ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ...

Af Swae_Nyoe

208K 21.8K 206

ဘာသာပြန်သူ - စွဲညို့အသင်း Mere

Description
Part 1
Part 2
တယ်လီဂရုကြေညာချက်..
Part 3
Part 4
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
🥰🥰နန်းတွင်းအသစ်လေး
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
ဗီလိန်အတုမှ အမြောက်စာဇာတ်ကောင်သို့... အစအဆုံး ပြီးဆုံးပါကြောင်း...
Part 90
Part 92
Part 93
Part 94
🌤️May Breeze Promotion နောက်ဆုံးရက်🌤️
Part 95
Part 96
Telegram ကို လာခဲ့နော်
🌅Summer Mood Promotion🌅
Part 97
🌧️ချစ်မေတ္တာများဖြင့် မိုးရာသီ ပရိုမိုးရှင်း 2nd Day🌧️

Part 32

2.3K 253 6
Af Swae_Nyoe

TYCDTN

Chapter 32

တစ်လကြာပြီးနောက် ဖန်းကျီ့ချန်က ထူးချွန်စွာ စာမေးပွဲအောင်ခဲ့သည်။ သို့ပေမယ့် နန်းတွင်းစာမေးပွဲမှာ ပထမဆုံးအဆင့်ဖြင့် အောင်တာမဟုတ်ဘဲ တတိယအဆင့်ဖြင့် အောင်ခြင်းဖြစ်သည်။

ဒီနှစ်ရဲ့ထိပ်ဆုံးကျောင်းသားက လင်းနန်က ဖြစ်သည်။ မျိုးရိုးနာမည်က ရှန်ဖြစ်ပြီး နာမည်ကတော့ ယွမ်ချီဖြစ်သည်။ သူ့ရုပ်က ထိပ်ဆုံးကျောင်းသား၃ဦးအနက် အချောဆုံးဖြစ်သည်။ လမ်းမထက် သွားလာတိုင်း လမ်းသွားလမ်းလာတွေက ငေးကြည့် ယူရသည်။ ပိုပြီးအထင်ကြီးစရာကောင်းတာက သူ့ရဲ့ အရည်အချင်းဖြစ်သည်။ သူ့ရဲ့ ထက်မြက်သည့် စကားလုံးတွေ၊ တမူထူးခြားသည့် လျှောက်လဲချက်တွေဖြင့် လက်ရှိကိစ္စကို ကောင်းကင်ကောမြေကြီးရဲ့ သီအိုရီပါ ပါအောင် ရှင်းပြနိုင်ကြောင့် ဘုရင်ကြီးက သူ့ကို အံ့သြနေခဲ့ရသည်။ ထီးနန်းဆက်ခံပြီးကတည်းက ဒီစာကို ဖတ်ရတာ အကောင်းဆုံးစာတစ်ဆောင် ဖြစ်ကြောင်း ကြေငြာခဲ့သည်။ ချက်ချင်းပင် သူ့ရဲ့ထူးချွန်စာသင်သားတွေကို ခေါ်ကာ ချုံလင်ညစာစားပွဲမှာ သူ့ကိုစမ်းသပ်ခိုင်းခဲ့သည်။

ထိပ်တန်းစာသင်သားက ရိုကျိုးတာမျိုးကော ဗိုလ်ကျလွန်းတာပါ မရှိဘဲ တည်ငြိမ်အေးဆေးသည်။ တော်လွန်းသည့် စာသင်သားတွေ ဆွံ့အသွားအောင် လုပ်နိုင်ခဲ့သည်။ သူက အလွန်တော်ရုံတင်မကဘဲ လူမှုဆက်ဆံရေးလည်း တော်တော်ကောင်းသည်။ စကားလုံးအနည်းငယ်ဖြင့်ပင် ဘုရင်းကြီးရဲ့ ချီးမွမ်းမှုကို ရခဲ့သည်။

ဒုတိယနှင့် တတိယရသည့် စာသင်သားတွေကလည်း ဒီနယ်ပယ်တစ်ဝိုက်မှာ အချောဆုံးတွေ ဖြစ်ပေမယ့် ပထမ စာသင်သားနှင့်ယှဥ်ပါက မှေးမှိန်သွားရသည်။

စားပွဲသောက်ပွဲပြီးသည်နောက်တွင် ဘုရင်ကြီးက ပထမရသည့် စာသင်သားဖြင့် တစ်ညလုံး စကားပြောခဲ့သည်။ နောက်တစ်နေ့မှာပဲ တော်ဝင်ကျောင်းတော်မှာ တော်ဝင်ပညာရှင် အဖြစ် မြှောက်စားခံလိုက်ရသည်။ မထင်မှတ်ထားဘဲ သူက မြို့တော်ရဲ့ နံပါတ်၅အဆင့် အရာရှိ ဖြစ်လာခဲ့သည်။ သူ့ကို အထင်သေးကာ သဘောမကျသည့် မိသားစုကို သက်သေပြနိုင်ခဲ့သည်။

ထိပ်တန်းစာသင်သားကို ဆွဲချချင်သည့် ဖိအားများစွာကလည်း ရှိသေးသည်။ နှစ်ပတ်လည်ပွဲတော်ကို ပိုင်ယွင် ဘုန်းကြီးကျောင်းတွင် ကျင်းပခဲ့သည်။ ထိုပွဲက မြို့တော်၏ အရေးကြီးသည့် ပွဲတော်ဖြစ်သည်။ မျိုးရိုးမြင့်တွေနှင့် သာမာန်လူတွေပါ သွားကာ နှစ်သစ်မှာ သီးနှံအထွက်ကောင်းဖို့ ရာသီဥတုကောင်းဖို့ တောက်ဘုန်းကြီးကျောင်းမှာ ရိုးရာဓလေ့ဖြင့် ဖျော်ဖြေဆုတောင်းကြသည်။

ဘုရင်ကြီးနှင့် ဘုရင်မကြီးက လူကိုယ်တိုင် မသွားရောက်နိုင်တာကြောင့် အခြွေအရံတွေလွှတ်ကာ လှူခိုင်းခဲ့သည်။ ပွဲတော်၁၀ရက်ကျင်းပခဲ့ပြီး မြို့တော်ကို လူတွေ စိတ်ဝင်တစားလာခဲ့ကြသည်။

မှူးမတ်စံအိမ်က ယွီရှန်းရဲ့ခြံဝန်းထဲတွင် ဖြစ်သည်။

ရွှေလှောင်အိမ်ရှေ့မှာရပ်နေသည့် အားလုက ချောမောသည့် လူငယ်လေး ခြံထဲလာနေတာ တွေ့လိုက်သည်။ သူက အတောင်ပံတွေခတ်ကာ အော်လေသည်။

"မှူးမတ်ကြီးလာပြီ မှူးမတ်ကြီးလာပြီ"

ယွီဖင်ယန်က ဝင်လာခဲ့ပြီး သူ့ပါးစပ်ထဲ မြေပဲထိုးထည့် ကျွေးခဲ့သည်။ ထောင်ဟုန်နှင့်လျိုလွီ့က အခုမှ သူတို့ရဲ့ သခင်မလေးကို အဝတ်အစားလဲပေးကာ ဒူးထောက်ထိုင်လျက် စကပ်ကို ပြုပြင်ပေးနေသည်။

သူ(မ)က အနီရောင်ပိုးသားဂါဝန်ကို ဝတ်ဆင်ထားပြီး အပေါ်ထပ်က ဖောက်ထွင်းမြင်နေရသည့် မဟော်ဂနီရောင် အစလေး ထပ်မံဝတ်ဆင်ထားသည်။ အပေါ်ထပ်ရဲ့ အရောင်ကြောင့် မှေးမှိန်မသွားဘဲ တစ်မျိုးလေးဆန်းသစ်နေသည်။

သူ(မ)က အစေခံလေး၂ယောက်ကို လက်ခါပြလိုက်ပြီး သားမွေးနုနုဖြင့်လုပ်ထားသည့် စုတ်တံကိုယူကာ မျက်ခုံးမွေးဆွဲလိုက်သည်။ အားလုရဲ့အော်သံကိုကြားတော့ သူ(မ)က ရှေ့ကိုကြည့်ကာ ပျင်းရိစွာပြောလေသည်

"အစ်ကိုကြီး ခဏစောင့်ဦး"

ယွီဖင်ယန်ကတော့ သူ့ညီမ အပြင်သွားခါနီး ပြင်ဆင်ရင် ၁နာရီလောက်ကြာတတ်တာကို ကျင့်သားရနေပြီ ဖြစ်သည်။ သူက ဘေးမှာဝင်ထိုင်ကာ လက်ဖက်ရည် သောက်နေလိုက်သည်။ သူ့မျက်လုံးတွေကတော့ နူးညံ့လှပသည့် မျက်နှာလေးကနေ မခွာနိုင်ခဲ့ပေ။

ယွီရှန်းက စုတ်သံကို မင်ရည်နည်းနည်း ဆွတ်ကာ မျက်ခုံးတစ်လျှောက် ဆွဲလိုက်သည်။ မျက်ခုံးလေးက ထူပြီးမည်းသွားခဲ့သည်။ ထို့နောက် မျက်ခုံးမွေးကို အဆုံးသတ်ဆွဲလိုက်သည်။ လှပထက်မြက်သည့် မျက်နှာလေးက ၁၂ဆလောက်ပို ထက်မြက်လှပသွားခဲ့သည်။

သူ(မ) ကြေးမုံကို ဟိုလှည့်ဒီလှည့်ဖြင့် အပြန်ပြန်အလှန်လှန်ကြည့်ခဲ့သည်။ ထို့နောက် မျက်ခုံးပင့်ကာ အစ်ကိုကြီးကို ကြည့်ပြီး ဂုဏ်ယူစွာပြုံးပြလျက်

"တွေ့လား ဒါက ဓားမြှောင်စတိုင် မျက်ခုံးလေ၊ ရက်စက်တဲ့အသွင် ရစေတယ်မလား ဒါဒီလို ခံစားချက်မျိုးကို ရချင်တာလေ"

သူ(မ)က စုတ်တံယူကာ မျက်လုံးထောင့်ကို တို့ထိနေသည်။ ထို့နောက် လုံးဝိုင်းသည့် မျက်လုံးဝိုင်းကြီးတွေက ပိုတောက်ပသွားကာ အစ်ကိုကြီးကို မျက်လုံးမှေးကျဥ်းကာ ကြည့်လေသည်

"ညီမလေးကိုကြည့်ဦး ထိပ်လန့်သွားတဲ့ ခံစားချက်ရလား စကားတောင် မပြောရဲတော့တဲ့အထိလေ၊ ညီမလေးကို မသန်မစွမ်းဆိုပြီး လှောင်ရယ်တဲ့လူတွေကို ဒီရုပ်ရည်လေးနဲ့ ချိုးဖြတ်ပစ်ပြီး အရှက်ကွဲပြီး လှည့်ပြန်သွားအောင် လုပ်ပစ်မယ်"

ထိုစကားကြားမှ ယွီဖင်ယန်ရဲ့ ဖရိုဖရဲဖြစ်နေသည့် ရင်ခုန်သံက ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။ ဟာသလို ခံစားရပေမယ့် စိတ်သောကလည်း ရောက်ခဲ့ရသည်။ ထို့နောက် သူ(မ)ရဲ့ နှာခေါင်းကို တို့ထိလိုက်ကာ

"ဒီမျက်နှာလေးနဲ့ သတ်ပစ်မလို့လား"

"သူတို့သေရုံတင်မကဘူး ကိုယ့်ဘာသာကိုယ် မှန်ထဲပြန်ကြည့်ရင်တောင် ညီမလေးလည်း သေလောက်တယ်"

ယွီရှန်းက မျက်နှာကို မှန်ဖက်ပြန်လှည့်လိုက်သည်။

ယွီဖင်ယန်က ရယ်ကာ လက်ဖက်ရည်ခွက်ကိုချလိုက်ပြီး သူ(မ)ရဲ့ပါးကို တို့ထိလိုက်သည်။ ထို့နောက် ယွီဖင်ယန်က စနောက်လေသည်။

"ညီမလေးရဲ့မျက်နှာ ဘယ်လောက်ထိ တင်းမာလဲဆိုတာ ကြည့်ပါရစေဦး၊ စူးရှမနေမှာစိုးလို့လေ"

ယွီရှန်းက ခေါင်းလှည့်ကာ ရှောင်တိမ်းနေပြီး အစ်ကိုဖြစ်သူက လိုက်စနေကာ ဆူညံနေတော့သည်။

၁၅မိနစ်ကြာပြီးနောက် ယွီရှန်းက သူ(မ)အစ်ကိုကြီးရဲ့ လက်ထဲလဲလျောင်းကာ ရယ်ကာ ဒေါသကြီးစွာပြောလေသည်

"ရပ်တော့ အခုမသွားရင် ပွဲမှီမှာမဟုတ်တော့ဘူး၊ ပါးနီလည်း မလိမ်းရသေးဘူး"

ယွီဖင်ယန်က သူ(မ)ရဲ့ ပါးနုနုလေးကို လွှတ်ပေးကာ ပါးနီကူလိမ်းပေးလိုက်သည်။ ယွီရှန်းကို မေးကနေကိုင်ပြီး အကြာကြီးကြည့်ပြီးနောက် ဒူးပေါ်ကနေချပေးကာ ဝှီးချဲပေါ် တင်ပေးလိုက်သည်။

ယွီဖင်ယန်က သူ(မ)ကို တံခါးဆီခေါ်သွားတာမဟုတ်ဘဲ အနောက်ဘက်ကို ခေါ်သွားခဲ့သည်။ သူ(မ)က စိုးရိမ်စွာပြောလေသည်။

"ဘာလုပ်တာလဲ အဖွားစောင့်နေတယ်လေ"

ယွီဖင်ယန်က ပြုံးကာ ဘာမှမပြောခဲ့ပေ။ သူက ပဝါအစိုကို ကိုင်ကာ သူ(မ) ၁နာရီလောက် ပြင်ထားသည့် မိတ်ကပ်တွေကို ဖျက်ပစ်လိုက်ပြီး အပြုံးဖြင့်ပြောလေသည်

"ကိုယ့်အလှနဲ့ကိုယ်တောင် သေနိုင်တယ်ဆိုတော့ သူများကို အန္တရာယ်ပေးမနေပါနဲ့"

ပွဲတော်မှာ လူတွေများကာ သူ့ညီမလေးကို တခြားသူစိမ်းယောက်ျားတွေ ကြည့်တာကို မခံစေချင်ပေ။

"နဖူးမှာ ဟွားတျန့်လေးတော့ ကပ်ပါရစေ"

ယွီရှန်းကရုန်းကန်နေသည်။

[TN/ 花钿(huā diàn) ရှေးခေတ်မိန်းမပျိုတို့ အသုံးပြုသည့် နဖူးမှာကပ်သည့်ပန်းပုံစံအဆင်တန်ဆာ။ အရောင်အားဖြင့် ဝါ၊စိမ်း၊နီဟူ၍ ၃မျိုးရှိသည်]

ယွီဖင်ယန်က အဆင်တန်ဆာ သေတ္တာထဲက အရိုးရှင်းဆုံး မှဲ့ပုံစံ အဆင်တန်ဆာလေးကိုယူကာ မျက်ခုံး၂ခုကြားမှာ ကပ်ပေးလိုက်ပြီး

"ပြီးပြီ သွားရအောင်"

"ကြာပန်းပုံလေးနဲ့ ပြောင်းပေးလို့ရမလား၊ ဒါက သိပ်ပြီး ဆွဲဆောင်မှုမရှိဘူး"

ယွီရှန်းက သူ့အင်္ကျီလက်ကို ဆွဲလိုက်သည်။

ယွီဖင်ယန်က ပြန်မဖြေခဲ့ပေ။ သူက နဖူးအလယ်က မှဲ့ပုံစံအဆင်တန်ဆာလေးကိုဖြုတ်ဖို့ ငုံ့ကိုင်းလာတော့ ယွီရှန်းက အမြန်လေး သူ့လက်မောင်းထဲ ဝင်ပုန်းကာ အော်လေသည်

"ရပြီ ရပြီ အစ်ကိုကြီး သွားရအောင်"

ယွီဖင်ယန်က သူ(မ) ပုခုံးပေါ်လက်တင်ကာ ရယ်မောလေသည်။

မဒမ်အိုကြီးက ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်သော်လည်း နှစ်ပတ်လည်ပွဲတော်မှာ သူငယ်ချင်းဟောင်းတွေနှင့် ပတ်လည်ချင်သေးသည်။ ထို့ကြောင့် ပွဲတော်ကို အလွတ်မခံပေ။ သပ်ရပ်စွာဝတ်ဆင်ထားပြီး ခန်းမထဲမှာ လက်ဖက်ရည်သောက်နေသည်။ မြေးမဖြစ်သူရဲ့ မျက်နှာပြောင်ကိုတွေ့တော့ သူ(မ)က ပြုံးကာမေးလေသည်

"အို နင့်အစ်ကိုကြီးက အကုန်ထပ်ဖျက်လိုက်ပြန်ပြီလား"

"ဟုတ်တယ် ပွဲတော်ကြီးတွေ ရှိတဲ့အချိန်ဆိုရင် အမြဲတမ်း အဲလိုလုပ်တာ၊ ဒီလိုကြီးနဲ့ လူတွေကို ဘယ်လိုတွေ့ရမှာလဲ"

ယွီရှန်းက ညည်းညူလေသည်။

မဒမ်အိုကြီးက ပိုရယ်လာကာ သူ(မ)နှာခေါင်းထိပ်ကို လက်ဖြင့်ညှပ်ကာ

"နင်တောင်မှ လူတွေကို ဘယ်လိုတွေ့ရမလဲ မသိရင် မြို့ထဲက တခြားမိန်းကလေးတွေ ဘယ်လိုလုပ်မလဲ၊ တခြားလူတွေအတွက်လည်း ထားပါဦး"

သူ(မ)က ကြွားဝါတာ မဟုတ်ပေမယ့် ဟန်မင်းဆက်မှာ သူ(မ) မြေးမရဲ့ ရုပ်ရည်က အချောဆုံးဖြစ်သည်။ သူ(မ)သာ အောက်ပိုင်းသေမနေပါက မှူးမတ်စံအိမ်တော်ကြီးမှာ လက်ထပ်ဖို့ လာကမ်းလှမ်းသည့် အောင်သွယ်တော်တွေ ပြည့်နေလောက်ပြီ ဖြစ်သည်။

ယွီဖင်ယန်ကလည်း သဘောတူလေသည်။

"အဖွားပြောတာမှန်တယ် ၊ ဒါကြောင့် တခြားလူတွေကို အန္တရာယ်ပေးတာမျိုး မလုပ်ဘဲ ဒီအစ်ကိုကြီးကို အန္တရာယ်များအောင်လုပ်ရရင် တော်ပြီပေါ့"

ထိုစကားက ထူးဆန်းသော်လည်း မာမောမောက စာအိတ်အနီလေးဖြင့်ဝင်လာကာ တင်ပြတော့ မဒမ်ကြီးလည်း နက်နက်နဲနဲ တွေးမနေတော့ပေ။

"မဒမ်ကြီး ဒါက ဖန်းမိသားစုက ပို့ပေးလိုက်တဲ့ ဇာတာခွင်ပါ၊ ကြည့်ကြည့်ဦးမလား"

[TN/ လက်ထပ်ဖို့ကမ်းလှမ်းဖို့အတွက် ကမ်းလှမ်းသည့်အိမ်က ပေးသည့်ယောက်ျားလေး (သို့) မိန်းကလေးရဲ့ ဇာတာခွင်]

မဒမ်အိုကြီးက သာမာန်ကာလျှံကာ လက်ဝေ့ယမ်းပြကာ

"ဘာကြည့်စရာလိုလဲ၊ ငြင်းမှာပဲလေ၊ တောက်ဆရာတော်နဲ့ စစ်ဆေးခိုင်းပြီးပြီလား"

ဖန်းကျီ့ချန်က တတိယအဆင့်ဖြင့် စာမေးပွဲအောင်သွားခဲ့ပြီး ဖေရှီ့က ယွီစီးယွီ့ဖြင့် လက်ထပ်ပေးဖို့ စီစဉ်ကာ ၂ဖက်လုံး ကျေနပ်ပါက မကြာခင် လက်ထပ်တောင်းရန်မည် ဖြစ်သည်။ မဒမ်ကြီးနှင့် ဖေရှီ့ရဲ့အမေက သူငယ်ချင်းအရင်းကြီးတွေ ဖြစ်ကာ တိုက်ရိုက်ငြင်းဖို့ အဆင်မပြေပေ။ ဒါကြောင့် မွေးဖွားဇာတာခွင် အရင်ပို့ခိုင်းလိုက်ခြင်း ဖြစ်သည်။ ထိုအခါမှ သူတို့ရဲ့ ဇာတာမကိုက်ဘူးဟုပြောကာ ငြင်းဆိုလို့ရသည်။

"စစ်ပြီးပါပြီ၊ ၂ယောက်လုံးရဲ့ ဇာတာခွင်က မကိုက်ညီပါဘူး၊ ကောင်းမွန်တဲ့ လက်ထပ်ပွဲလေးကို နှမြောစရာပါဘဲ"

မာမောမောက သက်ပြင်းချကာ ဇာတာခွင်ကို အင်္ကျီလက်ထဲ ပြန်ထည့်သိမ်းလိုက်သည်။

၂ယောက်လုံးက ဝေ့လည်ကြောင်ပတ် ပြောနေခြင်း မဟုတ်ပေ။ သူတို့ပြောနေတာတွေက နားလည်ဖို့လွယ်သည်။ မိတ်ကပ်ပြင်လို့ လာတာနောက်ကျသည့် ယွီစီးယွီ့က အကုန်ကြားသွားကာ သူ(မ)မျက်နှာထက်က ပျော်ရွှင်မှုတွေက ပျောက်ကွယ် သွားကုန်တော့သည်။

ဝမ်ချုံက လိုက်ကာစကို အကြာကြီး မထားပေးရကာ သူ(မ)ဝင်မလာသေးတော့ ပြောလေသည်။

"မမကြီး မဒမ်ကြီးစောင့်နေပါတယ်"

ထိုအခါမှ ယွီစီးယွီ့ အိပ်မက်က နိုးလာသလို အသိစိတ်ပြန်ကပ်သွားကာ ညှင်သာသည့် ခြေလှမ်းတွေဖြင့် ဝင်သွားလိုက်သည်။

သူ(မ)အကုန်ကြားသွားတာကို မဒမ်အိုကြီးက သိသော်လည်း အကြောင်းအရင်းကို မရှင်းပြသလို နှစ်လည်း မနှစ်သိမ့်ပေးခဲ့ပေ။ သူ(မ)သာ ဉာဏ်ရှိပါက ဖန်းမိသားစုက ကြွယ်ဝချမ်းသာသည့် မိသားစုမဟုတ်ဘဲ ဝင်ပါလိုက်ပါက အကြောင်းအရင်းမသိ သေသွားနိုင်သည့် ဂူသင်္ချိုင်းဖြစ်ကြောင်း သူ(မ)သိနိုင်သည်။

"အခု အကုန်ရောက်ပြီဆိုတော့ သွားကြစို့"

မဒမ်အိုကြီးက ဖြည်းညင်းစွာ လက်ယမ်းပြခဲ့သည်။

ယွီစီးယွီ့က သဘောတူလက်ခံလိုက်ကာ မျက်နှာထက်က မကျေမနပ်မှုတွေကို ခေါင်းငုံ့ကာ ဖုံးကွယ်လိုက်သည်။

--------

ပိုင်ယွင်တောက်ဘုန်းကြီးကျောင်းက လူတွေပြည့်နက်နေသည်။ ကံကောင်းချင်တော့ ကျောင်းထိုင်ဘုန်းကြီးက ရာထူးကြီးမြင့်သူတွေအတွက် သက်သောင့်သက်သာနေဖို့ နေရာ ကြိုတင် စီစဉ်ပေးခဲ့သည်။ ပွဲတော်အတွက် လုံခြုံရေးတာဝန်ကိုယူထားသည့် ယွီဖင်ယန်က အဖွားနှင့် ညီမဖြစ်သူတွေကို နားခန်းထဲ ပို့ပေးခဲ့ကာ အမြန်ပြန်ထွက်သွားခဲ့သည်။

ခဏလောက် နားပြီးနောက် ၃ယောက်သုံး လှူဖွယ်ပစ္စည်းများကပ်ပြီးနောက် လေ့ကျူ ခန်းမဆောင်ကို သွားလိုက်ကြသည်။

ခန်းမရှေ့မှာ နဂါးကြေးခွံ သံချပ်ကာဝတ် အစောင့်၂တန်းက ဓားတွေလှံတွေ ကိုင်ထားကာ စောင့်ကြပ်နေကြသည်။ နဂါးကြေးခွံသံချပ်ကာဝတ် အစောင့်တွေက သာမာန်အဆင့်အတန်း မဟုတ်သည့် လူကို စောင့်ကြပ်သည့် အစောင့်များဖြစ်သည်။ ၁၀ယောက်မှာ ၈ယောက်၉ယောက်လောက်က တော်ဝင်မိသားစုဝင်က ဖြစ်နိုင်သည်။ မဒမ်အိုကြီးက မထွက်သွားခင် တုံ့ဆိုင်းကာ ရပ်နေသည်။

အစေခံအိုကြီးက အမွှေးတိုင် ၂ချောင်းကို ယူကာ ထွက်လာပြီး ခန်းမတံခါးမှာချထားသည့် ပူဇော်သည့် ကြေးခွက်ထဲ ထည့်ပူဇော်လိုက်သည်။ မဒမ်ကြီးနှင့် မြေးမ ၂ယောက်ကိုတွေ့တော့ သူ(မ)က နှုတ်ဆက်လိုက်သည်။

မဒမ်အိုကြီးလှည့်ကြည့်လိုက်တော့ အိမ်ရှေ့စံမင်းသမီးရဲ့ အထိန်းတော် စုန်ရှီ ဖြစ်နေသည်။ သူ(မ)က အံ့သြသွားကာ

"အို စုန်မောမောကို ဒီမှာ အိမ်ရှေ့စံမင်းသမီး ရှိနေတာလား၊ အရှင့်သားက... "

စုန်မောမောက သူ(မ)ကို အချက်ပြကာ တိတ်တဆိတ်ပြောလေသည်

"စိတ်ငြိမ်းအေးအောင်လို့"

မဒမ်အိုကြီးက နက်နဲစွာတွေးတောပြီး ခေါင်းညိတ်ပြခဲ့သည်။

အိမ်ရှေ့စံမင်းသမီးက အိမ်ရှေ့စံနှင့် လက်ထပ်ထားတာ ၆နှစ်ကြာပြီဖြစ်သော်လည်း ကလေးမမွေးသေးပေ။ ဒီနှစ်မှာတော့ ကိုယ်ဝန်ရှိခဲ့သည်။ သို့ပေမယ့် အမြွှာကိုယ်ဝန်ဆောင် ဖြစ်နေသည်။ ယောက်ျားလေး၂ယောက်မွေးရင် တစ်ယောက်က သေရမည်ဖြစ်သည်။ မဟုတ်ရင် ယောက်ျားလေး၂ယောက်လုံး အမွေဖြတ်ခံရမည်ဖြစ်သည်။ မိန်းကလေး၂ယောက်ဆိုရင်လည်း မွေးဖို့ခက်ခဲကာ မိခင်ကိုပါ အန္တရာယ်ရှိနိုင်လားဆိုတာ မသိနိုင်ပေ။ ဒါထက် အနာဂတ်မှာ ကိုယ်ဝန်ဆောင်ဖို့ ခက်ခဲသွားနိုင်သည်။

နဂါးနဲ့ဖီးနစ် ယောက်ျားလေး၁ယောက်နဲ့ မိန်းကလေးတစ်ယောက်ဖြစ်ရင် အကောင်းဆုံးဖြစ်သည်။ သို့ပေမယ့် ထိုသို့ရဖို့က ခက်သည်။ ၂ယောက်လုံး ဘေးကင်းတာက အဆင်အပြေဆုံးဖြစ်သည်။ မဟုတ်ရင်လည်း နဂါးသေပြီး ဖီးနစ်က အသက်ရှင်ရင် ဘုရင်ကြီးနှင့် အိမ်ရှေ့စံအတွက် ကောင်းသည်။

တကယ့်အစစ်က ထင်ကြေးပေးတာထက် ပိုဆိုးသည်။ အိမ်ရှေ့စံရဲ့ ကိုယ်လုပ်တော်က အိမ်ရှေ့စံသားအကြီးကို ဖွားမြင်ပေးခဲ့ပြီဖြစ်သည်။ ထိုကိုယ်လုပ်တော်က မယ်မယ်မိဖုရား၏ ဆွေမျိုးတော်စပ်သူ မြေးမနှင့်တူမဖြစ်သည်။ ဒါကြောင့် သူ(မ)အဆင့်အတန်းက အိမ်ရှေ့စံမင်းသမီးထက် မနိမ့်ပေ။ အိမ်ရှေ့စံမင်းသမီးက ကျန်းမာသန်စွမ်းသည့် သားလေး မမွေးပေးနိုင်ပါက အနာဂတ်က အားရဖွယ် မရှိပေ။ ကိုယ်ဝန်၇လနှင့် တောက်ဘုန်းတော်ကြီးကျောင်းကို သားဖြစ်သူအတွက် လာဆုတောင်းပေးခြင်း ဖြစ်သည်။

မဒမ်အိုကြီးက ဗိုက်ကိုညွှန်ပြကာ

"အဆင်ပြရဲ့လား"

စုန်ရှီက ခေါင်းညိတ်ပြကာ

"တော်ဝင်သမားတော်ပြောတာတော့ သန္ဓေသားလေးက တည်ငြိမ်တယ်တဲ့၊ ဒါကြောင့် အပြင်သွားပြီး ရှိခိုးပူဇော်တာ ကိစ္စမရှိဘူးလို့ပြောတယ်"

သူတို့စကားပြောနေတုန်း အပြင်က အသံတွေကြောင့် အိမ်ရှေ့စံ မင်းသမီးက ထွက်လာခဲ့သည်။ ယွီရှန်းကိုတွေ့တော့ သူ(မ) မျက်နှာက လင်းလက်သွားကာ

"ယွီရှန်း ဒီကိုလာ"

ထောင်ဟုန်နှင့် လျိုလွီ့က ယွီရှန်းကို တွန်းပို့ပေးလိုက်သည်။ လျစ်လျူရှုခံရသည့် ယွီစီးယွီ့က မကျေမနပ်ဖြစ်ကာ တောင့်တင်းစွာ အရိုအသေပေးလိုက်သည်။

အိမ်ရှေ့စံမင်းသမီးက ယွီရှန်းရဲ့ခါးကိုကိုင်ကာ မဒမ်အိုကြီးကိုပြုံးလျက်

"မဒမ်ကြီးယွီရဲ့မြေးမက စိတ်ဝိညာဉ်ကြီးတယ်လေ၊ သူ့ဆီက ကံကောင်းမှုလေး ယူလို့ရမလား"

"အိမ်ရှေ့စံမင်းသမီးက ချီးကျူးလွန်းနေပါပြီ၊ သူက အိမ်ရှေ့စံမင်းသမီးရဲ့ ကံလောက် သူကတစ်ဝက်တောင် မတန်ပါဘူး"

မဒမ်အိုကြီးက လက်ခါပြလေသည်။

အိမ်ရှေ့စံမင်းသမီးက ပြုံးကာ ဘာမှပြန်မပြောခဲ့ပေ။ သူ(မ)က ယွီရှန်းကို ခန်းမထဲခေါ်ဝင်ကာ ချန်ထွင်ကို ညွှန်ပြပြီး

"ငါဒီအရှေ့မှာရပ်နေတာ နာရီဝက်လောက်ရှိပြီ မရွေးရဲဘူး၊ ယွီရှန်းက တစ်ခုလောက်ရွေးပေးပါ ကောင်းတာဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် အပြစ်မတင်ပါဘူး"

ထိုစကားကြားတော့ ယွီရှန်းရဲ့ ဦးရေပြားတွေ ထုံကျင်သွားခဲ့သည်။ စိတ်အေးချမ်းဖို့ တွေးနေတဲ့လူက ကံဆိုးမှာကိုလည်း တွေးမိတုန်းလား။ စိတ်ထဲတော့ အနည်းနဲ့အများတော့ ရှိလောက်သည်။ သို့ပေမယ့် အိမ်ရှေ့စံမင်းသမီးက တော်ဝင်မျိုးရိုးကမလို့ အဓိကကျသည်။ ဒီခေတ်က ဘုရင်ကသေဆိုရင် သေရမည်ဖြစ်သည်။

ယွီရှန်းတွင် ရွေးစရာမရှိတော့ပေ။ သူ(မ)က မျက်လုံးမှိတ်ကာ ဆုတောင်းလိုက်သည်။ ထို့နောက် သစ်သားချောင်းတစ်ခုကို ရွေးထုတ်ပေးကာ မျှော်လင့်စောင့်စားနေသည့် အိမ်ရှေ့စံမင်းသမီးကို ကမ်းပေးလိုက်သည်။

မဒမ်အိုကြီးရဲ့အမူအရာက အေးတိအေးစက် ဖြစ်နေသော်လည်း ရင်ထဲမှာတော့ ဗလောင်ဆူနေကာ နှလုံးပင် လည်ပင်းက ထွက်ကျမတတ် ခံစားနေရသည်။ မြေးမဖြစ်သူက ကံဆိုးတဲ့တုတ်ချောင်းကို ရွေးမိပြီး အိမ်ရှေ့စံမင်းသမီး စိတ်ထိခိုက် သွားအောင် လုပ်လိုက်မိမှာကို သူ(မ)စိုးရိမ်နေသည်။

#####

Telegram မှာ အပိုင်း ၁၁၀အထိ ရောက်ပါပြီနော်။

Zawgyi

TYCDTN
Chapter 32

တစ္လၾကာၿပီးေနာက္ ဖန္းက်ီ႕ခ်န္က ထူးခြၽန္စြာ စာေမးပြဲေအာင္ခဲ့သည္။ သို႔ေပမယ့္ နန္းတြင္းစာေမးပြဲမွာ ပထမဆုံးအဆင့္ျဖင့္ ေအာင္တာမဟုတ္ဘဲ တတိယအဆင့္ျဖင့္ ေအာင္ျခင္းျဖစ္သည္။

ဒီႏွစ္ရဲ႕ထိပ္ဆုံးေက်ာင္းသားက လင္းနန္က ျဖစ္သည္။ မ်ိဳး႐ိုးနာမည္က ရွန္ျဖစ္ၿပီး နာမည္ကေတာ့ ယြမ္ခ်ီျဖစ္သည္။ သူ႔႐ုပ္က ထိပ္ဆုံးေက်ာင္းသား၃ဦးအနက္ အေခ်ာဆုံးျဖစ္သည္။ လမ္းမထက္ သြားလာတိုင္း လမ္းသြားလမ္းလာေတြက ေငးၾကည့္ ယူရသည္။ ပိုၿပီးအထင္ႀကီးစရာေကာင္းတာက သူ႔ရဲ႕ အရည္အခ်င္းျဖစ္သည္။ သူ႔ရဲ႕ ထက္ျမက္သည့္ စကားလုံးေတြ၊ တမူထူးျခားသည့္ ေလွ်ာက္လဲခ်က္ေတြျဖင့္ လက္ရွိကိစၥကို ေကာင္းကင္ေကာေျမႀကီးရဲ႕ သီအိုရီပါ ပါေအာင္ ရွင္းျပႏိုင္ေၾကာင့္ ဘုရင္ႀကီးက သူ႔ကို အံ့ၾသေနခဲ့ရသည္။ ထီးနန္းဆက္ခံၿပီးကတည္းက ဒီစာကို ဖတ္ရတာ အေကာင္းဆုံးစာတစ္ေဆာင္ ျဖစ္ေၾကာင္း ေၾကျငာခဲ့သည္။ ခ်က္ခ်င္းပင္ သူ႔ရဲ႕ထူးခြၽန္စာသင္သားေတြကို ေခၚကာ ခ်ဳံလင္ညစာစားပြဲမွာ သူ႔ကိုစမ္းသပ္ခိုင္းခဲ့သည္။

ထိပ္တန္းစာသင္သားက ႐ိုက်ိဳးတာမ်ိဳးေကာ ဗိုလ္က်လြန္းတာပါ မရွိဘဲ တည္ၿငိမ္ေအးေဆးသည္။ ေတာ္လြန္းသည့္ စာသင္သားေတြ ဆြံ႕အသြားေအာင္ လုပ္ႏိုင္ခဲ့သည္။ သူက အလြန္ေတာ္႐ုံတင္မကဘဲ လူမႈဆက္ဆံေရးလည္း ေတာ္ေတာ္ေကာင္းသည္။ စကားလုံးအနည္းငယ္ျဖင့္ပင္ ဘုရင္းႀကီးရဲ႕ ခ်ီးမြမ္းမႈကို ရခဲ့သည္။

ဒုတိယႏွင့္ တတိယရသည့္ စာသင္သားေတြကလည္း ဒီနယ္ပယ္တစ္ဝိုက္မွာ အေခ်ာဆုံးေတြ ျဖစ္ေပမယ့္ ပထမ စာသင္သားႏွင့္ယွဥ္ပါက ေမွးမွိန္သြားရသည္။

စားပြဲေသာက္ပြဲၿပီးသည္ေနာက္တြင္ ဘုရင္ႀကီးက ပထမရသည့္ စာသင္သားျဖင့္ တစ္ညလုံး စကားေျပာခဲ့သည္။ ေနာက္တစ္ေန႔မွာပဲ ေတာ္ဝင္ေက်ာင္းေတာ္မွာ ေတာ္ဝင္ပညာရွင္ အျဖစ္ ေျမႇာက္စားခံလိုက္ရသည္။ မထင္မွတ္ထားဘဲ သူက ၿမိဳ႕ေတာ္ရဲ႕ နံပါတ္၅အဆင့္ အရာရွိ ျဖစ္လာခဲ့သည္။ သူ႔ကို အထင္ေသးကာ သေဘာမက်သည့္ မိသားစုကို သက္ေသျပႏိုင္ခဲ့သည္။

ထိပ္တန္းစာသင္သားကို ဆြဲခ်ခ်င္သည့္ ဖိအားမ်ားစြာကလည္း ရွိေသးသည္။ ႏွစ္ပတ္လည္ပြဲေတာ္ကို ပိုင္ယြင္ ဘုန္းႀကီးေက်ာင္းတြင္ က်င္းပခဲ့သည္။ ထိုပြဲက ၿမိဳ႕ေတာ္၏ အေရးႀကီးသည့္ ပြဲေတာ္ျဖစ္သည္။ မ်ိဳး႐ိုးျမင့္ေတြႏွင့္ သာမာန္လူေတြပါ သြားကာ ႏွစ္သစ္မွာ သီးႏွံအထြက္ေကာင္းဖို႔ ရာသီဥတုေကာင္းဖို႔ ေတာက္ဘုန္းႀကီးေက်ာင္းမွာ ႐ိုးရာဓေလ့ျဖင့္ ေဖ်ာ္ေျဖဆုေတာင္းၾကသည္။

ဘုရင္ႀကီးႏွင့္ ဘုရင္မႀကီးက လူကိုယ္တိုင္ မသြားေရာက္ႏိုင္တာေၾကာင့္ အေႁခြအရံေတြလႊတ္ကာ လႉခိုင္းခဲ့သည္။ ပြဲေတာ္၁၀ရက္က်င္းပခဲ့ၿပီး ၿမိဳ႕ေတာ္ကို လူေတြ စိတ္ဝင္တစားလာခဲ့ၾကသည္။

မႉးမတ္စံအိမ္က ယြီရွန္းရဲ႕ၿခံဝန္းထဲတြင္ ျဖစ္သည္။

ေ႐ႊေလွာင္အိမ္ေရွ႕မွာရပ္ေနသည့္ အားလုက ေခ်ာေမာသည့္ လူငယ္ေလး ၿခံထဲလာေနတာ ေတြ႕လိုက္သည္။ သူက အေတာင္ပံေတြခတ္ကာ ေအာ္ေလသည္။

"မႉးမတ္ႀကီးလာၿပီ မႉးမတ္ႀကီးလာၿပီ"

ယြီဖင္ယန္က ဝင္လာခဲ့ၿပီး သူ႔ပါးစပ္ထဲ ေျမပဲထိုးထည့္ ေကြၽးခဲ့သည္။ ေထာင္ဟုန္ႏွင့္လ်ိဳလြီ႕က အခုမွ သူတို႔ရဲ႕ သခင္မေလးကို အဝတ္အစားလဲေပးကာ ဒူးေထာက္ထိုင္လ်က္ စကပ္ကို ျပဳျပင္ေပးေနသည္။

သူ(မ)က အနီေရာင္ပိုးသားဂါဝန္ကို ဝတ္ဆင္ထားၿပီး အေပၚထပ္က ေဖာက္ထြင္းျမင္ေနရသည့္ မေဟာ္ဂနီေရာင္ အစေလး ထပ္မံဝတ္ဆင္ထားသည္။ အေပၚထပ္ရဲ႕ အေရာင္ေၾကာင့္ ေမွးမွိန္မသြားဘဲ တစ္မ်ိဳးေလးဆန္းသစ္ေနသည္။

သူ(မ)က အေစခံေလး၂ေယာက္ကို လက္ခါျပလိုက္ၿပီး သားေမြးႏုႏုျဖင့္လုပ္ထားသည့္ စုတ္တံကိုယူကာ မ်က္ခုံးေမြးဆြဲလိုက္သည္။ အားလုရဲ႕ေအာ္သံကိုၾကားေတာ့ သူ(မ)က ေရွ႕ကိုၾကည့္ကာ ပ်င္းရိစြာေျပာေလသည္

"အစ္ကိုႀကီး ခဏေစာင့္ဦး"

ယြီဖင္ယန္ကေတာ့ သူ႔ညီမ အျပင္သြားခါနီး ျပင္ဆင္ရင္ ၁နာရီေလာက္ၾကာတတ္တာကို က်င့္သားရေနၿပီ ျဖစ္သည္။ သူက ေဘးမွာဝင္ထိုင္ကာ လက္ဖက္ရည္ ေသာက္ေနလိုက္သည္။ သူ႔မ်က္လုံးေတြကေတာ့ ႏူးညံ့လွပသည့္ မ်က္ႏွာေလးကေန မခြာႏိုင္ခဲ့ေပ။

ယြီရွန္းက စုတ္သံကို မင္ရည္နည္းနည္း ဆြတ္ကာ မ်က္ခုံးတစ္ေလွ်ာက္ ဆြဲလိုက္သည္။ မ်က္ခုံးေလးက ထူၿပီးမည္းသြားခဲ့သည္။ ထို႔ေနာက္ မ်က္ခုံးေမြးကို အဆုံးသတ္ဆြဲလိုက္သည္။ လွပထက္ျမက္သည့္ မ်က္ႏွာေလးက ၁၂ဆေလာက္ပို ထက္ျမက္လွပသြားခဲ့သည္။

သူ(မ) ေၾကးမုံကို ဟိုလွည့္ဒီလွည့္ျဖင့္ အျပန္ျပန္အလွန္လွန္ၾကည့္ခဲ့သည္။ ထို႔ေနာက္ မ်က္ခုံးပင့္ကာ အစ္ကိုႀကီးကို ၾကည့္ၿပီး ဂုဏ္ယူစြာၿပဳံးျပလ်က္

"ေတြ႕လား ဒါက ဓားေျမႇာင္စတိုင္ မ်က္ခုံးေလ၊ ရက္စက္တဲ့အသြင္ ရေစတယ္မလား ဒါဒီလို ခံစားခ်က္မ်ိဳးကို ရခ်င္တာေလ"

သူ(မ)က စုတ္တံယူကာ မ်က္လုံးေထာင့္ကို တို႔ထိေနသည္။ ထို႔ေနာက္ လုံးဝိုင္းသည့္ မ်က္လုံးဝိုင္းႀကီးေတြက ပိုေတာက္ပသြားကာ အစ္ကိုႀကီးကို မ်က္လုံးေမွးက်ဥ္းကာ ၾကည့္ေလသည္

"ညီမေလးကိုၾကည့္ဦး ထိပ္လန္႔သြားတဲ့ ခံစားခ်က္ရလား စကားေတာင္ မေျပာရဲေတာ့တဲ့အထိေလ၊ ညီမေလးကို မသန္မစြမ္းဆိုၿပီး ေလွာင္ရယ္တဲ့လူေတြကို ဒီ႐ုပ္ရည္ေလးနဲ႔ ခ်ိဳးျဖတ္ပစ္ၿပီး အရွက္ကြဲၿပီး လွည့္ျပန္သြားေအာင္ လုပ္ပစ္မယ္"

ထိုစကားၾကားမွ ယြီဖင္ယန္ရဲ႕ ဖ႐ိုဖရဲျဖစ္ေနသည့္ ရင္ခုန္သံက ပုံမွန္ျပန္ျဖစ္သြားခဲ့သည္။ ဟာသလို ခံစားရေပမယ့္ စိတ္ေသာကလည္း ေရာက္ခဲ့ရသည္။ ထို႔ေနာက္ သူ(မ)ရဲ႕ ႏွာေခါင္းကို တို႔ထိလိုက္ကာ

"ဒီမ်က္ႏွာေလးနဲ႔ သတ္ပစ္မလို႔လား"

"သူတို႔ေသ႐ုံတင္မကဘူး ကိုယ့္ဘာသာကိုယ္ မွန္ထဲျပန္ၾကည့္ရင္ေတာင္ ညီမေလးလည္း ေသေလာက္တယ္"

ယြီရွန္းက မ်က္ႏွာကို မွန္ဖက္ျပန္လွည့္လိုက္သည္။

ယြီဖင္ယန္က ရယ္ကာ လက္ဖက္ရည္ခြက္ကိုခ်လိုက္ၿပီး သူ(မ)ရဲ႕ပါးကို တို႔ထိလိုက္သည္။ ထို႔ေနာက္ ယြီဖင္ယန္က စေနာက္ေလသည္။

"ညီမေလးရဲ႕မ်က္ႏွာ ဘယ္ေလာက္ထိ တင္းမာလဲဆိုတာ ၾကည့္ပါရေစဦး၊ စူးရွမေနမွာစိုးလို႔ေလ"

ယြီရွန္းက ေခါင္းလွည့္ကာ ေရွာင္တိမ္းေနၿပီး အစ္ကိုျဖစ္သူက လိုက္စေနကာ ဆူညံေနေတာ့သည္။

၁၅မိနစ္ၾကာၿပီးေနာက္ ယြီရွန္းက သူ(မ)အစ္ကိုႀကီးရဲ႕ လက္ထဲလဲေလ်ာင္းကာ ရယ္ကာ ေဒါသႀကီးစြာေျပာေလသည္

"ရပ္ေတာ့ အခုမသြားရင္ ပြဲမွီမွာမဟုတ္ေတာ့ဘူး၊ ပါးနီလည္း မလိမ္းရေသးဘူး"

ယြီဖင္ယန္က သူ(မ)ရဲ႕ ပါးႏုႏုေလးကို လႊတ္ေပးကာ ပါးနီကူလိမ္းေပးလိုက္သည္။ ယြီရွန္းကို ေမးကေနကိုင္ၿပီး အၾကာႀကီးၾကည့္ၿပီးေနာက္ ဒူးေပၚကေနခ်ေပးကာ ဝွီးခ်ဲေပၚ တင္ေပးလိုက္သည္။

ယြီဖင္ယန္က သူ(မ)ကို တံခါးဆီေခၚသြားတာမဟုတ္ဘဲ အေနာက္ဘက္ကို ေခၚသြားခဲ့သည္။ သူ(မ)က စိုးရိမ္စြာေျပာေလသည္။

"ဘာလုပ္တာလဲ အဖြားေစာင့္ေနတယ္ေလ"

ယြီဖင္ယန္က ၿပဳံးကာ ဘာမွမေျပာခဲ့ေပ။ သူက ပဝါအစိုကို ကိုင္ကာ သူ(မ) ၁နာရီေလာက္ ျပင္ထားသည့္ မိတ္ကပ္ေတြကို ဖ်က္ပစ္လိုက္ၿပီး အၿပဳံးျဖင့္ေျပာေလသည္

"ကိုယ့္အလွနဲ႔ကိုယ္ေတာင္ ေသႏိုင္တယ္ဆိုေတာ့ သူမ်ားကို အႏၲရာယ္ေပးမေနပါနဲ႔"

ပြဲေတာ္မွာ လူေတြမ်ားကာ သူ႔ညီမေလးကို တျခားသူစိမ္းေယာက္်ားေတြ ၾကည့္တာကို မခံေစခ်င္ေပ။

"နဖူးမွာ ဟြားတ်န္႔ေလးေတာ့ ကပ္ပါရေစ"

ယြီရွန္းက႐ုန္းကန္ေနသည္။

[TN/ 花钿(huā diàn) ေရွးေခတ္မိန္းမပ်ိဳတို႔ အသုံးျပဳသည့္ နဖူးမွာကပ္သည့္ပန္းပုံစံအဆင္တန္ဆာ။ အေရာင္အားျဖင့္ ဝါ၊စိမ္း၊နီဟူ၍ ၃မ်ိဳးရွိသည္]

ယြီဖင္ယန္က အဆင္တန္ဆာ ေသတၱာထဲက အ႐ိုးရွင္းဆုံး မွဲ႔ပုံစံ အဆင္တန္ဆာေလးကိုယူကာ မ်က္ခုံး၂ခုၾကားမွာ ကပ္ေပးလိုက္ၿပီး

"ၿပီးၿပီ သြားရေအာင္"

"ၾကာပန္းပုံေလးနဲ႔ ေျပာင္းေပးလို႔ရမလား၊ ဒါက သိပ္ၿပီး ဆြဲေဆာင္မႈမရွိဘူး"

ယြီရွန္းက သူ႔အက်ႌလက္ကို ဆြဲလိုက္သည္။

ယြီဖင္ယန္က ျပန္မေျဖခဲ့ေပ။ သူက နဖူးအလယ္က မွဲ႔ပုံစံအဆင္တန္ဆာေလးကိုျဖဳတ္ဖို႔ ငုံ႔ကိုင္းလာေတာ့ ယြီရွန္းက အျမန္ေလး သူ႔လက္ေမာင္းထဲ ဝင္ပုန္းကာ ေအာ္ေလသည္

"ရၿပီ ရၿပီ အစ္ကိုႀကီး သြားရေအာင္"

ယြီဖင္ယန္က သူ(မ) ပုခုံးေပၚလက္တင္ကာ ရယ္ေမာေလသည္။

မဒမ္အိုႀကီးက ဗုဒၶဘာသာကို ယုံၾကည္သက္ဝင္ေသာ္လည္း ႏွစ္ပတ္လည္ပြဲေတာ္မွာ သူငယ္ခ်င္းေဟာင္းေတြႏွင့္ ပတ္လည္ခ်င္ေသးသည္။ ထို႔ေၾကာင့္ ပြဲေတာ္ကို အလြတ္မခံေပ။ သပ္ရပ္စြာဝတ္ဆင္ထားၿပီး ခန္းမထဲမွာ လက္ဖက္ရည္ေသာက္ေနသည္။ ေျမးမျဖစ္သူရဲ႕ မ်က္ႏွာေျပာင္ကိုေတြ႕ေတာ့ သူ(မ)က ၿပဳံးကာေမးေလသည္

"အို နင့္အစ္ကိုႀကီးက အကုန္ထပ္ဖ်က္လိုက္ျပန္ၿပီလား"

"ဟုတ္တယ္ ပြဲေတာ္ႀကီးေတြ ရွိတဲ့အခ်ိန္ဆိုရင္ အၿမဲတမ္း အဲလိုလုပ္တာ၊ ဒီလိုႀကီးနဲ႔ လူေတြကို ဘယ္လိုေတြ႕ရမွာလဲ"

ယြီရွန္းက ညည္းညဴေလသည္။

မဒမ္အိုႀကီးက ပိုရယ္လာကာ သူ(မ)ႏွာေခါင္းထိပ္ကို လက္ျဖင့္ညႇပ္ကာ

"နင္ေတာင္မွ လူေတြကို ဘယ္လိုေတြ႕ရမလဲ မသိရင္ ၿမိဳ႕ထဲက တျခားမိန္းကေလးေတြ ဘယ္လိုလုပ္မလဲ၊ တျခားလူေတြအတြက္လည္း ထားပါဦး"

သူ(မ)က ႂကြားဝါတာ မဟုတ္ေပမယ့္ ဟန္မင္းဆက္မွာ သူ(မ) ေျမးမရဲ႕ ႐ုပ္ရည္က အေခ်ာဆုံးျဖစ္သည္။ သူ(မ)သာ ေအာက္ပိုင္းေသမေနပါက မႉးမတ္စံအိမ္ေတာ္ႀကီးမွာ လက္ထပ္ဖို႔ လာကမ္းလွမ္းသည့္ ေအာင္သြယ္ေတာ္ေတြ ျပည့္ေနေလာက္ၿပီ ျဖစ္သည္။

ယြီဖင္ယန္ကလည္း သေဘာတူေလသည္။

"အဖြားေျပာတာမွန္တယ္ ၊ ဒါေၾကာင့္ တျခားလူေတြကို အႏၲရာယ္ေပးတာမ်ိဳး မလုပ္ဘဲ ဒီအစ္ကိုႀကီးကို အႏၲရာယ္မ်ားေအာင္လုပ္ရရင္ ေတာ္ၿပီေပါ့"

ထိုစကားက ထူးဆန္းေသာ္လည္း မာေမာေမာက စာအိတ္အနီေလးျဖင့္ဝင္လာကာ တင္ျပေတာ့ မဒမ္ႀကီးလည္း နက္နက္နဲနဲ ေတြးမေနေတာ့ေပ။

"မဒမ္ႀကီး ဒါက ဖန္းမိသားစုက ပို႔ေပးလိုက္တဲ့ ဇာတာခြင္ပါ၊ ၾကည့္ၾကည့္ဦးမလား"

[TN/ လက္ထပ္ဖို႔ကမ္းလွမ္းဖို႔အတြက္ ကမ္းလွမ္းသည့္အိမ္က ေပးသည့္ေယာက္်ားေလး (သို႔) မိန္းကေလးရဲ႕ ဇာတာခြင္]

မဒမ္အိုႀကီးက သာမာန္ကာလွ်ံကာ လက္ေဝ့ယမ္းျပကာ

"ဘာၾကည့္စရာလိုလဲ၊ ျငင္းမွာပဲေလ၊ ေတာက္ဆရာေတာ္နဲ႔ စစ္ေဆးခိုင္းၿပီးၿပီလား"

ဖန္းက်ီ႕ခ်န္က တတိယအဆင့္ျဖင့္ စာေမးပြဲေအာင္သြားခဲ့ၿပီး ေဖရွီ႕က ယြီစီးယြီ႕ျဖင့္ လက္ထပ္ေပးဖို႔ စီစဥ္ကာ ၂ဖက္လုံး ေက်နပ္ပါက မၾကာခင္ လက္ထပ္ေတာင္းရန္မည္ ျဖစ္သည္။ မဒမ္ႀကီးႏွင့္ ေဖရွီ႕ရဲ႕အေမက သူငယ္ခ်င္းအရင္းႀကီးေတြ ျဖစ္ကာ တိုက္႐ိုက္ျငင္းဖို႔ အဆင္မေျပေပ။ ဒါေၾကာင့္ ေမြးဖြားဇာတာခြင္ အရင္ပို႔ခိုင္းလိုက္ျခင္း ျဖစ္သည္။ ထိုအခါမွ သူတို႔ရဲ႕ ဇာတာမကိုက္ဘူးဟုေျပာကာ ျငင္းဆိုလို႔ရသည္။

"စစ္ၿပီးပါၿပီ၊ ၂ေယာက္လုံးရဲ႕ ဇာတာခြင္က မကိုက္ညီပါဘူး၊ ေကာင္းမြန္တဲ့ လက္ထပ္ပြဲေလးကို ႏွေျမာစရာပါဘဲ"

မာေမာေမာက သက္ျပင္းခ်ကာ ဇာတာခြင္ကို အက်ႌလက္ထဲ ျပန္ထည့္သိမ္းလိုက္သည္။

၂ေယာက္လုံးက ေဝ့လည္ေၾကာင္ပတ္ ေျပာေနျခင္း မဟုတ္ေပ။ သူတို႔ေျပာေနတာေတြက နားလည္ဖို႔လြယ္သည္။ မိတ္ကပ္ျပင္လို႔ လာတာေနာက္က်သည့္ ယြီစီးယြီ႕က အကုန္ၾကားသြားကာ သူ(မ)မ်က္ႏွာထက္က ေပ်ာ္႐ႊင္မႈေတြက ေပ်ာက္ကြယ္ သြားကုန္ေတာ့သည္။

ဝမ္ခ်ဳံက လိုက္ကာစကို အၾကာႀကီး မထားေပးရကာ သူ(မ)ဝင္မလာေသးေတာ့ ေျပာေလသည္။

"မမႀကီး မဒမ္ႀကီးေစာင့္ေနပါတယ္"

ထိုအခါမွ ယြီစီးယြီ႕ အိပ္မက္က ႏိုးလာသလို အသိစိတ္ျပန္ကပ္သြားကာ ညႇင္သာသည့္ ေျခလွမ္းေတြျဖင့္ ဝင္သြားလိုက္သည္။

သူ(မ)အကုန္ၾကားသြားတာကို မဒမ္အိုႀကီးက သိေသာ္လည္း အေၾကာင္းအရင္းကို မရွင္းျပသလို ႏွစ္လည္း မႏွစ္သိမ့္ေပးခဲ့ေပ။ သူ(မ)သာ ဉာဏ္ရွိပါက ဖန္းမိသားစုက ႂကြယ္ဝခ်မ္းသာသည့္ မိသားစုမဟုတ္ဘဲ ဝင္ပါလိုက္ပါက အေၾကာင္းအရင္းမသိ ေသသြားႏိုင္သည့္ ဂူသခ်ႋဳင္းျဖစ္ေၾကာင္း သူ(မ)သိႏိုင္သည္။

"အခု အကုန္ေရာက္ၿပီဆိုေတာ့ သြားၾကစို႔"

မဒမ္အိုႀကီးက ျဖည္းညင္းစြာ လက္ယမ္းျပခဲ့သည္။

ယြီစီးယြီ႕က သေဘာတူလက္ခံလိုက္ကာ မ်က္ႏွာထက္က မေက်မနပ္မႈေတြကို ေခါင္းငုံ႔ကာ ဖုံးကြယ္လိုက္သည္။

--------

ပိုင္ယြင္ေတာက္ဘုန္းႀကီးေက်ာင္းက လူေတြျပည့္နက္ေနသည္။ ကံေကာင္းခ်င္ေတာ့ ေက်ာင္းထိုင္ဘုန္းႀကီးက ရာထူးႀကီးျမင့္သူေတြအတြက္ သက္ေသာင့္သက္သာေနဖို႔ ေနရာ ႀကိဳတင္ စီစဥ္ေပးခဲ့သည္။ ပြဲေတာ္အတြက္ လုံၿခဳံေရးတာဝန္ကိုယူထားသည့္ ယြီဖင္ယန္က အဖြားႏွင့္ ညီမျဖစ္သူေတြကို နားခန္းထဲ ပို႔ေပးခဲ့ကာ အျမန္ျပန္ထြက္သြားခဲ့သည္။

ခဏေလာက္ နားၿပီးေနာက္ ၃ေယာက္သုံး လႉဖြယ္ပစၥည္းမ်ားကပ္ၿပီးေနာက္ ေလ့က်ဴ ခန္းမေဆာင္ကို သြားလိုက္ၾကသည္။

ခန္းမေရွ႕မွာ နဂါးေၾကးခြံ သံခ်ပ္ကာဝတ္ အေစာင့္၂တန္းက ဓားေတြလွံေတြ ကိုင္ထားကာ ေစာင့္ၾကပ္ေနၾကသည္။ နဂါးေၾကးခြံသံခ်ပ္ကာဝတ္ အေစာင့္ေတြက သာမာန္အဆင့္အတန္း မဟုတ္သည့္ လူကို ေစာင့္ၾကပ္သည့္ အေစာင့္မ်ားျဖစ္သည္။ ၁၀ေယာက္မွာ ၈ေယာက္၉ေယာက္ေလာက္က ေတာ္ဝင္မိသားစုဝင္က ျဖစ္ႏိုင္သည္။ မဒမ္အိုႀကီးက မထြက္သြားခင္ တုံ႔ဆိုင္းကာ ရပ္ေနသည္။

အေစခံအိုႀကီးက အေမႊးတိုင္ ၂ေခ်ာင္းကို ယူကာ ထြက္လာၿပီး ခန္းမတံခါးမွာခ်ထားသည့္ ပူေဇာ္သည့္ ေၾကးခြက္ထဲ ထည့္ပူေဇာ္လိုက္သည္။ မဒမ္ႀကီးႏွင့္ ေျမးမ ၂ေယာက္ကိုေတြ႕ေတာ့ သူ(မ)က ႏႈတ္ဆက္လိုက္သည္။

မဒမ္အိုႀကီးလွည့္ၾကည့္လိုက္ေတာ့ အိမ္ေရွ႕စံမင္းသမီးရဲ႕ အထိန္းေတာ္ စုန္ရွီ ျဖစ္ေနသည္။ သူ(မ)က အံ့ၾသသြားကာ

"အို စုန္ေမာေမာကို ဒီမွာ အိမ္ေရွ႕စံမင္းသမီး ရွိေနတာလား၊ အရွင့္သားက... "

စုန္ေမာေမာက သူ(မ)ကို အခ်က္ျပကာ တိတ္တဆိတ္ေျပာေလသည္

"စိတ္ၿငိမ္းေအးေအာင္လို႔"

မဒမ္အိုႀကီးက နက္နဲစြာေတြးေတာၿပီး ေခါင္းညိတ္ျပခဲ့သည္။

အိမ္ေရွ႕စံမင္းသမီးက အိမ္ေရွ႕စံႏွင့္ လက္ထပ္ထားတာ ၆ႏွစ္ၾကာၿပီျဖစ္ေသာ္လည္း ကေလးမေမြးေသးေပ။ ဒီႏွစ္မွာေတာ့ ကိုယ္ဝန္ရွိခဲ့သည္။ သို႔ေပမယ့္ အႁမႊာကိုယ္ဝန္ေဆာင္ ျဖစ္ေနသည္။ ေယာက္်ားေလး၂ေယာက္ေမြးရင္ တစ္ေယာက္က ေသရမည္ျဖစ္သည္။ မဟုတ္ရင္ ေယာက္်ားေလး၂ေယာက္လုံး အေမြျဖတ္ခံရမည္ျဖစ္သည္။ မိန္းကေလး၂ေယာက္ဆိုရင္လည္း ေမြးဖို႔ခက္ခဲကာ မိခင္ကိုပါ အႏၲရာယ္ရွိႏိုင္လားဆိုတာ မသိႏိုင္ေပ။ ဒါထက္ အနာဂတ္မွာ ကိုယ္ဝန္ေဆာင္ဖို႔ ခက္ခဲသြားႏိုင္သည္။

နဂါးနဲ႔ဖီးနစ္ ေယာက္်ားေလး၁ေယာက္နဲ႔ မိန္းကေလးတစ္ေယာက္ျဖစ္ရင္ အေကာင္းဆုံးျဖစ္သည္။ သို႔ေပမယ့္ ထိုသို႔ရဖို႔က ခက္သည္။ ၂ေယာက္လုံး ေဘးကင္းတာက အဆင္အေျပဆုံးျဖစ္သည္။ မဟုတ္ရင္လည္း နဂါးေသၿပီး ဖီးနစ္က အသက္ရွင္ရင္ ဘုရင္ႀကီးႏွင့္ အိမ္ေရွ႕စံအတြက္ ေကာင္းသည္။

တကယ့္အစစ္က ထင္ေၾကးေပးတာထက္ ပိုဆိုးသည္။ အိမ္ေရွ႕စံရဲ႕ ကိုယ္လုပ္ေတာ္က အိမ္ေရွ႕စံသားအႀကီးကို ဖြားျမင္ေပးခဲ့ၿပီျဖစ္သည္။ ထိုကိုယ္လုပ္ေတာ္က မယ္မယ္မိဖုရား၏ ေဆြမ်ိဳးေတာ္စပ္သူ ေျမးမႏွင့္တူမျဖစ္သည္။ ဒါေၾကာင့္ သူ(မ)အဆင့္အတန္းက အိမ္ေရွ႕စံမင္းသမီးထက္ မနိမ့္ေပ။ အိမ္ေရွ႕စံမင္းသမီးက က်န္းမာသန္စြမ္းသည့္ သားေလး မေမြးေပးႏိုင္ပါက အနာဂတ္က အားရဖြယ္ မရွိေပ။ ကိုယ္ဝန္၇လႏွင့္ ေတာက္ဘုန္းေတာ္ႀကီးေက်ာင္းကို သားျဖစ္သူအတြက္ လာဆုေတာင္းေပးျခင္း ျဖစ္သည္။

မဒမ္အိုႀကီးက ဗိုက္ကိုၫႊန္ျပကာ

"အဆင္ျပရဲ႕လား"

စုန္ရွီက ေခါင္းညိတ္ျပကာ

"ေတာ္ဝင္သမားေတာ္ေျပာတာေတာ့ သေႏၶသားေလးက တည္ၿငိမ္တယ္တဲ့၊ ဒါေၾကာင့္ အျပင္သြားၿပီး ရွိခိုးပူေဇာ္တာ ကိစၥမရွိဘူးလို႔ေျပာတယ္"

သူတို႔စကားေျပာေနတုန္း အျပင္က အသံေတြေၾကာင့္ အိမ္ေရွ႕စံ မင္းသမီးက ထြက္လာခဲ့သည္။ ယြီရွန္းကိုေတြ႕ေတာ့ သူ(မ) မ်က္ႏွာက လင္းလက္သြားကာ

"ယြီရွန္း ဒီကိုလာ"

ေထာင္ဟုန္ႏွင့္ လ်ိဳလြီ႕က ယြီရွန္းကို တြန္းပို႔ေပးလိုက္သည္။ လ်စ္လ်ဴရႈခံရသည့္ ယြီစီးယြီ႕က မေက်မနပ္ျဖစ္ကာ ေတာင့္တင္းစြာ အ႐ိုအေသေပးလိုက္သည္။

အိမ္ေရွ႕စံမင္းသမီးက ယြီရွန္းရဲ႕ခါးကိုကိုင္ကာ မဒမ္အိုႀကီးကိုၿပဳံးလ်က္

"မဒမ္ႀကီးယြီရဲ႕ေျမးမက စိတ္ဝိညာဥ္ႀကီးတယ္ေလ၊ သူ႔ဆီက ကံေကာင္းမႈေလး ယူလို႔ရမလား"

"အိမ္ေရွ႕စံမင္းသမီးက ခ်ီးက်ဴးလြန္းေနပါၿပီ၊ သူက အိမ္ေရွ႕စံမင္းသမီးရဲ႕ ကံေလာက္ သူကတစ္ဝက္ေတာင္ မတန္ပါဘူး"

မဒမ္အိုႀကီးက လက္ခါျပေလသည္။

အိမ္ေရွ႕စံမင္းသမီးက ၿပဳံးကာ ဘာမွျပန္မေျပာခဲ့ေပ။ သူ(မ)က ယြီရွန္းကို ခန္းမထဲေခၚဝင္ကာ ခ်န္ထြင္ကို ၫႊန္ျပၿပီး

"ငါဒီအေရွ႕မွာရပ္ေနတာ နာရီဝက္ေလာက္ရွိၿပီ မေ႐ြးရဲဘူး၊ ယြီရွန္းက တစ္ခုေလာက္ေ႐ြးေပးပါ ေကာင္းတာျဖစ္ျဖစ္ ဆိုးတာပဲျဖစ္ျဖစ္ အျပစ္မတင္ပါဘူး"

ထိုစကားၾကားေတာ့ ယြီရွန္းရဲ႕ ဦးေရျပားေတြ ထုံက်င္သြားခဲ့သည္။ စိတ္ေအးခ်မ္းဖို႔ ေတြးေနတဲ့လူက ကံဆိုးမွာကိုလည္း ေတြးမိတုန္းလား။ စိတ္ထဲေတာ့ အနည္းနဲ႔အမ်ားေတာ့ ရွိေလာက္သည္။ သို႔ေပမယ့္ အိမ္ေရွ႕စံမင္းသမီးက ေတာ္ဝင္မ်ိဳး႐ိုးကမလို႔ အဓိကက်သည္။ ဒီေခတ္က ဘုရင္ကေသဆိုရင္ ေသရမည္ျဖစ္သည္။

ယြီရွန္းတြင္ ေ႐ြးစရာမရွိေတာ့ေပ။ သူ(မ)က မ်က္လုံးမွိတ္ကာ ဆုေတာင္းလိုက္သည္။ ထို႔ေနာက္ သစ္သားေခ်ာင္းတစ္ခုကို ေ႐ြးထုတ္ေပးကာ ေမွ်ာ္လင့္ေစာင့္စားေနသည့္ အိမ္ေရွ႕စံမင္းသမီးကို ကမ္းေပးလိုက္သည္။

မဒမ္အိုႀကီးရဲ႕အမူအရာက ေအးတိေအးစက္ ျဖစ္ေနေသာ္လည္း ရင္ထဲမွာေတာ့ ဗေလာင္ဆူေနကာ ႏွလုံးပင္ လည္ပင္းက ထြက္က်မတတ္ ခံစားေနရသည္။ ေျမးမျဖစ္သူက ကံဆိုးတဲ့တုတ္ေခ်ာင္းကို ေ႐ြးမိၿပီး အိမ္ေရွ႕စံမင္းသမီး စိတ္ထိခိုက္ သြားေအာင္ လုပ္လိုက္မိမွာကို သူ(မ)စိုးရိမ္ေနသည္။

#####

Telegram မွာ အပိုင္း ၁၁၀အထိ ေရာက္ပါၿပီေနာ္။ 

Fortsæt med at læse

You'll Also Like

42.5K 5K 20
က် ိဳးလုေဖးရွန္​း၏ Master series ဘာသာျပန္​
57.1K 8.5K 39
"ဆရာလား၊ အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူ... ကျွန်တော်တို့လဲ မကြားဖူးရပါလား" "ငါ့ဆရာက. . . အယ်... ဆရာရော၊ ဆရာ.. အယ် ငါ့ဆရာရော ငါ့ဆရာကို တွေ့မိကြသေးလား...
846K 130K 153
Guide The Villain Father To Be Virtuous Author_公子闻筝 English Translator_Chichipeph Burmese Translators_ Xiao LiuShu & Xiao Shu Start Date_25.1.2021 E...
4.4M 499K 92
Title - The True Conqueror (အောင်နိုင်သူအရှင်) တောင်ပိုင်ဘုရင်ကြီးလင်းမိုနှင့် မြောက်ပိုင်းအိမ်ရှေ့စံ လီချန်းယုံတို့၏ ကြည်နူးဖွယ် ဒဏ္ဍာရီတစ်ပုဒ်... N...