သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ...

By Miracle_Phyu97

38.8K 3K 33

မိတ်ဆက် ငါ တကယ် ပိုက်ဆံဆုံးရှုံးချင်တယ် T_T အကောင်းဆုံး သူဌေး၊ စီးပွားရေးလောက၏ အရွယ်နှင့်မလိုက်အောင် ထူးချွန်... More

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Ch-31
Ch-32
Ch-33
Ch-35/36
Ch-37/38
Ch-39/40
Ch-41/42
Ch-43/44
Ch-45/46
Ch-47/48
Ch-49/50
Ch-51/52
Ch-53/54
Ch-55/56
Ch-57/58
Ch-59/60
Ch-61/62
Ch-63/64
Ch-65/66
Ch-67/68
Ch-69/70
Ch-71+72
Ch-73+74
Ch-75+76
Ch-77+78
Ch-79+80
Ch-81+82
Ch-83+84
Ch-85+86
Ch-87+88
Ch-89+90
Ch-91+92
Ch-93+94+95
Ch-96+97+98
Ch-99+100
Ch-101+102
Ch-103+104+105
Ch-106+107+108
Ch-109+110
Ch-111/112
Ch-113/114
Ch-115/116
Ch-117/118
Ch-119/120
Ch-121/122
Ch-123/124
Ch-125/126
Ch-127/128
Ch-129/130
Ch-131/132
Ch-133/134
Ch-135/136
Ch-137/138
Ch-139/140
Ch-141/142
Ch-143/144
Ch-145/146
Ch-147/148
Ch-149/150
Ch-151/152
Ch-153/154
Ch-155/156
Ch-157/158
Ch-159/160
Ch-161/162
Ch-163/164
Ch-165/166
Ch-167/168
Ch-169/170
Ch-171/172
Ch-173/174
Ch-175/176
Ch-177/178
Ch-179/180

Ch-34

327 27 0
By Miracle_Phyu97

အခန်း(၃၄) အွန်လိုင်းပေါ်က အလုပ်ခေါ်စာ

သူမှတ်မိသလောက် ကျောင်းအနောက်ဘက် ဝင်ပေါက်အနားက အင်တာနက်ကဖေးဆိုင်များတွင် ပေါင်ရှုကို ဖေးချမ့် လိုက်ရှာလိုက်သည်။

သူ့ပုံစံက သိသာလွန်း၏။

နွေဦးရာသီဖြစ်နေပြီး အားလုံးက အင်္ကျီလက်ရှည် ဘောင်းဘီရှည်များ ဝတ်ဆင်ထားကြသော်လည်း သူကတော့ ဆွယ်တာတစ်ခုကို ဝတ်ဆင်ထားပြီး ကုတ်အင်္ကျီထူထူကြီးကို ထိုင်ခုံတွင် ချိတ်ဆွဲထားသည်။

အအေးကြောက်တာ မဟုတ်သော်လည်း ပြီးခဲ့သည့် ဆောင်းရာသီကတည်းက ဒါကိုပဲ သူဝတ်ဆင်ထားခြင်း ဖြစ်သည်။

သူ့အပြင် ဒီလိုမျိုးလုပ်နိုင်သည့်လူ တကယ် မရှိနိုင်ပေ။

ယခုအခါ ပေါင်ရှုက ကွန်ပျူတာ မော်နီတာ ရှေ့တွင် ရီဝေနေခဲ့သည်။

ဖန်သားပြင်ပေါ်တွင် သူ့ဇာတ်ကောင်က ခုံပျံကြီးတစ်ခုပေါ်တွင် ထိုင်နေပြီး အဓိကမြို့တော်ကြီး၏ အပေါ်ဘက်တွင် အလုပ်မရှိအကိုင်မရှိ အားလပ်နေသည်။

ပေါင်ရှုအနားသို့ ဖေးချမ့် ချဥ်းကပ်လာသောအခါ ခပ်ပါးပါး အုန်းဆီနံ့ကို သူရလိုက်သည်။

အနံ့က မပြင်းသော်လည်း ပေါင်ရှုက အလွန်ပြင်းထန်စွာ ဆံပင်ကျွတ်တတ်သဖြင့် ဆံပင်တောင် သိပ်မရှိတော့ပါ။

"ဟမ်...သူ့ကို အင်တာနက်ကဖေးထဲကနေ ထွက်လာဖို့ ဖျောင်းဖျနိုင်ရင် သူ့ကို သေချာပေါက် ပိုက်ဆံပေးပြီး အဝတ်အစားသွားလဲခိုင်းလိုက်မယ်"

"ပေါင်ရှုလား" ဖေးချမ့်က စမ်းခေါ်ကြည့်သော ပုံစံမျိုးဖြင့် မေးလိုက်သည်။

၁၀ စက္ကန့်လောက် ကြက်သေသေနေပြီးမှ ပေါင်ရှု လှည့်ကြည့်လာ၏။ အနက်ရောင် အကွင်းကြီးနှစ်ကွင်းဖြင့် ဝန်းရံနေသော သူ့မျက်လုံးများ ရုတ်တရက် မျက်တောင်ခတ်သွားခဲ့သည်။

"ငါ့ကို ရှာနေတာလား"

သူက လူမှန်ဖြစ်ကြောင်း အတည်ပြုပြီးသွားသောအခါ ဖေးချမ့်က ပေါင်ရှုဘေးတွင် ထိုင်လိုက်သည်။

"ငါ့မှာအလုပ်တစ်ခုရှိတယ်။ မင်းလုပ်ချင်လား" ဖေးချမ့်က မေးလိုက်သည်။

ပေါင်ရှုက ဖြည်းဖြည်းချင်း ပြန်လှည့်သွားပြီး မော်နီတာကို တွေဝေစွာ စိုက်ကြည့်နေပြန်သည်။

"အင်တာနက်ကဖေးမှာ မန်နေဂျာ လုပ်ရမှာလား။ စိတ်မဝင်စားဘူး"

"မဟုတ်ဘူး မန်နေဂျာမဟုတ်ဘူး။ မင်းရဲ့ ကိုယ်ပိုင်ဂိမ်းအတွက် ဒီဇိုင်းဆွဲရမဲ့ ဒီဇိုင်နာ လုပ်ရမှာ"

ဖေးချမ့်က ပြန်ပြောလိုက်သည်။

ပေါင်ရှုမျက်နှာက ဖေးချမ့်ဘက်သို့ တဖြည်းဖြည်း ပြန်လှည့်လာပြီး သူ့ကို အကဲခတ်ကြည့်လိုက်သည်။

နောက်ဆုံးတော့ သူက သာမန်ကျောင်းသား တစ်ယောက်သာ ဖြစ်သည်ဟု ကောက်ချက် ချလိုက်သည်။

"ငါ့ကို လာနောက်မနေနဲ့" ပေါင်ရှုက မယုံကြည်ပါ။

ဆွံ့အလျက် သူတခြား ဝတ်စုံသာ ဝတ်ပြီး လာခဲ့လျှင် ပိုအဆင်ပြေနိုင်မလားဟု ဖေးချမ့် တွေးလိုက်မိသည်။

သို့သော်လည်း သူ့ဝတ်စုံက ရောက်မလာသေးပါ။

ကိစ္စကို အရှည်ကြီး ဆွဲမထားချင်သဖြင့် ဖေးချမ့်က သူ့အိတ်ကပ်ထဲက ယွမ် ၅၀၀ ကို ချက်ချင်း ထုတ်ယူလိုက်သည်။

"မင်း ဝင်ချင်တယ်ဆိုရင် မင်းလစာကို ကြိုထုတ်ပေးမယ်"

ကြက်သွေးရောင် ယွမ် ၁၀၀ တန် ငါးရွက်ကို မြင်သောအခါ ပေါင်ရှု၏ မျက်လုံးများ အရောင် လက်သွားခဲ့သည်။

ဖေးချမ့်က တကယ့်အစစ်အမှန်ဟုလည်း အနည်းငယ် ယုံကြည်သွားသည်။

လူလိမ်ဆိုပါက ဖေးချမ့်က ပိုက်ဆံတောင်းရမည့်လူဖြစ်သည်။ ဘာကြောင့် ပိုက်ဆံထုတ်ပေးရမှာလဲ။

ဒါတင်မကသေးဘဲ ယွမ် ၅၀၀ ကြီးများတောင်။

၂၀၀၉ ခုနှစ်တွင် ပေါင်ရှုလိုလူမျိုးအတွက် ယွမ် ၅၀၀ က အတော်လေး များသော ပမာဏဟု သတ်မှတ်နိုင်သည်။ ဘာပဲဖြစ်ဖြစ် အင်တာနက် ကဖေးများ၏ စျေးနှုန်းက တစ်နာရီကို ၂ ယွမ် ၃ ယွမ် လောက် ရှိသည်။

"အဲဒါတင် မကသေးဘူး။ ငါတို့ကုမ္ပဏီရဲ့ ကွန်ပျူတာတွေက မော်နီတာနှစ်လုံးနဲ့ အကောင်းဆုံး Specs တွေ တပ်ဆင်ထားတယ်။ မင်းဂိမ်းကစားချင်တိုင်း အချိန်မရွေး ကစားလို့ရတယ်" ဖေးချမ့်က ထပ်ပြောလိုက်သည်။

ပေါင်ရှု၏ အကြည့်က ရုတ်တရက်ကြီး အရောင်လင်းလက်လာသည်။

ပိုက်ဆံလည်း ပေးစရာမလိုဘဲ အချိန်မရွေး ဂိမ်းဆော့လိုရတယ်တဲ့လား။

အဲဒါ အင်တာနက်ကဖေးတွေထက် ပိုပြီး သက်သောင့်သက်သာ မရှိနိုင်ဘူးလား။

ဆာလောင်နေသော ကြောင်တစ်ကောင်ကို ငါးပစ်ကျွေးလိုက်သလိုပင်။

"မင်းနောက်နေတာ မဟုတ်ဘူး မလား။ ဒါဆို ငါ့အလုပ်က ဘာလဲ" ပေါင်ရှုက အံ့အားသင့်စွာ မေးလိုက်သည်။

"မင်းအလုပ်က ဂိမ်းဆော့ဖို့ပဲ ငါမင်းကို ကမ်းလှမ်းနေတဲ့ ရာထူးက ဂိမ်းအစမ်းသမားပဲ"

"မင်းက တခြားသူတွေရဲ့ဂိမ်းကော ငါတို့ရဲ့ ဂိမ်းတွေကိုကော စမ်းသပ်ပေးရမှာ။ ပြဿနာ တစ်ခုခုတွေ့ရင် ချက်ချင််း ငါ့ကို တင်ပြရမယ်"

"ဒါပေါ့ ဒီဇိုင်းလုပ်ငန်းမှာလည်း မင်းဝင်ပါပြီး အကြံပေးလို့ရပါတယ်"

"အဲ့ဒီကဏ္ဍအတွက် မင်းကသေချာပေါက် အစွမ်းအစရှိလိမ့်မယ်လို့ ငါထင်တယ်။ မင်းကော မထင်ဘူးလား"

ဖေးချမ့်က အကြံကြီးသော အပြုံးဖြင့် ပြုံးပြလိုက်သည်။

နှုတ်ခမ်းကို စုရင်း ပေါင်ရှု၏ လည်ပင်း တုန်ယင်လာသည်။

ဒါသူအမြဲတမ်း စိတ်ကူးယဥ်ခဲ့ရတဲ့ ဘဝမျိုး မဟုတ်ဘူးလား။

ဂိမ်းလည်းကစားရင်း တစ်ချိန်တည်းမှာပဲ ပိုက်ဆံလည်း ရရင်းနဲ့လေ။ အဲဒါထက်ကောင်းတာ ဘာရှိဦးမှာလဲ။

"ငါလုပ်ချင်... ငါလုပ်ဖို့ စဥ်းစားဦးမယ်။ မင်းပြောတာသာ တကယ်ဆိုရင် ငါ... ကြိုးစားကြည့်ဖို့ စဥ်းစားပေးပါ့မယ်"

ပေါင်ရှု၏ ပထမဆုံး စကားက 'ငါလုပ်ချင်တယ်' ဖြစ်သည်။ သို့သော် ပြန်တွေးကြည့်မှ သူ့ကိုလူလိမ်ဖြစ်နေမလားဟုလည်း စိုးရိမ်မိသွားပြန်၏။

ထို့ကြောင့် သူ့အတွက် လွတ်ကွက်တချို့ ကြိုထားလိုက်ခြင်းဖြစ်သည်။ တကယ့် လုပ်ငန်း နေရာကို စစ်ဆေးပြီးမှ သူဆုံးဖြတ်ပါမည်။

ဖေးချမ့်ကတော့ ပေါင်ရှုကို အယုံသွင်းနိုင်ခဲ့ပြီဖြစ်ကြောင်း သေချာနေပါပြီ။

ဒီလောက်ထိ ကောင်းမွန်သည့် မက်လုံးများကို ငြင်းဆန်စရာ အကြောင်းမရှိပါ။

"ဟုတ်ပြီ အခု မင်းလုပ်ရမှာက..."

"ဒီယွမ် ၅၀၀ ကိုယူပြီး ရေသွားချိုး၊ ဆံပင်ညှပ်၊ အဝတ်အား အသစ်ဝယ်လဲလိုက်"

"ငါတို့ကုမ္ပဏီက ရှန်းဟွာဗျူးမှာ။ မင်းရဲ့ အခုပုံစံနဲ့ဆိုရင် လုံခြုံရေးအစောင့်တွေက သေချာပေါက် မင်းကို မဝင်အောင် တားကြမှာပဲ။ မင်းကို အိမ်ခြေမဲ့ကောင်လို့ ထင်နေကြလိမ့်မယ်".

"နောက်ထပ် နှစ်ရက်အတွင်း မင်းအလုပ်စလုပ်လို့ ရပြီ။ အဲ့ကျရင် ငါမင်းကိုဖုန်းဆက်လိုက်မယ်"

"မင်းအားရင် အဆင်ပြေပြီ"

ဖေးချမ့်က ပြောပြိးသောအခါ လှည့်ပြန်သွားလေသည်။

သူ့လက်ထဲက ယွမ် ၅၀၀ ကိုကြည့်ရင်း ပေါင်ရှု မျက်ရည်များ ဝဲလာသည်။

"တစ်ယောက်ယောက်... နောက်ဆုံးတော့ ငါ့ပါရမီကို အသိအမှတ်ပြုခဲ့ပြီ..."

ယွမ် ၅၀၀ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပြီး ရှေ့က စားပွဲပေါ်တွင် ပစ်လှဲလိုက်ပြီး ငိုလေတော့သည်။

တစ်ဝက်လောက်ပြောင်နေသည့် သူ့ခေါင်းက မော်နီတာ၏ အလင်းကို ရောင်ပြန်သောအခါ နွေးထွေးမှုဖြင့် တောက်ပလာသည်။

ဘေးနားကလူများလည်း ဘာဖြစ်သွားတာလဲ သိချင်နေကြသည်။

သူ ရှားပါး လက်နက် Drop တစ်ခု ရလိုက်တာလား။ အဲဒါကြောင့် ပီတိတွေ ဖြာနေတာလား။

...

ပေါင်ရှုနှင့် စာရင်းရှင်းပြီးသွားသောအခါ ဖေးချမ့် အပျော်လွန်သွားခဲ့သည်။

နောက်ထပ်တစ်ခါ လူယုံတော်တစ်ယောက် ထပ်ရခဲ့ပြန်ပါပြီ။

မာယန်နဲ့ ပေါင်ရှုတို့နဲ့ဆို သူ့လဘယ်လက်ရုံး၊ ညာလက်ရုံးနေရာများအတွက် လူရသွားပြီ ဖြစ်ပြီး အခုချိန်ကစပြီး အရာရာ ပိုလွယ်ကူဖို့သာ ရှိတော့သည်။

ပေါင်ရှု ဒီအခွင့်အရေးကို လက်လွှတ်ခံလိမ့်မည်ဟု ဖေးချမ့် မယုံကြည်ပါ။ ဘာပဲဖြစ်ဖြစ် ခုနက မျှော်လင့်ချက်ကြီးမားသော မျက်နှာကိုလည်း ပေါင်ရှု ဖုံးကွယ်မထားနိုင်ခဲ့ပါ။

ဒီလောက် အံ့အားသင့်ဖို့ကောင်းသည့် အခွင့်ထူးများကို ငြင်းပယ်စရာ အကြောင်း လုံးဝ မရှိပါ။

ပေါင်ရှုလို ပါရမီရှင်မျိုး မရနိုင်တော့တာသာ နှမြောစရာဖြစ်သည်။

ဖေးချမ့်က အွန်လွန်းပေါ်မှ လူတွေကို ငှားရပါဦးမည်။

အချိန်ငါးမိနစ်လောက် ယူလိုက်ပြီး ဖုန်းထဲတွင် အလုပ်ခေါ်လိုအပ်ချက်တချို့ကို ရိုက်နှိပ်ပြီး ရှင်းဟိုက်လူကို ပို့ပေးကာ သူ့အလိုအတိုင်း အွန်လိုင်း အလုပ်ခေါ်စာ တစ်ခု ပို့စ်တင်ခိုင်းလိုက်သည်။

ရာထူး ၃ နေရာရှိ၏။

ပထမ ရာထူးက ဂိမ်းဒီဇိုင်းအတွက် ဖြစ်ပြီး လိုအပ်ချက်က ဂိမ်းများအတွက် စိတ်အားထက်သန်မှု ရှိသူဖြစ်ရမည်။ Cloud အယ်ဒီတာကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်သူတိုင်းကို ဦးစားပေးမည်။

ဒုတိယ ရာထူးက ပန်းချီဒီဇိုင်းအတွက်ဖြစ်ပြီး လိုအပ်ချက်ကတော့ ဂိမ်းဒီဇိုင်နာများ၏ ရည်ရွယ်ချက်ကို အပြည့်အဝနားလည်နိုင်သည့် ပန်းချီအမြင်ရှိရမည်။ အပြင်ဘက်က အဖွဲ့အစည်းများနဲ့လည်း ကောင်းမွန်စွာ ဆက်သွယ်နိုင်ရမည်။

တတိယ ရာထူးက စီမံရေးအတွက်ဖြစ်ပြီး လိုအပ်ချက်က မိန်းကလေးဖြစ်ပြီး ရုပ်ရည် အသင့်အတင့်ရှိကာ ဣန္ဒြေရှိသူဖြစ်ရမည်။

ကမ်းလှမ်းထားသည့် လစာက သာမန်လစာထက် မြင့်မားပြီး တကယ့်လစာကိုတော့ သူတို့ဆုံတွေ့မှ ညှိနှိုင်းကြရမည်ဖြစ်သည်။

ပရိုဂရမ်မာများကိုတော့ သူမခေါ်ယူခဲ့ပါ။ အဘယ့်ကြောင့်ဆိုသော် ဂိမ်းများကို Cloud အယ်ဒီတာနှင့် နမူနာများဖြင့်တောင် ဖန်တီးနိုင်သောကြောင့် ဖြစ်သည်။ Cloud အယ်ဒီတာကို သုံးစွဲခြင်းက ဂိမ်းဒီဇိုင်နာများအတွက် အဓိကအလုပ်ဖြစ်ပြီး သူတို့ဘယ်လို ဖန်တီးမလဲဆိုသည့် အချက်သာရှိသည်။

တိကျသည့် လိုအပ်ချက်များအတွက် Cloud အယ်ဒီတာများမှတဆင့် တောင်းဆိုနိုင်ပြီး ကျွမ်းကျင် ပရိုဂရမ်မာများက ပြီးမြှောက်အောင် လုပ်ပေးပါလိမ့်မည်။ ထိုလူများကိုလည်း အလွတ်တမ်း အခကြေးငွေပေးမည်ဖြစ်ပြီး ကိုယ်ပိုင် ပရိုဂရမ်မာများ ငှားရမ်းဖို့ မလိုပါ။

ပန်းချီဒီဇိုင်နာများအတွက်တော့ ဆက်သွယ်ရေးတာဝန်လည်း ယူရပါလိမ့်မည်၊။

Cloud အယ်ဒီတာထဲတွင် ပန်းချီရင်းမြစ်များစွာရှိပြီး ဒီဇိုင်းအဖွဲ့တစ်ခုအား စိတ်ကြိုက်ပန်းချီများကိုလည်း တောင်းဆိုနိုင်သည်။

တိကျသည့် လုပ်ငန်းစဥ်တွင် ကျွမ်းကျင်သူများ ညှိနှိုင်းဆွေးနွေးဖို့ လိုအပ်ပြီး ထိုပညာရှင်များကလည်း ပန်းချီအမြင်ရှိဖို့ လိုအပ်သည်။ မဟုတ်ပါက တစ်ယောက်ကိုတစ်ယောက် နားမလည်နိုင်ဘဲ အလုပ်အဆင်ပြေ ချောမွေ့မှုကလည်း အလွန်နိမ့်နိုင်သည်။

စီမံရေး ရာထူးများအတွက်က...

ရုံးကို ဒီလောက်ထိ ဟိတ်ကြီး ဟန်ကြီး လုပ်ထားပြီးမှ မိန်းမလှလေးတချို့ကို ဧည့်ကြိုများအဖြစ် ငှားရမ်းခြင်းက ပြဿနာမရှိနိုင်ဘူးမဟုတ်လား။

ရှင်းဟိုက်လူက ဖေးချမ့်၏ လက်ထောက် ဖြစ်ရုံသာမကဘဲ ရုံး၏ တခြားကိစ္စများကိုလည်း တာဝန်ယူထားသည်။ တချို့အသေးအဖွဲ့ကိစ္စများကို လျော့ချဖို့အတွက် သူ့အတွက် ဝန်ထမ်းများ ခန့်အပ်ပေးသင့်သည်။

ဖေးချမ့်၏ အလုပ်လိုအပ်ချက်များက အလွန် မသဲမကွဲရှိလှသည်။

ဥပမာအားဖြင့် ဂိမ်းဒီဇိုင်နာ ရာထူးကိုပဲ ကြည့်ကြည့်ပါ။

ဂိမ်းကို သဘောကျပြီး Cloud အယ်ဒီတာကို ကောင်းကောင်းသုံးနိုင်သူများကို ဦးစားပေးမည်ဟုသာ ပြောခဲ့သည်။

ဒါကမရှိသလောက်ကို သေးငယ်သည့် လျှောက်ထားခွင့် အကာအရံဖြစ်နေသည်။

အကာအရံကို အမြင့်ကြီးထားလိုက်ပါကလည်း လျှောက်ထားသူများက လုပ်ငန်း၏ ပါရမီရှင်ကြီးများ ဖြစ်နိုင်ပြီး အဆင်မပြေပါ။

လိုအပ်ချက်များကို လျှော့ချမှ အမှိုက်သရိုက် ဝန်ထမ်းတချို့ကို ရနိုင်ပါလိမ့်မည်။

ဒီလိုနှင့် သူပြင်ဆင်မှုအားလုံး ပြီးလုနီးပါး ဖြစ်နေပါပြီ။

ရုံးနေရာ တည်ငြိမ်သွားပြီး မကြာခင် ရုံးအတွက် ပစ္စည်းကိရိယာာများကိုလည်း လာရောက် တပ်ဆင်တော့မည်။

သူ့ဝတ်စုံကိုလည်း လုပ်ပြီးပါပြီ။

သူ့လူယုံတော် မာယန်နှင့် ပေါင်ရှုတို့လည်း ရှိနေပြီ။

ရှင်းဟိုက်လူက ကုမ္ပဏီကို အပြစ်ပြောစရာမရှိအောင် စီမံနေသည်။

လူသစ်များ ခေါ်ယူမှု အောင်မြင်ပြီဆိုတာနဲ့ ကုမ္ပဏီကို တရားဝင်ဖွင့်ပြီး ငွေတွေ စတင် အရှုံးပေါ်နိုင်မည်ဖြစ်သည်။

အံ့အားသင့်ဖို့ကောင်းသည့် သူ့အနာဂတ်ကို တွေးကြည့်ရင်း ဖေးချမ့်၏ နှလုံးသားထဲ ရီဝေနေခဲ့ပါတော့သည်။

Continue Reading

You'll Also Like

493K 50.5K 200
လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ် GP1 (26-175) 500 GP2 (176-325) 2500 GP3 (326-475) 2500 GP4 (476-625) 2500 GP5 (626-725) 2000
114K 13.8K 110
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...