Mr.Rong's ချစ်မှုရေးရာ ဒိုင်ယ...

By eithethmue

58K 8K 121

မင်္ဂလာ ညချမ်းပါရှင် အသစ်လေးတွေ လာကြေညာတာပါ ရှင့် ???? BL အတိုလေးနှစ်ပုဒ် PICK ထားပါတယ် အပိုင်းသိပ်မများတာလေး... More

Chapter 1.1
Chapter 1.2
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9.1
Chapter 9.2
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21.1
Chapter 21.2
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56.1
Chapter 56.2
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69.1
Chapter 69.2
Chapter 70
Chapter 71
Chapter 72
Chapter 73
Extra 1
Extra 2
Extra 3
Extra 4
Extra 5
Extra 6
Extra 7
Extra 8
Extra 9
Extra 10
Extra 11
End of Extra

Chapter 62

538 85 2
By eithethmue


Chapter 62

အကြမ်းပတမ်းကြင်နာမှုနဲ့ ကြာရှည်တဲ့အနမ်း





ဖုန်းကိုင်ပြီးနှုတ်ဆက်ဆက်ချင်း သူ၏နားစည်အိမ်ကိုပွင့်ထွက်သွားစေလောက်သည့် အမျိုးသမီးကျန်း၏တစ်ဖက်မှအော်ဟစ်သံထွက်ပေါ်လာသည်။





"ဝန်ခံလိုက်စမ်း! နင်နဲ့ငါတို့မော့မော့နဲ့ကဘယ်လိုပတ်သတ်ကြတာလဲ!နင် VIP လက်မှတ်ရလာတာမထူးဆန်းတော့ဘူး! ဘုရားရေ! နင်ဘယ်လိုလုပ်!"





ရုန်ယီသည် ချက်ချင်းပင်မျက်မှောင်ကြုတ်မိပြီးဖုန်းကိုအဝေးတွင်ထားကာ သူမအော်ဟစ်ပြီးသည်အထိစောင့်ပြီးဖုန်းကိုသူ့နားပြန်ကပ်လိုက်သည်။





"ဘာဖြစ်တာလဲဟ?"





"အမြန် အမှန်အတိုင်းပြောစမ်းပါ"





မစ္စ်ကျန်း၏အသံက အသည်းအသန်ဖြစ်နေပြီးထူးဆန်းစွာဖြင့်စိတ်လှုပ်ရှားနေပုံရသည်။





"နင်ကတကယ်မော့မော့ရဲ့နောက်ကွယ်ကကောင်လေးလား?"





ရုန်ယီသည်ထိတ်လန့်သွားပြီး ငြိမ်နေသည့်ချန်းခယ့်ယောင်၏ဖုန်းအနားကပ်လာကာတိတ်တိတ်လေးနားထောင်နေရာမှ အော်လိုက်သည့်အခါ ငြင်းချက်ထုတ်ရန်အချိန်မရှိတော့ပေ။





"အဓိပ္ပါယ်မရှိတာတွေ!"





နှစ်စက္ကန့်ခန့်တိတ်ဆိတ်သွားသည်။ တစ်ဖက်မှမစ္စကျန်းသည်အလောတကြီးဖြင့်မေးလာ၏။





"ဘယ်သူပြောနေတာလဲ"





ရုန်ယီသည် တုန့်ဆိုင်းနေပြီးကြည့်ရဆိုးနေသောချန်းခယ့်ယောင်ကိုအမြန်တစ်ချက်ကြည့်လိုက်သည်။





"အခုပြောလိုက်တာငါ့ကောင်လေး"





၎င်းကိုကြားလိုက်သည့်အခါ အခုလေးတင်စိတ်ဆိုးနေသည့်ချန်းခယ့်ယောင်က အနီးမှဆိုဖာတွင်နာခံမှုအပြည့်ဖြင့်လိမ္မာရေးခြားရှိစွာထိုင်ချလိုက်သည်။





"အိုး...ဟုတ်သားပဲ"





မစ္စကျန်းကခေတ္တရပ်သွားပြီးမှမေးသည်။





"ဒါဆို MicroBlog ကတင်ထားတဲ့အတင်းအဖျင်းဆောင်းပါးကနင့်အကြောင်းတင်တာလည်းမဟုတ်ဘူးပြန်ဘူးလား"





"ဘာအတင်းအဖျင်းလဲ?"



လှေကားအောက်တွင်ရပ်နေသည့် ထိုလူများကတကယ်ပင်ရုန်ယီကိုစောင့်နေခဲ့ကြခြင်းပင်





အတိအကျထပ်ပြောရသည်ရှိသော် "မော့ယွီဖေး၏ကောလဟလချစ်သူကောင်လေး" ကိုစောင့်နေခဲ့ကြခြင်း။





လွန်ခဲ့သောရက်အနည်းငယ်က "စတားနောက်လိုက်သူလေး၏ပုံပြင်အတိုအထွာလေးများ" အမည်ရ အတင်းအဖျင်းများဖောက်သည်ချသည့် အကောင့်သည် ပို့စ်တစ်ခုတင်ခဲ့၏။ ပို့စ်ရေးသားသူသည် ကျော်ကြားသည့်စတားတစ်ယောက်၏နောက်ကွယ်မှချစ်သူကိုဖန်တီးခဲ့သည်။ သူသည် ပြင်းထန်သည့်နာကျင်ရမှု၊ အရှက်တကွဲအကျိုးနည်းမှုများကိုကြံ့ကြံခံပြီး စတား၏စွန့်ပစ်ခြင်းကိုသည်းသည်းခံခဲ့သည့်အကြောင်း ရေးသားထားသည်။ ပို့စ်တင်သူသည် နာမည်ကြီးစတားတစ်ယောက်နှင့်နက်နဲသည့်ချစ်မှုရေးရာအတွေ့အကြုံများကို အချက်အလက်များစွာနှင့်ဝေငှဖော်ပြထားသည်။





ပင်ကိုယ်အားဖြင့် ထိုသို့သောပို့စ်တင်သူများက မှန်ကန်ပြီးယုံကြည်ရသူများ မဟုတ်ကြ။ မှတ်ချက်အများစုက ပို့စ်တင်သူကိုဆောင်းပါးကအိပ်မက်မှနိုးထလိုက်ရန်နှင့်သူတို့၏အိပ်မက်မက်နေခြင်းကိုအားမပေးခြင်းရည်ရွယ်ကြောင်းချီးမွမ်းထားကြသည်။ မှန်သည်။ ထုတ်ဖော်ပြောကြားချက်အရ စတားတစ်ယောက်၏နောက်ခံအမှန်ကိုခန့်မှန်းခြင်းမှာမြေကြီးလက်ခတ်မလွဲဖြစ်လာသည်။





ရေးသားခံထားရသည့် စတားကမည်သူမှန်းသိသာလွန်းသည်။ အနုပညာရပ်ဝန်းအကြောင်း အနည်းငယ်မျှသာသိသူပင်ဆောင်းပါးတွင်ပါသည့်ကျော်ကြားသော စတားနှင့်သူ၏ချစ်သူကောင်လေးက မော့ယွီဖေးကိုရည်ညွှန်းကြောင်းနားလည်ကြလိမ့်မည်။ ရလဒ်မှာ ပို့စ်ရေးသားသူက မော့ယွီဖေး၏ပရိသတ်များထံမှလှောင်ပြောင်တိုက်ခိုက်ခြင်းကိုခံလိုက်ရသည်။

မည်သူမှအတည်မယူခဲ့ကြ။ သို့ထိတိုင် ဆောင်းပါး၏အဆုံးတွင်ပို့စ်ရေးသားသူက သူတို့၏ဆက်ဆံရေးကိုလူထုအားသိစေရန်မလုပ်သော်ငြားသူ၏ချစ်သူက သူတို့၏အချစ်ကိုသက်သေပြရန်လူထုရှေ့တွင် surprise လုပ်ရန်သဘောတူထားသည့်အကြောင်းရေးသားထား၏။

ထို့ကြောင့် မနေ့ကမနက်ပရိသတ်တွေ့ဆုံပွဲပြီးနောက် မူလတွင်စိတ်ကူးယဉ်သဘောဖြင့်ရေးထားသည့် ဆောင်းပါးက ရုတ်တရက် ရှုပ်ထွေးပြီးယောင်ဝါးဝါးဖြစ်သွားစေခဲ့သည်။

ကံခေစွာဖြင့် တစ်စုံတစ်ယောက်က သူ့ဘလော့ဂ်တွင် ဖန်တစ်ယောက်တင်ထားခဲ့သည့်ရုန်ယီ၏ဓာတ်ပုံကိုရှာတွေ့သွားခဲ့သည်။

ဓာတ်ပုံထဲတွင် ရုန်ယီသည် suitcase ပေါ်တွင်ထိုင်နေပြီး မှုန်ကုပ်ကုပ်နှင့်ဖုန်းခေါ်နေသည်။ ဓာတ်ပုံရိုက်ထားသည့်ရှုထောင့်ကကောင်းမွန်ပြီးရုန်ယီ၏ခြေတံကိုနှစ်မီတာခန့်ပိုရှည်နေစေသည်။

ဓာတ်ပုံမှာသောကြာနေ့ နေ့လည်ကထွက်လာခဲ့ပြီး နေရာကရုန်ယီတည်းနေသည့်ဟိုတယ်ဖြစ်သည်။ ခိုးကြောင်ခိုးဝှက်ရိုက်ထားမှန်းသိသာသည်။ ဓာတ်ပုံတွင်ရေးထားသည်က: "ငါစောင့်နေသေးပေမဲ့ မော့မော့ကိုမတွေ့လိုက်ရတာနှမြောစရာပဲ၊ ဒါပေမဲ့ ငါ surprise ဖြစ်သွားတယ်၊ ဒီတစ်ယောက်ကအနုပညာရှင်ဖြစ်မယ်! ဒီရှော့ခ်ရစရာကောင်းအောင်ချောတဲ့ အယ်လ်ဖာနာမည်ကိုဘယ်သူပြောနိုင်လဲ"





ထို့နောက် ဘေးမှပွဲကြည့်ပရိသတ်များက ဝိုင်းအုံလာပြီးထင်မြင်ယူဆချက်များက လှိုင်းလုံးကြီးသဖွယ်တက်လာသည်။





မော့ယွီဖေး၏တိတ်တိတ်ပုန်းချစ်သူလေးက သူနှင့်ဟိုတယ်တစ်ခုတည်းတွင် တည်းသည်။ ပရိသတ်တွေ့ဆုံပွဲတွင် ထိပ်တန်း VIP လက်မှတ်ကိုကိုင်လာပြီး စင်ပေါ်တွင်မော့ယွီဖေးနှင့်အပြန်အလှန်ရှိခဲ့ကာ မော့ယွီဖေးဘက်မှအလျင်ပွေ့ဖက်သည်ကိုခံခဲ့ရသည်။

ပြန်လည်တွေးကြည့်ပါမူ အပြန်အလှန်ရှိခဲ့သည့်ဖြစ်စဉ်တစ်ခုလုံးက သံသယဖြစ်ဖွယ်ပင်။ ယေဘူယျအားဖြင့် တွေ့ဆုံပွဲ၏စပွန်ဆာများက အနုပညာရှင်များကို ယူဆချက်အဖုံဖုံရှိသည့်ပရိသတ်အများစုကြောင့် စင်ပေါ်တွင် သတ်မှတ်ထားသည့်ပရိသတ်များနှင့်ဖက်လဲတကင်းရှိသည်ကိုခွင့်မပြုပေ။ ဆုပေးခဲ့လျှင်ပင် ပရိသတ်များကိုလွတ်လွတ်လပ်လပ်တောင်းဆိုခွင့်မပေးပေ။ မျက်နှာအရေထူသည့်ပရိသတ်တစ်ယောက်ကိုရွေးမိပြီး အနှီသူကစင်ပေါ်တက်လာကာ အိုင်ဒေါကိုနမ်းမည်ဆိုလျှင်?





မည်သို့ပင်ဖြစ်စေ စင်ပေါ်သို့ပုဂ္ဂိုလ်ရေးအရ ခေါ်တင်ခဲ့သည်မှာမော့ယွီဖေးပင်။





သို့ဖြစ်ရာ ပို့စ်တင်သူ၏ "လူထုရှေ့တွင် surprise ချပြရန်စီစဉ်ထားသည်" ဆိုသောရေးသားချက်က ဇာတ်ကြောင်းတစ်ခုလုံးကိုပြီးပြည့်စုံစွာကိုက်ညီသွားစေ၏။

လူထုရှေ့တွင်မော့ယွီဖေးက ပုံရိပ်ကောင်းရှိသည်။ သို့သော် ကိုယ်ရေးကိုယ်တာအရ မကောင်းမြင်သတင်းများကအစဉ်မပြတ်ထွက်လာနေဆဲပင်။ အတင်းအဖျင်းဖွသည့်ပရိသတ်များအတွက် အငြင်းပွားဖွယ်ပုံရိပ်လည်းရှိခဲ့ဖူးသည်။ ယခု သူ့အားမုန်းတီးသူများက ငြင်းမရသည့်သက်သေကိုကိုင်ထားကြပြီး သူ၏အမာခံပရိသတ်များကစုံစမ်းနေဆဲဖြစ်ကာအများစုကတုန်လှုပ်နေကြသည်။





တစ်ရက်ထက်မနည်း အဆိုပါငြင်းခုန်နေမှုများကဆက်ဖြစ်နေခဲ့သည်။ကောလဟလများနှင့်ဆူပူမှုများ၏အကျိုးဆက်များအနက် အချို့က ယုံနိုင်ဖွယ်မရှိသည့်နေရာအထိရောက်သွားခဲ့သည်။



သို့ထိတိုင် ကိစ္စများသည် အနှီနောက်ကွယ်မှချစ်သူကောင်လေးကအယ်လ်ဖာတစ်ယောက်ဟုမျက်စိမှိတ်ယုံလိုက်ကြ၍ဖြစ်မည်၊ အချို့ကငြင်းခုန်နေကြစဉ်အတွင်းနားလည်ပေးကာကောင်းချီးများပေးခဲ့ကြသေးသည်။



အားလုံးသိရှိလိုက်ရပြီးနောက် ရုန်ယီပြောရမည့်စကားရှာမတွေ့ဖြစ်နေပြီး ချန်းခယ့်ယောင်ကဒေါသထွက်နေသည်။

သူ၏ဘလော့ဂ်မှရုန်ယီ၏တစ်ခါပင်မတင်ထားခဲ့သော ဓာတ်ပုံများကိုကံစမ်းမဲနှိုက်ကာမရောင်းပစ်သည်ကိုပင် ကျေးဇူးတင်ရမည်။ လတ်တလောတွင် သူသည်မည်သူထံမှအာရုံစိုက်ခံရခြင်းမရှိသေး။ သို့တစေသူသည်ကလေးအရွယ်တည်းကကျောင်းတွင် နာမည်ကြီးခဲ့သည်။ ယနေ့ခေတ်အင်တာနက်မှ ဆန်ကုန်မြေလေးများ၏ ရှာဖွေစုဆောင်းနိုင်သည့်စွမ်းရည်အရဆိုပါက သူ၏အစစ်အမှန်လိင်အမျိုးအစားနှင့်အချက်အလတ်များပေါက်ကြားသွားတော့မည်။

နှစ်ယောက်သား ပူပင်ကြောင့်ကြစိတ်များနှင့်ဘေးချင်းကပ်ထိုင်နေကြချိန် ဖုန်းနံပါတ်စိမ်းတစ်ခုဝင်လာသည်။





ရုန်ယီမှာ အာရုံနောက်နေသည်။ သတိကြီးကြီးထားကာ ဖုန်းဖြေသည့်ခလုတ်ကိုနှိပ်လိုက်ပြီး တစ်ဖက်မှမထူးခြားနား အမျိုးသမီးတစ်ယောက်အသံကိုကြားလိုက်ရသည်။

"မစ္စတာရုန်လားရှင်"





"ဟုတ်ပါတယ်"





"ဘယ်သူပါလဲ"





တစ်ဖက်လူကသူ့ကိုဖုန်းကိုင်ထားရန်ပြောသည်။ နောက်ထပ်စက္ကန့်အနည်းငယ်ကြာသည်တွင် နောက်ထပ်အသံတစ်သံကိုကြားလိုက်ရသည်။

"နောက်ဆုံးတော့မင်းဖုန်းကိုင်ပြီ၊ မင်းကိုယ့်ဖုန်းနံပါတ်ကို blacklistသွင်းလိုက်တာမဟုတ်လား"





ပြဿနာအိုးကရောက်လာပြီ။ ၎င်းကမော့ယွီဖေးပင်။

ရုန်ယီခမျာ တောင့်တင်းသွားရသည်၊ သူပင်ဘာမှမပြောရသေး၊ တစ်ဖက်ကပြောလာသည်။

"ပရိသတ်တွေကစိတ်အပြောင်းအလဲမြန်ပြီး မငြိမ်ကြဘူးလို့ပြောကြတယ်၊ ဒါပေမဲ့ မင်းအရမ်းရက်စက်လွန်းတာမဟုတ်ဘူးလား၊ လွန်ခဲ့တဲ့ရက်ကတင် မင်းပဲအကုန်လုံးရှေ့မှာအားပေးမယ်ဆို"

ရုန်ယီသည် မော့ယွီဖေးနှင့်ရင်ဆိုင်ရတိုင်း ဘာလုပ်ရမည်မသိဖြစ်တတ်သည်။ ယခင်က မော့ယွီဖေး၏အိုင်ဒေါအရှိန်အဝါကြောင့်သူငေးငိုင်နေခဲ့ခြင်းဖြစ်သည်။ ယခု အနှီသူအပေါ်ရှိသည့်ရုန်ယီ၏ခံစားချက်များကရှုပ်ထွေးနေပြီး အနှီသူ၏စိတ်က လူများကိုပြောစရာမရှိအောင်လုပ်တတ်သည်။ ရုန်ယီသည် လက်ရှိတွင်သူမည်သည့်အရာကိုပြောပါစေ မမှန်နိုင်ဟုခံစားရသောကြောင့် ဆက်လက်၍နှုတ်ဆိတ်နေလိုက်သည်။





သူ့အနားထိုင်နေသည့်ချန်းခယ့်ယောင်မှာ အလွန်အမင်းဒေါသထွက်လာသည်။ ရုန်ယီ၏အနားကပ်သွားပြီးသူမေးလိုက်သည်။





"ဘယ်သူလဲ"





"ချန်းခယ့်ယောင်ကမင်းဘေးမှာလား"





မော့ယွီဖေးကတစ်ဖက်မှမေးသည်။





ရုန်ယီသည် အပြီးသတ်ရှုံးနိမ့်သွားကာစိတ်ရှုပ်ထွေးသွားလေရာချန်းခယ့်ယောင်လက်ထဲကိုဖုန်းထည့်ပေးလိုက်သည်။





"မင်းပဲသူ့ကိုပြောလိုက်တော့"



ချန်းခယ့်ယောင်ကဖုန်းကိုမျက်မှောင်ကြုတ်လျက်ယူသည်။ 'ဟိုင်း' ဟုမပြောခင် သူဆယ်စက္ကန့်မျှနှုတ်ဆိတ်နေသေးသည်။





ရုန်ယီသည် တစ်ဖက်မှစကားများကိုရှင်းရှင်းလင်းလင်းမကြားရ၍ နောင်တစရလာသည်။ သူချန်းခယ့်ယောင်လိုပင် မှီလိုက်သည်။





နှမြောစရာမှာ ချန်းခယ့်ယောင်ကမပူးပေါင်း၊ တစ်ချိန်လုံးရှောင်နေသည်။





ရှောင်နေလျက် ချန်းခယ့်ယောင်ကပြောသည်။





"ငါနဲ့အဓိပ္ပါယ်မရှိတာတွေလာပြောမနေနဲ့၊ မင်းအခုဘာလုပ်မှာလဲ"





ရုန်ယီသည် ဒေါသထွက်လာပြီးချန်းခယ့်ယောင်၏လည်ပင်းကိုလှမ်းချိတ်ရန် လက်ကိုဆန့်သည်၊ ချန်းခယ့်ယောင်နှင့်မျက်နှာတခြမ်းကိုသူနှင့်ကပ်စေရန်အတင်းဆွဲသည်။





ချန်းခယ့်ယောင်က ကြမ်းကြမ်းတမ်းတမ်းတုံ့ပြန်သည်။





အစတွင်သူရှောင်တိမ်းရန်ကြိုးစားသည်။ သို့ထိတိုင် ရုန်ယီလိုက်ဖမ်းနေသည့်အချိန် သူကလက်တင်သည့်အခြမ်းတွင်ထိုင်နေသည်၊ ချန်းခယ့်ယောင်မှာရွေးစရာမရှိတော့ဘဲ ဖုန်းကိုသူ့ခေါင်းနှင့်ပုခုံးကြားတွင်ညှပ်ထားရသည်၊ ထိုအခါ လက်နှစ်ဖက်လုံးအားသွားသည်။ အလွယ်တကူကျွမ်းကျင်လိမ္မာစွာဖြင့် ရုန်ယီကိုသူ့အောက်တွင်ချုပ်ထားလိုက်နိုင်ပြီး ဆိုဖာအောက်တွင်ဖိထားလိုက်နိုင်သည်။





"တိတ်တိတ်နေ"





ချန်းခယ့်ယောင်သည်ရုန်ယီကို ဆိုဖာတွင်ဖိထားကာတိတ်တိတ်လေးပါးစပ်လှုပ်ပြသည်။





"မင်းဆက်လုပ်နေရင်ကိုယ်သည်းမခံတော့ဘူးနော်"





ချန်းခယ့်ယောင် အဆိုပါဂမ်းစတားနှစ်ယောက်ကိုချုပ်ထားခဲ့သည်ကနှင့်ယှဉ်လျှင် ယခုသူ၏လှုပ်ရှားမှုများကညင်သာသည်။ သူအားအလွန်အကျွံမသုံးရဲ၍ မျက်လုံးနှင့်အရိပ်အယောင်ပြကာထိန်းချုပ်ရန်ကြိုးစားရသည်။ သို့သော် ရုန်ယီနှင့်ရင်ဆိုင်သည့်အခါ အငြိုးတကြီးအကြည့်မျိုးမဟုတ်၍ မည်သို့သောကြောက်ရွံ့မှုမှဖြစ်မလာပေ။





ရုန်ယီကနှစ်ကြိမ်ရုန်းသည်၊ ချန်းခယ့်ယောင်မှာကိုင်ထားသည့်ဖုန်းပင်လွတ်ကျလုလုနီးပါးဖြစ်သွားသည်။





"ဘာပဲဖြစ်ဖြစ်"





ချန်းခယ့်ယောင်ကရုန်ယီကိုငုံ့ကြည့်ပြီး အကြောင်းအရင်းမသိရဘဲမော့ယွီဖေးကိုစကားပြောရာတွင် နူးညံ့နေသည်။





"သူကမင်းနဲ့ဘာမှမဆိုင်ဘူး"





ချန်းခယ့်ယောင်၏ထိန်းချုပ်မှုမှမလွတ်နိုင်သည့်အခါ သူ့ကိုယ်ကိုအဆက်မပြတ်လိမ်ပြီးထွက်သည်။ ချန်းခယ့်ယောင်ကပြောမပြတတ်အောင်သောကရောက်နေသည်၊ သူရိုးရိုးတမ်းတမ်းခေါင်းလှည့်ကာသူ့ကိုမကြေည့်တော့ပေ။





ချုပ်ထားရန် ရုန်ယီကိုနာကျင်အောင်မလုပ်ပေ၊ ချန်းခယ့်ယောင်၏ကိုယ်တဝက်က ရုန်ယီကိုဖိထားသည်။ ရုန်ယီ၏လက်နှင့်ခြေများကပြုတ်တူနှင့်ညှပ်ထားသလိုဖြစ်နေသော်ငြား သူ့ကိုယ်ကိုအပေါ်အနည်းငယ်တိုးရန်မှာမခက်ခဲ။ ချန်းခယ့်ယောင်ကသူ့ကိုကြည့်မနေသည့်အခါ ရုန်ယီသည်အခွင့်ကောင်းယူကာထိုင်လိုက်ပြီး ချန်းခယ့်ယောင်မျက်နှာကိုအမြန်နမ်းလိုက်သည်။





သူ၏ဘဝတွင်ပထမဆုံးအဖြစ် ချန်းခယ့်ယောင်မှာချုပ်ထားသည့်အချိန်ဂမ်းစတားထံမှအနိုင်ကျင့်သည်ကိုခံရခြင်းဖြစ်၍ ထိတ်လန့်သွားသည်။လန့်လွန်း၍ ဖုန်းကိုဆိုဖာပေါ်ပစ်ချမိသည်။





ဖုန်းကရုန်ယီ၏ခေါင်းနှင့်နီးနီးလေးတွင်ကျပြီး တစ်ဖက်မှပြောသမျှကိုသူရှင်းရှင်းလင်းလင်းကြားရသည်။





"ငါသူ့ကိုစကားနည်းနည်းတောင်ပြောလို့မရဘူးလား၊ မင်းကအရမ်းတွန့်တိုတာပဲ၊ ဟေး...မင်းဖုန်းကိုင်ထားသေးလား၊ ပြောနေသေးလား၊ဘာလုပ်နေတာလဲ"





ထို့နောက် ချန်းခယ့်ယောင်ကဖုန်းချလိုက်သည်။





ရုန်ယီကဆိုဖာတွင်လှဲနေပြီး ချန်းခယ့်ယောင်ကိုနှစ်ကြိမ်မျက်စိမှိတ်ပြသည်။ ချန်းခယ့်ယောင်၏အမူအရာကိုကြည့်ကာ ရုတ်တရက်ရုန်ယီရှက်သွားသည်။ အစတွင်သူချန်းခယ့်ယောင်ထံကပ်သွားချိန်မှာ စိတ်အလိုကျမဟုတ်ရပေ။ နောက်ပိုင်း သူချန်းခယ့်ယောင်ကိုတမင်တကာစနောက်ချင်လာသည်။ ဖုန်းကိုလည်းသူကိုယ်တိုင်ပင် ချန်းခယ့်ယောင်ကိုပေးခဲ့သည်။ သို့လင့်ကစား ချန်းခယ့်ယောင်ကသူ၏အဆက်ဟောင်းနဲ့စကားပြောဆိုနေသည်ကိုမြင်သည့်အခါ ရုန်ယီမှာမနေနိုင်တော့ဘဲ သူတို့ကြားတွင်ဘယ်လိုအကြောင်းအရာမှမရှိတော့မှန်းသိနေသည့်တိုင်အနည်းငယ်မနာလိုဖြစ်လာကာ ချန်းခယ့်ယောင်၏အာရုံစိုက်မှုကိုလိုချင်လာသည်။





ချန်းခယ့်ယောင်သည် ညစဉ်ရက်ဆက်မအိပ်ရသေးသောကြောင့်ပင်ပန်းနေသည်။ ယခု သူချန်းခယ့်ယောင်ကိုအဆင်မပြေအောင်လုပ်မိလိုက်သည်။ သူလွန်သွားခဲ့ပြီထင်သည်။





သို့ထိတိုင် ရုန်ယီ၏ပါးစပ်မှ 'တောင်းပန်ပါတယ်' ဟူသောစကားလုံးအစလေးပင်မထွက်လာသေးခင် ချန်းခယ့်ယောင်၏နှုတ်ခမ်းများနှင့်ပိတ်ဆို့သည်ကိုခံလိုက်ရ၏။

ရုန်ယီ မူလတွင်တွေးမိသည်က ချန်းခယ့်ယောင်တစ်ယောက်သန့်စင်ခန်းသို့အမြန်ပြေးကာ ထိန်းမနိုင်သိမ်းမရအန်တော့မည်ဟူ၍။ စိတ်ဓာတ်ကျနေသည့်မျက်နှာနှင့်ထိုသူက သူ့ကိုရုတ်တရက်ပြင်းပြစွာဖြင့်နမ်းလာလိမ့်မည်ဟုမထင်ထားခဲ့ပေ။

ချန်းခယ့်ယောင်၏အနမ်းကကြမ်းတမ်းလွန်းပါသဖြင့် ရုန်ယီမှာမျက်လုံးမှိတ်ရန်ပင်မေ့နေပြီး သတိပေးချက်များစတင်ခံစားလာရသည်။





သူမိန်းမောနေလျက် နားလည်လိုက်သည်က ချန်းခယ့်ယောင်ကဘီတာဖြစ်ချင်ပြီး သူ၏ခက်ထန်သည့်အခြမ်းကိုပုံမှန်ရက်များတွင်ပြသခဲ့စေကာမူ သူသည်အယ်လ်ဖာတစ်ယောက်သာဖြစ်သည်။





ဤအခိုက်အတန့်တွင် မွတ်သိပ်ပြင်းပြသည့်အနမ်းကိုရင်ဆိုင်ပြီးရုန်ယီသည်ပူးပေါင်းရန်ကြိုးစားလင့်ကစား အားအင်နှင့်အမူအရာကင်းမဲ့နေသည်။





သူချက်ချင်းမြိုချခံရတော့မည်ဟုခံစားရသည်။





ကံကောင်းထောက်မကာ ချန်းခယ့်ယောင်၏ပြင်းရှသည့်အနမ်းကအလျှင်အမြန်ပျောက်သွားသည်။ အနမ်းကယခင်ကနှင့်အတူတော့ဘဲ အဆုံးသတ်ခါနီးတွင်ညင်သာလာသည်။

သူရုန်ယီကိုလွှတ်ပေးလိုက်ပြီး ချန်းခယ့်ယောင်ကမခွာသွားပေ။ နီရဲရွှန်းစိုကာ အရိုင်းဆန်သည့်နှုတ်ခမ်းများနှင့်ရုန်ယီကိုတဒင်္ဂခန့်ငုံ့ကြည့်နေသည်။ ထို့နောက် ချန်းခယ့်ယောင်ကထပ်မံငုံ့ကိုင်းလာပြန်ကာရုန်ယီ၏လည်တိုင်အကြားတွင် သူ့မျက်နှာကိုမြုပ်ထားသည်။





ထိုအတိုင်းပင် သူရုန်ယီ၏လက်ကိုတင်းကျပ်နေသည်အထိဆုပ်ကိုင်ထားသည်။





"မင်းအဆင်ပြေရဲ့လား"





ရုန်ယီသည် နူးညံ့စွာဖြင့်မေးလိုက်၏။





ချန်းခယ့်ယောင်ပြန်ဖြေဘဲ ဖြည်းညှင်းစွာဖြင့်ခေါင်းခါသည်။





ရုန်ယီသည် သူ့နားနှင့်နီးကပ်နေသည့်ချန်းခယ့်ယောင်၏ပုံမှန်မဟုတ်သည့်အသက်ရှူသံနှင့်ခြောက်လှန့်နေသံကိုကြားနိုင်သည်။ သူသည်ချန်းခယ့်ယောင်အဆင်မပြေမည်စိုး၍ အနည်းငယ်ပင်မလှုပ်ရဲပေ။





ချန်းခယ့်ယောင်ကသူ့လက်ကိုတင်းကျပ်နေအောင်ကိုင်ထားသောကြောင့် ရုန်ယီ အနည်းငယ်နာကျင်လာသည်။ နာသည့်ခံစားချက်အပြင်ချန်းခယ့်ယောင်ထံမှသူ့လက်သို့ကူးစက်လာသည့်တုန်ယင်မှုကသူ့ကိုခက်ခဲစေသည်။





"အဲဒါကဆိုးတဲ့အရာမဟုတ်ပါဘူး၊ အဲဒါကလူတွေရဲ့သူတို့သဘောကျတဲ့လူတွေအပေါ် ပုံမှန်ဖြစ်လာတတ်တဲ့ပြင်းပြတဲ့ဆန္ဒပါ၊ ဒါပေမဲ့ ဗီဇဆိုတာတိုင်းလည်းအဆိုးကြီးမဟုတ်ဘူး"





ရုန်ယီကခေါင်းကိုဖြည်းဖြည်းချင်းလှည့်ကာ ချန်းခယ့်ယောင်၏နားထဲသို့ညင်သာစွာပြောလိုက်သည်။





"ငါကအိုမီဂါဆိုတာကိုမစဉ်းစားနေနဲ့တော့၊ မင်းငါ့ကိုချစ်တယ်၊ အဲဒါကလည်းငါ့ရဲ့လိင်နဲ့ဘာမှမဆိုင်ပါဘူး၊ ဟုတ်ပြီလား"





စာရေးသူ၏မှတ်စုတို





မစ္စတာချန်း: ငါ့ရဲ့ elf သေးသေးလေးနဲ့ဘယ်လိုလုပ်ရပါ့မလဲ။







Xxxxxxx

Continue Reading

You'll Also Like

52.8K 5.1K 28
⚠BDSM ⚠dominance Love in a dark heart Sex can be intense, but we can't even imagine the love in that heart..🏳️‍🌈 〰️Please read this carefully〰️ ⚠...
193K 26.6K 63
දුප්පත් අහිංසක කොල්ලෙක් ආවොත් ඔයාගේ ඔෆිස් එකට... ඔයාව දැක්කත් එයා බයේ වෙව්ලනවනම්.. ඔයා මොකද කරන්නේ... 💚 හඃ හඃ තව තවත් බය කරනවා... හැබැයි ඉතින් ආදරේට...
875K 35.9K 30
"ကျွန်တော် တစ်ခါ နမ်းရင် ငါးသိန်း ထက်မနည်းရတယ်..သဘောပေါက်လား?"(18+) ကျွန်တော် တစ်ခါ နမ်းရင် ငါးသိန်း ထက်မနည်းရတယ်..သဘောပေါက်လား?"(18+)
147K 18.8K 39
Let's play a game What do you think? Trick or Treat SEKAI Fanfiction