Chapter (210) - ရပ်တန့်ပြီး အနားယူပါ
နာရီဝက်ခန့်အကြာတွင် Captainရန်၏ လူများလည်း အခင်းဖြစ်ပွားရာသို့ရောက်ရှိလာသည်။ သူတို့သည် တတိယဖျားနာဆောင်ခန်းမ၏ အမှုကို ဆက်လက်လုပ်ဆောင်ရန် တာဝန်ပေးခံရသူများဖြစ်သည်။
"မင်းက ချန်ကောလား?" ဦးဆောင်သူမှာ လူငယ်တစ်ယောက် ဖြစ်သည်။
"ဟုတ်ကဲ့။" ချန်ကောသည် ဤလူကို ယခင်က မမြင်ဖူးသောကြောင့် သူက ရဲစခန်းမှ သာမန်ရဲအရာရှိ မဟုတ်လောက်ဘူးဆိုတာ သိလိုက်သည်။
"ကျွန်တော် တို့နဲ့ လိုက်ခဲ့ပါ။ သားကောင် သတိမရသေးခင်မှာ ခင်ဗျား ရဲ့ ဘေးကင်းရေး အတွက် ကျွန်တော်တို့ တာဝန်ယူရမှာ ဖြစ်တယ်။"
အကြောင်းအရာသည် ယဉ်ကျေးသော်လည်း လေသံက သဘောကျစရာမကောင်းပေ။ ချန်ကောက သူ့ကို စစ်ဆေးရေးမှူး လီ ပေးခဲ့တဲ့ လျှို့ဝှက်ချက်အချက်ပြမှုကို မြင်လိုက်ရပြီး ဒီလူအုပ်စုကို ဆေးရုံကို လိုက်ပို့ဖို့ စိတ်အေးလက်အေး ဖြစ်နေသည်။
11:30pm တွင် ကုဖေးယွီ နိုးလာပြီး ဖြစ်ပျက်သမျှအားလုံးကို ရဲများကို ပြောပြလိုက်သည်။ ချန်ကောသည် အရူးမိန်းမကို ကိုင်တွယ်ဖြေရှင်းနေစဉ် အသိစိတ်တစ်ဝက်ရှိသေးသောကြောင့် ချန်ကောကို ကောင်းကောင်း မြင်ခဲ့သည်။
သေတော့မယ်လို့ သူ ထင်ခဲ့မိသည်။ ဤအတွေ့အကြုံသည် ကုဖေးယွီ တစ်သက်မမေ့နိုင်သော အရာတစ်ခုဖြစ်လာခဲ့သည်။ သူ့ရဲ့ ပြင်းပြတဲ့ တောင်းဆိုမှုအောက်မှာ ရဲတပ်ဖွဲ့က ချန်ကောကို ရှာတွေ့ခဲ့ပြီး နှစ်ယောက်သား တွေ့ဆုံဖို့ စီစဉ်ခဲ့သည်။ ချန်ကောနဲ့ ထပ်တွေ့တော့ ကုဖေးယွီ ရဲ့ အမူအရာနဲ့ လေသံက ပထမအကြိမ်တွေ့တာနဲ့ လုံးဝမတူတော့ပေ။ လူငယ်သည် ရိုးရှင်းသော စိတ်ထားရှိကာ ယုံကြည်ချက်ရှိသူ ဖြစ်သည်။ ချန်ကော၏လက်ကို ကိုင်ထားပြီး ချန်ကောကို စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်ခဲ့သည်။
ဒါကိုမြင်တော့ ချန်ကောအပေါ် ရဲတွေရဲ့ သံသယတွေ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ ထိပ်တန်း အရာရှိငယ်က သူ့ကို အလွန်ချီးကျူးနေပြီး ချန်ကောကို ရှက်ရွံ့သွားစေခဲ့သည်။ ညသန်းခေါင်လောက်မှာ ချန်ကောက ဆေးရုံက ထွက်လာခဲ့သည်။ လူရှင်းသည့် လမ်းဆုံတစ်ခုတွင် ရပ်ကာ အမှောင်ဖုံးနေသော မြို့ကို လှမ်းကြည့်လိုက်သည်။
"ငါ သူတို့ကိုပြောပြသင့်တယ်။"
တစ်ဝက်ပြတ်နေသော လက်ကမ်းစာစောင်ကို ကိုင်ထားပြီး ချန်ကောက Captain ရန် ကို ဖုန်းခေါ်လိုက်သည်။
"ရှောင်ချန်လား?"
"Captain၊ ကျွန်တော် ခင်ဗျားကို ပြောစရာရှိတယ်"
"လူနာ နံပါတ် 2 နဲ့ ပတ်သက်တာလား။ စိတ်မပူပါနဲ့၊ ငါ အစီရင်ခံစာ ရထားပြီးသားပါ။ မင်း လူ့အသက်ကို ကယ်လိုက်တာ၊ ကောင်းတယ်..."
သို့သော် Captainရန်၏ လေသံမှာ ပြင်းထန် လေးနက်လာသည်။
"ဒါပေမယ့် မင်းရဲ့ လျှို့ဝှက်စုံစမ်းရေးနည်းလမ်းတွေကို ငါ သဘောမတူဘူး။ဒါက မင်း အသက်နဲ့ ဘဝကို ထိခိုက်စေလိမ့်မယ် "
"စိတ်မပူပါနဲ့၊ ဒီနေ့ လူနာ အမှတ်(၂)ကို ရှာဖွေတွေ့ရှိမှုဟာ တိုက်ဆိုင်မှု သက်သက်ပါ။ နောက်တစ်ကြိမ် ထပ်မဖြစ်တော့ပါဘူး။" ချန်ကောရဲ့ အသံက လေးနက်နေသည်။
"နောက်ထပ် တောင်းဆိုစရာလေးရှိလို့ပါ။ လူနာ နံပါတ် 2 ပြောတာကို ကျွန်တော် ခိုးနားထောင်နေတဲ့ အချိန်မှာ အထူးအဖွဲ့ တစ်ခုရှိတယ်လို့ ပြောတာကို ကြားလိုက်ရတယ်။ အဲဒီအဖွဲ့ကို တစ္ဆေပုံပြင် အဖွဲ့လို့ခေါ်တယ်။"
"တစ္ဆေပုံပြင် အဖွဲ့ ဟုတ်လား...?"
"ဟုတ်တယ်၊ နာမည်ကို နားထောင်ရတာ ထိတ်လန့်စရာ ဇာတ်လမ်းကို နားထောင်ရတာကို ကြိုက်တဲ့ ဝါသနာရှင်တွေအတွက် စုစည်းဖွဲ့စည်းထားတယ်လို့ ထင်ရပေမယ့် ဇာတ်လမ်းတွေ ဖန်တီးမယ့်အစား တကယ့် ဇာတ်လမ်းတွေကိုပဲ ပြောပြကြတာတဲ့။"
"အဲဒါကို ကြားလိုက်တဲ့အချိန်...လူနာနံပါတ် 2 က ဘယ်သူနဲ့ ပြောနေတာလဲ၊ သူ့ဖုန်းထဲမှာ မှတ်တမ်းကို ရှာတွေ့နိုင်မလား" Captain ရန် က သံသယဝင်စွာပြောခဲ့သည်။ ။
"သူ ဖုန်းပြောနေတာမဟုတ်ဘူး။ ဒီအမျိုးသမီးအခန်းထဲမှာ ပုန်းနေတဲ့ အမကြီး တစ်ယောက်ရှိတယ်၊ ဒါကြောင့် သူဘာလို့ တစ်ယောက်တည်း ပြောနေတာလဲဆိုတာ ခင်ဗျား နားလည်မှာပါ "
ချန်ကောသည် တစ်ဝက်ပြတ်နေသော လက်ကမ်းစာစောင်ကို သိမ်းဆည်းထားသည်။
"ဒီ အဖွဲ့ ကို တတိယမြောက်ဖျားနာနေတဲ့ ခန်းမကနေ လွတ်မြောက်လာတဲ့ စိတ်ဝေဒနာရှင်တွေနဲ့ ဖွဲ့စည်းထားတာလို့ ကျွန်တော် သံသယဖြစ်မိတယ်၊ အဲဒီအမျိုးသမီးက အဖွဲ့ဝင်တွေထဲက တစ်ယောက်ဖြစ်နိုင်တယ်။"
"စိတ်ဝေဒနာရှင်တွေ တည်ထောင်ထားတဲ့ တစ္ဆေပုံပြင်ပြောတဲ့ အဖွဲ့ လား?"
Captain ရန် က ဒီအကြောင်းကို စဉ်းစားပြီး ချန်ကောကို လေးလေးနက်နက်ပြောခဲ့သည်။
"ဒါကို ငါ့လူတွေကို လိုက်စုံစမ်းလိမ့်မယ်။ နောက်ထပ် အချက်အလက်တွေရှိရင် ငါ့ကို ဖုန်းဆက်ဖို့ မမေ့နဲ့"
"စိတ်ချပါ"
ဖုန်းချလိုက်ပြီးနောက် ချန်ကောက သူ့ကော်လာကို ဆွဲတင်ကာ လေအေးကို ကာလိုက်သည်။
သူတို့သည် အပတ်တိုင်း ဖြစ်ရပ်မှန်ကို မျှဝေရသော်လည်း မျှဝေရန် ဇာတ်လမ်းမရှိလျှင်ကော။ ကိုယ်တိုင်ဖန်တီးမလား?
ချန်ကောသည် New Century Park သို့ ပြန်လာခဲ့သည်။ သရဲခြောက်တဲ့အိမ်ထဲကို ဝင်လိုက်တာနဲ့ ကြောင်ဖြူလေးက သစ်ပင်ပေါ်ကနေ ခုန်ဆင်းပြီး သူ့နောက်ကနေ လိုက်လာခဲ့သည်။
"နောက်တစ်ခါတော့ မင်းကို ကြိုးချည်ပြီး ငါနဲ့ အတူခေါ်သွားမယ်!"
ကြောင်ကို အစာကျွေးပြီးနောက် ချန်ကောသည် သူ၏နေ့စဉ်လုပ်ဆောင်မှုများကို ကြည့်ရှုရန် အနက်ရောင်ဖုန်းကို ထုတ်ခဲ့သည်။ ချန်ကောက သူတို့နှစ်ယောက်ကို အရင်က မြင်ဖူးသည်။ သူတို့သည် ခြိမ်းခြောက်မှုများကို လျှို့ဝှက် ကိုင်တွယ်ဖြေရှင်းရန်နှင့် ဝန်ထမ်းအသစ်တစ်ဦးကို ငှားရမ်းရန်ဖြစ်သည်။ ချန်ကောရဲ့ တတိယမြောက်နေ့စဉ်မစ်ရှင်ကို ပထမဆုံးအကြိမ်တွေ့လိုက်ရသည်။ သရဲခြောက်သော အိမ်အပြင်ဘက်တွင် ဧည့်သည်တွေ အနားယူနိုင်မည့် နေရာတစ်ခု တည်ဆောက်ရန် ချန်ကောကို ခိုင်းထားသည်။ အချိန်ကန့်သတ်ချက်က တစ်ရက်ဖြစ်ပြီး အခက်အခဲက ပုံမှန်ပါပဲ။
အနက်ရောင်ဖုန်းမှပေးသော မစ်ရှင်များသည် သူ၏လက်ရှိအခြေအနေတွင် လုပ်ဆောင်ရမည့် အရာများဖြစ်သည်။တကယ်ပဲ ဧည့်သည်ဦးရေ တိုးလာသည်နှင့်အမျှ သူတို့ကို အချိန်အကြာကြီး တန်းစီခိုင်းတာက ကောင်းသောအကြံမဟုတ်ပေ။
ချန်ကောသည် ဤမစ်ရှင်ကို လက်ခံရန် စခရင်ကို နှိပ်လိုက်သည်။ ထို့နောက် ရိုးရှင်းသော အနားယူမှု နေရာကို ဒီဇိုင်းဆွဲရန် ဘောပင်နှင့် စာရွက်ကို အသုံးပြုခဲ့သည်။
ဒါကို တည်ဆောက်ဖို့ သူ့မှာ ဘတ်ဂျက်မလောက်ဘူး။ ပိုက်ဆံအလုံအလောက်ရှိရင် သရဲခြောက်တဲ့ အိမ်ဘေးမှာ ဘက်စုံသုံး အဆောက်အအုံတစ်ခုကို ဧည့်သည်တွေ ထိတ်လန့်မှု ပြေစေဖို့ နဲ့ အနားယူဖို့အပြင် သရဲခြောက်တဲ့ အိမ်ထဲဝင်မည့် လက်မှတ်ရောင်းဖို့နေရာလည်း ထည့်သွင်းနိုင်သည်။
ထိုနေရာကို တည်ဆောက်မည့် အတွေးထဲ ချန်ကော ဈာဉ်ဝင်သွားခဲ့သည်။ ထျန်းထန် ဆေးကျောင်းပုံစံကို အခြေခံပြီး သူ့သရဲအိမ်ထဲမှ ဆက်တင် တစ်ခုစီအတွက် နောက်ခံကို မိတ်ဆက်ရန် ကြီးမားသော ပုံကို ရေးဆွဲထားလို့ရသည်။ ထို့နောက် ဖန်သားပြင်ပေါ်တွင် ထုတ်လွှင့်ရန် အချို့သောဧည့်သည်များ၏ ကြောက်လန့်နေသည့် ဗီဒီယိုများကို ရွေးချယ်ပြသပြီး အခြားဧည့်သည်များ၏ စူးစမ်းချင်စိတ်နှင့် စိတ်ဝင်စားမှုကို လှုံ့ဆော်ပေးနိုင်မည်ဖြစ်သည်။
ချန်ကောက စာရွက်ပေါ်မှာ ဒါကိုရေးဆွဲလိုက်တယ်။ အခက်အခဲအဆင့်ကို ခွဲခြားသတ်မှတ်ခြင်းဖြင့်၊ အခက်အခဲနှင့်ဖြေရှင်းရမည့် အချိန်ပေါ်မူတည်၍ အဆင့်သတ်မှတ်ဘုတ်ကိုပင် ပြင်ဆင်ခဲ့သည်။ အဲဒါက သည်းထိတ်ရင်ဖို အတွေ့ကြုံကို ရှာဖွေသူတွေနဲ့ အောင်မြင်မှု စုဆောင်းသူတွေကို သေချာပေါက် လှုံ့ဆော်ပေးလိမ့်မယ်။ ပြီးသွားတဲ့အခါမှာတော့ စက္ကူဒီဇိုင်း တော်တော်များများကို ရေးဆွဲခဲ့ပါသည်။
ချန်ကောက ထိုအရာတွေကို စီစဉ်ပြီး မနက်ဖြန် မနက်မှာ ဒါရိုက်တာ လျှို နဲ့ တွေ့ဖို့ ပြင်ဆင်နေလိုက်သည်။ သူတင်ပြသည်ကို ထိုလူ ယုံနိုင်လိမ့်မယ်လို့ မျှော်လင့်မိတာပဲ...
သူသည် အချိန်ကို တစ်ချက်ကြည့်လိုက်သည်။ မနက် ၂ နာရီ ထိုးနေပြီဖြစ်လို့ ချန်ကောပျင်းရိစွာ ကျောဆန့်လိုက်သည်။
သရဲခြောက်သောအိမ်အတွင်းရှိ တစ်ခုတည်းသော လျှို့ဝှက်လုံခြုံရေးအန္တရာယ်မှာ တံခါးဖြစ်သော်လည်း 'တံခါး' သည် သန်းခေါင်ယံအချိန်တွင်သာ ပေါ်လာသောကြောင့် ဧည့်သည်များကို မထိခိုက်စေပေ။ အနက်ရောင်ဖုန်းပေါ်ရှိ အဆက်မပြတ်ပေးပို့နေသည့် အရိပ်အမြွက်များအရ ထို 'တံခါး' နှင့် ပတ်သက်၍ တစ်ခုခုလုပ်သင့်သည်ဟု သတိပေးနေသည်။ စုဆောင်းရေးမစ်ရှင်သည် ပို၍ပင်လွယ်ကူသည်။ ထျန်းထန် ဆေးကျောင်းမှ အချို့သရဲတွေကို ဝန်ထမ်းအဖြစ် ငှားနိုင်သည်။
အား...အခုက အဲ့ဒါတွေကို ရွှေ့ဖို့ အချိန်မကျသေးဘူး။
ချန်ကောသည် သရဲခြောက်သော အိမ်နှစ်အိမ်ကြားရှိ အားသာချက်များနှင့် အားနည်းချက်များကို ယှဉ်ကြည့်ရင်း စားပွဲပေါ်မှ ဘောပင်ကို ပုတ်လိုက်သည်။ သူသည် မာနကြောင့် မျက်ကန်းဖြစ်သွားမည် မဟုတ်ပေ။ သူ့သရဲအိမ်၏ မည်သည့်နေရာများသည်ထျန်းထန် ဆေးကျောင်းနှင့် ယှဉ်လျှင် ဘယ်လို အားနည်းသည်ကို သူသိသည်။
ထျန်းထန် ဆေးကျောင်းသည် သေးငယ်သော်လည်း သူတို့၏ မြင်ကွင်းများသည် ချောမွေ့စွာ ဆက်စပ်နေသည်။ နှိုင်းယှဉ်ကြည့်လျှင် သူ၏ သရဲခြောက်သောအိမ်သည် ပိုကြီးသော်လည်း၊ နေရာလွတ်များစွာလည်း ရှိနေသေးသည်။
ဒါက ချန်ကောရဲ့ အပြစ်မဟုတ်ဘူး။ လွန်ခဲ့သည့် တစ်ပတ်ခန့်က သူသည် ဖုန်းအနက်မှ သရဲ အိမ် တိုးချဲ့ရန် မစ်ရှင်များ ပြီးမြောက်ရန် အလုပ်များနေသောကြောင့် ချို့ယွင်းချက်အချို့ ရှိနေဦးမည် ဖြစ်သည်။
ငါ့သရဲအိမ်မှာ ကြောက်စရာတွေ ထပ်ထည့်သင့်တယ်။ မနက်ဖြန်မှာ ခြောက်လန့်မယ့် ဆက်တင်အသစ်နဲ့ အရုပ်တချို့ လုပ်ရတော့မယ် ထင်ပါရဲ့။
အစမ်းမစ်ရှင် အများအပြားပြီးနောက် ချန်ကောသည် လူများကိုကြောက်လန့်စေသောနည်းလမ်းများကို ကျွမ်းကျင်လာခဲ့သည်။ သူ့စိတ်ထဲတွင် အတွေးသစ်တွေ ပြည့်နှက်နေပြီး လာရောက်လည်ပတ်သူများထံမှ အော်သံများကို တွေးကာ မပြုံးပဲ မနေနိုင်တော့ပေ။
မစောင့်နိုင်တော့ဘူး။ တတိယဖျားနာဆောင်ခန်းမကို လာရောက်လည်ပတ်တဲ့ ပထမဆုံးဧည့်သည်ဖြစ်ဖို့ ဘယ်သူက အရမ်းကံကောင်းနေမလဲလို့ ချန်ကော တွေးနေမိသည်။
ချန်ကော၏ မျက်လုံးများရှေ့တွင် တောက်ပသည့် ကြောင်အမွေးတွေကို မြင်လိုက်ရသည်။ ကြောင်ဖြူက ချန်ကော တစ်ယောက် အရမ်း ဆူညံနေသည်ဟု ထင်ပုံရသည်။ စားပွဲပေါ်မှ ခုန်ဆင်းကာ ကုတင်ပေါ်သို့ တက်ပြီး မွေ့ယာပေါ်တွင် ခွေနေသည်။
ချန်ကောလည်း တော်တော်နောက်ကျနေပြီဆိုတာ သိလိုက်ရသည်။ သူက မနက် 7 နာရီအတွက် နှိုးစက်ပေးလိုက်ပြီး ကြောင်ဘေးမှာ လှဲအိပ်လိုက်တယ်။
နေထွက်လာချိန် ချန်ကောနိုးလာပြီး သရဲခြောက်သောအိမ်ကို သန့်ရှင်းရေးလုပ်သည်။ ထို့နောက် မနေ့ညက သူပြောခဲ့သော အတွေးသစ်ကို အကောင်ထည်ဖော်ရန် ထိုနေရာမှ ထွက်ခွာသွားခဲ့သည်။
*****-********
Chapter (210) - ရပ္တန႔္ၿပီး အနားယူပါ
နာရီဝက္ခန႔္အၾကာတြင္ Captainရန္၏ လူမ်ားလည္း အခင္းျဖစ္ပြားရာသို႔ေရာက္ရွိလာသည္။ သူတို႔သည္ တတိယဖ်ားနာေဆာင္ခန္းမ၏ အမႈကို ဆက္လက္လုပ္ေဆာင္ရန္ တာဝန္ေပးခံရသူမ်ားျဖစ္သည္။
"မင္းက ခ်န္ေကာလား?" ဦးေဆာင္သူမွာ လူငယ္တစ္ေယာက္ ျဖစ္သည္။
"ဟုတ္ကဲ့။" ခ်န္ေကာသည္ ဤလူကို ယခင္က မျမင္ဖူးေသာေၾကာင့္ သူက ရဲစခန္းမွ သာမန္ရဲအရာရွိ မဟုတ္ေလာက္ဘူးဆိုတာ သိလိုက္သည္။
"ကြၽန္ေတာ္ တို႔နဲ႔ လိုက္ခဲ့ပါ။ သားေကာင္ သတိမရေသးခင္မွာ ခင္ဗ်ား ရဲ႕ ေဘးကင္းေရး အတြက္ ကြၽန္ေတာ္တို႔ တာဝန္ယူရမွာ ျဖစ္တယ္။"
အေၾကာင္းအရာသည္ ယဥ္ေက်းေသာ္လည္း ေလသံက သေဘာက်စရာမေကာင္းေပ။ ခ်န္ေကာက သူ႔ကို စစ္ေဆးေရးမႉး လီ ေပးခဲ့တဲ့ လွ်ိဳ႕ဝွက္ခ်က္အခ်က္ျပမႈကို ျမင္လိုက္ရၿပီး ဒီလူအုပ္စုကို ေဆး႐ုံကို လိုက္ပို႔ဖို႔ စိတ္ေအးလက္ေအး ျဖစ္ေနသည္။
11:30pm တြင္ ကုေဖးယြီ ႏိုးလာၿပီး ျဖစ္ပ်က္သမွ်အားလုံးကို ရဲမ်ားကို ေျပာျပလိုက္သည္။ ခ်န္ေကာသည္ အ႐ူးမိန္းမကို ကိုင္တြယ္ေျဖရွင္းေနစဥ္ အသိစိတ္တစ္ဝက္ရွိေသးေသာေၾကာင့္ ခ်န္ေကာကို ေကာင္းေကာင္း ျမင္ခဲ့သည္။
ေသေတာ့မယ္လို႔ သူ ထင္ခဲ့မိသည္။ ဤအေတြ႕အႀကဳံသည္ ကုေဖးယြီ တစ္သက္မေမ့ႏိုင္ေသာ အရာတစ္ခုျဖစ္လာခဲ့သည္။ သူ႔ရဲ႕ ျပင္းျပတဲ့ ေတာင္းဆိုမႈေအာက္မွာ ရဲတပ္ဖြဲ႕က ခ်န္ေကာကို ရွာေတြ႕ခဲ့ၿပီး ႏွစ္ေယာက္သား ေတြ႕ဆုံဖို႔ စီစဥ္ခဲ့သည္။ ခ်န္ေကာနဲ႔ ထပ္ေတြ႕ေတာ့ ကုေဖးယြီ ရဲ႕ အမူအရာနဲ႔ ေလသံက ပထမအႀကိမ္ေတြ႕တာနဲ႔ လုံးဝမတူေတာ့ေပ။ လူငယ္သည္ ႐ိုးရွင္းေသာ စိတ္ထားရွိကာ ယုံၾကည္ခ်က္ရွိသူ ျဖစ္သည္။ ခ်န္ေကာ၏လက္ကို ကိုင္ထားၿပီး ခ်န္ေကာကို စိတ္ရင္းမွန္ျဖင့္ ေက်းဇူးတင္ခဲ့သည္။
ဒါကိုျမင္ေတာ့ ခ်န္ေကာအေပၚ ရဲေတြရဲ႕ သံသယေတြ တျဖည္းျဖည္း ေပ်ာက္ကြယ္သြားခဲ့သည္။ ထိပ္တန္း အရာရွိငယ္က သူ႔ကို အလြန္ခ်ီးက်ဴးေနၿပီး ခ်န္ေကာကို ရွက္႐ြံ႕သြားေစခဲ့သည္။ ညသန္းေခါင္ေလာက္မွာ ခ်န္ေကာက ေဆး႐ုံက ထြက္လာခဲ့သည္။ လူရွင္းသည့္ လမ္းဆုံတစ္ခုတြင္ ရပ္ကာ အေမွာင္ဖုံးေနေသာ ၿမိဳ႕ကို လွမ္းၾကည့္လိုက္သည္။
"ငါ သူတို႔ကိုေျပာျပသင့္တယ္။"
တစ္ဝက္ျပတ္ေနေသာ လက္ကမ္းစာေစာင္ကို ကိုင္ထားၿပီး ခ်န္ေကာက Captain ရန္ ကို ဖုန္းေခၚလိုက္သည္။
"ေရွာင္ခ်န္လား?"
"Captain၊ ကြၽန္ေတာ္ ခင္ဗ်ားကို ေျပာစရာရွိတယ္"
"လူနာ နံပါတ္ 2 နဲ႔ ပတ္သက္တာလား။ စိတ္မပူပါနဲ႔၊ ငါ အစီရင္ခံစာ ရထားၿပီးသားပါ။ မင္း လူ႔အသက္ကို ကယ္လိုက္တာ၊ ေကာင္းတယ္..."
သို႔ေသာ္ Captainရန္၏ ေလသံမွာ ျပင္းထန္ ေလးနက္လာသည္။
"ဒါေပမယ့္ မင္းရဲ႕ လွ်ိဳ႕ဝွက္စုံစမ္းေရးနည္းလမ္းေတြကို ငါ သေဘာမတူဘူး။ဒါက မင္း အသက္နဲ႔ ဘဝကို ထိခိုက္ေစလိမ့္မယ္ "
"စိတ္မပူပါနဲ႔၊ ဒီေန႔ လူနာ အမွတ္(၂)ကို ရွာေဖြေတြ႕ရွိမႈဟာ တိုက္ဆိုင္မႈ သက္သက္ပါ။ ေနာက္တစ္ႀကိမ္ ထပ္မျဖစ္ေတာ့ပါဘူး။" ခ်န္ေကာရဲ႕ အသံက ေလးနက္ေနသည္။
"ေနာက္ထပ္ ေတာင္းဆိုစရာေလးရွိလို႔ပါ။ လူနာ နံပါတ္ 2 ေျပာတာကို ကြၽန္ေတာ္ ခိုးနားေထာင္ေနတဲ့ အခ်ိန္မွာ အထူးအဖြဲ႕ တစ္ခုရွိတယ္လို႔ ေျပာတာကို ၾကားလိုက္ရတယ္။ အဲဒီအဖြဲ႕ကို တေစၦပုံျပင္ အဖြဲ႕လို႔ေခၚတယ္။"
"တေစၦပုံျပင္ အဖြဲ႕ ဟုတ္လား...?"
"ဟုတ္တယ္၊ နာမည္ကို နားေထာင္ရတာ ထိတ္လန႔္စရာ ဇာတ္လမ္းကို နားေထာင္ရတာကို ႀကိဳက္တဲ့ ဝါသနာရွင္ေတြအတြက္ စုစည္းဖြဲ႕စည္းထားတယ္လို႔ ထင္ရေပမယ့္ ဇာတ္လမ္းေတြ ဖန္တီးမယ့္အစား တကယ့္ ဇာတ္လမ္းေတြကိုပဲ ေျပာျပၾကတာတဲ့။"
"အဲဒါကို ၾကားလိုက္တဲ့အခ်ိန္...လူနာနံပါတ္ 2 က ဘယ္သူနဲ႔ ေျပာေနတာလဲ၊ သူ႔ဖုန္းထဲမွာ မွတ္တမ္းကို ရွာေတြ႕ႏိုင္မလား" Captain ရန္ က သံသယဝင္စြာေျပာခဲ့သည္။ ။
"သူ ဖုန္းေျပာေနတာမဟုတ္ဘူး။ ဒီအမ်ိဳးသမီးအခန္းထဲမွာ ပုန္းေနတဲ့ အမႀကီး တစ္ေယာက္ရွိတယ္၊ ဒါေၾကာင့္ သူဘာလို႔ တစ္ေယာက္တည္း ေျပာေနတာလဲဆိုတာ ခင္ဗ်ား နားလည္မွာပါ "
ခ်န္ေကာသည္ တစ္ဝက္ျပတ္ေနေသာ လက္ကမ္းစာေစာင္ကို သိမ္းဆည္းထားသည္။
"ဒီ အဖြဲ႕ ကို တတိယေျမာက္ဖ်ားနာေနတဲ့ ခန္းမကေန လြတ္ေျမာက္လာတဲ့ စိတ္ေဝဒနာရွင္ေတြနဲ႔ ဖြဲ႕စည္းထားတာလို႔ ကြၽန္ေတာ္ သံသယျဖစ္မိတယ္၊ အဲဒီအမ်ိဳးသမီးက အဖြဲ႕ဝင္ေတြထဲက တစ္ေယာက္ျဖစ္ႏိုင္တယ္။"
"စိတ္ေဝဒနာရွင္ေတြ တည္ေထာင္ထားတဲ့ တေစၦပုံျပင္ေျပာတဲ့ အဖြဲ႕ လား?"
Captain ရန္ က ဒီအေၾကာင္းကို စဥ္းစားၿပီး ခ်န္ေကာကို ေလးေလးနက္နက္ေျပာခဲ့သည္။
"ဒါကို ငါ့လူေတြကို လိုက္စုံစမ္းလိမ့္မယ္။ ေနာက္ထပ္ အခ်က္အလက္ေတြရွိရင္ ငါ့ကို ဖုန္းဆက္ဖို႔ မေမ့နဲ႔"
"စိတ္ခ်ပါ"
ဖုန္းခ်လိုက္ၿပီးေနာက္ ခ်န္ေကာက သူ႔ေကာ္လာကို ဆြဲတင္ကာ ေလေအးကို ကာလိုက္သည္။
သူတို႔သည္ အပတ္တိုင္း ျဖစ္ရပ္မွန္ကို မွ်ေဝရေသာ္လည္း မွ်ေဝရန္ ဇာတ္လမ္းမရွိလွ်င္ေကာ။ ကိုယ္တိုင္ဖန္တီးမလား?
ခ်န္ေကာသည္ New Century Park သို႔ ျပန္လာခဲ့သည္။ သရဲေျခာက္တဲ့အိမ္ထဲကို ဝင္လိုက္တာနဲ႔ ေၾကာင္ျဖဴေလးက သစ္ပင္ေပၚကေန ခုန္ဆင္းၿပီး သူ႔ေနာက္ကေန လိုက္လာခဲ့သည္။
"ေနာက္တစ္ခါေတာ့ မင္းကို ႀကိဳးခ်ည္ၿပီး ငါနဲ႔ အတူေခၚသြားမယ္!"
ေၾကာင္ကို အစာေကြၽးၿပီးေနာက္ ခ်န္ေကာသည္ သူ၏ေန႔စဥ္လုပ္ေဆာင္မႈမ်ားကို ၾကည့္ရႈရန္ အနက္ေရာင္ဖုန္းကို ထုတ္ခဲ့သည္။ ခ်န္ေကာက သူတို႔ႏွစ္ေယာက္ကို အရင္က ျမင္ဖူးသည္။ သူတို႔သည္ ၿခိမ္းေျခာက္မႈမ်ားကို လွ်ိဳ႕ဝွက္ ကိုင္တြယ္ေျဖရွင္းရန္ႏွင့္ ဝန္ထမ္းအသစ္တစ္ဦးကို ငွားရမ္းရန္ျဖစ္သည္။ ခ်န္ေကာရဲ႕ တတိယေျမာက္ေန႔စဥ္မစ္ရွင္ကို ပထမဆုံးအႀကိမ္ေတြ႕လိုက္ရသည္။ သရဲေျခာက္ေသာ အိမ္အျပင္ဘက္တြင္ ဧည့္သည္ေတြ အနားယူႏိုင္မည့္ ေနရာတစ္ခု တည္ေဆာက္ရန္ ခ်န္ေကာကို ခိုင္းထားသည္။ အခ်ိန္ကန႔္သတ္ခ်က္က တစ္ရက္ျဖစ္ၿပီး အခက္အခဲက ပုံမွန္ပါပဲ။
အနက္ေရာင္ဖုန္းမွေပးေသာ မစ္ရွင္မ်ားသည္ သူ၏လက္ရွိအေျခအေနတြင္ လုပ္ေဆာင္ရမည့္ အရာမ်ားျဖစ္သည္။တကယ္ပဲ ဧည့္သည္ဦးေရ တိုးလာသည္ႏွင့္အမွ် သူတို႔ကို အခ်ိန္အၾကာႀကီး တန္းစီခိုင္းတာက ေကာင္းေသာအႀကံမဟုတ္ေပ။
ခ်န္ေကာသည္ ဤမစ္ရွင္ကို လက္ခံရန္ စခရင္ကို ႏွိပ္လိုက္သည္။ ထို႔ေနာက္ ႐ိုးရွင္းေသာ အနားယူမႈ ေနရာကို ဒီဇိုင္းဆြဲရန္ ေဘာပင္ႏွင့္ စာ႐ြက္ကို အသုံးျပဳခဲ့သည္။
ဒါကို တည္ေဆာက္ဖို႔ သူ႔မွာ ဘတ္ဂ်က္မေလာက္ဘူး။ ပိုက္ဆံအလုံအေလာက္ရွိရင္ သရဲေျခာက္တဲ့ အိမ္ေဘးမွာ ဘက္စုံသုံး အေဆာက္အအုံတစ္ခုကို ဧည့္သည္ေတြ ထိတ္လန႔္မႈ ေျပေစဖို႔ နဲ႔ အနားယူဖို႔အျပင္ သရဲေျခာက္တဲ့ အိမ္ထဲဝင္မည့္ လက္မွတ္ေရာင္းဖို႔ေနရာလည္း ထည့္သြင္းႏိုင္သည္။
ထိုေနရာကို တည္ေဆာက္မည့္ အေတြးထဲ ခ်န္ေကာ ဈာဥ္ဝင္သြားခဲ့သည္။ ထ်န္းထန္ ေဆးေက်ာင္းပုံစံကို အေျခခံၿပီး သူ႔သရဲအိမ္ထဲမွ ဆက္တင္ တစ္ခုစီအတြက္ ေနာက္ခံကို မိတ္ဆက္ရန္ ႀကီးမားေသာ ပုံကို ေရးဆြဲထားလို႔ရသည္။ ထို႔ေနာက္ ဖန္သားျပင္ေပၚတြင္ ထုတ္လႊင့္ရန္ အခ်ိဳ႕ေသာဧည့္သည္မ်ား၏ ေၾကာက္လန႔္ေနသည့္ ဗီဒီယိုမ်ားကို ေ႐ြးခ်ယ္ျပသၿပီး အျခားဧည့္သည္မ်ား၏ စူးစမ္းခ်င္စိတ္ႏွင့္ စိတ္ဝင္စားမႈကို လႈံ႕ေဆာ္ေပးႏိုင္မည္ျဖစ္သည္။
ခ်န္ေကာက စာ႐ြက္ေပၚမွာ ဒါကိုေရးဆြဲလိုက္တယ္။ အခက္အခဲအဆင့္ကို ခြဲျခားသတ္မွတ္ျခင္းျဖင့္၊ အခက္အခဲႏွင့္ေျဖရွင္းရမည့္ အခ်ိန္ေပၚမူတည္၍ အဆင့္သတ္မွတ္ဘုတ္ကိုပင္ ျပင္ဆင္ခဲ့သည္။ အဲဒါက သည္းထိတ္ရင္ဖို အေတြ႕ႀကဳံကို ရွာေဖြသူေတြနဲ႔ ေအာင္ျမင္မႈ စုေဆာင္းသူေတြကို ေသခ်ာေပါက္ လႈံ႕ေဆာ္ေပးလိမ့္မယ္။ ၿပီးသြားတဲ့အခါမွာေတာ့ စကၠဴဒီဇိုင္း ေတာ္ေတာ္မ်ားမ်ားကို ေရးဆြဲခဲ့ပါသည္။
ခ်န္ေကာက ထိုအရာေတြကို စီစဥ္ၿပီး မနက္ျဖန္ မနက္မွာ ဒါ႐ိုက္တာ လွ်ိဳ နဲ႔ ေတြ႕ဖို႔ ျပင္ဆင္ေနလိုက္သည္။ သူတင္ျပသည္ကို ထိုလူ ယုံႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္မိတာပဲ...
သူသည္ အခ်ိန္ကို တစ္ခ်က္ၾကည့္လိုက္သည္။ မနက္ ၂ နာရီ ထိုးေနၿပီျဖစ္လို႔ ခ်န္ေကာပ်င္းရိစြာ ေက်ာဆန႔္လိုက္သည္။
သရဲေျခာက္ေသာအိမ္အတြင္းရွိ တစ္ခုတည္းေသာ လွ်ိဳ႕ဝွက္လုံၿခဳံေရးအႏၲရာယ္မွာ တံခါးျဖစ္ေသာ္လည္း 'တံခါး' သည္ သန္းေခါင္ယံအခ်ိန္တြင္သာ ေပၚလာေသာေၾကာင့္ ဧည့္သည္မ်ားကို မထိခိုက္ေစေပ။ အနက္ေရာင္ဖုန္းေပၚရွိ အဆက္မျပတ္ေပးပို႔ေနသည့္ အရိပ္အႁမြက္မ်ားအရ ထို 'တံခါး' ႏွင့္ ပတ္သက္၍ တစ္ခုခုလုပ္သင့္သည္ဟု သတိေပးေနသည္။ စုေဆာင္းေရးမစ္ရွင္သည္ ပို၍ပင္လြယ္ကူသည္။ ထ်န္းထန္ ေဆးေက်ာင္းမွ အခ်ိဳ႕သရဲေတြကို ဝန္ထမ္းအျဖစ္ ငွားႏိုင္သည္။
အား...အခုက အဲ့ဒါေတြကို ေ႐ႊ႕ဖို႔ အခ်ိန္မက်ေသးဘူး။
ခ်န္ေကာသည္ သရဲေျခာက္ေသာ အိမ္ႏွစ္အိမ္ၾကားရွိ အားသာခ်က္မ်ားႏွင့္ အားနည္းခ်က္မ်ားကို ယွဥ္ၾကည့္ရင္း စားပြဲေပၚမွ ေဘာပင္ကို ပုတ္လိုက္သည္။ သူသည္ မာနေၾကာင့္ မ်က္ကန္းျဖစ္သြားမည္ မဟုတ္ေပ။ သူ႔သရဲအိမ္၏ မည္သည့္ေနရာမ်ားသည္ထ်န္းထန္ ေဆးေက်ာင္းႏွင့္ ယွဥ္လွ်င္ ဘယ္လို အားနည္းသည္ကို သူသိသည္။
ထ်န္းထန္ ေဆးေက်ာင္းသည္ ေသးငယ္ေသာ္လည္း သူတို႔၏ ျမင္ကြင္းမ်ားသည္ ေခ်ာေမြ႕စြာ ဆက္စပ္ေနသည္။ ႏႈိင္းယွဥ္ၾကည့္လွ်င္ သူ၏ သရဲေျခာက္ေသာအိမ္သည္ ပိုႀကီးေသာ္လည္း၊ ေနရာလြတ္မ်ားစြာလည္း ရွိေနေသးသည္။
ဒါက ခ်န္ေကာရဲ႕ အျပစ္မဟုတ္ဘူး။ လြန္ခဲ့သည့္ တစ္ပတ္ခန႔္က သူသည္ ဖုန္းအနက္မွ သရဲ အိမ္ တိုးခ်ဲ႕ရန္ မစ္ရွင္မ်ား ၿပီးေျမာက္ရန္ အလုပ္မ်ားေနေသာေၾကာင့္ ခ်ိဳ႕ယြင္းခ်က္အခ်ိဳ႕ ရွိေနဦးမည္ ျဖစ္သည္။
ငါ့သရဲအိမ္မွာ ေၾကာက္စရာေတြ ထပ္ထည့္သင့္တယ္။ မနက္ျဖန္မွာ ေျခာက္လန႔္မယ့္ ဆက္တင္အသစ္နဲ႔ အ႐ုပ္တခ်ိဳ႕ လုပ္ရေတာ့မယ္ ထင္ပါရဲ႕။
အစမ္းမစ္ရွင္ အမ်ားအျပားၿပီးေနာက္ ခ်န္ေကာသည္ လူမ်ားကိုေၾကာက္လန႔္ေစေသာနည္းလမ္းမ်ားကို ကြၽမ္းက်င္လာခဲ့သည္။ သူ႔စိတ္ထဲတြင္ အေတြးသစ္ေတြ ျပည့္ႏွက္ေနၿပီး လာေရာက္လည္ပတ္သူမ်ားထံမွ ေအာ္သံမ်ားကို ေတြးကာ မၿပဳံးပဲ မေနႏိုင္ေတာ့ေပ။
မေစာင့္ႏိုင္ေတာ့ဘူး။ တတိယဖ်ားနာေဆာင္ခန္းမကို လာေရာက္လည္ပတ္တဲ့ ပထမဆုံးဧည့္သည္ျဖစ္ဖို႔ ဘယ္သူက အရမ္းကံေကာင္းေနမလဲလို႔ ခ်န္ေကာ ေတြးေနမိသည္။
ခ်န္ေကာ၏ မ်က္လုံးမ်ားေရွ႕တြင္ ေတာက္ပသည့္ ေၾကာင္အေမြးေတြကို ျမင္လိုက္ရသည္။ ေၾကာင္ျဖဴက ခ်န္ေကာ တစ္ေယာက္ အရမ္း ဆူညံေနသည္ဟု ထင္ပုံရသည္။ စားပြဲေပၚမွ ခုန္ဆင္းကာ ကုတင္ေပၚသို႔ တက္ၿပီး ေမြ႕ယာေပၚတြင္ ေခြေနသည္။
ခ်န္ေကာလည္း ေတာ္ေတာ္ေနာက္က်ေနၿပီဆိုတာ သိလိုက္ရသည္။ သူက မနက္ 7 နာရီအတြက္ ႏႈိးစက္ေပးလိုက္ၿပီး ေၾကာင္ေဘးမွာ လွဲအိပ္လိုက္တယ္။
ေနထြက္လာခ်ိန္ ခ်န္ေကာႏိုးလာၿပီး သရဲေျခာက္ေသာအိမ္ကို သန႔္ရွင္းေရးလုပ္သည္။ ထို႔ေနာက္ မေန႔ညက သူေျပာခဲ့ေသာ အေတြးသစ္ကို အေကာင္ထည္ေဖာ္ရန္ ထိုေနရာမွ ထြက္ခြာသြားခဲ့သည္။
*****-********