သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ...

Av Miracle_Phyu97

38.8K 3K 33

မိတ်ဆက် ငါ တကယ် ပိုက်ဆံဆုံးရှုံးချင်တယ် T_T အကောင်းဆုံး သူဌေး၊ စီးပွားရေးလောက၏ အရွယ်နှင့်မလိုက်အောင် ထူးချွန်... Mer

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Ch-31
Ch-32
Ch-33
Ch-34
Ch-35/36
Ch-37/38
Ch-39/40
Ch-41/42
Ch-43/44
Ch-45/46
Ch-47/48
Ch-49/50
Ch-51/52
Ch-53/54
Ch-55/56
Ch-57/58
Ch-59/60
Ch-61/62
Ch-63/64
Ch-65/66
Ch-67/68
Ch-69/70
Ch-71+72
Ch-73+74
Ch-75+76
Ch-77+78
Ch-79+80
Ch-81+82
Ch-83+84
Ch-85+86
Ch-87+88
Ch-89+90
Ch-91+92
Ch-93+94+95
Ch-96+97+98
Ch-99+100
Ch-101+102
Ch-103+104+105
Ch-106+107+108
Ch-109+110
Ch-111/112
Ch-113/114
Ch-115/116
Ch-117/118
Ch-119/120
Ch-121/122
Ch-123/124
Ch-125/126
Ch-127/128
Ch-129/130
Ch-131/132
Ch-133/134
Ch-135/136
Ch-137/138
Ch-139/140
Ch-141/142
Ch-143/144
Ch-145/146
Ch-147/148
Ch-149/150
Ch-151/152
Ch-153/154
Ch-155/156
Ch-157/158
Ch-159/160
Ch-161/162
Ch-163/164
Ch-165/166
Ch-167/168
Ch-169/170
Ch-171/172
Ch-173/174
Ch-175/176
Ch-177/178
Ch-179/180

Ch-19

410 43 0
Av Miracle_Phyu97

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ် (ဖေးချမ့်)

အခန်း(၁၉) မူရင်းပန်းချီပုံတွေက မင်သက်စရာ အရည်အသွေးနဲ့

ထိုနေ့ နေ့လည်ခင်း ဖေးချမ့် အိပ်ယာမှ နိုးလာခဲ့သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်လောက်တည်းက တော်တော်လေး အိပ်လို့ကောင်းနေခဲ့ပြီး ဘာကြောင့်မှန်း နားမလည်နိုင်ခဲ့ပါ။

(ဒါ ပိုက်ဆံရဲ့ စွမ်းအားများလား)

ဆင်းရဲမွဲတေသည့် အခြေအနေမှ လွတ်ထွက်ပြီး သုံးဖို့ ဖြုန်းဖို့ ယွမ် ၃၀၀,၀၀၀ ရတော့မည်ဟူသည့် အတွေးက ဖေးချမ့်ကို စိတ်တည်ငြိမ်အေးချမ်းသွားစေသည်။

သူ့လက်ပ်တော့ကို ဖွင့်လိုက်ပြီး ရင်းမြစ် ဝက်ဘ်ဆိုက်ထဲ ဝင်လိုက်သောအခါ အသိပေးချက် တစ်ခု ဝင်လာ၏။ ရွမ်ကွမ်းကျန့်၏ မူရင်းပန်းချီပုံများဖြစ်ပါသည်။

ဒေါင်းလုတ်ဆွဲနှုန်းက မနှေးသော်လည်း မူရင်း ပန်းချီပုံများက အလွန် အရည်အသွေး မြင့်မားသဖြင့် ဒေါင်းလုတ်ဆွဲချိန် နည်းနည်း ကြာနေပါသည်။

"သူ တကယ် အချိန်မှီပြီးသွားတာပဲ။ အဆင်ပြေလိုက်တာ။"

"အရည်အသွေးက ဘယ်လိုနေမလဲမသိဘူး။"

"အရမ်းလှတာမျိုး မပေးနိုင်ရင် ပိုကောင်းလိမ့်မယ်။ အရမ်းလှလွန်းနေရင် ငါသေသွားလိမ့်မယ်။"

စာရင်းရှင်းသည့်ရက်ရောက်ဖို့ ၁ ပတ်နီးပါး အလိုသာ ရှိတော့သဖြင့် ဖေးချမ့်က ဂိမ်းကို တတ်နိုင်သမျှ အမြန်ဆုံး ဖြန့်ချိရပါတော့မည်။

ငွေစာရင်းရှင်းသည့်နေ့မတိုင်ခင် ၁ ပတ် အလိုတွင် ဖေးချမ့်၌ မကြေညာထားသည့် ဘယ်လို ထုတ်ကုန်မှ ရှိလို့မရကြောင်း စနစ်က သတိပေးထားသည်။

တစ်နည်းအားဖြင့် စနစ်က ဖေးချမ့်ကို ပုံမှန် စီးပွားရေး လုပ်ရိုးလုပ်စဥ်အတိုင်း လိုက်နာစေပြီး ထုတ်ကုန်ကို ဖြန့်ချိပြီး တစ်ပတ် အကြာမှ အမြတ်နှင့် အရှုံးများကို တွက်ချက်ပေးမည်ဖြစ်ပါသည်။

မကြေညာထားသည့် ထုတ်ကုန်များ ရှိနေပါက စနစ်က ငွေစာရင်းရှင်းမည့်နေ့ကို ဆိုင်းငံ့လိုက်မည်ဖြစ်ပြီး ဖေးချမ့်ကလည်း ဒါကို လက်ခံနိုင်မည် မဟုတ်ပေ။

ရွမ်ကွမ်းကျန့် ပို့ပေးထားသည့် မူရင်းပန်းချီပုံးများကို သူဖွင့်ကြည့်လိုက်ပါသည်။

ပထမဆုံးပုံကို မြင်သောအခါ သူကြက်သေသေသွားရ၏။

"ဘာလဲဟ။ ဘယ်လိုဖြစ်ပြီး ဒီလောက် အသေးစိတ် ကျရတာလဲ။"

"ဒီမူရင်းပန်းချီပုံက တကယ်ပဲ ယွမ် ၇၀၀ တည်းလား။"

ဖေးချမ့် သူ့ကိုယ်သူ အမြင်မှားနေသည်ဟုပင် ထင်နေမိပါသည်။

မူရင်းပန်းချီပုံများနှင့် ပတ်သတ်ပြီး သူ သိပ်မသိသော်လည်း ပုံကောင်းတစ်ခုနှင့် ပုံဆိုးတစ်ခုအကြား ခြားနားချက်ကို ခွဲခြားဖို့တော့ လွယ်ကူပါသည်။ အသိသာဆုံး နည်းလမ်းက အသေးစိတ်ကျမှုကို ကြည့်ဖို့သာ ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် မူရင်းပန်းချီပုံများအတွက် အသေးစိတ် တစ်ခုချင်းစီတိုင်းကို ပန်းချီဆရာ တစ်ယောက်က ခက်ခက်ခဲခဲ ရေးဆွဲရခြင်းဖြစ်သည်။ အသေးစိတ် ပိုကျလေလေ ပန်းချီစရာက ဆွဲသားရာတွင် အားပိုစိုက်ထုတ်ရလေလေ ဖြစ်သည်။

ပုံမှန်ဆို ပိုစတာအဆင့်လောက်ရှိသော မူရင်းပန်းချီပုံများအတွက် စျေးနှုန်းများက သောင်းချီပြီး တက်သွားနိုင်၏။ ပုံဆွဲသူများကလည်း တစ်ပတ်လုံးနီးပါး ဆွဲရပြီး အသေးစိတ်များက အလွန်အမင်း ပေါများပါလိမ့်မည်။

သို့သော် ယွမ် ရာကျော်အနည်းငယ်သာ ကုန်ကျသည့် မူရင်းပန်းချီပုံများကတော့ ကြပ်တည်းသော အချိန်သတ်မှတ်ချက်အတွင်း မြောက်များစွာ ထုတ်လုပ်ရခြင်း ဖြစ်ပါသည်။ ပုံဆွဲသူက အသေးစိတ်ပိုကျအောင် လုပ်ချင်ရင်တောင် လုပ်ဖို့ အချိန်မရှိလောက်ပါ။

သို့သော်လည်း ဒီမူရင်းပန်းချီပုံများက ဖေးချမ့် စိတ်ကူးထားတာထက် အများကြီး အသေးစိတ် ကျလွန်းနေပါသည်။ ဒါတင်မကသေးဘဲ ပန်းချီစတိုင်များက အလွန် ဆန်းသစ်လွန်းပါသည်။

ဒီမူရင်းပန်းချီပုံက နဂါးမျိုးနွယ်စုက သိုင်းသူတော်စင် ကွမ်ယု၏ပုံဖြစ်သည်။ အရင်က မာယန်၏ လိုအပ်ချက်ဖောင်တွင် နဂါးတစ်ကောင်ဖြစ်ဖို့သာ ရေးထားပြီး ဘယ်လို အသေးစိတ် အချက်အလက်မျိုးမှ မပါဝင်ပေ။

သို့သော်လည်း ဒီမူရင်းပန်းချီပုံထဲမှာတော့ အသေးစိတ်မျိုးစုံ ပါရှိနေပါသည်။

နောက်ခံက မှင်ဖြင့် ဆွဲသားထားသော တောင်ကုန်းကြီးတစ်ခုဖြစ်ပြီး တိမ်များဖြင့် ဝန်းရံကာ သစ်ပင်စိမ်းများဖြင့် ပြည့်နှက်နေပြီး အဖြူရောင် နေရာကွက်များက တရုတ်ပန်းချီကားများ၏ အရှိန်အဝါ ခံစားချက်မျိုး ပေးစွမ်းနေပါသည်။

ဒီပုံ၏ ဆုံချက်က လခြမ်းဓားသွားကို ကိုင်ဆောင်ထားသည့် ကွမ်ယု ဖြစ်ပါသည်။

ဒါက အလွန်အမင်း ဆန်းသစ်ထားသည့် ပုံတစ်ပုံဖြစ်ပြီး သူက ရိုးရာတရုတ်နဂါးကြီးတစ်ကောင် ဖြစ်သည်။ သူ့မျက်နှာ၊ လက်များနှင့် တခြား ပေါ်လွင်နေသည့် အသားအရည်များက အားလုံး အစိမ်းရောင်ဖြစ်ပြီး ဦးခေါင်းတွင် ဦးချိုများပါရှိကာ နဂါးတစ်ကောင်နှင့် အလွန်ဆင်တူပါသည်။

သို့သော်လည်း သူ့အဝတ်အစားကို ကြည့်ခြင်းအားဖြင့် ကွမ်ယုဆိုတာ ရှင်းရှင်းလင်းလင်း သိနိုင်ပါသေးသည်။

အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ပြီး ဘယ်ပခုံးပေါ်က ဝတ်ရုံရှည်က အနီရောင်ဖြစ်ကာ ပခုံးဒေါက်ပေါ် အလှဆင်ထားသည့် ပခုံးအုပ်ကတော့ ရွှေရောင်ဖြစ်သည်။ ဒါတွေအားလုံးက ကွမ်ယု၏ ရှေးဟောင်း ပန်းချီကားများထဲတွင် မြင်တွေ့နေကျ ပုံစံများဖြစ်ကြပြီး မူရင်းပန်းချီပုံနှင့် အလွန်လိုက်လျောညီထွေ ဖြစ်နေပါသည်။

ထိုမူရင်း ပန်းချီပုံကို တစ်ချက်လောက် ကြည့်လိုက်ရုံနဲ့ ကွမ်ယု၏ ဝိသေသလက္ခဏာများ ဖြစ်ကြောင်း ပြောနိုင်သည်။ သို့သော် သူ့ပုံက အလွန်အမင်း ဆန်းသစ်ပြောင်းလဲခံထားရသည်။

အရေးအကြီးဆုံးက ၎င်း၏ ပန်းချီစတိုင်မှာ စျေးကွက်ထဲက မူရင်းပန်းချီပုံများနှင့် မတူဘဲ အလွန်ထူးခြားနေပါသည်။ မှင်ပန်းချီနှင့် ဆီဆေးပန်းချီ စတိုင်များကို ပေါင်းစပ်ထားပြီး လုံးဝ မျက်စိကျစရာ ကောင်းလှပါသည်။

ဖေးချမ့်က တခြား မူရင်းပန်းချီပုံများကို ကြည့်လိုက်သည်။ အရည်အသွေးအရကော စတိုင်အရကော ဒီပုံနဲ့ အလွန်ဆင်တူနေသည်။

သို့သော်လည်း ၎င်းတို့၏ ယေဘုယျပုံများက မာယန်၏ လိုအပ်ချက်ဖောင်အတိုင်းဖြစ်နေဆဲ ဖြစ်ပြီး ကွမ်ယုလို သားရဲပုံစံပဲ မဟုတ်ပါ။

သားရဲများ၊ ကြောင်တောင်တောင် အကောင်များနှင့် လူသားပုံစံအတိုင်း ဆက်ရှိနေသေးတာတောင် ပုံစံများက လုံးဝ ဆန်းသစ် ပြောင်းလဲခံထားရသော ဇာတ်ကောင်များပင် ရှိပါသေးသည်။ ဥပမာအားဖြင့် နဂါးသတ်လိုလီ လုမန်ကဲ့သို့ ဖြစ်သည်။

မာယန်၏ လိုအပ်ချက်များကို အခြေခံအဖြစ် အသုံးပြုပြီး ရွမ်ကွမ်းကျန့်က ဇာတ်ကောင်များ၏ အသေးစိတ်များကို ထပ်ပေါင်းထည့်ကာ စတိုင်နှင့် ပုံရိပ်ကို ထပ်မံ ဒီဇိုင်းဆွဲခဲ့၏။ နောက်ဆုံးတော့ မူရင်းပန်းချီပုံ၏ စတိုင်က အဆက်အစပ်ရှိမှန်း သေချာအောင် စစ်ဆေးပြီးမှ ဇာတ်ကောင်တစ်ကောင်ချင်းစီတိုင်း၏ ထင်ရှားမှုကို အကောင်းဆုံးအဆင့်ထိ ရောက်အောင် ထပ်မံ မွမ်းမံခဲ့ပါသည်။

ဖေးချမ့် လုံးဝ ကြက်သေသေနေပါပြီ။

ပုံ ၄ ပုံကိုဝယ်ဖို့ ယွမ် ၃,၀၀၀ ပဲသုံးခဲ့ပြီး ဒီလို မူရင်းပန်းချီပုံမျိုးကြီးတွေ ရလိုက်တာလား။

(ဒါဟာသလား)

(ပုံဆွဲသူက သေချာပေါက် ရှုံးတာပေါ့ဟ)

(ဒီပုံကို တကယ်ပဲ ရွမ်ကွမ်းကျန့် ဆွဲထားတာကော ဟုတ်ရဲ့လား)

(ဒါပေမယ့် ဒီလောက်ထိ အထင်ကြီးစရာ ကောင်းတဲ့စွမ်းရည်မျိုးရှိနေရင်လည်း ဘာလို့ မင်းရဲ့ ရင်းမြစ် ကိုယ်ရေးစာမျက်နှာမှာ ကာတွန်းပုံတွေချည်း တင်ထားတာလဲကွ)

ဖေးချမ့် မျက်ရည်များ ဝဲနေပါပြီ။ သူက အမြတ်ရလိုက်သည့်သူ ဖြစ်သော်လည်း သူ လုံးဝ မပျော်ရွှင်ပါ။

မလှမပ မူရင်းပန်းချီပုံများ ရလာအောင် တစ်ပုံကို ယွမ် ၇၀၀ သာ ယူသည့် ပုံဆွဲသူများကို သူရှာခဲ့သည်။ ကာတွန်းပုံများသာ ဆွဲတတ်သည့်ပုံပေါ်သော တစ်စုံတစ်ယောက်ကိုပင် သူရှာခဲ့သည်။

သို့သော်လည်း ဘယ်လိုဖြစ်ပြီး အလားအလာကောင်းတဲ့ ကောင်တစ်ယောက်နဲ့ သူလာဆုံရတာလဲ။

တခြားသူများက မသိလောက်သော်လည်း ဖေးချမ့်ကတော့ ကောင်းကောင်းကြီး သိပါသည်။

ဒီပန်းချီစတိုင်က အလွန်အမင်း ကောင်းမွန်လွန်းနေသည်။

အဘယ့်ကြောင့်ဆိုသော် သူ ယခင်ဘဝတုန်းက ဒီစတိုင်လ်မျိုးကို နှစ်သက်ပြီး သူ့မှာ နောက်လိုက်တွေ အခိုင်အမာရှိခဲ့တဲ့ စိတ်ကူးယဥ်ပန်းချီဆရာ ယန်ချီ ရှိခဲ့လို့ပါပဲ။

ယန်ချီဆိုတာ ဘယ်သူလဲ မသိကြဘူးလား။

အသူရာအွန်လိုင်းဂိမ်း၏ ပန်းချီဒီဇိုင်နာချုပ်က ယန်ချီဖြစ်ပါသည်။

အမှန်ပင်။ ခုလေး ရွမ်ကွမ်းကျန့် ဖေးချမ့်ကို ပေးခဲ့သည့် မူရင်းပန်းချီပုံများမှာ အသူရာအွန်လိုင်းဂိမ်းစတိုင်နှင့် ချွတ်စွပ်တူနေခဲ့ပါသည်။

သို့သော်လည်း ဒီအလုပ်ကို အချိန်မှီ ပြီးမြောက်ဖို့ ရွမ်ကွမ်းကျန့်က အလောတကြီး လုပ်ခဲ့ရသဖြင့် အသေးစိတ်တော့ ပိုနည်းပါသည်။

သို့သော် စတိုင်လ်နှင့် ပေးစွမ်းနေသည့် ခံစားချက်များမှာာ အလွန်အမင်း ဆင်တူညီလွန်းလှပါသည်။

ရွမ်ကွမ်းကျန့်တစ်ယောက် ဒီလိုအရည်အသွေးမျိုး ထုတ်လုပ်နိုင်လိမ့်မည်ဟု ဖေးချမ့်သာ သိခဲ့ပါက ရွမ်ကွမ်းကျန့်ကို ဘယ်တော့မှ ဆွဲခိုင်းခဲ့မည် မဟုတ်ပါ။

သို့သော်လည်း... အခုတော့ ဘာတတ်နိုင်ဦးမည်နည်း။

ပိုက်ဆံလား။ ပေးပြီးပြီ။

အလုပ်လား။ ရပြီးသွားပြီ။

ငွေပြန်တောင်းပြီး စာချုပ်ကို ဖောက်ဖျက်ရမလား။ မဖြစ်နိုင်ပါ။

ထို့အပြင် ဖေးချမ့်၏ ဂိမ်းကို နှစ်ရက်အတွင်း ဖြန့်ချိရတော့မည်။ မဟုတ်ပါက စနစ်က ငွေ စာရင်းရှင်းမည့် နေ့ကို ဆိုင်းငံ့ပါလိမ့်မည်။

သူသာ အချိန်ဆွဲနေပါက ပြောင်းလဲမှု ပိုကြီးသွားနိုင်သည်။

၃၀၀,၀၀၀ ၏ ဆွဲဆောင်မှုကို ဖေးချမ့် တောင့်မခံနိုင်ဘဲ နောက်ထပ် စောင့်ရမည့် တစ်ရက်ချင်းစီတိုင်းက ငရဲလို ဖြစ်နေပါလိမ့်မည်။

"စိတ်အေးအေးထား စိတ်အေးအေးထား"

"ကိစ္စတွေက အဲ့လောက် မဆိုးသေးပါဘူး။ အကောင်းဘက်က ကြည့်လိုက်။"

"အရင်ဆုံး အသူရာအွန်လိုင်းဂိမ်းကလည်း အရမ်း အောင်မြင်ခဲ့တဲ့ ဂိမ်းမှမဟုတ်တာ။"

"ပြီးတော့လည်း ဒီလို ပန်းချီပုံမျိုးက ဒီကမ္ဘာကြီးထဲက ဂိမ်မာတွေရဲ့ အကြိုက်နဲ့ ကိုက်ပါ့မလား ဆိုတာကိုလည်း မပြောနိုင်ဘူးလေ။"

"မူရင်းပန်းချီပုံတွေရဲ့ စတိုင်က ဆန်းသစ်တဲ့ ဒီဇိုင်းတွေရှိပေမယ့် ဂိမ်မာတွေ သဘောကျမယ်လို့ ဆိုလိုတာ မဟုတ်ဘူး။"

"လောလောဆယ် ရေပန်းစားနေတာက ကာတွန်းဒီဇိုင်းတွေပဲ။ အဲ့ဒီ မူရင်းပန်းချီပုံတွေက ပြောင်းပြန်အာနိသင်တောင် ဖြစ်စေနိုင်လိမ့်မယ်။"

"ဟုတ်တယ်... အဲ့လိုပဲဖြစ်မှာပါ။"

စိတ်လျှော့ပြီးနောက် ပြဿနာများက သူ ထင်ထားသလောက် မဆိုးနိုင်ပါဘူးဟု ဖေးချမ့် ခံစားလိုက်မိပါသည်။

မူရင်းပန်းချီပုံများက အသေးစိတ်ကျပြီး ဒီဇိုင်းတွေက ဆန်းသစ်လွန်းသောကြောင့် တစ်ချက် ကြည့်လိုက်ရုံနဲ့ စိတ်ထဲစွဲသွားနိုင်သော်လည်း စျေးကွက်က ဒါကို တကယ်ပဲ လိုချင်မှာလား။

မဟုတ်လောက်ပါဘူး။

ဖေးချမ့်က အလွန်အမင်း ကောင်းမွန်သည့် ဂိမ်းများစွာ၏ ကျရှုံးခန်းကို မြင်ခဲ့ဖူးပါပြီ။ ယုတ္တိရှိတာက စျေးကွက်၏ ရေပန်းစားမှုကို တွက်ချက်ရာတွင် အမြဲတမ်း အလုပ်မဖြစ်တတ်တာ ရှင်းလင်းသည်။

ပြီးတော့ လောလောဆယ် ကမ္ဘာကြီးထဲက မိုဘိုင်းဂိမ်းတွေထဲမှာ ရေပန်းအစားဆုံးက ဘာလဲ။

ကာတွန်းဂိမ်းများသာဖြစ်သည်။

သုံးပြည်ထောင်ကတ်ဂိမ်း ရေပန်းစားခဲ့ရခြင်းမှာ ဂိမ်မာများ၏ အလှအပ စံနှုန်းများကို ယေဘူယျအားဖြင့် ဖော်ပြသွားနိုင်ခဲ့သောကြောင့်ဖြစ်ပါသည်။

ရွမ်ကွမ်းကျန့်လို မူရင်းပန်းချီပုံများကတော့ ခမ်းနားမှု၊ မှောင်မိုက်မှု၊ မှင်ပန်းချီနှင့် ဆီဆေးပန်းချီများကို ပေါင်းစပ်ထားခြင်းက ဂိမ်မာများ သဘောကျဖို့ မဖြစ်နိုင်ပါဘူး။

ထို့အပြင် ဖေးချမ့်၏ မျှော်လင့်ချက် အကုန်လုံးကိုလည်း မူရင်းပန်းချီပုံများတွင်သာ အပ်နှံထားခြင်း မဟုတ်ပါ။

သူ့ဂိမ်းကို ကစားပုံ ကစားနည်း အလွန်ရိုးရှင်းသည့် နမူနာတစ်ခုကို အသုံးပြုပြီး ဖန်တီးထားခြင်း ဖြစ်ပါသည်။

ပန်းချီနှင့် တီးလုံးရင်းမြစ်များအပြင် ဖန်တီးဖို့ ဘာမှ အားသိပ်စိုက်မထုတ်ထားဘဲ ရေပန်းစားလောက်သည့် အချက်များလည်း ဘာမှမရှိပါ။

ထို့အပြင် ကြော်ညာဖို့လည်း ပိုက်ဆံအသုံးပြုမည် မဟုတ်ပေ။။ ဒီတိုင်း ပလက်ဖောင်းပေါ်မှာတင်ပြီး သူ့ဖာသာသူ သေဆုံးသွားစေမည် ဖြစ်ပါသည်။

သူ တစ်ပြားတစ်ချပ်မှ မရဘဲ တစ်ပတ်ကုန်သွားပါက ဒါကို အောင်မြင်သော အရှုံးအဖြစ် သတ်မှတ်နိုင်မည် ဖြစ်ပါသည်။

ထို့ကြောင့် အများကြီး စဥ်းစားချင့်ချိန်ပြီးနောက် ဒီမူရင်းပန်းချီပုံများကို သုံးဖို့သာ ရှိတော့သည်။

ဖေးချမ့်က ဂိမ်းအယ်ဒီတာကို ဖွင့်လိုက်ပြီး မူရင်းပန်းချီပုံများကို ကတ်များအဖြစ် ဂိမ်းထဲ ထည့်လိုက်ပါသည်။ ထို့နောက် မာယန်ကို bug ရှာဖွေခိုင်းလိုက်၏။

မူရင်းပန်းချီပုံများကိုကြည့်ပြီး အချိန်အတော်ကြာသောအခါ မာယန်က ပြောလိုက်ပါသည်။ "မိုက်လိုက်တာကွာ"

သူ တကယ် ကြက်သေသေသွားခဲ့ရပါသည်။ သူ အားအများကြီး စိုက်ထုတ်ပြီး ဒီဇိုင်းဆွဲထားရသည့် ပုံများကို ဒီလောက် လှလှပပ ဆွဲပေးနိုင်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါ။

ဖေးချမ့်က ဂရုမစိုက်စွာ ပြန်ပြောလိုက်ပါသည်။ "အဓိကကတော့ မင်းလိုအပ်ချက်ဖောင်ကို ကောင်းကောင်း ဖြည့်နိုင်ခဲ့ပြီး ပုံဆွဲသူကို စိတ်ကူးစိတ်သန်းကောင်းကောင်း ပေးနိုင်ခဲ့လို့ပေါ့။"

မာယန် တောက်ပသွားပါသည်။ "တကယ်ကြီးလား။ ကောင်းတာပေါ့ကွာ။ ငါက ဒီကဏ္ဍမှာ ဒီလောက် ပါရမီပါနေမယ် မထင်ထားမိဘူး။”

ဖေးချမ့်ထံမှ သာမန် ချီးကျူးစကားတစ်ခွန်းက မာယန်ကို ဆွေမျိုးမေ့လောက်သည့်အထိ ပျော်ရွှင်သွားစေပါသည်။

ဒါကိုတော့ ဖေးချမ့် တော်တော်လေး ကျေနပ်မိပါသည်။ မာယန်သာ ဒီလို အလုပ်ကြိုးစားပုံမျိုးကို ဆက်လက်ထိန်းသိမ်းထားပါက အနာဂတ် ပရောဂျက်များတွင် အကူအညီ ကောင်းကောင်း ဖြစ်လာနိုင်ပါသည်။

Fortsätt läs

Du kommer också att gilla

206K 20.1K 56
[ ဒါက ကော လို့ခေါ်တဲ့ ကိုယ်ဝန်ဆောင်နိုင် တဲ့ အမျိုးသားတွေ အကြောင်းပါမှာ ဖြစ်ပါတယ်။ ဒါကြောင့် B X B မကြိုက်တဲ့ ၊ M Preg ကိုမကြိုက်တဲ့ ဘေဘေးတို့ လက်ရှေ...
247K 14.8K 40
My priority /property/privacy
511K 34.4K 31
story description>>>>> start-5/10/2021 end-1/1/2022
404K 78.3K 130
🍁 සුදුපාට පාසල් ඇඳුමේ තරුණ සුවඳ එක්ක කාකි ඇඳුමේ සුවඳ මුහු කරන් තේ දල්ලක කහට සුවඳ එක්ක එක යායට පෙනෙන රබර් යායවල්, ඇළ දොල වල සීතල දරාගෙන හිතුවක්කාර ය...