သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ...

Miracle_Phyu97

38.7K 3K 33

မိတ်ဆက် ငါ တကယ် ပိုက်ဆံဆုံးရှုံးချင်တယ် T_T အကောင်းဆုံး သူဌေး၊ စီးပွားရေးလောက၏ အရွယ်နှင့်မလိုက်အောင် ထူးချွန်... Еще

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Ch-31
Ch-32
Ch-33
Ch-34
Ch-35/36
Ch-37/38
Ch-39/40
Ch-41/42
Ch-43/44
Ch-45/46
Ch-47/48
Ch-49/50
Ch-51/52
Ch-53/54
Ch-55/56
Ch-57/58
Ch-59/60
Ch-61/62
Ch-63/64
Ch-65/66
Ch-67/68
Ch-69/70
Ch-71+72
Ch-73+74
Ch-75+76
Ch-77+78
Ch-79+80
Ch-81+82
Ch-83+84
Ch-85+86
Ch-87+88
Ch-89+90
Ch-91+92
Ch-93+94+95
Ch-96+97+98
Ch-99+100
Ch-101+102
Ch-103+104+105
Ch-106+107+108
Ch-109+110
Ch-111/112
Ch-113/114
Ch-115/116
Ch-117/118
Ch-119/120
Ch-121/122
Ch-123/124
Ch-125/126
Ch-127/128
Ch-129/130
Ch-131/132
Ch-133/134
Ch-135/136
Ch-137/138
Ch-139/140
Ch-141/142
Ch-143/144
Ch-145/146
Ch-147/148
Ch-149/150
Ch-151/152
Ch-153/154
Ch-155/156
Ch-157/158
Ch-159/160
Ch-161/162
Ch-163/164
Ch-165/166
Ch-167/168
Ch-169/170
Ch-171/172
Ch-173/174
Ch-175/176
Ch-177/178
Ch-179/180

Ch-24

410 38 0
Miracle_Phyu97

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ် (ဖေးချမ့်)

အခန်း(၂၄) ပန်းချီလောက စိတ်ဓာတ်တက်ကြွလာပြီ

ခေတ္တကြာသောအခါ...

Group Chat တစ်ခုလုံး ဗြောင်းဆန်သွားခဲ့၏။

"ထန်းတာ့ ကုမ္ပဏီဆိုတာ အထီးကျန်ကန္တာရလမ်းကို ဖန်တီးတဲ့ ကုမ္ပဏီ မဟုတ်ဘူးလား။"

"... သူတို့က တခြားဂိမ်းစုတ်တွေ မလုပ်တော့ဘဲ မိုဘိုင်းဂိမ်းတွေဘက်ကို လှည့်သွားပြီလား။"

"ဒီလိုကုမ္ပဏီမျိုးက သဘောထား ပြည့်ဝတယ်ပေါ့။ တကယ်ကြီးလား။"

ထိုလူအားလုံးက အမြန်ရှာဖွေကြည့်လိုက်ကာ ဒီဂိမ်းကို အနည်းငယ် ရေပန်းစားခဲ့သည့် ဂိမ်းစုတ် အထီးကျန်ကန္တာရလမ်းကို ဖန်တီးခဲ့သည့် ကုမ္ပဏီကပဲ ထုတ်လုပ်ထားခြင်း ဖြစ်ကြောင်း သိလိုက်ကြပါသည်။

ဒီလို ကုမ္ပဏီက ဘယ်လိုလုပ်ပြီး သဘောထား ပြည့်ဝမှာလဲ။

ရွမ်ကွမ်းကျန့်က အမြန် ရှင်းပြလိုက်ပါသည်။ "တကယ်ပါ။ ခင်ဗျားတို့ မယုံရင် ဂိမ်းကို ဒေါင်းလုတ်ဆွဲပြီး စမ်းဆော့ကြည့်လို့ရပါတယ်။ ဂိမ်းက အရမ်းမျှတပြီးတော့ ၁၀ ယွမ်တည်းနဲ့ စိတ်ကြိုက်ကစားနိုင်ပါတယ်။ ဂိမ်းထဲမှာ ဝယ်ယူနိုင်တဲ့ တစ်ခုတည်းသော ပစ္စည်းက ယွမ် ၃၀ တန် ရာသက်ပန် မန်ဘာဝင်ကတ်တစ်ခုပဲ။ ပြီးတော့ အဲ့တာကလည်း နေ့စဥ် ၁၀ ကတ်ဆွဲခွင့် တစ်ခေါက်ပဲ ထပ်ပေးတာပါ။ အဲ့ဒီအပြင် တခြား Paywall ဘာမှ မရှိဘူး။"

"တကယ်ပြောတာလား။"

ချန်းချီ မယုံကြည်နိုင်ပေ။

(ဂိမ်းထဲမှာ ဝယ်ယူနိုင်တဲ့ ပစ္စည်း ဘာမှမရှိတဲ့ မိုင်ဘိုင်းကတ်ဂိမ်းတစ်ခုလား)

(သူတို့က ပိုက်ဆံကို ဘယ်လိုရနိုင်ဖို့ မျှော်လင့်နေတာလဲ)

(ကစားသမားတိုင်းဆီက ၁၀ ယွမ်လောက်နဲ့ အရင်းကျေဖို့ မျှော်လင့်နေတာလား)

(ဒါဆို ဒီဂိမ်းက အရှုံးပေါ်ဖို့ သေချာနေတဲ့ ဂိမ်းပဲ မဟုတ်လား)

အားလုံးက သံသယဖြစ်နေကြပြီး ဂိမ်းကို ဝယ်ကာ စမ်းကြည့်လိုက်ကြပါသည်။

သူတို့ စမ်းကြည့်ပြီးကြသောအခါ ဂိမ်းက တကယ်ပဲ ရိုးရှင်းမှန်း သိလိုက်ရပါသည်။

ဂိမ်းထဲက စျေးကွက်ထဲမှာလည်း ဝယ်ယူနိုင်သည့် တစ်ခုတည်းသောအရာက ယွမ် ၃၀တန် ရာသက်ပန် မန်ဘာဝင်ကတ်ဖြစ်ပါသည်။

တခြားကတ်ဂိမ်းများတွင် Energy၊ အဆင့်ကို စိန်ခေါ်နိုင်သော အခွင့်အရေး အရေအတွက်နှင့် ကတ်ဆွဲခွင့် ဝယ်ယူနိုင်သော ရွေးချယ်ခွင့်များ ပါဝင်လိမ့်မည်။

ဂိမ်းမာများက ထပ်တူညီသော ဂိမ်းကစားနည်းမျိုးကိုပဲ ဘောစိ ဂိမ်မာများနှင့် သာမန် ဂိမ်မာများတို့အကြား သိသာသော ခြားနားချက် မရှိဘဲ ကစားနိုင်ကြလိမ့်မည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။

ဂိမ်းထဲက တစ်ခုတည်းသော ဝယ်ယူနိုင်သော ပစ္စည်းကပင် ယွမ် ၃၀ ပဲတန်ပါသည်။

ဒါက Fantasy World အတွက် ငွေဖြည့်ကတ် တစ်ကတ်နှင့် ညီမျှပြီး ရာသက်ပန်လည်း ဖြစ်သည်။

ချန်းချိ ထိတ်လန့်သွားရ၏။

သူ မယုံကြည်နိုင်ပါ။

ပြည်တွင်းက နာမည်ကျော် ဂိမ်း Concept ပန်းချီဆရာ တစ်ယောက်အဖြစ် သူက ထိပ်တန်း ပြည်တွင်း ဂိမ်းကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေသူဖြစ်ပြီး နယ်ပယ်ထဲတွင်လည်း ကျွမ်းကျင်သူ တစ်ယောက်ဖြစ်ပါသည်။

သူက အပြင်အဆင်ပိုင်းတွင် တာဝန်ရှိသူ ဖြစ်သော်လည်း ဂိမ်းဒီဇိုင်းနှင့် ပတ်သက်သော အသိပညာတချို့လည်း ရှိနေပါသေးသည်။

ဂိမ်းထဲက ဝယ်ယူနိုင်သော ပစ္စည်းများမှာ ကတ်ဂိမ်းများအတွက် အမြတ်ငွေအဓိက ရင်းမြစ်တစ်ခုဖြစ်၏။ ဘောစိ ဂိမ်မာများစွာက ရာချီ၊ ထောင်ချီသော ငွေများစွာဖြင့် ဖြည့်သွင်းဝယ်ယူတတ်ကြသည်။ ဘောစိဂိမ်မာ တစ်ယောက်တည်းကပင် သာမန်ကစားသမားများစွာနှင့် ညီမျှပါသည်။

ထိုကဲ့သို့ Paywall ပုံစံမျိုးက သုံးပြည်ထောင် ကတ်ဂိမ်းမျိုးမှ ဆင်းသက်လာခြင်းဖြစ်ပြီး ထိုဂိမ်း၏ ဂိမ်းထဲက ဝယ်ယူနိုင်သော ပစ္စည်းများမှာ တခြား ဂိမ်းကုမ္ပဏီများက မနာလို ဖြစ်ရသော အရာဖြစ်ပါသည်။

ထို့ကြောင့် ထိုဂိမ်းကို လောဘကြီးသည်ဟု စွတ်စွဲကြသော ဂိမ်မာများစွာပင် ရှိကြပါသည်။

သို့သော်လည်း ဘယ်လို ဂိမ်းကုမ္ပဏီမျိုးက ဒီလို ငွေဝင်ပေါက်ကြီးကို လျစ်လျရှုနိုင်မည်နည်း။

ဒီလောက် ဖြောင့်မတ်ပြီး ဂိမ်းကို တည်ဆောက်ဖို့သာ ငွေအကုန်သုံးပြီး ကြော်ငြာဖို့ပင် ပိုက်ဆံမကျန်တော့သည့် ကုမ္ပဏီတစ်ခု ရှိလိမ့်မည်ဟု ချန်းချီ မထင်ခဲ့မိပါ။ ဂိမ်မာအားလုံးအတွက် တန်းတူညီသော ဂိမ်းကစားခြင်း ရသကို ပေးစွမ်းနိုင်ဖို့ သူတို့၏ ဝင်ငွေကိုပင် အရှုံးခံခဲ့ပါသည်။

(ဒါဘယ်လို စိတ်ထားမျိုးလဲ)

(ကလေးဆန်ပြီး... တစ်ချိန်တည်းမှာပဲ မြင့်လည်း မြင့်မြတ်တယ်)

ချန်းချီ၏ မျက်လုံးများ မျက်ရည်များ ဝဲနေပါပြီ။ တစ်ကိုယ်တော်ဂိမ်းများ အောင်မြင်နေသော အချိန်တုန်းက သူ ဒီလောကထဲ ဝင်လာခဲ့သည့် အချိန်ကို သူပြန်သတိရသွားပါပသည်။ သူ့လို ဂိမ်မာများက ၎င်းတို့၏ အချက်အချာ တန်ဖိုးကို နားလည်ပြီး လူတိုင်း တန်းတူညီကစားနိုင်သည့် တစ်ကိုယ်တော် ဂိမ်းများကို ဖန်တီးဖို့ ဆန္ဒပြင်းပြနေခဲ့ကြသည်။

သို့သော်လည်း အခုတော့ ဒီလိုစိတ်ထားနှင့် ကုမ္ပဏီမျိုး များများစားစား မကျန်တော့ပါ။

"ကိစ္စမရှိဘူး။ ခုချက်ချင်းပဲဝေ့ပေါ်မှာ ကူညီပြီး ငါ Share ပေးမယ်။ ဒီလိုဂိမ်းကောင်းမျိုးက တိမ်ကောမသွားသင့်ဘူး" ချန်းချီက ပထမဆုံး စာပြန်လိုက်ပါသည်။

တခြားသူများကလည်း တက်ကြွစွာ သဘောတူကြပါသည်။

"ဟုတ်တယ်။ သဘောထားပြည့်ဝတဲ့ ဂိမ်းကောင်း တစ်ခုပဲ။ ငါလည်း သွားကြော်ငြာ ပေးမယ်။"

"ငါ့ဝေ့ပေါ်မှာ ဖော်လိုဝါ သိပ်မရှိဘူး။ တခြား Group Chat တွေထဲ Share ပေးမယ်ဆိုရင်ကော..."

"Weibo မှာတင်ကြမယ့် လူတွေ အကုန်လုံး မူရင်းပန်းချီပုံတွေကို ထည့်ဖို့ မမေ့ကြနဲ့နော်။ အဲ့တာတွေက ဂိမ်းရဲ့ နောက်ခံကျောရိုးပဲကွ။"

အမှန်ပင်။ သံသယရှိသူများလည်း ရှိနေပါသေးသည်။

ဒီလူက ဝါရင့်တွေကို အလကား ကြော်ငြာခိုင်းဖို့ လာခဲ့တာလား။

သို့သော်လည်း ပြန်စဥ်းစားကြည့်သောအခါ ဒီလိုဖြစ်ပုံမရပါ။

အဓိက အချက်က ရွမ်ကွမ်းကျန့်၏ မူရင်း ပန်းချီပုံများက တကယ်လှပပြီး အားလုံးကို ကိုယ့်စိတ်နဲ့ကိုယ် ဆုံးဖြတ်ချက်ချစေခဲ့ခြင်း ဖြစ်ပါသည်။ မဟုတ်ပါက ဒီလို နာမည်ကျော် ဝါရင့်ထဲက ဘယ်သူမှ သူ့ကို အခမဲ့ ကြော်ငြာပေးမည် မဟုတ်ပေ။

ထို့အပြင် ဂိမ်းထဲက Paywall ရွေးချယ်မှုများအား လုံးဝ ပယ်ဖျောက်ထားသဖြင့် ဂိမ်းကလည်း တကယ်ပဲ သဘောထားပြည့်ဝပါသည်။

ဂိမ်း၏ စျေးနှုန်းကိုလည်းမမြှင့်၊ ကြော်ငြာဖို့လည်း ငွေမသုံးသည့် သဘောထားအလွန် ပြည့်ဝသော ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ ဒီဖြောင့်မတ်မှုကို ဘာသံသယဖြစ်စရာ လိုသေးလို့လဲ။

လက်ရှိအခြေအနေအရ ဂိမ်းက အရှုံးပေါ်နိုင်ချေ ရှိနေသည်။ ဒီတိုင်း ကြော်ငြာပေးလိုက်ခြင်းကလည်း သေးဆုံးမှုကို အချိန်ဆွဲထားပေးရုံသာ ရှိသည်။

သိပ်မကြာခင် Group ထဲက ဝါရင့်များက ရွမ်ကွမ်းကျန့်၏ဝေ့ပေါ်နှင့် မူရင်းပန်းချီပုံများကို Share ပေးခဲ့ပါပြီ။

ချန်းချီလည်း Share လိုက်သည်။ သူ့စိတ်ကူးဖြင့် ရေးသားထားသော စာတစ်ခုလည်းပါပါသည်။

"ဒါက ကျွန်တော့် Group ထဲက မိတ်ဆွတစ်ယောက်ရဲ့ လက်ရာပါ။ သုံးပြည်ထောင်ထဲက သမိုင်းဝင်ဇာတ်ကောင်တွေကို ပြန်လည် ဆန်းသစ်ထားတဲ့ ဒီမူရင်းပန်းချီပုံတွေရဲ့ စတိုင်ကို ကျွန်တော် သဘောကျတယ်။ ဒီလို ကြွယ်ဝတဲ့ စိတ်ကူးစိတ်သန်းမျိုးနဲ့ သူ့ ပန်းချီစတိုင်ကတော့ ရှာမှရှားပါပဲ။"

"P.S ဒီပုံတွေကို တစ္ဆေစစ်သူကြီးလို့ ခေါ်တဲ့ ဂိမ်းအတွက် ထုတ်လုပ်ထားတာ ထင်ပါတယ်။"

ချန်းချီက လွန်လွန်ကျူးကျူးတော့ မညွှန်းခဲ့ပါ။ သူက တဲ့တိုးဆန်သော စရိုက်မျိုးရှိပြီး မလိုအပ်သော စကားများ မပြောတတ်သော လူမျိုးလည်း ဖြစ်သောကြောင့် ဖြစ်ပါသည်။

စီးပွားရေး ကြော်ငြာ တစ်ခုဟု တခြားသူများကို မထင်သွားစေချင်ပါ။

အများကြီး ကြွားလုဲံးထုတ်လိုက်ပါက အနှုတ်သဘောဆောင်သည့် တုန့်ပြန်မှုများပင် ရလာနိုင်ပါသည်။

သူ့ဝေ့ပေါ်တွင် Share လိုက်သည့် စာက ဒီတိုင်း မိတ်ဆွေတစ်ဦး၏ လက်ရာကို မျှဝေပြီး စကားစပ်မိကာ ပြောသည့်ပုံ ဖြစ်ပါသည်။

အမှန်ပင်။ ထိုပန်းချီဆရာများက ဒီလောက၏ ဝါရင့်များ ဖြစ်ကြသော်လည်း ဖော်လိုဝါ များများစားစားတော့ မရှိကြပါ။

ချန်းချီကိုပဲ ဥပမာ ယူကြည့်ပါ။ သူက ပန်းချီနဲ့ ကျန်ပြန့်သော ပြည်တွင်းဂိမ်းများ၏ Concept ဒီဇိုင်းများအတွက် တာဝန်ရှိသူ ဖြစ်ပြီး ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားသော မူရင်းပန်းချီလက်ရာများစွာလည်း ရှိသည်။ သူ့ဝေ့ပေါ်ဖော်လိုဝါက သိန်းကျော်ကျော်သာ ရှိပါသည်။

ဆင်တူသော Post များအတွက် အများဆုံး ကောမန့်က ရာကျော်သာ ရှိတတ်သည်။

သို့သော်လည်း ချန်းချီ၏ဝေ့ပေါ်မိတ်ဆွေ အားလုံးက ဂိမ်းများအတွက် အထူးပြုသော ပန်းချီဆရာများ ဖြစ်ကြသည်။

သူ့မိတ်ဆွေများအကြားတွင် Animation လောက၏ ဝါရင့်များ၊ ဂိမ်းကုမ္ပဏီများ၏ နာမည်ကျော် ဖန်တီးသူများနှင့် သရုပ်ဆောင် အသေးစားလေးများ၊ ဝတ္ထုဆရာ အစရှိသည်တို့ပင် ရှိကြပါသည်။

ထိုလူများအတွက် ကြော်ငြာပေးရင်း သူရရှိလိုက်သော အဆက်အသွယ်တချို့လည်း ရှိပါသေးသည်။

သိပ်မကြာခင် သူဝေ့ပေါ်က ကောမန့်များ ဆက်တိုက် တက်လာခဲ့၏။

"ဒါက သုံးပြည်ထောင် ဇာတ်ကောင်တွေကို ပြုပြင်ပြောင်းလဲထားတာလား။ မိုက်သားပဲ။"

"နိုင်ငံခြား ပန်းချီဆရာ လက်ရာလား။"

"ပြည်တွင်း ပန်းချီဆရာလက်ရာပါ။"

“ငါတို့ ပြည်တွင်း ပန်းချီဆရာတွေတောင် ဒီလို မူရင်းပန်းချီ စတိုင်မျိုးကို ဆွဲနိုင်နေပြီပေါ့။"

"အံ့သြစရာပဲ ကြည့်လိုက်ရုံနဲ့ အရမ်းမိုက်တာပဲ။"

"အဲ့ဒီဂိမ်းကို တစ္ဆေစစ်သူကြီးလို့ ခေါ်တယ်တဲ့။ ဘာလို့ တစ်ခါမှ မကြားဖူးပါလိမ့်။"

"အဲ့ဒီမိုဘိုင်းဂိမ်းတွေအကုန်လုံးက ကာတွန်း ဒီဇိုင်းတွေချည်းပဲ ငါတော်တော် ရိုးအီနေပြီ။ ဒီစတိုင်ကတော့ တော်တော်ကို ဆန်းသစ်တယ်။"

"သွားကြည့်ကြရအောင်။"

တုန့်ပြန်မှုက အတော်လေး နွေးထွေးပါသည်။

တကယ်တော့ ဒါလည်း ပုံမှန်ပဲဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သုံးပြည်ထောင်ကတ်ဂိမ်း ရေပန်းစားခဲ့တာ တစ်နှစ်လုံးနီးပါးဖြစ်ပါသည်။

တစ်နှစ်လုံးတွင် သုံးပြည်ထောင်ကတ်ဂိမ်းကြောင့် မိုဘိုင်းကတ်ဂိမ်းကစားသူများ တိုးမြင့်လာခဲ့၏။ ထို့ကြောင့် မိုဘိုင်းဂိမ်မာ အများစုက မိုဘိုင်းကတ်ဂိမ်းများကို အလွယ်လေး ရွေးနိုင်ကြသည်။

သို့သော် တစ်ဖက်တွင်လည်း သူတို့က သုံးပြည်ထောင် ကတ်ဂိမ်း၏ စတိုင်မျိုးကို စတင် စိတ်ကုန်နေကြပါသည်။

၎င်း၏ ကာတွန်းဆန်သော ဒီဇိုင်းကြောင့် အဓိကဖြစ်ပါသည်။ ဖန်တီးသူများစွာက အတုခိုးပြီး ဆင်တူသော ဂိမ်းများစွာကို ဖန်တီးသောအခါ ဂိမ်မာအများစုက ဒီလို ထပ်ခါထပ်ခါ ကာတွန်းဒီဇိုင်းများကို စိတ်ကုန်နေပါပြီ။

ဆန့်ကျင်ဘက်အနေဖြင့် တစ္ဆေစစ်သူကြီးကတော့ လုံးဝ ခြားနားသည်။ မူရင်းပန်းချီပုံကို ကြည့်ရုံနဲ့တင် ဒီဂိမ်းက သုံးပြည်ထောင် ကတ်ဂိမ်းနှင့် လုံးဝခြားနားသော ဂိမ်းတစ်ခုဖြစ်ပြီး စိတ်ဝင်စားဖို့ကောင်းမှန်း ဂိမ်မာများမြင်နိုင်ပါသည်။

Продолжить чтение

Вам также понравится

233K 13.5K 75
Jeon Jungkook | Kim Taehyung
38.6K 1.4K 37
Type - boy×girl Genre - Thriller, Romance "ငါတို့ ရှင်သန်လှုပ်ရှားနေရတဲ့ လောကကြီးက အထိအရှ မခံဘူး။ ပြောရရင် ခရစ်စတယ် သလင်းကျောက်တွေလိုပေါ့။ ကွဲအက်လွယ်...
403K 78.2K 130
🍁 සුදුපාට පාසල් ඇඳුමේ තරුණ සුවඳ එක්ක කාකි ඇඳුමේ සුවඳ මුහු කරන් තේ දල්ලක කහට සුවඳ එක්ක එක යායට පෙනෙන රබර් යායවල්, ඇළ දොල වල සීතල දරාගෙන හිතුවක්කාර ය...
113K 13.7K 110
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...