu ရား ငါတော်တယ်မလား"
Mingyu က ပွဲစဉ်မပြီးမီ လက်တစ်ကမ်းအလိုမှာ ဒရမ်မာဆန်ဆန် ဂိုးသွင်းသွားတာကြောင့် ဂုဏ်ယူနေမိသည်။ ထို့အပြင် Wonwoo ရဲ့ သဘောကျမှုကိုလည်း သူရယူချင်မိသည်။ Wonwoo ဘက်က ချီးကျူးစကားဖြစ်ဖြစ် ကြားချင်မိတာကြောင့် အနားသွားပြီး စကားတောင်စားလုပ်နေမိသည်။ Wonwoo ကတော့ သူ့အာဘော်အရ ငြိမ်ငြိမ်ကလေးသာနေနေသည်။ လက်မောင်းကိုပါ လှုပ်ယမ်းနေသူက အတင့်ရဲလှစွာ။ Wonwoo ငြိမ်နေလို့ မဖြစ်တော့တာကြောင့် ခေါင်းညိတ်ပြလိုက်ပြီး
"အင်းတော်တယ်"
Mingyu က ဝမ်းသာအားရပြုံးသည်။ ထို့နောက် Wonwoo ဖတ်နေသည့်စာအုပ်အဖုံးကို အမြင်ကတ်ကတ်နဲ့ ပိတ်အုပ်လိုက်တော့ Wonwoo က အံ့ဩသလိုကြည့်သည်။
"ငါ့မျက်လုံးတည့်တည့်ကို ကြည့်ပါအုံး၊ အဲ့စာအုပ်က ဘာမို့လို့လဲ"
Mingyu က စာအုပ်ကို လုသွားသည်။ ပိုင်စိုးပိုင်နက်ဆန်လှသည့် Mingyu ရဲ့ အပြုအမူကြောင့် Wonwoo ရုတ်တရပ် စိတ်ရှုပ်သွားရပေမဲ့ ဒေါသတော့မထွက်မိ။ Mingyu ရဲ့ စကားလုံးတွေဆို မငြင်းပယ်ချင်နေတာ သူ့ကိုယ်သူအသိဆုံး။ Mingyu မျက်ဝန်းကို တည့်တည့်မကြည့်ရဲသည်က ငြို့ယူနိုင်လွန်းသည့် အကြည့်တွေကြောင့်ပင်။ Mingyu မျက်လုံးကို ၅စက္ကန့်ပင်မကြာ တစ်ချက်မျှကြည့်ရင်း "တော်သည်" ဟု တစ်ဖန်ပြောပေးလိုက်သည်။
"မင်းဟာကလည်း အေးတိအေးစက်နဲ့၊ ထားပါ ဒါမင်းပုံစံပဲ။ ငါကလည်း အဲ့ပုံစံကိုပဲ သဘောကျနေရတာဆိုတော့"
Mingyu ရဲ့ အနှောင့်အသွားမလွတ်သည့် စကားကြောင့် Wonwoo စိတ်ထဲ စနိုးစနောင့်ဖြစ်သွားရကာ အောက်ငုံ့နေမိသည်။ Mingyu က Wonwoo ရဲ့ ဝတ္ထုစာအုပ်ကိုယူလိုက်ပြီး နောက်ဆုံးဗလာစာမျက်နှာမှာ တစ်ခုခုရေးလိုက်သည်။ မြန်ဆန်လှသည့် Mingyu ရဲ့ လှုပ်ရှားမှုတွေကြောင့် Wonwoo လိုက်၍မမီတော့။ Wonwoo သူ့စာအုပ်တွေမှာ မတော်တဆပဲဖြစ်ဖြစ်၊ တမင်တကာပဲဖြစ်ဖြစ် ရေးခြစ်ခြင်းကို အရမ်းမုန်းပါသည်။ ထို့ကြောင့် စက္ကန့်ပိုင်းမျှ တွေဝေနေပြီးသည်နှင့် အသိစိတ်ဝင်ကာ
"Mingyu မင်းအဲ့တာ ဘာလုပ်လိုက်တာလဲ"
စိတ်ဆိုးသွားတာကြောင့် လေသံနည်းနည်းကျယ်သွားပေမဲ့ Mingyu ကတော့မမှု၊ ဆက်ရေးနေသည်။ လူတိုင်းက လေ့ကျင့်ရေးခန်း၊ ကန်တင်းနဲ့၊ ဘောလုံးကွင်းမှာပဲ ရှိနေကြတာမလို့ အတန်းထဲ သူတို့နှစ်ဦးတည်းပင်။ သူစာအုပ်ကို ဆွဲလုဖို့ကြိုးစားပေမဲ့ သူ့အပြုအမူကို ကြိုတင်ရိပ်မိသည့် Mingyu က မက်တပ်ထရပ်သည်။ Wonwoo က အရှိန်လွဲသွားတာကြောင့် ပြုတ်ကျတော့မဲ့သဲ့သဲ့မှာ လက်မောင်းစပ်နားကို Mingyu က လှမ်းဆွဲပေးသည်။ ထို့နောက် စာအုပ်ကိုပေးကာ
"ဖတ်ကြည့်၊ မနက်ဖြန်အဖြေပေး"
Mingyu က စာအုပ်ကို မျက်စပစ်ပြပြီး အခန်းထဲက ထွက်သွားသည်။ Wonwoo ကတော့ ပဟေဠိများဖြင့် ကျန်ခဲ့သည်။
"ဟင်"
သူ့မူလထိုင်ခုံပေါ် ပြန်ထိုင်လိုက်ပြီး Mingyu ရေးခဲ့သည့် နောက်ဆုံးစာမျက်နှာကို လှန်လိုက်သည်။
"Wonnu မင်းရိပ်မိနေလား၊ မရိပ်မိနေလားတော့ ငါမသိပေမဲ့၊ ငါမင်းကိုကြိုက်တယ်နော်။ ပါးစပ်ကနေပြောရတာ ငါလည်းရှက်လို့၊ အခုလိုရေးလိုက်တာ၊ စိတ်တော့မဆိုးပါနဲ့ကွာ၊ မနက်ဖြန်အဖြေပေးနော်။ အသည်းနှလုံးကိုတော့ မခွဲလိုက်ပါနဲ့၊ မင်းကငါ့ရဲ့ အချစ်ဦးကွ"
စာလေးက တိုတိုလေးပေမဲ့ သူ့ကို ရွှင်မြူးစွာပြုံးစေသည်။ သူရိပ်မိနေသလားဆို၊ ရိပ်မိပါသည်။ အနေသာအေးပေမဲ့ ထုံထုံအအတော့ မဟုတ်တာမလို့ Mingyu ရဲ့ ရေလာအောင် မြောင်းဖောက်ပေးမှုတွေကို သိထားနှင့်ပါသည်။ စိတ်ကစားသည်လား၊ အတည်လား သူဝေခွဲမရသေးတာမလို့ စောင့်ကြည့်နေခဲ့ခြင်းသာ။ Mingyu ဘက်က သူ့နှလုံးသားကို ဗြောင်းဆန်အောင် လှုပ်ခါနေတာမလို့ သူငြိမ်နေခဲ့ရသည်သာ။ Mingyu ၏ လက်ရေးနှင့်စာကို တစ်ချက်မျှ ငေးရင်း ထပ်ပြုံးမိတော့သည်။
//
"Seungkwan!"
Vernon က ဘောလုံးကွင်းကနေ ခေါင်းမော့ ရင်ကော့စွာ ပြန်လာသည့် Seungkwan ကို အော်ခေါ်လိုက်တော့ အံ့ဩစွာ မျက်လုံးလေးပြူးကျယ်လာပြီး
"ဩ Vernon မတွေ့တာတောင်ကြာပြီ"
"အင်း မင်းအသင်းအတွက် ဂုဏ်ယူတယ်နော်"
"ကျေးဇူးကွာ၊ မင်းတို့ကျောင်းက Seung Cheol ကလည်း အကြမ်းကြီးနော်။ ဂိုးတောင်မသွင်းနိုင်လောက်တော့ဘူး ထင်ထားတာ"
Vernon ခေါင်းညိတ်ပြလိုက်ပြီး ချွေးသီးတွေ နှဖူးမှာ နေရာယူထားတာကြောင့် ယူလာသည့် သဘက်အဖြူလေးကို ပေးလိုက်သည်။ တကယ်တမ်း ဝန်ခံရရင် သူကိုယ်တိုင် ချွေးသုတ်ပေးချင်မိပေမဲ့ Seungkwan အတွက် မသက်မသာဖြစ်သွားမှာကြောင့် အလိုက်သင့်လေးသာ ပေးလိုက်ခြင်းပင်။
"ငါမင်းကို "
"အေး"
"မုန့် ...အဟမ်း! မုန့်လိုက်ဝယ်ကျွေးရမလားလို့၊ ဂုဏ်ပြုတဲ့ အနေနဲ့"
"မင်းကျောင်းရှုံးသွားတာနော် Vernon"
Seungkwan က တည့်တိုးကြီးပြောလာတာကြောင့် Vernon ကို ချက်ကောင်းမိသွားစေသည်။ ခေါင်းကုတ်ဖင်ကုတ်နဲ့ ဘာဖြေရမလဲမသိခင်မှာ Jun ရောက်လာကာ Vernon ကို Cheol ခေါ်နေကြောင်းလာပြောသည်။ ထိုအခါမှပဲ
"ဒီတိုင်း မုန့်ကျွေးချင်လို့၊ မင်းအားမဲ့အချိန် စာလှမ်းပို့လိုက် ငါလာခဲ့မယ်"
သူJun နဲ့လိုက်သွားရင်းနဲ့ပဲ လှမ်းအော်ပြောမိသည်။ Seungkwan ဘက်ကတော့ ဘယ်လိုနေမလဲမသိပေမဲ့ သူရင်တွေတထိတ်ထိတ်။ Seungkwan ကတော့ ကြောင်စီစီနဲ့ ကျန်ခဲ့ပေမဲ့ ဘာလိုလိုနဲ့ စားရကံကြုံသွားတာမလို့ တစ်ချက်ပြုံးရင်း လေ့ကျင့်ရေးဆရာဆီက ချီးကျူးခံဖို့ သွားလေသည်။
//
"Seungcheol ကဘာတဲ့လဲ Jun "
"သူပေါ့၊ သိတဲ့အတိုင်း သူရှုံးသွားလို့ ဝမ်းနည်းနေတာ။ ငါတို့က သွားနှိမ့်သိမ့်ပေးရမတဲ့လေ"
"ဟ အလာကြီးနော်"
"ထားလိုက်ပါကွာ၊ မင်းသိတဲ့အတိုင်း သူကကလေးဆိုး,ဆိုးချင်နေတာ"
"သူ့အမေနဲ့အဆက်အသွယ်သိပ်မလုပ်ဖြစ်ဘူးတဲ့၊ ဟိုတစ်နေ့က ငါ့ကိုပြောပြတယ်"
"Seungcheol အမေနဲ့တောင် မတွေ့ရတာကြာ"
"ဩ သူ့သားနဲ့တောင် မတွေ့ဖြစ်ပါဘူးဆို၊ ငါတို့နဲ့ဆို ဝေးရောပေါ့"
Vernon နဲ့ Jun က သူငယ်ချင်းဖြစ်သူအကြောင်း ပြောနေကြရင်း Seungcheol နဲ့ ပတ်သတ်ပြီး တစ်ခုတွေးကြည့်မိသည်။ အပေါင်းအသင်းမမက်သည့် Seungcheol က သူတို့နဲ့မှ ခင်တွယ်လာပေမဲ့ တစ်ခါတလေကျ သူတို့အပေါ်စိမ်းကားဟန်ရှိသလိုပင်။ တကယ်တော့ ယင်းကဲ့သို့မဟုတ်၊ Seungcheol က ခင်မင်မှုကို သူ့ပုံစံနဲ့သူ ပြတတ်တာမျိုး။ ဖက်လှဲတကင်းမရှိပေမဲ့ သူငယ်ချင်းတွေရဲ့ မျက်ဝန်းတွေကို တစ်ချက်မျှ ကြည့်ရုံဖြင့် ပျော်နေသည်လော၊ ဝမ်းနည်းနေသည်လော၊ အကဲခတ်တတ်လေသည်။ Cheol က ထက်သည်၊ နပ်သည်။ အပေါ်ယံလေးဖြင့် လူအကဲခတ်တတ်သည့်က Cheol ကိုတော်ရုံလူ ချဉ်းကပ်လို့ မရ။ထို့ကြောင့်လည်း Cheol က သူ့ပေါင်းသည့် လူတွေဟာလည်း သူယုံကြည်သည့်လူတွေသည်သာ။
သူဖြတ်သန်းလာတဲ့ တလျှောက်မှာ အရှုံးဆိုတာနဲ့ မအပ်စပ်ကြည့်ဖူးတာမလို့ သည်တစ်ခေါက် ရှုံးနိမ့်မှုဟာ Cheol အတွက် ခက်ခဲလောက်မည်ပင်။ ပွဲမစကတည်းက ယုံကြည်ချက် အပြည့်နဲ့မလို့ မထင်မှတ်ထားသည့် ရှုံးနိမ့်မှုမှာ သားကောင်ဖြစ်သွားလောက်မည်လား။ Cheol အကြောင်း ဒွိဟများနဲ့ စဉ်းစားနေရင်း လေ့ကျင့်ရေးခန်းထဲဝင်လိုက်တော့ ဟိုတစ်ခါတွေ့ဖူးသည့် Jeonghan ဆိုသူနှင့် ရယ်မောနေသော Seungcheol။
Vernon တို့နှစ်ယောက်ခမျာ သူငယ်ချင်း စိတ်ဓာတ်မကျသွားစေဖို့ ရင်ထိတ်နေလိုက်ရတာ။ သူက တခြားတစ်ယောက်နဲ့ ပျော်နေသည်ကြောင့် Vernon နဲ့ Jun တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိသည်။
"Seungcheol ! "
Vernon က အော်ခေါ်လိုက်တော့ ပျာပျာသလဲ လှည့်ကြည့်ပြီး သူတို့ကိုလည်းတွေ့ရော မျက်မှောင်ကုတ်သွားကာ
"ဘယ်လိုရောက်လာတာတုန်း"
Cheol စကားကြောင့် Jun က မခံချင်ကာ
"အောင်မာ မင်းပဲ လာပါအုံးဆိုပြီး စာပို့ပြီးတော့"
"ဪဟုတ်သား ဟဲဟဲ"
Jeonghan ကတော့ ပြောင်စပ်စပ်လုပ်နေသည့် Cheol ပုံစံကို အသည်းယားစွာ ငေးနေမိသည်။ Cheol ရဲ့ ပုံစံမျိုးစုံကို သူစိတ်ရှိလက်ရှိ လေ့လာချင်နေမိတာ။ ခပ်မိုက်မိုက် ဂိုးဖမ်းသမားလေးဆိုလည်း သဘောကျရသလို၊ ပြောင်ချော်ချော် ကျောင်းသားပေါက်စလေးဆိုလည်း မေတ္တာသက်ဝင်နေရတာပါပဲ။
"မင်းအဆင်ပြေရဲ့လား"
"ခုနကတော့ နည်းနည်းစိတ်ညစ်နေတယ်"
Vernon အမေးကို Cheol က တက်တက်ကြွကြွဖြေသည်။ Vernon က Cheol အဖြေကြောင့် မျက်ခုံးကို လှလှပပပင့်တင်ပြီး စဉ်းစားသည်။ ခုနကစိတ်ညစ်သည်ဆိုတော့ အခုမညစ်တော့ဘူးပေါ့။ Cheol ဘေးက Jeonghan ကို တစ်ချက်မျှ ငဲ့ကြည့်မိတော့ Cheol ကိုအအေးတိုက်လိုက် မုန့်ခွံ့လိုက်နဲ့ မအားရပါဘူး။ နီးကပ်လွန်းနေတဲ့ သူတို့နှစ်ယောက်ကို Vernon မသင်္ကာပေမဲ့ လူအေးလေး Jun ကတော့ သာမန်ဖြစ်ရိုးဖြစ်စဉ်လိုသာ သတ်မှတ်ရင်း
"အခုအဆင်ပြေပြီဆို ပြီးတာပဲ၊ ဩ ဒါနဲ့ သမိုင်းဆရာက မင်းနဲ့တွေ့ချင်လို့တဲ့။ တွေ့ရင် ပြောလိုက်ပါအုံးဆိုလို့"
"ဘာပြောအုံးမလို့လဲ"
ဆောင့်ညည်းအောင့်ညည်းပြောလာသည့် Cheol လေသံက အနည်းငယ်မျှမာသည်။ မာလည်းမာချင်စရာဟု Jeonghan တွေးမိသည်။ သည်လောက် ပင်ပန်းနေတာ၊ အနားယူချင်မှာပေါ့။ တစ်ယောက်ပြီး တစ်ယောက် စကားလာလာပြောနေကြတော့လည်း သူစိတ်ကျဉ်းကြပ်မှာပင်။ သည်ထဲတော့ Jeonghan ကိုယ့်ကိုယ်ကိုယ် မထည့်မိပါ။ သူကတော့ မတူဟု တွေးမိသည်။ Cheol ကိုယ်တိုင်ကိုက သူ့အနားမှာ တိုးဝှေ့ချင်နေသူလေ။ ဤသို့တွေးမိတော့ ပြုံးရသည်။
Cheol သူငယ်ချင်း Jun က Cheol ကို အချိုးမပြေသလို တစ်ချက်ကြည့်ပြီး
"မင်းကို ချီးကျူးဖို့ ဘာညာပေါ့။ ဆရာက မင့်ဆို ဘယ်လောက် စောင့်ရှောက်ပေးလဲ၊ သွားတွေ့လိုက်အုံး"
"သိပါတယ်၊ ခဏလေးနားလိုက်အုံးမယ်"
"မင်းအခုလည်း နားနေတာပဲမဟုတ်ဘူးလား"
Vernon က ဝင်လှော်တော့ Cheol လက်ယပ်ပြကာ သူတို့နှစ်ယောက်ကို သွားတော့ဟု အချက်ပြသည်။ Vernon က Middle Finger ထောင်တော့မယ်အပြု Jun ၏ ကောင်းမှုအထူးပြု၍ မထောင်လိုက်ရ။ Cheol က Vernon ကို တစ်ချက်ရယ်ကာ
"မင်းတို့တွေ အိမ်ရောက်ရင် တစ်ပွဲတစ်လမ်းနော်"
"ငါမပါ"
ဂိမ်းဆော့ဖို့ ပြောနေခြင်းကို Vernon က ငြင်းလိုက်ခြင်းပင်။ Seungkwan အားတဲ့အချိန်နှင့် ကိုက်နေမှာ စိုး၍ဖြစ်သည်။ Cheol ကတော့ သူ့နောက်ကိုတောင် လှည့်မကြည့်ဘဲ ထွက်သွားသည့် Vernon ကို လက်သီးပြကာ ကျန်ခဲ့သည်။ Jun ကတော့ ထုံးစံအတိုင်း Cheol ဆော့မည်ဆိုပါက ဝင်ပါမည်သာ။
Cheol က သူ့သမိုင်းဆရာဆီ သွားတွေ့မည်ဟု ပြောရင်း Jeonghan ကို ခဏထားခဲ့သည်။ Jeonghan လုပ်စရာမရှိတာနဲ့ သူတို့အတန်းဖြစ်သည့် B12 ကိုပဲ လျှောက်သွားလိုက်သည်။ အတန်းထဲ လူမရှိဟု ထင်လိုက်ပေမဲ့ Mingyu နဲ့ Wonwoo ကို တွေ့လိုက်ရတာကြောင့် ဝင်ရင်ကောင်းမလားစဉ်းစားမိသည်။ သို့သော် သူတို့နှစ်ယောက်၏ ကြည်နူးချိန်လေးကို မဖျက်စီးစေချင်တာကြောင့် ရောက်တတ်ရာရာ လျှောက်နေရင်း Jisoo နဲ့ဆုံမိသည်။ Cheol တွေ့သွားရင်ဆိုသည့် အတွေးနဲ့ Jisoo ကို ပြုံးသားပြမိပြီး လှည့်ထွက်ဖို့ လုပ်တော့ Jisoo က
"Jeonghan ခဏ"
"အင်း"
"Seokmin ကိုတွေ့မိလား"
"ခုနကတော့ Seungkwan နဲ့ ကွင်းထဲတွေ့လိုက်တယ်"
"ကျေးဇူးနော်၊ အာ ဒါနဲ့"
Jeonghan ထပ်လှည့်ကြည့်တော့ Jisoo က
"ငါမင်းကို တစ်ခုပြောအုံးမယ်၊ ဘယ်သူ့မှ ပြန်မပြောနဲ့နော်။ လျို့ဝှက်ချက်"
ဟမ် ! အခုအခြေအနေကြီးက ဘာများလဲဟု Jeonghan တွေးမိသည်။ Jisoo က သူ့ကို ရည်းစားစကားပြောမလို့လား။ မဖြစ်ဘူး၊ Cheol သိသွားရင် စိတ်ဆိုးမှာ။ ဤသို့ တွေးမိရင်း Jisoo ရှေ့က ထွက်ပြေးဖို့ စဉ်းစားနေတုန်း
"ငါလေ Seokmin ကို သဘောကျနေတာရယ်"
ဘာရယ် !
Jeonghan အာမေဋိတ်ပြုမိသည်။ တကယ်တမ်း Jeonghan ထင်တာက သူ့သူငယ်ချင်းကသာ သဘောကျနေလောက်သည်ဟု။ မှန်းချက်နဲ့ နှမ်းထွက်မကိုက်သည့်အပြင် Seokmin ကို သဘောကျတာ ဘာပြုလို့များ သူ့လာပြောနေရတာလဲဟု တစ်ဆက်တည်း တွေးမိသည်။
"တစ်ယောက်ယောက်ကို ပိုးပန်းတော့မယ်ဆိုရင် သူ့သူငယ်ချင်းတွေနဲ့ အရင်ချိတ်ထားရတယ်ဆိုလို့။ မင်းကို အရင်ပြောတာ"
Jisoo က ပြုံးတုံ့တုံ့နဲ့ ရှင်းပြတော့ Jeonghan လည်း ခေါင်းတဆတ်ဆတ်ညိတ်မိကာ
"ဩ အေးအေး"
"ကူပေးမလား"
"ဟင် ဘယ်လိုကူ..."
"ဒီတိုင်း သူနဲ့ငါနဲ့ နှစ်ယောက်တူတူရှိနိုင်အောင် လမ်းဖောက်ပေးတာမျိုးတို့၊ ဘာတို့ပေါ့ကွာ။ ငါတစ်ယောက်တည်းနဲ့က Seokmin ကို လိုက်မမီဘူးရယ်"
"သူက ရည်းစားထားချင်နေတာမဟုတ်ဘူး။ တကယ့်ကလေးလိုဖြစ်နေတာ"
"အင်း ငါသိတယ်၊ အဲ့တာမျိုးလေးကြောင့်လည်း ငါသဘောကျနေရတာ"
Jeonghan ရင်ဘက်ကို လက်ဖြင့် ဖိမိတော့မည့် ဆဲဆဲမှာ ပြန်ရုတ်လိုက်ရသည်။ အမလေး ဟု တမိပြီး သူ့ မူပိုင်ရှင်ဖြစ်သူ Cheol ကို လွမ်းလာသည်။ ကိုယ်လည်း ပိုင်ရှင်ရှိကြောင်းကြွားလုံးထုတ်ချင်လာသည်။ သူမအီမသာဖြင့် ခေါင်းညိတ်ပြလိုက်တော့ Jisoo ကသတိထားမိသွားသလို အားတုံ့အားနာဖြင့်
"ဟို...အဟဲ ငါ...ဆော်ရီးကွာ။ Seokmin ကိုတော့ ပြန်မပြောပါနဲ့နော်။ ငါစိတ်ကို ဒုံးဒုံးချပြီးတဲ့အခါ ငါကိုယ်တိုင် မြတ်မြတ်နိုးနိုးပြောပြချင်လို့ပါ"
"အင်းပါ ငါနှုတ်လုံပါတယ်။ မင်းကိုလည်း ငါယုံလိုက်မယ်။ ငါ့သူငယ်ချင်းက ဖြူဖြူစင်စင်လေး၊ တစ်သွေးတစ်မွေးလေး။ အခုထိ ရည်းစားဆိုတာ လက်တည့်စမ်းဖူးတာမဟုတ်ဘူး။ သူ့ဘာသာသူ ပျော်ပျော်လေးနေနေတာ ငိုအောင်တော့ မလုပ်ပါနဲ့နော်"
"စိတ်ချ"
Jisoo ကို ခေါင်းညိတ် ပြုံးပြလိုက်ပြီး ဘယ်ကိုသွားရမလဲမသိခင်မှာ
"မင်းနဲ့ ဟိုဘက်ကျောင်းက ဂိုးဖမ်းသမားနဲ့ကလည်း တွဲနေတာမလား၊ ငါသတိထားမိတယ်ရယ်။ လိုက်တယ် လိုက်တယ်"
"အာ...ကျေးဇူး"
အခုလို တည့်တိုးကြီး ဂုဏ်ပြုလာမယ်မှန်းမသိလို့ ရှက်သွားရပြီး လည်စပ်ကို ပွတ်မိတော့ Jisoo က ပြုံးသည်။ ထို့နောက် ပုခုံးကို တစ်ချက်ပုတ်ပြီး ထွက်သွားသည်။ Jeonghan လည်း Seokmin နဲ့ Jisoo ကို မျက်စိထဲ နှစ်ယောက်တည်း စိတ်ကူးယဉ်ကြည့်တော့ လိုက်ဖက်သားဟု တွေးမိသည်။ ထို့နောက် အတွေးထဲ လက်ပစ်ကူးနေခြင်းကို ရပ်ပြီး ဆက်သွားမယ်အပြု သူ့ကို စူးစူးနစ်နစ်ကြည့်နေသူက Cheol။
ဤအကြည့်မှာ ဒေါသတွေလည်းပါတာမြင်လိုက်ရတော့ Jeonghan ရင်ဘက်ဖိမိသည်။ သူချော့ရအုံးမည်လား။ လှလှပပပြုံးရင်း Cheol ဆီ ပြေးသွားလိုက်တော့ မျက်နှာလွှဲသွားသည်။ သည်အဆိုးကောင်လေးကို သူသိပ်မြတ်နိုးလှပါသည်။ ဂျစ်တိုက်နေပုံကိုက သူ့နှလုံးသားကို တနုံ့နုံ့ ဆွဲယူနေတာပါပင်။
"Cheol!"
သူအော်ခေါ်လိုက်တော့ တစ်ချက်မျှ စောင်းကြည့်ကာ တစ်ဖန်ပြန်လွှဲသွားသည်။ မျက်လုံးမို့မို့တွေက စူးရှပြီး ထူထူထဲထဲ မျက်ခုံးတွေက ကုတ်ချိုးထားသည်ကြောင့် တခြားသူဆိုရှိန်သွားလောက်ပေမဲ့ သူကတော့မဟုတ်၊ အသည်းယားမိသည်သာ။ လက်မောင်းကို ချိတ်ဆွဲပြီး ခေါင်းမှီလိုက်တော့ ဖယ်ချချင်ပေမဲ့ Jeonghan ဤသို့ ချွဲတဲ့တဲ့ အပြုအမူမှာ ရှားသဖြင့် ရုပ်တည်ဖြင့်သာ ငြိမ်နေသည်။
"Jisoo ကတဲ့ Seokmin ကိုကြိုက်နေတာတဲ့"
နှုတ်လုံပါသည်ဆိုသော Jeonghan က ရည်းစားချော့ဖို့အတွက် ကတိဖျက်ရတော့သည်။ ရှင်းပြတော့လည်း တုံ့ပြန်မှုမရှိသော အနှီလူသားကြောင့် ပါးနှစ်ဖက်ကို လက်ဖြင့်အုပ်မိုးလိုက်ပြီး
"စိတ်ဆိုးဖို့ပဲတတ်နေလိုက်၊ လူဆိုးကောင်"
"အဲ့တော့"
"အဲ့တော့ ငါ့ဘက်ကလည်း အလျော့ပေးမယ်ထင်နေလား"
"မသိဘူး"
ဂျစ်ကန်ကန်ဖြေလိုက်သည့်သူကို အပြစ်မဆိုရက်ဘဲ အသည်းတွေသာ တလှိမ့်လှိမ့်ယားရသည်။ ပါးပြင်ကို ဆွဲညှစ်လိုက်တော့ မျက်မှောင်တွေ နှစ်ဆပိုကုတ်လာကာ သူမကြိုက်ကြောင်း အချက်ပြသည်။
"ငါမင်းကို အလျော့မပေးနိုင်ဘူး၊ စိတ်ပြေတဲ့အထိကို လိုက်ချော့မှာ မှတ်ထား"
"ဪဟော်"
Jeonghan တခစ်ခစ်ရယ်တော့ Cheol က မျက်ခုံးတစ်ဖက်ကို ကျွမ်းကျွမ်းကျင်ကျင် ပင့်တင်လိုက်ပြီး ဘာရယ်စရာပါလဲ ဟု မျက်ဝန်းများဖြင့် မေးသည်။ Jeonghan ဘေးဘီကို တစ်ချက် စနည်းနာရင်း လူရှင်းကြောင်း အတည်ပြုပြီးမှ ရှေ့က ဆူပုတ်ချင်နေသည့် နှုတ်ခမ်းတစ်စုံကို မွ ခနဲ နမ်းလိုက်သည်။ ဤသည်ကို Cheol က
"စိတ်ပြေတဲ့အထိ ချော့မယ်ဆို"
"အင်းလေ"
"ဒီဟာကို နမ်းတယ်လို့တောင် မခေါ်ဘူး Hannie ရဲ့"
ဤသို့ပြောပြီး Jeonghan ကို ခါးကနေ ထိန်းပွေ့ကာ နှသယ်စပ်ပေါ် ဖရိုဖရဲကျနေသည့် ဆံနွယ်တွေကို ဖယ်ရှားလိုက်ရင်း ထိုဆံနွယ်တွေကို တစ်ချက်မျှ နမ်းရှိုက်ကာ
"မင်းဘာခေါင်းလျှော်ရည်သုံးလဲ၊ မင်းဆံပင်အနံ့ကို ငါတကယ်ယစ်မူးမိနေရောပဲ"
Jeonghan ခပ်ဟဟရယ်မိသည့်အခိုက်မှာပဲ Cheol က သူ့နှုတ်ခမ်းဆီ နယ်ချဲ့လာသည်။ ရုတ်တရပ်မလို့ ရင်ထဲထိတ်သွားပေမဲ့ ထိုအနမ်းတွေကို မတတ်တခေါက်၊ တတ်တခေါက်နဲ့ပဲ တုံ့ပြန်မိနေသည်။ နမ်းနေရင်းလည်း ဘာကိုမှ မစဉ်းစားမိတော့။ လူမိသွားရင် ဆိုသည့်အတွေးတွေကော၊ Cheol စိတ်ဆိုးနေသေးလား ဆိုသည့်အတွေးတွေကော ပျောက်ခြင်းမလှပျောက်သွားရသည်။
"မင်းကိုလေ တစ်စက္ကန့်လေးတောင် အပျောက်မခံနိုင်တော့တာ"
"အဲ့တော့ ဘာလုပ်ချင်"
"အမြဲဖက်ထားရရင် ကောင်းသား"
"အင်းနော်၊ အမြဲအဖက်ခံရရင် ကောင်းသား"
Cheol စကားအတိုင်း Jeonghan သံယောင်လိုက်မိတော့ ပုခုံးတွေလှုပ်တဲ့အထိ ရယ်သည်။ Jeonghan နှာခေါင်း ဖွဖွတောက်လိုက်ပြီး
"သိပ်ချစ်ဖို့ကောင်းမနေနဲ့၊ စိတ်ကိုမချဘူး မင်းကို"
"ဘာလို့"
"ချစ်လို့ပေါ့ကွ မင်းကလည်း"
Cheol နဲ့ Jeonghan ပုခုံးချင်းဖက်ပြီး ရယ်ရယ်မောမော အိမ်ပြန်ကြသည်။ ထိုစဉ် သူတို့အတန်းရှေ့ကနေ ဖြတ်ရတာမလို့ အတန်းထဲ ငဲ့ကြည့်မိတော့ Seokmin ရဲ့ locker ထဲ Snack အချို့နဲ့ တခြားတစ်ခုခုပါ ထည့်နေသော Jisoo ကိုတွေ့လိုက်သည်။ Jeonghan နဲ့ Cheol ကိုလည်းတွေ့ရော သူခိုးလူမိသလိုဖြစ်သွားသည့် မျက်ဝန်းတို့က ပြူးကျယ်လို့။ ထို့နောက် အသိပြန်ဝင်ကာ ထိုနှစ်ယောက်ကို ရှူးတိုးတိုး ဟု အမူအယာပြလိုက်ရသည်။ Jeonghan ကတော့ အလိုက်တသိ ခေါင်းညိတ်ပြပေမဲ့ Cheol က ဘာလဲဟ ဟူသည့်အကြည့်ဖြင့်ကြည့်သည်။
ထိုစဉ် Seokmin လျှောက်လာသည်ကို Jeonghan တွေ့လိုက်တာကြောင့် Jisoo အား အချက်ပြကာ locker ကို ပိတ်စေသည်။ Jisoo လည်း ချက်ဆို နားကွက်က မီးတောက်သည့်သူမလို့ locker ကိုချက်ချင်းပိတ်၊ လွယ်အိတ်ကိုကောက်လွယ်ကာ ယခုမှ အခန်းထဲက ထွက်မည့်ဟန်ပြင်သည်။ အကြံအစည်တွေကို နည်းနည်းလေးမှ မရိပ်မိသည့် Seokmin ကမူ အာကျယ်အာကျယ်ဖြင့်
"ဟေး Jeonghan! ဟေး Jisoo! ဟေး ဟိုတစ်ယောက်"
ဟိုတစ်ယောက်ဟု အခေါ်ခံလိုက်ရသူ အင့် သွားပြီး သည်နေရာကနေ ထွက်ပြေးဖို့ Jeonghan ကိုအတင်းဆွဲနေသည်။
"မင်းအခုမှ ဘယ်ကပြန်လာတာလဲ"
Jeonghan အမေးကို Seokmin က သူဆွဲလာသည့် အထုတ်တွေ ထောင်ပြကာ
"ကျောင်းရှေ့ခဏ မုန့်သွားဝယ်စားတာ"
မုန့်ထုပ်တွေက နည်းတာမဟုတ်။ Jisoo ပြုံးမိသည်။ Seokmin ကို လိုက်ဖို့ဆိုတာ အပေါ်ယံကြည့်ရင် လွယ်သည်။ မုန့်ထုပ်တွေရယ်၊ သီချင်းဂီတဖြင့်သာ မျှားရုံသာ။ သို့သော် ဤသို့မဟုတ်၊ ခပ်ပြုံးပြုံး ပျော်ရွှင်နေသူက အချစ်ကို ပူလောင်မှုတစ်ခုဟု မြင်နေသည်သာ။ ဤအမှုကိစ္စကို သူမည်သို့ ဖြေရှင်းရမည်နည်း။
"ဟုတ်သားပဲ Jeonghan မင်းကို ဒီနေ့အတွက် မုန့်ကျွေးရအုံးမှာပဲ"
Cheol က Jeonghan ကိုသာ ကြည့်ရင်းပြောကာ နှစ်ယောက်သား ထွက်သွားကြသည်။ Seokmin ကတော့ ထိုနှစ်ယောက်ကို လည်ပြန်ကြည့်ရင်း
"အစမလို့ပါ၊ ပြတ်ကြတော့မှ... သူငယ်ချင်းရယ်၊ ကယ်ပါအုံး၊ လုပ်ပါအုံး မလာနဲ့ နရင်းချည်းပိတ်အုပ်မယ်"
ညည်းညည်းညူညူပြောနေသည်က ချစ်စဖွယ်။ ထိုနောက်မှ Joshua ကိုကြည့်ရင်း ပြုံးကာ
"ဘာလုပ်"
"မင်းကိုစောင့်နေတာ"
"ဘာလို့"
"ဒီတိုင်း"
"ဩ ဒါနဲ့ ရော့! မင်းအတွက် ချန်ထားတာ"
တော့ပူကီနဲ့ ဆန်းဝှချ့်ကို Joshua အားပေးလာသည်။ ခပ်ပြုံးပြုံးလေးတုံ့ပြန်မိတော့ မျက်နှာချွန်ချွန်နဲ့ ကောင်လေးက သဘောတွေကျလို့။ သူကိုယ်တိုင်လည်း တော့ပူကီကို တစ်ဖြဲ၊ နှစ်ဖြဲစားနေသည်။ နီရဲရဲ ဆောစ့်တွေက Seokmin ရဲ့ နှုတ်ခမ်းထောင့်တွေမှာ နေရာယူလို့။ Joshua မနေသာတာနဲ့ နှုတ်ခမ်းထောင့်လေးတွေကို လက်ညိုးဆစ်လေးဖြင့် သုတ်ပေးမိတော့ တစ်ချက်မျှ နောက်သို့ရုတ်သွားပေမဲ့ မကြာပါ၊ ငြိမ်သာစွာ ခံနေပါသည်။ Joshua ပြုံးမိပြီး
"မင်းကိုယ်မင်း ကေဒရမ်မာတွေတည်းက မင်းသမီးထင်နေသလား"
"ဟ ငါက သူ့ဘာသာသူပေသွားတာလေ၊ ဟိုဟာတွေက တမင်သက်သက်ပေအောင်ကိုလုပ်နေတာကြီး"
ခပ်စွာစွာလေးပြောလာသည်က တစ်စက္ကန့်မျှ မကြားပေ။ တစ်ချက်ကလေးမျှ အကြောမခံသည့် Seokmin ကို Joshua ချစ်ရည်ရွှမ်းစွာကြည့်မိရင်း ခေါင်းကို တစ်ချက်ပုတ်လိုက်သည်။ အစားမှာ အာရုံရောက်နေသူကတော့ သတိထားမိပေမဲ့ မရှောင်နေတော့ပေ။
သည်အကြည်ဓါတ်ကလေးကိုဖြင့် Joshua ထွေးပိုက်ထားချင်မိတော့တာပဲ။ နှာတံဆင်းဆင်းလေးတွေကိုများ တခုတ်တရ နမ်းရှိုက်မိရင် ဘယ်လောက်တောင် ချိုမြိန်နေမလဲ။ ဂစ်တာတီးနေတဲ့ လက်ချောင်းသွယ်သွယ်တွေကို တစ်ချောင်းချင်း နေရာအနှံ့ အနမ်းမိုးရွာသွန်းဖြိုးချင်မိတော့တာ။ Seokmin ရဲ့ မှည့်လေးတွေကို ဒီဇိုင်းမတ်မတ်ရေတွက်ပြီး ၂၄နာရီမှာ မှည့်နှစ်လုံးလောက်ကို ရူးရူးမူးမူး တွယ်တာပစ်ချင်မိရဲ့။ အမြဲပြုံးနေတတ်တဲ့ နှုတ်ခမ်းလေးကလည်း သူထင်ထားတာထက်ကို ပိုချိုမြနေအုံးမှာ။
သို့သော်...
Seokmin နဲ့ ပတ်သတ်တဲ့ အာသီသ တစ်ခုချင်းစီကို သူစိတ်ကူးယဉ်မိတိုင်း စည်းမကျော်မိဖို့ အတန်တန်တားမြစ်ရင်း သက်ပြင်းတစ်ချက်ချမိပါသည်။
//
10:26 PM
Sun, 24 Sep
Lamin Pann Laung
//
Zawgyi
"Wonnu ရား ငါေတာ္တယ္မလား"
Mingyu က ပြဲစဥ္မၿပီးမီ လက္တစ္ကမ္းအလိုမွာ ဒရမ္မာဆန္ဆန္ ဂိုးသြင္းသြားတာေၾကာင့္ ဂုဏ္ယူေနမိသည္။ ထို႔အျပင္ Wonwoo ရဲ႕ သေဘာက်မႈကိုလည္း သူရယူခ်င္မိသည္။ Wonwoo ဘက္က ခ်ီးက်ဴးစကားျဖစ္ျဖစ္ ၾကားခ်င္မိတာေၾကာင့္ အနားသြားၿပီး စကားေတာင္စားလုပ္ေနမိသည္။ Wonwoo ကေတာ့ သူ႔အာေဘာ္အရ ၿငိမ္ၿငိမ္ကေလးသာေနေနသည္။ လက္ေမာင္းကိုပါ လႈပ္ယမ္းေနသူက အတင့္ရဲလွစြာ။ Wonwoo ၿငိမ္ေနလို႔ မျဖစ္ေတာ့တာေၾကာင့္ ေခါင္းညိတ္ျပလိုက္ၿပီး
"အင္းေတာ္တယ္"
Mingyu က ဝမ္းသာအားရၿပဳံးသည္။ ထို႔ေနာက္ Wonwoo ဖတ္ေနသည့္စာအုပ္အဖုံးကို အျမင္ကတ္ကတ္နဲ႔ ပိတ္အုပ္လိုက္ေတာ့ Wonwoo က အံ့ဩသလိုၾကည့္သည္။
"ငါ့မ်က္လုံးတည့္တည့္ကို ၾကည့္ပါအုံး၊ အဲ့စာအုပ္က ဘာမို႔လို႔လဲ"
Mingyu က စာအုပ္ကို လုသြားသည္။ ပိုင္စိုးပိုင္နက္ဆန္လွသည့္ Mingyu ရဲ႕ အျပဳအမူေၾကာင့္ Wonwoo ႐ုတ္တရပ္ စိတ္ရႈပ္သြားရေပမဲ့ ေဒါသေတာ့မထြက္မိ။ Mingyu ရဲ႕ စကားလုံးေတြဆို မျငင္းပယ္ခ်င္ေနတာ သူ႔ကိုယ္သူအသိဆုံး။ Mingyu မ်က္ဝန္းကို တည့္တည့္မၾကည့္ရဲသည္က ၿငိဳ႕ယူႏိုင္လြန္းသည့္ အၾကည့္ေတြေၾကာင့္ပင္။ Mingyu မ်က္လုံးကို ၅စကၠန္႔ပင္မၾကာ တစ္ခ်က္မွ်ၾကည့္ရင္း "ေတာ္သည္" ဟု တစ္ဖန္ေျပာေပးလိုက္သည္။
"မင္းဟာကလည္း ေအးတိေအးစက္နဲ႔၊ ထားပါ ဒါမင္းပုံစံပဲ။ ငါကလည္း အဲ့ပုံစံကိုပဲ သေဘာက်ေနရတာဆိုေတာ့"
Mingyu ရဲ႕ အေႏွာင့္အသြားမလြတ္သည့္ စကားေၾကာင့္ Wonwoo စိတ္ထဲ စႏိုးစေနာင့္ျဖစ္သြားရကာ ေအာက္ငုံ႔ေနမိသည္။ Mingyu က Wonwoo ရဲ႕ ဝတၳဳစာအုပ္ကိုယူလိုက္ၿပီး ေနာက္ဆုံးဗလာစာမ်က္ႏွာမွာ တစ္ခုခုေရးလိုက္သည္။ ျမန္ဆန္လွသည့္ Mingyu ရဲ႕ လႈပ္ရွားမႈေတြေၾကာင့္ Wonwoo လိုက္၍မမီေတာ့။ Wonwoo သူ႔စာအုပ္ေတြမွာ မေတာ္တဆပဲျဖစ္ျဖစ္၊ တမင္တကာပဲျဖစ္ျဖစ္ ေရးျခစ္ျခင္းကို အရမ္းမုန္းပါသည္။ ထို႔ေၾကာင့္ စကၠန္႔ပိုင္းမွ် ေတြေဝေနၿပီးသည္ႏွင့္ အသိစိတ္ဝင္ကာ
"Mingyu မင္းအဲ့တာ ဘာလုပ္လိုက္တာလဲ"
စိတ္ဆိုးသြားတာေၾကာင့္ ေလသံနည္းနည္းက်ယ္သြားေပမဲ့ Mingyu ကေတာ့မမႈ၊ ဆက္ေရးေနသည္။ လူတိုင္းက ေလ့က်င့္ေရးခန္း၊ ကန္တင္းနဲ႔၊ ေဘာလုံးကြင္းမွာပဲ ရွိေနၾကတာမလို႔ အတန္းထဲ သူတို႔ႏွစ္ဦးတည္းပင္။ သူစာအုပ္ကို ဆြဲလုဖို႔ႀကိဳးစားေပမဲ့ သူ႔အျပဳအမူကို ႀကိဳတင္ရိပ္မိသည့္ Mingyu က မက္တပ္ထရပ္သည္။ Wonwoo က အရွိန္လြဲသြားတာေၾကာင့္ ျပဳတ္က်ေတာ့မဲ့သဲ့သဲ့မွာ လက္ေမာင္းစပ္နားကို Mingyu က လွမ္းဆြဲေပးသည္။ ထို႔ေနာက္ စာအုပ္ကိုေပးကာ
"ဖတ္ၾကည့္၊ မနက္ျဖန္အေျဖေပး"
Mingyu က စာအုပ္ကို မ်က္စပစ္ျပၿပီး အခန္းထဲက ထြက္သြားသည္။ Wonwoo ကေတာ့ ပေဟဠိမ်ားျဖင့္ က်န္ခဲ့သည္။
"ဟင္"
သူ႔မူလထိုင္ခုံေပၚ ျပန္ထိုင္လိုက္ၿပီး Mingyu ေရးခဲ့သည့္ ေနာက္ဆုံးစာမ်က္ႏွာကို လွန္လိုက္သည္။
"Wonnu မင္းရိပ္မိေနလား၊ မရိပ္မိေနလားေတာ့ ငါမသိေပမဲ့၊ ငါမင္းကိုႀကိဳက္တယ္ေနာ္။ ပါးစပ္ကေနေျပာရတာ ငါလည္းရွက္လို႔၊ အခုလိုေရးလိုက္တာ၊ စိတ္ေတာ့မဆိုးပါနဲ႔ကြာ၊ မနက္ျဖန္အေျဖေပးေနာ္။ အသည္းႏွလုံးကိုေတာ့ မခြဲလိုက္ပါနဲ႔၊ မင္းကငါ့ရဲ႕ အခ်စ္ဦးကြ"
စာေလးက တိုတိုေလးေပမဲ့ သူ႔ကို ႐ႊင္ျမဴးစြာၿပဳံးေစသည္။ သူရိပ္မိေနသလားဆို၊ ရိပ္မိပါသည္။ အေနသာေအးေပမဲ့ ထုံထုံအအေတာ့ မဟုတ္တာမလို႔ Mingyu ရဲ႕ ေရလာေအာင္ ေျမာင္းေဖာက္ေပးမႈေတြကို သိထားႏွင့္ပါသည္။ စိတ္ကစားသည္လား၊ အတည္လား သူေဝခြဲမရေသးတာမလို႔ ေစာင့္ၾကည့္ေနခဲ့ျခင္းသာ။ Mingyu ဘက္က သူ႔ႏွလုံးသားကို ေျဗာင္းဆန္ေအာင္ လႈပ္ခါေနတာမလို႔ သူၿငိမ္ေနခဲ့ရသည္သာ။ Mingyu ၏ လက္ေရးႏွင့္စာကို တစ္ခ်က္မွ် ေငးရင္း ထပ္ၿပဳံးမိေတာ့သည္။
//
"Seungkwan!"
Vernon က ေဘာလုံးကြင္းကေန ေခါင္းေမာ့ ရင္ေကာ့စြာ ျပန္လာသည့္ Seungkwan ကို ေအာ္ေခၚလိုက္ေတာ့ အံ့ဩစြာ မ်က္လုံးေလးျပဴးက်ယ္လာၿပီး
"ဩ Vernon မေတြ႕တာေတာင္ၾကာၿပီ"
"အင္း မင္းအသင္းအတြက္ ဂုဏ္ယူတယ္ေနာ္"
"ေက်းဇူးကြာ၊ မင္းတို႔ေက်ာင္းက Seung Cheol ကလည္း အၾကမ္းႀကီးေနာ္။ ဂိုးေတာင္မသြင္းႏိုင္ေလာက္ေတာ့ဘူး ထင္ထားတာ"
Vernon ေခါင္းညိတ္ျပလိုက္ၿပီး ေခြၽးသီးေတြ ႏွဖူးမွာ ေနရာယူထားတာေၾကာင့္ ယူလာသည့္ သဘက္အျဖဴေလးကို ေပးလိုက္သည္။ တကယ္တမ္း ဝန္ခံရရင္ သူကိုယ္တိုင္ ေခြၽးသုတ္ေပးခ်င္မိေပမဲ့ Seungkwan အတြက္ မသက္မသာျဖစ္သြားမွာေၾကာင့္ အလိုက္သင့္ေလးသာ ေပးလိုက္ျခင္းပင္။
"ငါမင္းကို "
"ေအး"
"မုန႔္ ...အဟမ္း! မုန႔္လိုက္ဝယ္ေကြၽးရမလားလို႔၊ ဂုဏ္ျပဳတဲ့ အေနနဲ႔"
"မင္းေက်ာင္းရႈံးသြားတာေနာ္ Vernon"
Seungkwan က တည့္တိုးႀကီးေျပာလာတာေၾကာင့္ Vernon ကို ခ်က္ေကာင္းမိသြားေစသည္။ ေခါင္းကုတ္ဖင္ကုတ္နဲ႔ ဘာေျဖရမလဲမသိခင္မွာ Jun ေရာက္လာကာ Vernon ကို Cheol ေခၚေနေၾကာင္းလာေျပာသည္။ ထိုအခါမွပဲ
"ဒီတိုင္း မုန္႔ေကြၽးခ်င္လို႔၊ မင္းအားမဲ့အခ်ိန္ စာလွမ္းပို႔လိုက္ ငါလာခဲ့မယ္"
သူJun နဲ႔လိုက္သြားရင္းနဲ႔ပဲ လွမ္းေအာ္ေျပာမိသည္။ Seungkwan ဘက္ကေတာ့ ဘယ္လိုေနမလဲမသိေပမဲ့ သူရင္ေတြတထိတ္ထိတ္။ Seungkwan ကေတာ့ ေၾကာင္စီစီနဲ႔ က်န္ခဲ့ေပမဲ့ ဘာလိုလိုနဲ႔ စားရကံႀကဳံသြားတာမလို႔ တစ္ခ်က္ၿပဳံးရင္း ေလ့က်င့္ေရးဆရာဆီက ခ်ီးက်ဴးခံဖို႔ သြားေလသည္။
//
"Seungcheol ကဘာတဲ့လဲ Jun "
"သူေပါ့၊ သိတဲ့အတိုင္း သူရႈံးသြားလို႔ ဝမ္းနည္းေနတာ။ ငါတို႔က သြားႏွိမ့္သိမ့္ေပးရမတဲ့ေလ"
"ဟ အလာႀကီးေနာ္"
"ထားလိုက္ပါကြာ၊ မင္းသိတဲ့အတိုင္း သူကကေလးဆိုး,ဆိုးခ်င္ေနတာ"
"သူ႔အေမနဲ႔အဆက္အသြယ္သိပ္မလုပ္ျဖစ္ဘူးတဲ့၊ ဟိုတစ္ေန႔က ငါ့ကိုေျပာျပတယ္"
"Seungcheol အေမနဲ႔ေတာင္ မေတြ႕ရတာၾကာ"
"ဩ သူ႔သားနဲ႔ေတာင္ မေတြ႕ျဖစ္ပါဘူးဆို၊ ငါတို႔နဲ႔ဆို ေဝးေရာေပါ့"
Vernon နဲ႔ Jun က သူငယ္ခ်င္းျဖစ္သူအေၾကာင္း ေျပာေနၾကရင္း Seungcheol နဲ႔ ပတ္သတ္ၿပီး တစ္ခုေတြးၾကည့္မိသည္။ အေပါင္းအသင္းမမက္သည့္ Seungcheol က သူတို႔နဲ႔မွ ခင္တြယ္လာေပမဲ့ တစ္ခါတေလက် သူတို႔အေပၚစိမ္းကားဟန္ရွိသလိုပင္။ တကယ္ေတာ့ ယင္းကဲ့သို႔မဟုတ္၊ Seungcheol က ခင္မင္မႈကို သူ႔ပုံစံနဲ႔သူ ျပတတ္တာမ်ိဳး။ ဖက္လွဲတကင္းမရွိေပမဲ့ သူငယ္ခ်င္းေတြရဲ႕ မ်က္ဝန္းေတြကို တစ္ခ်က္မွ် ၾကည့္႐ုံျဖင့္ ေပ်ာ္ေနသည္ေလာ၊ ဝမ္းနည္းေနသည္ေလာ၊ အကဲခတ္တတ္ေလသည္။ Cheol က ထက္သည္၊ နပ္သည္။ အေပၚယံေလးျဖင့္ လူအကဲခတ္တတ္သည့္က Cheol ကိုေတာ္႐ုံလူ ခ်ဥ္းကပ္လို႔ မရ။ထို႔ေၾကာင့္လည္း Cheol က သူ႔ေပါင္းသည့္ လူေတြဟာလည္း သူယုံၾကည္သည့္လူေတြသည္သာ။
သူျဖတ္သန္းလာတဲ့ တေလွ်ာက္မွာ အရႈံးဆိုတာနဲ႔ မအပ္စပ္ၾကည့္ဖူးတာမလို႔ သည္တစ္ေခါက္ ရႈံးနိမ့္မႈဟာ Cheol အတြက္ ခက္ခဲေလာက္မည္ပင္။ ပြဲမစကတည္းက ယုံၾကည္ခ်က္ အျပည့္နဲ႔မလို႔ မထင္မွတ္ထားသည့္ ရႈံးနိမ့္မႈမွာ သားေကာင္ျဖစ္သြားေလာက္မည္လား။ Cheol အေၾကာင္း ဒြိဟမ်ားနဲ႔ စဥ္းစားေနရင္း ေလ့က်င့္ေရးခန္းထဲဝင္လိုက္ေတာ့ ဟိုတစ္ခါေတြ႕ဖူးသည့္ Jeonghan ဆိုသူႏွင့္ ရယ္ေမာေနေသာ Seungcheol။
Vernon တို႔ႏွစ္ေယာက္ခမ်ာ သူငယ္ခ်င္း စိတ္ဓာတ္မက်သြားေစဖို႔ ရင္ထိတ္ေနလိုက္ရတာ။ သူက တျခားတစ္ေယာက္နဲ႔ ေပ်ာ္ေနသည္ေၾကာင့္ Vernon နဲ႔ Jun တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္မိသည္။
"Seungcheol ! "
Vernon က ေအာ္ေခၚလိုက္ေတာ့ ပ်ာပ်ာသလဲ လွည့္ၾကည့္ၿပီး သူတို႔ကိုလည္းေတြ႕ေရာ မ်က္ေမွာင္ကုတ္သြားကာ
"ဘယ္လိုေရာက္လာတာတုန္း"
Cheol စကားေၾကာင့္ Jun က မခံခ်င္ကာ
"ေအာင္မာ မင္းပဲ လာပါအုံးဆိုၿပီး စာပို႔ၿပီးေတာ့"
"ဪဟုတ္သား ဟဲဟဲ"
Jeonghan ကေတာ့ ေျပာင္စပ္စပ္လုပ္ေနသည့္ Cheol ပုံစံကို အသည္းယားစြာ ေငးေနမိသည္။ Cheol ရဲ႕ ပုံစံမ်ိဳးစုံကို သူစိတ္ရွိလက္ရွိ ေလ့လာခ်င္ေနမိတာ။ ခပ္မိုက္မိုက္ ဂိုးဖမ္းသမားေလးဆိုလည္း သေဘာက်ရသလို၊ ေျပာင္ေခ်ာ္ေခ်ာ္ ေက်ာင္းသားေပါက္စေလးဆိုလည္း ေမတၱာသက္ဝင္ေနရတာပါပဲ။
"မင္းအဆင္ေျပရဲ႕လား"
"ခုနကေတာ့ နည္းနည္းစိတ္ညစ္ေနတယ္"
Vernon အေမးကို Cheol က တက္တက္ႂကြႂကြေျဖသည္။ Vernon က Cheol အေျဖေၾကာင့္ မ်က္ခုံးကို လွလွပပပင့္တင္ၿပီး စဥ္းစားသည္။ ခုနကစိတ္ညစ္သည္ဆိုေတာ့ အခုမညစ္ေတာ့ဘူးေပါ့။ Cheol ေဘးက Jeonghan ကို တစ္ခ်က္မွ် ငဲ့ၾကည့္မိေတာ့ Cheol ကိုအေအးတိုက္လိုက္ မုန႔္ခြံ႕လိုက္နဲ႔ မအားရပါဘူး။ နီးကပ္လြန္းေနတဲ့ သူတို႔ႏွစ္ေယာက္ကို Vernon မသကၤာေပမဲ့ လူေအးေလး Jun ကေတာ့ သာမန္ျဖစ္႐ိုးျဖစ္စဥ္လိုသာ သတ္မွတ္ရင္း
"အခုအဆင္ေျပၿပီဆို ၿပီးတာပဲ၊ ဩ ဒါနဲ႔ သမိုင္းဆရာက မင္းနဲ႔ေတြ႕ခ်င္လို႔တဲ့။ ေတြ႕ရင္ ေျပာလိုက္ပါအုံးဆိုလို႔"
"ဘာေျပာအုံးမလို႔လဲ"
ေဆာင့္ညည္းေအာင့္ညည္းေျပာလာသည့္ Cheol ေလသံက အနည္းငယ္မွ်မာသည္။ မာလည္းမာခ်င္စရာဟု Jeonghan ေတြးမိသည္။ သည္ေလာက္ ပင္ပန္းေနတာ၊ အနားယူခ်င္မွာေပါ့။ တစ္ေယာက္ၿပီး တစ္ေယာက္ စကားလာလာေျပာေနၾကေတာ့လည္း သူစိတ္က်ဥ္းၾကပ္မွာပင္။ သည္ထဲေတာ့ Jeonghan ကိုယ့္ကိုယ္ကိုယ္ မထည့္မိပါ။ သူကေတာ့ မတူဟု ေတြးမိသည္။ Cheol ကိုယ္တိုင္ကိုက သူ႔အနားမွာ တိုးေဝွ႔ခ်င္ေနသူေလ။ ဤသို႔ေတြးမိေတာ့ ၿပဳံးရသည္။
Cheol သူငယ္ခ်င္း Jun က Cheol ကို အခ်ိဳးမေျပသလို တစ္ခ်က္ၾကည့္ၿပီး
"မင္းကို ခ်ီးက်ဴးဖို႔ ဘာညာေပါ့။ ဆရာက မင့္ဆို ဘယ္ေလာက္ ေစာင့္ေရွာက္ေပးလဲ၊ သြားေတြ႕လိုက္အုံး"
"သိပါတယ္၊ ခဏေလးနားလိုက္အုံးမယ္"
"မင္းအခုလည္း နားေနတာပဲမဟုတ္ဘူးလား"
Vernon က ဝင္ေလွာ္ေတာ့ Cheol လက္ယပ္ျပကာ သူတို႔ႏွစ္ေယာက္ကို သြားေတာ့ဟု အခ်က္ျပသည္။ Vernon က Middle Finger ေထာင္ေတာ့မယ္အျပဳ Jun ၏ ေကာင္းမႈအထူးျပဳ၍ မေထာင္လိုက္ရ။ Cheol က Vernon ကို တစ္ခ်က္ရယ္ကာ
"မင္းတို႔ေတြ အိမ္ေရာက္ရင္ တစ္ပြဲတစ္လမ္းေနာ္္"
"ငါမပါ"
ဂိမ္းေဆာ့ဖို႔ ေျပာေနျခင္းကို Vernon က ျငင္းလိုက္ျခင္းပင္။ Seungkwan အားတဲ့အခ်ိန္ႏွင့္ ကိုက္ေနမွာ စိုး၍ျဖစ္သည္။ Cheol ကေတာ့ သူ႔ေနာက္ကိုေတာင္ လွည့္မၾကည့္ဘဲ ထြက္သြားသည့္ Vernon ကို လက္သီးျပကာ က်န္ခဲ့သည္။ Jun ကေတာ့ ထုံးစံအတိုင္း Cheol ေဆာ့မည္ဆိုပါက ဝင္ပါမည္သာ။
Cheol က သူ႔သမိုင္းဆရာဆီ သြားေတြ႕မည္ဟု ေျပာရင္း Jeonghan ကို ခဏထားခဲ့သည္။ Jeonghan လုပ္စရာမရွိတာနဲ႔ သူတို႔အတန္းျဖစ္သည့္ B12 ကိုပဲ ေလွ်ာက္သြားလိုက္သည္။ အတန္းထဲ လူမရွိဟု ထင္လိုက္ေပမဲ့ Mingyu နဲ႔ Wonwoo ကို ေတြ႕လိုက္ရတာေၾကာင့္ ဝင္ရင္ေကာင္းမလားစဥ္းစားမိသည္။ သို႔ေသာ္ သူတို႔ႏွစ္ေယာက္၏ ၾကည္ႏူးခ်ိန္ေလးကို မဖ်က္စီးေစခ်င္တာေၾကာင့္ ေရာက္တတ္ရာရာ ေလွ်ာက္ေနရင္း Jisoo နဲ႔ဆုံမိသည္။ Cheol ေတြ႕သြားရင္ဆိုသည့္ အေတြးနဲ႔ Jisoo ကို ၿပဳံးသားျပမိၿပီး လွည့္ထြက္ဖို႔ လုပ္ေတာ့ Jisoo က
"Jeonghan ခဏ"
"အင္း"
"Seokmin ကိုေတြ႕မိလား"
"ခုနကေတာ့ Seungkwan နဲ႔ ကြင္းထဲေတြ႕လိုက္တယ္"
"ေက်းဇူးေနာ္၊ အာ ဒါနဲ႔"
Jeonghan ထပ္လွည့္ၾကည့္ေတာ့ Jisoo က
"ငါမင္းကို တစ္ခုေျပာအုံးမယ္၊ ဘယ္သူ႔မွ ျပန္မေျပာနဲ႔ေနာ္။ လ်ိဳ႕ဝွက္ခ်က္"
ဟမ္ ! အခုအေျခအေနႀကီးက ဘာမ်ားလဲဟု Jeonghan ေတြးမိသည္။ Jisoo က သူ႔ကို ရည္းစားစကားေျပာမလို႔လား။ မျဖစ္ဘူး၊ Cheol သိသြားရင္ စိတ္ဆိုးမွာ။ ဤသို႔ ေတြးမိရင္း Jisoo ေရွ႕က ထြက္ေျပးဖို႔ စဥ္းစားေနတုန္း
"ငါေလ Seokmin ကို သေဘာက်ေနတာရယ္"
ဘာရယ္ !
Jeonghan အာေမဋိတ္ျပဳမိသည္။ တကယ္တမ္း Jeonghan ထင္တာက သူ႔သူငယ္ခ်င္းကသာ သေဘာက်ေနေလာက္သည္ဟု။ မွန္းခ်က္နဲ႔ ႏွမ္းထြက္မကိုက္သည့္အျပင္ Seokmin ကို သေဘာက်တာ ဘာျပဳလို႔မ်ား သူ႔လာေျပာေနရတာလဲဟု တစ္ဆက္တည္း ေတြးမိသည္။
"တစ္ေယာက္ေယာက္ကို ပိုးပန္းေတာ့မယ္ဆိုရင္ သူ႔သူငယ္ခ်င္းေတြနဲ႔ အရင္ခ်ိတ္ထားရတယ္ဆိုလို႔။ မင္းကို အရင္ေျပာတာ"
Jisoo က ၿပဳံးတုံ႔တုံ႔နဲ႔ ရွင္းျပေတာ့ Jeonghan လည္း ေခါင္းတဆတ္ဆတ္ညိတ္မိကာ
"ဩ ေအးေအး"
"ကူေပးမလား"
"ဟင္ ဘယ္လိုကူ..."
"ဒီတိုင္း သူနဲ႔ငါနဲ႔ ႏွစ္ေယာက္တူတူရွိႏိုင္ေအာင္ လမ္းေဖာက္ေပးတာမ်ိဳးတို႔၊ ဘာတို႔ေပါ့ကြာ။ ငါတစ္ေယာက္တည္းနဲ႔က Seokmin ကို လိုက္မမီဘူးရယ္"
"သူက ရည္းစားထားခ်င္ေနတာမဟုတ္ဘူး။ တကယ့္ကေလးလိုျဖစ္ေနတာ"
"အင္း ငါသိတယ္၊ အဲ့တာမ်ိဳးေလးေၾကာင့္လည္း ငါသေဘာက်ေနရတာ"
Jeonghan ရင္ဘက္ကို လက္ျဖင့္ ဖိမိေတာ့မည့္ ဆဲဆဲမွာ ျပန္႐ုတ္လိုက္ရသည္။ အမေလး ဟု တမိၿပီး သူ႔ မူပိုင္ရွင္ျဖစ္သူ Cheol ကို လြမ္းလာသည္။ ကိုယ္လည္း ပိုင္ရွင္ရွိေၾကာင္းႂကြားလုံးထုတ္ခ်င္လာသည္။ သူမအီမသာျဖင့္ ေခါင္းညိတ္ျပလိုက္ေတာ့ Jisoo ကသတိထားမိသြားသလို အားတုံ႔အားနာျဖင့္
"ဟို...အဟဲ ငါ...ေဆာ္ရီးကြာ။ Seokmin ကိုေတာ့ ျပန္မေျပာပါနဲ႔ေနာ္။ ငါစိတ္ကို ဒုံးဒုံးခ်ၿပီးတဲ့အခါ ငါကိုယ္တိုင္ ျမတ္ျမတ္ႏိုးႏိုးေျပာျပခ်င္လို႔ပါ"
"အင္းပါ ငါႏႈတ္လုံပါတယ္။ မင္းကိုလည္း ငါယုံလိုက္မယ္။ ငါ့သူငယ္ခ်င္းက ျဖဴျဖဴစင္စင္ေလး၊ တစ္ေသြးတစ္ေမြးေလး။ အခုထိ ရည္းစားဆိုတာ လက္တည့္စမ္းဖူးတာမဟုတ္ဘူး။ သူ႔ဘာသာသူ ေပ်ာ္ေပ်ာ္ေလးေနေနတာ ငိုေအာင္ေတာ့ မလုပ္ပါနဲ႔ေနာ္"
"စိတ္ခ်"
Jisoo ကို ေခါင္းညိတ္ ၿပဳံးျပလိုက္ၿပီး ဘယ္ကိုသြားရမလဲမသိခင္မွာ
"မင္းနဲ႔ ဟိုဘက္ေက်ာင္းက ဂိုးဖမ္းသမားနဲ႔ကလည္း တြဲေနတာမလား၊ ငါသတိထားမိတယ္ရယ္။ လိုက္တယ္ လိုက္တယ္"
"အာ...ေက်းဇူး"
အခုလို တည့္တိုးႀကီး ဂုဏ္ျပဳလာမယ္မွန္းမသိလို႔ ရွက္သြားရၿပီး လည္စပ္ကို ပြတ္မိေတာ့ Jisoo က ၿပဳံးသည္။ ထို႔ေနာက္ ပုခုံးကို တစ္ခ်က္ပုတ္ၿပီး ထြက္သြားသည္။ Jeonghan လည္း Seokmin နဲ႔ Jisoo ကို မ်က္စိထဲ ႏွစ္ေယာက္တည္း စိတ္ကူးယဥ္ၾကည့္ေတာ့ လိုက္ဖက္သားဟု ေတြးမိသည္။ ထို႔ေနာက္ အေတြးထဲ လက္ပစ္ကူးေနျခင္းကို ရပ္ၿပီး ဆက္သြားမယ္အျပဳ သူ႔ကို စူးစူးနစ္နစ္ၾကည့္ေနသူက Cheol။ ဤအၾကည့္မွာ ေဒါသေတြလည္းပါတာျမင္လိုက္ရေတာ့ Jeonghan ရင္ဘက္ဖိမိသည္။ သူေခ်ာ့ရအုံးမည္လား။ လွလွပပၿပဳံးရင္း Cheol ဆီ ေျပးသြားလိုက္ေတာ့ မ်က္ႏွာလႊဲသြားသည္။ သည္အဆိုးေကာင္ေလးကို သူသိပ္ျမတ္ႏိုးလွပါသည္။ ဂ်စ္တိုက္ေနပုံကိုက သူ႔ႏွလုံးသားကို တႏုံ႔ႏုံ႔ ဆြဲယူေနတာပါပင္။
"Cheol!"
သူေအာ္ေခၚလိုက္ေတာ့ တစ္ခ်က္မွ် ေစာင္းၾကည့္ကာ တစ္ဖန္ျပန္လႊဲသြားသည္။ မ်က္လုံးမို႔မို႔ေတြက စူးရွၿပီး ထူထူထဲထဲ မ်က္ခုံးေတြက ကုတ္ခ်ိဳးထားသည္ေၾကာင့္ တျခားသူဆိုရွိန္သြားေလာက္ေပမဲ့ သူကေတာ့မဟုတ္၊ အသည္းယားမိသည္သာ။ လက္ေမာင္းကို ခ်ိတ္ဆြဲၿပီး ေခါင္းမွီလိုက္ေတာ့ ဖယ္ခ်ခ်င္ေပမဲ့ Jeonghan ဤသို႔ ခြၽဲတဲ့တဲ့ အျပဳအမူမွာ ရွားသျဖင့္ ႐ုပ္တည္ျဖင့္သာ ၿငိမ္ေနသည္။
"Jisoo ကတဲ့ Seokmin ကိုႀကိဳက္ေနတာတဲ့"
ႏႈတ္လုံပါသည္ဆိုေသာ Jeonghan က ရည္းစားေခ်ာ့ဖို႔အတြက္ ကတိဖ်က္ရေတာ့သည္။ ရွင္းျပေတာ့လည္း တုံ႔ျပန္မႈမရွိေသာ အႏွီလူသားေၾကာင့္ ပါးႏွစ္ဖက္ကို လက္ျဖင့္အုပ္မိုးလိုက္ၿပီး
"စိတ္ဆိုးဖို႔ပဲတတ္ေနလိုက္၊ လူဆိုးေကာင္"
"အဲ့ေတာ့"
"အဲ့ေတာ့ ငါ့ဘက္ကလည္း အေလ်ာ့ေပးမယ္ထင္ေနလား"
"မသိဘူး"
ဂ်စ္ကန္ကန္ေျဖလိုက္သည့္သူကို အျပစ္မဆိုရက္ဘဲ အသည္းေတြသာ တလွိမ့္လွိမ့္ယားရသည္။ ပါးျပင္ကို ဆြဲညႇစ္လိုက္ေတာ့ မ်က္ေမွာင္ေတြ ႏွစ္ဆပိုကုတ္လာကာ သူမႀကိဳက္ေၾကာင္း အခ်က္ျပသည္။
"ငါမင္းကို အေလ်ာ့မေပးႏိုင္ဘူး၊ စိတ္ေျပတဲ့အထိကို လိုက္ေခ်ာ့မွာ မွတ္ထား"
"ဪေဟာ္"
Jeonghan တခစ္ခစ္ရယ္ေတာ့ Cheol က မ်က္ခုံးတစ္ဖက္ကို ကြၽမ္းကြၽမ္းက်င္က်င္ ပင့္တင္လိုက္ၿပီး ဘာရယ္စရာပါလဲ ဟု မ်က္ဝန္းမ်ားျဖင့္ ေမးသည္။ Jeonghan ေဘးဘီကို တစ္ခ်က္ စနည္းနာရင္း လူရွင္းေၾကာင္း အတည္ျပဳၿပီးမွ ေရွ႕က ဆူပုတ္ခ်င္ေနသည့္ ႏႈတ္ခမ္းတစ္စုံကို မြ ခနဲ နမ္းလိုက္သည္။ ဤသည္ကို Cheol က
"စိတ္ေျပတဲ့အထိ ေခ်ာ့မယ္ဆို"
"အင္းေလ"
"ဒီဟာကို နမ္းတယ္လို႔ေတာင္ မေခၚဘူး Hannie ရဲ႕"
ဤသို႔ေျပာၿပီး Jeonghan ကို ခါးကေန ထိန္းေပြ႕ကာ ႏွသယ္စပ္ေပၚ ဖ႐ိုဖရဲက်ေနသည့္ ဆံႏြယ္ေတြကို ဖယ္ရွားလိုက္ရင္း ထိုဆံႏြယ္ေတြကို တစ္ခ်က္မွ် နမ္းရႈိက္ကာ
"မင္းဘာေခါင္းေလွ်ာ္ရည္သုံးလဲ၊ မင္းဆံပင္အနံ႔ကို ငါတကယ္ယစ္မူးမိေနေရာပဲ"
Jeonghan ခပ္ဟဟရယ္မိသည့္အခိုက္မွာပဲ Cheol က သူ႔ႏႈတ္ခမ္းဆီ နယ္ခ်ဲ႕လာသည္။ ႐ုတ္တရပ္မလို႔ ရင္ထဲထိတ္သြားေပမဲ့ ထိုအနမ္းေတြကို မတတ္တေခါက္၊ တတ္တေခါက္နဲ႔ပဲ တုံ႔ျပန္မိေနသည္။ နမ္းေနရင္းလည္း ဘာကိုမွ မစဥ္းစားမိေတာ့။ လူမိသြားရင္ ဆိုသည့္အေတြးေတြေကာ၊ Cheol စိတ္ဆိုးေနေသးလား ဆိုသည့္အေတြးေတြေကာ ေပ်ာက္ျခင္းမလွေပ်ာက္သြားရသည္။
"မင္းကိုေလ တစ္စကၠန္႔ေလးေတာင္ အေပ်ာက္မခံႏိုင္ေတာ့တာ"
"အဲ့ေတာ့ ဘာလုပ္ခ်င္"
"အၿမဲဖက္ထားရရင္ ေကာင္းသား"
"အင္းေနာ္၊ အၿမဲအဖက္ခံရရင္ ေကာင္းသား"
Cheol စကားအတိုင္း Jeonghan သံေယာင္လိုက္မိေတာ့ ပုခုံးေတြလႈပ္တဲ့အထိ ရယ္သည္။ Jeonghan ႏွာေခါင္း ဖြဖြေတာက္လိုက္ၿပီး
"သိပ္ခ်စ္ဖို႔ေကာင္းမေနနဲ႔၊ စိတ္ကိုမခ်ဘူး မင္းကို"
"ဘာလို႔"
"ခ်စ္လို႔ေပါ့ကြ မင္းကလည္း"
Cheol နဲ႔ Jeonghan ပုခုံးခ်င္းဖက္ၿပီး ရယ္ရယ္ေမာေမာ အိမ္ျပန္ၾကသည္။ ထိုစဥ္ သူတို႔အတန္းေရွ႕ကေန ျဖတ္ရတာမလို႔ အတန္းထဲ ငဲ့ၾကည့္မိေတာ့ Seokmin ရဲ႕ locker ထဲ Snack အခ်ိဳ႕နဲ႔ တျခားတစ္ခုခုပါ ထည့္ေနေသာ Jisoo ကိုေတြ႕လိုက္သည္။ Jeonghan နဲ႔ Cheol ကိုလည္းေတြ႕ေရာ သူခိုးလူမိသလိုျဖစ္သြားသည့္ မ်က္ဝန္းတို႔က ျပဴးက်ယ္လို႔။ ထို႔ေနာက္ အသိျပန္ဝင္ကာ ထိုႏွစ္ေယာက္ကို ရႉးတိုးတိုး ဟု အမူအယာျပလိုက္ရသည္။ Jeonghan ကေတာ့ အလိုက္တသိ ေခါင္းညိတ္ျပေပမဲ့ Cheol က ဘာလဲဟ ဟူသည့္အၾကည့္ျဖင့္ၾကည့္သည္။
ထိုစဥ္ Seokmin ေလွ်ာက္လာသည္ကို Jeonghan ေတြ႕လိုက္တာေၾကာင့္ Jisoo အား အခ်က္ျပကာ locker ကို ပိတ္ေစသည္။ Jisoo လည္း ခ်က္ဆို နားကြက္က မီးေတာက္သည့္သူမလို႔ locker ကိုခ်က္ခ်င္းပိတ္၊ လြယ္အိတ္ကိုေကာက္လြယ္ကာ ယခုမွ အခန္းထဲက ထြက္မည့္ဟန္ျပင္သည္။ အႀကံအစည္ေတြကို နည္းနည္းေလးမွ မရိပ္မိသည့္ Seokmin ကမူ အာက်ယ္အာက်ယ္ျဖင့္
"ေဟး Jeonghan ေဟး Jisoo ေဟး ဟိုတစ္ေယာက္"
ဟိုတစ္ေယာက္ဟု အေခၚခံလိုက္ရသူ အင့္ သြားၿပီး သည္ေနရာကေန ထြက္ေျပးဖို႔ Jeonghan ကိုအတင္းဆြဲေနသည္။
"မင္းအခုမွ ဘယ္ကျပန္လာတာလဲ"
Jeonghan အေမးကို Seokmin က သူဆြဲလာသည့္ အထုတ္ေတြ ေထာင္ျပကာ
"ေက်ာင္းေရွ႕ခဏ မုန္႔သြားဝယ္စားတာ"
မုန္႔ထုပ္ေတြက နည္းတာမဟုတ္။ Jisoo ၿပဳံးမိသည္။ Seokmin ကို လိုက္ဖို႔ဆိုတာ အေပၚယံၾကည့္ရင္ လြယ္သည္။ မုန္႔ထုပ္ေတြရယ္၊ သီခ်င္းဂီတျဖင့္သာ မွ်ား႐ုံသာ။ သို႔ေသာ္ ဤသို႔မဟုတ္၊ ခပ္ၿပဳံးၿပဳံး ေပ်ာ္႐ႊင္ေနသူက အခ်စ္ကို ပူေလာင္မႈတစ္ခုဟု ျမင္ေနသည္သာ။ ဤအမႈကိစၥကို သူမည္သို႔ ေျဖရွင္းရမည္နည္း။
"ဟုတ္သားပဲ Jeonghan မင္းကို ဒီေန႔အတြက္ မုန္႔ေကြၽးရအုံးမွာပဲ"
Cheol က Jeonghan ကိုသာ ၾကည့္ရင္းေျပာကာ ႏွစ္ေယာက္သား ထြက္သြားၾကသည္။ Seokmin ကေတာ့ ထိုႏွစ္ေယာက္ကို လည္ျပန္ၾကည့္ရင္း
"အစမလို႔ပါ၊ ျပတ္ၾကေတာ့မွ... သူငယ္ခ်င္းရယ္၊ ကယ္ပါအုံး၊ လုပ္ပါအုံး မလာနဲ႔ နရင္းခ်ည္းပိတ္အုပ္မယ္"
ညည္းညည္းညဴညဴေျပာေနသည္က ခ်စ္စဖြယ္။ ထိုေနာက္မွ Joshua ကိုၾကည့္ရင္း ၿပဳံးကာ
"ဘာလုပ္"
"မင္းကိုေစာင့္ေနတာ"
"ဘာလို႔"
"ဒီတိုင္း"
"ဩ ဒါနဲ႔ ေရာ့! မင္းအတြက္ ခ်န္ထားတာ"
ေတာ့ပူကီနဲ႔ ဆန္းဝွခ်္႕ကို Joshua အားေပးလာသည္။ ခပ္ၿပဳံးၿပဳံးေလးတုံ႔ျပန္မိေတာ့ မ်က္ႏွာခြၽန္ခြၽန္နဲ႔ ေကာင္ေလးက သေဘာေတြက်လို႔။ သူကိုယ္တိုင္လည္း ေတာ့ပူကီကို တစ္ၿဖဲ၊ ႏွစ္ၿဖဲစားေနသည္။ နီရဲရဲ ေဆာစ့္ေတြက Seokmin ရဲ႕ ႏႈတ္ခမ္းေထာင့္ေတြမွာ ေနရာယူလို႔။ Joshua မေနသာတာနဲ႔ ႏႈတ္ခမ္းေထာင့္ေလးေတြကို လက္ညိဳးဆစ္ေလးျဖင့္ သုတ္ေပးမိေတာ့ တစ္ခ်က္မွ် ေနာက္သို႔႐ုတ္သြားေပမဲ့ မၾကာပါ၊ ၿငိမ္သာစြာ ခံေနပါသည္။ Joshua ၿပဳံးမိၿပီး
"မင္းကိုယ္မင္း ေကဒရမ္မာေတြတည္းက မင္းသမီးထင္ေနသလား"
"ဟ ငါက သူ႔ဘာသာသူေပသြားတာေလ၊ ဟိုဟာေတြက တမင္သက္သက္ေပေအာင္ကိုလုပ္ေနတာႀကီး"
ခပ္စြာစြာေလးေျပာလာသည္က တစ္စကၠန္႔မွ် မၾကားေပ။ တစ္ခ်က္ကေလးမွ် အေၾကာမခံသည့္ Seokmin ကို Joshua ခ်စ္ရည္႐ႊမ္းစြာၾကည့္မိရင္း ေခါင္းကို တစ္ခ်က္ပုတ္လိုက္သည္။ အစားမွာ အာ႐ုံေရာက္ေနသူကေတာ့ သတိထားမိေပမဲ့ မေရွာင္ေနေတာ့ေပ။
သည္အၾကည္ဓါတ္ကေလးကိုျဖင့္ Joshua ေထြးပိုက္ထားခ်င္မိေတာ့တာပဲ။ ႏွာတံဆင္းဆင္းေလးေတြကိုမ်ား တခုတ္တရ နမ္းရႈိက္မိရင္ ဘယ္ေလာက္ေတာင္ ခ်ိဳၿမိန္ေနမလဲ။ ဂစ္တာတီးေနတဲ့ လက္ေခ်ာင္းသြယ္သြယ္ေတြကို တစ္ေခ်ာင္းခ်င္း ေနရာအႏွံ႔ အနမ္းမိုး႐ြာသြန္းၿဖိဳးခ်င္မိေတာ့တာ။ Seokmin ရဲ႕ မွည့္ေလးေတြကို ဒီဇိုင္းမတ္မတ္ေရတြက္ၿပီး ၂၄နာရီမွာ မွည့္ႏွစ္လုံးေလာက္ကို ႐ူး႐ူးမူးမူး တြယ္တာပစ္ခ်င္မိရဲ႕။ အၿမဲၿပဳံးေနတတ္တဲ့ ႏႈတ္ခမ္းေလးကလည္း သူထင္ထားတာထက္ကို ပိုခ်ိဳျမေနအုံးမွာ။
သို႔ေသာ္...
Seokmin နဲ႔ ပတ္သတ္တဲ့ အာသီသ တစ္ခုခ်င္းစီကို သူစိတ္ကူးယဥ္မိတိုင္း စည္းမေက်ာ္မိဖို႔ အတန္တန္တားျမစ္ရင္း သက္ျပင္းတစ္ခ်က္ခ်မိပါသည္။
//
10:26 PM
Sun, 24 Sep
Lamin Pann Laung