"DANCIN' On to Your Heartbeat"

By lamin-pann-laung

19.8K 1.5K 178

မင်းရဲ့ရင်ခုန်သံစည်းချက်အတိုင်း ငါက ကခုန်မယ်။ သည်ခံစားချက်တွေက မင်းပါးချိုင့်ပါးပါးအောက်မှာ စီးဝင်သွားတာမျိုး... More

အပိုင်း-၁
အပိုင်း_၂
အပိုင်း-၃
အပိုင်း-၄
အပိုင်း-၅
အပိုင်း-၇
အပိုင်း-၈
အပိုင်း-၉
အပိုင်း-၁၀
အပိုင်း-၁၁
အပိုင်း-၁၂
အပိုင်း-၁၃
အပိုင်း-၁၄
အပိုင်း-၁၅
အပိုင်း-၁၆
အပိုင်း-၁၇
အပိုင်း-၁၈
အပိုင်း-၁၉
အပိုင်း-၂၀
အပိုင်း-၂၁
ဇာတ်သိမ်းပိုင်း

အပိုင်း-၆

798 74 10
By lamin-pann-laung

Unicode

ခုရက်ထဲ Cheol သူ့ကိုစကားသိပ်မပြောတော့ဟု Jeonghan ခံစားမိသည်။ Cheol တို့ကျောင်းက အထက်တန်း ဒုတိယနှစ်တွေ Mid-term မလာခင် Test အတွက်ပြင်ဆင်နေရတယ်ဆိုတာ Dinoကြောင့်သိရသည်။ စာတွေလုပ်နေရလို့ စကားမပြောဖြစ်တာလား တွေးမိတော့ ခေတ္တမျှစိတ်အေးရသလို၊ နားချိန်လေးဖြစ်ဖြစ်တော့ ပို့ထားတဲ့စာတွေပြန်သင့်သည်ဟု ထပ်တွေးမိပြန်ရော စိတ်ဆိုးမိပြန်သည်။ Cheol နဲ့ပတ်သတ်ရင် သူတအားအတွေးများနေသည်ဆိုတာ သူ့ကိုယ်သူလည်းသတိထားမိပေမဲ့ မတတ်နိုင်။ တစ်နေ့တစ်နေ့ Cheol နဲ့ပြောခဲ့ဖူးတဲ့စာတွေ ပြန်ဖတ်လိုက်၊ ပြုံးမိလိုက် အရူးတစ်ပိုင်းပဲ။ တကယ်များ စိမ်းကားသွားသလားလို့ အဆုံးစွန်တွေးချလိုက်တော့ မျက်ရည်တွေပါဝဲလာရတယ်။

ဘာမို့လို့လဲ၊ တကယ်ပဲ သူနဲ့ Cheol ကဘာတွေမို့လို့ သူသည်လောက် စိတ်နုနေရတာလဲ။ ရင်ထဲကအောင့်လာတယ်။ သူ့နှလုံးသားထဲမှာ Cheol အသံတွေ မြည်ဟည်းလာတော့ လွမ်းဆွတ်မှုကြောင့် တစ်ဖက်ဝန်ရံတာကို လှမ်းငေးမိတယ်။ သည်နေ့လည်း တံခါးပိတ်ထားပြန်ပါရောလား Cheol ရယ်။ အရင်ကညနက်တဲ့အထိ စကားပြောရင်းအိပ်ပျော်နေကျကို အခုတော့နံရံတွေကိုငေးရင်း မနက်မိုးလင်းသွားပြန်ကော။ ရည်းစားမရှိပါဘဲ အသည်းကွဲဒဏ်ခံစားနေရတာလား။ နှလုံးသားက မျက်ရည်တောက်တောက်ကျနေတယ်။ ကျောင်းတူတူသွားချင်လို့ မနက်စောစောထမိတော့လည်း အရင်ဦးစွာ ထွက်ထွက်သွားတဲ့ Cheol နောက်ကျောကို အိမ်ပေါ်ထပ်ကနေ ခိုးငေးမိတယ်။

သည်နေ့တော့ Cheol နဲ့ မျက်နှာချင်းဆိုင် စကားပြောမည်ဟု သန္နိဌာန်ချလိုက်သည်။ Cheol ရဲ့အနားမှာပဲ သူ့ရဲ့စိတ်အလေအလွင့်က ဝဲပျံဆော့မြူးနေတော့ သက်ပြင်းခိုးခိုးချရတယ်။ သည်နေ့ည မအိပ်ဘဲနဲ့ ကြက်ဦးတွန်ချိန် (နံနက်၃နာရီ) မှာလည်း ငုတ်တုတ်ထထိုင်ပြီး Cheol အခန်းရှိရာကို နံရံတွေ၊ လေဟာနယ်တွေ ခြားနေတာတောင် ငေးငေးမိတယ်။ မနက်၅နာရီမှာ‌တော့ မျက်နှာသစ်၊ သွားတိုက်ပြီး ကျောင်းအတူသွားဖို့ အကုန်ပြင်ဆင်လိုက်သည်။

"မင်းဘာတတ်နိုင်သေးလဲ Cheol၊ ဒီနေ့တော့ ငါမင်းနဲ့ စကားပြောဖြစ်အောင်ပြောမှာ"

သူတစ်ကိုယ်တည်း အံကြိတ်ရင်းပြောလိုက်သည်။ ဝန်ရံတာကို ထွက်ရင်း သူမနက်စာစားနေတုန်း Cheol ကသူ့အိမ်တံခါးပိတ်ပြီး ထွက်သွားပြီ။ ပေါင်မုန့်တောင် မဝါးနိုင်တော့ဘဲ တန်းမျိုချလိုက်ကာ လွယ်အိတ်ကို ကမန်းကတန်းလွယ်၍ အ‌လောတကြီးပြေးမိသည်။ အခုမှနိုးပြီး အခန်းထဲကထွက်လာတဲ့ Jeonghan အမေတောင် ဘာကြီးဖြတ်သွားလဲဟု နောက်လှည့်ကြည့်မိသည်အထိ။

"Cheol!"

သူလှမ်းခေါ်လိုက်ပါသည်။ အရင်ရက်တွေတုန်းကလည်း သည်လိုအစောကြီးထွက်သွားနေကျလား။ သူ့ကိုတမင်ရှောင်ချင်လို့လား ဟု Jeonghan တွေးမိတော့ ဝမ်းနည်းကာ ဆို့နင့်လာသည်။ ခါတိုင်းကျောင်းချိန်က ၇နာရီခွဲဖြစ်သည်။

Cheol ကလှည့်ကြည့်လာသည်။ သူလွမ်းနေခဲ့ရတဲ့ မျက်နှာလေးက မတွေ့ရတဲ့ရက်အနည်းငယ်အတွင်း ပိန်ကျသွားသလားလို့။သူကိုမြင်တော့ အံ့ဩသွားကာ

"Jeonghan အစောကြီးကို"

"အေးလေ အစောကြီးကို မင်းကကော ဘာလို့ကျောင်းသွားဖို့ ပြင်နေရတာလဲ"

"ဪ အဲ့တာက..."

"မင်းငါ့ကိုတမင်ရှောင်ချင်နေတာမလား၊ မင်း...မင်းငါ့ကို အဆက်အဆံမလုပ်ချင်တော့တာမလား"

Cheol နဲ့တွေ့ရင် ဒါတွေဒါတွေကို သည်လိုအစဉ်လိုက်ပြောမည်ဟု စဉ်းစားထားပေမဲ့ Cheol စကားမဆုံးသေးခင်မှာပင် တောင်စဉ်ရေမရတွေ အလုံးအထွေးလိုက်ပြောမိနေသည်။ Cheol ကသူ့စကားကြောင့် မျက်မှောင်ကျုံ့ကာ တွေဝေနေသည်။ သူ့အသံတွေတုန်နေတာကို Cheol သိပါ့မလား၊ သူမျက်ဝန်းထဲက တိမ်စိုင်ပြိုတွေကို မနည်းထိန်းချုပ်ထားရတာ Cheol သိပါ့မလား။ ဟင့်အင်း Cheol မသိပါဘူး၊ သူနဲ့ပတ်သတ်ရင် Cheol ဘာမှမသိဘူး။ သူကသာ အချိန်ခဏလေးအတွင်း မထူးဇာတ်ခင်းပြီး ရူးနေရတာ။

"မင်းဘာတွေပြောနေတာလဲ Jeonghan "

Cheol ဒွိဟဖြစ်စွာမေးမိသည်။

"ငါ့ကိုအရင်ရက်တွေက ဘာလို့မခေါ်တာလဲ"

"ငါအလုပ်တွေရှုပ်နေလို့"

Jeonghan လမ်းပေါ်မှာပဲ ငုတ်တုတ်ထိုင်ချကာ မျက်နှာကိုလက်ဖြင့်ကာလျက် အသံတိတ်ရှိုက်ငိုမိသည်။

"Jeonghan ဘာဖြစ်လို့လဲ"

"ငါ...ငါမင်းကို စောင့်နေခဲ့တာလေ"

"ဟမ်"

Jeonghan တသိမ့်သိမ့်ရှိုက်ငိုနေမိသည်။ Cheol ကတော့ ဘာလုပ်လို့ဘာကိုင်ရမလဲမသိ၊ အတူပဲငုတ်တုတ်ထိုင်ငိုပေးရမလိုလို၊ မတ်တပ်ရပ်ဖို့ပဲပြောရမလိုလို၊ ဘာလို့ငိုနေတာလဲပဲ မေးရမလိုလို။

"Jeonghan ငါမင်းကို ခုတလော မခေါ်မိလို့လား၊ ဟုတ်လား အဲ့တာကြောင့်လား"

Jeonghan ခေါင်းမညိတ်မိ၊ ခေါင်းမခါမိ။ ဘာလို့ Cheol က သူနဲ့ပတ်သတ်ရင် ဘာမှမသိနေရတာလဲဟု Jeonghan ဇွတ်တရွတ်တွေးမိသည်။

"အဲ့လိုမျိုးကြီး ထိုင်မနေနဲ့လေ Jeonghan ရဲ့၊ ငါမင်းကိုမခေါ်ဘူးဆိုတာ ဟိုနေ့က ပန်းခြံမှာ မင်းမှငါ့ကိုမခေါ်တာ၊ အစကအဲ့တာကြောင့် မခေါ်ဘဲနေမယ်ကွာဆိုပြီးလုပ်ထားတာပဲ။ ဒါမဲ့ငါတို့ကျောင်းနဲ့ Gyeongsan ကျောင်းက ဘောလုံးပွဲပြိုင်ရမယ်လေ။ မင်းတို့ကျောင်းလည်းပါရဲ့သားနဲ့ မသိဘူးလား။ ငါဘောလုံးကန်ဖို့ လေ့ကျင့်နေရတာ မအားဘူး"

Cheol ကခေါင်းမဖော်ဘဲ ငိုနေသူရဲ့ ကျောကို ဖွဖွပုတ်ကာ ပြောလာသည်။

"ဒီကြားထဲ Test တွေကဖြေရ၊ ဘောလုံးကန်ဖို့လေ့ကျင့်ရေးဆင်းနေတဲ့သူတွေအတွက် အချိန်ပိုသီးသန့်ဆိုပြီးသင်ရနဲ့"

Cheol ကရှင်းပြသလိုလိုနဲ့ အချိန်ပိုတွေကြောင့် ညည်းပါညည်းနေသည်။

"Cheol"

"အင်း ပြော"

ပြန်ထူးလာတဲ့လေသံက နူးညံ့မှုလှိုင်းတို့ ကဲထန်လှသည်။

"မင်းငါ့ကို စိတ်ဆိုးသေးလား"

"မဆိုးတော့ပါဘူးကွာ၊ ငါမင်းပို့ထားတဲ့စာတွေတွေ့တယ်။ ငါအိမ်ရောက်တိုင်း ဖုန်းမသုံးဖို့ဆုံးဖြတ်ထားတာ၊ သုံးလိုက်ရင် မင်းနဲ့ပဲပြောဖြစ်မှာလေ၊ ညလုံးပေါက်သွားလို့ မနက်မထနိုင်ရင် ကာယဆရာ ဆူလို့ နားပါပြတ်သွားလိမ့်မယ်"

"မင်းငါ့ကိုပစ်ထားတာ"

"မရည်ရွယ်ပါဘူးကွာ၊ အစကဘောလုံးကန်မယ်ကွ ဆိုပြီး ပျော်ပျော်ကြီးစာရင်းသွင်းပလိုက်တာ၊ ခုတော့ ချွေးတလုံးလုံးနဲ့။ Dino ကိုပြောခိုင်းသားပဲ၊ သူမပြောပြဘူးလား"

Jeonghan ခေါင်းခါပြလိုက်သည်။ Cheol ကျောင်းအတွက်ကိုယ်စားပြုအသင်းမှာ ဘောလုံးကန်မှာရော၊ မနက်အစောကြီးထကာ လေ့ကျင့်ရေးဆင်းရတယ်ဆိုတာကော ဘာမှမပြောပြ။ သူပြောပြသည်မှာ Test ဖြေရသည်ဆိုတာပင်။

"မင်းငိုတာလား"

"ဟင့်အင်း"

Jeonghan ‌ဗြောင်လိမ်မိသည်။

"မငိုနဲ့၊ မင်းငိုတာကြည့်မကောင်းဘူး"

"Choi Seung Cheol"

စိတ်ဆိုးဆိုးနဲ့ နာမည်အပြည့်ခေါ်လိုက်မိသည်။ အခုကျတော့လည်း စိတ်မဆိုးတော့ပြန်ဘူး၊ ရယ်လို့မောလို့။ သူမြင်ချင်တာ သည်လိုမြင်ကွင်းပါ။ ပြုံးရယ်နေတဲ့ Cheol ပါးချိုင့်တွေထက်မှာ သူ့မေတ္တာတွေရပ်ပါတယ်။ သိပ်လှပါတယ်ဆိုတဲ့ စုတ်ချက်တွေနဲ့ ပန်းချီကားတောင် Cheol ပါးချိုင့်တွေလောက် မနစ်ဝင်နိုင်ပါဘူး။

"ငါဒီနေ့တော့ နောက်ကျပြီပဲ"

Cheol ကပေါ့ပါးစွာဆိုလာသည်။ Jeonghan ကတော့ သူ့ကြောင့်မလို့ အားနာစိတ်နဲ့ ဝမ်းနည်းစိတ်ဝင်လာကာ

"ငါတောင်းပန်ပါတယ် Cheol"

"ဘယ်ကသာ၊ ငါကလည်း မင်းကိုနည်းနည်းဖြစ်ဖြစ်ပြောပြသင့်တာ။ Dino ဆိုတဲ့ကောင် ဘာတွေလုပ်နေလို့ ပြောခိုင်းတာကိုမပြောတာလဲမသိ"

Jeonghan ငိုထားတာကြောင့် နားသယ်စပ်နားမှာ ခိုတွယ်နေတဲ့ ချွေးစတွေကို Cheol ကသုတ်ပေးပြီး လွယ်အိတ်ထဲ ဆောင်နေကျ Beanie ကိုထုတ်ကာ ဝတ်ပေးလိုက်သည်။

"လိုက်သားပဲ"

Jeonghan ကို စူးနစ်စွာကြည့်ပြီးပြောသည်။ မတိုမရှည် ဆံနွယ်တွေက Beanie အပြင်ကို တိုးကန်ထွက်ချင်နေကြသည်။ မနက်ခင်းလေပြည်ညင်းနုနု ကျီစားတာကြောင့် ခပ်နွဲ့နွဲ့ယိမ်းခါသွားတဲ့ နားသယ်မွှေးတွေက သိပ်ကြည့်ကောင်းသည်။

"Cheol ငါခုနကပုံစံကလေ"

Jeonghan ဆက်ပြောရမလား၊ မပြောရမလား တွန့်ဆုတ်နေမိသည်။

"အင်း ပြော"

Cheol ကအလိုက်တသင့် စကားထောက်ပေးလိုက်မှ

"ခုနကပုံစံက အနှောင့်အယှက်ဖြစ်စရာကောင်းနေလား"

Cheol ကလျှောက်နေတဲ့ ခြေလှမ်းတွေကို တုံ့ခနဲရပ်တန့်လိုက်ပြီး Jeonghan ဘက်ကို မျက်နှာမူလိုက်သည်။ Jeonghan ကတော့ Cheol ရဲ့ လှုပ်ရှားမှုတွေကို ငေးနေမိသည်။ Cheol က Jeonghan ခေါင်းထက်က Beanie ကိုတနူးညံ့ပုတ်လိုက်ကာ

"အနှောင့်အယှက်လို့ တစ်ခါမှမမြင်မိလို့ မင်းဘာတွေဖြစ်နေလဲ ငါ့ကိုအချိန်မရွေးပြောလို့ရတယ်။ အခုလို ငိုချတာ ဘာသဘောလဲကွာ။ ငါ့ကိုယိုင်အောင်လို့"

"..."

Cheol ရဲ့မပီမပြင်စကားတွေက Jeonghan ရင်ကို တိုးလို့ခုန်မိစေပါတယ်။ သူပေးအပ်လိုက်တဲ့ ခင်မင်မှုမှာ နှလုံးသားပါ အဆစ်ထည့်ညှင်းပေးမိသွားတယ်။ Jeonghan Cheol ရဲ့ အကြည့်တွေကို ရှောင်လွှဲလိုက်ပါတယ်။ နူးနူးညံ့ညံ့အကြည့်တွေ ခပ်မို့မို့ မျက်ဝန်းက အန်ကျလာတဲ့အခါ သူပဲ ထိန်းမနိုင်သိမ်းမရ ဗြောင်းဆန်နေရတာမလို့။ ထိန်းချုပ်ခြင်းကင်းတဲ့ ရင်ခုန်ခြင်းတွေကို Cheol ဆီပဲ ပုံအပ်လိုက်မိတော့တာ။

"ငါဒီနေ့ လေ့ကျင့်ရေး လစ်လိုက်တော့မယ်"

"ဟင် ဘာလို့"

"အချိန်မ‌‌ပေးလို့ စိတ်ကောက်နေတဲ့သူတစ်ယောက် ရှိတယ်လေ။ အချိန်ပေးရမှာပေါ့"

"စိတ်မကောက်ပါဘူးဆို"

"မင်းနာမည် ထည့်ပြောမိလို့လား"

"မနက်စောစော မင်းဘေးမှာငါပဲရှိနေတာ"

"မင်းရှိနေတာနဲ့ မင်းကိုပဲပြောရမယ်ပေါ့"

"ပြောပါအုံး မင်းကိုစိတ်ကောက်တဲ့လူက ငါအပြင် ဘယ်သူရှိသေးလို့...အဲ "

Cheol က အားရပါးရရယ်သည်။ တကယ့်ကို အားမနာလျှာမကျိုးအော်ရယ်နေသူကြောင့် Jeonghan ရှက်သွားရကာ ခေါင်းငုံ့ထားမိသည်။ စကားကို မလှိမ့်တစ်ပတ်နဲ့ ပြောသွားတဲ့Cheol က တကယ်လူလည်ကျပါပေတယ်။ သူလည်း နဂိုလူလည်ပေမဲ့ Cheol နဲ့တွေ့မှ လည်တော့လည်တယ်၊ ဒါပေမဲ့ တစ်ပတ်မပြည့်တော့ပါဘူး။

"ငါဒီနေ့လေ့ကျင့်ရေးအချိန်ကို လစ်မယ်ကွာ။ အကျိုးဆက်ကတော့ ညနေဘက် သူများတွေကျောင်းဆင်းရင် မဆင်းရတော့ဘူးပေါ့။ ကွင်းပတ်ပြေးရမှာ၊ မင်းအဖော်လုပ်ပေး"

Jeonghan ဝမ်းသာအားရ အဖော်ပြုပေးချင်ပေမဲ့

"မလုပ်ပေးပါဘူး"

"အေးပြီးရော မုန့်လည်းမဝယ်ကျွေးတော့ဘူး၊ စာလည်းမပြန်တော့ဘူး၊ ဆံပင်ဆိုးရင် မင်းကိုပဲ ကွက်မပြဘူး၊ ဖုံးထားမှာ"

Cheol ကနှုတ်ခမ်းထော်ထော်နဲ့ ရန်စွာသည်။ Jeonghan မခံစားနိုင်တာသိတာကြောင့် တမင်လုပ်တဲ့ ငနဲရဲ့ လက်မောင်းကို တစ်ချက်ရိုက်လိုက်ပြီး

"လူဆိုးကောင်၊ စလို့တောင်မရ"

Cheol က Jeonghan ရဲ့ ပုခုံးကို အားနဲ့သိုင်းဖက်လိုက်ပြီး တဟားဟားအော်ရယ်သည်။ သည်လိုနဲ့ မနက်စောစော တစ်လမ်းလုံး ယောက်ျားသားနှစ်ယောက်ရဲ့ အော်ဟစ်တွန်းတိုက်သံတွေမှာ ပဲ့တင်ထပ်လို့။ Jeonghan ရဲ့ အက်ကွဲနေတဲ့ နှလုံးသားဟာ တစ်စုံတစ်ယောက်ရဲ့ အပြုံးနဲ့မှ ပြန်ကုစားနိုင်သည်သာ။ Jeonghan ရဲ့ သိမ်မွေ့တဲ့ မေတ္တာက Cheol ကိုပဲမျှော်ကိုးပါတယ်။

//

"Hoshi မင်းအဲ့တော့ RYP ရဲ့ချီးကျူးတာခံလိုက်ရတာပေါ့ အားကျတယ်ကွာ" (JYP မဟုတ်တဲ့ RYP)

"အေး ဒါမဲ့တစ်ခါပါပဲ၊ မတရားလို့ထွက်ခဲ့တာ"

"ငါလည်း Audition ဝင်ဖြေချင်တာ၊ အရည်အချင်းမရှိသေးဘူးထင်လို့"

"ဒီတိုင်းနေနေရင်တော့ သူ့ဘာသာသူ အရည်အချင်းက ကောက်ခါငင်ကာ ထပေါ်မလား Dino ရာ၊ ဒီလိုပဲ ကြိုးစားရတာပေါ့"

Hoshi က သူ့ကိုအားကျနေသည့် Dino ကြောင့် အာဝဇ္ဇန်းရွှင်ကာ လေကြီးလေကျယ်တွေပြောတော့သည်။ ခုတလော Dino က Hoshi နားသိပ်ကပ်သည်။ သူသိချင်သည့် Audition အကြောင်းတွေကို Hoshi က ဂဃနဏသိသည်မလို့ မေးချင်တာတွေ ဇွတ်မေး၊ ဟိုက မြှောက်ဖြေတာတွေကိုလည်း အဟုတ်မှတ်ပြီး သဘောတွေကျလို့။ Hoshi က Dino ရဲ့ Idol ဖြစ်လို့နေသည်။ သည်လိုနဲ့ အတန်းထဲ တစ်‌ယောက်တစ်ခွန်း ပေါက်ပေါက်‌ဖောက်နေကြသည်။

"wonnu ရား"

ရုပ်မမြင်အသံကစကြားရပါပြီ။ Wonwoo ခိုးပြုံးမိသည်။ အတန်းထဲသူစစချင်းဝင်တာနဲ့ Mingyu က သူ့ဆီအရင်ပြေးလာပြီး မနက်ခင်းနှုတ်ဆက်သည်။ မနက်စာစားပြီးပြီလား၊ ဘာစားလာလဲ၊ စသဖြင့် မေးသည်။ မစားလာဘူးဟု ဖြေလျှင် ပန်းသီးJuice လေးပေးလိုက်၊ ပေါင်မုန့်လေးပေးလိုက်နှင့် အမှတ်တွေယူလေ့ရှိသည်။ စကားနည်းသည့် Minghao ကတောင် သူတို့နှစ်ယောက်ကို ဝေးဝေးသွားကြပါ ဟု ပြောရသည်အထိ။ ဖွင့်လည်းမပြောသေး၊ မထိခလုတ်ထိခလုတ်လည်း စကားတွေအန်ထွက်တတ်သည့် Mingyu ကြောင့် သူငယ်ချင်းတွေက အားမလိုအားမရဖြစ်ရသည်။ Wonwoo ကတော့ စကားလာပြောရင် ပြန်ပြောသည်၊ မုန့်ပေးရင် ယူလိုက်သည်၊ စာလာမေးရင် ဖြေလိုက်သည်။ သည်လောက်သာ။

"ညဂိမ်းဆော့ရအောင်နော်"

"စီးရီးထွက်ပြီ၊ ငါကြည့်ရမယ်၊ မဟုတ်ရင် ဆိုရှယ်မှာ စပွိုင်းကြမှာ"

"Wonnu လေးကလည်းကွာ"

သူ့ကိုယ်လုံးကြီးနဲ့ Wonwooပေါ်မှီနွဲ့လာတာကြောင့် တွန်းထုတ်လိုက်ပြီး

"ပြီးရော"

Mingyu က Wonwoo အဖြေကြောင့် အားရသွားကာ လက်သီးလက်မောင်းတန်းပြီး သူ့ခုံသူပြန်သွားသည်။ Wonwoo ကတော့ Mingyu ပေးလာတဲ့ ပန်းသီး Juice လေးကို မသိမသာငေးပြီး ပြုံးမိသည်။ Minghao ကည်း အတန်းချိန်မစခင် Jun လက်ဆောင်ပေးထားသည့် စာအုပ်လေးကို နစ်မျောစွာဖတ်နေသည်။ သည်လိုနဲ့ သူတို့အတန်းလေးမှာ ပုံမှန်လို လှုပ်ရှားလျက်ပါပဲ။ ခါတိုင်းနဲ့တူမနေတာကတော့ ကျောင်းစောစောရောက်သည့် Jeonghan က သည်နေ့မှ ကျောင်းနောက်ကျနေပြီး Seokmin ကတော့ ‌ကျောင်းရောက်ကတည်းက Jisoo နဲ့ဂစ်တာတီးသင်နေကျ အခန်းဆီ ခြေချင်းလိမ်နေမိတာပါပဲ။

//

"ခုရက်ပိုင်းထဲ မင်းသိပ်တိုးတက်လာတာ"

"ဟီး မင်းကျေးဇူးနဲ့လေ၊ မင်းသင်တာတော်လို့"

Seokmin ကအသည်းပုံဆန်ဆန်အပြုံးလေးပြုံးသည်။ Joshua ကတော့ ထိုအပြုံး‌လေးကို ဒီဇိုင်းမတ်မတ်ငေးလို့။ သည်လိုအချိန်တွေဆို ပိုပြီးနီးကပ်တာကြောင့် နှစ်ယောက်တည်း အတူရှိဖို့ ဉာဏ်နီဉာဏ်နက်တွေ များခဲ့ရတာ။ သူ့သူငယ်ချင်းတွေနဲ့ဆို Joshua ကိုစကားသိပ်မပြောဘဲ Jeonghan နဲ့တွတ်ထိုးလျက်။ သူ Jeonghan ကိုခင်ပေမဲ့ Seokmin ကတော့ သူမတူသဘောကျမိသူလေး။ စတွေ့ကတည်းက သူ့အပေါ်နူးနူးညံ့ညံ့ပြုံးကာ ဖေးမပေးသည်က သူတစ်သက်မမေ့သည့် အခိုက်အတန့်လေး။

ထိုနေ့က

သူအထက်တန်းပထမနှစ်၊ သည်ကျောင်းမှာ ကျောင်းသားသစ်ဖြစ်ပြီး သူငယ်ချင်းကလည်းမရှိ၊ ဖော်ဖော်ရွေရွေရှိတာဟုတ်ပေမဲ့ သူ့အုပ်စုနဲ့သူနေလေ့ရှိသူတွေကြောင့် သွားရောလို့ကလည်းမကောင်းဟု ထင်မိသည်ကြောင့် တစ်ယောက်တည်းသာ အချိန်ကုန်နေရသည်။ နေ့လယ်စာစားချိန်မှာ ဂစ်တာတီးနေရင်း အချိန်ကုန်လို့ကုန်မှန်မသိတာကြောင့် နောက်ကျနေတာရယ်၊ နောက်ကျလို့ ဟင်း၊ထမင်း ဘာမှသိပ်မကျန်တော့တာရယ်၊ တစ်ယောက်တည်းဖြစ်နေတာရယ် ကြောင့် ပျင်းရိပျင်းတွဲဖြင့် စားနေမိသည်။ ထိုစဉ် အအေးဘူးလေးတစ်ဘူး ဘေးနားရောက်လာကာ မော့ကြည့်လိုက်တော့ Seokmin။ သူ့ကိုနှစ်လိုဖွယ်အပြုံးမျိုးပြုံးပြပြီး

"တစ်ယောက်တည်းက ပျင်းစရာကြီး၊ ငါလည်းသူငယ်ချင်းတွေစတာနဲ့ စိတ်ဆိုးပြီး မခေါ်ဘဲနေလိုက်တာ ခုတစ်ယောက်တည်းဖြစ်နေတာ။ အတူတူစားမယ်"

သူမှာပိုနေတဲ့ အသားတုကြော်၊ ကင်မ်ချီ၊ အသားစပ်ကြော်ကို ခွဲဝေပေးကာ

"စားနော်၊ နေ့လယ်စာစားချိန်က ဘယ်လိုပဲဖြစ်ဖြစ် လွတ်လို့မဖြစ်ဘူး။ များများစား"

"အင်း ကျေးဇူးပဲနော်"

ထပ်ပြုံးပြလာသည်။ ထိုအချိန်ကစပြီး Seokmin က သူ့ရင်ထဲ ကဗ္ဗည်းထိုးမိသည့် လူတစ်ယောက်ဖြစ်ခဲ့သည်။ အမြဲတမ်း Seokmin တို့အဖွဲ့နဲ့တွေ့ရင် Seokmin ကိုပဲ စိတ်လိုလက်ရ ပြုံးပြမိပေမဲ့ ဘေးက Jeonghan ကိုပါ တွတ်ထိုးပြီး လက်ညိုးထိုးထိုးပြလာသူကြောင့် တစ်ခါတလေတော့ ငါမင်းကို သဘောကျတာကွ ဟု အော်ပြောပစ်လိုက်ချင်ပါသည်။

"နောက်နေ့တွေ ငါမင်းကိုသီချင်းဆိုပြမယ်"

Seokmin က ရွှင်ပျပျပြောလာသည်။ Joshua ပျော်ရွှင်စွာ ခေါင်းညိတ်တုန့်ပြန်မိပါသည်။ သဘောကျတဲ့သူက ဆိုပြမဲ့သီချင်းကို သူနားထောင်ရမည်တဲ့။ နားထောင်တဲ့အခါ နှစ်ယောက်တည်း ဖြစ်နေဖို့ သူမျှော်လင့်ပါသည်။

//

11: 28PM

Sep, Thu, 2023

Lamin Pann Laung

Zawgyi

ခုရက္ထဲ Cheol သူ႔ကိုစကားသိပ္မေျပာေတာ့ဟု Jeonghan ခံစားမိသည္။ Cheol တို႔ေက်ာင္းက အထက္တန္း ဒုတိယႏွစ္ေတြ Mid-term မလာခင္ Test အတြက္ျပင္ဆင္ေနရတယ္ဆိုတာ Dinoေၾကာင့္သိရသည္။ စာေတြလုပ္ေနရလို႔ စကားမေျပာျဖစ္တာလား ေတြးမိေတာ့ ေခတၱမွ်စိတ္ေအးရသလို၊ နားခ်ိန္ေလးျဖစ္ျဖစ္ေတာ့ ပို႔ထားတဲ့စာေတြျပန္သင့္သည္ဟု ထပ္ေတြးမိျပန္ေရာ စိတ္ဆိုးမိျပန္သည္။ Cheol နဲ႔ပတ္သတ္ရင္ သူတအားအေတြးမ်ားေနသည္ဆိုတာ သူ႔ကိုယ္သူလည္းသတိထားမိေပမဲ့ မတတ္ႏိုင္။ တစ္ေန႔တစ္ေန႔ Cheol နဲ႔ေျပာခဲ့ဖူးတဲ့စာေတြ ျပန္ဖတ္လိုက္၊ ၿပဳံးမိလိုက္ အ႐ူးတစ္ပိုင္းပဲ။ တကယ္မ်ား စိမ္းကားသြားသလားလို႔ အဆုံးစြန္ေတြးခ်လိုက္ေတာ့ မ်က္ရည္ေတြပါဝဲလာရတယ္။

ဘာမို႔လို႔လဲ၊ တကယ္ပဲ သူနဲ႔ Cheol ကဘာေတြမို႔လို႔ သူသည္ေလာက္ စိတ္ႏုေနရတာလဲ။ ရင္ထဲကေအာင့္လာတယ္။ သူ႔ႏွလုံးသားထဲမွာ Cheol အသံေတြ ျမည္ဟည္းလာေတာ့ လြမ္းဆြတ္မႈေၾကာင့္ တစ္ဖက္ဝန္ရံတာကို လွမ္းေငးမိတယ္။ သည္ေန႔လည္း တံခါးပိတ္ထားျပန္ပါေရာလား Cheol ရယ္။ အရင္ကညနက္တဲ့အထိ စကားေျပာရင္းအိပ္ေပ်ာ္ေနက်ကို အခုေတာ့နံရံေတြကိုေငးရင္း မနက္မိုးလင္းသြားျပန္ေကာ။ ရည္းစားမရွိပါဘဲ အသည္းကြဲဒဏ္ခံစားေနရတာလား။ ႏွလုံးသားက မ်က္ရည္ေတာက္ေတာက္က်ေနတယ္။ ေက်ာင္းတူတူသြားခ်င္လို႔ မနက္ေစာေစာထမိေတာ့လည္း အရင္ဦးစြာ ထြက္ထြက္သြားတဲ့ Cheol ေနာက္ေက်ာကို အိမ္ေပၚထပ္ကေန ခိုးေငးမိတယ္။

သည္ေန႔ေတာ့ Cheol နဲ႔ မ်က္ႏွာခ်င္းဆိုင္ စကားေျပာမည္ဟု သႏၷိဌာန္ခ်လိုက္သည္။ Cheol ရဲ႕အနားမွာပဲ သူ႔ရဲ႕စိတ္အေလအလြင့္က ဝဲပ်ံေဆာ့ျမဴးေနေတာ့ သက္ျပင္းခိုးခိုးခ်ရတယ္။ သည္ေန႔ည မအိပ္ဘဲနဲ႔ ၾကက္ဦးတြန္ခ်ိန္ (နံနက္၃နာရီ) မွာလည္း ငုတ္တုတ္ထထိုင္ၿပီး Cheol အခန္းရွိရာကို နံရံေတြ၊ ေလဟာနယ္ေတြ ျခားေနတာေတာင္ ေငးေငးမိတယ္။ မနက္၅နာရီမွာ‌ေတာ့ မ်က္ႏွာသစ္၊ သြားတိုက္ၿပီး ေက်ာင္းအတူသြားဖို႔ အကုန္ျပင္ဆင္လိုက္သည္။

"မင္းဘာတတ္ႏိုင္ေသးလဲ Cheol၊ ဒီေန႔ေတာ့ ငါမင္းနဲ႔ စကားေျပာျဖစ္ေအာင္ေျပာမွာ"

သူတစ္ကိုယ္တည္း အံႀကိတ္ရင္းေျပာလိုက္သည္။ ဝန္ရံတာကို ထြက္ရင္း သူမနက္စာစားေနတုန္း Cheol ကသူ႔အိမ္တံခါးပိတ္ၿပီး ထြက္သြားၿပီ။ ေပါင္မုန႔္ေတာင္ မဝါးႏိုင္ေတာ့ဘဲ တန္းမ်ိဳခ်လိုက္ကာ လြယ္အိတ္ကို ကမန္းကတန္းလြယ္၍ အ‌ေလာတႀကီးေျပးမိသည္။ အခုမွႏိုးၿပီး အခန္းထဲကထြက္လာတဲ့ Jeonghan အေမေတာင္ ဘာႀကီးျဖတ္သြားလဲဟု ေနာက္လွည့္ၾကည့္မိသည္အထိ။

"Cheol!"

သူလွမ္းေခၚလိုက္ပါသည္။ အရင္ရက္ေတြတုန္းကလည္း သည္လိုအေစာႀကီးထြက္သြားေနက်လား။ သူ႔ကိုတမင္ေရွာင္ခ်င္လို႔လား ဟု Jeonghan ေတြးမိေတာ့ ဝမ္းနည္းကာ ဆို႔နင့္လာသည္။ ခါတိုင္းေက်ာင္းခ်ိန္က ၇နာရီခြဲျဖစ္သည္။

Cheol ကလွည့္ၾကည့္လာသည္။ သူလြမ္းေနခဲ့ရတဲ့ မ်က္ႏွာေလးက မေတြ႕ရတဲ့ရက္အနည္းငယ္အတြင္း ပိန္က်သြားသလားလို႔။သူကိုျမင္ေတာ့ အံ့ဩသြားကာ

"Jeonghan အေစာႀကီးကို"

"ေအးေလ အေစာႀကီးကို မင္းကေကာ ဘာလို႔ေက်ာင္းသြားဖို႔ ျပင္ေနရတာလဲ"

"ဪ အဲ့တာက..."

"မင္းငါ့ကိုတမင္ေရွာင္ခ်င္ေနတာမလား၊ မင္း...မင္းငါ့ကို အဆက္အဆံမလုပ္ခ်င္ေတာ့တာမလား"

Cheol နဲ႔ေတြ႕ရင္ ဒါေတြဒါေတြကို သည္လိုအစဥ္လိုက္ေျပာမည္ဟု စဥ္းစားထားေပမဲ့ Cheol စကားမဆုံးေသးခင္မွာပင္ ေတာင္စဥ္ေရမရေတြ အလုံးအေထြးလိုက္ေျပာမိေနသည္။ Cheol ကသူ႔စကားေၾကာင့္ မ်က္ေမွာင္က်ဳံ႕ကာ ေတြေဝေနသည္။ သူ႔အသံေတြတုန္ေနတာကို Cheol သိပါ့မလား၊ သူမ်က္ဝန္းထဲက တိမ္စိုင္ၿပိဳေတြကို မနည္းထိန္းခ်ဳပ္ထားရတာ Cheol သိပါ့မလား။ ဟင့္အင္း Cheol မသိပါဘူး၊ သူနဲ႔ပတ္သတ္ရင္ Cheol ဘာမွမသိဘူး။ သူကသာ အခ်ိန္ခဏေလးအတြင္း မထူးဇာတ္ခင္းၿပီး ႐ူးေနရတာ။

"မင္းဘာေတြေျပာေနတာလဲ Jeonghan "

Cheol ဒြိဟျဖစ္စြာေမးမိသည္။

"ငါ့ကိုအရင္ရက္ေတြက ဘာလို႔မေခၚတာလဲ"

"ငါအလုပ္ေတြရႈပ္ေနလို႔"

Jeonghan လမ္းေပၚမွာပဲ ငုတ္တုတ္ထိုင္ခ်ကာ မ်က္ႏွာကိုလက္ျဖင့္ကာလ်က္ အသံတိတ္ရႈိက္ငိုမိသည္။

"Jeonghan ဘာျဖစ္လို႔လဲ"

"ငါ...ငါမင္းကို ေစာင့္ေနခဲ့တာေလ"

"ဟမ္"

Jeonghan တသိမ့္သိမ့္ရႈိက္ငိုေနမိသည္။ Cheol ကေတာ့ ဘာလုပ္လို႔ဘာကိုင္ရမလဲမသိ၊ အတူပဲငုတ္တုတ္ထိုင္ငိုေပးရမလိုလို၊ မတ္တပ္ရပ္ဖို႔ပဲေျပာရမလိုလို၊ ဘာလို႔ငိုေနတာလဲပဲ ေမးရမလိုလို။

"Jeonghan ငါမင္းကို ခုတေလာ မေခၚမိလို႔လား၊ ဟုတ္လား အဲ့တာေၾကာင့္လား"

Jeonghan ေခါင္းမညိတ္မိ၊ ေခါင္းမခါမိ။ ဘာလို႔ Cheol က သူနဲ႔ပတ္သတ္ရင္ ဘာမွမသိေနရတာလဲဟု Jeonghan ဇြတ္တ႐ြတ္ေတြးမိသည္။

"အဲ့လိုမ်ိဳးႀကီး ထိုင္မေနနဲ႔ေလ Jeonghan ရဲ႕၊ ငါမင္းကိုမေခၚဘူးဆိုတာ ဟိုေန႔က ပန္းၿခံမွာ မင္းမွငါ့ကိုမေခၚတာ၊ အစကအဲ့တာေၾကာင့္ မေခၚဘဲေနမယ္ကြာဆိုၿပီးလုပ္ထားတာပဲ။ ဒါမဲ့ငါတို႔ေက်ာင္းနဲ႔ Gyeongsan ေက်ာင္းက ေဘာလုံးပြဲၿပိဳင္ရမယ္ေလ။ မင္းတို႔ေက်ာင္းလည္းပါရဲ႕သားနဲ႔ မသိဘူးလား။ ငါေဘာလုံးကန္ဖို႔ ေလ့က်င့္ေနရတာ မအားဘူး"

Cheol ကေခါင္းမေဖာ္ဘဲ ငိုေနသူရဲ႕ ေက်ာကို ဖြဖြပုတ္ကာ ေျပာလာသည္။

"ဒီၾကားထဲ Test ေတြကေျဖရ၊ ေဘာလုံးကန္ဖို႔ေလ့က်င့္ေရးဆင္းေနတဲ့သူေတြအတြက္ အခ်ိန္ပိုသီးသန႔္ဆိုၿပီးသင္ရနဲ႔"

Cheol ကရွင္းျပသလိုလိုနဲ႔ အခ်ိန္ပိုေတြေၾကာင့္ ညည္းပါညည္းေနသည္။

"Cheol"

"အင္း ေျပာ"

ျပန္ထူးလာတဲ့ေလသံက ႏူးညံ့မႈလႈိင္းတို႔ ကဲထန္လွသည္။

"မင္းငါ့ကို စိတ္ဆိုးေသးလား"

"မဆိုးေတာ့ပါဘူးကြာ၊ ငါမင္းပို႔ထားတဲ့စာေတြေတြ႕တယ္။ ငါအိမ္ေရာက္တိုင္း ဖုန္းမသုံးဖို႔ဆုံးျဖတ္ထားတာ၊ သုံးလိုက္ရင္ မင္းနဲ႔ပဲေျပာျဖစ္မွာေလ၊ ညလုံးေပါက္သြားလို႔ မနက္မထႏိုင္ရင္ ကာယဆရာ ဆူလို႔ နားပါျပတ္သြားလိမ့္မယ္"

"မင္းငါ့ကိုပစ္ထားတာ"

"မရည္႐ြယ္ပါဘူးကြာ၊ အစကေဘာလုံးကန္မယ္ကြ ဆိုၿပီး ေပ်ာ္ေပ်ာ္ႀကီးစာရင္းသြင္းပလိုက္တာ၊ ခုေတာ့ ေခြၽးတလုံးလုံးနဲ႔။ Dino ကိုေျပာခိုင္းသားပဲ၊ သူမေျပာျပဘူးလား"

Jeonghan ေခါင္းခါျပလိုက္သည္။ Cheol ေက်ာင္းအတြက္ကိုယ္စားျပဳအသင္းမွာ ေဘာလုံးကန္မွာေရာ၊ မနက္အေစာႀကီးထကာ ေလ့က်င့္ေရးဆင္းရတယ္ဆိုတာေကာ ဘာမွမေျပာျပ။ သူေျပာျပသည္မွာ Test ေျဖရသည္ဆိုတာပင္။

"မင္းငိုတာလား"

"ဟင့္အင္း"

Jeonghan ‌ေျဗာင္လိမ္မိသည္။

"မငိုနဲ႔၊ မင္းငိုတာၾကည့္မေကာင္းဘူး"

"Choi Seung Cheol"

စိတ္ဆိုးဆိုးနဲ႔ နာမည္အျပည့္ေခၚလိုက္မိသည္။ အခုက်ေတာ့လည္း စိတ္မဆိုးေတာ့ျပန္ဘူး၊ ရယ္လို႔ေမာလို႔။ သူျမင္ခ်င္တာ သည္လိုျမင္ကြင္းပါ။ ၿပဳံးရယ္ေနတဲ့ Cheol ပါးခ်ိဳင့္ေတြထက္မွာ သူ႔ေမတၱာေတြရပ္ပါတယ္။ သိပ္လွပါတယ္ဆိုတဲ့ စုတ္ခ်က္ေတြနဲ႔ ပန္းခ်ီကားေတာင္ Cheol ပါးခ်ိဳင့္ေတြေလာက္ မနစ္ဝင္ႏိုင္ပါဘူး။

"ငါဒီေန႔ေတာ့ ေနာက္က်ၿပီပဲ"

Cheol ကေပါ့ပါးစြာဆိုလာသည္။ Jeonghan ကေတာ့ သူ႔ေၾကာင့္မလို႔ အားနာစိတ္နဲ႔ ဝမ္းနည္းစိတ္ဝင္လာကာ

"ငါေတာင္းပန္ပါတယ္ Cheol"

"ဘယ္ကသာ၊ ငါကလည္း မင္းကိုနည္းနည္းျဖစ္ျဖစ္ေျပာျပသင့္တာ။ Dino ဆိုတဲ့ေကာင္ ဘာေတြလုပ္ေနလို႔ ေျပာခိုင္းတာကိုမေျပာတာလဲမသိ"

Jeonghan ငိုထားတာေၾကာင့္ နားသယ္စပ္နားမွာ ခိုတြယ္ေနတဲ့ ေခြၽးစေတြကို Cheol ကသုတ္ေပးၿပီး လြယ္အိတ္ထဲ ေဆာင္ေနက် Beanie ကိုထုတ္ကာ ဝတ္ေပးလိုက္သည္။

"လိုက္သားပဲ"

Jeonghan ကို စူးနစ္စြာၾကည့္ၿပီးေျပာသည္။ မတိုမရွည္ ဆံႏြယ္ေတြက Beanie အျပင္ကို တိုးကန္ထြက္ခ်င္ေနၾကသည္။ မနက္ခင္းေလျပည္ညင္းႏုႏု က်ီစားတာေၾကာင့္ ခပ္ႏြဲ႕ႏြဲ႕ယိမ္းခါသြားတဲ့ နားသယ္ေမႊးေတြက သိပ္ၾကည့္ေကာင္းသည္။

"Cheol ငါခုနကပုံစံကေလ"

Jeonghan ဆက္ေျပာရမလား၊ မေျပာရမလား တြန႔္ဆုတ္ေနမိသည္။

"အင္း ေျပာ"

Cheol ကအလိုက္တသင့္ စကားေထာက္ေပးလိုက္မွ

"ခုနကပုံစံက အေႏွာင့္အယွက္ျဖစ္စရာေကာင္းေနလား"

Cheol ကေလွ်ာက္ေနတဲ့ ေျခလွမ္းေတြကို တုံ႔ခနဲရပ္တန႔္လိုက္ၿပီး Jeonghan ဘက္ကို မ်က္ႏွာမူလိုက္သည္။ Jeonghan ကေတာ့ Cheol ရဲ႕ လႈပ္ရွားမႈေတြကို ေငးေနမိသည္။ Cheol က Jeonghan ေခါင္းထက္က Beanie ကိုတႏူးညံ့ပုတ္လိုက္ကာ

"အေႏွာင့္အယွက္လို႔ တစ္ခါမွမျမင္မိလို႔ မင္းဘာေတြျဖစ္ေနလဲ ငါ့ကိုအခ်ိန္မေ႐ြးေျပာလို႔ရတယ္။ အခုလို ငိုခ်တာ ဘာသေဘာလဲကြာ။ ငါ့ကိုယိုင္ေအာင္လို႔"

"..."

Cheol ရဲ႕မပီမျပင္စကားေတြက Jeonghan ရင္ကို တိုးလို႔ခုန္မိေစပါတယ္။ သူေပးအပ္လိုက္တဲ့ ခင္မင္မႈမွာ ႏွလုံးသားပါ အဆစ္ထည့္ညႇင္းေပးမိသြားတယ္။ Jeonghan Cheol ရဲ႕ အၾကည့္ေတြကို ေရွာင္လႊဲလိုက္ပါတယ္။ ႏူးႏူးညံ့ညံ့အၾကည့္ေတြ ခပ္မို႔မို႔ မ်က္ဝန္းက အန္က်လာတဲ့အခါ သူပဲ ထိန္းမႏိုင္သိမ္းမရ ေျဗာင္းဆန္ေနရတာမလို႔။ ထိန္းခ်ဳပ္ျခင္းကင္းတဲ့ ရင္ခုန္ျခင္းေတြကို Cheol ဆီပဲ ပုံအပ္လိုက္မိေတာ့တာ။

"ငါဒီေန႔ ေလ့က်င့္ေရး လစ္လိုက္ေတာ့မယ္"

"ဟင္ ဘာလို႔"

"အခ်ိန္မ‌‌ေပးလို႔ စိတ္ေကာက္ေနတဲ့သူတစ္ေယာက္ ရွိတယ္ေလ။ အခ်ိန္ေပးရမွာေပါ့"

"စိတ္မေကာက္ပါဘူးဆို"

"မင္းနာမည္ ထည့္ေျပာမိလို႔လား"

"မနက္ေစာေစာ မင္းေဘးမွာငါပဲရွိေနတာ"

"မင္းရွိေနတာနဲ႔ မင္းကိုပဲေျပာရမယ္ေပါ့"

"ေျပာပါအုံး မင္းကိုစိတ္ေကာက္တဲ့လူက ငါအျပင္ ဘယ္သူရွိေသးလို႔...အဲ "

Cheol က အားရပါးရရယ္သည္။ တကယ့္ကို အားမနာလွ်ာမက်ိဳးေအာ္ရယ္ေနသူေၾကာင့္ Jeonghan ရွက္သြားရကာ ေခါင္းငုံ႔ထားမိသည္။ စကားကို မလွိမ့္တစ္ပတ္နဲ႔ ေျပာသြားတဲ့Cheol က တကယ္လူလည္က်ပါေပတယ္။ သူလည္း နဂိုလူလည္ေပမဲ့ Cheol နဲ႔ေတြ႕မွ လည္ေတာ့လည္တယ္၊ ဒါေပမဲ့ တစ္ပတ္မျပည့္ေတာ့ပါဘူး။

"ငါဒီေန႔ေလ့က်င့္ေရးအခ်ိန္ကို လစ္မယ္ကြာ။ အက်ိဳးဆက္ကေတာ့ ညေနဘက္ သူမ်ားေတြေက်ာင္းဆင္းရင္ မဆင္းရေတာ့ဘူးေပါ့။ ကြင္းပတ္ေျပးရမွာ၊ မင္းအေဖာ္လုပ္ေပး"

Jeonghan ဝမ္းသာအားရ အေဖာ္ျပဳေပးခ်င္ေပမဲ့

"မလုပ္ေပးပါဘူး"

"ေအးၿပီးေရာ မုန႔္လည္းမဝယ္ေကြၽးေတာ့ဘူး၊ စာလည္းမျပန္ေတာ့ဘူး၊ ဆံပင္ဆိုးရင္ မင္းကိုပဲ ကြက္မျပဘူး၊ ဖုံးထားမွာ"

Cheol ကႏႈတ္ခမ္းေထာ္ေထာ္နဲ႔ ရန္စြာသည္။ Jeonghan မခံစားႏိုင္တာသိတာေၾကာင့္ တမင္လုပ္တဲ့ ငနဲရဲ႕ လက္ေမာင္းကို တစ္ခ်က္႐ိုက္လိုက္ၿပီး

"လူဆိုးေကာင္၊ စလို႔ေတာင္မရ"

Cheol က Jeonghan ရဲ႕ ပုခုံးကို အားနဲ႔သိုင္းဖက္လိုက္ၿပီး တဟားဟားေအာ္ရယ္သည္။ သည္လိုနဲ႔ မနက္ေစာေစာ တစ္လမ္းလုံး ေယာက္်ားသားႏွစ္ေယာက္ရဲ႕ ေအာ္ဟစ္တြန္းတိုက္သံေတြမွာ ပဲ့တင္ထပ္လို႔။ Jeonghan ရဲ႕ အက္ကြဲေနတဲ့ ႏွလုံးသားဟာ တစ္စုံတစ္ေယာက္ရဲ႕ အၿပဳံးနဲ႔မွ ျပန္ကုစားႏိုင္သည္သာ။ Jeonghan ရဲ႕ သိမ္ေမြ႕တဲ့ ေမတၱာက Cheol ကိုပဲေမွ်ာ္ကိုးပါတယ္။

//

"Hoshi မင္းအဲ့ေတာ့ RYP ရဲ႕ခ်ီးက်ဴးတာခံလိုက္ရတာေပါ့ အားက်တယ္ကြာ" (JYP မဟုတ္တဲ့ RYP)

"ေအး ဒါမဲ့တစ္ခါပါပဲ၊ မတရားလို႔ထြက္ခဲ့တာ"

"ငါလည္း Audition ဝင္ေျဖခ်င္တာ၊ အရည္အခ်င္းမရွိေသးဘူးထင္လို႔"

"ဒီတိုင္းေနေနရင္ေတာ့ သူ႔ဘာသာသူ အရည္အခ်င္းက ေကာက္ခါငင္ကာ ထေပၚမလား Dino ရာ၊ ဒီလိုပဲ ႀကိဳးစားရတာေပါ့"

Hoshi က သူ႔ကိုအားက်ေနသည့္ Dino ေၾကာင့္ အာဝဇၨန္း႐ႊင္ကာ ေလႀကီးေလက်ယ္ေတြေျပာေတာ့သည္။ ခုတေလာ Dino က Hoshi နားသိပ္ကပ္သည္။ သူသိခ်င္သည့္ Audition အေၾကာင္းေတြကို Hoshi က ဂဃနဏသိသည္မလို႔ ေမးခ်င္တာေတြ ဇြတ္ေမး၊ ဟိုက ေျမႇာက္ေျဖတာေတြကိုလည္း အဟုတ္မွတ္ၿပီး သေဘာေတြက်လို႔။ Hoshi က Dino ရဲ႕ Idol ျဖစ္လို႔ေနသည္။ သည္လိုနဲ႔ အတန္းထဲ တစ္‌ေယာက္တစ္ခြန္း ေပါက္ေပါက္‌ေဖာက္ေနၾကသည္။

"wonnu ရား"

႐ုပ္မျမင္အသံကစၾကားရပါၿပီ။ Wonwoo ခိုးၿပဳံးမိသည္။ အတန္းထဲသူစစခ်င္းဝင္တာနဲ႔ Mingyu က သူ႔ဆီအရင္ေျပးလာၿပီး မနက္ခင္းႏႈတ္ဆက္သည္။ မနက္စာစားၿပီးၿပီလား၊ ဘာစားလာလဲ၊ စသျဖင့္ ေမးသည္။ မစားလာဘူးဟု ေျဖလွ်င္ ပန္းသီးJuice ေလးေပးလိုက္၊ ေပါင္မုန႔္ေလးေပးလိုက္ႏွင့္ အမွတ္ေတြယူေလ့ရွိသည္။ စကားနည္းသည့္ Minghao ကေတာင္ သူတို႔ႏွစ္ေယာက္ကို ေဝးေဝးသြားၾကပါ ဟု ေျပာရသည္အထိ။ ဖြင့္လည္းမေျပာေသး၊ မထိခလုတ္ထိခလုတ္လည္း စကားေတြအန္ထြက္တတ္သည့္ Mingyu ေၾကာင့္ သူငယ္ခ်င္းေတြက အားမလိုအားမရျဖစ္ရသည္။ Wonwoo ကေတာ့ စကားလာေျပာရင္ ျပန္ေျပာသည္၊ မုန္႔ေပးရင္ ယူလိုက္သည္၊ စာလာေမးရင္ ေျဖလိုက္သည္။ သည္ေလာက္သာ။

"ညဂိမ္းေဆာ့ရေအာင္ေနာ္"

"စီးရီးထြက္ၿပီ၊ ငါၾကည့္ရမယ္၊ မဟုတ္ရင္ ဆိုရွယ္မွာ စပြိဳင္းၾကမွာ"

"Wonnu ေလးကလည္းကြာ"

သူ႔ကိုယ္လုံးႀကီးနဲ႔ Wonwooေပၚမွီႏြဲ႕လာတာေၾကာင့္ တြန္းထုတ္လိုက္ၿပီး

"ၿပီးေရာ"

Mingyu က Wonwoo အေျဖေၾကာင့္ အားရသြားကာ လက္သီးလက္ေမာင္းတန္းၿပီး သူ႔ခုံသူျပန္သြားသည္။ Wonwoo ကေတာ့ Mingyu ေပးလာတဲ့ ပန္းသီး Juice ေလးကို မသိမသာေငးၿပီး ၿပဳံးမိသည္။ Minghao ကည္း အတန္းခ်ိန္မစခင္ Jun လက္ေဆာင္ေပးထားသည့္ စာအုပ္ေလးကို နစ္ေမ်ာစြာဖတ္ေနသည္။ သည္လိုနဲ႔ သူတို႔အတန္းေလးမွာ ပုံမွန္လို လႈပ္ရွားလ်က္ပါပဲ။ ခါတိုင္းနဲ႔တူမေနတာကေတာ့ ေက်ာင္းေစာေစာေရာက္သည့္ Jeonghan က သည္ေန႔မွ ေက်ာင္းေနာက္က်ေနၿပီး Seokmin ကေတာ့ ‌ေက်ာင္းေရာက္ကတည္းက Jisoo နဲ႔ဂစ္တာတီးသင္ေနက် အခန္းဆီ ေျခခ်င္းလိမ္ေနမိတာပါပဲ။

//

"ခုရက္ပိုင္းထဲ မင္းသိပ္တိုးတက္လာတာ"

"ဟီး မင္းေက်းဇူးနဲ႔ေလ၊ မင္းသင္တာေတာ္လို႔"

Seokmin ကအသည္းပုံဆန္ဆန္အၿပဳံးေလးၿပဳံးသည္။ Joshua ကေတာ့ ထိုအၿပဳံး‌ေလးကို ဒီဇိုင္းမတ္မတ္ေငးလို႔။ သည္လိုအခ်ိန္ေတြဆို ပိုၿပီးနီးကပ္တာေၾကာင့္ ႏွစ္ေယာက္တည္း အတူရွိဖို႔ ဉာဏ္နီဉာဏ္နက္ေတြ မ်ားခဲ့ရတာ။ သူ႔သူငယ္ခ်င္းေတြနဲ႔ဆို Joshua ကိုစကားသိပ္မေျပာဘဲ Jeonghan နဲ႔တြတ္ထိုးလ်က္။ သူ Jeonghan ကိုခင္ေပမဲ့ Seokmin ကေတာ့ သူမတူသေဘာက်မိသူေလး။ စေတြ႕ကတည္းက သူ႔အေပၚႏူးႏူးညံ့ညံ့ၿပဳံးကာ ေဖးမေပးသည္က သူတစ္သက္မေမ့သည့္ အခိုက္အတန႔္ေလး။

ထိုေန႔က

သူအထက္တန္းပထမႏွစ္၊ သည္ေက်ာင္းမွာ ေက်ာင္းသားသစ္ျဖစ္ၿပီး သူငယ္ခ်င္းကလည္းမရွိ၊ ေဖာ္ေဖာ္ေ႐ြေ႐ြရွိတာဟုတ္ေပမဲ့ သူ႔အုပ္စုနဲ႔သူေနေလ့ရွိသူေတြေၾကာင့္ သြားေရာလို႔ကလည္းမေကာင္းဟု ထင္မိသည္ေၾကာင့္ တစ္ေယာက္တည္းသာ အခ်ိန္ကုန္ေနရသည္။ ေန႔လယ္စာစားခ်ိန္မွာ ဂစ္တာတီးေနရင္း အခ်ိန္ကုန္လို႔ကုန္မွန္မသိတာေၾကာင့္ ေနာက္က်ေနတာရယ္၊ ေနာက္က်လို႔ ဟင္း၊ထမင္း ဘာမွသိပ္မက်န္ေတာ့တာရယ္၊ တစ္ေယာက္တည္းျဖစ္ေနတာရယ္ ေၾကာင့္ ပ်င္းရိပ်င္းတြဲျဖင့္ စားေနမိသည္။ ထိုစဥ္ အေအးဘူးေလးတစ္ဘူး ေဘးနားေရာက္လာကာ ေမာ့ၾကည့္လိုက္ေတာ့ Seokmin။ သူ႔ကိုႏွစ္လိုဖြယ္အၿပဳံးမ်ိဳးၿပဳံးျပၿပီး

"တစ္ေယာက္တည္းက ပ်င္းစရာႀကီး၊ ငါလည္းသူငယ္ခ်င္းေတြစတာနဲ႔ စိတ္ဆိုးၿပီး မေခၚဘဲေနလိုက္တာ ခုတစ္ေယာက္တည္းျဖစ္ေနတာ။ အတူတူစားမယ္"

သူမွာပိုေနတဲ့ အသားတုေၾကာ္၊ ကင္မ္ခ်ီ၊ အသားစပ္ေၾကာ္ကို ခြဲေဝေပးကာ

"စားေနာ္၊ ေန႔လယ္စာစားခ်ိန္က ဘယ္လိုပဲျဖစ္ျဖစ္ လြတ္လို႔မျဖစ္ဘူး။ မ်ားမ်ားစား"

"အင္း ေက်းဇူးပဲေနာ္"

ထပ္ၿပဳံးျပလာသည္။ ထိုအခ်ိန္ကစၿပီး Seokmin က သူ႔ရင္ထဲ ကဗၺည္းထိုးမိသည့္ လူတစ္ေယာက္ျဖစ္ခဲ့သည္။ အၿမဲတမ္း Seokmin တို႔အဖြဲ႕နဲ႔ေတြ႕ရင္ Seokmin ကိုပဲ စိတ္လိုလက္ရ ၿပဳံးျပမိေပမဲ့ ေဘးက Jeonghan ကိုပါ တြတ္ထိုးၿပီး လက္ညိဳးထိုးထိုးျပလာသူေၾကာင့္ တစ္ခါတေလေတာ့ ငါမင္းကို သေဘာက်တာကြ ဟု ေအာ္ေျပာပစ္လိုက္ခ်င္ပါသည္။

"ေနာက္ေန႔ေတြ ငါမင္းကိုသီခ်င္းဆိုျပမယ္"

Seokmin က ႐ႊင္ပ်ပ်ေျပာလာသည္။ Joshua ေပ်ာ္႐ႊင္စြာ ေခါင္းညိတ္တုန႔္ျပန္မိပါသည္။ သေဘာက်တဲ့သူက ဆိုျပမဲ့သီခ်င္းကို သူနားေထာင္ရမည္တဲ့။ နားေထာင္တဲ့အခါ ႏွစ္ေယာက္တည္း ျဖစ္ေနဖို႔ သူေမွ်ာ္လင့္ပါသည္။

//

11: 28PM
Sep, Thu, 2023
Lamin Pann Laung

Continue Reading

You'll Also Like

2.5K 131 4
only seventeen one shots
8.8K 736 18
ဖော်ရွေပြီးဘက်စုံတော်တဲ့ Doctor Choi Seungcheol အောင်မြင်ကျော်ကြားတဲ့ Globe Model Yoon Jeonhan ဘယ်လိုတွေ့ဆုံမှုနဲ့ ​နောက်ပိုင်းဘယ်လိုဆက်ဖြစ်မလဲ *ဒီ f...
5.5K 767 15
တလွဲမာနတွေရှိသ၍ကတော့ ကျွန်တော်နဲ့ ဟုန်းမျိုးရိုးက အဆင်ပြေမှာမဟုတ်ဘူး
17.2K 247 18
Alicia Johnson and Joe Burrow have been best friends since childhood. Skyler has always had a crush on Joe and everyone knew, even Joe, but Joe only...