သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ...

By Miracle_Phyu97

38.7K 3K 33

မိတ်ဆက် ငါ တကယ် ပိုက်ဆံဆုံးရှုံးချင်တယ် T_T အကောင်းဆုံး သူဌေး၊ စီးပွားရေးလောက၏ အရွယ်နှင့်မလိုက်အောင် ထူးချွန်... More

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-27
Ch-28
Ch-29
Ch-30
Ch-31
Ch-32
Ch-33
Ch-34
Ch-35/36
Ch-37/38
Ch-39/40
Ch-41/42
Ch-43/44
Ch-45/46
Ch-47/48
Ch-49/50
Ch-51/52
Ch-53/54
Ch-55/56
Ch-57/58
Ch-59/60
Ch-61/62
Ch-63/64
Ch-65/66
Ch-67/68
Ch-69/70
Ch-71+72
Ch-73+74
Ch-75+76
Ch-77+78
Ch-79+80
Ch-81+82
Ch-83+84
Ch-85+86
Ch-87+88
Ch-89+90
Ch-91+92
Ch-93+94+95
Ch-96+97+98
Ch-99+100
Ch-101+102
Ch-103+104+105
Ch-106+107+108
Ch-109+110
Ch-111/112
Ch-113/114
Ch-115/116
Ch-117/118
Ch-119/120
Ch-121/122
Ch-123/124
Ch-125/126
Ch-127/128
Ch-129/130
Ch-131/132
Ch-133/134
Ch-135/136
Ch-137/138
Ch-139/140
Ch-141/142
Ch-143/144
Ch-145/146
Ch-147/148
Ch-149/150
Ch-151/152
Ch-153/154
Ch-155/156
Ch-157/158
Ch-159/160
Ch-161/162
Ch-163/164
Ch-165/166
Ch-167/168
Ch-169/170
Ch-171/172
Ch-173/174
Ch-175/176
Ch-177/178
Ch-179/180

Ch-26

411 49 0
By Miracle_Phyu97

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ် (ဖေးချမ့်)

အခန်း(၂၆) လူကြီးလူကောင်းများရဲ့ ခင်မင်မှု

"ယောက်ဖချမ့်"

"ယောက်ဖချမ့်

မာယန် ဆက်တိုက် ခေါ်လိုက်မှ ဖေးချမ့် အသိ ပြန်ဝင်လာခဲ့သည်။

"ဟူး ဒီဂိမ်းမှာ မင်းအားအများကြီး စိုက်ထုတ်ထားလို့ အခုအဆင်ပြေလာတော့ မင်းပျော်နေတာ ငါသိပါတယ်။ ဒါပေမယ့် အလွန်အကျူးတော့ မပျော်နဲ့ပေါ့ကွာ။ မင်းခန္ဓာကိုယ်အတွက် မကောင်းဘူးကွ။”

"မြန်မြန် စိတ်ထိန်းစမ်း။ ငါတို့အောင်မြင်သွားပြီကွ။”

မာယန်၏ စိတ်လှုပ်ရှားပျော်ရွှင်မှုက သူ့စကားလုံးများတွင် ပေါ်လွင်နေပါသည်။

ဖေးချမ့်က စိတ်တိုသွားပြီး သူ့ကို မျက်စောင်းထိုးလိုက်ပါသည်။

(ငါပျော်နေတဲ့ပုံ ပေါက်လို့လား)

(ငါစိတ်လှုပ်ရှားနေတဲ့ပုံ ပေါက်လို့လား)

(ငါစိတ်ဓာတ်ကျနေတာကွ)

ဖေးချမ့်၏ မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်နေပြီး အားတင်းကာ ပြုံးလိုက်ပါသည်။ "အေး ငါတို့ လုပ်နိုင်ခဲ့ပြီ..."

သူ အံ့အားသင့်နေမိသည်။ ဘယ်နေရာမှာ ဘယ်လိုလွဲသွားလို့လဲ။

သူ နာကျင် စိတ်ထိခိုက်ပြီး သူ့အရှုံးကို လက်ခံဖို့ကလွဲလို့ ဘာမှရွေးချယ်စရာမရှိသော်လည်း သူဘာကြောင့် ရှုံးနိမ့်သွားလဲ ဖေးချမ့် သိမှဖြစ်ပါလိမ့်မည်။

ဒီဂိမ်း ဘာလို့ နာမည်ကျော်သွားတာလဲ။

UP မာစတာ တချို့က သူ့ဂိမ်းကို ထပ်ပြီး ဝေဖန်လိုက်ပြန်ပြီလား။

သို့သော်လည်း အဓိက အချက်မှာ ဒီတစ်ခေါက် သူဖန်တီးလိုက်သည့်ဂိမ်းက ဘာမှ ဝေဖန်စရာ မရှိခြင်းပင်။

အရင်ဆုံး ချမ့်သုတွင် တစ္ဆေစစ်သူကြီးဟု ရိုက်ရှာလိုက်ကာ သဲလွန်စ ရှာလိုက်၏။

ဂိမ်း၏ Review အပိုင်းတွင်  'XX လှည့်ပတ်ကြည့်ရှု အုပ်စု' သို့မဟုတ် တခြားဆင်တူသည့် ဘာမက်ဆေ့မှ မရှိပါ။

"ဘာဖြစ်တာလဲကွာ" ဖေးချမ့်က လုံးဝ လမ်းပျောက်နေပါပြီ။

ဒီဂိမ်းအကြောင်း သိတဲ့လူတောင် နည်နည်းပဲရှိတာ။

ဖေးချမ့်ကိုယ်တိုင်လည်း မကြော်ငြာခဲ့ပါ။

မာယန်လုပ်တာ ပို၍တောင် မဖြစ်နိုင်ပါ။ သူလုပ်ချင်ရင်တောင် ထိုသို့ လုပ်ဖို့ အဆက်အသွယ် မရှိလောက်ပါ။

ထို့ကြောင့် ဖေးချမ့် ရင်းမြစ်နှင့် နမူနာများ ဝယ်ယူစဥ်က ESRO ဝက်ဘ်ဆိုက်တွင် ဆက်သွယ်ခဲ့သည့် လူတချို့သာ ကျန်တော့သည်။

"နေပါဦး။ Review ရေးသွားတဲ့ ကစားသမား အများစုက မူရင်းပန်းချီပုံတွေကို ချီးကျူးသွားတာ မဟုတ်လား။”

"သေချာတယ်။ သူတို့ မူရင်းပန်းချီပုံတွေကြောင့် ရောက်လာကြတာ။"

"ဒါပေမယ့် ဂိမ်းကို မမြင်ဖူးကြဘဲနဲ့ ဘယ်လိုလုပ် မူရင်းပန်းချီပုံတွေကို မြင်ဖူးကြမှာလဲ။”

စမ်းသပ်သည့် သဘောဖြင့် ဖေးချမ့်က ဝေ့ပေါ်ကိုဖွင့်ကာ တစ္ဆေစစ်သူကြီးဟု စာရိုက်ရှာလိုက်ပါသည်။

ဒီတစ်ခေါက်တော့ သူ ရလဒ်ရရှိခဲ့ပါပြီ။

နာမည်ကျော် ပန်းချီဆရာများစွာက တစ္ဆေစစ်သူကြီးဂိမ်း၏ မူရင်းပန်းချီပုံများကို စိတ်ကြိုက် Share ထားကြပါသည်။

ထိုပို့စ်များကို ဂိမ်းနှင့် Animation ပတ်ဝန်းကျင်များသို့ပါ ဆက် Share ထားကြသည်။ နည်းပညာပိုင်းက Big V ကြီး တချို့တောင် Share ထားကြပါသည်။

Weibo မှ Share ပမာဏကလည်း ထိုနည်းတူစွာ မြင့်မားပါသည်။

ထို့ကြောင့် တစ္ဆေစစ်သူကြီးကဝေ့ပေါ်၏ ရေပန်းစားသော ရှာဖွေမှုစာရင်းထဲတွင် ပါလာခဲ့သည်။ စာရင်း၏ ထိပ်ဆုံးမှာ မဟုတ်သော်လည်း ရှာဖွေသူ အတော်အသင့် များပါသေးသည်။
ဖေးချမ့် ကြောင်သွားသည်။

ဘယ်သူ လုပ်လိုက်တာလဲ။

တစ္ဆေစစ်သူကြီးဂိမ်းကို ဒီလောက်ဝါရင့် ဆရာကြီးတွေ အများကြီး ကူညီပြီး ပရိုမိုးရှင်း ဆင်းပေးရလောက်တဲ့အထိ ဘယ်သူက ဒီလောက် အာဏာကြီးတာလဲ။

သာမန် ကြော်ငြာအဖွဲ့အစည်းသို့မဟုတ် ဖြန့်ချိသူများကတောင် ဒီလိုလုပ်နိုင်မည်မဟုတ်ပါ။

အဓိကအချက်က ထိုပန်းချီဆရာများမှာ ၎င်းတို့၏ နယ်ပယ်အသီးသီးတွင် နာမည်ကြီးကြသူများ ဖြစ်ပါသည်။ သူတို့က တချို့ ငွေပေးသည့် စပွန်ဆာ ကြော်ငြာများကိုပင် လက်မခံနိုင်လောက်သည့် မာနနှင့်လူများ ဖြစ်ကြပါသည်။

Share များ၏ ရင်းမြစ်နောက်ကို လိုက်ရင်း မူရင်း ပို့စ်တင်သူ ရွမ်ကွမ်းကျန့်ကို ဖေးချမ့် တွေ့လိုက်ရပါတော့သည်။

ဒါက ရွမ်ကွမ်းကျန့်၏ ပါဆင်နယ်အကောင့်ဖြစ်ပြီး ဖော်လိုရာ ရာကျော်လေးသာရှိသည်။ သို့သော်လည်း ထိုပို့စ်အား အကြိမ်ပေါင်း ထောင်ချီ Share ထားပြီး ရေပန်းစားမှုကလည်း အခုထိ ကျမသွားသေးပါ။

ဖော်လိုဝါ ရာကျော်သာ ရှိသည့် အကောင့်တစ်ကောင့်က တင်လိုက်သော ပို့စ်တစ်ခုက ဘာကြောင့် ဒီလောက်ထိ သက်ရောက်မှု ရှိသွားတာလဲ ဖေးချမ့် နားမလည်နိုင်ပါ။ အားလုံးက ရွမ်ကွမ်းကျန့်၏ ပရိုမိုးရှင်းပို့စ်မှ စတင်ခဲ့မှန်း သက်သေခိုင်လုံနေပါသည်။

သူ့ခေါင်းကိုသူ ရိုက်လိုက်မိသည်။ "ငါသေပြီ ဒီတစ်ခေါက် ပြဿနာက ငါတို့ထဲက မွှေလိုက်တာပဲ။”

သို့သော်လည်း ရွမ်ကွမ်းကျန့်က ဘာကြောင့် ဒီလောက်ထိ အားထုတ်ပြီး သူ့ဂိမ်းကို ကူညီ ကြော်ငြာပေးခဲ့မှန်း နားမလည်နိုင်ပါ။

အဓိပ္ပာယ်လည်း မရှိပေ။

"ငါတို့က ငွေရေးကြေးရေး လုပ်ငန်းသဘော အရ ဆက်ဆံကြတာပဲ မဟုတ်ဘူးလား။ မင်းရဲ့ မူရင်းပန်းချီပုံတွေအတွက် ငါပိုက်ဆံပေးပြီး ငါလည်း ရခဲ့ပြီ။ ဒီလောက်ပဲ မဟုတ်ဘူးလား။ ဘာလို့ ဒီလောက်ထိ အပင်ပန်းခံပြီး ဂိမ်းကို ပရိုမိုးရှင်း ဆင်းပေးရတာလဲ။ မင်းမှာ ဘာမှ လုပ်စရာ မရှိဘူးလား။”

"မင်းကို ကြော်ငြာခတောင် ပေးထားတာ မဟုတ်ဘူး။”

ဖေးချမ့် လုံးဝ ကြောင်နေခဲ့ပါသည်။

ESRO ၏ ဝက်ဘ်ဆိုက်မှ တဆင့်ဘာတွေဖြစ်နေသလဲ မေးဖို့ ဆုံးဖြတ်လိုက်ပါသည်။

"မင်းဝေ့ပေါ်မှာ တစ္ဆေစစ်သူကြီးကို ပရိုမိုးရှင်း ဆင်းလိုက်တာလား။”

မိနစ်အနည်းငယ် ကြာသောအခါ ရွမ်ကွမ်းကျန့်က စာပြန်လာသည်။

"ဟုတ်တယ် ကျွန်တော့်ကို နည်းနည်းလောက် ကူ Share ပေးဖို့ ပန်းချီဆရာမိတ်ဆွေတချို့ကို အကူအညီတောင်းခဲ့တာ။ ဒီလောက်ထိ ကောင်းတဲ့ ရလဒ်မျိုး ရမယ်လို့ ထင်မထားဘူး။"

"ဘော့စ်ဖေး ကျွန်တော့်ကို ကျေးဇူးတင်စရာ မလိုပါဘူးဗျာ။ ဒီလောက် သဘောထားပြည့်ဝတဲ့ ဂိမ်းတစ်ခု တိမ်ကောပျောက်ကွယ်သွားရင် နှမြောဖို့ ကောင်းလွန်းတယ်လို့ ခံစားရလို့ပါ။”

"စုစုပေါင်း ရင်းနှီးမြှုပ်နှံငွေ ၃၀၀,၀၀၀ စလုံးကို ဂိမ်းထဲလုံးဝ ထည့်ထားပြီး မားကတ်တင်း အတွက်တောင် ပိုက်ဆံမရှိတော့ဘူး... ဒီလောက်ထိ စိတ်ဓာတ်ပြင်းထန်တဲ့ ခင်ဗျားလို ဖန်တီးသူတစ်ယောက်ကို ရှာဖို့က ခက်တယ်ဗျာ"။

"ကျွန်တော့် ပန်းချီဆရာမိတ်ဆွေတွေ အကုန်လုံးလည်း ခင်ဗျားရဲ့ စိတ်ဓာတ်ကို လေးစားသွားကြပြီး ကျွန်တော့်ကို ကူ Share ပေးကြတာပဲ။”

"ပြီးတော့ တစ္ဆေစစ်သူကြီးက တကယ့်ကို အများကြီး ရိုးရှင်းပြီး အရည်အသွေးလည်း ကောင်းတယ်။ ဒါပေမယ့် ဟုတ်ပါတယ်။ တုန့်ပြန်မှုကောင်းတာက ကျွန်တော့်ရဲ့ မူရင်း ပန်းချီတွေကြောင့်လည်း ပါတာပေါ့။”

"ဒီလောက် အရည်အသွေးမြင့်ပြီး ရိုးရှင်းတဲ့ ဂိမ်းမျိုးက ရေပန်းစားဖို့ ကံပါလာတာ သေချာပါတယ်။ ကျွန်တော် ဘာမှ အများကြီး သိပ်မလုပ်လိုက်ရပါဘူး။”

ဖေးချမ့်က ရွမ်ကွမ်းကျန့်၏ ပြန်စာကို ဖတ်ရင်း ကြက်သေသေနေပါသည်။

တကယ်တော့ ဘာပြန်ပြောရမှန်းတောင် မသိတော့ပါ။

‘ငါ့လို စိတ်ဓာတ်ပြင်းထန်တဲ့ ဖန်တီးသူမျိုး တွေ့ဖို့ ရှားတယ်တဲ့လား’

“ဘာတွေဖြစ်နေတာလဲ’

'စိတ်ဓာတ်ပြင်းထန်တယ် ဟုတ်လား။ ငါက ငွေပဲ အရှုံးပေါ်ချင်တာကွ’

'တစ္ဆေစစ်သူကြီးက ရေပန်းစားဖို့ ကံပါလာတာတဲ့လား'

'မဟုတ်ဘူး။ လခွမ်းထဲမှ ရေပန်းစားသွားရင် ငါဘယ်လိုလုပ် ပိုက်ဆံအရှုံးပေါ်တော့မှာလဲ။'

ဖေးချမ့် တကယ်ပဲ ရွမ်ကွမ်းကျန့်ကို ဆဲဆိုပစ်လိုက်ချင်ပါသည်။

'မင်းတော်တော် အားယားနေလားကွ'

'မင်းဘာလို့ ဒီလောက်တောင် လုပ်ပေးနေတာလဲ။ ငါ့ပိုက်ဆံကို ယူပြီး ကိုယ့်ဘဝကိုယ် အေးဆေး နေသင့်တာ မဟုတ်ဘူးလား။ ဒီဂိမ်းရဲ့ ရေပန်းစားမှုက မင်းနဲ့ဘာမှမဆိုင်ဘူးကွ'

သို့သော်လည်း ဖေးချမ့် ဒါတွေ ဘာမှ မပြောနိုင်ဘဲ သူ့ ကီးဘုတ်ပေါ်တွင် ရိုက်ထားသမျှကို ပြန်၍သာ ဖျက်လိုက်မိပါတော့သည်။

အကြောင်းအရင်းကတော့ စနစ်၏ တည်ရှိမှုကို သဲလွန်စပေးခြင်း သို့မဟုတ် ထုတ်ပြောခြင်းကို ပြုလုပ်လို့မရသလို စနစ်တည်ရှိကြောင်း တခြားသူများကိုလည်း သံသယဖြစ်စေလို့ မဖြစ်ပါဘူး။

သာမန်လူတစ်ယောက်လိုပဲ ဖေးချမ့်၏ တုန့်ပြန်ချက်က ပျော်ရွှင်နေသလို ဖြစ်ရပါလိမ့်မည်။

ရွမ်ကွမ်းကျန့်က ဖေးချမ့်ထံမှ စာပြန်လာဖို့ အကြာကြီး စောင့်နေခဲ့သည်။

ဘော့စ်ဖေးက ဆွံ့အသွားလောက်သည့်အထိ အပျော်လွန်နေကြောင်း သူသိပါသည်။

ထို့နောက် ရွမ်ကွမ်းကျန့်က စာရိုက်လိုက်သည်။ "ဘော့စ်ဖေး ဘာမှပြောစရာမလိုပါဘူးဗျာ။"

"ကျွန်တော့်သဘောနဲ့ကျွန်တော် ဂိမ်းကို ကြော်ငြာပေးတာပါ။ ခင်ဗျားသာမမေးရင် ကျွန်တော် ပြောဖို့တောင် အစီအစဥ်မရှိဘူး။”

"ခင်ဗျား ရှက်ဖို့လည်း မလိုပါဘူး။ ဘာပဲဖြစ်ဖြစ် တစ္ဆေစစ်သူကြီးသာ နာမည်ကျော်သွားရင် လူအများကြီး ကစားကြပြီး ကျွန်တော့် ပန်းချီကို သိသွားကြလိမ့်မယ်။ အဲ့တာကြောင့် အနာဂတ်မှာ ကျွန်တော့်ရဲ့ အလုပ်အတွက်လည်း အသုံးဝင်ပါလိမ့်မယ်။”

"ကံကောင်းပါစေ ဘော့စ်ဖေး။ နောက်ပိုင်း ဒီ့ထက်တောင် ပိုကောင်းတဲ့ ဂိမ်းတွေကို သေချာပေါက် ထုတ်လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော်တို့ အလုပ်တူတူ ထပ်လုပ်ရဖို့လည်း မျှော်လင့်နေပါတယ်။"

ရွမ်ကွမ်းကျန့်၏ နွေးထွေးသော စကားများကြောင့် ဖေးချမ့် လုံးဝ ကြောင်သွားပါသည်။

'နောက်ပိုင်း အလုပ် အတူတူလုပ်မယ် ဟုတ်လား'

'မလုပ်ဘူး လုံးဝပဲ'

'မင်းက လူသစ်ယောင်ဆောင်နေတဲ့ သောက်ဝါရင့်ကောင်ပဲ။ မင်းနဲ့အလုပ်တူတူတွဲလုပ်ရင် ငါကဘယ်လိုလုပ် ပိုက်ဆံအရှုံးပေါ်မှာလဲ။'

သူ့စိတ်ထိခိုက်မှုကို ဘာမှ ထုတ်ပြလို့ မရသဖြင့် ဖေးချမ့် စကားလုံးသုံးလုံးတည်းသာ စာပြန်ခဲ့ပါသည်။

"ကျေးဇူးပါ။"

သူက ဒီလိုစာပြန်သော်လည်း သူ့ရင်ထဲက ဆန့်ကျင်ဘက် ဖြစ်နေပါသည်။

ဖေးချမ့်၏ 'ကျေးဇူးပါ' ဟူသော စာကို မြင်လိုက်ရသောအခါ ရွမ်ကွမ်းကျင်၏ မျက်နှာပေါ်တွင် ကျေနပ်သွားသော အပြုံးတစ်ခု ပေါ်လာခဲ့ပါသည်။

အမှန်ပင်။ ဒါက လူကြီးလူကောင်းများ၏ ခင်မင်မှုမှာ သူစိမ်းဆန်သည့်ပုံပေါ်သော်လည်း ရေလို သန့်စင်ကြောင်း ဖော်ပြနေသည့် အဓိပ္ပာယ်ပဲ ဖြစ်သည်။

ဘော့စ််ဖေးလို ထူးခြားသည့် လူတစ်ယောက်နှင့် အလုပ်တူတူတွဲလုပ်ရတာ တကယ်ပဲ အံ့သြပျော်ရွှင်ဖွယ် ကောင်းပါသည်။

Continue Reading

You'll Also Like

246K 14.8K 40
My priority /property/privacy
235K 31.2K 81
' အေးစက်တဲ့ မြွေဘုရင်ကြီးကို လက်ထပ်ဖို့ ဖိအားပေးခံ ရတယ် ' ( Forced to marry the cold snake king) 被迫男扮女裝嫁給冰冷蛇王 Original Author - 茶茶花開 Chapter -53 comp...
493K 50.5K 200
လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ် GP1 (26-175) 500 GP2 (176-325) 2500 GP3 (326-475) 2500 GP4 (476-625) 2500 GP5 (626-725) 2000
39K 1.4K 37
Type - boy×girl Genre - Thriller, Romance "ငါတို့ ရှင်သန်လှုပ်ရှားနေရတဲ့ လောကကြီးက အထိအရှ မခံဘူး။ ပြောရရင် ခရစ်စတယ် သလင်းကျောက်တွေလိုပေါ့။ ကွဲအက်လွယ်...