သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ...

Autorstwa Miracle_Phyu97

38.6K 3K 33

မိတ်ဆက် ငါ တကယ် ပိုက်ဆံဆုံးရှုံးချင်တယ် T_T အကောင်းဆုံး သူဌေး၊ စီးပွားရေးလောက၏ အရွယ်နှင့်မလိုက်အောင် ထူးချွန်... Więcej

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Ch-31
Ch-32
Ch-33
Ch-34
Ch-35/36
Ch-37/38
Ch-39/40
Ch-43/44
Ch-45/46
Ch-47/48
Ch-49/50
Ch-51/52
Ch-53/54
Ch-55/56
Ch-57/58
Ch-59/60
Ch-61/62
Ch-63/64
Ch-65/66
Ch-67/68
Ch-69/70
Ch-71+72
Ch-73+74
Ch-75+76
Ch-77+78
Ch-79+80
Ch-81+82
Ch-83+84
Ch-85+86
Ch-87+88
Ch-89+90
Ch-91+92
Ch-93+94+95
Ch-96+97+98
Ch-99+100
Ch-101+102
Ch-103+104+105
Ch-106+107+108
Ch-109+110
Ch-111/112
Ch-113/114
Ch-115/116
Ch-117/118
Ch-119/120
Ch-121/122
Ch-123/124
Ch-125/126
Ch-127/128
Ch-129/130
Ch-131/132
Ch-133/134
Ch-135/136
Ch-137/138
Ch-139/140
Ch-141/142
Ch-143/144
Ch-145/146
Ch-147/148
Ch-149/150
Ch-151/152
Ch-153/154
Ch-155/156
Ch-157/158
Ch-159/160
Ch-161/162
Ch-163/164
Ch-165/166
Ch-167/168
Ch-169/170
Ch-171/172
Ch-173/174
Ch-175/176
Ch-177/178
Ch-179/180

Ch-41/42

346 34 0
Autorstwa Miracle_Phyu97

အခန်း(၄၁) အခြေအနေသုံးခု

ဖေးချမ့်က သူတို့နှစ်ယောက်ကို အံ့သြဖို့ အချိန်အများကြီး မပေးဘဲ ဆက်ပြောသည်။

"ဒီဂိမ်းအတွက် ငါ့မှာ တောင်းဆိုချက် သုံးခုပဲရှိတယ်"

"ပထမဆုံး ဒီဂိမ်းမှာ Story Mode (ဇာတ်လမ်းသွားMode) ရှိပြီး ဂိမ်မာတွေ တစ်ယောက်နဲ့ တစ်ယောက် တိုက်ကြခိုက်တဲ့ ဂိမ်းသက်သက်ပဲ မဖြစ်စေချင်ဘူး။ ငါတို့ရဲ့ဂိမ်းမှာ နက်နဲမှုနဲ့ အနှစ်သာာရရှိရမယ်"

"ဒုတိယအချက်ကတော့ ဂိမ်မာအသစ်တွေရဲ့ ခံစားချက်ကို ထည့်တွက်ပေးရမယ်။ ဂိမ်းက ပိုပြီးရိုးရှင်းလေလေ ပိုကောင်းလေလေပဲ"

"တတိယအချက်က အံ့ဖွယ်လက်နက်တွေကို ဖန်တီးရမယ်။ သူတို့ရဲ့ စျေးကိုတော့ ... အဲဒီလက်နက်တွေကို ရာသက်ပန်သုံးခွင့်ရမဲ့ စျေးက တစ်လက်ကို ၈၈၈ ပဲ။ အချိန်အကန့်အသတ် အစမ်းသုံးကာလအတွင်းက စျေးကိုတော့ မင်းတို့တွေ ဆုံးဖြတ်လို့ရတယ်"

အားလုံးက လုံးဝမှင်တက်နေပြီး ဖေးချမ့်ကတော့ စိတ်ထဲက ကြိတ်ဝမ်းသာနေသည်။

ဒါမျိုးက ဂိမ်းတစ်ဂိမ်းကို အလွယ်လေး ဖျက်ဆီးနိုင်တဲ့ အရာပဲ။

FPS ဂိမ်းဖန်တီးဖို့ ဖေးချမ့် စဥ်းစားနေတာ ကြာပါပြီ။

လုံးဝ အတွေ့အကြုံမရှိသည့် အဖွဲ့တစ်ဖွဲ့ကို FPS ဂိမ်းတစ်ခု ဖန်တီးခိုင်းလိုက်ကတည်းက တာထွက်မကောင်းတော့ပါ။

အဘယ်ကြောင့်ဆိုသော် တခြား ဂိမ်းများနဲ့ ယှဥ်လျှင် FPS ဂိမ်းများတွင် လက်တိကျဖို့အတွက် လိုအပ်ချက်ပိုမြင့်သည်။

ကမ္ဘာကြီးထဲက အကောင်းဆုံး FPS ဂိမ်းဖြစ်သည့် Counter Strike ဂိမ်းမှာ လက်တိကျမှု အရဆိုလျှင် အမှတ်ပြည့်ရနိုင်သည့် ဂိမ်းတစ်ခုဖြစ်သည်။

၉၉ မှတ်ရနိုင်သည့် ဂိမ်းတစ်ခု စျေးကွက်ထဲ ရှိနေလျှင်တောင် ကျရှုံးလိမ့်မည်။

အကြောင်းပြချက်ကတော့ အမာခံ FPS ဂိမ်မာများ၏ မျက်လုံးထဲတွင် ထို ၁ မှတ်ကွာဟမှုလေးက လုံးဝ ကြီးမားလွန်းနေသောကြောင့် ဖြစ်သည်။

Counter Strike ရှိနေမှတော့ ဘယ်သူက တခြား အဆင့်နိမ့်တဲ့ ဂိမ်းတွေကို သွားကစားဦးမှာလဲ။

ဒါက မိုဘိုင်းဂိမ်းများနှင့် MMORPG ဂိမ်းများနှင့် ယှဥ်လျှင် လုံးဝ မတူညီသော ကဏ္ဍတစ်ခုလည်း ဖြစ်သည်။

ထိုဂိမ်းအမျိုးအစားနှစ်ခုကို ကြီးကြီးမားမား ပြုပြင်ပြောင်းလဲပြီး တစ်ခုနဲ့တစ်ခု မတူသည့်ပုံ ပေါက်အောင် ဖန်တီးနိုင်သည်။ အသေးစား အပြစ်အနာအဆာလေးများကတောင် သူတို့ကို ဂိမ်းအသစ်တစ်ခုလို ခံစားရစေမည်။

သို့သော်လည်း FPS ဂိမ်းများအတွက်တော့ လက်တိကျမှု တစ်ချက်လောက် ခြားနားသွားသည်နှင့် ဘာမှ ပြန်ပြုပြင်၍ မရတော့ပေ။

Counter Strike နဲ့ သွားယှဥ်ပြိုင်လိုက်တာက သေတွင်းထဲ ခုန်ဆင်းလိုက်သလိုပဲ။

ထို့အပြင် ဖေးချမ့်၏ လိုအပ်ချက်သုံးခုကလည်း တကယ်ဆိုးဝါးလှသည်။

Story Mode က ကောင်းမည့်ပုံပေါ်သော်လည်း ဒီအဖွဲ့၏ လုပ်နိုင်စွမ်းကို လုံးဝ ကျော်လွန်နေသည်။

Story Mode ဆိုတာမျိုးက စွန့်စားရတာ ကြီးသော်လည်း ရလဒ်ကတော့ သေးငယ်တတ်သည့် နမူနာတစ်ခုဖြစ်သည်။ အဆုံးသတ် ရလဒ်များက မျှော်မှန်းထားတာထက် အမြဲလိုလို နိမ့်ကျနေတတ်၏။ အဖွဲ့က အားအများကြီးစိုက်ထုတ်ပြီး အချိန်အများကြီး ပေးရင်တောင် ဂိမ်မာတွေ မဝယ်လောက်ပါ။

အချိန်၊ လူအင်အားစသည့် ရင်းမြစ်များစွာတို့ဖြင့် Story Mode ကိုအလေးပေးလိုက်လျှင် ဂိမ်း၏ တခြားကဏ္ဍများတွင် ထိခိုက်မှု ရှိသွားနိုင်သည်။

ဂိမ်မာအသစ်များကို ရသပေးနိုင်ဖို့ ဂိမ်းကို တတ်နိုင်သမျှ ရိုးရှင်းအောင်လုပ်ဖို့ကလည်း ပစ်မှတ်ထားသည့် အုပ်စုကို ဒေါသထွက်သွားစေနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် FPS ဂိမ်းများက လက်ရွေးစင်ဂိမ်မာများဘက်သို့ ပိုတိမ်းညွတ်တတ်ကြသောကြောင့်ပင်။

အရေးအကြီးဆုံးက တတိယ လိုအပ်ချက်ဖြစ်သည်။

Paywall လက်နက်တွေ။

ဒါက ယခင်တစ္ဆေစစ်သူကြီးဂိမ်းမှ ဖေးချမ့် သင်ယူခဲ့ရသော သင်ခန်းစာဖြစ်သည်။

ယခင်ဘဝတုန်းက လက်တိကျမှု အဆင့် ပိုနိမ့်သော်လည်း Crossfire ဂိမ်းမှာ Counter Strike ဂိမ်းကို ကျော်တက်နိုင်ခဲ့သည်၊။

သို့သော်လည်း ဒီကမ္ဘာမှာတော့ Crossfire လည်းမရှိသလို ဆင်တူဂိမ်းများလည်း ရှိမနေပါ။

ဘာကြောင့်လဲ။

ဘာကြောင့်လဲဆိုတော့ ဒီကမ္ဘာကြီးထဲက ဂိမ်းလောကမှာ ဆင်တူညီသည့်ဂိမ်းများကို တည်ရှိခွင့် မပြုသောကြောင့်ဖြစ်သည်ဟု ဖေးချမ့် ထင်မိပါသည်။

အပြင်ပိုင်းမှာ ဖေးချမ့်လုပ်နေတာက Paywell များစွာရှိသည့် Crossfire ကိုပုံတူကူးဖို့ ကြိုးစားနေခြင်းဖြစ်သည်။ သို့သော် ဂိမ်းလောကက လုံးဝခြားနားသဖြင့် ရရှိလာမည့် အာနိသင်များကလည်း လုံးဝ ခြားနားပါလိမ့်မည်။

ယခင်ဘဝ ၂၀၀၉ ခုနှစ်တုန်းက Paywalls များပါသည့် Free to Play အခမဲ့ဂိမ်းများ ဖောင်းပွခဲ့သည်။

သို့သော်လည်း လက်ရှိကမ္ဘာမှာတော့ ရေပန်းစားမှုက ပုံသေ ဂိမ်းဝယ်ယူစျေးနှင့် ကစားဖို့ ပိုက်ဆံပေးရခြင်းတို့ဖြစ်ကြသည်။ သုံးပြည်ထောင်ကတ်ဂိမ်းလို ဂိမ်းမျိုးကတောင် ယွမ် ၁,၀၀၀ Paywall ကြီးရှိနေသည့်အတွက် ဂိမ်မာများ၏ ဝေဖန်မှုကို ခံခဲ့ရသည်။

သူတစ္ဆေစစ်သူကြီးဂိမ်းကို ဖန်တီးခဲ့စဥ်တုန်းက ဖေးချမ့်အမှားတစ်ခုလုပ်ခဲ့မိ၏။ ဂိမ်းအပေါ် အများကြီး စဥ်းစားပေးခဲ့မိသည်။ ထို့ကြောင့် ဂိမ်မာများက အလွန်အကောင်းမြင်သွားကြပြီး ဖေးချမ့်မျှော်လင့်မထားသည့် စကားအာနိသင်များ ပေါ်လာခဲ့ပါသည်။

တစ်နည်းအားဖြင့် ဖေးချမ့်က Items များကို သင့်တော်ရာတန်ဖိုးထက် အများကြီးနိမ့်အောင် ရောင်းချသည့် မိစ္ဆာ ဦးဆောင်လမ်းပြဖြစ်လာခဲ့ပါသည်။

သို့သော်လည်း အမှန်ပင်။ ထိုအဖြစ်အပျက် သူ့အတွက် ဆက်ပြီးဖန်တီးပေးမည့် အာနိသင်များကို ဖေးချမ့် စဥ်းစားပေးဖို့ မလိုတော့ပါ။ သူ့အဓိက ပန်းတိုင်က နောက်ဂိမ်းအတွက် ပိုက်ဆံအရှုံးပေါ်ဖို့ ဖြစ်သည်။

ဧကန္တ အကောင်းဆုံးနည်းလမ်းက ဂိမ်းတစ်ခုလုံး အပြစ်ဆိုစရာဖြစ်သွားအောင် Paywall ကို အလွန်အမင်း မြင့်မားအောင် ထားလိုက်ဖို့ပဲဖြစ်သည်။

မှန်ပါသည်။

Counter Strike ထက် ကွန်ထရိုးတိကျမှု အများကြီး ပိုနိမ့်သည့် FPS ဂိမ်းတစ်ခုဖြစ်ပြီး အရည်အသွေးကလည်း သာမန်ဖြစ်သည်။ ထို့အပြင် ပိုက်ဆံအများကြီးကို ရင်းမြစ်အတွက် အသုံးပြုပြီး အသုံးမဝင်သည့် Story အပိုင်းများကို ဖန်တီးထားသည်။ ဒါတင် မကသေးဘဲ ဂိမ်းထဲက သေနတ်များကိုလည်း ဒီတိုင်းသုံးလို့မရဘဲ ဝယ်ယူဖို့ ပိုက်ဆံ အများကြီး ကုန်နိုင်သည်။

ဂိမ်းကို ကစားလျှင် ဘာကောင်းကျိုးမှ မရှိ။

ဒီဂိမ်းက သေချာပေါက်ကို အရှုံးပေါ်လိမ့်မည်။

လောလောဆယ် ဖေးချမ့်လုပ်ခဲ့တာက အခြေအနေရပ် ၃ ခုပါသည့် တာဝန်များကို ဟွမ်းစစ်ပေါ်နှင့် ပေါင်ရှုတို့ကို ပေးအပ်လိုက်ခြင်းဖြစ်သည်။

ထိုအခြေအနေရပ် ၃ ခုကို ပြည့်မှီအောင် လုပ်နိုင်သရွေ့ ဂိမ်းကို ကျန်တာ သူတို့လုပ်ချင်တာ လုပ်နိုင်ပြီး ဖေးချမ့်လုံးဝ ဂရုစိုက်မည် မဟုတ်ပေ။

အတွေ့အကြုံမရှိသည့် အဖွဲ့တစ်ခုက ဖန်တီးထားသည့် FPS ဂိမ်းတစ်ခုအတွက် သူတို့ထားနိုင်သည့် အကောင်းဆုံးမျှော်လင့်ချက်မှာ စမ်းသပ်စစ်ဆေးသည့် လုပ်ငန်းစဥ်ကို အောင်မြင်ဖို့ပဲဖြစ်သည်။ ပိုက်ဆံရဖို့ကတော့ စဥ်းတောင်မစဥ်းစားပါနဲ့တော့။

အမှန်ပင်။ ဖေးချမ့်၏ လိုအပ်ချက်များကို ကြားလိုက်ရသောအခါ ဟွမ်းစစ်ပေါ်နှင့် ပေါ်ရှုတို့ အတွေးနက်နက်ထဲ ရောက်သွားခဲ့ကြပါသည်။

လွတ်လပ်မှုကော ခက်ခဲမှုတို့ကောကြောင့် ဟွမ်းစစ်ပေါ် ထိတ်လန့်သွားခဲ့ရသည်။

အစကတော့ ဘော့စ်ဖေးလို ဝါရင့် ဖန်တီးသူ တစ်ယောက်က ပရောဂျက်တစ်ခုလုံးကို အကြမ်းဖျင်း ကိုင်တွယ်သွားမည်ဟု ထင်ခဲ့မိသည်။ အခုတော့ သူလုပ်ခဲ့တာဆိုလို့ သူတို့လျှောက်ဖို့ ယေဘုယျလမ်းစဥ်တစ်ခုကို ပစ်ပေးလိုက်ခြင်းပင်။

ဇာတ်လမ်းသွားတွေ၊ Paywall တွေ၊ ဂိမ်မာအသစ်တွေအတွက် လွယ်ကူရမှာတွေ ပါတဲ့ FPS ဂိမ်းတစ်ခု...

အလွန်ခက်ခဲနိုင်သည်။

သို့သော်လည်း ဟွမ်းစစ်ပေါ်က ချက်ချင်း ငြင်းဆန်မည် မဟုတ်ပေ။ အစည်းအဝေးမစခင်က ဘော့စ်ဖေးအတွက် အစွမ်းကုန်ကြိုးစားမည်ဟု ဆုံးဖြတ်လိုက်ခါစ ရှိသေး၏။ ဒီတိုင်း လက်လျှော့လိုက်စရာ အကြောင်း လုံးဝ မရှိပါ။

အခက်အခဲ ပိုမြင့်မားလေလေ သူအလုပ်ပိုလုပ်မည်ဖြစ်လေလေ ဖြစ်သည်။

မဟုတ်ရင် ဒီလို ကောင်းမွန်တဲ့ အကျိုးကျေးဇူးနဲ့ ယုံကြည်မှုတွေအတွက် ဘော့စ်ဖေးကို ဘယ်လို ကျေးဇူးပြန်ဆပ်နိုင်ဦးမှာလဲ။

ပေါင်ရှုကတော့ ဟွမ်းစစ်ပေါ်လောက် အတွေးမများပေ။

သူ့ FPS ဂိမ်းအတွေ့အကြုံများကိုသာ ပြန်စဥ်းစားနေပြီး ဖေးချမ့် သတ်မှတ်ပေးထားသည့် မစ်ရှင်ကို ဘယ်လိုအောင်မြင်အောင် လုပ်ရမလဲ စဥ်းစားနေ၏။

"ဘာမေးစရာရှိသေးလဲ" ဖေးချမ့်က မေးလိုက်သည်။

ဟွမ်းစစ်ပေါ်က မေးချင်သော်လည်း ဖေးချမ့်က ချက်ချင်း ထပ်ပြောလိုက်သည်။

"မရှိဘူးပေါ့ ကောင်းပါပြီ"

သူ့စကားလုံးများကို ပြန်မျိုသိပ်လိုက်ရ၏။

'မင်းငါတို့ကို စကားပြောခွင့်တောင် မပေးဘူး'

ဖေးချမ့်က အားလုံး၏ ပတ်လည်ကို လျှောက်လိုက်သည်။

"ဟုတ်ပြီ မူကြမ်း တင်ပြဖို့အတွက် ဒီဇိုင်းအဖွဲ့ အချိန် ၁ ပတ်ရမယ်။ ပေါင်ရှု မင်းက ယေဘုယျ ပုံစံအတွက် ဖန်တီးတဲ့ အပိုင်းမှာ တာဝန်ယူရမယ်။ ဟွမ်းစစ်ပေါ် ဒီဇိုင်းအဖွဲ့ဖွဲ့ပြီးတော့ မူကြမ်းကို ပုံဖော်ဖို့အတွက် အစည်းအဝေးတွေ စခေါ်လိုက်တော့။ ပြီးရင် တာဝန်တွေလည်း သတ်မှတ်လိုက်"

"မာယန် လောလောဆယ် မင်းရဲ့အလုပ်က သူတို့ဆီကနေ သင်ယူပြီးတော့ ကူညီနိုင်ဖို့ အကောင်းဆုံးကြိုးစားဖို့ပဲ"

"ပြဿနာတစ်ခုခုရှိရင် ငါ့ကိုချက်ချင်း အကြောင်းကြားလိုက်။ အထူးသဖြင့် ငွေရေးကြေးရေးပြဿနာနဲ့ ပတ်သက်ရင်ပေါ့ မရှက်ကြနဲ့နော်"

"အစည်းအဝေးပြီးပါပြီ"

အစည်းအဝေး ပြီးသွားသောအခါ ဖေးချမ့် စိတ်အေးသွားတော့သည်။

ဘော့စ်တစ်ယောက်ဖြစ်ရတဲ့ ခံစားချက်က ဒီလိုလား။

ဘာမှ စိတ်ပူစရာမလိုဘဲ သူ့လက်အောက် ငယ်သားတွေကို သူ့တာဝန်တွေကို လွှဲပြောင်းပေးလိုက်ရုံပဲလား။ ခံစားချက်က အဲ့လောက်တောင် ကောင်းတာလား။

သို့သော်လည်း အမှန်ပင်။ ဘော့စ်အများစုက ကြီးကြပ်သူများ ဖြစ်နေရင်တောင် ဝန်ထမ်းတွေကို လိုက်မေးမြန်းပြီး အလုပ်ကြိုးစားဖို့ ပြောရသည်။

သို့သော်လည်း ဖေးချမ့်ကတော့ တတ်နိုင်သမျှ များများ လွှတ်ပေးထားပြီး ဘာမှလည်း မေးမှာမဟုတ်ပါ။

အဆုံးသတ် ရလဒ်က ဘယ်လိုဖြစ်လာမလဲ သူစိတ်မပူပေ။

အရေးကြီးသည့် ကိစ္စများကိုတော့ သူသတ်မှတ် ဆောင်ရွက်ပေးရသည်။ ဥပမာ မူကြမ်းကို ဘယ်တော့ ပြီးရမလဲ၊ ပထမ demo prototype ကိုဘယ်တော့ပြီးရမလဲ၊ စမ်းသပ်စစ်ဆေးခြင်း ရွေးချယ်မှုရဲ့ deadline စသည်တို့ဖြစ်ကြသည်။

ဂိမ်းက သာမန်ဖြစ်ပြီး စမ်းသပ်စစ်ဆေးချက်ကို ကျော်လွန်နိုင်ကာ သူတို့ အချိန်ဖြုန်တီးရာ မကျလျှင် တော်ပါပြီ။ မဟုတ်ပါက စနစ်က စည်းကမ်းဖောက်ဖျက်မှုအဖြစ် သတ်မှတ်သွားနိုင်သည်။

ဖေးချမ့်၏ ပန်းတိုင်က သူ့လက်အောက်က လူတစ်စုကို ဂိမ်းထုတ်လုပ်ဖို့အတွက် ကြိုက်သလောက် ငွေသုံးစေချင်ခြင်းသာဖြစ်သည်။

အခန်း(၄၂) ပျော်ပေမဲ့ စိတ်မအေးသေးဘူး

အစည်းအဝေးခန်းထဲမှ လူအားလုံး တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွာားကြသည်။

ဟွမ်းစစ်ပေါ်က ပေါင်ရှုကို တားလိုက်ပါသည်။

"အစ်ကိုပေါင် Concept ကိုမြန်မြန်လေးလုပ်ဖို့ မင်းကို ဒုက္ခပေးရဦးမှာပဲ။ ငါတို့ ဒီဇိုင်းမူကြမ်း လုပ်ဖို့ အနည်းဆုံး ၅ ရက်လောက်ကြာမှာမို့လို့။ မနက်ဖြန် အကြံဉာဏ် အကြမ်းဖျင်း ရရင် အကောင်းဆုံးပဲ ဒါမှ ငါတို့တွေ တတ်နိုင်သမျှ ခပ်စောစော ဆက်သွယ်နိုင်မှာ"

ဟွမ်းစစ်ပေါ်က အလွန်ယဥ်ကျေးစွာ ပြောလိုက်ပါသည်။

အဘယ့်ကြောင့်ဆိုသော် ပေါင်ရှု၏ နောက်ခံအကြောင်း သူမသိဘဲ ပေါင်ရှုအပေါ် သူ့အမြင်က တချို့အကြောင်းအရာတွေပေါ်မှာသာ အခြေခံထားခြင်းဖြစ်သည်။

ပထမဆုံး ဆံပင်တွေ ကျွတ်နေသဖြင့် သူက အသက်ကြီးပုံရသည်။

ဒုတိယက အချိန်ပို အထူးအခွင့်အရေးကော ဘော့စ်ဖေး၏ ယုံကြည်မှုကိုကော ရထားသည့် လက်ရွေးစင်ဂိမ်မာတစ်ယောက် ဖြစ်သည်။

တတိယက အမြဲတမ်း နက်နက်ရှိုင်းရှိုင်း တွေးနေသလို တိတ်ဆိတ်နေတတ်သောကြောင့် ဖြစ်သည်။

ထိုကဲ့သို့ လေ့လာဆန်းစစ်ချက်များကြောင့် ဟွမ်းစစ်ပေါ်က စီနီယာတစ်ယောက်ဖြစ်မည်ဟု ခန့်မှန်းလိုက်ခြင်း ဖြစ်သည်။

ပေါင်ရှုက ခေါင်းညိတ်လိုက်သည်။ "ဟုတ်ပါပြီ ညီအစ်ကို ဟွမ်"

ပေါင်ရှုကလည်း ဟွမ်းစစ်ပေါ်၏ နောက်ခံအကြောင်းကို မသိပေ။ သို့သော် ပထမနှစ်တက္ကသိုလ် ကျောင်းသားတစ်ယောက်အနေဖြင့် ဟွမ်းစစ်ပေါ်က ဘွဲ့ရပြီးကတည်းက ဒီလောကထဲ ဝင်ခဲ့တာ ဖြစ်သောကြောင့် စီနီယာဟု ခန့်မှန်းမိသည်။

နှစ်ဖက်စလုံးက 'ညီအစ်ကို'ဟူသော စကားကို ယဥ်ကျေးသည့်သဘောအရ ပြောဆိုခြင်းဟု သဘောထားပြီး များများစားစား မတွေးခဲ့ပါ။

တစ်ဖက်လူက တကယ်ရင်ထဲက ဘာပြောနေမှန်း မသိကြချေ။

ဟွမ်းစစ်ပေါ်က အလုပ်စားပွဲသို့ ပြန်လာပြီး ပျော်လည်းပျော် စိတ်လည်း မအေး ခံစားနေရသည်။

ဒီနေရာက ဘော့စ်နှင့် လုပ်ဖော်ကိုင်ဖက်များမှာ အလွန်အမင်း ခင်မင်တတ်ပြီး ယဥ်ကျေးသောကြောင့် ပျော်ရခြင်းဖြစ်သည်။ အရင်ကုမ္ပဏီ၏ တင်းကြပ်ပြီး ဖိနှိပ်သော ပတ်ဝန်းကျင်နဲ့ယှဥ်ရင် ဒီကုမ္ပဏီက လုံးဝ ခြားနားပါသည်။

သူ့အစွမ်းအစ လိုအပ်မှုကြောင့် သူဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်လာမည်ကို စိုးရိမ်သဖြင့် စိတ်မအေးရခြင်း ဖြစ်သည်။

ချက်ချင်းပဲ အရင်တုန်းက သူစုဆောင်းခဲ့ဖူးသည့် ဒီဇိုင်းမူကြမ်းမျိုးစုံကို ကြည့်လိုက်ပြီး နောက်ဆုံးတစ်ခေါက် ပြန်နွှေးလိုက်သည်။

ဒီလိုမှ ပေါင်ရှု Concept ရလာပြီဆိုတာနှင့် ဒီဇိုင်းမူကြမ်းကို သူဖန်တီးနိုင်မည်ဖြစ်သည်။

ပေါင်ရှုကတော့ Concept အကြောင်း စဥ်းစားသည့် လုပ်ငန်းစဥ်ထဲ အမြန်ဝင်ရောက်ခဲ့ပါသည်။

ယခင် FPS ဂိမ်းမျိုးစုံ၏ မှတ်ဉာဏ်များက သူ့ခေါင်းထဲ တိုးဝင်လာခဲ့ပြီး အားပေးလှုံ့ဆော်ခဲ့ပါသည်။

လူသစ်တွေအတွက် လွယ်ကူမဲ့ ဂိမ်းမျိုး လုပ်ရမှာလား။ ဒါကမခက်ခဲဘဲ ရိုးရှင်းသော ချိန်ညှိမှုအနည်းငယ်ဖြင့် ဆောင်ရွက်နိုင်သည်။

ဥပမာအားဖြင့် ဇာတ်ကောင်များ၏ ပစ်မှတ် နေရာများကို ချိန်ညှိလိုက်လို့ရသည်။ အထူးသဖြင့် ဦးခေါင််းနေရာကိုဖြစ်၏။ ဒါမှ ဂိမ်မာ အသစ်များက ခေါင်းကို ပစ်နိုင်ခြေ မြင့်မည်ဖြစ်သည်။

သို့တည်းမဟုတ် Zoom ချဲ့သည့် အမြန်နှုန်းနှင့် စနိုက်ပါ ရိုင်ဖယ်များ၏ သေနတ်ပစ်နှုန်းကို မြှင့်တင်နိုင်သည်။ ဒီလိုဆို လူသစ်များက စနိုက်ပါ ပစ်ခြင်းအား အမြန်ဆုံးကျွမ်းကျင်သွားနိုင်သည်။

ပေါင်ရှုက ပရော်ဖက်ရှယ်နယ် ဂိမ်မာဟု သတ်မှတ်ရလောက်သည့်အထိ FPS ဂိမ်းများတွင် မကျွမ်းကျင်သော်လည်း သာမန်လူတွေကြားထဲမှာတော့ သေချာပေါက် ပညာရှင်တစ်ယောက် ဖြစ်သည်။

သူ့ကိုယ်ပိုင် လက်တိကျမှုအရ လိုအပ်သည့် ချိန်ညှိမှုများကို အလွယ်လေးဖန်တီးနိုင်သည်။

Paywall လက်နက်များအတွက်လည်း ပြသနာ ကြီးကြီးမားမား မရှိပါ။ သူတို့လုပ်ဖို့လိုတာဆိုလို့ စျေးကို မြင့်မြင့်ထားလိုက်ဖို့ပဲဖြစ်သည်။

ပေါင်ရှုအတွက် တစ်ခုတည်းသော အခက်အခဲက ဖေးချမ့်၏ ပထမဆုံးတောင်းဆိုချက်ဖြစ်သော Story Mode ပဲဖြစ်သည်။

သူအတွေးနက်နက်ရှိုင်းရှိုင်းထဲ ဝင်ရောက်သွား၏။

ပွင့်ပွင့်လင်းလင်းပြောရလျှင် ဒါမျိုးက သူလုံးဝ နားမလည်နိုင်သည့် အရာမျိုးဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ပြည်တွင်း ရေပန်းအစားဆုံး FPS ဂိမ်းများတွင် ဘာ Story Mode မှ မပါသောကြောင့်ဖြစ်သည်။ Counter Strike မှာလည်း မပါပေ။ သူတို့ လုပ်ရမှာဆိုလို့ တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်တာပဲရှိပါသည်။

နိုင်ငံခြား တစ်ကိုယ်တည်း FPS ဂိမ်းကြီးများတွင် Story Mode ရှိကြတာ မှန်သော်လည်း ထန်းတာ့နှင့် ယှဥ်လျှင် ပိုကြီးမားသော ကုမ္ပဏီကြီးများဖြစ်ကြပါသည်။

လူအယောက် ၃၀ ရှိသော အဖွဲ့တစ်ဖွဲ့နဲ့ နိုင်ငံခြားက FPS ဂိမ်းကြီးများလို Story Mode ဖန်တီးခြင်းက ကိုယ့်ကိုယ်ကို အထင်ကြီးနေသည်ဟု ဆိုနိုင်သည်။

ပေါင်ရှုက ဂိမ်းလောကထဲ အခုမှ ဝင်လာတာ ဖြစ်သော်လည်း ဒီအရာတွေကိုတော့ ရှင်းရှင်းလင်းလင်း သိပါသေးသည်။

ရွေးချယ်စရာမရှိတော့ဘဲ နောက်တစ်နည်းကို စဥ်းစားရတော့သည်။

ဝန်ထမ်း ၃၀ လောက်နဲ့ နိုင်ငံခြား FPS ဂိမ်းကြီးတွေလို Story Mode တစ်ခုတော့ ဖန်တီးနိုင်မည် မဟုတ်တာ ရှင်းနေသည်။

'သူ့လို သာမန်လူမျိုးတောင် ဒါကိုသိရင် သူတို့ရဲ့ ဉာဏ်ကောင်းတဲ့ ဘော့စ်ဖေးက မသိဘဲ နေပါ့မလား'

'သူလည်း သိနေတာဖြစ်ရမယ်'

'သူသိတယ်ဆိုရင် ဘာလို့ဒီလောက်ထိ တင်းကြပ်တဲ့ တောင်းဆိုချက်ကို လုပ်ရတာလဲ'

'ဒါက စမ်းသပ်တာလည်း ဟုတ်သလို အရိပ်အမြွက်ပေးတာလည်း ဟုတ်တယ်'

'ဘော့စ်ဖေးက ငါတို့ရဲ့အစွမ်းအစတွေကို စမ်းသပ်ပြီး တစ်ချိန်တည်းမှာပဲ နိုင်ငံခြားက FPS ဂိမ်းကြီးတွေလိုမျိုး မလုပ်ဖို့ အရိပ်အမြွက်ပေးနေတာ'

'အဲဒါဆို ငါတို့ ဘာဆက်လုပ်ရမလဲ...'

ပေါင်ရှု အတွေးနက်နက်ရှိုင်းရှိုင်းထဲ ကျရောက်သွားခဲ့ပါသည်။

...

ညနေ ၅ နာရီတွင်။

ဖေးချမ့်က ပျော်ရွှင်စွာ အလုပ်မှ ပြန်လာပါသည်။

ဒီလိုအချိန်ကိုက် အလုပ်ဆင်းနိုင်သည့် ခံစားချက်က တကယ်ကောင်းမွန်ပါသည်။

အမှန်ပင်။ ဘော့စ်တစ်ယောက်ဖြစ်သဖြင့် ဖေးချမ့်က အလုပ်လုံးဝ မလာတာမျိုးတော့ လုပ်လို့မရပေ။

သို့သော် လုပ်လို့ရပါက အလုပ်ပြီးတဲ့အချိန်အထိ စောင့်ရခြင်း၏ ပျော်ရွှင်မှုမျိုးကို ခံစားရမည် မဟုတ်သလို အလုပ်တကယ်ပြီးသောအခါ ရွှင်လန်းရသည့်ခံစားချက်ကိုလည်း ခံစားရမည်မဟုတ်ပေ။

ဒုတိယမျိုးဆက် သူဌေးသားတစ်ယောက်က တိုက်ခန်း ၃၀ ကျော်ပိုင်ဆိုင်သော်လည်း နေ့စဥ် အိမ်ငှားခများ ကောက်ခံခဲ့ကာ ဤသို့ ပြောခဲ့သည်။ "ယောက်ျားတွေက မပျင်းရဘူး။ ပျင်းရင် သုံးစားမရ ဖြစ်သွားမယ်"

ဖေးချမ့်၏ အတွေးကလည်း ဒီလိုပဲဖြစ်သည်။ သူငွေတချို့ကို ဆုံးရှုံးနေပါက သက်သောင့်သက်သာ နေနိုင်သည့် ဘဝမျိုးကို စနစ်က အထူးအခွင့်အရေးပေးထားသော်လည်း ဒီပျော်ရွှင်မှုကြောင့် သူ့ကိုယ်သူ သုံးစားမရတဲ့လူဖြစ်သွားစေလို့ မဖြစ်ပါ။

သူလေ့လာချင်တဲ့အချိန်ကျမှ လေ့လာပြီး အချိန်မှန် အလုပ်ဆင်းနိုင်ခြင်းက သူ့ကို ဆက်လက်တိုက်ပွဲဝင်စေကာ သုံးစားမရသည့်လူ ဖြစ်မသွားစေဖို့ တွန်းအားပေးနေခြင်း ဖြစ်သည်။

အရင်အပတ်တုန်းက ၅ နာရီထိုးသောအခါ အားလုံးကို ဖေးချမ့် နှင်ထုတ်ခဲ့ရသည်။ အထူးသဖြင့် အချိန်ပိုလုပ်ရတာကို အသားကျနေသော ဟွမ်းစစ်ပေါ်လို လူမျိုးများ ဖြစ်ကြသည်။

ဒါကို ဝန်ထမ်းများ၏ အကျင့်ဆိုးကို ပြုပြင်ပေးခြင်းဟု ခေါ်သည်။

သို့သော်လည်း အမှန်ပင်။ ပေါင်ရှုကတော့ ခြွင်းချက်ဖြစ်၏။ သူ့ကို ကုမ္ပဏီထဲတွင် ဂိမ်းကစားခွင့် ပြုလိုက်ခြင်းဖြင့် ဖေးချမ့်မီတာခ ပိုကုန်နိုင်မည်ဖြစ်သည်။

တစ်ပတ်လောက် အားထုတ်ကြိုးပမ်းပြီးသောအခါ သူ့ဝန်ထမ်းအများစုက ၎င်းတို့၏ အကျင့်ဆိုးများကို ဖယ်ရှားနိုင်ခဲ့ကြပြီဟု ခံစားမိပါသည်။

ဘာပဲဖြစ်ဖြစ် ဘယ်သူက အကြောင်းအရင်းမရှိဘဲ အချိန်ပို လုပ်ချင်မှာလဲ။

သူတို့အားလုံးတွင်လည်း ဖေးချမ့်လိုပဲ အချိန်မှန် အလုပ်ဆင်းသော အကျင့်များ ဖြစ်လာကြပြီး ဖေးချမ့်လည်း ကျေနပ်သွားသည်။

...

ဟွမ်းစစ်ပေါ် အစကတော သူ့အလုပ်စားပွဲကို သန့်ရှင်းနေသည်။ သို့သော် ဖေးချမ့် ပြန်သွားတာကို မြင်သောအခါ ချက်ချင်းထိုင်ချလိုက်၏။

ထို့နောက် စွန့်စားမှုလုပ်ရမည်ဟု ဆုံးဖြတ်လိုက်ပါသည်။

အချိန်ပို အလုပ်လုပ်ပါက လစာဖြတ်မယ်ဟူသော ဘော့စ်ဖေး၏ သတိပေးချက်ကို သူလျစ်လျူရှုတော့မည်။

ဒီအချိန်ပိုက အပြည့်အ၀ လိုအပ်သည်။

အဘယ့်ကြောင့်ဆိုသော် ဟွမ်းစစ်ပေါ် အလွန်အမင်း စိတ်မသက်မသာ ဖြစ်နေသောကြောင့်ဖြစ်သည်။ အစီအစဥ်ဆွဲသူချုပ် ဖြစ်ဖို့ မထိုက်တန်ဘူးဟုပင် ကိုယ့်ကိုယ်ကို ထင်မိနေ၏။ ထို့ကြောင့်လည်း စာပြန်နွှေးဖို့ ဆက်နေခြင်းဖြစ်ပြီး သူဝန်ထုပ်ဝန်ပိုးဖြစ်မလာအောင် ပြင်ဆင်နေခြင်းဖြစ်သည်။

တခြာဝန်ထမ်းများကတော့ အချိန်မှန် အလုပ် ဆင်းခဲ့ကြပါသည်။

ဘာပဲဖြစ်ဖြစ် လောလောဆယ် သူတို့ဘာမှ လုပ်စရာသိပ်မရှိကြသေးပေ။ အားလုံးက ပေါင်ရှု၏ Concept မူကြမ်းကို မျှော်လင့်ချက်ကြီးစွာ စောင့်နေကြရသည်။

ဘော့စ်ဖေးသာ ရုံးထဲ ရုတ်တရက်ကြီး ပြန်ဝင်လာလျှင် ဘယ်လို ရှင်းပြရမလဲ စဥ်းစားလိုက်သည်။

သို့သော်လည်း သူ့စိုးရိမ်မှုများက အဓိပ္ပာယ်မရှိကြောင်း မကြာခင် နားလည်သွားသည်။ ဘော့စ်ဖေးက တစ်ယောက်ယောက် အချိန်ပို လုပ်နေသလား လာစစ်ဆေးဖို့လောက်အထိ အချိန်အားနေသူမဟုတ်ပေ။

သိပ်မကြာခင် ဧရာမ ရုံးနေရာကြီးတွင် ဟွမ်းစစ်ပေါ်နှင့် ပေါင်ရှုတို့သာ ကျန်ခဲ့တော့သည်။

ပေါင်ရှုက သရေစာထားရာ နေရာမှ အာလူးကြော်ထုတ်ကြီးတစ်ထုတ်နှင့် မီးဖိုချောင်ထဲမှ ကော်ဖီတစ်ခွက်ယူလိုက်ပြီး ဇိမ်ကျနေခဲ့ပါသည်။

ဒါတွေအားလုံးကို ကုမ္ပဏီက အကန့်အသတ်မဲ့ ထောက်ပံ့ထားခြင်းဖြစ်၏။

အစကတော့ ရေအစား ကော်ဖီနှင့် အအေးများကို သောက်ရသဖြင့် ပေါင်ရှု အံ့အားသင့် ပျော်ရွှင်ခဲ့ရသည်။ သို့သော် အချိန်အတန်ကြာသောအခါ ဘာမှသိပ်ပြီးထူးခြားတာ မဟုတ်သလို ခံစားရပြီး သာမန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။

ဟွမ်းစစ်ပေါ်လည်း မပြန်သေးတာကို မြင်သောအခါ အနည်းငယ် အံ့အားသင့်သွားသော်လည်း ဘာမှ သိပ်မပြောခဲ့ပေ။ သူ့အလုပ်စားပွဲသို့ ပြန်သွားပြီး စာရွက်အလွတ်တစ်ရွက်ပေါ်တွင်သာ ပုံထိုင်ဆွဲနေလေသည်။

...

ည ၈ နာရီ။

ပေါင်ရှုက မတ်တပ်ရပ်လိုက်ပြီး ဟွမ်းစစ်ပေါ် ထံသို့ လျှောက်သွားသည်။ ခြစ်ရာများ၊ သင်္ကေတမျိုးစုံဖြင့် ပြည့်နှက်နေသည့် အဆောင်တစ်ခုနဲ့ တူသော စာရွက်တစ်ရွက်ကိုလည်း ကိုင်ဆောင်လာသည်။

"ညီအစ်ကိုဟွမ် ငါပြီးတော့မယ်" ပေါင်ရှုက ပြောလိုက်၏။

ဟွမ်းစစ်ပေါ်က အားတက်သရော ခေါင်းညိတ်လိုက်၏။

"ကျေးဇူးပြုပြီး ရှင်းပြပေးပါဦး ညီအစ်ကိုပေါင်"

ပေါင်ရှုက ခုံတစ်လုံးကို ဆွဲယူလိုက်ပြီး သူ့အတွေးများကို ဟွမ်းစစ်ပေါ်အား စတင်ရှင်းပြလေသည်။

"ဘော့စ်ဖေးရဲ့ လိုအပ်ချက် ၃ ချက်ထဲမှာ ၂ ချက်က လွယ်တယ်။ ခက်တာက Story Mode ပဲ"

"ငါတို့တွေ သေချာပေါက် အဲဒီ နိုင်ငံခြား FPS ဂိမ်းကြီးတွေရဲ့Story Mode နဲ့တော့ ယှဥ်နိုင်မယ် မထင်ဘူး။ ဇာတ်ကောင်အရကော၊ အက်ရှင်တွေ အရကေ၊ ဆက်တင်တွေအရကောပဲ။ အဲဒါတွေကို တစ်ခုမှ ယှဥ်နိုင်မှာ မဟုတ်ဘူး"

ဟွမ်းစစ်ပေါ်က ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ် ငါလည်း အဲ့လိုထင်တာပဲ"

Czytaj Dalej

To Też Polubisz

13.6K 1K 52
Title - Invincible dad of Another world တာအိုဖခင် ဘာသာပြန် - Paing Thu မူရင်းစာရေးဆရာ - 令多情 မိတ်ဆက် သိုင်းပညာကို လေ့ကျင့်ရာမှာ စိတ်ခံစားချက်တွေကအရေးပ...
15.2K 1.6K 8
Love Him Till Eternity Original Author-hydrazona Cover -BlessedWolf Full Credit to original author.I own nothing,I'm just translation it 'cause I lov...
455K 6.1K 6
စိတ် အဆင်ပြေသလောက် ရေးပါမည်။ Over possessive Seme Beau Uke