Chapter (207) _ အဖြူလား အနက်လား?
"ရှင် အရိပ်အဖြူကို တွေ့ပြီလား"
အမျိုးသမီးက အိပ်ခန်းထဲက ထွက်လာတော့ သူ့အမူအရာက တဖြည်းဖြည်း ပြောင်းလဲသွားတယ်။ သူမ၏ မျက်တောင်များသည် ပေါ့ပါးစွာ တွန့်ကွေးသွားကာ သူမ၏ မျက်နှာတွင် အရောင်အသွေး ကင်းမဲ့နေပြီး သူမသည် ဒုက္ခတွင်းထဲကျနေသည့် မိန်းမငယ်လေးတစ်ယောက်လို ဖြစ်နေသည်။
"ဟင့်အင်း.."
ကုဖေးယွီ ၏ မျက်လုံးများသည် မျက်နှာဖုံးကို ဖယ်ထားသော အမျိုးသမီးကို စိုက်ကြည့်လာပြီး သူမ မျက်နှာထက်မှ မရွေ့မီ သူ့မျက်နှာပေါ်တွင် အဆင်မပြေသည့် အမူယာ တစ်ခု ပေါ်လာသည်။
"ခဏ ထိုင်ပါဦး။ အရိပ်ဖြူရဲ့ ပုံစံအရ နောက်ကွယ်မှာ ဇာတ်လမ်းတစ်ခု ရှိကောင်းရှိနိုင်တယ်"
အမျိုးသမီးက ကုဖေးယွီ ကို ဆိုဖာပေါ်မှာ ထိုင်ခိုင်းလိုက်သည်။ သူမက ဒေါက်မြင့်ဖိနပ်တွေ ဝတ်ရတာ ပင်ပန်းနေပုံရလို့ ဖိနပ်တွေကို ချွတ်ပြီး မီးဖိုချောင်ထဲကို ခြေဗလာနဲ့ လျှောက်သွားခဲ့သည်။
သူ့လက်နှစ်ဘက်စလုံးက ရဲနံပါတ်တုတ်ကို ဆုပ်ကိုင်ထားရင်း ကုဖေးယွီ က သိသိသာသာ တုန်လှုပ်သွား သည် ။ သူက အရမ်းစိတ်လှုပ်ရှားနေပုံရပြီး သူ့ခြေထောက်တွေကတုန်ယင်နေသည်။ အမျိုးသမီးသည် ရေခဲသေတ္တာထဲကို ဖွင့်ကာ အချိုရည်ပုလင်းနှစ်ပုလင်းကိုယူကာ ကော်ဖီစားပွဲပေါ်တင်လိုက်သည်။
"ဒီနေ့ ရှင့်ရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်"
"ဒါက ကျွန်တော့် အလုပ်ပါပဲ။" ကုဖေးယွီက ရှက်ရွံ့စွာ ဖြေခဲ့သည်။
"မဟုတ်ဘူး၊ ကျွန်မ တကယ်ကျေးဇူးတင်ပါတယ်။ ရှင့်ကြောင့်သာ မဟုတ်ရင် ကျွန်မ ဘာလုပ်ရမှန်း မသိတော့ဘူး။ ကျွန်မ အမကြီးက ပျောက်သွားပြီး ကျွန်မ တစ်ယောက်တည်း ကျုတ်ကျန်းမြို့ မှာ နေခဲ့တယ်။ ကျွန်မဆီမှာ ငွေစုထားတာ အများကြီးမရှိဘူး၊ ဒါကြောင့် ဒီနေရာကို ရောင်းထွက်အောင် ကျွန်မ စောင့်နေရတယ်။ ရောင်းပြီးရင် ဒီကနေ ကျွန်မ ပြောင်းတော့မယ်။"
အမျိုးသမီးက လုံခြုံရေးအစောင့်နဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေတယ်။ သူမကိုကြည့်ရတာ ကြောက်နေသေးသည့်ပုံပေါ်သည်။ ဆိုဖာအစွန်းတစ်ဝိုက်တွင် သူမ၏ခြေထောက်များကို ကွေးလျက် လက်နှစ်ဖက်ဖြင့် ညင်သာစွာ နှိပ်နယ်နေသည်။
"ဒီက ထွက်သွားတာက မဆိုးပါဘူး"
ကုဖေးယွီ က ခေါင်းညိတ်လိုက်ပြီး ထိုအမျိုးသမီးကို ကြည့်နေသည့် အကြည့်တွေက သနားစိတ်ဖြင့် အရောင်ပြောင်းသွားသည်။
"ဒါပေမယ့် မင်း ဒီလောက် စိတ်ဓာတ်ကျနေစရာ မလိုဘူး။ မင်းအမကြီး ပျောက်နေတယ်ဆိုပေမယ့် သူမက တစ်နေ့နေ့ ပြန်လာနိုင်တယ်"
"အရာရာက ရှင် ထင်သလောက် မရိုးရှင်းဘူး။ ကျွန်မက အမကြီးနဲ့ အရမ်းကောင်းတဲ့ ဆက်ဆံရေးရှိတယ်။ ကျွန်မတို့က အတူကြီးပြင်းလာခဲ့တယ်။ သူမဟာ အရာအားလုံးကို ဝေမျှပေးပြီး သူမရဲ့ လျှို့ဝှက်ချက်တွေကို ပြောပြပေမယ့် တစ်နေ့မှာတော့ သူမဟာ ဒီအတိုင်း ပျောက်ကွယ်သွားခဲ့တယ်။ သူမ မပြန်လမ်းကို သွားနေပြီလားလို့တောင် ကျွန်မ သံသယဝင်လာ မိတယ်..."
အမျိုးသမီးက ထိုစကားကို ပြောရင်း သူမ အသံက ဆို့နင့်သွားသည်။ ထိုကံတရားကို သူမကိုယ်တိုင် ရင်ဆိုင်ခဲ့သလိုပင်... သူမက သူစိမ်းတစ်ယောက်ရှေ့တွင် ခံစားရသမျှကို ရင်ဖွင့်နေသည်။
သူမ၏ ကိုယ်လုံးသည် သေးငယ်၍ ခြေလက်များ ပိန်လှီလှသည်။ သူမသည် ထိလွယ်ရှလွယ်ကာ တစ်ဖက်သားကို ကာကွယ်ပေးချင်သည့် ခံစားချက်ကို ပေးနိုင်သည်။ သူမ ငိုစပြုလာတဲ့အခါ လူတိုင်းရဲ့နှလုံးသားက သူမ ဆီကို အလွယ်တကူ ရောက်သွားသည်။ ကုဖေးယွီ က စိတ်ရှုပ်သွားပြီး ဘာလုပ်ရမှန်း မသိတော့ပေ။ ခဏကြာတော့ နံပါတ်တုတ်ကို ချလိုက်ပြီး စားပွဲပေါ်ရှိ တစ်ရှူးသေတ္တာကို အမျိုးသမီးထံ ကမ်းပေးခဲ့သည်။ အမျိုးသမီးသည် တစ်ရှူးတစ်ရှူးကို လက်ခံသော်လည်း သူမ၏ မိတ်ကပ်ပျက်စီးမည်ကို ကြောက်သောကြောင့် သူမ၏မျက်လုံးတစ်ဝိုက်ကို အသာလေး တို့ကာ သုတိုက်သည်။
"အလုပ်ကပြန်လာတော့ အရိပ်အဖြူကိုမြင်တော့ ကျွန်မ စိတ်ထဲမှာ အံ့သြသွားတယ်။ အရိပ်အဖြူက ကျွန်မ အမကြီးကို ခေါ်သွားတယ်လို့ မထင်ဘူးလားဟင်။"
သူမ၏အသံမှာ စိတ်ပျက်အားငယ်သံများဖြင့် လွှမ်းခြုံနေသည်။ "အခု အရိပ်အဖြူကို မြင်ပြီဆိုတော့ ၊ နောက်တစ်ခါ ကျွန်မကိုများ ခေါ်သွား မလားမသိဘူး"
"မင်းကို မခေါ်နိုင်ပါဘူး။"
အမျိုးသမီးသည် ဝမ်းနည်းနေသဖြင့် သူမ စကဒ် အောက်စလွတ်နေသည်ကို သတိမထားမိပေ။ ကုဖေးယွီ က ဒါကိုမြင်ပြီး ချက်ချင်း သူ့မျက်လုံးတွေကိုလွဲလိုက်သည်။
"ရှင်ပြောတာ မှန်မယ်လို့မျှော်လင့်ပါတယ်။"
အမျိုးသမီးသည် သူ့ရှေ့မှ သောက်ရေကို ကောက်ယူလိုက်ပြီး ကုဖေးယွီ ရှေ့တွင် ပုလင်းက အသာအယာထိလိုက်သည်။
"ရှင် ဒါကို မသောက်ပဲ ထားရစ်ခဲ့ရင် ကျွန်မ တကယ် စိတ်မကောင်းဖြစ်မိမှာပဲ"
သူမ ပုလင်းကို ပါးစပ်နားသို့ တိုးကပ်ကာ သောက်လိုက်စဉ် ကုဖေးယွီက ယဉ်ကျေးမှုအရ ရေပုလင်းကို ယူလိုက်သည်။
"ခင်ဗျား အဲဒီလောက် အဆိုးမမြင်ပါနဲ့။ ဒီရက်ပိုင်းမှာ ခင်ဗျားအမကြီးအကြောင်း လာမေးတဲ့သူတွေ အများကြီးရှိနေမှတော့ သူမက အသက်ရှင်နေသေးတယ်ဆိုတာ သေချာတယ်။ ခင်ဗျားကို လာမတွေ့နိုင်သေးတာ သူမဆီမှာ အကြောင်းပြချက်တစ်ခုခုတော့ ရှိမှာပါ"
ရေခဲသေတ္တာထဲက ထုတ်လာတဲ့ သောက်ရေက အေးစက်လို့နေသည်။ ကုဖေးယွီ က အရသာ အရမ်းကောင်းတာကြောင့် နောက်တစ်ခွက်ထပ်သောက်လိုက်သည်။
"ခင်ဗျား အမကြီး ထွက်သွားရတဲ့ အကြောင်းအရင်းတခုခု ရှိပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် သရဲတစ္ဆေတွေ ဆိုတာကို ကျွန်တော် မယုံဘူး။ လူတွေက အမှားတစ်ခုခု လုပ်မိပြီး ဥပဒေရဲ့ အရေးယူမှု မခံရစေဖို့ လုပ်ကြံဖန်တီးထားတဲ့ ဇာတ်လမ်းဖြစ်မှာပါ။ ကမ္ဘာပေါ်ကနေ ပုန်းကွယ်နေပြီး ကိုယ့်အချစ်ဆုံးလူကိုတောင် ထွက်မတွေ့နိုင်မှတော့ အသက်ရှင်နေလည်း ဘာ အဓိပ္ပါယ်ရှိမှာလဲ။"
"ရှင် သူမကို နားမလည်ဘူး။ သူ့ကို နားလည်ဖို့ ဘယ်သူမှ မကြိုးစားဖူးဘူး"
ထိုအမျိုးသမီး၏အမူအရာမှာ ဝမ်းနည်းမှုအပြည့်ရှိသော်လည်း သူမ၏လေသံမှာ အနည်းငယ် ပြောင်းလဲသွားသည်။
"သူမက အကောင်းဆုံး အမကြီးပါ။ သူမပိုင်ဆိုင်တဲ့ အဖိုးတန်ဆုံး အရာတွေကို ကျွန်မနဲ့ ဝေမျှဖို့ ဆန္ဒရှိခဲ့တယ်။"
ကုဖေးယွီ ရုတ်တရက် အရမ်း ပင်ပန်းလာသလို ခံစားလိုက်ရသည်။ သူက နံပါတ်တုတ်ကို ပွေ့ဖက်လိုက်ပြီး ဆိုဖာပေါ် မှီလိုက်သည်။
"မင်းတို့နှစ်ယောက် ဆက်ဆံရေးက အရမ်းကောင်းနေပုံပဲ"
အမျိုးသမီးသည် ပြန်တွေးနေပုံရပေမယ့် သူမ၏ အကြည့်များက စားပွဲပေါ်ရှိ ပုလင်းတစ်ဝက် ကျိုးနေသည့် ရေပုလင်းကို ကြည့်နေသည်။
"ငယ်ငယ်တုန်းကတော့ လူတွေက ကျွန်မကို အနိုင်ကျင့်တာကို သဘောကျပြီး ကျွန်မ အမကြီးက ကျွန်မကို ကာကွယ်ပေးခဲ့တယ်။ ကျွန်မတို့ အသက်ကြီးလာတာနဲ့အမျှ ကျွန်မတို့ရဲ့ ပင်ကိုယ်စရိုက်တွေက တစ်ယောက်နဲ့တစ်ယောက် မတူတော့ဘူး။ ကျွန်မက တစ်ကိုယ်ကောင်းဆန်ပြီး စွန့်စားတတ်လာတယ်။ ဒေါသတကြီး ဝုန်းဒိုင်းကြဲနေပေမယ့် ကျွန်မ ဘာပဲလုပ်လုပ် ကျွန်မ အမကြီးက အမြဲတမ်း ခွင့်လွှတ်ပေးတယ်။သူမက ပြီးပြည့်စုံတယ်၊ လှပတယ်၊ အဲဒီအချိန်တုန်းကတော့ ကျွန်မ အဲဒါကို မမြင်ခဲ့ဘူး။ ကျွန်မ အပေါ် သည်းခံနိုင်လေလေ သူမကို ပိုမုန်းလေပဲ။ သူမ ကြိုက်တာမှန်သမျှကို ကျွန်မ မုန်းတယ်။ သူမက အဖြူရောင်ကို ကြိုက်တယ်၊ ကျွန်မက အနက်ရောင်ကို ကြိုက်တယ်။ ကျွန်မက သူနဲ့ မတူဘူး။ ဒီအဖြစ်အပျက်မဖြစ်ပွားခင်အထိ လအတော်ကြာကြာ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။"
အစောင့်ကို တစ်ချက် လေ့လာပြီးနောက် အမျိုးသမီးက ဆက်ပြောခဲ့သည်။
"ကျွန်မ ဝန်မခံချင်ပေမယ့် လူတစ်ယောက်တည်းကိုပဲ ကျွန်မတို့နှစ်ယောက် အတူတူ ချစ်မိသွားတယ်။
"ကျွန်မတို့ရပ်ကွက်မှာ ကျွန်မ အမကြီးကို ချစ်တဲ့ ခပ်ချောချောကောင်လေးတစ်ယောက်ရှိတယ်။ သူက သီချင်းနားထောင်ပြီး သီချင်းရေးစပ်ရတာကို ကြိုက်တယ်။ ပြီးတော့ သူက အရမ်းကောင်းတဲ့ အဆိုတော်လည်း ဖြစ်တယ်၊ သူမတို့ ချိန်းတွေ့တဲ့အခါတိုင်း ကျွန်မ နှလုံးသားက ကြေကွဲသွားရသလိုပဲ။ ဓားအချောင်း တစ်ထောင်နဲ့ ရင်ဘတ်ကို ထိုးစိုက်ထားသလိုခံစားရလို့ ကျွန်မ မရတဲ့ သူကို ကျွန်မ အမကြီး ရတာကိုလည်း မလိုလားခဲ့ဘူး။ ကျွန်မက ကျွန်မ အမကြီးနဲ့ ရုပ်ချင်းတူတယ်။ ဒါကြောင့် မိတ်ကပ်လိမ်းပြီး သူ့အဝတ်အစားတွေ ဝတ်လိုက်တယ်။ အစကတော့ အမကြီးလို အယောင်ဆောင်ပြီး ချိန်းတွေ့တာက အောင်မြင်ခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ အဲ့ဒီကောင်လေးက ကျွန်မရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိခဲ့တယ်။ နောက်ဆုံးတော့ ကျွန်မက အမကြီး မဟုတ်ဘူးဆိုတာ သိသွားတဲ့အပြင် စရိုက်လည်း လုံးဝမတူတာကို သိသွားခဲ့တယ်။ ကျွန်မက ငိုယိုတောင်းပန်ပေမယ့် သူက ကျွန်မ အမကြီးကိုပဲ ချစ်နေခဲ့တယ်။ "
အမျိုးသမီး၏ လက်မောင်းရှိ သွေးကြောများသည် ကြောက်စရာကောင်းအောင် ထောင်ထ လာသော်လည်း သူမနှင့် ဆန့်ကျင်ဘက်တွင် ထိုင်နေသော ကုဖေးယွီ သည် ဒါကို သတိမထားမိပေ။ အချိန်အကြာကြီး ညနေခင်းကင်းလှည့်ခဲ့ရလို့ သူက ပင်ပန်းလွန်းသဖြင့် မျက်လုံးများ မှိတ်ထားလိုက်သည်။
"သူ့အတွက် ကျွန်မက ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး အမကြီးဆီကို တောင်းပန်ခဲ့တယ်။ ကျွန်မကို အမြဲတမ်းချစ်ခဲ့တဲ့ အမကြီးက ဒီတစ်ခါတော့ နူတ်ဆိတ်နေခဲ့တယ်။ နောက်ဆုံးတော့ အမကြီးက သူ့ ကောင်လေးကို ခေါ်ပြီး ကျွန်မတို့နှစ်ယောက်ထဲက တစ်ယောက်ကို ရွေးခိုင်းမယ်လို့ ပြောခဲ့တယ်။။ အဲ့ဒီကောင်လေးက အမကြီးရဲ့ ဖိတ်ကြားချက်ကိုရလို့ အရမ်းပျော်သွားတယ်။ အင်္ကျီအသစ်နဲ့ ပန်းတွေဝယ်ပြီး ထွက်လာခဲ့တယ်။ အမကြီးရဲ့ အကြိုက်ဆုံးသီချင်းကို တစ်ညလုံး အသံသွင်းခဲ့တယ်။ သူ ရောက်လာတော့ ကောင်လေးက အမကြီးကို ချစ်ကြောင်း တိုက်ရိုက်ဝန်ခံခဲ့တယ်။ ဒါပေမယ့် အမကြီးက ချက်ချင်းလက်မခံခဲ့ဘူး။"
"အမကြီးက အဖြူရောင်ဝတ်စုံဝတ်ထားပြီး ကျွန်မက အနက်ရောင်ဝတ်ထားတယ်။ အမကြီးက ကောင်လေးက 'အချစ်ရေ...ရှင်က အဖြူရောင်ကို ကြိုက်သလား၊ အနက်ရောင်ကို ကြိုက်သလားလို့ မေးခဲ့တယ်။ ကျွန်မက တစ်ဘဝလုံးစာအတွက် စိတ်ကိုနှစ်ပြီး ဆုတောင်းခဲ့ပေမယ့် ကောင်လေးက တုန့်ဆိုင်းခြင်းမရှိ အမကြီးကိုပဲ ရွေးခဲ့တယ်။ "
သူမ က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလို့ သူမရဲ့ လက်သည်းတွေက သူမ လက်ဖဝါးထဲကို နစ်ဝင်သွားခဲ့သည်။ နှစ်များစွာကြာပြီးသည့်တိုင် ထိုအမျိုးသမီးက ချစ်ရသူကို ဆုံးရှုံးရသည့် ခံစားချက်ကို ပြင်းထန်စွာ ခံစားနေရသေးသည်။ သူမရဲ့ အသက်ရှုသံတွေ မြန်ဆန်လာပြီး အတော်ကြာမှ ပုံမှန်ပြန်ဖြစ်လာသည်။
"ကျွန်မ နှလုံးသားက အစိတ်စိတ်အမွှာအမွှာ ကြေကွဲသွားသလို ခံစားခဲ့ရတယ်။ နာကျင်မှုကို စကားလုံးတွေနဲ့တောင် ဖော်ပြလို့မရဘူး။ ကျွန်မ ထွက်သွားပြီး လူတွေရှာမတွေ့တဲ့ တစ်နေရာမှာပဲ နေချင်တော့တယ်။ အစ်မကြီး က ကျွန်မ နာကျင်ကြေကွဲတာကို မြင်လိုက်ရတယ်။ ဒီအဆုံးသတ်ကို သူမ မျှော်လင့်ထားပြီးသား ဖြစ်နေပုံရတယ်။ ကျမဘဝရဲ့ အနိမ့်ဆုံး အချိန်မှာ ကျမကို ကူညီဖို့ ထွက်လာခဲ့တဲ့ အမကြီး က ကောင်လေးကို ရေတစ်ပုလင်းတိုက်ကျွေးပြီး ဖယ်ပစ်လိုက်တယ်။ အသား ခုတ်ဓားမကိုယူဖို့ မီးဖိုချောင်ထဲကို လျှောက်မသွားခင် သူမ ဝတ်ထားတဲ့ အဖြူရောင်ဝတ်စုံကို ချွတ်ပစ်လိုက်တယ်။ ပြီးတော့ အစ်မကြီးက အဖြူနဲ့ အနက်အပြင် တရားမျှတစွာ ရွေးလို့ရတဲ့ အခြားတစ်ခုရှိသေးတယ်လို့ ကျွန်မကို ပြောခဲ့တယ်။ "
အမျိုးသမီးက စကားရပ်လိုက်ပြီး ဆိုဖာအောက်က ဓားမတစ်ချောင်းကို ဆွဲထုတ်လိုက်တယ်။ ကုဖေးယွီ ပေးသော တစ်ရှူးဖြင့် သူမမျက်နှာပေါ်ရှိ မိတ်ကပ်ဖျက်လိုက်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို သတိရလိုက်သလိုပင်၊ အမျိုးသမီးသည် လက်မှ အသားခုတ်ဓါးကို ကိုင်ကာ ကူဖေယွီဆီသို့ ရွေ့လျားလာရင်း ဓားကို မြင့်မြင့်မြှောက် ကိုင်ထားလိုက်သည်။ ဆံပင်တုသည် သူမခေါင်းပေါ်မှ ပြုတ်ကျသွားပြီး ဆံပင်မရှိသော မျက်နှာသည် ကုဖေးယွီ ၏ နားရွက်နားသို့ ကပ်လာသည်။
"အချစ်ရေ...ရှင် အနက်၊ အဖြူ၊ နဲ့ အနီ ဘယ်အရောင်ကို ပိုကြိုက်လဲ။"
*****-*******
Chapter (207) _ အျဖဴလား အနက္လား?
"ရွင္ အရိပ္အျဖဴကို ေတြ႕ျပီလား"
အမ်ိဳးသမီးက အိပ္ခန္းထဲက ထြက္လာေတာ့ သူ႔အမူအရာက တျဖည္းျဖည္း ေျပာင္းလဲသြားတယ္။ သူမ၏ မ်က္ေတာင္မ်ားသည္ ေပါ့ပါးစြာ တြန႔္ေကြးသြားကာ သူမ၏ မ်က္ႏွာတြင္ အေရာင္အေသြး ကင္းမဲ့ေနျပီး သူမသည္ ဒုကၡတြင္းထဲက်ေနသည့္ မိန္းမငယ္ေလးတစ္ေယာက္လို ျဖစ္ေနသည္။
"ဟင့္အင္း.."
ကုေဖးယြီ ၏ မ်က္လုံးမ်ားသည္ မ်က္ႏွာဖုံးကို ဖယ္ထားေသာ အမ်ိဳးသမီးကို စိုက္ၾကည့္လာၿပီး သူမ မ်က္ႏွာထက္မွ မေ႐ြ႕မီ သူ႔မ်က္ႏွာေပၚတြင္ အဆင္မေျပသည့္ အမူယာ တစ္ခု ေပၚလာသည္။
"ခဏ ထိုင္ပါဦး။ အရိပ္ျဖဴရဲ႕ ပံုစံအရ ေနာက္ကြယ္မွာ ဇာတ္လမ္းတစ္ခု ရွိေကာင္းရွိႏိုင္တယ္"
အမ်ိဳးသမီးက ကုေဖးယြီ ကို ဆိုဖာေပၚမွာ ထိုင္ခိုင္းလို္က္သည္။ သူမက ေဒါက္ျမင့္ဖိနပ္ေတြ ဝတ္ရတာ ပင္ပန္းေနပုံရလို႔ ဖိနပ္ေတြကို ခြၽတ္ၿပီး မီးဖိုေခ်ာင္ထဲကို ေျခဗလာနဲ႔ ေလွ်ာက္သြားခဲ့သည္။
သူ႔လက္ႏွစ္ဘက္စလုံးက ရဲနံပါတ္တုတ္ကို ဆုပ္ကိုင္ထားရင္း ကုေဖးယြီ က သိသိသာသာ တုန္လႈပ္သြား သည္ ။ သူက အရမ္းစိတ္လႈပ္ရွားေနပုံရၿပီး သူ႔ေျခေထာက္ေတြကတုန္ယင္ေနသည္။ အမ်ိဳးသမီးသည္ ေရခဲေသတၱာထဲကို ဖြင့္ကာ အခ်ိဳရည္ပုလင္းႏွစ္ပုလင္းကိုယူကာ ေကာ္ဖီစားပြဲေပၚတင္လိုက္သည္။
"ဒီေန႔ ရွင့္ရဲ႕အကူအညီအတြက္ ေက်းဇူးတင္ပါတယ္"
"ဒါက ကြ်န္ေတာ့္ အလုပ္ပါပဲ။" ကုေဖးယြီက ရွက္ရြံ႕စြာ ေျဖခဲ့သည္။
"မဟုတ္ဘူး၊ ကြ်န္မ တကယ္ေက်းဇူးတင္ပါတယ္။ ရွင့္ေႀကာင့္သာ မဟုတ္ရင္ ကြ်န္မ ဘာလုပ္ရမွန္း မသိေတာ့ဘူး။ ကြ်န္မ အမႀကီးက ေပ်ာက္သြားၿပီး ကြ်န္မ တစ္ေယာက္တည္း က်ဳတ္က်န္းျမိဳ႕ မွာ ေနခဲ့တယ္။ ကြ်န္မဆီမွာ ေငြစုထားတာ အမ်ားႀကီးမရွိဘူး၊ ဒါေႀကာင့္ ဒီေနရာကို ေရာင္းထြက္ေအာင္ ကြ်န္မ ေစာင့္ေနရတယ္။ ေရာင္းျပီးရင္ ဒီကေန ကြ်န္မ ေျပာင္းေတာ့မယ္။"
အမ်ိဳးသမီးက လုံၿခဳံေရးအေစာင့္နဲ႔ မ်က္နွာခ်င္းဆုိင္မွာ ထိုင္ေနတယ္။ သူမကိုၾကည့္ရတာ ေၾကာက္ေနေသးသည့္ပုံေပၚသည္။ ဆိုဖာအစြန္းတစ္ဝိုက္တြင္ သူမ၏ေျခေထာက္မ်ားကို ေကြးလ်က္ လက္ႏွစ္ဖက္ျဖင့္ ညင္သာစြာ ႏွိပ္နယ္ေနသည္။
"ဒီက ထြက္သြားတာက မဆိုးပါဘူး"
ကုေဖးယြီ က ေခါင္းညိတ္လိုက္ၿပီး ထိုအမ်ိဳးသမီးကို ႀကည့္ေနသည့္ အႀကည့္ေတြက သနားစိတ္ျဖင့္ အေရာင္ေျပာင္းသြားသည္။
"ဒါေပမယ့္ မင္း ဒီေလာက္ စိတ္ဓာတ္က်ေနစရာ မလိုဘူး။ မင္းအမႀကီး ေပ်ာက္ေနတယ္ဆိုေပမယ့္ သူမက တစ္ေန႔ေန႔ ျပန္လာႏိုင္တယ္"
"အရာရာက ရွင္ ထင္သေလာက္ မ႐ိုးရွင္းဘူး။ ကြ်န္မက အမႀကီးနဲ႔ အရမ္းေကာင္းတဲ့ ဆက္ဆံေရးရွိတယ္။ ကြ်န္မတို႔က အတူႀကီးျပင္းလာခဲ့တယ္။ သူမဟာ အရာအားလုံးကို ေဝမွ်ေပးၿပီး သူမရဲ႕ လွ်ိဳ႕ဝွက္ခ်က္ေတြကို ေျပာျပေပမယ့္ တစ္ေန႔မွာေတာ့ သူမဟာ ဒီအတုိင္း ေပ်ာက္ကြယ္သြားခဲ့တယ္။ သူမ မျပန္လမ္းကို သြားေနျပီလားလို႕ေတာင္ ကြ်န္မ သံသယဝင္လာ မိတယ္..."
အမ်ိဳးသမီးက ထိုစကားကို ေျပာရင္း သူမ အသံက ဆို႔နင့္သြားသည္။ ထိုကံတရားကို သူမကိုယ္တိုင္ ရင္ဆုိင္ခဲ့သလိုပင္... သူမက သူစိမ္းတစ္ေယာက္ေရွ႕တြင္ ခံစားရသမွ်ကို ရင္ဖြင့္ေနသည္။
သူမ၏ ကိုယ္လုံးသည္ ေသးငယ္၍ ေျခလက္မ်ား ပိန္လွီလွသည္။ သူမသည္ ထိလြယ္ရွလြယ္ကာ တစ္ဖက္သားကို ကာကြယ္ေပးခ်င္သည့္ ခံစားခ်က္ကို ေပးနိုင္သည္။ သူမ ငိုစျပဳလာတဲ့အခါ လူတိုင္းရဲ႕ႏွလုံးသားက သူမ ဆီကို အလြယ္တကူ ေရာက္သြားသည္။ ကုေဖးယြီ က စိတ္ရႈပ္သြားၿပီး ဘာလုပ္ရမွန္း မသိေတာ့ေပ။ ခဏၾကာေတာ့ နံပါတ္တုတ္ကို ခ်လိုက္ၿပီး စားပြဲေပၚရွိ တစ္ရႉးေသတၱာကို အမ်ိဳးသမီးထံ ကမ္းေပးခဲ့သည္။ အမ်ိဳးသမီးသည္ တစ္ရႉးတစ္ရႉးကို လက္ခံေသာ္လည္း သူမ၏ မိတ္ကပ္ပ်က္စီးမည္ကို ေၾကာက္ေသာေၾကာင့္ သူမ၏မ်က္လုံးတစ္ဝိုက္ကို အသာေလး တို႕ကာ သုတ္ိုက္သည္။
"အလုပ္ကျပန္လာေတာ့ အရိပ္အျဖဴကိုျမင္ေတာ့ ကြ်န္မ စိတ္ထဲမွာ အံ့ၾသသြားတယ္။ အရိပ္အျဖဴက ကြ်န္မ အမႀကီးကို ေခၚသြားတယ္လို႔ မထင္ဘူးလားဟင္။"
သူမ၏အသံမွာ စိတ္ပ်က္အားငယ္သံမ်ားျဖင့္ လႊမ္းၿခဳံေနသည္။ "အခု အရိပ္အျဖဴကို ျမင္ၿပီဆိုေတာ့ ၊ ေနာက္တစ္ခါ ကြ်န္မကိုမ်ား ေခၚသြား မလားမသိဘူး"
"မင္းကို မေခၚနုိင္ပါဘူး။"
အမ်ိဳးသမီးသည္ ဝမ္းနည္းေနသျဖင့္ သူမ စကဒ္ ေအာက္စလြတ္ေနသည္ကို သတိမထားမိေပ။ ကုေဖးယြီ က ဒါကိုျမင္ၿပီး ခ်က္ခ်င္း သူ႔မ်က္လုံးေတြကိုလြဲလိုက္သည္။
"ရွင္ေျပာတာ မွန္မယ္လို႔ေမွ်ာ္လင့္ပါတယ္။"
အမ်ိဳးသမီးသည္ သူ႔ေရွ႕မွ ေသာက္ေရကို ေကာက္ယူလိုက္ၿပီး ကုေဖးယြီ ေရွ႕တြင္ ပုလင္းက အသာအယာထိလိုက္သည္။
"ရွင္ ဒါကို မေသာက္ပဲ ထားရစ္ခဲ့ရင္ ကြ်န္မ တကယ္ စိတ္မေကာင္းျဖစ္မိမွာပဲ"
သူမ ပုလင္းကို ပါးစပ္နားသို႕ တိုးကပ္ကာ ေသာက္လိုက္စဥ္ ကုေဖးယြီက ယဥ္ေက်းမႈအရ ေရပုလင္းကို ယူလိုက္သည္။
"ခင္ဗ်ား အဲဒီေလာက္ အဆိုးမျမင္ပါနဲ႕။ ဒီရက္ပိုင္းမွာ ခင္ဗ်ားအမႀကီးအေၾကာင္း လာေမးတဲ့သူေတြ အမ်ားႀကီးရွိေနမွေတာ့ သူမက အသက္ရွင္ေနေသးတယ္ဆိုတာ ေသခ်ာတယ္။ ခင္ဗ်ားကို လာမေတြ႕နုိင္ေသးတာ သူမဆီမွာ အေၾကာင္းျပခ်က္တစ္ခုခုေတာ့ ရွိမွာပါ"
ေရခဲေသတၱာထဲက ထုတ္လာတဲ့ ေသာက္ေရက ေအးစက္လို႕ေနသည္။ ကုေဖးယြီ က အရသာ အရမ္းေကာင္းတာေၾကာင့္ ေနာက္တစ္ခြက္ထပ္ေသာက္လိုက္သည္။
"ခင္ဗ်ား အမႀကီး ထြက္သြားရတဲ့ အေၾကာင္းအရင္းတခုခု ရွိပါလိမ့္မယ္။ ဘယ္လိုပဲျဖစ္ျဖစ္ သရဲတေစၦေတြ ဆိုတာကို ကြ်န္ေတာ္ မယုံဘူး။ လူေတြက အမွားတစ္ခုခု လုပ္မိၿပီး ဥပေဒရဲ႕ အေရးယူမႈ မခံရေစဖို႕ လုပ္ႀကံဖန္တီးထားတဲ့ ဇာတ္လမ္းျဖစ္မွာပါ။ ကမာၻေပၚကေန ပုန္းကြယ္ေနျပီး ကုိယ့္အခ်စ္ဆံုးလူကိုေတာင္ ထြက္မေတြ႕နုိင္မွေတာ့ အသက္ရွင္ေနလည္း ဘာ အဓိပၸါယ္ရွိမွာလဲ။"
"ရွင္ သူမကို နားမလည္ဘူး။ သူ႔ကို နားလည္ဖို႔ ဘယ္သူမွ မႀကိဳးစားဖူးဘူး"
ထိုအမ်ိဳးသမီး၏အမူအရာမွာ ဝမ္းနည္းမႈအျပည့္ရွိေသာ္လည္း သူမ၏ေလသံမွာ အနည္းငယ္ ေျပာင္းလဲသြားသည္။
"သူမက အေကာင္းဆံုး အမႀကီးပါ။ သူမပိုင္ဆိုင္တဲ့ အဖိုးတန္ဆုံး အရာေတြကို ကြၽန္မနဲ႔ ေဝမွ်ဖို႔ ဆႏၵရွိခဲ့တယ္။"
ကုေဖးယြီ ႐ုတ္တရက္ အရမ္း ပင္ပန္းလာသလို ခံစားလို္က္ရသည္။ သူက နံပါတ္တုတ္ကို ေပြ႕ဖက္လိုက္ၿပီး ဆိုဖာေပၚ မွီလိုက္သည္။
"မင္းတို႔ႏွစ္ေယာက္ ဆက္ဆံေရးက အရမ္းေကာင္းေနပုံပဲ"
အမ်ိဳးသမီးသည္ ျပန္ေတြးေနပံုရေပမယ့္ သူမ၏ အၾကည့္မ်ားက စားပြဲေပၚရွိ ပုလင္းတစ္ဝက္ က်ိဳးေနသည့္ ေရပုလင္းကို ႀကည့္ေနသည္။
"ငယ္ငယ္တုန္းကေတာ့ လူေတြက ကြ်န္မကို အႏိုင္က်င့္တာကို သေဘာက်ၿပီး ကြ်န္မ အမႀကီးက ကြ်န္မကို ကာကြယ္ေပးခဲ့တယ္။ ကြ်န္မတို႕ အသက္ႀကီးလာတာနဲ႔အမွ် ကြ်န္မတို႔ရဲ႕ ပင္ကိုယ္စ႐ိုက္ေတြက တစ္ေယာက္နဲ႔တစ္ေယာက္ မတူေတာ့ဘူး။ ကြ်န္မက တစ္ကိုယ္ေကာင္းဆန္ၿပီး စြန႔္စားတတ္လာတယ္။ ေဒါသတႀကီး ဝုန္းဒိုင္းႀကဲေနေပမယ့္ ကြ်န္မ ဘာပဲလုပ္လုပ္ ကြ်န္မ အမႀကီးက အၿမဲတမ္း ခြင့္လႊတ္ေပးတယ္။သူမက ၿပီးျပည့္စုံတယ္၊ လွပတယ္၊ အဲဒီအခ်ိန္တုန္းကေတာ့ ကြ်န္မ အဲဒါကို မျမင္ခဲ့ဘူး။ ကြ်န္မ အေပၚ သည္းခံႏိုင္ေလေလ သူမကို ပိုမုန္းေလပဲ။ သူမ ႀကိဳက္တာမွန္သမွ်ကို ကြ်န္မ မုန္းတယ္။ သူမက အျဖဴေရာင္ကို ႀကိဳက္တယ္၊ ကြ်န္မက အနက္ေရာင္ကို ႀကိဳက္တယ္။ ကြ်န္မက သူနဲ႔ မတူဘူး။ ဒီအျဖစ္အပ်က္မျဖစ္ပြားခင္အထိ လအေတာ္ၾကာၾကာ ဆက္လက္ျဖစ္ပြားခဲ့ပါတယ္။"
အေစာင့္ကို တစ္ခ်က္ ေလ့လာၿပီးေနာက္ အမ်ိဳးသမီးက ဆက္ေျပာခဲ့သည္။
"ကြ်န္မ ဝန္မခံခ်င္ေပမယ့္ လူတစ္ေယာက္တည္းကိုပဲ ကြ်န္မတို႕နွစ္ေယာက္ အတူတူ ခ်စ္မိသြားတယ္။
"ကြၽန္မတို႔ရပ္ကြက္မွာ ကြ်န္မ အမႀကီးကို ခ်စ္တဲ့ ခပ္ေခ်ာေခ်ာေကာင္ေလးတစ္ေယာက္ရွိတယ္။ သူက သီခ်င္းနားေထာင္ၿပီး သီခ်င္းေရးစပ္ရတာကို ႀကိဳက္တယ္။ ျပီးေတာ့ သူက အရမ္းေကာင္းတဲ့ အဆိုေတာ္လည္း ျဖစ္တယ္၊ သူမတို႕ ခ်ိန္းေတြ႕တဲ့အခါတိုင္း ကြ်န္မ ႏွလုံးသားက ေၾကကြဲသြားရသလိုပဲ။ ဓားအေခ်ာင္း တစ္ေထာင္နဲ႔ ရင္ဘတ္ကို ထိုးစိုက္ထားသလိုခံစားရလို႕ ကြ်န္မ မရတဲ့ သူကို ကြ်န္မ အမႀကီး ရတာကိုလည္း မလိုလားခဲ့ဘူး။ ကြ်န္မက ကြ်န္မ အမႀကီးနဲ႕ ရုပ္ခ်င္းတူတယ္။ ဒါေၾကာင့္ မိတ္ကပ္လိမ္းၿပီး သူ႔အဝတ္အစားေတြ ၀တ္လိုက္တယ္။ အစကေတာ့ အမႀကီးလို အေယာင္ေဆာင္ျပီး ခ်ိန္းေတြ႕တာက ေအာင္ျမင္ခဲ့ေပမယ့္ တျဖည္းျဖည္းနဲ႔ အဲ့ဒီေကာင္ေလးက ကြၽန္မရဲ႕ လွ်ိဳ႕ဝွက္ခ်က္ကို ရွာေဖြေတြ႕ရွိခ့ဲတယ္။ ေနာက္ဆုံးေတာ့ ကြၽန္မက အမႀကီး မဟုတ္ဘူးဆိုတာ သိသြားတဲ့အျပင္ စရိုက္လည္း လံုးဝမတူတာကို သိသြားခဲ့တယ္။ ကြ်န္မက ငိုယိုေတာင္းပန္ေပမယ့္ သူက ကြ်န္မ အမႀကီးကိုပဲ ခ်စ္ေနခဲ့တယ္။ "
အမ်ိဳးသမီး၏ လက္ေမာင္းရွိ ေသြးေၾကာမ်ားသည္ ေၾကာက္စရာေကာင္းေအာင္ ေထာင္ထ လာေသာ္လည္း သူမႏွင့္ ဆန႔္က်င္ဘက္တြင္ ထိုင္ေနေသာ ကုေဖးယြီ သည္ ဒါကို သတိမထားမိေပ။ အခ်ိန္အႀကာႀကီး ညေနခင္းကင္းလွည့္ခဲ့ရလို႕ သူက ပင္ပန္းလြန္းသျဖင့္ မ်က္လုံးမ်ား မွိတ္ထားလိုက္သည္။
"သူ႔အတြက္ ကြ်န္မက ကိုယ့္ကိုယ္ကိုယ္ နွိမ့္ခ်ျပီး အမႀကီးဆီကို ေတာင္းပန္ခဲ့တယ္။ ကြ်န္မကို အျမဲတမ္းခ်စ္ခဲ့တဲ့ အမႀကီးက ဒီတစ္ခါေတာ့ နူတ္ဆိတ္ေနခဲ့တယ္။ ေနာက္ဆုံးေတာ့ အမႀကီးက သူ႕ ေကာင္ေလးကို ေခၚၿပီး ကြ်န္မတို႕နွစ္ေယာက္ထဲက တစ္ေယာက္ကို ေ႐ြးခိုင္းမယ္လို႕ ေျပာခဲ့တယ္။။ အဲ့ဒီေကာင္ေလးက အမႀကီးရဲ႕ ဖိတ္ႀကားခ်က္ကိုရလို႔ အရမ္းေပ်ာ္သြားတယ္။ အက်ႌအသစ္နဲ႔ ပန္းေတြဝယ္ျပီး ထြက္လာခဲ့တယ္။ အမႀကီးရဲ႕ အႀကိဳက္ဆုံးသီခ်င္းကို တစ္ညလုံး အသံသြင္းခဲ့တယ္။ သူ ေရာက္လာေတာ့ ေကာင္ေလးက အမႀကီးကို ခ်စ္ေႀကာင္း တိုက္႐ိုက္ဝန္ခံခဲ့တယ္။ ဒါေပမယ့္ အမႀကီးက ခ်က္ခ်င္းလက္မခံခဲ့ဘူး။"
"အမႀကီးက အျဖဴေရာင္ဝတ္စုံဝတ္ထားျပီး ကြ်န္မက အနက္ေရာင္ဝတ္ထားတယ္။ အမႀကီးက ေကာင္ေလးက 'အခ်စ္ေရ...ရွင္က အျဖဴေရာင္ကို ႀကိဳက္သလား၊ အနက္ေရာင္ကို ႀကိဳက္သလားလို႕ ေမးခဲ့တယ္။ ကြ်န္မက တစ္ဘဝလံုးစာအတြက္ စိတ္ကိုနွစ္ျပီး ဆုေတာင္းခဲ့ေပမယ့္ ေကာင္ေလးက တုန္႕ဆုိင္းျခင္းမရွိ အမႀကီးကိုပဲ ေရြးခဲ့တယ္။ "
သူမ က လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္ထားလို႕ သူမရဲ႕ လက္သည္းေတြက သူမ လက္ဖဝါးထဲကို နစ္ဝင္သြားခဲ့သည္။ ႏွစ္မ်ားစြာၾကာၿပီးသည့္တုိင္ ထိုအမ်ိဳးသမီးက ခ်စ္ရသူကို ဆံုးရံႈးရသည့္ ခံစားခ်က္ကို ျပင္းထန္စြာ ခံစားေနရေသးသည္။ သူမရဲ႕ အသက္ရႈသံေတြ ျမန္ဆန္လာျပီး အေတာ္ႀကာမွ ပံုမွန္ျပန္ျဖစ္လာသည္။
"ကြၽန္မ ႏွလုံးသားက အစိတ္စိတ္အမႊာအမႊာ ေၾကကြဲသြားသလို ခံစားခဲ့ရတယ္။ နာက်င္မႈကို စကားလုံးေတြနဲ႕ေတာင္ ေဖာ္ျပလို႔မရဘူး။ ကြၽန္မ ထြက္သြားၿပီး လူေတြရွာမေတြ႕တဲ့ တစ္ေနရာမွာပဲ ေနခ်င္ေတာ့တယ္။ အစ္မႀကီး က ကြၽန္မ နာက်င္ေၿကကြဲတာကို ျမင္လိုက္ရတယ္။ ဒီအဆုံးသတ္ကို သူမ ေမွ်ာ္လင့္ထားၿပီးသား ျဖစ္ေနပုံရတယ္။ က်မဘဝရဲ႕ အနိမ့္ဆုံး အခ်ိန္မွာ က်မကို ကူညီဖို႔ ထြက္လာခဲ့တဲ့ အမႀကီး က ေကာင္ေလးကို ေရတစ္ပုလင္းတို္က္ေကြၽးၿပီး ဖယ္ပစ္လိုက္တယ္။ အသား ခုတ္ဓားမကိုယူဖို႔ မီးဖိုေခ်ာင္ထဲကို ေလွ်ာက္မသြားခင္ သူမ ဝတ္ထားတဲ့ အျဖဴေရာင္ဝတ္စုံကို ခြ်တ္ပစ္လိုက္တယ္။ ျပီးေတာ့ အစ္မႀကီးက အျဖဴနဲ႕ အနက္အျပင္ တရားမွ်တစြာ ေရြးလုိ႕ရတဲ့ အျခားတစ္ခုရွိေသးတယ္လို႕ ကြ်န္မကို ေျပာခဲ့တယ္။ "
အမ်ိဳးသမီးက စကားရပ္လိုက္ၿပီး ဆိုဖာေအာက္က ဓားမတစ္ေခ်ာင္းကို ဆြဲထုတ္လိုက္တယ္။ ကုေဖးယြီ ေပးေသာ တစ္ရႉးျဖင့္ သူမမ်က္ႏွာေပၚရွိ မိတ္ကပ္ဖ်က္လိုက္သည္။ လြန္ခဲ့ေသာ ႏွစ္ေပါင္းမ်ားစြာက ျဖစ္ပ်က္ခဲ့ေသာ အျဖစ္အပ်က္မ်ားကို သတိရလိုက္သလိုပင္၊ အမ်ိဳးသမီးသည္ လက္မွ အသားခုတ္ဓါးကို ကိုင္ကာ ကူေဖယြီဆီသို႔ ေ႐ြ႕လ်ားလာရင္း ဓားကို ျမင့္ျမင့္ေျမွာက္ ကိုင္ထားလိုက္သည္။ ဆံပင္တုသည္ သူမေခါင္းေပၚမွ ျပဳတ္က်သြားၿပီး ဆံပင္မရွိေသာ မ်က္ႏွာသည္ ကုေဖးယြီ ၏ နား႐ြက္နားသို႔ ကပ္လာသည္။
"အခ်စ္ေရ...ရွင္ အနက္၊ အျဖဴ၊ နဲ႕ အနီ ဘယ္အေရာင္ကို ပိုႀကိဳက္လဲ။"
*****-*******