သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ...

By Miracle_Phyu97

38.7K 3K 33

မိတ်ဆက် ငါ တကယ် ပိုက်ဆံဆုံးရှုံးချင်တယ် T_T အကောင်းဆုံး သူဌေး၊ စီးပွားရေးလောက၏ အရွယ်နှင့်မလိုက်အောင် ထူးချွန်... More

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Ch-31
Ch-32
Ch-33
Ch-34
Ch-35/36
Ch-37/38
Ch-39/40
Ch-41/42
Ch-43/44
Ch-45/46
Ch-47/48
Ch-49/50
Ch-53/54
Ch-55/56
Ch-57/58
Ch-59/60
Ch-61/62
Ch-63/64
Ch-65/66
Ch-67/68
Ch-69/70
Ch-71+72
Ch-73+74
Ch-75+76
Ch-77+78
Ch-79+80
Ch-81+82
Ch-83+84
Ch-85+86
Ch-87+88
Ch-89+90
Ch-91+92
Ch-93+94+95
Ch-96+97+98
Ch-99+100
Ch-101+102
Ch-103+104+105
Ch-106+107+108
Ch-109+110
Ch-111/112
Ch-113/114
Ch-115/116
Ch-117/118
Ch-119/120
Ch-121/122
Ch-123/124
Ch-125/126
Ch-127/128
Ch-129/130
Ch-131/132
Ch-133/134
Ch-135/136
Ch-137/138
Ch-139/140
Ch-141/142
Ch-143/144
Ch-145/146
Ch-147/148
Ch-149/150
Ch-151/152
Ch-153/154
Ch-155/156
Ch-157/158
Ch-159/160
Ch-161/162
Ch-163/164
Ch-165/166
Ch-167/168
Ch-169/170
Ch-171/172
Ch-173/174
Ch-175/176
Ch-177/178
Ch-179/180

Ch-51/52

355 37 2
By Miracle_Phyu97

အခန်း(၅၁) ကျဥ်းလိုက်တဲ့ အလုပ်နေရာ

ကွမ်ကျိုး၊ ဆန်းစထရိုက်ခ် စတူဒီယို

၎င်းတို့၏ ရုံးအဆောက်အဦ အပြင်ဘက်တွင် ရှောင်လုနှင့် တခြားသူများ အံ့အားသင့် မှင်သက်နေကြပါသည်။

ဆန်းစထရိုက်ခ် စတူဒီယိုက အထပ် ၇ ထပ်ကို ပိုင်ဆိုင်ထားသည်။

ဝင်ပေါက်တွင် ဆန်းစထရိုက်ခ် စတူဒီယို၏ ဆိုင်းဘုတ်ကြီးရှိပြီး အဆောက်အဦတစ်ခုလုံးကို သစ်ပင် ပန်းမင်များဖြင့် ဝန်းရံထား၏။ ပတ်ဝန်းကျင်အခြေအနေက တော်တော်လေး ကောင်းမွန်ပါသည်။

ကိုယ်ပိုင် အဆောက်အဦဆောက်လုပ်နိုင်သည့် ဂိမ်းကုမ္ပဏီတစ်ခုမှာ သေချာပေါက် ငွေမနည်းပါးနိုင်ပေ။

လူအများစုက ဒီလိုနေရာမှာ အလုပ်လုပ်ရလျှင် ဘယ်လိုနေမလဲဟု စိတ်ကူးယဥ်ကြည့်မိကြသည်။

သို့သော်လည်း ဖေးချမ့်ကတော့ ဂရုမစိုက်ချေ။

ဒီကို ပညာဖလှယ်မည်ဟူသော ဆင်ခြေဖြင့် ပိုက်ဆံဖြုန်းဖို့သက်သက် လာခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဒီတိုင်း ပိုကျယ်သည့် ရုံးနေရာတစ်ခုသာ ဖြစ်သဖြင့် ဘာမှ မနာလိုဖြစ်စရာမလိုပါ။

သူတို့အုပ်စု ဝင်ပေါက်သို့ ရောက်သောအခါ ဆန်းစထရိုက်ခ် စတူဒီယိုမှ လူတွေက သူတို့ကို ကြိုစောင့်နေကြပါသည်။

"ကြိုဆိုပါတယ် လက်ထောက်ရှင်း ဒါက ဘော့စ်ဖေး ထင်တယ်။ ဟိုင်းဟိုင်း ကျွန်တော်က ဆန်းစထရိုက်ခ် စတူဒီယိုရဲ့ ကိုယ်စားလှယ် စွန်းရှီပါ"

သူတို့ကို ကြိုဆိုသည့်လူက အသက် ၂၆ နှစ်ဝန်းကျင်ရှိပုံရဿည်။

ဆန်းစထရိုက်ခ် စတူဒီယို၏ ပရိုဂျူဆာ ကျိုးမူယန်ကလည်း သူတို့နှင့် တွေ့မည်ဟုဆိုသည်။ သို့သော်လည်း သူ့အဆင့်အတန်းနှင့် ဝင်ပေါက်မှာ သူကိုယ်တိုင်ကြိုဆိုဖို့က ဘယ်လိုမှ မဖြစ်နိုင်ပါ။ ဖေးချမ့်တို့ အုပ်စုက ထိုအဆင့်လောက် မရောက်သေးပေ။

စွန်းရှီက အားလုံးကို အထဲခေါ်ခဲ့လိုက်ပြီး လမ်းတစ်လျှောက်လုံး ဒီနေရာကြီးကို မိတ်ဆက်ပေးနေသည်။

"ကျွန်တော်တို့ရဲ့ ရှေ့ခြံမှာ ကျွန်တော်တို့ စိုက်ပျိုးထားတဲ့ ဝါးတောလေးတစ်ခုရှိတယ်။ ကျွန်တော်တို့က ရိုးရာဆန်တဲ့စတိုင်နဲ့ ဂိမ်းပရောဂျက်တစ်ခု ဖန်တီးနေလို့လေ။ သြော် ရိုးရာဝတ်စုံနဲ့ အမျိုးသမီးတစ်ယောက် မကြာခဏ တီးတတ်တဲ့ ရှေးဟောင်း ဒုံမင်းလေးလည်း ရှိတယ်"

"ဟိုးဘက် အဆုံးမှာတော့ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တချို့က ကားနဲ့လာတာမို့လို့ ကားပါကင်တစ်ခုရှိတယ်"

ဖေးချမ့်က လိုက်ကြည့်နေသည်။

ဒီလိုကုမ္ပဏီကြီးတစ်ခုက တကယ်ပဲ ခမ်းနားလှသည်။

ဒီနေရာကြီးကို ဆောက်လုပ်ဖို့ သူတို့ပိုက်ဆံတော်တော်ကုန်သွားကြမှာပဲနော်။

သူတို့ ရုံးအဆောက်အဦတစ်ခုကို ဆောက်လုပ်ပါက ဝါးတောများ စိုက်ပျိုးခြင်း သို့မဟုတ် ပန်းပုရုပ်များ ဖန်တီးဖို့အတွက် မကြာခဏ ပြန်ပြုပြင်ရမည်။ ထိုလုပ်ငန်းအားလုံးက ငွေများစွာကုန်ကျပြီး သူ့ ပိုက်ဆံကို မဖြုန်းနိုင်မှာ စိတ်ပူစရာ မလိုတော့ပေ။

သို့သော်လည်း အမှန်ပင်။ ဒီလို ရုံးအဆောက်အဦတစ်ခုကို ဆောက်လုပ်ဖို့က သန်းဆယ်ချီပြီး ကုန်ကျနိုင်ပြီး လောလောဆယ်တော့ ဖေးချမ့်လည်း မတတ်နိုင်သေးပေ။

စနစ်က ထောက်ပံ့ပေးသော စနစ်ရန်ပုံငွေမှာ ၅၀၀,၀၀၀ အကန့်အသတ်သာ ရှိသေးသည်။ ဖေးချမ့် ဖန်တီးလိုက်သည့် ဂိမ်းများမှာ အန်ချင်စရာကောင်းလောက်အောင် ဝင်ငွေရနေသော်လည်း သန်းချီရရန် အဝေးကြီးလိုပါသေးသည်။

နှစ်စဥ် သန်းဆယ်ချီ ရာချီဝင်နိုင်ပါက နောက်ပိုင်း ဒီလိုရုံးအဆောက်အဦကြီး ဆောက်လုပ်ဖို့ကို ဖေးချမ့် စဥ်းစားပါမည်။

သို့သော်လည်း ဒီလိုအရာမျိုး ဘယ်တော့မှ ဖြစ်မလာဖို့ သူမျှော်လင့်မိ၏...။

သန်းဆယ်ချီ ရာချီ ရမည့်အစား မီလီယံတချို့ကို အရှုံးပေါ်အောင် လုပ်ရမည်။

အဘယ့်ကြောင့်ဆိုသော် အရှုံးပေါ်လျှင် အလဲအထပ်လုပ်သည့်အခါ အမြတ်ငွေထက် ၁၀ ဆလောက် များနိုင်သောကြောင့်ဖြစ်သည်။

လက်ထောက်ရှင်းကလည်း မြင်တာကို မတုန်လှုပ်ဘဲ တည်တည်ငြိမ်ငြိမ်ရှိနေသူ ဖြစ်၏။

သို့သော်လည်း ဟွမ်းစစ်ပေါ်၊ ရှောင်လုနှင့် မာယန်တို့လို တခြားသူတွေကတော့ တောက်ပနေသော မျက်လုံးများဖြင့် ကြည့်နေကြပါသည်။ မြို့ပေါ်သို့ ပထမဆုံး တက်လာပြီး အရာရာကို ထူးခြား သစ်လွင်သလို ကြည့်နေသည့် တောသားတချို့နှင့် တူနေသည်။

သို့သော်လည်း တိတိကျကျပြောရလျှင် ထန်းတာ့က ကမ်းလှမ်းသည့် အကျိုးခံစားခွင့်များမှာ ဆန်းစထရိုက်ခ် စတူဒီယိုထက် အများကြီး ပိုကောင်းနေသည်။

အလုပ်စားပွဲနေရာများ၊ သို့မဟုတ် ကွန်ပျူတာ အမျိုးအစားများတွင် ပြည်တွင်း သို့မဟုတ် ပြည်ပက ဘယ်လိုကုမ္ပဏီကမှ ထန်းတာ့နှင့် မယှဥ်နိုင်ပေ။

သို့သော်လည်း ဒီကုမ္ပဏီတွင် ကိုယ်ပိုင် ရုံးအဆောက်အဦ ရှိပြီး စုစုပေါင်း အကျယ်အဝန်းကလည်း ပိုများသည်။ အပြင်လူများအတွက်တော့ သူတို့က အများကြီး ပိုအဆင်ပြေနေသည်။

ဧည့်ကြိုနေရာသို့ ရောက်သောအခါ အားလုံး ဂုဏ်ယူဝံ့ကြွားသွားမိကြသည်။

ထန်းတာ့ တစ်မှတ်ရသွားပြီ.။

ထန်းတာ့၏ ဧည့်ကြိုနေရာတွင် ပုံစံတစ်ခုတည်းနှင့် ဆန်းစထရိုက်ခ် စတူဒီယိုထက် ပိုသာနိုင်သည့် အမြွှာလေး နှစ်ယောက်ကို ခန့်အပ်ထားသည်။ ဒါက သူတို့အတွက် နိုင်ပွဲတစ်ခုဖြစ်သည်။

စွန်းရှီက အားလုံးကို စတုတ္ထထပ်သို့ ခေါ်လာပြီး ဆန်းစထရိုက်ခ် စတူဒီယို၏ ပရိုဂျူဆာ ကျိုးမူယန်နှင့် တွေ့ပေးလိုက်ပါသည်။

သူက ဂိမ်းလောကထဲတွင် အတော်လေး လူကြီးလူကောင်းဆန်သော ဝတ်စုံကို ဝတ်ဆင်ထားသည်။

သို့သော်လည်း သူတို့ အုပ်စုကို ကြည့်လိုက်သောအခါ သူ့အကြည့်က ဖေးချမ့်ဆီသို့ ပုံသေ ရောက်သွားခဲ့၏။

'လခွမ်း အဲဒါ စိတ်ကြိုက်ဖန်တီးထားတဲ့ ဝတ်စုံပဲ'

ကျိုးမူယန်က တစ်ချက်ကြည့်လိုက်ရုံနှင့် ထိုဝတ်စုံ စျေးကြီးမှန်း သိနိုင်သည်။ အနည်းဆုံး ဂဏန်း ငါးလုံးလောက်ရှိနိုင်သည်။

ထို့ကြောင့် ဖိအားများသွားသည့် လူက ကျိုးမူယန်ဖြစ်သွားခဲ့သည်။ ပုံစံအရ သူရှုံးနိမ့်သွားပြီဟု ခံစားလိုက်ရသည်။

တစ်ချိန်တည်းမှာပင် အလုပ်သင်တစ်ယောက်ထက်တောင် ပိုငယ်သည့် ပုံစံမျိုးဖြင့် တစ္ဆေစစ်သူကြီး ဂိမ်းလိုမျိုး အောင်မြင်မှုတစ်ခုကို ဖန်တီးနိုင်ခဲ့သည့် ဘော့စ် ဘယ်လိုဖြစ်လာသလဲ တွေးနေမိပါသည်။

မဟုတ်မှလွဲရော သူက ဒုတိယမျိုးဆက်သူဌေးသားများလား။

ဟုတ်တယ် အဲ့လိုပဲဖြစ်မယ်။

မဟုတ်ပါက ဒီလိုဝတ်စုံမျိုးကို လူတိုင်း ဝတ်နိုင်မှာ မဟုတ်ပေ။

အခုမှ စီးပွားရေးစလုပ်သည့် ဘော့စ်များက သုံးစွဲမှုကို အတတ်နိုင်ဆုံး ချွေတာရပြီး ဂိမ်းလောကမှာလည်း စျေးကြီးကြီး ဝတ်စားဆင်ယင်ဖို့ မလိုအပ်ပါ။

သူတို့နှစ်ယောက် ယဥ်ကျေးစွာ နှုတ်ဆက်လိုက်ကြသည်။ "ကျွန်တော် ခင်ဗျားအကြောင်း ကြားဖူးပါတယ်"

တကယ်တော့ သူတို့နှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက် မသိကြပေ။

ဆန်းစထရိုက်ခ် စတူဒီယိုက ဖန်တီးသည့် ဂိမ်းများကို ဖေးချမ့်မသိဘဲ အပြန်အလှန်ပင် တစ္ဆေစစ်သူကြီး၏ ထုတ်လုပ်သူဖြစ်တယ်ဆိုတာက လွဲပြီး ဖေးချမ့်အကြောင်းလည်း ကျိုးမူယန် ဘာမှမသိချေ။

တစ်ယောက်အကြောင်း တစ်ယောက်နားမလည်မှုကြောင့် သူတို့ တိတ်တဆိတ် သဘောတူညီမှုရပြီး နှစ်ယောက်စလုံး သာမန်ချီးကျူးခန်းများကို ကျော်လိုက်ကြပြီး ကျိုးမူယန်က စတူဒီယိုထဲ လိုက်ပြလိုက်ပါသည်။

"ဒါက ကျွန်တော်တို့ရဲ့ အသံဖမ်းတဲ့နေရာပါ။ အရှေ့မှာ စတူဒီယိုရှိပါတယ်"

"ကျွန်တော်တို့ရဲ့ ဂိမ်းထဲက ဂီတနဲ့ အသံ effect တွေကို ဒီမှာပဲ အထူးပြုလုပ်ထားတာပါ"

"ဒါကတော့ အလုပ်နယ်မြေပေါ့နော်။ အဲဒါက ကျွန်တော်တို့ရဲ့ ပန်းချီအဖွဲ့ အလုပ်လုပ်နေတာလေ။ မူရင်းပန်းချီပုံတွေ ဖန်တီးနေတာပေါ့"

"ဒါက ဂိမ်းဒီဇိုင်းအသိပညာတွေကို သင်ကြားလေ့ကျင့်ပေးတဲ့ ထရိန်နင်နေရာပေါ့"

"အဲဒီမှာ cosplay ဝတ်စုံတစ်ခုရှိတယ်။ ဂိမ်းတစ်ခုအတွက် ကြော်ငြာပေးတဲ့ နာမည်ကျော်တစ်ယောက် ဝတ်ခဲ့တာပါ။ အဲ့ကတည်းက ဒီမှာသိမ်းထားခဲ့တာလေ"

"ဒီနံရံမှာ ကျွန်တော်တို့ ဂိမ်းတွေရဲ့ အရန်ထုတ်ကုန်တွေကို ပြသထားပါတယ်"

"ဒါက အနားယူနေရာဖြစ်ပြီးတော့ အဲဒါက ကန်တင်းပါ..."

ကျိုးမူယန်က သူတို့အုပ်စုကို လိုက်ပြရင်း ၎င်းတို့၏ တုံ့ပြန်ချက်များကို အရသာခံဖို့ ကြိုးစားနေ၏။

ဆန်းစထရိုက်ခ် စတူဒီယိုမှာ ပြည်တွင်းဂိမ်းစျေးကွက်ထဲ၌ သက်တမ်းရင့် brand တစ်ခုဟု သတ်မှတ်နိုင်ပြီး ထို့ကြောင့်လည်း ၎င်းတို့၏ လုပ်ငန်းစတိုင်က အသံဖမ်းစတူဒီယိုနှင့် ပန်းချီအဖွဲ့များတွင် ရှေးရိုးပိုဆန်သည်။ သူတို့ဂိမ်း၏ အစိတ်အပိုင်းတစ်ခုချင်းစီတိုင်းကို ကိုယ်တိုင် ပြုလုပ်ခြင်းဖြစ်သည်။ ၎င်းတို့၏ ပန်းချီနှင့် ဂီတ ရင်းမြစ်များကို အွန်လိုင်းရင်းမြစ်ဝက်ဘ်ဆိုက်မှ ဝယ်ယူရသည့် ထန်းတာ့လို မဟုတ်ပေ။

သို့သော် ကျိုးမူယန် အံ့အားသင့်သွားရသည်မှာ ယခင်တုန်းက အဆောက်အဦအပြင်ဘက်တွင် အလွန်အမင်း စိတ်လှုပ်ရှား မှင်သက်နေခဲ့သည့် ရှောင်လုနှင့် တခြားသူတွေမှာ ယခုအခါမှာတော့ သိပ်ပြီး ဂရုမစိုက်ကြသလိုပင်။

ဘာလို့ ဆန့်ကျင်ဘက် ဖြစ်နေတာလဲ။

အရင်တုန်းလည်း လာရောက်လည်ပတ်ဖူးသည့် ကျောင်းသားတချို့ရှိသည်။ ၎င်းတို့က အပြင်ပိုင်းမှာ တည်ငြိမ်နေသည့်ပုံပေါ်သော်လည်း ရင်ထဲမှာတော့ အလွန်အမင်း စိတ်လှုပ်ရှားပျော်ရွှင်နေခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် အဆောက်အဦကြီးထဲမှာပဲ အနားယူနေရာ၊ ကန်တင်းနှင့် မုန့်ပဲသရေစာခန်း၊ ဖျော်ဖြေရေးအခန်းတို့ ရှိနေသောကြောင့်ဖြစ်သည်။ ဒါက အလွန်အမင်း ဆွဲဆောင်မှုရှိသည့် လုပ်ငန်းနေရာတစ်ခု ဖြစ်သည်။ ထို့ကြောင့်လည်း ဒါတွေကို မြင်ပြီးသောအခါ ကျောင်းသားများက စိတ်လှုပ်ရှားကုန်ကြပြီး ဒီကုမ္ပဏီမှာ အလုပ်လုပ်နိုင်ဖို့ အိပ်မက်များ ရှိလာကြခြင်းဖြစ်သည်။

ဒါပေမဲ့ ထန်းတာ့က လူတွေကျတော့ ဘာလို့ သိပ်ပြီး ဂရုမစိုက်သလို ပုံစံဖြစ်နေရတာလဲ။

'နီးနီးကပ်ကပ် ကြည့်လိုက်စမ်းပါဟ။ ဒီမှာ ဖျော်ဖြေရေးအခန်းလေ။ အနားယူနေရာတောင် ရှိသေးတယ်။'

'ဟိုဧရာမတီဗီကြီးက မမိုက်ဘူးလား။ ဆိုဖာတွေကကော ဇိမ်မကျဘူးလား။'

'မင်းတို့ကောင်တွေ ဘာလို့ဘာမှ မတုံ့ပြန်ကြတာလဲ'

ကျိုးမူယန် မှင်သက်နေမိပါသည်။

သို့သော်လည်း သူတို့အုပ်စု ရေးကြီးခွင်ကျယ် မလုပ်ကြတာ ပုံမှန်သာဖြစ်သည်။

သူတို့အများစုအတွက် ဒီလို ဖျော်ဖြေရေးအခန်းနှင့် မုန့်ပဲသရေစာ နေရာတွေကို မြင်လိုက်ရသောအခါ တုံ့ပြန်မှုက တစ်ခုသာ ရှိပါသည်။

'ဒါပဲလားဟ'

'တီဗီသေးသေးလေး တစ်လုံးနဲ့ ဂိမ်းစက်တစ်လုံးလောက်ရှိတဲ့ ဒီလို ငှက်လှောင်အိမ်လေးကို ဖျော်ဖြေရေး အခန်းလို့ခေါ်တယ်ပေါ့'

'မုန့်ပဲသရေစာ နေရာကလည်း ဘီစကွတ်ထုတ်လေးနည်းနည်း၊ အာလူးကြော်လေး နည်းနည်းနဲ့ ဝန်ထမ်းတစ်ယောက်ကို စားနိုင်တဲ့ ပမာဏအကန့်အသတ်ရှိတယ်ဆိုတဲ့ ဆိုင်းဘုတ်တောင် တပ်ထားသေးတယ် ဒီလိုနေရာမျိုးကို မုန့်ပဲသရေစာ နေရာလို့ခေါ်တယ်ပေါ့'

'ဒီလောက်ထိ ကြွားပြီးတော့ ခင်ဗျားတို့မှာ ရှိသမျှက ထန်းတာ့ကို မမှီပါ့လား'

သို့သော်လည်း သူတို့အုပ်စု ထုတ်ပြောလို့မဖြစ်ပါ။ ရင်ထဲမှာတော့ စိတ်ပျက်သွားမိကြသည်။

စိတ်ပျက်လည်း ပျက်ချင်စရာကောင်းလှပေသည်။

ဒီတော့ ဒါကြီးက ပြည်တွင်း ဂိမ်းလောကရဲ့ ထိပ်တန်း စတူဒီယိုတစ်ခုရဲ့ အလုပ်နေရာကြီးပေါ့။

ထန်းတာ့ထဲက အရာတွေကို မှီဖို့ အဝေးကြီးလိုပါသေးသည်။

အဆောက်အဦက အပြင်ဘက်က ကြည့်ရင် ကောင်းမွန်သော်လည်း အထဲမှာတော့ သနားစရာ ကောင်းပါသည်။

သူတို့အုပ်စု၏ တုံ့ပြန်မှုက မထူးခြားဘဲ အေးစက်နေသည်။

မာယန်က ဖေးချမ့်၏ ညွှန်ကြားချက်များကို သတိရသွားပြီး သူ့အစွမ်းထုတ်ပြဖို့ အချိန်ရောက်ပြီဖြစ်မှန်း သိလိုက်ရသည်။

အခြေအနေကို ပိုပြီး ခွကျအောင် လုပ်လို့မဖြစ်ပါ။ မေးခွန်းများမေးပြီး ဝေဖန်ထောက်ပြမှုများ ပေးရပါမည်။

ထိုသို့စဥ်းစားရင်း လူများဖြင့် ပြည့်နှက်နေသည့် အလုပ်နေရာတစ်ခုလုံးကို ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

"သြော် ဒီနေ့ စနေနေ့မဟုတ်ဘူးလား။ အချိန်ပိုလုပ်နေတဲ့ လူတွေအများကြီးပါလား"

ကျိုးမူယန် ကြောင်သွား၏။

'အဲဒါ ဘယ်လိုအစုတ်အပြတ် မေးခွန်းမျိုးလဲဟ'

'ငါတို့ ပြည်တွင်းကုမ္ပဏီအားလုံးက ၉၉၆ စနစ်ကို လိုက်နာကြတယ်။ ဒီနေ့က အလုပ်ဖွင့်ရက် မဟုတ်ရင် မင်းတို့ကောင်တွေကို ငါရုံးမှာ ဧည့်ခံနိုင်မယ်ထင်လို့လား'

မေးခွန်းက ကြောင်လွန်းသဖြင့် ကျိုးမူယန် ဘယ်လိုပြန်ဖြေရမလဲ မသိတော့ပေ။

ဟွမ်းစစ်ပေါ်က အခြေအနေကို ပြေလည်စေရန် ချက်ချင်း ပြန်ပြောလိုက်ပါသည်။ "သြော် ကိုယ့်လုပ်ငန်းအတွက် အချိန်ပိုလုပ်ကြတာ ပုံမှန်ပါပဲ"

မာယန်က ခေါင်းညိတ်လိုက်၏။

"ဟုတ်ပါတယ်။ သူတို့ အချိန်ပိုလစာတောင် ရနိုင်တယ်။ ဒီမှာ အချိန်ပို လုပ်နေတဲ့ လူတွေအများကြီး ရှိတယ်ဆိုတော့လေ လတိုင်း ကုမ္ပဏီက အချိန်ပိုလစာတွေ အများကြီး ပေးရမှာပဲနော်"

'အချိန်ပို လစာဟုတ်လား'

ကျိုးမူယန်သည် ထပ်ကြောင်သွားရသည်။

ဒီမျက်နှာကြီးကြီးနဲ့ ကောင်က ဘယ်ကရောက်လာတာလဲဟု ဇဝေဇဝါဖြစ်နေသည်။

သူစကားပြောပုံအရ ဒီကောင် လုပ်ငန်းအကြောင်း ဘာမှမသိသည့်ပုံပင်။

ဘယ်ဂိမ်းကုမ္ပဏီက အချိန်ပိုလစာကို ပေးလို့လဲ။ ၉၉၆ ဆိုတာ ပုံမှန်ပဲလို့။

ကျိုးမူယန်၏ ပုံမှန်မဟုတ်သော မျက်နှာကို မြင်လိုက်ရသောအခါ ဟွမ်းစစ်ပေါ်နှင့် အခြားသူများ ချက်ချင်း နားလည်သွားကြပါသည်။

သို့သော်လည်း မာယန်ကတော့ အရိပ်သုံးပါးနားမလည်ဘဲ မေးခွန်းများ ဆက်မေးတော့မည့် ပုံစံ ပေါက်နေသည်။

ဖေးချမ့်က မာယန်ကို ချက်ချင်း ဆွဲခေါ်လိုက်သည်။

'ငါ့လခွီးကောင် မင်းဘာတွေ လျှောက်မေးနေတာလဲ'

'ငါမင်းကို မေးခွန်းမေးခိုင်းတာ၊ သွားဖြဲခိုင်းနေတာ မဟုတ်ဘူး၊ ထပ်မေးရင် ကျိုးမူယန်က မင်းကို ကန်ထုတ်တော့မယ်'

'သူတို့နဲ့ ရန်ငြိုးဖွဲ့ဖို့ ဒီအထိ လာတာမဟုတ်ဘူးကွ'

မာယန်က ဖေးချမ့် သူ့ကိုဘာကြောင့်ဆွဲလိုက်သလဲ နားမလည်ကာ ဇက်ပုသွားသည်။

'ငါမေးတဲ့ မေးခွန်းတွေ ဘာဖြစ်လို့လဲ။ သာမန်ပဲ မဟုတ်ဘူးလား'

ကံကောင်းစွာဖြင့် မေးခွန်းများ ဆက်မေးလောက်သည့်အထိတော့ မတုံးဘဲ တိတ်ဆိတ်သွားသည်။

ကျိုးမူယန်က အလွန် ဆွံ့အနေသည်။ သို့သော် ထိုစိတ်ရှုပ်စရာကောင်ကို လျစ်လျူရှုပြီး သူတို့အုပ်စုကို ဆန်းစထရိုက်ခ် စတူဒီယိုအား ဆက်လက်ပြသလိုက်ပါသည်။

သို့သော်လည်း အမှန်တရားကို သိလိုက်ရသည့် သူတို့အုပ်စု၏ စိတ်လှုပ်ရှားမှုလည်း သေဆုံးသွားပြီဖြစ်ပြီး သူ့ကိုလှောင်ပြောင်နေသလို ပုံစံပေါက်နေကြသည်။

ကျိုးမူယန်u အလွန်အမင်း စိတ်ရှုပ်သွား၏။ သူတို့ စိတ်လှုပ်ရှားပြီး မနာလိုဖြစ်နေတဲ့ပုံစံပေါက်ရမှာ မဟုတ်ဘူးလား။

ဆန်းစထရိုက်ခ် ကုမ္ပဏီ၏ အလုပ်နေရာမှာ တခြား ပြည်တွင်း ဂိမ်းကုမ္ပဏီများ အားလုံးထက် ၉၀ ရာခိုင်နှုန်းလောက် ပိုကောင်းကြောင်း သူသေချာသည်။

သူတို့ မနာလိုမဖြစ်ကြတာ အဓိပ္ပာယ် မရှိပေ။

ရှောင်လုက အလုပ်နေရာကို ကြည့်လိုက်ပြီး သတိမထားမိဘဲ လွှတ်ခနဲထွက်သွားသည်။

"အလုပ်နေရာက ကျဥ်းလိုက်တာ..."

အခန်း(၅၂) အောင်မြင်မှုဇာတ်လမ်းများ မျှဝေခြင်း

'ကျဥ်းတယ်'

'တကယ်ကြီးလား'

ကျိုးမူယန်က သူ့ကုမ္ပဏီ၏ အလုပ်နေရာကို ကြည့်လိုက်သည်။ ဘယ်လိုလုပ်ပြီး ကျဥ်းတာလဲ။ အပြင်ဘက်က ကုမ္ပဏီအများစုနဲ့ အတူတူပဲ မဟုတ်ဘူးလား။

တခြားကုမ္ပဏီတွေလိုမျိုးပဲ ဝန်ထမ်းတွေအလုပ်လုပ်ဖို့ ကိုယ်ပိုင် အလုပ်စားပွဲများ ရှိကြသည်။ ဒါတင်မကသေးဘဲ ဆန်းစထရိုက်ခ် စတူဒီယိုတွင် ကိုယ်ပိုင် အဆောက်အဦလည်း ရှိသဖြင့် တခြားကုမ္ပဏီများထက် ပိုမို ကျယ်ပြန့်လွန်းပါသည်။

ဒါကို ကျဥ်းတယ်ဆိုတော့ ဒီကောင် ကန်းနေတာဖြစ်မယ်...

ပြဿနာက ဆန်းစထရိုက်ခ် စတူဒီယိုကြောင့် မဟုတ်ဘဲ ထန်းတာ့က ကျယ်ဝန်းနေလွန်းသောကြောင့် ဖြစ်သည်ဟု ဟွမ်းစစ်ပေါ် နားလည်လိုက်သည်။

ဘယ်လိုကုမ္ပဏီက ထန်းတာ့လိုမျိုး ပြုမူမှာလဲ။ အိမ်ခြံမြေ အကျိုးတော်ဆောင် ကုမ္ပဏီတစ်ခုကတောင် ဒီလိုလုပ်မပေးနိုင်ပေ။

သို့သော်လည်း အားလုံးက ထန်းတာ့မှာ အလုပ်လုပ်တာ ကြာပြီဖြစ်သဖြင့် ထိုအလုပ်နေရာကို အသားကျနေပြီဖြစ်သည်။ ထို့ကြောင့် ခြားနားလျက်ရှိသော ဆန်းစထရိုက်ခ် ကုမ္ပဏီကြီး၏ အလုပ်နေရာကို ကြည့်ရင်း စိတ်ဓာတ်ကျသွားကြသည်။

ထို့ကြောင့် အားလုံး စိတ်ဝင်စားမှု လျော့နည်းကုန်ကြသည်။ ပင်လယ်ဘေးက ဗီလာကြီးတစ်လုံးမှာ နေထိုင်နေသည့် လူတစ်စုက အရောင်ဝန်ထမ်းလေးတစ်ယောက်က အိပ်ခန်း သုံးခန်းပါ တိုက်ခန်းတစ်ခုအကြောင်း ကြွားဝါနေတာကို နားထောင်နေရသလိုပင်...။

သူတို့အိပ်မက်များ ပျက်စီးကုန်ကြ၏။

အစကတော့ သူတို့အားလုံး ဆန်းစထရိုက်ခ် စတူဒီယိုကိုလာဖို့ စိတ်လှုပ်ရှားခဲ့ကြသော်လည်း အခုတော့ နိုးပါ ဖြစ်ကုန်ကြလေပြီ။

အလုပ်နေရာက ပြွတ်သိပ်နေ၏။

ကွန်ပျူတာ အမျိုးအစားများကလည်း သာမန်ဖြစ်ပြီး မော်နီတာ နှစ်လုံးတောင် မရှိပေ။

မုန့်ပဲသရေစာထုပ်လေး နည်းနည်းလောက် တင်ထားလိုက်ရုံနဲ့ မုန့်ပဲသရေစာ နေရာဖြစ်လာသညသ်။

ဖျော်ဖြေရေး အခန်းထဲမှာလည်း တီဗီသေးသေးလေး တစ်လုံးသာရှိသည်။ သူတို့တွေက သူတောင်းစားတွေများလား။

ဒါတင်မကသေးဘဲ အချိန်ပိုလစာ မပေးဘဲ ၉၉၆ စနစ်ကို တင်းတင်းကြပ်ကြပ် ကျင့်သုံးနေကြသည်။

ဒါက တကယ်ပဲ ထိပ်တန်း ပြည်တွင်းဂိမ်းကုမ္ပဏီတစ်ခု ဟုတ်ရဲ့လား။

ထန်းတာ့ထက် အများကြီး အဆင့်နိမ့်လိုက်တာ။

လက်ထပ်ပြီးသား ယောက်ျားတစ်ယောက်က အချိန်အတော်ကြာမှ အချစ်ဦးနှင့် ပြန်ဆုံရပြီး အချစ်ဦးက ဝတုတ်ကြီးဖြစ်လာပြီး အဘွားကြီး ဖြစ်နေပြီကို မြင်လိုက်ရသလိုပင်။

ထိုအချိန်ကျမှ သူတို့လက်ရှိမိန်းမက ဘယ်လောက် လှပကြောင်း နားလည်လာလိမ့်မည်။

တကယ်ပါ။ ဘော့စ်ဖေးက ခြွင်းချက်မရှိ ကမ္ဘာပေါ်က အကောင်းဆုံးဘော့စ် ဖြစ်သည်။

သူတို့အဓိပ္ပာယ်မရှိတာတွေကို မတွေးတော့ဘဲ တစ်သက်လုံး ဘော့စ်ဖေးထံမှာပဲ တာဝန်ထမ်းဆောင်ရင်း သူတို့ ဘဝတွေကို ကုန်ဆုံးသင့်ပါသည်။

...

ဒီလောက်ထိ ကြွားဝါပြီးနောက် ကျိုးမူယန်က စတင်ပြီး နေရခက်လာပါပြီ။ တစ်ဖက်အဖွဲ့က သူ့ကို လှောင်ရယ်နေသည့်ပုံစံပေါက်သဖြင့် ဆက်ကြွားချင်စိတ်ပင် မရှိတော့ပေ။

"ဒါဆို ဆက်လိုက်ကြရအောင်။ ကျွန်တော်တို့ရဲ့ အောင်မြင်မှု ဇာတ်လမ်းတွေကို မျှဝေဖို့ ကဏ္ဍလေးတစ်ခု စီစဥ်ထားပါတယ်။ အားလုံးပဲ ဒီဘက်ကို ကြွပေးပါ"

အားလုံး ဆန်းစထရိုက်ခ် စတူဒီယိုအတွင်းရှိ အစည်းအဝေးခန်းအကျယ်ကြီးထဲသို့ ရောက်ရှိလာခဲ့ကြပါသည်။

ဒီနေ့ အချိန်စာရင်းကို လက်ထောက်ရှင်းနှင့် ဆန်းစထရိုက်ခ် စတူဒီယိုဝန်ထမ်းများအကြား အစီအစဥ်ဆွဲထားခဲ့ပြီး ကုမ္ပဏီများအကြား ပညာဖလှယ်သည့် အစီအစဥ်လည်း ပါဝင်ပါသည်။

သာမန် ကုမ္ပဏီတစ်ခု၏ ပညာဖလှယ်ခြင်း အချိန်စာရင်းလိုပဲ လက်ထောက်ရှင်းက စီစဥ်ထားခြင်း ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဒီလောက် အဝေးကြီးလာပြီးမှ ကုမ္ပဏီကိုကြည့်ပြီး ပြန်ရလျှင် သူတို့အတွက်လည်း မကောင်းပါ။

ပညာဖလှယ်ခြင်းဖြစ်သဖြင့် သူတို့သေချာပေါက် သူတို့၏ အောင်မြင်မှုဇာတ်လမ်းများကို မျှဝေပေးရမည်။ ဒါမှ ခရီးစဥ်က တန်ဖိုးရှိပါလိမ့်မည်။

ထန်းတာ့ကုမ္ပဏီဘက်တွင် စုစုပေါင်း ဝန်ထမ်း ၂၀ ကျော်ရှိသဖြင့် ဆန်းစထရိုက်ခ် စတူဒီယိုက ပညာဖလှယ်ပွဲမှာ ပါဝင်ဖို့ တူညီသည့် လူအရေအတွက်ကို ပြင်ဆင်ထားပြီး နှစ်ဖက် စလုံးကလည်း စင်မြင့်ပေါ်တွင် ပညာဖလှယ်ရန် လူများ ရွေးချယ်ထားပါသည်။

ပထမဆုံး ပြောကြားရသူက ခုနက သူတို့ကို ကြိုဆိုခဲ့သည့် စွန်းရှီဖြစ်သည်။ သူက ဆန်းစထရိုက်ခ် စတူဒီယို ဖန်တီးထားသည့် MMORPG ဂိမ်းကြီးတစ်ခု၏ ဗဟို ဒီဇိုင်နာ တစ်ယောက်ဖြစ်သည်။

စွန်းရှီက ဘော့စ်ဖေးနှင့် တခြားသူများကို ခရီးအရှည်ကြီး လာရောက်ခဲ့ရသည့်အတွက် ကြိုဆိုလိုက်ပါသည်။ ထိုအခါ လက်ခုပ်သြဘာသံများ ထွက်လာပြီး တက်ကြွဖွယ် ကောင်းလာ၏။

ထို့နောက် MMORPG ဂိမ်းတွင် တာဝန်ယူခဲ့ရသည့် အောင်မြင်မှု အတွေ့အကြုံအကြောင်း စတင် မိတ်ဆက်ပါသည်။

ဖေးချမ့်က မှတ်စုစာအုပ်တစ်အုပ်ကို ထုတ်လိုက်ပြီး တည်တည်တံ့တံ့နားထောင်ကာ ခေါင်းညိတ်ရင်း မှတ်စုများ ချရေးနေ၏။

သိပ်မကြာခင် လိပ်ပုံထွက်လာသည်။

ထို့နောက် ကြွက်ပုံ၊ ဘဲပုံများပါ ပေါ်လာသည်။

ဖေးချမ့်က ဘာမှ နားမလည်ပါ။

ဖေးချမ့်မှာ ရှေ့ဆုံးတန်းမှာ ထိုင်နေရပြီး အိပ်ပျော်လို့ မဖြစ်လို့သာ...။

တကယ်တော့ စွန်းရှီကလည်း ဘာမှထူးထူးခြားခြား မျှဝေပေးတာမျိုး မဟုတ်ဘဲ ဟွမ်းစစ်ပေါ်နှင့် တခြားသူများက အပြည့်အ၀ နားလည်ကြသည်။ သို့သော်လည်း နည်းပညာပိုင်းဆိုင်ရာ အသုံးအနှုန်းများနှင့် အင်္ဂလိပ်စကားပြောများစွာ ပါနေသည်။ စွန်းရှီ၏ မျက်နှာထားနှင့် လှုပ်ရှားမှုများကို ကြည့်ခြင်းအားဖြင့် တကယ်အထင်ကြီးစရာဂိမ်းဖြစ်ကြောင်း ဖေးချမ့်ပြောနိုင်သည်။ သို့သော် ပိုနက်နဲသည့် အသေးစိပ်အချက်အလက်များကိုတော့ သူလုံးဝ ဉာဏ်မမှီတော့ချေ။

သိပ်မကြာခင် စွန်းရှီပြီးဆုံးသွားပြီး အိပ်ငိုက်နေသည့် ဖေးချမ့် ပြန်လန်းဆန်းသွားကာ လက်ခုပ်သြဘာပေးဖို့ ဦးဆောင်လိုက်ပါသည်။

နောက်တစ်လှည့်က ထန်းတာ့ဘက်မှဖြစ်သည်။

တစ်ဖက်က သူတို့၏ အောင်မြင်မှုဇာတ်လမ်းကို မျှဝေပြီးသွားပြီဖြစ်သဖြင့် ထန်းတာ့ကလည်း ထိုနည်းတူစွာ တုံ့ပြန်ရမှာ သေချာပါသည်။

တစ္ဆေစစ်သူကြီး၏ အောင်မြင်မှုအကြောင်း ရှင်းပြဖို့ ဟွမ်းစစ်ပေါ်ကို စင်ပေါ်တင်လိုက်သည်။ သမုဒ္ဒရာရဲတိုက်က မပြီးမြောက်သေးကာ ပေါက်နိုင်ပါ့မလားလည်း ဘယ်သူမှ မသေချာသဖြင့် ထိုအကြောင်း မျှဝေဖို့ မသင့်တော်ပါ။

ပြောရမည်ဆိုလျှင် ထိုအကြောင်း မျှဝေပေးရမည့်လူက ဖေးချမ့် ဖြစ်သင့်သည်။ တစ္ဆေစစ်သူကြီး တစ်ဂိမ်းလုံးကို သူပဲဖန်တီးခဲ့တာ မဟုတ်လား။

သို့သော်လည်း ထိုအကြံကို ဖေးချမ့်ကိုယ်တိုင်ကပဲ ပြတ်ပြတ်သားသား ငြင်းလိုက်၏။ ပထမတစ်ချက်က သူစင်ပေါ် မတက်ချင်ပါ။ ဒုတိယတစ်ချက်ကတော့ တစ္ဆေစစ်သူကြီး ဘာကြောင့် အောင်မြင်တာလဲ သူကိုယ်တိုင်တောင် မသိသောကြောင့်ဖြစ်သည်။

ထို့ကြောင့် လက်ထောက်ရှင်းသည် ပညာဖလှယ်ပွဲ၏ ဒီအပိုင်းကို ပြောသောအခါ ဖေးချမ့်က တာဝန်ကို ဟွမ်းစစ်ပေါ်ကို ပေးအပ်လိုက်ပြီး မျှဝေခိုင်းလိုက်ပါသည်။

ဟွမ်းစစ်ပေါ်က စင်ပေါ်တက်သွားသောအခါ နေရာ တစ်ခုလုံး လက်ခုပ်သြဘာသံများဖြင့် ပြည့်နှက်သွားသည်။

"ပထမဆုံး တစ္ဆေစစ်သူကြီးဂိမ်းကို ထုတ်လုပ်ရာမှာ ကျွန်တော် မပါဘူးဆိုတာ ပြောကြားထားပါရစေ။ အဲဒီဂိမ်းတစ်ခုလုံးကို ဘော့စ်ဖေး တစ်ယောက်တည်းက ဖန်တီးခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော် ထန်းတာ့ကို ဝင်ရောက်ပြီးတဲ့ အချိန်အတောအတွင်း တစ္ဆေစစ်သူကြီးအကြောင်းကို သေသေချာချာလေး လေ့လာထားပါတယ်။ ကျွန်တော် အဲဒီ ဂိမ်းအကြောင်းကို နည်းနည်း နားလည်ထားပြီး ဘော့စ်ဖန်းရဲ့ ဒီဇိုင်းစိတ်ကူးတွေကို သဘောပေါက်တယ်လို့ ယူဆပါတယ်"

"ဘော့စ်ဖေး ကျွန်တော်ရှင်းပြနေတုန်း အမှားရှိခဲ့ရင် ကျေးဇူးပြုပြီး လွတ်လွတ်လပ်လပ် ပြန်ပြင်ပေးနိုင်ပါတယ်"

"ကျွန်တော့် အမြင်မှာတော့ တစ္ဆေစစ်သူကြီးရဲ့ အောင်မြင်မှုကို အထောက်အကူဖြစ်စေတဲ့ အချက်သုံးချက် ရှိပါတယ်"

"ပထမတစ်ချက်က ဂိမ်းရဲ့ အရည်အသွေး ပြီးပြည့်စုံမှုနဲ့ လှပတဲ့ ပန်းချီစတိုင်တွေကြောင့်ပဲဖြစ်ပါတယ်"

"ကျွန်တော်သိထားသလောက်တော့ ဘော့စ်ဖေးက ရင်းနှီးမြှုပ်နှံငွေရဲ့ တစ်ဝက်ကျော်ကို ပန်းချီရင်းမြစ်တွေ ဝယ်ယူဖို့ သုံးခဲ့ပါတယ်တဲ့။ ဒါတင်မကသေးဘူး ပန်းချီဆရာလူသစ်လေးကို ငှားပြီး စွန့်စားခဲ့ပါသေးတယ်။ တစ္ဆေစစ်သူကြီးရဲ့ လှပတဲ့ မင်ပန်းချီစတိုင် ထွက်လာတော့ ဂိမ်မာတွေရဲ့ ချီးကျူးထောက်ခံမှုကို ရရှိခဲ့ပါတယ်။ အဲဒါတွေ အားလုံးက ဘော့စ်ဖေးရဲ့ အမြော်အမြင်ရှိမှုနဲ့ ပြိုင်ဘက်ကင်းတဲ့ အလှတရားကို ခံစားတတ်မှုတို့ကြောင့်ပဲဖြစ်ပါတယ်"

"ဘော့စ်ဖေးက တစ္ဆေစစ်သူကြီးကိုပဲ အောင်မြင်အောင် လုပ်ပေးခဲ့တာမဟုတ်ဘဲ ရွမ်ကွမ်းကျန်ရဲ့ ထူးခြားတဲ့ ပန်းချီစတိုင်ကိုလည်း နာမည်ကျော်သွားစေခဲ့ပါတယ်။ နှစ်ဦးနှစ်ဖက် အဆင်ပြေတာပေါ့ဗျာ..."

"ဒုတိယအချက်ကတော့ စျေးနှုန်းသက်သာတဲ့ ဂိမ်းထဲက ဝယ်ယူမှုတွေကြောင့်ပဲ ဖြစ်ပါတယ်"

"တစ္ဆေစစ်သူကြီးဂိမ်းမှာ အများဆုံး သုံးနိုင်တဲ့ ပိုက်ဆံပမာဏက ယွမ် ၄၀ တည်းပါ။ ငွေအစားများတဲ့ သုံးပြည်ထောင်ကတ်ဂိမ်းလို မိုဘိုင်းကတ်ဂိမ်းတွေနဲ့ ယှဉ်လိုက်ရင် ရိုးရှင်းလွယ်ကူတဲ့ ကစားပုံကစားနည်းက ဂိမ်မာတွေရဲ့ လေးစားမှုနဲ့ အသိအမှတ်ပြုမှုကိုခံခဲ့ရပါတယ်။ တစ်ချိန်တည်းမှာပဲ အမြတ်ငွေနည်းနည်း၊ ရောင်းအားများများ ဗျူဟာနဲ့ ဂိမ်းကို အမြောက်အမြား ရောင်းချနိုင်ခဲ့ပြီး နာမည်လည်း ရလာခဲ့ပါတယ်..."'

"တတိယအချက်ကတော့ ထူးခြားတဲ့ မားကတ်တင်း နည်းလမ်းတွေကြောင့်ပါ"

"ပိုက်ဆံတွေအကုန်လုံးကို ဂိမ်းထုတ်လုပ်ဖို့ အသုံးပြုလိုက်တော့ တစ္ဆေစစ်သူကြီးဂိမ်းက မားကတ်တင်းဆင်းဖို့အတွက် ပိုက်ဆံမကျန်တော့တဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဘော့စ်ဖေးက ဘောင်အပြင်ကနေ စဥ်းစားပြီး ဝေ့ပေါ်မှာ ကြေညာခဲ့တယ်။ အဲဒါကြောင့် ဂိမ်းက ပန်းချီအသိုင်းအဝိုင်းထဲမှာ ရေပန်းစားလာခဲ့ပြီး အဲဒီကနေတစ်ဆင့် ဂိမ်းလောကထဲ ထပ်ပြီး ပြန့်နှံ့လာခဲ့ပြီး ပြိုင်ဘက်ကင်းတဲ့ အောင်မြင်မှုကို ရခဲ့တာပေါ့ဗျာ..."

"အဲဒီ မားကတ်တင်းဗျူဟာကို သာမန် ဘာသာရပ်တစ်ခုလိုပဲ ထပ်ခါထပ်ခါ လေ့လာလို့ရမယ်လို့ ကျွန်တော်ယုံကြည်ထားပါတယ်"

ဟွမ်းစစ်ပေါ်က ဒီအတွက် သေသေချာချာ ပြင်ဆင်ထားခဲ့ပြီး ယုံကြည်ချက် ပြည့်ဝနေသည်။

ဖေးချမ့်ကို တစ္ဆေစစ်သူကြီးဂိမ်း၏ နောက်ကွယ်က အကြောင်းအရာများကို သူတစ်ခါမှ မမေးခဲ့ဖူးပေ။ ထိုအစား အားလုံးကို အွန်လိုင်း Review များနှင့် ရွမ်ကွမ်းကျန်၏ ဝေ့ပေါ်အကောင့် စသည်တို့မှ လေ့လာခဲ့ခြင်းဖြစ်သည်။ ထို့နောက် ဘော့စ်ဖေး၏ စရိုက်နှင့် ပေါင်းစပ်ကြည့်ပြီး မှတ်တမ်းပြုစုခဲ့ခြင်းဖြစ်သည်။

သည်လိုနှင့် အကြောင်းအရာတစ်ခုလုံးကို သူအကြမ်းဖျင်း နားလည်ခဲ့ရခြင်းဖြစ်သည်။

သူ ရှင်းပြနေစဥ် ဖေးချမ့်ဘက်ကို မကြာခဏ လှည့်လှည့်ကြည့်တတ်၏။

'ဘော့စ်ဖေးက ပြုံးနေပြီး ခေါင်းလည်း ညိတ်နေတယ်'

'ဟုတ်တယ် ငါခန့်မှန်းတာ မှန်တယ်ကွ'

ဟွမ်းစစ်ပေါ်က အလွန်အမင်း ဂုဏ်ယူသွားပါသည်။ တစ္ဆေစစ်သူကြီးဂိမ်း ထုတ်လုပ်မှုတွင် သူ မပါဝင်ခဲ့သော်လည်း ဘော့စ်ဖေး၏ အတွေးများကို နားလည်နိုင်ခြင်းက အထင်ကြီးစရာပင် ဖြစ်သည်။ ဒါက ဘော့စ်ဖေး၏ နှုန်းကို လိုက်မီတော့မည်ဆိုသည့် သဘောသက်ရောက်ပါသည်။

ဖေးချမ့်က ခေါင်းညိတ်ရင်း ရင်ထဲတွင် ညည်းတွားနေမိပါသည်။

'တော်လိုက်တဲ့ ရှင်းလင်းချက်။ အဲဒီတုန်းက ငါ့ခေါင်းထဲမှာ ရှိမှန်းတောင် မသိခဲ့တဲ့အရာတွေကို သူက ပြောပြနေတာပဲ'

စင်အောက်တွင် စွန်းရှီ၊ ကျိုးမူယန်နှင့် ဆန်းစထရိုက်ခ် စတူဒီယို၏ တခြား ဝန်ထမ်းများက စိတ်ပါဝင်စားစွာ နားထောင်နေကြပြီး မှတ်စုများလည်း ရေးသားနေကြ၏။

ကျိုးယူယန်လည်း ဖေးချမ့်က တကယ့် ငယ်ရွယ်သည့် ပါရမီရှင်ဖြစ်တာကို လက်ခံလိုက်ရသည်။

ဒီဘော့စ်ဖေးက ငယ်သော်လည်း သတ္တိတော့ ကောင်းသည်။

ရင်းနှီးမြှုပ်နှံငွေအားလုံးကို မားကတ်တင်း အတွက် တစ်ပြားတစ်ချပ်မှ မချန်ဘဲ ထုတ်လုပ်ရေးတွင် ထည့်သွင်းဖို့၊ ပန်းချီစတိုင် အသစ်စက်စက်နဲ့ လူသစ်ပန်းချီစရာကို ငှားရဲဖို့က တော်ရုံနှင့် မရပေ။ ဒါမှ သူတို့ လက်ရှိမိုဘိုင်းကတ်ဂိမ်းများကို ပြန်လည် ပြုပြင်နိုင်မည်ဖြစ်သည်။

ဒါမျိုးက သာမန်ဒီဇိုင်နာတစ်ယောက် လုပ်နိုင်သော အရာမျိုး မဟုတ်ပါ။

တော်တော် သတ္တိကောင်းတဲ့ ကောင်ပဲ။ သူ့ရင်းနှီးမြှုပ်နှံငွေတွေ အကုန်အရှုံးပေါ်မှာ မကြောက်ဘူးလား။

အမှန်ပင်။ ဒီကောင်က ဒုတိယမျိုးဆက် သူဌေးသား ဖြစ်နိုင်ခြေများသည်။ ဒီလောက်ထိ ကြီးမားသည့် စွန့်စားမှုကို ဂရုမစိုက်ဘဲ စွန့်စားနိုင်စရာအကြောင်းမရှိပါ။

ခြားနားတဲ့ စိတ်အခြေအနေဆိုတာ ဒါကို ပြောကြတာလား။ အရာရာကို လေလိုပဲ ပေါ့ပေါ့ပါးပါး ဆောင်ရွက်နိုင်တဲ့ သမိုင်းဝင် လုပ်ရပ်တွေကိုလေ..။

ကျိုးမူယန်က တစ်ယောက်တည်း စဥ်းစားရင်း ဖေးချမ့်အပေါ်ထားသည့် သူ့သဘောထား ထပ်မံ တိုးတက်သွားခဲ့ပါသည်။

သိပ်မကြာမီ ဟွမ်းစစ်ပေါ် ပြီးဆုံးသွားကာ ပရိသတ်က လက်ခုပ်သြဘာများ ပေးလိုက်ကြပါသည်။

သူ့ကို နှစ်နှစ်ကာကာ လေးစားသော အကြည့်များဖြင့် ကြည့်နေကြတာကို ဖေးချမ့် ခံစားမိပါသည်။

ဒါက ဉာဏ်ကြီးရှင်းတစ်ယောက်ကို လေစားတဲ့ အကြည့်မျိုးတွေပဲ။

Continue Reading

You'll Also Like

133K 23K 108
နဂါးကျွန်း ဆိုတဲ့ app ကို ဒေါင်းလုခ် လုပ်ပြီး သားပေါက်လေးတွေကို အရူးအမူး ပျိုးထောင် ပေးပြီးတဲ့နောက် ထိုဂိမ်းထဲက သားပေါက်လေးတွေ ဆီ ကူးပြောင်းရောက်ရှိသ...
114K 13.8K 110
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...
47.4K 3.7K 23
အခုခေတ်ရဲ့ B@d@ssက နှောင်းပိုင်းခေတ်ကို ရောက်သွားတဲ့အခါ...