သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ...

By Miracle_Phyu97

38.8K 3K 33

မိတ်ဆက် ငါ တကယ် ပိုက်ဆံဆုံးရှုံးချင်တယ် T_T အကောင်းဆုံး သူဌေး၊ စီးပွားရေးလောက၏ အရွယ်နှင့်မလိုက်အောင် ထူးချွန်... More

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-30
Ch-31
Ch-32
Ch-33
Ch-34
Ch-35/36
Ch-37/38
Ch-39/40
Ch-41/42
Ch-43/44
Ch-45/46
Ch-47/48
Ch-49/50
Ch-51/52
Ch-53/54
Ch-55/56
Ch-57/58
Ch-59/60
Ch-61/62
Ch-63/64
Ch-65/66
Ch-67/68
Ch-69/70
Ch-71+72
Ch-73+74
Ch-75+76
Ch-77+78
Ch-79+80
Ch-81+82
Ch-83+84
Ch-85+86
Ch-87+88
Ch-89+90
Ch-91+92
Ch-93+94+95
Ch-96+97+98
Ch-99+100
Ch-101+102
Ch-103+104+105
Ch-106+107+108
Ch-109+110
Ch-111/112
Ch-113/114
Ch-115/116
Ch-117/118
Ch-119/120
Ch-121/122
Ch-123/124
Ch-125/126
Ch-127/128
Ch-129/130
Ch-131/132
Ch-133/134
Ch-135/136
Ch-137/138
Ch-139/140
Ch-141/142
Ch-143/144
Ch-145/146
Ch-147/148
Ch-149/150
Ch-151/152
Ch-153/154
Ch-155/156
Ch-157/158
Ch-159/160
Ch-161/162
Ch-163/164
Ch-165/166
Ch-167/168
Ch-169/170
Ch-171/172
Ch-173/174
Ch-175/176
Ch-177/178
Ch-179/180

Ch-29

374 33 0
By Miracle_Phyu97

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ် (ဖေးချမ့်)

အခန်း(၂၉) ပြိုင်ဘက်ကင်းလက်ထောက်

Portal ဝက်ဘ်ဆိုက်တစ်ခုတွင် တစ္ဆေစစ်သူကြီး ဂိမ်း၏ Review တစ်ခုကို တွေ့ရလိမ့်မည်ဟု ဖေးချမ့် ထင်မထားခဲ့ပါ။

စပ်စုချင်စိတ်ဖြင့် နှိပ်ကြည့်လိုက်ပါသည်။

"မကြာသေးခင်ကမှ တစ္ဆေစစ်သူကြီးဂိမ်းလို့ အမည်ရတဲ့ ဂိမ်းတစ်ခုဟာ မိုဘိုင်းဂိမ်းလောကကို သိမ်းပိုက်သွားခဲ့ပါတယ်။ ဂိမ်းရဲ့ ဖန်တီးသူကိုယ်တိုင်က သူ့ဆန္ဒကြောင့် ဂိမ်းကို ကြော်ငြာဖို့ အစီအစဥ်မရှိဘူးဆိုပေမယ့် ပထမအပတ်မှာတင် ဒီဂိမ်းရဲ့ ဒေါင်းလုတ် ပမာဏက 80,000 နီးပါး ရောက်ရှိလာခဲ့ပါပြီ။”

"ပမာဏတွေကို ကြည့်ခြင်းအားဖြင့် Active ဖြစ်တဲ့ ကစားသမားတွေအရကော ဂိမ်းကို စိတ်ကျေနပ်မှုနဲ့ စွဲလမ်းမှုအရကော သူနဲ့ တစ်ချိန်တည်း ထုတ်လုပ်ခဲ့တဲ့ ဂိမ်းတွေအားလုံးကို ကျော်လွန်သွားခဲ့ပါတယ်။ တကယ်တော့ အကုန်လုံးကို မြေကြီးထဲ မြုပ်သွားတဲ့အထိကို လုပ်နိုင်ခဲ့တာပါ။”

"အရင်တုန်းကတော့ ဂိမ်းလောက စောင့်ကြည့်သူတွေက မိုဘိုင်းကတ်ဂိမ်းလောကက နေဝင်ချိန်ရောက်နေပြီး ကတ်ဂိမ်းတွေရဲ့ ဘိုးဘေးကြီးဖြစ်တဲ့ သုံးပြည်ထောင် ကတ်ဂိမ်းမှာတောင် ကစားသမား လျော့နည်းလာမှုနဲ့ အမြတ်ငွေ လျော့နည်းလာမှုတွေနဲ့ ကြုံလာရတယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ အဲ့ဒါကို ထိန်းသိမ်းဖို့ တခြား ဘာနည်းလမ်းကောင်းမှ မရှိတော့ဘူးလို့ ထင်ခဲ့ကြပါတယ်။"

"ဒါပေမယ့်လည်း တစ္ဆေစစ်သူကြီးက အဲ့ဒီ ခန့်မှန်းချက်ကို တစ္ဆေစစ်သူကြီးက အပြည့်အဝ ပြန်ချေပလိုက်ပြီး မိုဘိုင်းကတ်ဂိမ်းလောကထဲမှာ ဖွံ့ဖြိုးဖို့အတွက် အလားအလာတွေ ရှိသေးကြောင်း သက်သေပြသွားခဲ့ပါတယ်။"

"ဒီတော့ ဂိမ်းက ဘာကြောင့် အခက်အခဲတွေကို ကျော်လွန်ပြီး သုံးပြည်ထောင်ကတ်ဂိမ်းရဲ့ ဆက်ခံသူအဖြစ် ကစားသမားများစွာရဲ့ မျက်လုံးထဲမှာ နေရာယူပြီး မျိုးဆက်သစ် မိုဘိုင်းကတ်ဂိမ်းတစ်ခု ဖြစ်လာခဲ့ရတာလဲ။”

"ကျွန်တော် အခုပဲ တစ္ဆေစစ်သူကြီး ဂိမ်းအောင်မြင်မှု နောက်ကွယ်က လျှို့ဝှက်ချက်တွေကို ဝေဖန်တင်ပြပေးပါတော့မယ်ခင်ဗျာ။"

"ပထမဆုံးအနေနဲ့ သုံးပြည်ထောင်ကတ်ဂိမ်းက အစပြုခဲ့တဲ့ ကာတွန်းဆန်တဲ့ ပန်းချီစတိုင်ကို တစ္ဆေစစ်သူကြီးက မသုံးစွဲခဲ့ပါဘူး။ အဲ့ဒီအစား သုံးပြည်ထောင်ဇာတ်ကောင်တွေကို ဂိမ်မာတွေအတွက် လတ်ဆတ်တဲ့ အတွေ့အကြုံမျိုး ပေးစွမ်းနိုင်ဖို့အတွက်လုံးဝ ဆန်းသစ်တဲ့ ပုံစံမျိုးတွေနဲ့ ဒီဇိုင်းပြန်ဆွဲဖို့ ရွေးချယ်ခဲ့ပါတယ်။”

"ဂိမ်မာအများစုက ထပ်တလဲလဲ မြင်နေရတဲ့ ကာတွန်းဆန်တဲ့ ဇာတ်ကောင်တွေကို စိတ်ကုန်နေတာ ကြာပြီပေါ့ဗျာ။ ထူးကဲကောင်းမွန်တဲ့ မှင်နဲ့ ဆီဆေး ပေါင်းစပ်ထားတဲ့ ပန်းချီစတိုင်က ဂိမ်မာတွေကို သုံးပြည်ထောင် အသစ်တစ်ခုကို စိတ်ကူးယဥ်သွားစေပြီး သူတို့ရဲ့ စိတ်ဝင်စားမှုကို တစ်ပါတည်း ဖမ်းစားသွားခဲ့ပါတယ်။"

"ဒုတိယအနေနဲ့ တစ္ဆေစစ်သူကြီးရဲ့ ဂိမ်းကစားပုံက အရမ်းကို ရိုးရှင်းတယ်။ လက်ရှိ မိုဘိုင်းဂိမ်းတွေ အားလုံးမှာ ဖောင်းပွနေတဲ့ အချက်တွေ အကုန်လုံးကို ဖယ်ရှားပစ်လိုက်ပြီးတော့ မူရင်း ကစားနည်းရဲ့ အရေးပါပြီး အခြေခံကျတဲ့ အချက်တွေလောက်ပဲ ထည့်သွင်းထားတဲ့အတွက်ကြောင့် ဂိမ်မာတွေရဲ့ ဝန်ကို ကျဆင်းသွားစေပါတယ်။”

"သုံးပြည်ထောင် ကတ်ဂိမ်းနဲ့ တခြားဆင်တူတဲ့ မိုဘိုင်းဂိမ်းတွေဟာ မကြာခဏဆိုသလိုပဲ အခြားအချက်သစ်တွေကို ဂိမ်းထဲ ထပ်ပေါင်းထည့်နေတာကြောင့် အစက ရိုးရှင်းတဲ့ ဂိမ်းတစ်ခုဟာ နောက်တော့ ဂိမ်မာတွေအတွက် အရမ်း စိတ်ရှုပ်ဖို့ကောင်းတဲ့ဂိမ်း ဖြစ်လာခဲ့ပါတယ်။”

"တစ္ဆေစစ်သူကြီးကတော့ အခြေခံကျတဲ့ ကစားပုံတွေလောက်ကိုပဲ ထည့်သွင်းထားတဲ့ အတွက်ကြောင့် ဂိမ်မာတစ်ယောက်က နေ့စဥ် အချိန် တစ်နာရီ နှစ်နာရီလောက်သာ ပေးရပါတယ်။ အဲ့တာကြောင့် တခြားဂိမ်းတွေလို အချိန်လုကစားရတာမျိုး မရှိတဲ့အတွက် အေးအေးဆေးဆေး ကစားတတ်တဲ့ ဂိမ်မာတွေအတွက် အကြိုက်ပဲပေါ့ဗျာ။”

"တတိယ အချက်က တစ္ဆေစစ်သူကြီးက တကယ်ပဲ သဘောထား စစ်မှန်တဲ့ ဂိမ်းတစ်ခုဖြစ်နေလို့ပါပဲ။”

"ဂိမ်းရဲ့ဝယ်စျေး ၁၀ ယွမ်အပြင် ဂိမ်းထဲမှာ ဝယ်လို့ရတဲ့ တစ်ခုတည်းသော ပစ္စည်းက ယွမ် ၃၀ တန် ရာသက်ပန် မန်ဘာဝင်ကတ် ဖြစ်ပါတယ်။ ဆိုလိုရင်းကတော့ ကစားသမား အားလုံးက တန်းတူညီမျှပြီး ဘာ Paywall မှ မရှိတာကြောင့် ဂိမ်းရဲ့ ခံစားချက် အပြည့်အဝကို ခံစားနိုင်ကြပါတယ်။”

"အဲ့တာတွေကတော့ တစ္ဆေစစ်သူကြီးရဲ့ အောင်မြင်မှုနဲ့ Review ကောင်းတွေ အများကြီး ရနေရခြင်းအတွက် အချက်အချာကျတဲ့ အချက်တွေပဲ ဖြစ်ပါတယ် ခင်ဗျာ။”

"ဧကန္တ တစ္ဆေစစ်သူကြီးဂိမ်းက မိုဘိုင်းကတ်ဂိမ်းတွေ ဒီလမ်းအတိုင်း ဦးတည်လာနိုင်စေဖို့ တွန်းအားတစ်ခုဖြစ်လာနိုင်ပါတယ်။ အနာဂတ်မှာ ဒီလိုမျိုး ရိုးရှင်းပြီး တရားမျှတမှု ရှိတဲ့ဂိမ်းတွေ ပိုပြီးရှိလာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။”

ထိုဆောင်းပါး၏ အောက်ဘက်တွင် အင်တာနက်အသုံးပြုသူများက အသည်းအသန် ကောမန့်ရေး နေကြသည်။

"ပရော်ဖက်ရှင်နယ် ဆန်လိုက်တာ"

"မိုက်လိုက်တဲ့ ဆောင်းပါး"

"ဟုတ်တယ်။ တရားမျှတမှုရှိပြီး ရှားပါး ကတ်တစ်ကတ်ရဖို့ ပိုက်ဆံပေးစရာမလိုလို့ တစ္ဆေစစ်သူကြီးဂိမ်းကို ငါ စကစားခဲ့တယ်။”

"ပြီးတော့လည်း ဂိမ်းရဲ့စတိုင်ကို ငါတကယ် သဘောကျတယ်ကွာ ကတ်တွေနဲ့ အောင်မြင်မှုတွေကို လိုက်စုရရုံနဲ့ တစ်နှစ်လုံး ကစားဖို့ လုံလောက်တယ်။”

ကျန်ကောမန့်အားလုံးကလည်း ထိုနည်းလည်းကောင်းများဖြစ်ကြသည်။

ဆောင်းပါးကို ဖတ်ပြီးနောက် ဖေးချမ့် သူ့ဘဝကိုသူ သံသယ စဖြစ်လာခဲ့သည်။

(ဘာလဲဟ)

(မင်းတို့ကောင်တွေ ကစားနေတဲ့ ဂိမ်းက ငါလုပ်ထားတဲ့ တစ္ဆေစစ်သူကြီးဂိမ်းကို ပြောတာလား)

(ပန်းချီစတိုင်ကို ပြောင်းလိုက်ရတဲ့အကြောင်းအရင်းက ကာတွန်းစတိုင်ကို သဘောကျတဲ့ ဂိမ်မာတွေကို တားနိုင်အောင်လို့ကွ)

(ဂိမ်းကစားပုံကို ရိုးရှင်းအောင် လုပ်ထားလို့တဲ့လား။ အဲ့တာ ငါ့ဆန္ဒကြောင့် မဟုတ်ဘူးကွ။ ငါဝယ်လိုက်တဲ့ နမူနာမှာ အဲ့လိုလုပ်ဆောင်ချက်တွေပဲ ပါတာ ငါပြောင်းချင်ရင်တောင် ဂိမ်းအယ်ဒီတာနဲ့ ပြောင်းလို့မရဘူးကွ။)

(သဘောထား စစ်မှန်တဲ့ဂိမ်း ဟုတ်လား။ အဲ့တာကလည်း ဘောစိ ဂိမ်မာတွေကို ငွေအရှုံးပေါ်အောင် လုပ်ချင်တဲ့ ငါ့ပန်းတိုင်ကို လာမတိုက်ခိုက်စေဖို့ကွ)

(အဲ့ဒီအချက်တွေအကုန်လုံးက အခုဘယ်လိုကြောင့် ဂိမ်းရဲ့အားသာချက်တွေ ဖြစ်နေရတာလဲ)

ဖေးချမ့် တကယ်သေချင်သွားပါသည်။

ဒီလောကကြီးက အရူးလောကကြီးဖြစ်နေပြီး တစ်ခုခုတော့ လွဲနေတာဖြစ်ရမည်။

သူ့ဖုန်းကို အောက်ချရင်း ဖေးချမ့်တစ်ယောက် ဘဝအကြောင်းကို တိတ်ဆိတ်စွာ ချင့်ချိန်မိတော့သည်။

...

"ဘော့စ်ဖေး မင်္ဂလာပါဗျာ။ အကြာကြီး စောင့်လိုက်ရတဲ့အတွက် တောင်းပန်ပါတယ်ဗျာ။"

အသက် ၃၀ ဝန်းကျင်ရှိသော လူကြီးလူကောင်းလို ဝင်ဆင်ထားသည့်  လူတစ်ယောက်က တံခါးခေါက်ကာ ဝင်လာပြီး ဖေးချမ့်နှင့် လက်ဆွဲနှုတ်ဆက်လိုက်ပါသည်။

"ကျွန်တော်က Exxon လူသား ရင်းမြစ်အဖွဲ့အစည်းရဲ့ ဟန်တုန်းပြည်နယ်က ပြည်နယ်မန်နေဂျာပါ။ အတွေ့အကြုံရင့်တဲ့ ဝန်ထမ်းရှာဖွေပေးတဲ့ အတိုင်ပင်ခံဆိုလည်း ဟုတ်ပါတယ်။ ခင်ဗျားကို ဧည့်ခံရတဲ့အတွက် အထူးတလည် ကျေနပ်မိပါတယ်။ ကျွန်တော့်ကို လောရန့်စ်လို့ ခေါ်လို့ရပါတယ်ခင်ဗျ။”

အင်္ဂလိပ်နာမည်နှင့် ထိုအတိုင်ပင်ခံက အလွန်အမင်း ယဥ်ကျေးပါသည်။ အဘယ့်ကြောင့်ဆိုသော် ဖေးချမ့်က သူဝင်လာတုန်းက ဧည့်ကြိုတွင် သူ့သရုပ်အမှန်ကို ဖော်ပြပြီးထားသောကြောင့် ဖြစ်ပါသည်။ ထန်းတာ့ နက်ခ်ဝေါ့ နည်းပညာ ကုမ္ပဏီလိမိတက်၏ ဘော့စ် ဖြစ်ပါသည်။

မန်နေဂျာအဆင့် ဝန်ထမ်းရှာဖွေသည့် အတိုင်ပင်ခံနှင့် တစ်ဦးချင်း ဝန်ဆောင်မှုက ထပ်တိုး ကုန်ကျစရိတ် ရှိသည်။ သို့သော်လည်း ဖေးချမ့်က လုံးဝ မတွန့်ဆုတ်ခဲ့ပါ။ ဒါက သူ့ရက်ရောမှုကို ပြသနေပါသည်။

ဝန်ထမ်းရှာဖွေကုမ္ပဏီက ဒီလိုအလုပ်ရှင်မျိုးအတွက် ဝေ့လည်ကြောင်ပတ် လုပ်မနေမှာ သေချာပါသည်။

သို့သော်လည်း အမှန်ပင်။ ဖေးချမ့်၏ အဓိက ရည်ရွယ်ချက်က စနစ်ထဲမှ ပိုက်ဆံများကို ဖြုန်းတီးဖို့ဖြစ်ပြီး ထို့ကြောင့်လည်း သူ့ကို လုံးဝ မထိခိုက်ကာ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ဖြစ်နေသည့်ပုံပေါက်နေခြင်း ဖြစ်ပါသည်။

"မင်္ဂလာပါ မန်နေဂျာလောရန့်စ် ကျွန်တော် ဒီကို လက်ထောက်တစ်ယောက် ငှားဖို့ ရည်ရွယ်ပြီး လာခဲ့တာပါ" ဖေးချမ့်က လိုရင်းကို ပြောလိုက်ပါသည်။

"ရပါတယ်။ ခင်ဗျားရဲ့ အထွေထွေ သတ်မှတ်ချက် စံနှုန်းတွေကို သိလို့ရမလားခင်ဗျ။”

မန်နေဂျာ လောရန့်စ်က ပရော်ဖက်ရှင်နယ် ဆန်သော အပြုံးဖြင့် ပြုံးလိုက်ပါသည်။

"ဟမ်းး... စျေးအကြီးဆုံး တစ်ယောက်" ဖေးချမ့်၏ မျက်နှာက ရှင်းလင်းနေခဲ့ပါသည်။ သူ့ပိုက်ဆံ မနညး်ပါ။

အလုပ်သမား လစာကို သူ့စနစ်ရန်ပုံငွေထဲမှ ဖြတ်တောက်သွားမည်ဖြစ်သဖြင့် လစာမြင့်မြင့် ပေးရမည့်လူမျိုးကို ဖေးချမ့် မျှော်လင့်ထားပါသည်။ လစာများများ ပေးရလေလေ သူများများ ရှုံးလေလေဖြစ်ပါသည်။

မန်နေဂျာ လောရန့်စ်က ရယ်မောလိုက်၏။ "ဟုတ်ပါပြီ။ ထင်တဲ့အတိုင်းပါပဲ။ မှတ်ထားလိုက်ပါပြီ။ ဒါပေမယ့် ကျွန်တော် အသေးစိတ် တချို့တော့ လိုအပ်သေးတယ်ဗျ။ ဥပမာအားဖြင့် စီမံခန့်ခွဲရေး အတွင်းရေးမှူးလိုမျိုး  လက်ထောက်ခေါင်းဆောင်မျိုးကို လိုချင်တာလား။ ဒါမှမဟုတ် ပျိုးထောင်ပေးဖို့ ကြိုးစားနေတဲ့ ငယ်ငယ်ရွယ်ရွယ် အလုပ်ကြိုးစားတတ်တဲ့ လူငယ်ကို ရှာနေတာလားခင်ဗျ။”

ဖေးချမ့် အနည်းငယ် ကြောင်သွား၏။ "မတူတာ ရှိလို့လား"

မန်နေဂျာလောရန့်စ်က ခပ်ပြုံးပြုံး ရှင်းပြလိုက်ပါသည်။ "ရှိတာပေါ့ဗျ"

"စီမံခန့်ခွဲရေး အတွင်းရေးမှူးအမျိုးအစားနဲ့ လက်ထောက်ခေါင်းဆောင်မျိုးက အဘက်ဘက်မှာ တော်ပေမယ့် ဥက္ကဌ အချိန်ပေးလို့ မရတဲ့ အသေးအဖွဲကိစ္စလေးတွေမှာ အလေးပေး ဆောင်ရွက်ပေးတဲ့ ပြိုင်ဘက်ကင်း မိန်းမငယ်လေးတွေပေါ့။ သူတို့တွေကို စူပါစတားကြီးတွေရဲ့ မန်နေဂျာတွေနဲ့ ယှဥ်ကြည့်လို့တောင်ရပါတယ်။"

"သူတို့ရဲ့ နှစ်စဥ်လစာက ၁၀၀,၀၀၀ ကနေ ၃၅၀,၀၀၀ အထိရှိလိမ့်မယ်။ လုံးဝ ပြိုင်ဘက်ကင်းတဲ့ လူတွေရဲ့ လစာအမြင့်ဆုံးကတော့ ၄၀၀,၀၀၀ လောက်ရှိနိုင်တယ်။"

"လူငယ်တွေကကျတော့ ကုမ္ပဏီရဲ့ ကျောထောက်နောက်ခံ ဖြစ်လာဖို့အထိ ပျိုးထောင်ပေးနိုင်မယ့် ပြိုင်ဘက်ကင်း ယောက်ျားလေးတွေပဲဖြစ်ပါတယ်။ သူတို့က ဒုဥက္ကဌ သို့မဟုတ် ဥက္ကဌကြီးရဲ့ ဆက်ခံသူ ဖြစ်လာနိုင်ခြေတောင် ရှိပါတယ်။”

"ဒါပေမယ့် ဟုတ်တာပေါ့။ အဲ့ဒီ အရည်အသွေးတွေက ပြိုင်တူလည်း ရှိနိုင်ပါတယ်။ အရေးကြီးတာက ခင်ဗျားရဲ့ လိုအပ်ချက်အရပါပဲ။"

ဖေးချမ့် လုံးဝ တွန့်ဆုတ်မနေပါ။ "အရှေ့က တစ်ခုကို ရွေးမယ်"

ဘာမှ စဥ်းစားနေစရာမလို။ လောလောဆယ် ထန်းတာ့ နက်ခ်ဝါ့ နည်းပညာ ကုမ္ပဏီလိမိတက်တွင် လူနှစ်ဦးဖြင့်သာ ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။ ဆက်ခံသူများအကြောင်းကို စတင်စဥ်းစားဖို့က ရူးသွပ်ရာကျလွန်းပါလိမ့်မည်။

ထို့အပြင် ဖေးချမ့်က  ယောက်ျားလေး အတွင်းရေးမှူးများကို စိတ်မဝင်စားပါ။

လုံးဝ စိတ်မဝင်စားပါ။

မန်နေဂျာ လောရန့်စ်က ခေါင်းငြိမ့်လိုက်၏။ "ကောင်းပါပြီ။ ခဏလောက် စောင့်ပါဦးနော်။ ခင်ဗျားစစ်ဆေးကြည့်လို့ရမယ့် လျှောက်လွှာတချို့ ကျွန်တော့်မှာ ပါလာပါတယ်။"

ခဏလောက်ကြာသောအခါ ဖေးချမ့်ရှေ့တွင် လျှောက်လွှာများကို ချပေးလိုက်ပါသည်။

အားလုံးက ဆင်တူညီသည့် လျှောက်လွှာများ ရှိနေကြသည့် မိန်းကလေး ငယ်ငယ်ချောချော လှလှလေးများဖြစ်ပါသည်။

အားလုံးက ပညာရေးစနစ်တွင်လည်း လက်ရွေးစဥ်များဖြစ်ကြသည်။

၎င်းတို့၏ အင်္ဂလိပ်စာ စကေးက ကျွမ်းကျင်ရုံသာမကဘဲ ဘာသာစကားမျိုးစုံကို ကျွမ်းကျင်ထားသည့်သူ တချို့တောင် ရှိနေပါသေးသည်။

အရင်တုန်းက အလုပ်များတွင် သူတို့ထဲက တချို့က လက်ထောက်ခေါင်းဆောင်ရာထူးမျိုး ရကာ တချို့က အဆင့်မြင့် ပြည်တွင်း ကော်ပိုရေးရှင်းများတွင် လုပ်ဖူးကြသည်။

စာရင်းကိုင်စကေးနှင့် ဥပဒေ ဗဟုသုတ ရသော ထပ်ဆောင်းအပိုစကေးများနှင့် တချို့ပင် ရှိတတ်ကြသေးသည်။

မန်နေဂျာ လောရန့်စ်က ထပ်ပြောလိုက်သည်။ "ဒီလျှောက်ထားသူတွေက ဟန်တုန်း ပြည်နယ်မှာ လက်ထောက်ခေါင်းဆောင် ရာထူးအတွက် အတော်ဆုံးလူတွေပါ။ ကျွန်တော်တို့ရဲ့ ဝန်ထမ်းရှာဖွေသူတွေက သူတို့နဲ့ အရင်တုန်းက ဆက်သွယ်ထားဖူးပြီးတော့ စကားပြောဆိုဆက်ဆံရာမှာ၊ ဆက်ဆံရေးနဲ့ ပြဿနာတွေကို ကိုယ်တွယ်ရာမှာ သူတို့တွေအားလုံးက ထက်မြက်ပြီး ပါးနပ်ကြတယ်လို့ အာမခံနိုင်ပါတယ်။”

အားလုံးကို လှန်ကြည့်ပြီးသွားသောအခါ မျှော်မှန်းလစာ အမြင့်ဆုံးတစ်ယောက်၏ လျှောက်လွှာကို ဖေးချမ့် ထုတ်ယူလိုက်ပါသည်။

Continue Reading

You'll Also Like

229K 32.2K 101
အပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ က...
238K 31.4K 81
' အေးစက်တဲ့ မြွေဘုရင်ကြီးကို လက်ထပ်ဖို့ ဖိအားပေးခံ ရတယ် ' ( Forced to marry the cold snake king) 被迫男扮女裝嫁給冰冷蛇王 Original Author - 茶茶花開 Chapter -53 comp...
148K 13.9K 162
យូរៗប្រែជាស្រឡាញ់បាត់មុខមិនបាន JJM 22/wed/12/2021