သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ...

By Miracle_Phyu97

38.8K 3K 33

မိတ်ဆက် ငါ တကယ် ပိုက်ဆံဆုံးရှုံးချင်တယ် T_T အကောင်းဆုံး သူဌေး၊ စီးပွားရေးလောက၏ အရွယ်နှင့်မလိုက်အောင် ထူးချွန်... More

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Ch-31
Ch-32
Ch-33
Ch-34
Ch-35/36
Ch-37/38
Ch-39/40
Ch-41/42
Ch-45/46
Ch-47/48
Ch-49/50
Ch-51/52
Ch-53/54
Ch-55/56
Ch-57/58
Ch-59/60
Ch-61/62
Ch-63/64
Ch-65/66
Ch-67/68
Ch-69/70
Ch-71+72
Ch-73+74
Ch-75+76
Ch-77+78
Ch-79+80
Ch-81+82
Ch-83+84
Ch-85+86
Ch-87+88
Ch-89+90
Ch-91+92
Ch-93+94+95
Ch-96+97+98
Ch-99+100
Ch-101+102
Ch-103+104+105
Ch-106+107+108
Ch-109+110
Ch-111/112
Ch-113/114
Ch-115/116
Ch-117/118
Ch-119/120
Ch-121/122
Ch-123/124
Ch-125/126
Ch-127/128
Ch-129/130
Ch-131/132
Ch-133/134
Ch-135/136
Ch-137/138
Ch-139/140
Ch-141/142
Ch-143/144
Ch-145/146
Ch-147/148
Ch-149/150
Ch-151/152
Ch-153/154
Ch-155/156
Ch-157/158
Ch-159/160
Ch-161/162
Ch-163/164
Ch-165/166
Ch-167/168
Ch-169/170
Ch-171/172
Ch-173/174
Ch-175/176
Ch-177/178
Ch-179/180

Ch-43/44

350 33 1
By Miracle_Phyu97

အခန်း(၄၃) ဒါဘော့စ်ဖေးရဲ့ သုတေသန စမ်းသပ်ချက်ပဲ

"အဲဒါကြောင့် ဒါက ငါတို့တွေကို ဘော့စ်ဖေး စမ်းသပ်တာလို့ပဲထင်တယ်။ သုတေသန တာဝန်လိုမျိုးပါ့"

"ဘော့စ်ဖေးရဲ့ ထူးခြားချက်က စွန့်စားမှုနည်းပြီး ရလဒ်များတဲ့ အလောင်းအစားတွေ လုပ်ရဲတာပဲ"

"အထီးကျန်ကန္တာရလမ်းနဲ့ တစ္ဆေစစ်သူကြီးတုန်းကလည်း ဒီလိုပဲ"

"အဲဒါကြောင့် ငါတို့တွေလည်း အနည်းဆုံး ရင်းမြစ်တွေကို အသုံးပြုပြီး အကောင်းဆုံး ရလဒ်တွေ ထွက်လာအောင် ကြိုးစားရမယ်"

"ငါရှုထောင့်မျိုးစုံက စဥ်းစားကြည့်ပြီးသွားပြီ။ ဇာတ်ကောင်တွေ၊ ဆက်တင်တွေ၊ ဇာတ်ဝင်ခန်းတွေ... ငါတို့တတ်နိုင်သမျှများများ ချွေတာ ရမယ်။ မဟုတ်ရင် ထုတ်လိုက်တဲ့ Story Mode က အဓိပ္ပာယ် မရှိတော့ဘူး။ ငါတို့ အကန့်အသတ်ရှိတဲ့ ရင်းမြစ်တွေကို လိုအပ်တဲ့နေရာတွေမှာပဲ အသုံးချရမယ်"

ပေါင်ရှုက ယုံကြည်ချက်ပြည့်ဝနေသည်။

ဟွမ်းစစ်ပေါ်က ဆက်တိုင်ခေါင်းညိတ်ကာ သူ့သဘောတူညီမှုကို ပြသနေ၏။

ထို့နောက် ပေါင်ရှုက ဆက်ပြော၏။ "တကယ်တော့ ငါတို့ရင်းမြစ်တွေကို တတ်နိုင်သမျှ ချွေတာရမယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုတာနဲ့ ငါတို့ ရွေးချယ်စရာနည်းနည်းပဲ ရှိတော့တယ်"

"ပထမဆုံး ဇာတ်ကောင်ဒီဇိုင်းကွာ။ ဒီဂိမ်းက First Person ရှုထောင့်ကနေ ကစားရမှာ။ အဲဒါဆို ငါတို့တွေ ဇာတ်ကောင်မော်ဒယ် ဖန်တီးဖို့ ချွေတာနိုင်ပြီး သူတို့ရဲ့ လက်တွေ ခြေထောက်တွေကိုပဲ ပြဖို့လိုအပ်မယ်".

"အမျိုးအစားကို ဇွန်ဘီပုံစံလိုမျိုးလုပ်လိုက်လို့ ရတယ်။ ဂိမ်းထဲမှာ ရန်သူက နှစ်မျိုးရှိမယ်။ ဇွန်ဘီနဲ့ ကြေးစားတွေ။ ငါတို့ ဘက်စုံသုံး နမူနာတွေကိုသုံးပြီး အဲဒါတွေကို ပြုပြင်လိုက်ပြီးတော့ အကောင်တွေ မျိုးစုံရှိအောင် လုပ်ရမယ်"

ဟွမ်းစစ်ပေါ်က ခေါင်းညိတ်လိုက်၏။ "အေး ငါနားလည်ပြီ။ အဲဒါအကြံကောင်းပဲ။ ဒါပေမဲ့ ဇွန်ဘီနဲ့ ကြေးစားတွေပဲပါရင် ဇာတ်လမ်းဖြစ်ပါ့မလား မသိဘူး။ ငါတို့ အရံ ဇာတ်ကောင်တွေလည်း လိုသေးတယ်"

"ငါအဲဒါလည်း စဥ်းစားပြီးသွားပြီ။ ငါတို့တွေ... ကောာင်မလေးတစ်ယောက်ပဲ လိုအပ်တယ်"

ပေါင်ရှုက သူ့လက်ထဲက အဆောင်လို စာရွက်ကို ကြည့်လိုက်သည်။ "ရင်းမြစ်တွေကို ချွေတာဖို့အတွက် အဲဒီကောင်မလေးကို စကားမပြောတတ်တဲ့ ကောင်မလေးလုပ်ဖို့ ရည်ရွယ်ထားတယ်။ အဲဒါဆိုရင် ဒိုင်ယာလော့နဲ့ နောက်ခံစကားပြော ကုန်ကျစရိတ်တွေကို ချွေတာနိုင်တယ်။ ဂိမ်းတစ်ခုလုံးရဲ့ အသံက သာမန်တိုက်ခိုက်တဲ့ အသံ Effect တချို့ပဲလိုအပ်လိမ့်မယ်။

ဟွမ်းစစ်ပေါ်က ကြောင်သွားပါသည်။ "ဟမ် တစ်ယောက်တည်းသော အရံဇာတ်ကောင်က စကားမပြောတတ်တဲ့ ကောင်မလေးလား။ အဲဒါဆို ငါတို့ ဇာတ်လမ်းကို ဘယ်လိုလုပ်ပြီး ဖန်တီးမှာလဲ"

ဟွမ်းစစ်ပေါ်၏ နားလည်မှုအရ အရံဇာတ်ကောင်၏ ဒိုင်ယာလော့က ဒရမ်မာနှင့် ဇာတ်ကောင်များ၏ စရိုက်ကို ပြသဖို့အတွက် အရေးပါသော အချက်ဖြစ်သည်။

အရံဇာတ်ကောင်က တစ်ကောင်တည်းရှိပြီး ထိုဇာတ်ကောင်က စကားမပြောတတ်သော ဇာတ်ကောင်ဖြစ်ကာ ဘာဒိုင်ယာလော့မှ မရှိပါက ဂိမ်းတစ်ခုလုံး တိတ်ဆိတ်မသွားနိုင်ဘူးလား။

ပေါင်ရှုက စဥ်းစားကြည့်ပြီးပြီဖြစ်သည်။

"အေး... ရွေးချယ်စရာမရှိဘူး။ ဒါက ချိန်ညှိပြီးတော့ ရလာတဲ့ရလဒ်ပဲ။ ငါတို့ ကောင်မလေးကို စကားပြောခွင့်ပေးလိုက်ရင် ငါတို့ အသံသရုပ်ဆောင်အတွက် ပရော်ဖက်ရှင်နယ်တွေကို ရှာရဦးမယ်။ အဲဒါတင်မကသေးဘူး။ ဇာတ်ကောင်ရဲ့ နောက်ခံပေါ်မူတည်ပြီး လေသံအနေအထားကို ဖန်တီးရမယ်။ အဲဒါဆို တော်တော် အလုပ်ရှုပ်မှာ"

"ပြီးတော့လည်း ကောင်မလေး စကားမပြောနိုင်တာနဲ့ ဇာတ်လမ်းထိခိုက်မယ်လို့တော့ ငါမထင်ဘူး။ တခြားနည်းလမ်းတွေသုံးပြီး သူ့ကို ဖော်ပြလို့ရတာပဲ"

"ဥပမာအားဖြင့် သူ့ရဲ့ အပြုအမူတွေ၊ မျက်နှာထားနဲ့ လှုပ်ရှားမှုတွေပေါ့"

"စကားမပြောတတ်တဲ့ ဇာတ်ကောင်ဆိုရင် ကလေးမလေးတစ်ယောက်ကို ရွေးဖို့အကောင်းဆုံးပဲ"

"ကောင်မလေး တည်ရှိဖို့အတွက် အကြောင်းပြချက်က နှစ်ခုရှိတယ်"

"ပထမဆုံး စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုအတွက်။ ဂိမ်းတစ်ခုလုံးမှာ ဇွန်ဘီတွေ ကြေးစားတွေနဲ့ ပြည့်နေမှာ။ ဂိမ်မာတွေအတွက် သူက အမှောင်ထဲက မီးပြတိုက်လေး တစ်ခုလိုဖြစ်ပြီး သူတို့တွေ သေနတ်သံတွေကို ရိုးမသွားအောင် သူတို့ရဲ့ စိတ်ခံစားချက်တွေကို ထိန်းညှိပေးလိမ့်မယ်"

"ဒုတိယက ဂိမ်းထဲက ပဟေဠိ ဖြေရှင်းတဲ့ အပိုင်းတွေမှာ သူ့ကိုသုံးလို့ရတယ်။ နိုင်ငံခြားက တစ်ကိုယ်တည်းဂိမ်းကြီးတွေမှာဆိုရင် အဲ့လိုနည်းလမ်းကိုပဲ သုံးပြီး ဂိမ်မာတွေကို ဂိမ်းထဲက NPC တွေနဲ့အတူတူ ပဟေဠိတွေကို ဖြေရှင်းစေတယ်။ အဓိက တံခါးမကြီးက လော့ကျနေပြီး တစ်ခုတည်းသော ထွက်ပေါက်က ဘေးဘက်က လေထွက်ပေါက်ကျဥ်းကျဥ်းလေး တစ်ခုပဲရှိပြီးတေ့ ကလေးမလေးက အဲဒီထဲဝင်သွားပြီး အဓိက ဇာတ်ကောင်ကို တံခါးဖွင့်ပေးအောင် ကူညီရတဲ့ ဇာတ်ကွက်မျိုး ဖန်တီးလိုက်မယ်"

"အဲ့လိုဆို စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုနဲ့ အသုံးဝင်မှုတို့ကြောင့် အဲဒီကလေးမလေးက ဂိမ်မာတွေအတွက် အများကြီး အသုံးဝင်လိမ့်မယ်"

ဟွမ်းစစ်ပေါ်က ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ် ကောင်းမဲ့ပုံပဲ ဒါပေမဲ့ ငါမေးစရာ ရှိသေးတယ်။ ဇာတ်လမ်းရဲ့ နောက်ခံကကော ဘယ်လိုလဲ။၊ ကမ္ဘာပျက်တဲ့ ပုံစံမျိုးလား။ ကမ္ဘာကြီးရဲ့ အာဘော်က ဇွန်ဘီတွေ၊ကလေးမနဲ့ကြေးစားတွေနဲ့ ကိုက်ညီနေရမယ်။ ယုတ္တိရှိပြီး အတင်းလုပ်ယူထားသလို မဖြစ်ရဘူး"

ပေါင်ရှုက အဆောင်လို စာရွက်လေးပေါ်တွင် တစ်ခုခုကို မျဥ်းတားလိုက်သည်။ "ငါတို့အခု ဒုတိယအဆင့် ဆက်တင်ပိုင်းကို ရောက်ပြီ"

"ဆက်တင်က အလွယ်လေး ပုံတူကူးလို့ရဖို့တော့ လိုမယ်။ ငါတို့ ဇာတ်လမ်းရသ ၃ နာရီလောက် ဖန်တီးနိုင်ရင် နိုင်ငံခြားတစ်ကိုယ်တော် ဂိမ်းအများစုက လုံးဝ ခြားနားတဲ့ ဆက်တင် ၄ မျိုးနဲ့ မတူညီတဲ့ ကစားပုံတွေကို ဖန်တီးနိုင်တယ်။ အဲဒါ ငါတို့လုပ်နိုင်ဖို့ အရမ်းခက်ခဲလွန်းလိမ့်မယ်"

"ငါစဥ်းစားနေတာက ဇာတ်လမ်းကို သမုဒ္ဒရာကြီးရဲ့ အလယ်က ရဲတိုက်ကြီးတစ်ခုမှာ တည်ဖို့ပဲ။ အဲဒီမှာ တချို့ မကောင်းတဲ့ အဖွဲ့အစည်းတစ်ခုက ဗိုင်းရပ်စ်စမ်းသပ်မှုတွေကို ဆောင်ရွက်နေတာပေါ့။ သူတို့ရဲ့ ပန်းတိုင်က ကြေးစားတွေကို စမ်းသပ်ချက်တွေနဲ့ မပင်ပန်းနိုင်တဲ့ စစ်သည်တော်တွေ ဖန်တီးဖို့ပဲ"

"အဲဒါဆို အဓိက ဇာတ်ကောင်ရဲ့ ပန်းတိုင်က ရဲတိုက်ကြီးရဲ့ အောက်ဆုံးအဆင့်ကနေ အပေါ်ဆုံးအဆင့်ထိ သတ်ဖြတ်ပြီး ထွက်ပြေးဖို့ပဲ။ အဲဒါဆို ဂိမ်မာတွေအတွက် ငါတို့တွေ ပေးရမဲ့ တစ်ခုတည်းသော ကစားပုံက လျှို့ဝှက်ခံတပ်တစ်ခုထဲက ပုံစံပဲ"

"မွန်းစတားတွေကို ပြောင်းလဲတာ၊ ဒါမှမဟုတ် ဆက်တင်ကို အသေးစားပြောင်းလဲမှုတွေလုပ်တာ စသဖြင့် လျှို့ဝှက်ခံတပ် စတိုင်ကို မပြောင်းလဲစေသရွေ့ ငါတို့အဆင့်တွေကို ကွဲပြားအောင်လုပ်လို့ရတယ်။ နည်းနည်းလောက် ပြောင်းလဲလိုက်တာနဲ့ မတူညီတဲ့ ဆက်တင်တွေကို ငါတို့တွေဖန်တီးနိုင်တယ်"

"ဥပမာအားဖြင့် တချို့ဆက်တင်တွမှာ ဗိုင်းရပ်စ်တွေကြောင့် ညစ်ညမ်းပြီး ကြမ်းပြင်တွေနဲ့ နံရံတွေမှာ သံချေးတွေတက် ဒါမှမဟုတ် သွေးတွေ အသားစတွေနဲ့ ပြည့်နှက်နေအောင် လုပ်နိုင်မယ်။ တချို့ကိုတော့ မူလပုံစံအတိုင်း ထားလို့ရတယ်။ တချို့ဆက်တင်တွေမှာတော့ ကြေးစားတွေက အလောင်းတွေကို ရှင်းဖို့ မီးသေနတ်တွေ သုံးသလိုမျိုး ထိခိုက်မှု ကြီးကြီးမားမားတွေလုပ်လို့ရတယ်..."

"ဆက်တင်တစ်ခုတည်းနဲ့ မတူညီတဲ့ ဇာတ်ကွက်တွေကို ဖန်တီးပြီး အဲဒါဆို ဂိမ်းရဲ့ လိုအပ်ချက်ကို အလွယ်လေး ပြည့်မှီစေလိမ့်မယ်"

ဟွမ်းစစ်ပေါ်က မေးကိုပွတ်လိုက်သည်။ "ဟုတ်တယ်။ ကောင်းမဲ့ပုံပဲ။ ဒါပေမဲ့ အဲဒီမိစ္ဆာ အဖွဲ့အစည်းက သမုဒ္ဒရာရဲ့ အလယ်မှာ ရဲတိုက် ဆောက်ထားတာ ဆိုရင် ဘာလို့ ကလေးမလေးက ရှိနေမှာလဲ"

"လွယ်ပါတယ်ကွာ" ပေါင်ရှုက ဆက်ပြောသည်။ "ကလေးမလေးရဲ့ ကိုယ်ထဲမှာ ရောဂါကာကွယ်တဲ့ အထူး ပဋိပစ္စည်းတစ်ခု ရှိနေလို့ အဖွဲ့အစည်းက ဖမ်းသွားပြီး စမ်းသပ်ချက်တွေ လုပ်နေတာပေါ့။ အဲလိုလုပ်ရင်းနဲ့ သူစကားမပြောနိုင်တော့တာ"

"ကောင်းလိုက်တာ"

ဟွမ်းစစ်ပေါ်၏ မျက်လုံးများ အရောင်လက်သွားသည်။ "ပြီးတော့လည်း အဲဒီဆက်တင်ကို ငါတို့တွေ တိုးချဲ့လို့တောင် ရတယ်။ အဲဒီကလေးမလေးရဲ့ သွေးကို ဇာတ်ကောင် Heal (ကုသခြင်း) လုပ်လို့ရအောင် ဖန်တီးလိုက်လို့ရတယ်။ ဥပမာအားဖြင့် ကစားသမားက ဇွန်ဘီတွေကိုက်တာ ခံခဲ့ရရင် ကလေးမလေးက ဆေးထိုးအပ်တစ်ခုနဲ့ သူ့သွေးကိုသူ ထုတ်ပြီး ဇာတ်ကောင်ကို Heal လုပ်ပေးလို့ရတယ်"

"အကြံကောင်းပဲ" ပေါင်ရှုလည်း အကြံကောင်းဟု ထင်မိပါသည်။ "အဲဒါဆိုရင် ကလေးမလေးက ဂိမ်မာတွေအတွက် ပိုပြီးတောင် အရေးပါဦးမယ် သူ့သွေးကိုသူ ထုတ်လိုက်တိုင်း ဂိမ်မာတွေနဲ့ ကလေးမလေးကြားက သံယောဇဥ်ကို သန်မာလာစေလိမ့်မယ်။ အဲဒီနောက် သူ့သွေးကို ထုတ်လိုက်တိုင်း ပိုအားနည်းလာပြီး လှုပ်ရှားမှုတွေ နှေးလာမယ်။ ကလေးမလေးကို မထိခိုက်အောင် ဂိမ်မာတွေက သူတို့ရဲ့ စကေးတွေကိုတိုးမြှင့်ပြီးတော့ ရန်သူတွေကို ပိုပြီးချောချောမွေ့မွေ့ ကိုင်တွယ်နိုင်ရမယ်။ အဲဒါဆို သူတို့ဂိမ်းထဲကိုလည်း ပိုပြီး နစ်မြောသွားနိုင်လိမ့်မယ်"

သည်လိုနှင့် အကြောင်းအရာများစွာက သူတို့ဦးနှောက်စားပြီးနောက် ထွက်လာခဲ့ပါသည်။

ဂိမ်းက သမုဒ္ဒရာ အလယ်က လျှို့ဝှက်ရဲတိုက် တစ်ခုတွင် အခြေပြုပြီး အဓိက ဇာတ်ကောင်က အရှေ့တိုင်းမှ အထူးတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး ရဲတိုက်ထဲကို စုံစမ်း စစ်ဆေးဖို့အတွက် ခိုးဝင်ခဲ့သည်။ သို့သော် သူရောက်စဥ်မှာပဲ ဗိုင်းရပ်စ်ပိုး ပေါက်ထွက်မှု ဖြစ်ပေါ်ခဲ့ပါသည်။

ထွက်ပြေးဖို့အတွက် ရဲတိုက်၏ အမြင့်ဆုံးအထပ်ကို သွားရင်း ရန်သူများထံမှလက်နက်များကို ရယူကာ မရေမတွက်နိုင်အောင် များသော ကြေးစားနှင့် ဇွန်ဘီများကို သတ်ပစ်ရမည်။

ထွက်ပြေးနေစဥ် အဓိက ဇာတ်ကောင်က ဆွံ့အနေသည့် ကောင်မလေးတစ်ယောက်နှင့် ဆုံခဲ့ပြီး သည်နေရာကြီးမှ အသက်ရှင်လျက် ထွက်သွားနိုင်ဖို့ အကြောင်းပြချက်ဖြစ်လာခဲ့သည်။

ဇာတ်လမ်းတစ်ခုလုံးက ဒီအဓိက ဇာတ်ကောင်နှင့် ကလေးမလေးတို့ကိုသာ အခြေပြုထားသည်။

ရှုပ်ထွေးသည့် ဇာတ်လမ်းမဟုတ်သော်လည်း အကြောင်းအရာက မရိုးရှင်းပေ။

ကလေးမလေးက တစ်ယောက်တည်းသော အရံဇာတ်ကောင်ဖြစ်သော်လည်း သူ့ကို ဂရုတစိုက် ဖန်တီးထားပါက သေချာပေါက် အသုံးမဝင်တဲ့ ဇာတ်ကောင်များထက် ဂိမ်မာများအတွက် မမေ့နိုင်သည့် ရသတစ်ခုကို ပေးစွမ်းနိုင်ပါလိမ့်မည်။

ဟွမ်းစစ်ပေါ်က သူ့ကွန်ပျူတာပေါ်တွင် မရပ်မနား မှတ်သားနေသည်။

ဖိုင်ကိုကြည့်လိုက်သောအခါ သူလည်း ထိတ်လန့်သွားရ၏။

ဘယ်လောက်တောင် ကောင်းလိုက်တဲ့ အစီအစဥ်လဲ။

ဒါက ပေါင်ရှု နာရီပိုင်းလောက် Concept တည်ဆောက်ထားတာရဲ့ ရလဒ်လား။

ဂိမ်းထဲက ရင်းမြစ် အကန့်အသတ်ပြဿနာကို ဖြေရှင်းနိုင်ခဲ့ရုံတင်မကဘဲ ဇာတ်လမ်းကလည်း ယုတ္တိရှိသည်။ မျှခြေညီသည်။ သနားစရာ ကောင်းပြီး အမှတ်ရစရာဖြစ်၏။

ဟွမ်းစစ်ပေါ် မနေနိုင်ဘဲ လက်မထောင်ပြလိုက်သည်။ "ညီအစ်ကို ပေါင်။ မင်းကတော်လိုက်တာ"

ပေါင်ရှုက ခေါင်းခါလိုက်ပါသည်။ "မဟုတ်ဘူး။ ငါက ဘော့စ်ဖေး ပေးထားတဲ့ သုတေသန တာဝန်ကိုပဲ ဖြစ်မြောက်အောင် လုပ်လိုက်တာပါ။ သူက ဒါကို အစောကြီးကတည်းက စဥ်းစားမိပြီး သူ့အတွေးတွေကို ငါတို့နားလည်မလား စမ်းသပ်တာဖြစ်နိုင်တယ်"

အခန်း(၄၄) ဘော့စ်ဖေးရဲ့ ရည်ရွယ်ချက်ကောင်း

ဟွမ်းစစ်ပေါ် တွေးထားတာ ဒီလိုမဟုတ်သော်လည်း ပေါင်ရှု၏ စကားကိုကြားသောအခါ သူလည်း သဘောတူလိုက်မိပါသည်။

အခုချိန်ထိ အားလုံးက အစီအစဥ်တကျ ဖြစ်နေခဲ့သည်။ ဖေးချမ့်က တမင်သက်သက် သူတို့အတွက် စီစဥ်ထားသလိုပင်။

ဂိမ်း၏ အမျိုးအစားကို မကြည့်ဘဲ Story Mode တစ်ခုရှိရမည်ဟု သူသတ်မှတ်ခဲ့သည်။ ထိုသတ်မှတ်ချက်အောက်တွင် ပေါင်ရှု၏ အကြံက အဖြေကောင်းဖြစ်သည်။

ယခုတော့ လက်ခံနိုင်ရုံသာာမကဘဲ အခြေအနေအတွက် အကောင်းဆုံး အဖြေ ဖြစ်သည်။

တိုက်ဆိုင်တာဖြစ်နိုင်ပါ့မလား။

မဖြစ်နိုင်ပါ။

ယခင် ဘော့စ်ဖေး ဂိမ်းနှစ်ခုကို ပေါက်အောင် လုပ်နိုင်ခဲ့သည့် အကြောင်းပြချက်နှင့် ဂိမ်းမဖန်တီးခင် သတ်မှတ်ခဲသည့် အခြေအနေရပ် သုံးခုတို့ကို ပေါင်းလိုက်သောအခါ အစကတည်းက ဂိမ်းတွေကို သူ့လမ်းစဥ်အတိုင်း သွားစေချင်သောကြောင့်ဟု ဆိုလိုပါသည်။

အမှန်ပင်။ ဘော့စ်ဖေးက အားလုံးကို ထိန်းချုပ်ထားနိုင်သည့် ဆန်းကြယ်သည့် လူတစ်ယောက်ဖြစ်သည်...။

ဟွမ်းစစ်ပေါ်က မထိန်းနိုင်ဘဲ ကျောရိုးတစ်လျှောက် စိမ့်သွားမိပါသည်။ ဒါက တကယ်ပဲ ဒီဇိုင်နာ ကောင်းတွေရဲ့ ကမ္ဘာလား။

"နေဦး နောက်ထပ် ပြဿနာတစ်ခုရှိသေးတယ်" ဟွမ်းစစ်ပေါ် သတိရသွား၏။

"ဘော့စ်ဖေးရဲ့ တခြား လိုအပ်ချက်နှစ်ခုကိုကော ဘယ်လိုရှင်းဖို့ စီစဥ်ထားလဲ။ တစ်ခုက လူသစ်တွေအတွက် အခက်အခဲအဆင့်ကို လျှော့ချဖို့ ဖြစ်ပြီး နောက်တစ်ခုက ရာသက်ပန် အသုံးပြုနိုင်တဲ့ စျေး ၈၈၈ နဲ့ အံ့ဖွယ်လက်နက်တွေကို ရောင်းဖို့လေ"

ပေါင်ရှုက ယုံကြည်ချက် ပြည့်ဝနေသည်။

"အဲဒီနှစ်ချက်ကိုလည်း ငါစဥ်းစားပြီးပါပြီ"

"အခက်အခဲ အဆင့်ကို နှိမ့်တယ်ဆိုတာက ဂိမ်းရဲ့ ချောမွေ့မှုအပေါ်မူတည်တယ်။ ကစားသမားတွေ ပစ်နိုင်တဲ့ နေရာတွေ၊ ကျည်ဆံတွေရဲ့ အမြန်နှုန်းနဲ့ Zoom ချဲ့တဲ့ အမြန်နှုန်းတွေကို ညှိနိုင်ရင် အဆင်ပြေပါပြီ။ အဲ့ဒါတွေကို စိတ်ပူစရာမလိုဘူး။ လုပ်ရင်းနဲ့ ညှိသွားလို့ရတယ်"

"ငါတို့တွေဘာလို့ အဲ့လိုလုပ်ရသလဲ ဆိုတာတော့ လောလောဆယ် ဘော့စ်ဖေးရဲ့ ရည်ရွယ်ချက်ကို ငါနားမလည်နိုင်သေးဘူး။ သူက တောင်းဆိုထားတဲ့လူဆိုတော့ မမှားနိုင်ပါဘူး။ သူပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့"

"အံ့ဖွယ်လက်နက်တွေနဲ့ ပတ်သက်တဲ့ အပိုင်းကတော့ တကယ်ပဲ ဘော့စ်ဖေးရဲ့ မြင့်မားတဲ့ ရည်မှန်းချက်တစ်ခုပဲ"

"အစကတော့ ငါလည်း နားမလည်နိုင်ခဲ့ဘူး။ ဒီတိုင်း စျေးကြီးတဲ့ လက်နက်တွေကို ရောင်းတာလို့ ထင်နေတာ"

"ဒါပေမဲ့ ဒီလိုရိုးရှင်းတဲ့ တောင်းဆိုမှုမျိုး ဘော့စ်ဖေး ဘာကြောင့်လုပ်ရတာလဲလို့ ငါ့ကိုယ်ငါ ပြန်မေးမိလာတယ်။ သူ့စကားလုံးတွေနဲ့ နောက်ကွယ်မှာ ငါတို့ ရှာဖွေဖို့ အဓိပ္ပာယ် ကြီးကြီးမားမား တစ်ခုရှိလောက်တယ်"

"တော်တော်ကြာမှ ငါနားလည်သွားတယ်"

"ရာသက်ပန် အသုံးပြုခွင့် စျေးနှုန်းကို ၈၈၈ သတ်မှတ်ထားတဲ့ အံ့ဖွယ်လက်နက်တွေ... ရာသက်ပန် မဟုတ်တဲ့ အစမ်းသုံးကာလအတွက် စျေးကကော"

"ငါတို့မှာ အံ့ဖွယ်လက်နက်တွေရှိရင် Normal, Elite နဲ့ Hero လက်နက်တွေလည်း ရှိမယ်ဆိုတဲ့ သဘောလား"

"ဂိမ်မာတွေက အဲ့လိုလက်နက်မျိုးစုံကို ဘယ်လို ရနိုင်မှာလဲ။ ရာသက်ပန် အသုံးပြုခွင့်ကတ်နဲ့ပဲလား။ မဟုတ်ဘူး လုံးဝ မဟုတ်နိုင်ဘူး"

"ဘော့စ်ဖေးပြောတာက ရာသက်ပန် အသုံးပြုခွင့်အတွက် အံ့ဖွယ်လက်နက်တွေကပဲ ၈၈၈ ကုန်မယ်လို့ ပြောတာ။ ဆိုလိုတာက တခြားလက်နက်တွေက ရောင်းဖို့မဟုတ်ဘူးလို့ ပြောချင်တာ"

"တစ်နည်းအားဖြင့် ဂိမ်းထဲက လက်နက်တွေက သာမန်၊ လက်ရွေးစင်၊ ဟီးရိုး၊ နဲ့ အံ့ဖွယ်စသဖြင့် အဆင့်တွေရှိရမယ်လို့ အရိပ်အမြွက်ပြနေတာကွ။ အဲဒီလက်နက်တွေအားလုံးကို အမျိုးအစား နှစ်မျိုးအဖြစ် ခွဲလိုက်မယ်။ ရာသက်ပန် အသုံးပြုလို့ရနိုင်မဲ့ လက်နက်တွေနဲ့ ယာယီအသုံးပြုရမဲ့ လက်နက်ပေါ့"

"ရာသက်ပန် အသုံးပြုနိုင်ခွင် ၈၈၈ ကုန်တဲ့ အံ့ဖွယ်လက်နက်တွေအပြင် ဂိမ်မာတွေကို တခြားလက်နက်တွေကို နည်းလမ်းပေါင်းစုံနဲ့ ရအောင်လည်း လုပ်ပေးလို့ရတယ်လေ"

"ဥပမာအားဖြင့် ဂိမ်မာတွေက ဇာတ်လမ်းရဲ့ အဆင့်တစ်ဆင့်ကို အောင်နိုင်ခဲ့ရင် သူတို့ကို လက်နက်တစ်ခုပေးမယ်"

"PvP Mode မှာ အရေအတွက်တစ်ခုအထိ အနိုင်ရနိုင်ရင် လက်နက်တစ်ခုပေးမယ်"

"ရက်အရေအတွက်တစ်ခုထိ Log-in ဝင်နိင်ရင် လက်နက်တစ်ခုပေးမယ်"

"ဘော့စ်ဖေး... အဲ့လိုဆိုလိုချင်တာလို့ ငါထင်တယ်"

ဟွမ်းစစ်ပေါ် သဘောပေါက်သွားပါသည်။ "သြော် ငါသိပြီ ဘော့စ်ဖေးဘာလို့ ဒီလို ဦးနှောက် မသုံးရတဲ့ တောင်းဆိုချက်မျိုးလုပ်ရတာလဲလို့ စဥ်းစားနေတာ။ တခြား ရည်ရွယ်ချက်တွေ ရှိနေတာကိုး"

ပေါင်ရှုက ဆက်ပြောသည်။ "ပြီးတော့လည်း ဇာတ်လမ်း Concept စဥ်းစားနေတုန်း အကြွင်းအကျန်တချို့ကျန်နေသေးပြီး အထူး ဂိမ်းကစားပုံတွေ လုပ်လို့ရတယ်"

"ဥပမားအားဖြင့် ငါအရင်စဥ်းစားမိတုန်းက ဂိမ်းထဲမှာ ဆင့်ကဲပြောင်းလဲနေတဲ့ ဇွန်ဘီတွေ အများကြီးပါလိမ့်မယ်။ ငါတို့ ဇီဝဓာတု Mode ဖန်တီးလို့လည်းရတယ်"

"ပြီးတော့လည်း ဂိမ်းထဲက တချို့ ကြေးစားတွေကို မိစ္ဆာအဖွဲ့အစည်းက ပြုပြင်ပြောင်းလဲထားပြီး တစ်ပိုင်းတစ်စပဲ မြင်ရတဲ့ တစ္ဆေပုံစံမျိုးဖြစ်နေလိမ့်မယ်။ အဲ့ကျရင် ငါတို့တွေ တစ္ဆေ Mode လည်းလုပ်လို့ရတယ်"

"ငါတို့ရဲ့ ပထမ deathmatch ရယ် co-op ရယ်၊ ဗုံးထောင်တဲ့ Mode တွေရယ် ပေါင်းလိုက်ရင် ဂိမ်းထဲမှာ Mode တွေအများကြီး ပါလိမ့်မယ်"

"ပြီးတော့လည်း အဲဒီ Mode တွေ အကုန်လုံးက ရင်းမြစ်တွေ များများစားစား လိုအပ်မှာ မဟုတ်ဘူး။ အရေးအကြီးဆုံးက အဲဒါတွေ အကုန်လုံးက ပရိုဂရမ်းမင်း ဘက်ဂျက်အတွင်းမှာပဲ ရှိနေပြီး အဲဒါတွေကို လုပ်ရင် ငါတို့ရဲ့အချိန်ကိုလည်း အများကြီးနှောင့်နှေးသွားစေမှာ မဟုတ်ဘူး။ ငါတို့အချိန်မှီလုပ်လို့ ရပါသေးတယ်"

ဟွမ်းစစ်ပေါ်က ဒီလိုရူးသွပ်ဖွယ်ကောင်းသည့် အကြံများကို မှတ်တမ်းတင်ရင်း ဆက်တိုက် စာရိုက်နေခဲ့သည်။

ကောင်းလိုက်တာ။ ကောင်းလွန်းတယ်ကွာ။

ဘော့စ်ဖေးထံမှ တာဝန်ကို စစရခဲ့စဥ်တုန်းက ဟွမ်းစစ်ပေါ် လမ်းပျောက်ခဲ့ပြီး ဘယ်လိုစလုပ်ရမလဲ မသိခဲ့ပါ။

အထူးသဖြင့် ဘော့စ်ဖေး သူတို့ကို ပြောခဲ့သည့် လိုအပ်ချက် ၃ ခုကို ကြားလိုက်ရပြီး ဖြစ်သည်။

သို့သော် ပေါင်ရှု ရှင်းပြလိုက်သောအခါ အရာရာ ရှင်းလင်းလာခဲ့ပါသည်။

ဘော့စ်ဖေးက သူတို့အတွက် ခက်ခဲအောင် လုပ်နေတာ မဟုတ်ပေ။ သူတို့ကို သွယ်ဝိုက်သော နည်းဖြင့် အရိပ်အမြွက်ပေးနေခြင်း ဖြစ်သည်။

ရုတ်တရက် ဟွမ်းစစ်ပေါ် အလွန် ခံစားသွားရသည်။

ဟွမ်းစစ်ပေါ်နှင့် ပေါင်ရှုတို့၏ အစွမ်းအစက အကန့်အသတ်ရှိကြောင်း ဖေးချမ့်သိတာ သိသာပါသည်။ သူတို့ အတွေ့အကြုံမရှိသည့် ဂိမ်းတစ်ခုကို ဖန်တီးရာတွင် လမ်းလွဲသွားဖို့က လွယ်ကူသည်။

ဂိမ်း၏ လမ်းကြောင်းလွဲသွားတာနှင့် သေဒဏ်ကျတာက အတူတူပဲဖြစ်ပြီး သူတို့ရင်းနှီးမြှုပ်နှံထားသမျှ ရှုံးမည်ဖြစ်သည်။

ထို့ကြောင့် ဘော့စ်ဖေးက ဂိမ်း၏ ဦးတည်ချက် လမ်းကြောင်းကို ထိုတောင်းဆိုချက် ၃ ခုဖြင့် ပြုပြင်ပေးရန် ကြိုးစားနေခြင်းသာဖြစ်သည်။

"ငါနားလည်ပြီ... ဘော့စ်ဖေးက ငါတို့ခံစားချက်တွေအကြောင်း တကယ် စိတ်ပူတာပဲ"

"ပရောဂျက်ကို သူကိုယ်တိုင် အပြည့်အဝ မကိုင်တွယ်တာက ငါတို့တွေ မတိုးတက်မှာစိုးလို့ပေါ့"

"အဲဒီအစား သင့်တော်တဲ့ နည်းလမ်းနဲ့ အရိပ်အမြွက်ပေးပြီး ငါတို့ဦးနှောက်ကို သုံးစေပြီးတော့ ဒီဇိုင်းလုပ်ငန်းစဥ်ကို ဖန်တီးပြီး ပြိုင်ဘက်ကင်းတဲ့ ဂိမ်းတစ်ခုကို ဖန်တီးနိုင်အောင် လုပ်ခဲ့တာပဲ"

"ဘော့စ်ဖေးက... တကယ်ပဲ ရည်ရွှယ်ချက် ကောင်းလိုက်တာ"

ဟွမ်းစစ်ပေါ် မျက်ရည်ဝဲနေလေပြီ။

ဒီဂိမ်းကို ပြီးပြည့်စုံအောင် ဖန်တီးနိုင်ဖို့ ကောင်းမွန်သည့် ဒီဇိုင်းမူကြမ်းတစ်ခု ရေးဆွဲဖို့ စိတ်ဆုံးဖြတ်ထားပြီး ဘော့စ်ဖေးကို စိတ်မပျက်ရအောင် လုပ်မည်ဟု ဆုံးဖြတ်ထားပါသည်။

...

နိုဝင်ဘာလ ၁၄ ရက်နေ့။ ဗုဒ္ဓဟူးနေ့ နေ့လယ်ခင်း။

လွန်ခဲ့သော နှစ်ရက်အတွင်း ဖေးချမ့် အတန်းတက်ရသဖြင့် ရုံးသို့ မလာခဲ့ပေ။

ဒီဇိုင်းအဖွဲ့က မူကြမ်းပေးနိုင်မည့် အချိန်ကို စောင့်နေတာကြောင့်လည်း ပါသည်။ ထိုမတိုင်ခင် ဘာမှ မလုပ်နိုင်ပေ။

ဖေးချမ့်သည် ရုံးထဲမှာ ရှိနေခြင်းက ထုတ်လုပ်မှုအတွက် ဘာမှ အထောက်အကူ မဖြစ်သလို တခြားဝန်ထမ်းများကို အလုပ်လစ်နိုင်အောင်တောင် တွန်းအားပေးသလို ဖြစ်မည် စိုးသဖြင့် သူပြန်မသွားဖို့ ဆုံးဖြတ်ခဲ့ပါသည်။

ဒီနေ့ သင်ခန်းစာကတော့ အတန်းမတက်ဘူး ဆိုတာပဲပေါ့။ အားလုံးရဲ့ ယောက်ျားလေး ဆရာကို သိချင်ရုံသက်သက် သွားခဲ့တာ။

ဒီလူ့ကို ယုံကြည်မိလို့ ထောင်ချောက်မိသွားခဲ့မှန်း ဖေးချမ့်ရှင်းရှင်းလင်းလင်း မှတ်မိသေးပါသည်။

ထို့ကြောင့် ဒီတစ်ခေါက်လည်း တူညီသော အမှားကို မလုပ်သင့်ပေ။

သို့သော် ရိုးရိုးသားသား ပြောရလျှင် သင်ခန်းစာက ပျင်းဖို့ကောင်းလွန်းပါသည်။

ဖေးချမ့်က သန်းဝေရင်း ဖုန်းကို ထုတ်ကာ သင်ခန်းစာ ဘယ်လောက်ကြာပြီမှန်း ကြည့်လိုက်ပါသည်။

သို့သော်လည်း ဟွမ်းစစ်ပေါ်က ကုမ္ပဏီ၏ Group Chat ထဲတွင် သူ့ကို ခေါ်ထားကြောင်း တွေ့လိုက်ရသည်။

"ဘော့စ်ဖေး ဒီဇိုင်းမူကြမ်း ပြီးတော့မယ်။ ကျွန်တော်တို့ ဦးတည်ချက်မှန်ရဲ့လား စစ်ကြည့်ဦးမလား"

စာတမ်းတစ်ခုကိုလည်း တွဲပို့လိုက်ပါသည်။

"နှစ်ရက်တည်းနဲ့... မြန်တယ်ပြောရမလား နှေးတယ်ပြောရမလား။ တော်တော်မြန်တယ်လို့ ပြောလို့ရတယ်မလား။ ထားလိုက်ပါတော့ကွာ။ အရင်စစ်ကြည့်လိုက်ရအောင်"

ဒီဇိုင်းမူကြမ်းတစ်ခုဆွဲဖို့ ဘယ်လောက်ကြာသလဲ ဖေးချမ့်လည်းမသိပေ။ သူသိတာဆိုလို့ ဒီအမြန်နှုန်းအတိုင်းသာဆို ဒီရက်သတ္တပတ် အကုန်ကျလျှင် ပြီးအောင်လုပ်နိုင်ဖို့ မခက်ခဲပါ။

သူက ဝန်ထမ်းသစ်တစ်ယောက်ပဲဖြစ်ပြီး အလုပ်လုပ်ဖို့ စိတ်အားတက်ကြွနေသူ တစ်ဦးဖြစ်သဖြင့် ရေသာခိုဖို့ မဖြစ်နိုင်ချေ။

"အင်း... ရေသာခိုလည်း ဘာမှမဖြစ်ဘူးဆိုတာ မင်းတို့ကောင်တွေ နားလည်ဖို့ မျှော်လင့်ပါတယ်ကွာ"

ဖေးချမ့်က ဖိုင်ကိုဖွင့်လိုက်သည်။ "ငါ့မျက်လုံးတွေ..."

ဖေးချမ့် ယခင်တုန်းက ဒီဇိုင်းမူကြမ်းတစ်ခုကို မြင်လည်းမမြင်ဖူး ရေးလည်းမရေးဆွဲဖူးပေ။ ဒါက သူ့အတွက် ပထမဆုံးအကြိမ်ဖြစ်သည်။

သူ့ပထမဆုံး အထင်က ... မူးချင်စရာ ကောင်းလိုက်တာ။ အကြောင်းအရာတွေ များလွန်းတယ်။

စာမျက်နှာတိုင်းက အကြောင်းအရာ စာကြောင်းနှင့် စကားလုံး သိန်းနှင့်ချီရှိသည့် ဧရာမ ဒီဇိုင်းမူကြမ်းကြီးတစ်ခုဖြစ်သည်။

စာကြောင်းတစ်ကြောင်းချင်းစီတိုင်းက အရေးကြီးနိုင်ပြီး ကျော်ဖတ်၍ မဖြစ်ချေ။

ဒါတင်မကသေးဘဲ ဟွမ်းစစ်ပေါ်က ဒါက ပထမ မူကြမ်းသာရှိသေးသည်ဟု ပြောာသည်။ ဆိုလိုသည်က မပြုပြင်ရသေးပါ။

တချို့အပိုင်းများက အလွန်အမင်း ရှုပ်ထွေးကာ တချို့နေရာများက အလွန်အမင်း ရိုးရှင်းလွန်းနေသည်။ အားလုံးကို နောက်ပိုင်း ပြန်ပြင်ဖို့ လိုအပ်ပါသည်။

ဟွမ်းစစ်ပေါ်၏ ရည်ရွယ်ချက်က ဖေးချမ့်ကို စစ်ကြည့်ခိုင်းပြီး ထပ်ပြီးပြုပြင်ပြောင်းလဲမှုများ မပြုလုပ်ခင် သူတို့ဦးတည်နေသည့် လမ်းကြောင်း မှန်ကန်ရဲ့သလား သိချင်ခြင်း ဖြစ်သည်။

မဟုတ်ပါက ဦးတည်ရာလမ်းကြောင်း အမှားတစ်ခုခု တွေ့သွားပါက အားလုံးကို အစကပြန်လုပ်ရလျှင် အချိန်ဖြုန်းရာ ကျသွားပါလိမ့်မည်။

နောက်ဆုံးမှာတော့ ဖေးချမ့်က မှင်တက်သွားရသည်။

စလာကတည်းက ရှုပ်ထွေးသည့် အသေးစိတ်များစွာ ရှိနေသည်။ ပြီးတော့လည်း အားလုံးကို သူ့ဖုန်းမျက်နှာပြင် သေးသေးလေးနှင့် ဖတ်နေရခြင်းဖြစ်သည်။

သူ ကိုယ့်ကိုယ်ကိုပင် သတ်သေချင်သွားသည်။

သူလုပ်နိုင်သော တစ်ခုတည်းသောအရာက အားလုံးကို အကြမ်းဖျင်း မြန်မြန် ဖတ်ကြည့်ဖို့ပဲ ဖြစ်သည်။

ဟွမ်းစစ်ပေါ်က သူ့တောင်းဆိုချက် ၃ ခုကို ပြည့်မှီအောင် လုပ်နိုင်သလား စစ်ဆေးကြည့်ချင်၏။

ဟွမ်းစစ်ပေါ်က ဖေးချမ့်လိုချင်တာကို သိသဖြင့် ထိုသုံးပိုင်းကို မျဥ်းတားပေးထားပြီး ဖေးချမ့် ရှာရ လွယ်ကူအောင် လုပ်ပေးထားပါသည်။

ပထမဆုံး Story Mode ။ ဟုတ်တယ် ၃ နာရီ ၄ နာရီဝန်းကျင်လောက်ရှိတယ်။ ကြာသားပဲ။

ဒုတိယက ခက်ခဲမှုကို လျှော့ချဖို့... အင်း ဒါလည်း ပါတယ်။

တတိယက အံ့ဖွယ်လက်နက်တွေ။ သူတို့ ဖေးချမ့်၏ ရာသက်ပန် အသုံးပြုခွင့် ပုံသေစျေးနှုန်း ၈၈၈ ကိုလိုက်နာခဲ့ကြသည်။

"မဆိုးပါဘူး ငါ့တောင်းဆိုချက်တွေကို ပြည့်မှီအောင် လုပ်နိုင်သားပဲ" ဖေးချမ့်စိတ်အေးသွားခဲ့ပါသည်။

သူချက်ချင်း စာပြန်လိုက်၏။ "မဆိုးဘူး ဒီလမ်းအတိုင်းပဲ သွားကြရအောင်"

Continue Reading

You'll Also Like

148K 11.3K 78
Alpha Wolf and Omega Jeon Jungkook x Kim Taehyung
550K 52.1K 200
The Distinguished cute master manhwa myanmar translation This is fan translation. All works crd given to original author and artist. status - ongoi...
405K 78.4K 130
🍁 සුදුපාට පාසල් ඇඳුමේ තරුණ සුවඳ එක්ක කාකි ඇඳුමේ සුවඳ මුහු කරන් තේ දල්ලක කහට සුවඳ එක්ක එක යායට පෙනෙන රබර් යායවල්, ඇළ දොල වල සීතල දරාගෙන හිතුවක්කාර ය...
114K 13.8K 110
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...