Unicode
"ငါမင်းကိုသဘောကျတယ်"
သူအရဲစွန့်ပြီးပြောလိုက်တဲ့ သည်စကားကြောင့် Cheol ကခေတ္တမျှကြောင်နေသည်။ သူ့ကိုအတန်ကြာကြည့်ပြီး ပြုံးကာ
"အင်း ငါသိတယ်"
Jeonghan အံ့ဩမှုကြောင့် မျက်ဝန်းလေး ကျယ်သွားခဲ့သည်။ Cheol သိနေခဲ့တာလား၊ Cheol ရှေ့ရောက်ရင် ဖိတ်စဉ်သွားလုမတတ် မေတ္တာတွေ ထင်ရှားလာတဲ့အခါ
ဒလဟောမဖြစ်အောင် အမြန်ပိတ်ပင်ရပေမဲ့ သိသွားခဲ့တာပဲ။ Jeonghan ဆောက်တည်ရာမရ အံ့ဩနေမိသည်။ ခြေ၊လက်တွေက လှုပ်ရှားမရတော့ဘဲ ခြေချုပ်မိနေကာ Cheol ဘယ်လိုများ တုံ့ပြန်မလဲ ဆိုတာပဲ တွေးနေမိသည်။
"သွားရအောင် နောက်ကျနေပြီ"
"ဟမ် အင်း"
သူအလျင်အမြန်ပဲ ခေါင်းညိတ်လိုက်ပြီး ခုံပေါ်တင်ထားခဲ့တဲ့ လွယ်အိတ်ကို ကောက်လွယ်လိုက်သည်။ သူ Cheol ၏အဖြေကို သတိထားမိပြီထင်ပါတယ်။ စကားလမ်းကြောင်းကို အလွယ်လေးလွှဲလိုက်နိုင်သည့် Cheol ကြောင့် ဝမ်းနည်းလာရသည်။ ဘာမှထပ်မဆိုနိုင်တော့ဘဲ လျှောက်နေတဲ့ ခြေလှမ်းတွေက အရမ်းလေးလံနေသည်။
သိမ်းဆည်းထားတဲ့ မေတ္တာတွေကို ဖွင့်ဟချင်တဲ့စိတ်နဲ့ ရင်တွင်းတစ်နေရာက တုန်လှုပ်နေမိတဲ့ နှလုံးသားနဲ့ တန်ပြန်လွန်ဆွဲလာတဲ့အခါ လူတွေ ဘာကိုများ ရွေးချယ်ကြပါသလဲ။ သူကတော့ မိုက်ရူးရဲဆန်စွာပဲ ဖွင့်ဟမိပေမဲ့ အရာအားလုံး အစိတ်စိတ်အမွှာမွှာကွဲကြေသွားခဲ့ပြီ။ သည်စက်ကွင်းထဲက ပိတ်လှောင်ခံနေရပြီး သည်စက်ကွင်းကို ငြိတွယ်မိတဲ့အခါ သူ့အရာရာတိုင်း ခေါင်းညိတ်နေမိတယ်။ Cheol ကတော့ သူတိတ်ဆိတ်နေတာနဲ့ ဘာစကားမှကို ထပ်မဆိုတော့တာ အလိုက်သိပေးတယ်လို့ဆိုမလား၊ အသည်းမာတယ်လို့ပဲ ဆိုရမလား။ သူဝမ်းနည်းပက်လက်ငိုပစ်လိုက်ချင်ပေမဲ့ တုန်တုန်ရီရီနဲ့ပဲ ထိန်းချုပ်ထားခဲ့တယ်။
လူတစ်ယောက်ကိုချစ်တာက အတ္တတစ်ချိုပါဝင်ကောင်းပါဝင်နိုင်တယ်။ ဒါပေမဲ့ မေတ္တာကတော့ဖြူစင်ပါရဲ့။ ကျွန်တော့်ရဲ့ ကိုယ်၊ စိတ်၊ နှလုံး သုံးပါးစလုံး ပိုင်ဆိုင်နေတဲ့သူတစ်ယောက်ကို မည်မျှမေတ္တာသက်ဝင်ပါကြောင်း ထပ်ပြီးဖွင့်ဟခြင်းကင်းရှင်းတဲ့ ဘုံဘဝမှာ နေထိုင်လိုက်ပါတော့မယ်။ ရှေ့ဆက်ဖြစ်မဲ့အကျိုးဆက်ကို သေသေချာချာမစဉ်းစားဘဲ ဖွင့်ပြောခဲ့တဲ့ သူကမှားတာမဟုတ်လား။
Cheol မင်းသာငါ့အိမ်မက်တွေကို မြင်နိုင်ရင်သိပ်ကောင်းမှာပဲ။ မင်းကတော့မသိလောက်ပေမဲ့ မင်းကိုပဲအမြဲတမ်းတွေးနေမိတဲ့ငါ့ကို တကယ်သတိမထားမိဘူးလား။ မင်းက တကယ့်ကို အချစ်မျက်ကန်းပဲ Cheol ရယ်။
သူတို့နှစ်ယောက်ရဲ့ တိတ်ဆိတ်ခြင်းက ကျယ်လောင်လို့နေသည်။ လျှောက်လာရင်း Jisooနဲ့ Seokmin ကိုလှမ်းတွေ့လိုက်သည်။ Seokmin ကသူ့ဆီပြေးလာရင်း နှုတ်ဆက်သည်။ Cheol ကိုရောပေါ့။ အမြဲတမ်းပြုံးနေတတ်သည့် Jeonghan က အခုတော့ မျက်နှာမကောင်းတာကြောင့် Seokmin စေ့စေ့စပ်စပ်ကြည့်လိုက်ရင်း
"ဘာဖြစ်နေတာလဲ၊ ပြုံးပြုံးလေးနေလေ မင်းCrush နောက်မှာလာနေတာကို"
Jeonghan ပြာပြာသလဲဖြစ်သွားပြီး Cheol ဆီတစ်ချက်မျှ အရိပ်အကဲခတ်မိသည်။ Cheol ကJisoo ကိုကြည့်၍ မျက်မှောင်ကျုံ့ထားကာ တင်းတင်းစေ့ထားတဲ့ မေးရိုးကအထင်သား။ ပြီးတော့ Cheol ကသူတို့နားကနေ ခြေလှမ်းကျယ်ကျယ်တို့ဖြင့် လျှောက်သွားသည်။ Jisoo ရဲ့ပုခုံးကိုပါ ဝင်တိုက်သွားတာကြောင့် ဒွိဟဖြစ်သွားရတဲ့ Jisoo ကတော့ မျက်ဝန်းလေးပြူးကျယ်လို့။ Jeonghan မရေမရာဖြင့် Cheol နောက်ကျောကို ငေးမိရင်း Seokmin ကိုအမြန်ပဲနှုတ်ဆက်လိုက်ကာ လိုက်သွားမိသည်။
သို့သော် အိမ်ရှေ့ရောက်တာတောင် Cheol အခန်းက မီးမှိတ်ထားလျက်။ သူ Cheol ကိုအော်ခေါ်မိပေမဲ့ အရိပ်အယောင်တောင်မတွေ့။ သူဘေးဘီကို အရူးတစ်ယောက်ကို လည်ပြန်ကြည့်နေမိသည်။ Cheol သူ့ကို ဝမ်းနည်းအောင်ထပ်လုပ်ပြန်ပါပြီ။ သူဖုန်းဆက်ကြည့်တော့ ထင်ထားသလိုပဲ မကိုင်ပေ။ Cheol သူ့ကို ဘာဖြစ်စေချင်နေသလဲ။ သူဆိုင်းငံ့စွာပဲ အိမ်ထဲဝင်ပြီး အခန်းထောင့်မှာငိုနေမိသည်။ တစ်ခါတလေ Cheol စိတ်ကိုသူမခန့်မှန်းနိုင်တော့ပါ။ သူ့ကိုယောင်ချာချာဖြစ်အောင်လုပ်နေတဲ့သူကြောင့် ရင်ထဲမိုးတွေရွာနေခဲ့သည်။ သူ့ကိုခဏတာဆိုတဲ့ အချိန်ယန္တရားထဲ ထိုးထည့်သွားတာလား။
မင်းကြောင့်နဲ့ ငါ့ရင်ထဲ ရာသီဥတုတွေဖောက်ပြန်လွန်းနေပြီ Cheol။ မင်းပျော်နေတာကိုမြင်ရရင် တိမ်တွေပေါ်ထိုင်စီးနေရသလိုပဲ။ မရေမရာတဲ့ မင်းအပြုအမူတွေကြောင့်လည်း မိုးရေစက်တွေကို အရသာခံရင်း ငါ့မျက်ဝန်းထဲလည်း မိုးရေတစ်ချို့ စိုက်ပျိုးနေလိုက်တယ်။ တစ်ခြမ်းပဲ့လဝန်းကို ထိုင်ငေးရင်း ဖွင့်ပြောမိတဲ့ နောင်တတရားကို ပြက်ရယ်ပြုမိတယ်။ လျှပ်စီးကြောင်းလတ်သွားသလို ငါ့နှလုံးသားထဲ တခဏစာ ဖြတ်သွားခဲ့တာလား။
ကိုယ့်မှာရှိနေတာနဲ့ မတိင်းတိမ်ဘဲ တစ်ဖက်လူရဲ့ ခံစားချက်ကို သိချင်မိတာက အမှားတစ်ရံဖြစ်သွားလိမ့်မယ် Jeonghan မထင်ခဲ့မိပါ။
//
တင်းတောင် တင်းတောင် တင်းတောင်
အဆက်မပြတ်တီးလာတဲ့ တံခါးဘဲလ်သံကြောင့် Vernon ရုပ်ရှင်ကြည့်နေတာကို အဆက်ဖြတ်လိုက်ရပြီး အိမ်ရှေ့ထွက်၍ တံခါးဖွင့်မိသည်။ ရောက်နေသူက Seung Cheol ။ ထူးထူးဆန်းဆန်း အိမ်ရောက်လာသူကို ဖြစ်သလိုပဲ ကြိုဆိုလိုက်ပြီး ရုပ်ရှင်ကိုဆက်ကြည့်နေလိုက်သည်။ Cheol က အိမ်ရှေ့ကဆိုဖာပေါ်မှာ သူ့အိမ်သူ့ယာလို လှဲနေသည်။
"ဘယ်လိုရောက်လာတာလဲ"
"ဒီတိုင်းပဲ ငါရေချိုးလိုက်အုံးမယ်"
"အေး"
ကွင်းပတ်ပြေးထားရတာကြောင့် ချွေးတွေနဲ့မလို့ ရေချိုးဖို့လုပ်လိုက်သည်။ သူ့စိတ်သူစုစည်းလို့မရတော့ဘဲ စဉ်းစားရကြပ်နေမိသည်။ နှလုံးသားကို ယောက်ယက်ခတ်အောင်လုပ်ပြီးသကာလ
နှလုံးသားကို ဟာလာဟင်းလင်းဖြစ်သွားအောင် လုပ်ခဲ့တယ်။ ဘာမှထပ်မတွေးနေတော့ဘဲ ကိုယ်လက်သန့်စင်ကာ ထွက်လာခဲ့သည်။
" Vernon "
"အေး"
"မင်းအမေကော"
"ဟိုဘက်အိမ်မှာ"
ဟိုဘက်အိမ်ဆိုသည်မှာ Jun အိမ်ကိုဆိုလိုခြင်းဖြစ်သည်။ Cheol ခေါင်းညိတ်ပြလိုက်ပြီး Vernon နဲ့ရုပ်ရှင်အတူကြည့်နေရပေမဲ့ စိတ်တွေက ရုပ်ရှင်ထဲမရောက်။ ခေါင်းရှုပ်စွာနဲ့ပဲ သက်ပြင်းချလိုက်၊ ဟိုလှည့် သည်လှည့်လုပ်လိုက်နဲ့မလို့ Vernon စိတ်တိုနေလေပြီ။ ရုပ်ရှင်ကြည့်ရင် အာရုံမစိုက်တဲ့သူတွေကို Vernon မျက်စိစပါးမွှေးစူးမိသည်မလို့ Cheol ရဲ့ပေါင်ကို တစ်ချက်ရိုက်လိုက်သည်။
"ငါဒီနေ့ည ဒီမှာအိပ်မယ်"
"သဘော"
Vernon က သူ့ကိုမကြည့်ဘဲ ဖြေသည်။ Cheol ဖုန်းကိုတစ်ချက်ဖွင့်မိတော့ Jeonghan ပို့ထားသည့်စာတွေကို တွေ့သည်။ သူစာမဝင်ကြည့်ဘဲ Noti ကနေသာ ခိုးဖတ်ကြည့်သည်။ Jeonghan ကတကယ်ပဲ ဘာသဘောလဲ။ Jisoo ဆိုတဲ့ သူကကော ဘာလဲ။ သူတို့နှစ်ယောက်ကို တူတူတွေ့နေရတာ Cheol တကယ်သဘောမကျပေ။ ဆက်မတွေးချင်ပေမဲ့လည်း Cheol မတတ်နိုင်။ စိတ်ပြောင်းအောင် Vernon အိမ်ကို လျှောက်မွှေနေရင်း ခေါက်ဆွဲပါပြုတ်စားနေလိုက်သည်။ ဖုန်းထဲ တတောင်တောင်ဝင်နေတဲ့ စာတွေကို လျစ်လျူရှုလိုက်ပြီး ဖုန်းပါစက်ပိတ်ထားလိုက်သည်။ သူတကယ်ပဲ စိတ်ထဲဒွိဟဖြစ်နေတာမလို့ သည်လိုအချိန်မျိုးမှာ Jeonghan နဲ့စကားပြောမိရင် အမှားတွေပါသွားနိုင်သည်။ တဇွတ်ထိုးဆန်သည့် သူ့ကိုယ်သူသိတာမလို့ Jeonghan နဲ့ခဏလောက် ရှောင်နေမည်ဟု တွေးလိုက်သည်။
//
"ဟိတ် ဂိမ်းဆော့ရအောင်"
"ခေါ်လိုက်ခေါ်လိုက်"
Hoshi နဲ့ Mingyu က Group Chat မှာ တက်ကြွစွာ စုဝေးနေကြသည်။ အိမ်ကိုပြန်ရောက်လာပြီဖြစ်တဲ့ Seokmin ကလည်း ခြေထောင့်လက်ထောင့်ဆေးပြီး လာမယ်ဟု ပြောနေသည်။ Jeonghan ကတော့ သူငယ်ချင်းတွေကို စိတ်ထဲမရောက်မိ။ သို့သော် Seungkwanက ပျောက်နေတဲ့ Jeonghan ကိုခေါ်နေကြတာကြောင့် Jeonghan လည်း သူငယ်ချင်းတွေနဲ့ အချိန်တစ်ခုလောက် ကုန်ဆုံးလိုက်ရင် ခဏလောက်တော့ မေ့နိုင်မှာပါဟု တွေးမိပြီး ဂိမ်းထဲဝင်လိုက်သည်။
"Seokmin"
"ဟေ"
"ငါမင်းကိုပြောအုံးမယ်"
"အေး ဘာလဲဘာလဲ"
"ငါ Jisoo ကိုမကြိုက်တော့ဘူး လုံးဝပဲ၊ အကုန်လုံးကြားလား"
အားလုံးက အံ့ဩသလို တုံ့ပြန်ကြသည်။ Mingyu ကလည်း သူနဲ့ Wonwoo အဆင်ပြေနေကြောင်းကို ကြွားလုံးထုတ်သည်။ Hoshi ကတော့ သူ့သူငယ်ချင်းတွေရဲ့ အချစ်ရေးကို လိုက်မီဖို့မနည်းကြိုးစားနေရသည်။ Jeonghan သူငယ်ချင်းတွေရဲ့ စကားလုံးတွေကြား ပြုံးလိုက်ရသည်ကြောင့် ခဏလောက် စိတ်ဖြေသာသွားခဲ့သည်။ အစိုးမရတဲ့စိတ်တို့ကြောင့် ဘေးအိမ်ကို လှမ်းလှမ်း အကဲခတ်မိပေမဲ့ ဘာမျှထူးခြားမှုမရှိပေ။ ဂိမ်းဆော့ပြီးတော့ သူဖုန်းကိုငေးကြည့်နေမိသည်။
"တောင်းပန်ပါတယ် Cheol အရမ်းသဘောကျမိလို့၊ အခုလိုရှောင်နေမယ်ဆိုလည်း နောက်မခေါ်ဘဲနေကြမလား။ မင်းဘက်က နေရခက်မှာစိုးလို့ပါ။ ဘုမသိဘမသိ ဖွင့်ပြောမိတဲ့ငါက ရူးသွားတာထင်တယ်။ မင်းအခုအိမ်မှာရှိမနေဘူးလား၊ မနက်စောစောထရမှာမလို့ အိပ်ပြီလား။ မနက်ဖြန်အတွက် ဖိုက်တင်း နော်"
သည်လို ပို့ထားတဲ့စာတွေကို Cheol ဖတ်ကြည့်လိုက်သည်ရှိသော် ဘယ်လိုတုံ့ပြန်မလဲ။ သူအိပ်မပျော်ပေမဲ့လည်း မျက်လုံးတွေမှိတ်ထားလိုက်သည်။ အမြင်အာရုံထဲ တစ်စုံတစ်ယောက်ပဲ ဝင်လာတာကြောင့် ကိုယ့်စိတ်ကိုယ် မနိုင်သည့် သူ့ကိုယ်သူသာ မျက်မုန်းပွားမိသည်။
//
"Choi Seung Cheol! Choi Seung Cheol! "
လေ့ကျင့်ရေးဆင်းနေချိန်မှာတောင် အလျှံပယ်အားပေးခံနေရတဲ့ Cheol ကို ကျောင်းဂုဏ်ဆောင်ပေးနိုင်မယ်လို့ မျှော်လင့်ထားကြသည်။ ဘောလုံးမှာ ဂိုးဖမ်းသမားရဲ့ အခန်းကဏ္ဍကလည်း အလွန်တစ်ရာမှ အရေးကြီးသည်မဟုတ်ပါလား။ Cheol ကနဂိုဘောလုံးကန်တော်တာကြောင့်ရော၊ အပြင်းအထန်လေ့ကျင့်ထားတာကြောင့်ပါ ပွဲထွက်ကောင်းလွန်းလှသည်။ မနက်ဖြန်ပွဲမှာ အားလုံးက အကောင်းဆုံးလုပ်ပေးနိုင်မယ်လို့ ယုံကြည်ထားကြပါသည်။ တစ်ဖက်ပြိုင်ဘက်ကျောင်းဖြစ်တဲ့ Mingyu တို့ဘက်မှာလည်း အကြိတ်အနယ် ယှဉ်ပြိုင်ဖို့ အဆင်သင့်ဖြစ်နေကြလေရဲ့။ သည်နေ့က လေ့ကျင့်ရေးနောက်ဆုံးရက် ဖြစ်တာမလို့ နားချိန်မရှိဘဲ ခန္ဓာကိုယ်ကို အလုပ်ပေးနေကြသည်။
"Kim Mingyu! Boo Seung Kwan ဖိုက်တင်း!"
သူငယ်ချင်းတွေက ကြိုးစားပမ်းစားအားပေးနေကြသည်။ သည်နေ့ အတန်းချိန်ဖြစ်တဲ့ သင်္ချာဆရာတောင် စာမသင်ဘဲ သူ့တပည့်တွေ လေ့ကျင့်နေသည်ကို လာအားပေးနေသည်။ အတန်းထဲကလူတွေကလည်း စာသင်ချိန်မရှိသည်မလို့ ဘောလုံးကွင်းထဲ လူစုံတက်စုံပင်။ လေ့ကျင့်နေသူတွေကလည်း ပိုအားရှိသွားရသည်။ မနက်ဖြန်ပွဲက Mingyu တို့ကျောင်း ဘောလုံးကွင်းမှာ လုပ်မှာမလို့ Cheol တို့ကျောင်းကအဖွဲ့တွေပါ ကွင်းအနေအထားကို အကဲခတ်ဖို့ ရောက်လာကြသည်။ မိန်းကလေးတွေကလည်း တစ်ဖက်ကျောင်းကလူတွေပါ ရောက်လာတာကြောင့် အော်ကြဟစ်ကြနှင့် သိုက်သိုက်မြိုက်မြိုက်ရှိလှသည်။
Dino က သူ့သူငယ်ချင်း Cheol ကို လက်လှမ်းပြလို့နေသည်။
"Dino မင်းက ဘယ်အသင်းအားပေးမှာလဲ"
"ငါ့ကျောင်းပဲငါအားပေးမှာပေါ့၊ ဟိုကောင့်ကို ဒီတိုင်းဟန်ပြ"
Hoshi အမေးကို Dinoက Cheol အားလက်လှမ်းပြရင်း ဖြေသည်။ ပေါ်တင်နှစ်ဖက်ချွန်နေသူကို မနိုင်သလို ခေါင်းခါသည်။ Jeonghan ကတော့ တစ်ဖက်မျက်နှာချင်းဆိုင် ခုံမှာထိုင်နေသည့်သူကို မသိမသာငေးကြည့်နေမိသည်။ Cheol ကတော့ Mingyu တို့လေ့ကျင့်နေပုံကို စနည်းနာနေသဖြင့် Jeonghan ကိုမတွေ့။ သူတို့နှစ်ယောက် မဆုံဖြစ်တာ ၅ရက်ကြာပြီ။ သာမန်လူတွေအတွက်ဆို ၅ရက်က ဘယ်လောက်မျှမကြာပေမဲ့ Jeonghan အတွက်တော့မတူ။ Cheol ကိုတွေ့တာနဲ့ အမျိုးမျိုးသောခံစားချက်တွေက ရုန်းရင်းဆန်ခတ်ဝင်လာသည်။
ထိုစဉ်မှာပဲ Cheol နဲ့ မျက်လုံးချင်းဆုံမိသည်။ သူချက်ချင်းဆိုသလို အောက်ငုံ့မိလိုက်ပါသည်။ Cheol နဲ့ သူမျက်နှာချင်းမဆိုင်ရဲပေ။ အောက်ငုံ့ထားနေပေမဲ့လည်း Cheol ကသူ့ကို ကြည့်နေတုန်းဆိုတာ ခံစားသိ,သိလိုက်သည်ကြောင့် ထိုနေရာကနေ ထွက်သွားဖို့ပြင်လိုက်သည်။
သူကွင်းထဲကနေထွက်ပြေးလာရင်း စာကြည့်တိုက်ဘေးက အခန်း၁၃အေဆီရောက်မှန်းမသိ ရောက်လာခဲ့သည်။ ဂစ်တာသံနဲ့ သီချင်းဆိုသံသဲ့သဲ့ကို သူကြားလိုက်ရတာကြောင့် အာရုံစိုက်ပြီး နားထောင်မိတော့ Jisoo အသံဖြစ်နေသည်။ "Scarlet Heart Ryeo" ထဲက သီချင်းတစ်ပုဒ်ကိုဆိုနေတာကြောင့် Cheol ကိုမေ့လိုမေ့ငြား တိတ်တိတ်ကလေး နားထောင်နေလိုက်သည်။
"ဘယ်လိုနည်းနဲ့မှ ပြောမထွက်ခဲ့လို့
ဖုံးကွယ်ထားရတဲ့ လျို့ဝှက်ချက်လေး ရှိတယ်
ဘယ်နေရာမှာ ဘယ်လိုမျိုးနဲ့ စတင်ရမလဲ
ကိုယ်မသိပေမဲ့လည်း မင်းဆီပဲ ဦးတည်နေမိတယ်
မင်းရော ကိုယ့်လို ထပ်တူတွေးနေမလား
တကယ်သိချင်မိတယ်
အခုလည်း ကိုယ်~
ချစ်နေမိတာလား မချစ်သေးတာလား
မသဲကွဲသေးရင်
အခုကိုယ့်ကိုဖက်ထားလိုက်ပါ ပူပန်ခြင်းမရှိဘဲ
ရင်ခုန်နေရင်တော့ ချစ်မိသွားပြီဆိုတာ သေချာပါတယ်
အဲ့ဒီအခါကျ ဖွင့်ပြောပေးပါ"
"ဝါး Joshua မင်းအသံက တကယ်ချိုနေရော"
နားထောင်နေရင်း သူ့သူငယ်ချင်းအသံပါ ကြားလိုက်ရတာကြောင့် Jeonghan အံ့ဩနေသည်။ သူများတွေက ဘောလုံးကန်မဲ့သူတွေကို အားပေးနေချိန်မှာ သူတို့နှစ်ယောက်က နှစ်ယောက်တည်းတူတူရှိနေတာလား။ Joshua ရဲ့သီချင်းဆိုသံက တကယ့်ကို ခံစားချက်တွေပါသည်၊ ထို့ကြောင့် နားထောင်ရတာ ပိုကြည်နူးစရာကောင်းသည်။ Jeonghan ဘာလိုလိုနဲ့ အတွဲချောင်းနေမိသည့် ခံစားချက်မျိုးရလာတာကြောင့် ထိုနေရာကနေပါ ထွက်သွားဖို့လုပ်လိုက်ရသည်။
"Jeonghan ! "
သူထိုအခန်းထဲက ထွက်လာတော့ အနောက်ကနေ သူ့နာမည်ခေါ်သံကြားသည်။ လှည့်ကြည့်စရာပင်မလိုဘဲ ဘယ်သူ့အသံလည်းသိနေတာကြောင့် နေရာမှာတင် ရပ်နေမိသည်။ ရှေ့ဆက်သွားရမလား၊ နောက်ပဲလှည့်ကြည့်ရမလား မသဲကွဲချိန်မှာ သူ့နားကိုပြေးလာတဲ့ ခြေသံကြောင့် အခုပြေးလည်း နောက်ကျသွားလေပြီ။
"မနက်ဖြန် ငါ့ကိုအားပေးမယ်ဆို၊ အခုလိုရှောင်နေရင် ဘယ်လိုလုပ်မလဲ"
"တကယ်တမ်းရှောင်နေတာ ဘယ်သူလဲ"
Jeonghan အရဲစွန့်ပြီးမေးလိုက်သည်။ Cheol ကသူ့ရှေ့လျှောက်လာကာ
"သဘောကျတယ်ပြောပြီး Crush ရှိနေတာ ဘယ်သူလဲ"
"ချောင်ပိတ်မပြောနဲ့ Cheol "
"မင်းကဘာသဘောလဲ၊ ငါ့ကိုတကယ်လည်းသဘောမကျဘဲနဲ့ ပေါ့ပျက်ပျက်လုပ်နေတာမဟုတ်ဘူးလား"
Cheol စကားကြောင့် Jeonghan နှလုံးသား အခြေအနေအရပ်ရပ်မှာ ကျရှုံးသွားရတယ်။ ကြက်သေသေငေးကြည့်နေမိတဲ့ Jeonghan က Cheol ကြောင့်နဲ့ ရင်ဘတ်တစ်ခုလုံး အက်ကွဲသွားတယ်။
"ငါမင်းကိုတကယ်သဘောကျတာ Cheol၊ ယုံတာမယုံတာက မင်းအပိုင်းပါ၊ အမြဲတမ်း မင်းပြုံးနေတာပဲ မြင်ချင်ခဲ့တာ။ မင်းပြောသလို ပေါ့ပျက်တယ်ပဲ ထားလိုက်တော့။ မင်းယုံကြည်မှုကို ရအောင်မစွမ်းဆောင်နိုင်ခဲ့တဲ့ငါကမှားတာ"
Jeonghan ပြောရင်းဝမ်းနည်းလာသည်။ သူစကားလုံးတွေထပ်မထွက်လာတော့၊ ပိတ်ဆို့နေတဲ့ နှုတ်ခမ်းဖျားနဲ့အတူ ဆို့နင့်နေတဲ့ နှလုံးသားက ကိုင်ပေါက်ထားသလိုပဲ။ သူစီးကျလာတဲ့ မျက်ရည်တွေကို ဖြစ်သလိုပဲ သုတ်လိုက်ပြီး Cheol နားကထွက်သွားဖို့ပြင်လိုက်သည်။ သို့သော် လက်ကောက်ဝတ်ကို လှမ်းဆွဲသည့် အထိအတွေ့ကြောင့် ရုန်းကန်ပစ်လိုက်ချင်ပေမဲ့
"ခဏလေး"
Cheol ရဲ့ ရာဇသံတွေဆို သူလွန်ဆန်နိုင်ခဲ့ခြင်းမှ မရှိဘဲ
"ငါမင်းငိုရင် မနေနိုင်ဘူးလို့ ပြောခဲ့ဖူးတယ်မလား"
"..."
"ဖြေ ငါလား အဲ့တစ်ယောက်လား"
"ငါဖြေရင်ရော ဘာထူးခြားသွားမှာမို့လို့လဲ"
"Jeonghan မင်းငါ့ကိုစိတ်မရှည်အောင်မလုပ်နဲ့ကွာ၊ မင်းပဲငါ့ကို သဝန်တိုအောင်လုပ်ပြီးတော့"
"..."
"ငါမင်းကိုသူနဲ့ယှဉ်ပြီးမြင်ရတာ တကယ်သဘောမကျဘူး၊ ငါ့ကိုရင်ခုန်အောင်လုပ်တုန်းကလုပ်ပြီး ဒွိဟတွေပေးတယ်။ မင်းစာတွေကို ငါတမင်မဖတ်တာ၊ ငါ့စိတ်ငါသိလို့။ မင်းနဲ့ပတ်သတ်ရင် ယိုင်နဲ့နဲ့စိတ်က တားမရတာမလို့။ သဘောကျတယ်ဖွင့်ပြောခံရပြီး တခြားတစ်ယောက်ကိုပါ သဘောကျနေတယ်လို့ ထင်သွားတာလေ။ ငါမခံစားရဘူးလားပြော၊ ငါလှည့်စားခံရသလိုဖြစ်သွားတာ။ အခုဖြေ၊ အားလုံးရှင်းရှင်းလင်းလင်းဖြစ်သွားအောင်"
"မင်းကိုပဲ သဘောကျတာ၊ တကယ်မင်းတစ်ယောက်ပဲ"
"လာအုံး"
လက်နှစ်ဖက်ဆန့်တန်းပြီး ရင်ခွင်ထဲလာစေတယ်။ Jeonghan စက္ကန့်ပိုင်းမျှ ကြောင်ကြည့်နေမိပြီး Cheol ရင်ခွင်ထဲဝင်ကာ ဖက်ထားမိတယ်။ Cheol က သူ့ခေါင်းကို ဖွဖွပုတ်ကာ
"မငိုနဲ့ Jeonghan ငါတကယ်မကြိုက်ဘူး မင်းငိုရင်"
"အင်း"
"မော့အုံး"
Cheol စကားကြောင့် မျက်ရည်တွေကို သူ့ရင်ဘက်နဲ့ ပွတ်သုတ်လိုက်ပြီး မော့လိုက်တယ်။ လက်နှစ်ဖက်နဲ့ Jeonghan ပါးကိုအုပ်မိုးကိုင်ထားတယ်။ တို့လို့တန်းလန်းတွဲကျနေတဲ့ မျက်ရည်စတွေကို နူးနူးညံ့ညံ့သုတ်ပေးလိုက်ပြီး မြင်နေရတဲ့ နှဖူးပြေပြေကို ငုံ့နမ်းလိုက်ကာ
"မင်းကိုမှမချစ်ရရင် ငါဘယ်လိုနေရမှာလဲကွာ"
"ဟင်"
"ငါရင်တွေခုန်လိုက်တာ"
"ငါရော"
"ငါတို့နှစ်ယောက် ရင်ခုန်သံတေးသွားတွေမှာ စီးချက်ညီညီ ဖြတ်သန်းကြည့်ရအောင်။ "မင်းနဲ့ပတ်သတ်ရင်"ဆိုတဲ့ စကားစုတွေကို ငါသိပ်သဘောကျတာပဲ Jeonghan"
Cheol ရဲ့စကားကြောင့် Jeonghan နက်ရှိုင်းစွာပြုံးမိသည်။ မင်းရဲ့ရင်ခုန်သံစည်းချက်အတိုင်း ငါက ကခုန်မယ်။ သည်ခံစားချက်တွေက မင်းပါးချိုင့်ပါးပါးအောက်မှာ စီးဝင်သွားတာမျိုး Cheol။ သူပြောခဲ့ဖူးပါကော၊ Cheol ကပဲသူ့ရဲ့ အက်ကွဲနေတဲ့နှလုံးသားကို ဖြေဖျောက်ပေးနိုင်သူပါလို့။ Jeonghan မျက်ခုံးထူထူတွေကို မထိတထိ တို့လိုက်ရင်း မျက်ဝန်းမို့မို့တွေထဲ စီးမျောနေမိသည်။
"ဟ ဟိုနှစ်ယောက်ကဘာလဲဟ"
အနောက်ကနေ Seokmin အသံကြားတာကြောင့် Jeonghan ပျာပျာသလဲ နောက်လှည့်ဖို့ပြင်တော့ သူ့မေးစိကို ခပ်ဖွဖွကိုင်၍
"လှည့်ကြည့်စရာမလိုဘူး၊ ငါ့ကိုပဲကြည့်နေ"
"ဒါပေမဲ့ သူများတွေမြင်သွားရင်..."
"မြင်ပလေ့စေပေါ့"
Cheol ကနှစ်လိုဖွယ်ကောင်းစွာပြုံးသည်။ Jeonghan ဆံပင်တွေကို ဖွပစ်လိုက်ပြီး သူ့စိတ်ကြိုက် Jeonghan ကိုခြယ်လှယ်နေသည်။
"မနက်ဖြန် အားပေးနော်"
"မပေးပါဘူး"
"လုပ်ပြီ၊ မင်းငါ့ကိုမစရရင် မနေနိုင်ဘူးလား"
"မစဘူး၊ အတည်"
"ထပ်စရင်အဲ့နှုတ်ခမ်းကို နမ်းပစ်မှာ"
"ငါ့ကျောင်းကို ကျော်ပြီး မင်းကိုဘာလို့ အားပေးရ...ဟ!"
ရုတ်ချည်းဆန်သည့်အနမ်းကြောင့် Jeonghan စကားမဆုံးသေးခင် အာမေဋိတ်ပြုမိရသည်။ မထင်ထားသည့် Cheol အပြုအမူကြောင့် အံ့အားသင့်သွားရကာ Cheol လက်မောင်းကိုရိုက်မိသည်။ တစ်ယောက်ယောက်တွေ့သွားရင် ဘယ်လိုလုပ်မလဲ၊ သည်လူဆိုးကောင်ကတော့ ထင်ရာစိုင်းနေတော့တာပဲ။ တခြားကျောင်းကလူက သူ့ကျောင်းမှာ အတင့်လာရဲနေသည်။ တွေးရင်းတွေးရင်းရှက်လာရတာကြောင့် တွန်းထုတ်မိတော့ Cheol ကရယ်သည်။
"အေးရယ်နေ ရယ်နေ၊ အကျင့်မကောင်းတဲ့ကောင်"
Cheol ကထပ်ရယ်သည်။ Jeonghan မျက်နှာကို တည့်တည့်ကြည့်ပြီးရယ်လာတာကြောင့်
"တော်သေးတာပေါ့ အကုန်လုံး ဘောလုံးကွင်းထဲရှိနေလို့"
"အင်းလေ၊ အကုန်လုံး ဘောလုံးကွင်းထဲရှိနေလို့ ထပ်နမ်းကြမလား"
"ဘာလဲဟ"
Cheol ကရယ်ကာ
"ကျောင်းဆင်းရင်တူတူပြန်မယ်၊ အဲ့ကျမှ ဆံပင်ဆိုးရင်ကောင်းမလားလို့"
"သဘော"
"ဘာရောင်လေးဆိုးရမလဲ"
"သဘော"
"Blonde ကော"
"သဘော"
"အညိုကော"
"သဘော"
"ဆံပင်ပါနည်းနည်းထပ်ညှပ်လိုက်ရမလား"
"သဘော"
"နမ်းလို့ရလား"
"သဘော၊ အာ...မဟုတ် မရ ဟ!"
Cheol သူ့ထက်လည်သွားပြန်ပြီ။ မလှိမ့်တစ်ပတ်နဲ့ လူကိုချောင်ပတ်ဖမ်းလိုက်တာ။ Jeonghan နမ်းနေရင်းနဲ့ပဲ နှုတ်ခမ်းတို့ ပြုံးမိသည်။ Cheol နဲ့ပတ်သတ်တဲ့ အရာတိုင်းကို သူသဘောကျမိနေတော့ အခုလည်း ဘာမှမတတ်နိုင်ပေ။ သူလိုချင်မိတာရိုးရိုးလေးပဲ၊ နှစ်ယောက်တည်းတူတူအိမ်ပြန်မယ်၊ နှစ်ယောက်တည်းတူတူ သီချင်းညည်းမယ်၊ နှစ်ယောက်တည်း မိုးရေထဲလမ်းလျှောက်ကြမယ်။ ကဗျာဆန်တဲ့အချစ်ထက် သာမန်ဆန်တဲ့အချစ်ကိုပဲ မြည်းစမ်းကြည့်မယ်။ Cheol ပြောသလို သူတို့နှစ်ယောက်တည်း ရင်ခုန်သံ တေးသွားတွေမှာ စီးချက်ညီညီ ဖြတ်သန်းကြည့်ပါမယ်။
"မနက်ဖြန် မင်းရဲ့ကောင်လေးက မင်းဂုဏ်ယူရအောင် ဂိုးဖမ်းပေးမယ်"
"ဪဟော် ငါတို့ကျောင်းရှုံးမဲ့ကိန်းကို ငါကဝမ်းပမ်းသာသာနဲ့ လက်ခုပ်တီးပေးရမယ်ပေါ့"
"ဒါပေါ့"
"လူဆိုးကောင်"
လက်မောင်ကိုတစ်ချက်ရိုက်ဖို့ပြင်တော့ သူ့လက်ကိုဖမ်းဆွဲကာ လက်ဖမိုးကို နမ်းသည်။ လူကြားသူကြားမရှောင် ရှက်ကြောများပြတ်နေသလား။
"ငါ့နှယ့် မင်းဘယ်လိုဖြစ်"
"ပျော်နေတာလေ၊ အရမ်းအရမ်းပျော်"
"အေးအေး မင်းပျော်နေဖို့အရေးကြီးတယ်"
Jeonghan ခနဲ့သလိုလေသံဖြင့်ပြောလိုက်ပေမဲ့ သူ့စိတ်ရင်းပါ။ သူ့အတွက် Cheol ပျော်နေဖို့ပဲ အရေးကြီးတာပါ။ Cheol ကိုဖက်ထားမယ်၊ Cheol ဆီကနေ ချိုမြိန်နဲ့ မေတ္တာကိုခံစားမယ်၊ သာယာတဲ့ အနမ်းကို မျှော်လင့်ချင်တယ်၊ အပြုံးတွေကိုမျှဝေမယ်။ သည်လို သည်လို အချစ်ရဲ့ ရံရွှေတော်တွေကို Cheol နဲ့ပဲ ဝေခွဲပါ့မယ်။ Cheol သာရှိရင် သူ့မျက်ဝန်းထဲ မြတ်နိုးရိပ်တွေ စွန်းထင်းနေပါလိမ့်မယ်။ Cheol ဆီမှာပဲ သူ့မေတ္တာပန်းတွေ ပွင့်ဖူးပါတယ်။ မေတ္တာတရားက Cheol နဲ့ဆို ပြောင်မြောက်စွာပဲ ရုပ်လုံးပေါ်လာပါတယ်။ လူတစ်ယောက်က လူတစ်ယောက်ကို အဲ့သလောက်တောင် ချစ်ရပါတယ်။
//
PL's Note
အစကဒီအပိုင်းကို နှစ်ပိုင်းခွဲလိုက်မလို့ပဲ။ ဒါပေမဲ့ ဖတ်ရတာ ဟာတာတာကြီးကျန်ခဲ့မှာမလို့ရယ်၊ ဓားသွားချည်းပဲ သီးသန့်ရေးရတဲ့အပိုင်းက အရမ်း ခံစားရတယ်ကွယ်။ အဲ့တာကြောင့် တစ်ပိုင်းတည်းပဲ ရေးလိုက်တယ်။ ကောင်းသောညလေးဖြစ်ကြပါစေရှင်။
Recommended song for this part: " A Lot Like Love" (Scarlet Heart Ryeo's OST)
8: 45 PM
Sep 17 Sun 2023
Lamin Pann Laung
//
Zawgyi
"ငါမင္းကိုသေဘာက်တယ္"
သူအရဲစြန႔္ၿပီးေျပာလိုက္တဲ့ သည္စကားေၾကာင့္ Cheol ကေခတၱမွ်ေၾကာင္ေနသည္။ သူ႔ကိုအတန္ၾကာၾကည့္ၿပီး ၿပဳံးကာ
"အင္း ငါသိတယ္"
Jeonghan အံ့ဩမႈေၾကာင့္ မ်က္ဝန္းေလး က်ယ္သြားခဲ့သည္။ Cheol သိေနခဲ့တာလား၊ Cheol ေရွ႕ေရာက္ရင္ ဖိတ္စဥ္သြားလုမတတ္ ေမတၱာေတြ ထင္ရွားလာတဲ့အခါ
ဒလေဟာမျဖစ္ေအာင္ အျမန္ပိတ္ပင္ရေပမဲ့ သိသြားခဲ့တာပဲ။ Jeonghan ေဆာက္တည္ရာမရ အံ့ဩေနမိသည္။ ေျခ၊လက္ေတြက လႈပ္ရွားမရေတာ့ဘဲ ေျခခ်ဳပ္မိေနကာ Cheol ဘယ္လိုမ်ား တုံ႔ျပန္မလဲ ဆိုတာပဲ ေတြးေနမိသည္။
"သြားရေအာင္ ေနာက္က်ေနၿပီ"
"ဟမ္ အင္း"
သူအလ်င္အျမန္ပဲ ေခါင္းညိတ္လိုက္ၿပီး ခုံေပၚတင္ထားခဲ့တဲ့ လြယ္အိတ္ကို ေကာက္လြယ္လိုက္သည္။ သူ Cheol ၏အေျဖကို သတိထားမိၿပီထင္ပါတယ္။ စကားလမ္းေၾကာင္းကို အလြယ္ေလးလႊဲလိုက္ႏိုင္သည့္ Cheol ေၾကာင့္ ဝမ္းနည္းလာရသည္။ ဘာမွထပ္မဆိုႏိုင္ေတာ့ဘဲ ေလွ်ာက္ေနတဲ့ ေျခလွမ္းေတြက အရမ္းေလးလံေနသည္။
သိမ္းဆည္းထားတဲ့ ေမတၱာေတြကို ဖြင့္ဟခ်င္တဲ့စိတ္နဲ႔ ရင္တြင္းတစ္ေနရာက တုန္လႈပ္ေနမိတဲ့ ႏွလုံးသားနဲ႔ တန္ျပန္လြန္ဆြဲလာတဲ့အခါ လူေတြ ဘာကိုမ်ား ေ႐ြးခ်ယ္ၾကပါသလဲ။ သူကေတာ့ မိုက္႐ူးရဲဆန္စြာပဲ ဖြင့္ဟမိေပမဲ့ အရာအားလုံး အစိတ္စိတ္အမႊာမႊာကြဲေၾကသြားခဲ့ၿပီ။ သည္စက္ကြင္းထဲက ပိတ္ေလွာင္ခံေနရၿပီး သည္စက္ကြင္းကို ၿငိတြယ္မိတဲ့အခါ သူ႔အရာရာတိုင္း ေခါင္းညိတ္ေနမိတယ္။ Cheol ကေတာ့ သူတိတ္ဆိတ္ေနတာနဲ႔ ဘာစကားမွကို ထပ္မဆိုေတာ့တာ အလိုက္သိေပးတယ္လို႔ဆိုမလား၊ အသည္းမာတယ္လို႔ပဲ ဆိုရမလား။ သူဝမ္းနည္းပက္လက္ငိုပစ္လိုက္ခ်င္ေပမဲ့ တုန္တုန္ရီရီနဲ႔ပဲ ထိန္းခ်ဳပ္ထားခဲ့တယ္။
လူတစ္ေယာက္ကိုခ်စ္တာက အတၱတစ္ခ်ိဳပါဝင္ေကာင္းပါဝင္ႏိုင္တယ္။ ဒါေပမဲ့ ေမတၱာကေတာ့ျဖဴစင္ပါရဲ႕။ ကြၽန္ေတာ့္ရဲ႕ ကိုယ္၊ စိတ္၊ ႏွလုံး သုံးပါးစလုံး ပိုင္ဆိုင္ေနတဲ့သူတစ္ေယာက္ကို မည္မွ်ေမတၱာသက္ဝင္ပါေၾကာင္း ထပ္ၿပီးဖြင့္ဟျခင္းကင္းရွင္းတဲ့ ဘုံဘဝမွာ ေနထိုင္လိုက္ပါေတာ့မယ္။ ေရွ႕ဆက္ျဖစ္မဲ့အက်ိဳးဆက္ကို ေသေသခ်ာခ်ာမစဥ္းစားဘဲ ဖြင့္ေျပာခဲ့တဲ့ သူကမွားတာမဟုတ္လား။
Cheol မင္းသာငါ့အိမ္မက္ေတြကို ျမင္ႏိုင္ရင္သိပ္ေကာင္းမွာပဲ။ မင္းကေတာ့မသိေလာက္ေပမဲ့ မင္းကိုပဲအၿမဲတမ္းေတြးေနမိတဲ့ငါ့ကို တကယ္သတိမထားမိဘူးလား။ မင္းက တကယ့္ကို အခ်စ္မ်က္ကန္းပဲ Cheol ရယ္။
သူတို႔ႏွစ္ေယာက္ရဲ႕ တိတ္ဆိတ္ျခင္းက က်ယ္ေလာင္လို႔ေနသည္။ ေလွ်ာက္လာရင္း Jisooနဲ႔ Seokmin ကိုလွမ္းေတြ႕လိုက္သည္။ Seokmin ကသူ႔ဆီေျပးလာရင္း ႏႈတ္ဆက္သည္။ Cheol ကိုေရာေပါ့။ အၿမဲတမ္းၿပဳံးေနတတ္သည့္ Jeonghan က အခုေတာ့ မ်က္ႏွာမေကာင္းတာေၾကာင့္ Seokmin ေစ့ေစ့စပ္စပ္ၾကည့္လိုက္ရင္း
"ဘာျဖစ္ေနတာလဲ၊ ၿပဳံးၿပဳံးေလးေနေလ မင္းCrush ေနာက္မွာလာေနတာကို"
Jeonghan ျပာျပာသလဲျဖစ္သြားၿပီး Cheol ဆီတစ္ခ်က္မွ် အရိပ္အကဲခတ္မိသည္။ Cheol ကJisoo ကိုၾကည့္၍ မ်က္ေမွာင္က်ဳံ႕ထားကာ တင္းတင္းေစ့ထားတဲ့ ေမး႐ိုးကအထင္သား။ ၿပီးေတာ့ Cheol ကသူတို႔နားကေန ေျခလွမ္းက်ယ္က်ယ္တို႔ျဖင့္ ေလွ်ာက္သြားသည္။ Jisoo ရဲ႕ပုခုံးကိုပါ ဝင္တိုက္သြားတာေၾကာင့္ ဒြိဟျဖစ္သြားရတဲ့ Jisoo ကေတာ့ မ်က္ဝန္းေလးျပဴးက်ယ္လို႔။ Jeonghan မေရမရာျဖင့္ Cheol ေနာက္ေက်ာကို ေငးမိရင္း Seokmin ကိုအျမန္ပဲႏႈတ္ဆက္လိုက္ကာ လိုက္သြားမိသည္။
သို႔ေသာ္ အိမ္ေရွ႕ေရာက္တာေတာင္ Cheol အခန္းက မီးမွိတ္ထားလ်က္။ သူ Cheol ကိုေအာ္ေခၚမိေပမဲ့ အရိပ္အေယာင္ေတာင္မေတြ႕။ သူေဘးဘီကို အ႐ူးတစ္ေယာက္ကို လည္ျပန္ၾကည့္ေနမိသည္။ Cheol သူ႔ကို ဝမ္းနည္းေအာင္ထပ္လုပ္ျပန္ပါၿပီ။ သူဖုန္းဆက္ၾကည့္ေတာ့ ထင္ထားသလိုပဲ မကိုင္ေပ။ Cheol သူ႔ကို ဘာျဖစ္ေစခ်င္ေနသလဲ။ သူဆိုင္းငံ့စြာပဲ အိမ္ထဲဝင္ၿပီး အခန္းေထာင့္မွာငိုေနမိသည္။ တစ္ခါတေလ Cheol စိတ္ကိုသူမခန႔္မွန္းႏိုင္ေတာ့ပါ။ သူ႔ကိုေယာင္ခ်ာခ်ာျဖစ္ေအာင္လုပ္ေနတဲ့သူေၾကာင့္ ရင္ထဲမိုးေတြ႐ြာေနခဲ့သည္။ သူ႔ကိုခဏတာဆိုတဲ့ အခ်ိန္ယႏၲရားထဲ ထိုးထည့္သြားတာလား။
မင္းေၾကာင့္နဲ႔ ငါ့ရင္ထဲ ရာသီဥတုေတြေဖာက္ျပန္လြန္းေနၿပီ Cheol။ မင္းေပ်ာ္ေနတာကိုျမင္ရရင္ တိမ္ေတြေပၚထိုင္စီးေနရသလိုပဲ။ မေရမရာတဲ့ မင္းအျပဳအမူေတြေၾကာင့္လည္း မိုးေရစက္ေတြကို အရသာခံရင္း ငါ့မ်က္ဝန္းထဲလည္း မိုးေရတစ္ခ်ိဳ႕ စိုက္ပ်ိဳးေနလိုက္တယ္။ တစ္ျခမ္းပဲ့လဝန္းကို ထိုင္ေငးရင္း ဖြင့္ေျပာမိတဲ့ ေနာင္တတရားကို ျပက္ရယ္ျပဳမိတယ္။ လွ်ပ္စီးေၾကာင္းလတ္သြားသလို ငါ့ႏွလုံးသားထဲ တခဏစာ ျဖတ္သြားခဲ့တာလား။
ကိုယ့္မွာရွိေနတာနဲ႔ မတိင္းတိမ္ဘဲ တစ္ဖက္လူရဲ႕ ခံစားခ်က္ကို သိခ်င္မိတာက အမွားတစ္ရံျဖစ္သြားလိမ့္မယ္ Jeonghan မထင္ခဲ့မိပါ။
//
တင္းေတာင္ တင္းေတာင္ တင္းေတာင္
အဆက္မျပတ္တီးလာတဲ့ တံခါးဘဲလ္သံေၾကာင့္ Vernon ႐ုပ္ရွင္ၾကည့္ေနတာကို အဆက္ျဖတ္လိုက္ရၿပီး အိမ္ေရွ႕ထြက္၍ တံခါးဖြင့္မိသည္။ ေရာက္ေနသူက Seung Cheol ။ ထူးထူးဆန္းဆန္း အိမ္ေရာက္လာသူကို ျဖစ္သလိုပဲ ႀကိဳဆိုလိုက္ၿပီး ႐ုပ္ရွင္ကိုဆက္ၾကည့္ေနလိုက္သည္။ Cheol က အိမ္ေရွ႕ကဆိုဖာေပၚမွာ သူ႔အိမ္သူ႔ယာလို လွဲေနသည္။
"ဘယ္လိုေရာက္လာတာလဲ"
"ဒီတိုင္းပဲ ငါေရခ်ိဳးလိုက္အုံးမယ္"
"ေအး"
ကြင္းပတ္ေျပးထားရတာေၾကာင့္ ေခြၽးေတြနဲ႔မလို႔ ေရခ်ိဳးဖို႔လုပ္လိုက္သည္။ သူ႔စိတ္သူစုစည္းလို႔မရေတာ့ဘဲ စဥ္းစားရၾကပ္ေနမိသည္။ ႏွလုံးသားကို ေယာက္ယက္ခတ္ေအာင္လုပ္ၿပီးသကာလ
ႏွလုံးသားကို ဟာလာဟင္းလင္းျဖစ္သြားေအာင္ လုပ္ခဲ့တယ္။ ဘာမွထပ္မေတြးေနေတာ့ဘဲ ကိုယ္လက္သန႔္စင္ကာ ထြက္လာခဲ့သည္။
" Vernon "
"ေအး"
"မင္းအေမေကာ"
"ဟိုဘက္အိမ္မွာ"
ဟိုဘက္အိမ္ဆိုသည္မွာ Jun အိမ္ကိုဆိုလိုျခင္းျဖစ္သည္။ Cheol ေခါင္းညိတ္ျပလိုက္ၿပီး Vernon နဲ႔႐ုပ္ရွင္အတူၾကည့္ေနရေပမဲ့ စိတ္ေတြက ႐ုပ္ရွင္ထဲမေရာက္။ ေခါင္းရႈပ္စြာနဲ႔ပဲ သက္ျပင္းခ်လိုက္၊ ဟိုလွည့္ သည္လွည့္လုပ္လိုက္နဲ႔မလို႔ Vernon စိတ္တိုေနေလၿပီ။ ႐ုပ္ရွင္ၾကည့္ရင္ အာ႐ုံမစိုက္တဲ့သူေတြကို Vernon မ်က္စိစပါးေမႊးစူးမိသည္မလို႔ Cheol ရဲ႕ေပါင္ကို တစ္ခ်က္႐ိုက္လိုက္သည္။
"ငါဒီေန႔ည ဒီမွာအိပ္မယ္"
"သေဘာ"
Vernon က သူ႔ကိုမၾကည့္ဘဲ ေျဖသည္။ Cheol ဖုန္းကိုတစ္ခ်က္ဖြင့္မိေတာ့ Jeonghan ပို႔ထားသည့္စာေတြကို ေတြ႕သည္။ သူစာမဝင္ၾကည့္ဘဲ Noti ကေနသာ ခိုးဖတ္ၾကည့္သည္။ Jeonghan ကတကယ္ပဲ ဘာသေဘာလဲ။ Jisoo ဆိုတဲ့ သူကေကာ ဘာလဲ။ သူတို႔ႏွစ္ေယာက္ကို တူတူေတြ႕ေနရတာ Cheol တကယ္သေဘာမက်ေပ။ ဆက္မေတြးခ်င္ေပမဲ့လည္း Cheol မတတ္ႏိုင္။ စိတ္ေျပာင္းေအာင္ Vernon အိမ္ကို ေလွ်ာက္ေမႊေနရင္း ေခါက္ဆြဲပါျပဳတ္စားေနလိုက္သည္။ ဖုန္းထဲ တေတာင္ေတာင္ဝင္ေနတဲ့ စာေတြကို လ်စ္လ်ဴရႈလိုက္ၿပီး ဖုန္းပါစက္ပိတ္ထားလိုက္သည္။ သူတကယ္ပဲ စိတ္ထဲဒြိဟျဖစ္ေနတာမလို႔ သည္လိုအခ်ိန္မ်ိဳးမွာ Jeonghan နဲ႔စကားေျပာမိရင္ အမွားေတြပါသြားႏိုင္သည္။ တဇြတ္ထိုးဆန္သည့္ သူ႔ကိုယ္သူသိတာမလို႔ Jeonghan နဲ႔ခဏေလာက္ ေရွာင္ေနမည္ဟု ေတြးလိုက္သည္။
//
"ဟိတ္ ဂိမ္းေဆာ့ရေအာင္"
"ေခၚလိုက္ေခၚလိုက္"
Hoshi နဲ႔ Mingyu က Group Chat မွာ တက္ႂကြစြာ စုေဝးေနၾကသည္။ အိမ္ကိုျပန္ေရာက္လာၿပီျဖစ္တဲ့ Seokmin ကလည္း ေျခေထာင့္လက္ေထာင့္ေဆးၿပီး လာမယ္ဟု ေျပာေနသည္။ Jeonghan ကေတာ့ သူငယ္ခ်င္းေတြကို စိတ္ထဲမေရာက္မိ။ သို႔ေသာ္ Seungkwanက ေပ်ာက္ေနတဲ့ Jeonghan ကိုေခၚေနၾကတာေၾကာင့္ Jeonghan လည္း သူငယ္ခ်င္းေတြနဲ႔ အခ်ိန္တစ္ခုေလာက္ ကုန္ဆုံးလိုက္ရင္ ခဏေလာက္ေတာ့ ေမ့ႏိုင္မွာပါဟု ေတြးမိၿပီး ဂိမ္းထဲဝင္လိုက္သည္။
"Seokmin"
"ေဟ"
"ငါမင္းကိုေျပာအုံးမယ္"
"ေအး ဘာလဲဘာလဲ"
"ငါ Jisoo ကိုမႀကိဳက္ေတာ့ဘူး လုံးဝပဲ၊ အကုန္လုံးၾကားလား"
အားလုံးက အံ့ဩသလို တုံ႔ျပန္ၾကသည္။ Mingyu ကလည္း သူနဲ႔ Wonwoo အဆင္ေျပေနေၾကာင္းကို ႂကြားလုံးထုတ္သည္။ Hoshi ကေတာ့ သူ႔သူငယ္ခ်င္းေတြရဲ႕ အခ်စ္ေရးကို လိုက္မီဖို႔မနည္းႀကိဳးစားေနရသည္။ Jeonghan သူငယ္ခ်င္းေတြရဲ႕ စကားလုံးေတြၾကား ၿပဳံးလိုက္ရသည္ေၾကာင့္ ခဏေလာက္ စိတ္ေျဖသာသြားခဲ့သည္။ အစိုးမရတဲ့စိတ္တို႔ေၾကာင့္ ေဘးအိမ္ကို လွမ္းလွမ္း အကဲခတ္မိေပမဲ့ ဘာမွ်ထူးျခားမႈမရွိေပ။ ဂိမ္းေဆာ့ၿပီးေတာ့ သူဖုန္းကိုေငးၾကည့္ေနမိသည္။
"ေတာင္းပန္ပါတယ္ Cheol အရမ္းသေဘာက်မိလို႔၊ အခုလိုေရွာင္ေနမယ္ဆိုလည္း ေနာက္မေခၚဘဲေနၾကမလား။ မင္းဘက္က ေနရခက္မွာစိုးလို႔ပါ။ ဘုမသိဘမသိ ဖြင့္ေျပာမိတဲ့ငါက ႐ူးသြားတာထင္တယ္။ မင္းအခုအိမ္မွာရွိမေနဘူးလား၊ မနက္ေစာေစာထရမွာမလို႔ အိပ္ၿပီလား။ မနက္ျဖန္အတြက္ ဖိုက္တင္း ေနာ္"
သည္လို ပို႔ထားတဲ့စာေတြကို Cheol ဖတ္ၾကည့္လိုက္သည္ရွိေသာ္ ဘယ္လိုတုံ႔ျပန္မလဲ။ သူအိပ္မေပ်ာ္ေပမဲ့လည္း မ်က္လုံးေတြမွိတ္ထားလိုက္သည္။ အျမင္အာ႐ုံထဲ တစ္စုံတစ္ေယာက္ပဲ ဝင္လာတာေၾကာင့္ ကိုယ့္စိတ္ကိုယ္ မႏိုင္သည့္ သူ႔ကိုယ္သူသာ မ်က္မုန္းပြားမိသည္။
//
"Choi Seung Cheol! Choi Seung Cheol! "
ေလ့က်င့္ေရးဆင္းေနခ်ိန္မွာေတာင္ အလွ်ံပယ္အားေပးခံေနရတဲ့ Cheol ကို ေက်ာင္းဂုဏ္ေဆာင္ေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားၾကသည္။ ေဘာလုံးမွာ ဂိုးဖမ္းသမားရဲ႕ အခန္းက႑ကလည္း အလြန္တစ္ရာမွ အေရးႀကီးသည္မဟုတ္ပါလား။ Cheol ကနဂိုေဘာလုံးကန္ေတာ္တာေၾကာင့္ေရာ၊ အျပင္းအထန္ေလ့က်င့္ထားတာေၾကာင့္ပါ ပြဲထြက္ေကာင္းလြန္းလွသည္။ မနက္ျဖန္ပြဲမွာ အားလုံးက အေကာင္းဆုံးလုပ္ေပးႏိုင္မယ္လို႔ ယုံၾကည္ထားၾကပါသည္။ တစ္ဖက္ၿပိဳင္ဘက္ေက်ာင္းျဖစ္တဲ့ Mingyu တို႔ဘက္မွာလည္း အႀကိတ္အနယ္ ယွဥ္ၿပိဳင္ဖို႔ အဆင္သင့္ျဖစ္ေနၾကေလရဲ႕။ သည္ေန႔က ေလ့က်င့္ေရးေနာက္ဆုံးရက္ ျဖစ္တာမလို႔ နားခ်ိန္မရွိဘဲ ခႏၶာကိုယ္ကို အလုပ္ေပးေနၾကသည္။
"Kim Mingyu! Boo Seung Kwan ဖိုက္တင္း!"
သူငယ္ခ်င္းေတြက ႀကိဳးစားပမ္းစားအားေပးေနၾကသည္။ သည္ေန႔ အတန္းခ်ိန္ျဖစ္တဲ့ သခ်ၤာဆရာေတာင္ စာမသင္ဘဲ သူ႔တပည့္ေတြ ေလ့က်င့္ေနသည္ကို လာအားေပးေနသည္။ အတန္းထဲကလူေတြကလည္း စာသင္ခ်ိန္မရွိသည္မလို႔ ေဘာလုံးကြင္းထဲ လူစုံတက္စုံပင္။ ေလ့က်င့္ေနသူေတြကလည္း ပိုအားရွိသြားရသည္။ မနက္ျဖန္ပြဲက Mingyu တို႔ေက်ာင္း ေဘာလုံးကြင္းမွာ လုပ္မွာမလို႔ Cheol တို႔ေက်ာင္းကအဖြဲ႕ေတြပါ ကြင္းအေနအထားကို အကဲခတ္ဖို႔ ေရာက္လာၾကသည္။ မိန္းကေလးေတြကလည္း တစ္ဖက္ေက်ာင္းကလူေတြပါ ေရာက္လာတာေၾကာင့္ ေအာ္ၾကဟစ္ၾကႏွင့္ သိုက္သိုက္ၿမိဳက္ၿမိဳက္ရွိလွသည္။
Dino က သူ႔သူငယ္ခ်င္း Cheol ကို လက္လွမ္းျပလို႔ေနသည္။
"Dino မင္းက ဘယ္အသင္းအားေပးမွာလဲ"
"ငါ့ေက်ာင္းပဲငါအားေပးမွာေပါ့၊ ဟိုေကာင့္ကို ဒီတိုင္းဟန္ျပ"
Hoshi အေမးကို Dinoက Cheol အားလက္လွမ္းျပရင္း ေျဖသည္။ ေပၚတင္ႏွစ္ဖက္ခြၽန္ေနသူကို မႏိုင္သလို ေခါင္းခါသည္။ Jeonghan ကေတာ့ တစ္ဖက္မ်က္ႏွာခ်င္းဆိုင္ ခုံမွာထိုင္ေနသည့္သူကို မသိမသာေငးၾကည့္ေနမိသည္။ Cheol ကေတာ့ Mingyu တို႔ေလ့က်င့္ေနပုံကို စနည္းနာေနသျဖင့္ Jeonghan ကိုမေတြ႕။ သူတို႔ႏွစ္ေယာက္ မဆုံျဖစ္တာ ၅ရက္ၾကာၿပီ။ သာမန္လူေတြအတြက္ဆို ၅ရက္က ဘယ္ေလာက္မွ်မၾကာေပမဲ့ Jeonghan အတြက္ေတာ့မတူ။ Cheol ကိုေတြ႕တာနဲ႔ အမ်ိဳးမ်ိဳးေသာခံစားခ်က္ေတြက ႐ုန္းရင္းဆန္ခတ္ဝင္လာသည္။
ထိုစဥ္မွာပဲ Cheol နဲ႔ မ်က္လုံးခ်င္းဆုံမိသည္။ သူခ်က္ခ်င္းဆိုသလို ေအာက္ငုံ႔မိလိုက္ပါသည္။ Cheol နဲ႔ သူမ်က္ႏွာခ်င္းမဆိုင္ရဲေပ။ ေအာက္ငုံ႔ထားေနေပမဲ့လည္း Cheol ကသူ႔ကို ၾကည့္ေနတုန္းဆိုတာ ခံစားသိ,သိလိုက္သည္ေၾကာင့္ ထိုေနရာကေန ထြက္သြားဖို႔ျပင္လိုက္သည္။
သူကြင္းထဲကေနထြက္ေျပးလာရင္း စာၾကည့္တိုက္ေဘးက အခန္း၁၃ေအဆီေရာက္မွန္းမသိ ေရာက္လာခဲ့သည္။ ဂစ္တာသံနဲ႔ သီခ်င္းဆိုသံသဲ့သဲ့ကို သူၾကားလိုက္ရတာေၾကာင့္ အာ႐ုံစိုက္ၿပီး နားေထာင္မိေတာ့ Jisoo အသံျဖစ္ေနသည္။ "Scarlet Heart Ryeo" ထဲက သီခ်င္းတစ္ပုဒ္ကိုဆိုေနတာေၾကာင့္ Cheol ကိုေမ့လိုေမ့ျငား တိတ္တိတ္ကေလး နားေထာင္ေနလိုက္သည္။
"ဘယ္လိုနည္းနဲ႔မွ ေျပာမထြက္ခဲ့လို႔
ဖုံးကြယ္ထားရတဲ့ လ်ိဳ႕ဝွက္ခ်က္ေလး ရွိတယ္
ဘယ္ေနရာမွာ ဘယ္လိုမ်ိဳးနဲ႔ စတင္ရမလဲ
ကိုယ္မသိေပမဲ့လည္း မင္းဆီပဲ ဦးတည္ေနမိတယ္
မင္းေရာ ကိုယ့္လို ထပ္တူေတြးေနမလား
တကယ္သိခ်င္မိတယ္
အခုလည္း ကိုယ္~
ခ်စ္ေနမိတာလား မခ်စ္ေသးတာလား
မသဲကြဲေသးရင္
အခုကိုယ့္ကိုဖက္ထားလိုက္ပါ ပူပန္ျခင္းမရွိဘဲ
ရင္ခုန္ေနရင္ေတာ့ ခ်စ္မိသြားၿပီဆိုတာ ေသခ်ာပါတယ္
အဲ့ဒီအခါက် ဖြင့္ေျပာေပးပါ"
"ဝါး Joshua မင္းအသံက တကယ္ခ်ိဳေနေရာ"
နားေထာင္ေနရင္း သူ႔သူငယ္ခ်င္းအသံပါ ၾကားလိုက္ရတာေၾကာင့္ Jeonghan အံ့ဩေနသည္။ သူမ်ားေတြက ေဘာလုံးကန္မဲ့သူေတြကို အားေပးေနခ်ိန္မွာ သူတို႔ႏွစ္ေယာက္က ႏွစ္ေယာက္တည္းတူတူရွိေနတာလား။ Joshua ရဲ႕သီခ်င္းဆိုသံက တကယ့္ကို ခံစားခ်က္ေတြပါသည္၊ ထို႔ေၾကာင့္ နားေထာင္ရတာ ပိုၾကည္ႏူးစရာေကာင္းသည္။ Jeonghan ဘာလိုလိုနဲ႔ အတြဲေခ်ာင္းေနမိသည့္ ခံစားခ်က္မ်ိဳးရလာတာေၾကာင့္ ထိုေနရာကေနပါ ထြက္သြားဖို႔လုပ္လိုက္ရသည္။
"Jeonghan ! "
သူထိုအခန္းထဲက ထြက္လာေတာ့ အေနာက္ကေန သူ႔နာမည္ေခၚသံၾကားသည္။ လွည့္ၾကည့္စရာပင္မလိုဘဲ ဘယ္သူ႔အသံလည္းသိေနတာေၾကာင့္ ေနရာမွာတင္ ရပ္ေနမိသည္။ ေရွ႕ဆက္သြားရမလား၊ ေနာက္ပဲလွည့္ၾကည့္ရမလား မသဲကြဲခ်ိန္မွာ သူ႔နားကိုေျပးလာတဲ့ ေျခသံေၾကာင့္ အခုေျပးလည္း ေနာက္က်သြားေလၿပီ။
"မနက္ျဖန္ ငါ့ကိုအားေပးမယ္ဆို၊ အခုလိုေရွာင္ေနရင္ ဘယ္လိုလုပ္မလဲ"
"တကယ္တမ္းေရွာင္ေနတာ ဘယ္သူလဲ"
Jeonghan အရဲစြန႔္ၿပီးေမးလိုက္သည္။ Cheol ကသူ႔ေရွ႕ေလွ်ာက္လာကာ
"သေဘာက်တယ္ေျပာၿပီး Crush ရွိေနတာ ဘယ္သူလဲ"
"ေခ်ာင္ပိတ္မေျပာနဲ႔ Cheol "
"မင္းကဘာသေဘာလဲ၊ ငါ့ကိုတကယ္လည္းသေဘာမက်ဘဲနဲ႔ ေပါ့ပ်က္ပ်က္လုပ္ေနတာမဟုတ္ဘူးလား"
Cheol စကားေၾကာင့္ Jeonghan ႏွလုံးသား အေျခအေနအရပ္ရပ္မွာ က်ရႈံးသြားရတယ္။ ၾကက္ေသေသေငးၾကည့္ေနမိတဲ့ Jeonghan က Cheol ေၾကာင့္နဲ႔ ရင္ဘတ္တစ္ခုလုံး အက္ကြဲသြားတယ္။
"ငါမင္းကိုတကယ္သေဘာက်တာ Cheol၊ ယုံတာမယုံတာက မင္းအပိုင္းပါ၊ အၿမဲတမ္း မင္းၿပဳံးေနတာပဲ ျမင္ခ်င္ခဲ့တာ။ မင္းေျပာသလို ေပါ့ပ်က္တယ္ပဲ ထားလိုက္ေတာ့။ မင္းယုံၾကည္မႈကို ရေအာင္မစြမ္းေဆာင္ႏိုင္ခဲ့တဲ့ငါကမွားတာ"
Jeonghan ေျပာရင္းဝမ္းနည္းလာသည္။ သူစကားလုံးေတြထပ္မထြက္လာေတာ့၊ ပိတ္ဆို႔ေနတဲ့ ႏႈတ္ခမ္းဖ်ားနဲ႔အတူ ဆို႔နင့္ေနတဲ့ ႏွလုံးသားက ကိုင္ေပါက္ထားသလိုပဲ။ သူစီးက်လာတဲ့ မ်က္ရည္ေတြကို ျဖစ္သလိုပဲ သုတ္လိုက္ၿပီး Cheol နားကထြက္သြားဖို႔ျပင္လိုက္သည္။ သို႔ေသာ္ လက္ေကာက္ဝတ္ကို လွမ္းဆြဲသည့္ အထိအေတြ႕ေၾကာင့္ ႐ုန္းကန္ပစ္လိုက္ခ်င္ေပမဲ့
"ခဏေလး"
Cheol ရဲ႕ ရာဇသံေတြဆို သူလြန္ဆန္ႏိုင္ခဲ့ျခင္းမွ မရွိဘဲ
"ငါမင္းငိုရင္ မေနႏိုင္ဘူးလို႔ ေျပာခဲ့ဖူးတယ္မလား"
"..."
"ေျဖ ငါလား အဲ့တစ္ေယာက္လား"
"ငါေျဖရင္ေရာ ဘာထူးျခားသြားမွာမို႔လို႔လဲ"
"Jeonghan မင္းငါ့ကိုစိတ္မရွည္ေအာင္မလုပ္နဲ႔ကြာ၊ မင္းပဲငါ့ကို သဝန္တိုေအာင္လုပ္ၿပီးေတာ့"
"..."
"ငါမင္းကိုသူနဲ႔ယွဥ္ၿပီးျမင္ရတာ တကယ္သေဘာမက်ဘူး၊ ငါ့ကိုရင္ခုန္ေအာင္လုပ္တုန္းကလုပ္ၿပီး ဒြိဟေတြေပးတယ္။ မင္းစာေတြကို ငါတမင္မဖတ္တာ၊ ငါ့စိတ္ငါသိလို႔။ မင္းနဲ႔ပတ္သတ္ရင္ ယိုင္နဲ႔နဲ႔စိတ္က တားမရတာမလို႔။ သေဘာက်တယ္ဖြင့္ေျပာခံရၿပီး တျခားတစ္ေယာက္ကိုပါ သေဘာက်ေနတယ္လို႔ ထင္သြားတာေလ။ ငါမခံစားရဘူးလားေျပာ၊ ငါလွည့္စားခံရသလိုျဖစ္သြားတာ။ အခုေျဖ၊ အားလုံးရွင္းရွင္းလင္းလင္းျဖစ္သြားေအာင္"
"မင္းကိုပဲ သေဘာက်တာ၊ တကယ္မင္းတစ္ေယာက္ပဲ"
"လာအုံး"
လက္ႏွစ္ဖက္ဆန႔္တန္းၿပီး ရင္ခြင္ထဲလာေစတယ္။ Jeonghan စကၠန႔္ပိုင္းမွ် ေၾကာင္ၾကည့္ေနမိၿပီး Cheol ရင္ခြင္ထဲဝင္ကာ ဖက္ထားမိတယ္။ Cheol က သူ႔ေခါင္းကို ဖြဖြပုတ္ကာ
"မငိုနဲ႔ Jeonghan ငါတကယ္မႀကိဳက္ဘူး မင္းငိုရင္"
"အင္း"
"ေမာ့အုံး"
Cheol စကားေၾကာင့္ မ်က္ရည္ေတြကို သူ႔ရင္ဘက္နဲ႔ ပြတ္သုတ္လိုက္ၿပီး ေမာ့လိုက္တယ္။ လက္ႏွစ္ဖက္နဲ႔ Jeonghan ပါးကိုအုပ္မိုးကိုင္ထားတယ္။ တို့လို႔တန္းလန္းတြဲက်ေနတဲ့ မ်က္ရည္စေတြကို ႏူးႏူးညံ့ညံ့သုတ္ေပးလိုက္ၿပီး ျမင္ေနရတဲ့ ႏွဖူးေျပေျပကို ငုံ႔နမ္းလိုက္ကာ
"မင္းကိုမွမခ်စ္ရရင္ ငါဘယ္လိုေနရမွာလဲကြာ"
"ဟင္"
"ငါရင္ေတြခုန္လိုက္တာ"
"ငါေရာ"
"ငါတို႔ႏွစ္ေယာက္ ရင္ခုန္သံေတးသြားေတြမွာ စီးခ်က္ညီညီ ျဖတ္သန္းၾကည့္ရေအာင္။ "မင္းနဲ႔ပတ္သတ္ရင္"ဆိုတဲ့ စကားစုေတြကို ငါသိပ္သေဘာက်တာပဲ Jeonghan"
Cheol ရဲ႕စကားေၾကာင့္ Jeonghan နက္ရႈိင္းစြာၿပဳံးမိသည္။ မင္းရဲ႕ရင္ခုန္သံစည္းခ်က္အတိုင္း ငါက ကခုန္မယ္။ သည္ခံစားခ်က္ေတြက မင္းပါးခ်ိဳင့္ပါးပါးေအာက္မွာ စီးဝင္သြားတာမ်ိဳး Cheol။ သူေျပာခဲ့ဖူးပါေကာ၊ Cheol ကပဲသူ႔ရဲ႕ အက္ကြဲေနတဲ့ႏွလုံးသားကို ေျဖေဖ်ာက္ေပးႏိုင္သူပါလို႔။ Jeonghan မ်က္ခုံးထူထူေတြကို မထိတထိ တို႔လိုက္ရင္း မ်က္ဝန္းမို႔မို႔ေတြထဲ စီးေမ်ာေနမိသည္။
"ဟ ဟိုႏွစ္ေယာက္ကဘာလဲဟ"
အေနာက္ကေန Seokmin အသံၾကားတာေၾကာင့္ Jeonghan ပ်ာပ်ာသလဲ ေနာက္လွည့္ဖို႔ျပင္ေတာ့ သူ႔ေမးစိကို ခပ္ဖြဖြကိုင္၍
"လွည့္ၾကည့္စရာမလိုဘူး၊ ငါ့ကိုပဲၾကည့္ေန"
"ဒါေပမဲ့ သူမ်ားေတြျမင္သြားရင္..."
"ျမင္ပေလ့ေစေပါ့"
Cheol ကႏွစ္လိုဖြယ္ေကာင္းစြာၿပဳံးသည္။ Jeonghan ဆံပင္ေတြကို ဖြပစ္လိုက္ၿပီး သူ႔စိတ္ႀကိဳက္ Jeonghan ကိုျခယ္လွယ္ေနသည္။
"မနက္ျဖန္ အားေပးေနာ္"
"မေပးပါဘူး"
"လုပ္ၿပီ၊ မင္းငါ့ကိုမစရရင္ မေနႏိုင္ဘူးလား"
"မစဘူး၊ အတည္"
"ထပ္စရင္အဲ့ႏႈတ္ခမ္းကို နမ္းပစ္မွာ"
"ငါ့ေက်ာင္းကို ေက်ာ္ၿပီး မင္းကိုဘာလို႔ အားေပးရ...ဟ!"
႐ုတ္ခ်ည္းဆန္သည့္အနမ္းေၾကာင့္ Jeonghan စကားမဆုံးေသးခင္ အာေမဋိတ္ျပဳမိရသည္။ မထင္ထားသည့္ Cheol အျပဳအမူေၾကာင့္ အံ့အားသင့္သြားရကာ Cheol လက္ေမာင္းကို႐ိုက္မိသည္။ တစ္ေယာက္ေယာက္ေတြ႕သြားရင္ ဘယ္လိုလုပ္မလဲ၊ သည္လူဆိုးေကာင္ကေတာ့ ထင္ရာစိုင္းေနေတာ့တာပဲ။ တျခားေက်ာင္းကလူက သူ႔ေက်ာင္းမွာ အတင့္လာရဲေနသည္။ ေတြးရင္းေတြးရင္းရွက္လာရတာေၾကာင့္ တြန္းထုတ္မိေတာ့ Cheol ကရယ္သည္။
"ေအးရယ္ေန ရယ္ေန၊ အက်င့္မေကာင္းတဲ့ေကာင္"
Cheol ကထပ္ရယ္သည္။ Jeonghan မ်က္ႏွာကို တည့္တည့္ၾကည့္ၿပီးရယ္လာတာေၾကာင့္
"ေတာ္ေသးတာေပါ့ အကုန္လုံး ေဘာလုံးကြင္းထဲရွိေနလို႔"
"အင္းေလ၊ အကုန္လုံး ေဘာလုံးကြင္းထဲရွိေနလို႔ ထပ္နမ္းၾကမလား"
"ဘာလဲဟ"
Cheol ကရယ္ကာ
"ေက်ာင္းဆင္းရင္တူတူျပန္မယ္၊ အဲ့က်မွ ဆံပင္ဆိုးရင္ေကာင္းမလားလို႔"
"သေဘာ"
"ဘာေရာင္ေလးဆိုးရမလဲ"
"သေဘာ"
"Blonde ေကာ"
"သေဘာ"
"အညိဳေကာ"
"သေဘာ"
"ဆံပင္ပါနည္းနည္းထပ္ညႇပ္လိုက္ရမလား"
"သေဘာ"
"နမ္းလို႔ရလား"
"သေဘာ၊ အာ...မဟုတ္ မရ ဟ!"
Cheol သူ႔ထက္လည္သြားျပန္ၿပီ။ မလွိမ့္တစ္ပတ္နဲ႔ လူကိုေခ်ာင္ပတ္ဖမ္းလိုက္တာ။ Jeonghan နမ္းေနရင္းနဲ႔ပဲ ႏႈတ္ခမ္းတို႔ ၿပဳံးမိသည္။ Cheol နဲ႔ပတ္သတ္တဲ့ အရာတိုင္းကို သူသေဘာက်မိေနေတာ့ အခုလည္း ဘာမွမတတ္ႏိုင္ေပ။ သူလိုခ်င္မိတာ႐ိုး႐ိုးေလးပဲ၊ ႏွစ္ေယာက္တည္းတူတူအိမ္ျပန္မယ္၊ ႏွစ္ေယာက္တည္းတူတူ သီခ်င္းညည္းမယ္၊ ႏွစ္ေယာက္တည္း မိုးေရထဲလမ္းေလွ်ာက္ၾကမယ္။ ကဗ်ာဆန္တဲ့အခ်စ္ထက္ သာမန္ဆန္တဲ့အခ်စ္ကိုပဲ ျမည္းစမ္းၾကည့္မယ္။ Cheol ေျပာသလို သူတို႔ႏွစ္ေယာက္တည္း ရင္ခုန္သံ ေတးသြားေတြမွာ စီးခ်က္ညီညီ ျဖတ္သန္းၾကည့္ပါမယ္။
"မနက္ျဖန္ မင္းရဲ႕ေကာင္ေလးက မင္းဂုဏ္ယူရေအာင္ ဂိုးဖမ္းေပးမယ္"
"ဪေဟာ္ ငါတို႔ေက်ာင္းရႈံးမဲ့ကိန္းကို ငါကဝမ္းပမ္းသာသာနဲ႔ လက္ခုပ္တီးေပးရမယ္ေပါ့"
"ဒါေပါ့"
"လူဆိုးေကာင္"
လက္ေမာင္ကိုတစ္ခ်က္႐ိုက္ဖို႔ျပင္ေတာ့ သူ႔လက္ကိုဖမ္းဆြဲကာ လက္ဖမိုးကို နမ္းသည္။ လူၾကားသူၾကားမေရွာင္ ရွက္ေၾကာမ်ားျပတ္ေနသလား။
"ငါ့ႏွယ့္ မင္းဘယ္လိုျဖစ္"
"ေပ်ာ္ေနတာေလ၊ အရမ္းအရမ္းေပ်ာ္"
"ေအးေအး မင္းေပ်ာ္ေနဖို႔အေရးႀကီးတယ္"
Jeonghan ခနဲ႔သလိုေလသံျဖင့္ေျပာလိုက္ေပမဲ့ သူ႔စိတ္ရင္းပါ။ သူ႔အတြက္ Cheol ေပ်ာ္ေနဖို႔ပဲ အေရးႀကီးတာပါ။ Cheol ကိုဖက္ထားမယ္၊ Cheol ဆီကေန ခ်ိဳၿမိန္နဲ႔ ေမတၱာကိုခံစားမယ္၊ သာယာတဲ့ အနမ္းကို ေမွ်ာ္လင့္ခ်င္တယ္၊ အၿပဳံးေတြကိုမွ်ေဝမယ္။ သည္လို သည္လို အခ်စ္ရဲ႕ ရံေ႐ႊေတာ္ေတြကို Cheol နဲ႔ပဲ ေဝခြဲပါ့မယ္။ Cheol သာရွိရင္ သူ႔မ်က္ဝန္းထဲ ျမတ္ႏိုးရိပ္ေတြ စြန္းထင္းေနပါလိမ့္မယ္။ Cheol ဆီမွာပဲ သူ႔ေမတၱာပန္းေတြ ပြင့္ဖူးပါတယ္။ ေမတၱာတရားက Cheol နဲ႔ဆို ေျပာင္ေျမာက္စြာပဲ ႐ုပ္လုံးေပၚလာပါတယ္။ လူတစ္ေယာက္က လူတစ္ေယာက္ကို အဲ့သေလာက္ေတာင္ ခ်စ္ရပါတယ္။
//
PL's Note
အစကဒီအပိုင္းကို ႏွစ္ပိုင္းခြဲလိုက္မလို႔ပဲ။ ဒါေပမဲ့ ဖတ္ရတာ ဟာတာတာႀကီးက်န္ခဲ့မွာမလို႔ရယ္၊ ဓားသြားခ်ည္းပဲ သီးသန႔္ေရးရတဲ့အပိုင္းက အရမ္း ခံစားရတယ္ကြယ္။ အဲ့တာေၾကာင့္ တစ္ပိုင္းတည္းပဲ ေရးလိုက္တယ္။ ေကာင္းေသာညေလးျဖစ္ၾကပါေစရွင္။
Recommended song for this part: " A Lot Like Love" (Scarlet Heart Ryeo's OST)
8: 45 PM
Sep 17 Sun 2023
Lamin Pann Laung