ပုပ္ပားမြေမှ စံကားဝါ / ပုပၸား...
By ShwunLaeKyaw
203K 9.4K 350
ပုပ္ပားမြေမှ စကားဝါ ပင်လုံးညှာ ရွှေရောင်ဝင်းလေတော့ ကြူသင်းစွာ မွှေးရနံ့ရယ်(ကွယ်) နှလုံးသားအထိ...စွဲ။ တစ်စုံတ... More
မေတ္တာရပ်ခံခြင်း / ​မေတ္တာရပ်​ခံခြင်း
အပိုငျး- ၁
အပိုင်း - ၁
အပိုငျး- ၂
အပိုင်း - ၂
အပိုငျး- ၃
အပိုင်း - ၃
အပိုငျး- ၎
အပိုင်း - ၎
အပိုငျး - ၅
အပိုင်း - ၅
အပိုငျး - ၆
အပိုင်း - ၆
အပိုငျး - ၇
အပိုင်း - ၇
အပိုငျး - ၈
အပိုင်း - ၈
အပိုငျး - ၉
အပိုင်း - ၉
အပိုငျး - ၁၀
အပိုင်း - ၁၀
အပိုငျး - ၁၁
အပိုင်း - ၁၁
အပိုငျး - ၁၂
အပိုင်း - ၁၂
အပိုငျး - ၁၃
အပိုင်း - ၁၃
အပိုငျး - ၁၄
အပိုင်း - ၁၄
အပိုငျး - ၁၅
အပိုင်း - ၁၅
အပိုငျး - ၁၆
အပိုင်း - ၁၆
အပိုငျး - ၁၇
အပိုင်း - ၁၇
အပိုငျး - ၁၈
အပိုင်း - ၁၈
အပိုငျး - ၁၉
အပိုင်း - ၁၉
အပိုငျး - ၂၀
အပိုင်း - ၂၀
အပိုငျး - ၂၁
အပိုင်း - ၂၁
အပိုငျး - ၂၂
အပိုင်း - ၂၂
အပိုငျး - ၂၃
အပိုင်း - ၂၃
အပိုငျး - ၂၄
အပိုင်း - ၂၄
အပိုငျး - ၂၅
အပိုင်း -၂၅
အပိုငျး - ၂၆
အပိုင်း - ၂၆
အပိုငျး ၂၇
အပိုင်း - ၂၇
အပိုငျး - ၂၈
အပိုင်း - ၂၈
အပိုငျး - ၂၉
အပိုင်း - ၂၉
အပိုင်း - ၃၀
အပိုငျး - ၃၁
အပိုင်း - ၃၁
အပိုငျး - ၃၂
အပိုင်း - ၃၂
အပိုငျး - ၃၃
အပိုင်း - ၃၃
အပိုငျး - ၃၄
အပိုင်း - ၃၄
မီးပုံးလုပျနညျး / မီးပုံးလုပ်နည်း
အပိုငျး - ၃၅
အပိုင်း - ၃၅
အပိုငျး - ၃၆
အပိုင်း - ၃၆
အပိုငျး - ၃၇
အပိုင်း - ၃၇
အပိုငျး - ၃၈
အပိုင်း - ၃၈
အပိုငျး - ၃၉
အပိုင်း - ၃၉
အပိုငျး - ၄၀
အပိုင်း ၄၀
အပိုငျး - ၄၁
အပိုင်း - ၄၁
အပိုင်း - ၄၂
အပိုင်း - ၄၂
အပိုင်း - ၄၃
အပိုင္း - ၄၃
အပိုင်း - ၄၄
အပိုင္း - ၄၄
အပိုင်း - ၄၅
အပိုင္း - ၄၅
အပိုင်း - ၄၆
အပိုင္း - ၄၆
အပိုင်း ၄၇(ဇာတ်သိမ်းပိုင်း)
အပိုင်း - ၃၀
2.2K 126 9
By ShwunLaeKyaw
အပြန်အလှန်ချစ်သူဖြစ်ခဲ့ကြပြီးသည့် လူးကပ်စ်မွေးနေ့ပြီး နောက်တစ်နေ့နံနက်၌ ဓမ္မရံကြီးဘုရားတွင် သူတို့ဆုံဖြစ်ခဲ့ကြ၏။
တနင်္လာနေ့ဖြစ်၍ ကျောင်းတက်ရမည့်ထက်နောင်က ပုဆိုးနီညိုကို စတစ်ကော်လာလက်ရှည်အဖြူလေးနှင့် သန့်နေသလို လူးကပ်စ်ကလည်း ကြက်သွေးရောင် စတိုင်ပန့်ဘောင်းဘီအရှည်အပွကို တီရှပ်အဖြူလေးနှင့်တွဲဝတ်ထား၍ မတိုင်ပင်ထားမိပါဘဲ နှစ်ယောက်ကဆင်တူဖြစ်နေလျှက်။
" ကျွန်တော် တို့ ညှိဝတ် ထားကြ သလို ပဲနော် "
" ဟုတ်ပါ့ကွာ "
လူးကပ်စ်စကားကို ထက်နောင်ကခေါင်းညိတ် ထောက်ခံလိုက်ကာ ရယ်သံစွက်လျှက်စကားဆိုလာရင်း ဘုရားထဲအတူဝင်ကာ ဝတ်ပြုလိုက်ကြ၏။
ပူဇော်ကြည်ညိုနေရင်းမှ ငယ်ကတည်းက ကြားဖူးခဲ့သည့် ဓမ္မရံကြီးအကြောင်းများက တရိပ်ရိပ်ပေါ်လာသည်မှာ ပိတ်ကားထက်၌ ကြည့်နေရသည့်အလား။
ထုမှာ ဓမ္မရံ၊ ဉာဏ်မှာ သဗ္ဗညု၊ အနုမှာ အာနန္ဒာ ဆိုသည့်အတိုင်း ဓမ္မရံကြီးဘုရား၏ ထုထည်ကား အခြားစေတီပုထိုးများထက် အံ့ဩဖွယ်ကောင်းလောက်အောင်ပင် ပိုမိုကြီးမားလှသည်မှာအမှန်။
ထို့ပြင် အုတ်စီစနစ်၊ အတွင်းပိုင်းအလင်းအမှောင်ယူပုံ၊ လေဝင်လေထွက်အတွက်ပြင်ဆင်ထားသည့်နည်းစနစ် စသည်တို့မှာ ယနေ့ခေတ်အထိ အံ့ချီးမကုန်၊ အတုယူရဆဲပင်။
သို့သော် လက်ဆင့်ကမ်းရာဇဝင်ထဲမှ ကုသိုလ်ရှင် နရသူမင်း၏အကြောင်းကား အကျည်းတန်လှ၏။
ယခုကဲ့သို့ ထုထည်ကြီးသောစေတီပုထိုးများ ထပ်မရှိစေရန် တည်ဆောက်ခဲ့သော ပန်းရံပညာရှင်များကို အကြောင်းမရှိ အကြောင်းရှာကာ သတ်ပစ်ခဲ့သည်ဟူသော နရသူ
ဓမ္မရံကြီးမှာပင် ခမည်းတော်ကို ခေါင်းအုံးဖြင့်ဖိသတ်ကာ လုပ်ကြံခဲ့သူ နရသူ
နောင်တော်မင်းရှင်စောကို အဆိပ်ခတ်သတ်ခဲ့သူ နရသူ စသည်စသည်...
" အပြင် ဘက်ကို သွားရ အောင်လေ အစ်ကို "
ထက်နောင်တစ်ယောက် အတွေးလွန်နေမိသည်မှာ လူးကပ်စ်စကားသံကြားမှ သတိဝင်မိသည်အထိ။
" ဪ ဒါ လူးကပ်စ်အတွက် "
နှစ်ဦးသား ဓမ္မရံကြီးဘုရားအပြင်ဘက်တွင် အတူတူထိုင်လိုက်ကြရင်းမှ ထက်နောင်က တယုတယယူလာသည့် စံကားဝါပန်းထုပ်ကလေးကို လူးကပ်စ်ဆီ ကမ်းပေးလိုက်၏။
" ကျေးဇူး အစ်ကို "
" ရပါတယ် ကိုယ်က ပန်းတော်ဆက်ပဲဟာ "
" ဟင် "
" ဪ ကိုယ်ပြောဖူးတယ်မဟုတ်လား အနော်ရထာမင်းဆီ ပန်းဆက်ရတဲ့ဗျတ္တအကြောင်း အစ်ကိုက မင်းအတွက် အင်း မင်းတစ်ဦးတည်းအတွက် ပန်းတော်ဆက်ပေါ့ ဘယ်လိုလဲ မကောင်းဘူးလား "
မျက်လုံးအဝိုင်းသားဖြင့် ကြည့်နေသည့်လူးကပ်စ်က ထိုအခါမှ သူ့ဆိုလိုရင်းကို သဘောပေါက်သွားပုံဖြင့် နှုတ်ခမ်းလေးတစ်ချက်စူလာကာ...
" မကောင်းဘူး "
" ဟင် "
" ဟုတ်တယ် လေ အစ်ကို က ဗျတ္တ မှ မဟုတ် တာပဲ  ကျွန်တော် ကလဲ အနော် ရထာ မင်းမြတ် မဟုတ် ဘူး "
" အင်း အစ်ကိုက ဗျတ္တတော့မဟုတ်ပါဘူး ဒါပေမဲ့ မင်းကတော့ ကိုယ့်ရဲ့ဘုရင်ပဲ ကိုယ့်နှလုံးသားရဲ့ တစ်ဦးတည်းသောအုပ်စိုးသူပေါ့ "
" အစ်ကို စကား သိပ်တတ် "
" အတည်ပြောတာ ရဲသွေးထက်နောင်တို့က တစ်သွေး၊ တစ်သံ၊ တစ်မိန့်မဟုတ်ဘူး အရှင်သခင် လူးကပ်စ်ရဲ့တစ်မိန့်ပဲ မင်းသာတစ်ခွန်းပြောလိုက် ဒီလူက သေဆိုသေ၊ ရှင်ဆိုရှင်ပဲ "
" အစ်ကို ပိုလွန်း တယ် "
" မပိုဘူး မယုံရင်အမိန့်ပေးလိုက်လေ မင်းသာအလိုရှိရင် ဧရာဝတီမြစ်ကိုလဲ လက်ပစ်ကူးရဲတယ်ဆိုရင် ရဲရဲယုံလိုက် "
သူ့စကားကြောင့် လူးကပ်စ်ပါးပြင်မို့မို့လေးက နီမြန်းသွားကာ လက်ကလေးများကလည်း စံကားဝါအိတ်ကလေးကို အကြောင်းမဲ့ပွတ်သပ်နေလျှက်သား။
ငြိမ်ကျသွားသည့်ကောင်လေးကို စကောင်းကောင်းဖြင့် ထက်နောင်ဆက်စလိုက်ပြန်၏။
" ဟေး ကိုယ့်ရဲ့မျက်ဆန်ဝါလေး ကိုယ်ပေးတဲ့စံကားဝါကိုပဲချေနော် မင်းဆီအပြီးအပ်ထားတဲ့ ကိုယ့်နှလုံးသားကိုတော့ မလုံးချေရဘူး သိရဲ့လား "
" အာ အစ်ကို့ "
" တောင်းဆိုတာပါ တကယ်လို့နှလုံးသားလေးကျေသွားရင် မင်းကို မကောင်းမကန်း ကျေမွမွနှလုံးသားကြီးနဲ့ ချစ်နေရမှာစိုးလို့ "
" အစ်ကို က ‌‌ဗျာ "
လူးကပ်စ်ထံမှ ရှက်ဝဲဝဲစကားသံလေးတစ်စွန်းတစ်စနှင့်အတူ သူအကြိမ်ကြိမ်ကျရှုံးရသည့် မျက်ဆန်ဝါလေးများမှအပ မျက်နှာလေးတစ်ခုလုံးပါ ခရမ်းချဉ်သီးတစ်လုံးလို နီမြန်းလာပြီဖြစ်သည်။
တစိမ့်စိမ့်ကြည့်လေ ကြည့်မဝလေမျက်နှာလေးကို ထက်နောင်ငေးကြည့်ရင်း နှုတ်ခမ်းတို့ကပါ အလိုလိုပြုံးမိလျှက်သား။
အချစ်ဆိုသည်မှာ သူနှင့်အတူရှိတိုင်း ခပ်များများပြုံးနေမိခြင်းပင်ထင်ပါ၏။
" အစ်ကို့ ဘာလို့ အဲဒီ လိုကြီး ကြည့်နေ ရတာ လဲလို့ "
" ကြည့်မဝလို့ အစ်ကို့ရဲ့ တစ်ဦးတည်းသောလေးကို ဒီအတိုင်းလေးကြည့်ရတာ စိတ်ချမ်းသာလို့ "
" အစ်ကို နော် "
" ဗျာ အစ်ကို့ရဲ့ချစ်သူလေး ပြောပါဗျ "
" အစ်ကို့ မစ နဲ့တော့ တကယ် မနေ တတ်တော့ ဘူးဗျ "
" ဒါဆို လာ လာ အစ်ကို့ရင်ခွင်ထဲဝင်နေ "
ထက်နောင့်စကားကြောင့် လူးကပ်စ်၏လက်သီးဆုပ်ဖွဖွလေးများက သူ့ရင်ဘက်ဆီ အဆက်မပြတ်ရောက်ရှိလာရင်း...
" အစ်ကို က တကယ် ဘာမှန်း လဲ မသိဘူး "
" မသိရင်မှတ်ထား အစ်ကိုက ထာဝရ လူးကပ်စ်ဒါမွန်ရဲ့အပိုင်လေးလေ "
" အစ်ကို့ "
" ကဲ ကဲ မစတော့ဘူး အစ်ကိုတကယ် အတည်ပြောမယ် 'လူးကပ်စ်' ဆိုတာ 'ကမ္ဘာ' ဆိုတဲ့အဓိပ္ပာယ်လို့ ပြောတယ်မဟုတ်လား မင်းကလေ အစ်ကို့အတွက် ကမ္ဘာကြီးတစ်ခုလုံးလိုဖြစ်တည်မှုပဲ ပိုင်ဆိုင်မယ်လို့ ဘယ်တုန်းကမှမတွေးရဲခဲ့ဖူးတဲ့ ကမ္ဘာလေးပေါ့ "
လူးကပ်စ်က သူ့လက်ကလေးကိုဆုပ်ကိုင်လာကာ...
" ဒီ ကမ္ဘာ က အစ်ကို့ အပိုင် ပါ အစ်ကို့ အတွက် ဖြစ်တည် လာပြီး အစ်ကို နဲ့ အတူ တည်ရှိ နေမဲ့ ကမ္ဘာ ဓားလှံ တွေနဲ့ သိမ်းယူ စရာ မလို တဲ့ အစ်ကို့ ရဲ့ အပိုင်ကမ္ဘာ "
သူက ကမ္ဘာဖြစ်လျှင်
ထိုအရာကို သိမ်းယူရန်
အစ်ကို့အတွက် ဓား၊ လှံများမလို
စံကားဝါတစ်ပွင့်သာလိုလေသည်။
" ကောင်းလိုက်တာ "
" ဗျာ "
" မင်းကိုချစ်ရတာ ပြီးတော့ ချစ်ရတဲ့အကြောင်းတွေပြောရတာ အစ်ကို သိပ်ကံကောင်းတာပဲ ဒီလိုမှန်းသိရင် အစကတည်းက ဖွင့်ပြောပါတယ်ကွာ "
ထိုစကားက အတည်ဖြစ်သည်။
ချစ်ရသူကို ချစ်ကြောင်းဝန်ခံရခြင်းက ထိုမျှလောက်သဘောကျစရာကောင်းကြောင်း သူ မသိခဲ့။
ယခုမှ အရင်အချိန်များကိုပင် နှမြောမိသည်အထိ။
" ဟင်း ခုမှ နောင်တ ရနေ တယ်ပေါ့ ကျွန်တော် သာ ဖွင့် မပြော ရင် ဘယ် အချိန် မှ လှုပ်မယ် ဆိုတာ မသိ တဲ့ ခုံကြီး ကများ ဟွန့် "
ထိုစကားကြောင့် ထက်နောင် ခပ်သောသောရယ်လိုက်မိသည်မို့ လူးကပ်စ်က မျက်မှောင်လေးကုတ်ကြည့်လာရင်း...
" ဘာလဲ မဟုတ် လို့လား "
" ဟားဟား ဟုတ်ပါတယ် ဟုတ်ပါတယ် အဲဒါကြောင့် စောစောဖွင့်ပြောခဲ့ရမယ်လို့ပြောတာပေါ့ ဒါပေမဲ့လေ လူးကပ်စ်သိလား အစ်ကိုတကယ်ကြောက်နေခဲ့တာ အစ်ကို့အချစ်က မင်းကိုညစ်နွမ်းစေမှာ၊ အောက်ခြေထိဆွဲချမိတာ စိုးရိမ်နေခဲ့တာ "
" ချစ်တယ် အစ်ကို ကျွန်တော် လေ အစ်ကို့ ကို ချစ်မိ တဲ့ အတွက် ဘာတွေ ပဲ ဖြစ်လာ ဖြစ်လာ ဘယ်သော အခါ မှ နောင်တ ရမှာ မဟုတ် ဘူး "
" အင်း အစ်ကိုရောပဲ မင်းကိုချစ်တယ် လူးကပ်စ် သိပ်ချစ်တယ် ကိုယ့်ဘဝရဲ့ တစ်ခုတည်းသော လောဘတပ်မိတဲ့အရာက မင်းပဲ ဘယ်အကြောင်းတွေပဲရှိလာရှိလာ အစ်ကိုလေ မင်းလက်ကို လုံးဝမဖြုတ်ဘူး "
" ပြီးမှ စကား မဖျက် ကြေးနော် အစ်ကို "
" အင်း စကားကိုတော့ မဖျက်သိမ်းဘူး မင်းကိုပဲ တစ်သက်လုံးအပိုင်သိမ်းမှာ "
လူးကပ်စ်က မျက်နှာလေးရဲကာ စိုက်ကြည့်လာရင်းမှ စကားတစ်ခွန်းကို ခပ်တိုးတိုးဆိုလာသည်။
" ကျွန်တော့် ပါးပြင် က ပုပ္ပား ရဲ့ စံကား ဝါ တွေထက် မွှေးကြူ တယ်လို့ ဆိုတယ် မ ဟုတ်လား ကျွန်တော့် နှုတ်ခမ်း နဲ့ စံကား ဝါ ကရော ဘယ်ဟာ ပိုပြီး နူးညံ မလဲ သိချင် လား "
ထက်နောင် ကြောင်အစွာကြည့်နေချိန်မှာပင် လူးကပ်စ်လက်ဖဝါးလေးများက သူ့ မျက်နှာကို ဆွဲယူငုံ့ချစေလိုက်ပြီးနောက်...
ထက်နောင့်လက်တို့က လူးကပ်စ်၏သေးသွယ်သောခါးကိုဖက်တွယ်ကာ လူးကပ်စ်ကိုယ်ကိုထွေးပိုက်လိုက်မိချိန်...
နှစ်ဦးသား မျက်လုံးတို့ကိုပါ ပြိုင်မှိတ်ကျပစ်လိုက်မိကြခိုက်...
နူးညံ့အိစက်တို့နှုတ်ခမ်းပါးတို့က ထပ်တူကျရောက်ကာ ချိုမြိန်သည့်အနမ်းတစ်ခုကိုဖြစ်ပေါ်စေရင်း...
အချိန်အတော်ကြာသည်အထိ ရှည်ကြာခဲ့သည့် အနမ်းတစ်ခုကို နှစ်ယောက်သား အသက်ရှူမဝမှပင် ရပ်တန့်မိကြသည်အထိ။
" ဒါက စကား တတ် လွန်းလို့ ဆုချ တာ "
လူးကပ်စ်စကားကြောင့် ထက်နောင်ရယ်လိုက်မိ၏။
အနမ်းတစ်ပွင့်ပြီးသည်အထိ ထက်နောင်က ဖက်တွယ်ထားမိသည့် လူးကပ်စ်ကိုယ်လေးကို လွှတ်မပေးမိသေး။
သူ့ရှေ့မှကောင်လေးကို အသည်းယားစွာ ဖျစ်ညှစ်ပစ်လိုက််မိရင်း...
" လူးကပ်စ်သိလား ဆုပေးဒဏ်ပေးစနစ်နဲ့ဆို ကလေးတွေက ပိုပြီးကြိုးစားကြတယ်တဲ့ လူးကပ်စ်က ဆုပေးတယ်ဆိုတော့ ကိုယ်လဲ နောက်ထပ်ဆုတွေ အများကြီးရဖို့ ကြိုးစားရတော့မှာပဲ "
" အစ်ကို က ကလေး လား စာသင် တဲ့ ဆရာ ပဲ လုပ်နေ ပြီးတော့ "
" ဒါ‌ပေမဲ့ မင်းနဲ့ပတ်သတ်ရင် ကလေးပဲလေ အချစ်ကို ခုမှစတင်လေ့လာရတဲ့ ကလေးလေးပဲ "
" တော်ပါ အခု မှ သတိ ရတယ် အစ်ကို ကျောင်းကို သွားရ မယ် မဟုတ် လား နောက်ကျ နေ တော့မယ် ထတော့ "
" မသွားချင်ဘူး စာလဲမသင်ချင်ဘူး ဒီအတိုင်း မင်းနားမှာပဲနေချင်တော့တယ် "
" တကယ် မသွား ဘူးလား ဒါဆို ရင်တော့ တကယ် ဒဏ်ပေး ရတော့ မှာပဲ ညဘက် ဖုန်းပြော ခွင့် ပိတ်ရ မလား ဒါမှ မဟုတ် တစ်နေ့ တိတိ တွေ့ခွင့် ပိတ်ရ "
လူးကပ်စ်စကားမဆုံးခင်မှာပင် ထက်နောင်က ဆက်ခနဲထရပ်လိုက်ကာ...
" ကျွန်တော်မျိုးကြီး အခုပဲသွားလိုက်ပါ့မယ်ဖြစ်ကြောင်း သံတော်ဦးတင်ပါတယ် ဘဝင်နှလုံး ရွှင်ပြုံးတော်မူပါပြီလားဘုရာ့ "
ဒူးနှစ်ဖက်ကိုညွတ်ကာ ခေါင်းကိုငုံ့ချရင်း လက်တစ်ဖက်ကိုပါ ရှေ့ရင်ဘက်တွင် ကန့်လန့်တားတာ လျှောက်တင်ဟန်ဖြင့်ဆိုလာသည့် ထက်နောင့်ပုံစံကြောင့် လူးကပ်စ်အသာပြုံးလိုက်ရင်း...
" အိမ်း ကောင်းလှ ပေတယ် မောင်မင်း "
ရောင်းသူဝယ်သူ လေသံတူစွာပင်ဖြေလာသော လူးကပ်စ်စကားသံအဆုံး နှစ်ယောက်သား မတိုင်ပင်ရပါဘဲ ပြိုင်တူရယ်လိုက်မိကြ၏။
ချစ်ရသူနှင့်အတူရှိနေရသည့် အချိန်တိုင်းသည် အေးချမ်းပျော်ရွှင်ခြင်းဖြင့် အတိပြီးလျှက်။
~•~ ~•~ ~•~ ~•~ ~•~
တောင်ကလပ်တွင် နေ့လယ်ဘက်၌ ဝယ်သူပြတ်လပ်နေသည်မို့ နီနီတစ်‌ယောက် အပျင်းပြေ Facebook ဖွင့်ကြည့်နေလိုက်မိသည်။
" လှလိုက်တာ "
နီနီတွေ့လိုက်သည်က Newfeedပေါ် တက်လာသည့် online shopမှ ချည်ဝမ်းဆက်ကလေးတစ်စုံ။
ဝမ်းဆက်အဆင်လေးက ဆန်းသစ်သည့်အပြင် ပုံထဲမှ ရုတ်တရက်မြင်လိုက်ရသည့် အရောင်လေးများကပင် တည်တည်ငြိမ်ငြိမ်နှင့် အတော်လှသည်မို့ စိတ်ဝင်စားသွားရခြင်း။
သို့သော် ဈေးနှုန်းကိုကြည့်မိသည့်အခါတွင်မူ သူ(မ)မျက်နှာက ချက်ချင်းမဲ့ကျသွားမိ၏။
ဈေးကအတော်လေး ကြီးလွန်းလှသည်မဟုတ်ပါလား။
သူ့ဈေးနှင့်သူတော့ အလွန်မများတော်လည်း ဝယ်ရန်လက်တွန့်လောက်သည့်ပမာဏပင်။
နီနီတစ်ယောက် newfeedပွတ်ရင်း စိတ်မပါတော့၍ လိုင်းပိတ်ရန်အလုပ် မြင်လိုက်ရသည့် postတစ်ခု။
Kaung Satt Htooဟူသောအကောင့်က အေးချမ်းမေသူ့အကောင့်နှင့် အခြားသုံးလေးကောင့်ကို tagထား၍ မေသူနှင့် friendဖြစ်နေသည့် နီနီ့ newfeedပေါ်ပါ တက်လာခြင်း။
ဆိုင်တစ်ဆိုင်ဆိုင်တွင် သူငယ်ချင်းများအတူဆုံကာ စားကြသောက်ကြပုံရကာ ထိုအထိက မထူးဆန်းသေးသော်လည်း အဖွဲ့လိုက်ပုံအချို့အပြင် ထိုကောင်‌လေးနှင့် အေးချမ်းမေသူနှစ်ယောက်တည်းပုံလည်းပါသေးသည်။
ပိုဆိုးသည်က ထိုpost၏ caption.
' ချစ်သော ' ဟုတပ်ထားကာ အသည်းပုံ emojiလေးပင်ပါသေး၏။
တင်ထားသည်မှာ အဖွဲ့လိုက်ပုံကများသည့်အတွက် သူငယ်ချင်းများအားလုံးကို ရည်ညွှန်းသည်ဟု ထင်စရာရှိသော်လည်း အကြောင်းသိသည့်နီနီ‌ကမူ ထိုတစ်ယောက် ရည်ညွှန်းချင်သည့်အရာကို ချက်ချင်းသိလိုက်ပါ၏။
ထွေးလေးပြောပြဖူး၍ မမကို အသည်းအသန်ကြိုက်နေသည့် ကောင်းဆက်ထူးဆိုသောအမည်ကို နီနီမှတ်မိနေသည်မှာမဆန်း။
ထို့အပြင် ဦးလေးရက်လည်၌ မမကို သူ့သားနှင့်ယူရန်မပြောရုံတမယ် စကားစနေသော ကောင်းဆက်ထူးမိခင် ဒေါ်ဒေါ်မြင့်ဆိုသော အမျိုးသမီး။
နီနီ မျက်နှာကို ရှုံ့မဲ့ထားမိလျှက်မှ တစ်ပုံချင်းဝင်ကြည့်လိုက်မိပြန်သည်။
တွေ့ပါပြီ။
မမနှင့် အတူရိုက်ထားသည့်ပုံ။
သို့သော် ထိုပုံအောက်၌တပ်ထားသည့် သီးသန့် captionကြောင့် နီနီတစ်ယောက် သွေးပင်ဆောင့်တက်ချင်သွားရသည်အထိ။
ရေးထားသည့် captionက with ' May '.
မေ...
မေဆိုသည်က မမနာမည် အေးချမ်းမေသူနာမည်ကို ရည်ရွယ်ချင်းလည်းဖြစ်နိုင်၏။
သို့မဟုတ်။
နီနီ ဆက်မတွေးချင်ပါလေတော့။
" စိတ်ရှုပ်စရာပဲ "
တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်ရင်း အကြည့်ကမူ ထိုပုံမှမခွာမိသေး။
ထိုပုံဆိုသည်ထက် မမ၏ပုံမှဆိုလျှင် ပိုမှန်မည်ထင့်။
မမက ခဲရောင်မြန်မာဝတ်စုံလေးကိုသာ ရိုးရိုးရှင်းရှင်းဝတ်ထားပြီး မျက်နှာထက်မှအပြုံးနုနုလေးက‌လည်း အကြည့်မလွှဲချင်စရာ။
မမ‌မေသူက အတော်လှကြောင်းတော့ ဝန်ခံရမည်သာ။
လှသည်ကိုမှ ကွမ်းတစ်ယာညက်အထိအကြည့်ခံသော တစိမ့်စိမ့်ကြည့်လေချောလေ အလှမျိုး။
မျက်လုံး၊ မျက်ခုံး၊ နှာတံ၊ နှုတ်ခမ်းဖွဲ့စည်းပုံမှအစ ဆံသားနှင့် အသားအရေအဆုံး တစ်နေရာမှအပြစ်ပြောစရာမရှိ။
သို့သော် နီနီ့နှုတ်ဖျားမှ ထွက်လာမိသည့်စကားက...
" ပဲတွေများလိုက်တာ "
ထိုအခိုက်မှာပင် အေးချမ်းမေသူဖုန်းဆီမှ ဆက်သွယ်လာသော အဝင်ကောလ်တစ်ခု။
နီနီ တမင်ပင် ချက်ချင်းမကိုင်သေးဘဲ ဖုန်းအဝင်ကိုထိုင်ကြည့်နေလိုက်ကာ ဖုန်းကျခါနီးမှကိုင်ပစ်သည်။
အကြောင်းရင်းကိုမူ နီနီလည်းမသိ။
သူ(မ)သိသည်က လောလောဆယ် မမကို မကျေနပ်။
သို့သော် အကြောင်းပြချက်ကမူ ရေရေရာရာမရှိ။
" Hello နီနီ "
ဖုန်းကိုင်လျှင်ကိုင်ချင်းကြားလိုက်ရသော အေးချမ်းမေသူထံမှ နှုတ်ဆက်သံ။
" Hello "
" အင်း နီနီ နေကောင်းတယ်မဟုတ်လား ဒေါ်ဒေါ်ရော နေကောင်းရဲ့လား "
" ကောင်းပါတယ် "
နဂိုစိတ်မကြည်နေသည့်အခံကြောင့် နီနီ့လေသံက
ဘောက်ဆက်ဆက်။
သို့သော် အေးချမ်းမေသူက သတိထားမိဟန်မတူဘဲ ယခင်အတိုင်းပင် ဆက်ပြောလာ၏။
" အင်းပါ နောက်လေးရက်နေရင် ‌တစ်လပြည့်ဆွမ်းသွတ်ရှိတာ နီနီတို့လာခဲ့မယ်မဟုတ်လားဟင် "
" မပြောတတ်ဘူး "
" ဟင် ဘာလို့လဲ နီနီရဲ့‌ ဒေါ်ဒေါ်ကဖြင့် ရက်လည်ပြီးပြန်တုန်းက ဆွမ်းသွတ်ကျ ထပ်လာခဲ့မယ်လို့ပြောသွားသလားလို့ "
" ပြောတာမေမေလေ နီနီမှမဟုတ်ဘဲ "
" ဟင် "
နီနီ့စကားကြောင့် မေသူ့ထံမှ အာမေဋိတ်သံခပ်တိုးတိုးထွက်လာကာ ခဏငြိမ်ကျသွား၏။
တစ်ဖက်လူက နီနီကောက်နေကြောင်း သတိမထားလေ စိတ်ထဲပိုပြီး အဆင်မပြေလေပင်။
ပြီးမှ ကိုယ့်ကိုယ်ကိုယ်ပြန်တွေးမိ၏။
အရာရာသည် နီနီ့ဘက်မှ တစ်ဖက်သတ်စိတ်ကောက်မှုသက်သက်သာ။
နီနီက မမကို စိတ်ဆိုးခွင့်ရောရှိပါရဲ့လား။
မမသည်လည်း သူ့ဘဝကို သူကိုယ်တိုင်ထုဆစ်ခွင့်ရှိသည့် လွတ်လပ်သူတစ်ယောက်။
မည်သည့်လူလွတ်အမျိုးသားကို ရွေးသည်ဖြစ်စေ သူ(မ)၏အခွင့်အရေးပင်။
ထိုသို့တွေးမိသည့်အခါ ရင်ထဲ ဝမ်းနည်းလာရ၏။
နီနီနှင့် မမက အတော်ကြီးဝေးကွာသွားသယောင် ခံစားလိုက်ရသည်။
ထိုအခိုက်မှာပင် အေးချမ်းမေသူဘက်မှ ဆက်ပြောလာ၏။
" ဪ အင်းပါလေ မမက နီနီပါ လိုက်လာမယ်ထင်နေတာ တကယ်တော့ မမက နီနီနဲ့ပါ တိုင်ပင်စရာလေးရှိနေလို့ "
တစ်ဖက်မှစကားကြောင့် နီနီ့မျက်ခုံးတန်းများ ပင့်တက်သွားရသည်။
တစ်ဆက်တည်းမှာပင် ရင်ထဲလည်းထိတ်ခနဲဖြစ်သွားရသည်အထိ။
မဟုတ်မှ... မမ လက်ထပ်တော့မည့်အကြောင်းများ...
" ဟို ဘာများ... "
စိတ်ထဲတစ်မျိုးဖြစ်သွားရသော်လည်း ဟန်ကိုယ့်ဖို့ဆိုသလိုပင် မေးလိုက်ရသည်။
သူ(မ)စိတ်ထဲတွင်ကား ထင်ထားသည့်အတိုင်း မဟုတ်ပါစေရန် အကြိမ်ကြိမ်ဆုတောင်းလျှက်။
" နေပါစေတော့ မမက နီနီနဲ့ အပြင်မှာလူချင်းတွေ့ပြီးပြောချင်တာ ဖုန်းထဲမှာဆို အဆင်မပြေလောက်ဘူးရယ် "
အေးချမ်းမေသူက ထိုသို့‌ဆိုလေ နီနီက ပို၌သိချင်လာလေပင်။
" ပြောပြ "
" ဟင် "
" နီနီသိချင်တယ် အခုပြောပြပါလို့ "
" အာ ဟုတ်ပါပြီ ဟုတ်ပါပြီ ဒီလိုနီနီရဲ့ တကယ်တော့ ကြီးမေက မမကိုပြောတယ်လေ လေးဖေလဲမရှိတော့ သူ ဒီမှာမနေချင်တော့ဘူးထင်ပါတယ် ပုပ္ပားမှာပြန်ခေါင်းချချင်တယ်ပြောနေတာ အဲဒါ "
ကြားလိုက်ရသည့်စကားတို့က မထင်မှတ်ထားမိသော်လည်း အတော်ဝမ်းသာစေသည်က အမှန်။
မမတို့သာ ပုပ္ပားပြောင်းလာပါက အတော်လေး ပျော်စရာကောင်းမည်မှာလည်း အသေအချာ။
ရုတ်တရက် နီနီစိတ်ကောက်နေမိသည့်ကိစ္စကိုပင် လက်တလောမေ့သွားရသည်။
ထို့အပြင် နီနီ လိုက်ဖြစ်မလိုက်ဖြစ်ထက် အေးချမ်းမေသူတို့ ပုပ္ပားဆီပြောင်းလာမည့်ကိစ္စဆီ စကားလမ်းကြောင်းက ဦးတည်ချက်ပြောင်းသွားရလျှက်။
နီနီ့မျက်နှာကလည်း စောစောကနှင့် ဆန့်ကျင်ဘက်ဖြစ်ကာ ပြုံးနေမိသည်မှာ မရပ်တန့်နိုင်အောင်ပင်။
" တကယ် တကယ်လား မမ "
" အင်းပေါ့ နီနီရဲ့ ကြီးမေက အဲဒီလိုပြောလာတော့ မမလဲ ကြီးမေသဘောပါလို့ပြောလိုက်ရတာပေါ့ "
" ဟီး ပျော်စရာကြီးနော်မမ မမရော အတူလိုက်လာမှာမဟုတ်လားဟင် "
" ဒါပေါ့ နီနီရဲ့ ကြီးမေပြောင်းနေမှတော့ မမ မလိုက်လို့ဘယ်ရမလဲ "
တစ်ဖက်မှ မမြင်နိုင်မှန်းသိရက်နှင့် နီနီ ခေါင်းတဆတ်ဆတ်ညိတ်လိုက်မိ၏။
" ဟီး ဟုတ်သားပဲနော် ဒါဆို ဘယ်တော့ပြောင်းလာမှာလဲဟင်မမ "
နီနီသိချင်သည်ကို အချိန်မဆွဲဘဲ ခပ်လောလောမေးလိုက်မိ၏။
" အင်း အဲဒါတော့ မမမေသူလဲ သေချာမပြောတတ်သေးဘူးလေ နီနီရယ် ကြီးမေက အခု တစ်လပြည့်ဆွမ်းသွတ်ပြီးမှ ဒေါ်ဒေါ်ပန်းရုံနဲ့ တိုင်ပင်ကြည့်အုံးမယ်ပြောနေတာပဲ ချက်ချင်းတော့ ပြောင်းလာနိုင်အုံးမယ်မထင်ဘူး "
" ဟင် ဘာလို့ "
" ဪ နေရာတစ်ခုမှာ အခြေချတယ်ဆိုတာက အဲဒီမှာ နေဖို့ထိုင်ဖို့နဲ့ လုပ်ကိုင်စားသောက်ဖို့အတွက် သေချာလေးစီစဉ်ရအုံးမှာလေနီနီရဲ့ ချက်ချင်းတော့ ဘယ်ဖြစ်ပါ့မလဲ "
" အိုး အဲဒါက ဘာအရေးလဲမမရဲ့ အဲဒီကအိမ်သာရောင်းခဲ့လိုက် ဒီမှာ နီနီတို့နဲ့အတူလာနေလို့ရတာပဲ ပြီးမှ ဒီမှာနေချင်တဲ့မြေကို အေးအေးဆေးဆေး သေချာရွေးပေါ့ ဒါမှမဟုတ်လဲ နီနီတို့အိမ်မှာပဲ အပြီးနေလို့ရတာပဲကို "
နီနီ့စကားကြောင့် အေးချမ်းမေသူ့ထံမှ ရယ်သံသဲ့သဲ့ကြားလိုက်ရကာ တစ်ဆက်တည်းမှာပင် ' နီနီဟာလေ ' ဟူသည့် ရေရွတ်သံလေးပါ ကပ်ပါလာ၏။
" ဘာလဲ မမက နီနီတို့နဲ့ အတူတူ မနေချင်တာလား "
" မဟုတ်ပါဘူး နီနီရယ် ဒါပေမဲ့ ဒီမှာလဲ စီးပွားရေးက အခြေကျနေတော့ ချက်ချင်းပြောင်းဖို့ကတော့ မလွယ်ဘူးလေ ဒီကြားထဲ ဒေါ်ဒေါ်တို့ကို ပုပ္ပားဘက်မှာ နေရာသန့်သန့်လေးစုံစမ်းထားခိုင်းပြီး ဒီကအိမ်နဲ့မြေကိုလဲ ဈေးလေးရအောင် အချိန်ယူချင်သေးတာ ဈေးရတော့လဲ ပိုသုံးရတာပေါ့နီနီရယ် "
" အင်းနော် ဟုတ်တော့လဲ ဟုတ်ပါတယ် "
" အင်းပေါ့ ဒါနဲ့ နီနီတကယ်မလိုက်လာတော့ဘူးလားဟင် "
တစ်ဘက်မှ အမေးကြောင့် နီနီ ခေါင်းကိုခပ်သွက်သွက် ခါယမ်းပစ်လိုက်မိ၏။
နှုတ်မှလည်း...
" ဟင့်အင်း လိုက်မှာပေါ့ အဟမ်း စောစောက တမင်စတာ "
" ဪ အင်းပါ ‌မမက နီနီတကယ်ပြောနေတယ်ထင်လို့ စိတ်မကောင်းဖြစ်သွားတာ မမကိုများ တစ်ခုခုစိတ်ကောက်နေလားလို့လေ "
" ဘာလဲ နီနီက စလို့မရဘူးလား "
" ရတာပေါ့ နီနီ့မှာ စိတ်ကောက်ခွင့်၊ စခွင့်အပြည့်အဝရှိပါတယ် နီနီက မမရဲ့ညီမလေးပဲဟာ "
စိတ်အထင်ကြောင့်လားမသိ။
အေးချမ်းမေသူ၏ နောက်ပိုင်းစကားလုံးတို့က တိုးတိမ်အက်ရှနေသလိုလို။
ထိုအခိုက်မှာပင် ဈေးဝယ်သူလာသဖြင့် ပြောစကားကိုအမြန်ဖြတ်လိုက်ရ၏။
မမနှင့်ဖုန်းပြောအပြီး စောစောကထိ နောက်ကျိနေခဲ့သည့်စိတ်အစဉ်တို့က ရေစင်အလားကြည်လင်သွားသည်မှာသိသိသာသာ။
ပေါ့‌ပါးသွားသည့်စိတ်များကြောင့် သီချင်းတစ်ပုဒ်ကိုပင် သူ(မ)နှုတ်ဖျားမှ ခပ်တိုးတိုးဆိုညည်းမိလျှက်သား။
" တိမ်တွေပျံလာတာ မော့ကြည့်လို့သီချင်းဆိုတာကောင်းတယ်
မင်းကြောင့်မို့ မင်းကြောင့်မို့ သီချင်းလေးဆိုချင်တယ်
မြေပြင်ပေါ်လူတွေအားလုံးပေါ့ ပြုံးပျော်နေလားကွယ်
မင်းကြောင့်မို့ မင်းကြောင့်မို့ ပြုံးလိုက်ကြပျော်ရွှင်တယ်
ရင်ခုန်တယ် ချစ်ရတာ အရာရာပြောင်းလဲခဲ့ပါတယ်
ရင်ခုန်လို့ ချစ်တတ်ပြီ ဒါဟာ မင်း မင်းကြောင်းနော်
လာပါ လာပါကွယ် တွေ့ကြဖို့စောင့်နေတယ်အချစ်ရယ်
မင်းကြောင့်မို့ မင်းကြောင့်မို့ တမ်းတတတ်နေပြီလေ "
17.9.23
Sunday
ရွှန်းလဲ့ကျော်
Pic_ crd
ဓမ္မရံကြီး
Continue Reading
You'll Also Like
422K 35.1K 50
သတ်လတ်ပိုင်းအမျိုးသားတစ်ယောက်နဲ့ ငယ်သော်လည်းရင့်ကျက်နေတဲ့ကောင်ငယ်လေးတို့ နှစ်ယောက်အကြောင်းပါ။ လိုက်ပါစီးမျောပေးပါအုံးနော်။
38.8K 1.6K 55
ကျွန်တော့်ဘဝမှာ အဖြစ်ချင်ဆုံးအရာကိုပြောပါဆိုရင် မောင့်ညာလက်ဖမိုးပေါ်မှာ ရှိတဲ့ မှည့်နက်လေးလို မောင့်အနားမှာ အမြဲတမ်းနေချင်မိပါတယ်။ ကျွန်တော့်ဘဝမှာ အဖြ...
76K 3.7K 33
ဘဝမှာ တစ်ကြိမ်တစ်ခါသာဖြစ်ပေါ်လာတဲ့ ကိုယ့်ရဲ့ချစ်ခြင်းတွေကို မင်းလေးဆီမှာ အယူခံဝင်မယ် ကိုယ့်အသက်ရေ ....🤎 𝖲𝗍𝖺𝗋𝗍𝗂𝗇𝗀 𝖣𝖺𝗍𝖾 - 22.2.2022 ♡︎ 𝖤�...
8.8K 808 31