သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ...

By Miracle_Phyu97

38.8K 3K 33

မိတ်ဆက် ငါ တကယ် ပိုက်ဆံဆုံးရှုံးချင်တယ် T_T အကောင်းဆုံး သူဌေး၊ စီးပွားရေးလောက၏ အရွယ်နှင့်မလိုက်အောင် ထူးချွန်... More

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Ch-31
Ch-32
Ch-33
Ch-34
Ch-35/36
Ch-37/38
Ch-39/40
Ch-41/42
Ch-43/44
Ch-45/46
Ch-47/48
Ch-49/50
Ch-51/52
Ch-53/54
Ch-55/56
Ch-57/58
Ch-59/60
Ch-61/62
Ch-63/64
Ch-65/66
Ch-67/68
Ch-69/70
Ch-71+72
Ch-73+74
Ch-75+76
Ch-77+78
Ch-79+80
Ch-81+82
Ch-83+84
Ch-85+86
Ch-87+88
Ch-89+90
Ch-91+92
Ch-93+94+95
Ch-96+97+98
Ch-99+100
Ch-101+102
Ch-103+104+105
Ch-106+107+108
Ch-109+110
Ch-111/112
Ch-113/114
Ch-115/116
Ch-117/118
Ch-119/120
Ch-121/122
Ch-123/124
Ch-125/126
Ch-127/128
Ch-129/130
Ch-131/132
Ch-133/134
Ch-135/136
Ch-137/138
Ch-139/140
Ch-141/142
Ch-143/144
Ch-145/146
Ch-147/148
Ch-149/150
Ch-151/152
Ch-153/154
Ch-155/156
Ch-157/158
Ch-159/160
Ch-161/162
Ch-163/164
Ch-165/166
Ch-167/168
Ch-169/170
Ch-171/172
Ch-173/174
Ch-175/176
Ch-177/178
Ch-179/180

Ch-14

467 40 0
By Miracle_Phyu97

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ် (ဖေးချမ့်)

အခန်း(၁၄) မာယန်ရဲ့ အလုပ်

သုံးပြည်ထောင် ကတ်ဂိမ်းနှင့် ဆင်တူရိုးမှား ဖြစ်စေလိုသဖြင့် သုံးပြည်ထောင်ကို နောက်ခံထားပြီး ဖန်တီးရမယ်ဆိုတာ ဖေးချမ့် စဥ်းစားပြီးသားဖြစ်ပါသည်။

သို့သော်လည်း သုံးပြည်ထောင်ခေတ် နောက်ခံက မတူညီသော အိုင်ပီ အရောအနှောဖြစ်နေပြီး ကောင်းလည်းမကောင်းလွန်း၊ ဆိုးလည်း မဆိုးလွန်းသော အရာဖြစ်သည်။

ဂိမ်မာများကို သုံးပြည်ထောင် ဇာတ်ကောင်များအား မုန်းတီးစေချင်ပါက အကောင်းဆုံး နည်းလမ်းက ပြုပြင်ပြောင်းလဲကာ ၎င်းတို့၏ သမိုင်းဝင် ပုံရိပ်များကို လုံးဝ ဖျက်ဆီးပစ်ဖို့ ဖြစ်၏။

ဒီလိုဆို သုံးပြည်ထောင်ကို သဘောကျသည့် ဂိမ်မာများက ဆိုးရွားသော ပြောင်းလဲမှုများကြောင့် သေချာပေါက် အပြစ်တင်ကြပါလိမ့်မည်။ ထိုအခါ ဂိမ်းနာမည် ပျက်လာလိမ့်မည်။

ပြုပြင်ခြင်း အရေးကြီးတာဝန်ကိုတော့ မာယန်အား လွှဲပြောင်းပေးလိုက်မည်ဖြစ်သည်။

မာယန်၏ အစွမ်းအစကို ဖေးချမ့် လုံးဝ ယုံကြည်ချက် ရှိပါသည်။ မာယန် စိတ်အားထက်သန်စွာ လုပ်သရွေ့ သေချာပေါက် စုတ်ပြတ်အောင် လုပ်နိုင်ပါလိမ့်မည်။

ဇာတ်ကောင်များ၏ အမည်ကို မြင်သောအခါ မာယန် မျက်မှောင်ကြုတ်သွား၏။

အပေါ်ဘက် ကုတင်မှ ငုံ့ကြည့်လာပြီး တီးတိုးပြောလိုက်သည်။ "ယောက်ဖချမ့်။ ငါ... ငါက သုံးပြည်ထောင်ကို တီဗီဇာတ်လမ်းတွဲပဲ ကြည့်ဖူးတာကွ။ ငါ သိတောင်မသိတဲ့ လူတွေ အများကြီးပဲ..."

ဖေးချမ့် ရင်ထဲ အပျော်လွန်သွားခဲ့ပါသည်။ ဒါဆို အကောင်းဆုံးပဲ မဟုတ်ဘူးလား။

သုံးပြည်ထောင် ဇာတ်ကောင်တွေအကြောင်း နှံနှံ့စပ်စပ် သိနေမှ မင်းကိုဒီတာဝန်ပေးဖို့ကို ငါစိတ်ပူနေရမှာ။

"မစိုးရိမ်ပါနဲ့။ ငါမင်းကို ယုံကြည်ပါတယ်။ အဓိက အချက်က ရာဇဝင်ထဲက သူတို့ပုံစံတွေကို ပြောင်းလဲပစ်ဖို့ပဲကို။ မင်းရဲ့ ဖန်တီးနိုင်စွမ်းကို လွတ်လွတ်လပ်လပ်သာ ထုတ်ပြလိုက်စမ်း။ ပြောင်းလဲမှု ကြီးမားလေလေ ပိုကောင်းလေလေပဲ။"

"ပြီးတော့လည်း ပုံတွေ ဘယ်လိုထွက်လာမလဲ စိတ်မပူနဲ့နော်။ အဲ့တာက ပုံဆွဲသူရဲ့ ဒီဇိုင်းပေါ်မှာလည်း မူတည်တယ်။ မင်းကလမ်းကြောင်းပဲ တည့်ပေးရမှာ"

"ဒီဇိုင်းတွေကို လွတ်လွတ်လပ်လပ် ဖန်တီးလို့ရတယ်။ အစကတည်းက ပုံသေမှ မဟုတ်တာ။ အထွေထွေ ဗဟုသုတကနေ ဖြစ်ပေါ်လာတဲ့ အမှားတွေကို ဘယ်သူကမှ အပြစ်မတင်ပါဘူးကွာ။"

ဖေးချမ့်က သူ့ကို ဆက်ဖျောင်းဖျလိုက်ပါသည်။

အခက်အခဲကြောင့် မာယန် လက်လျှော့ပြီး တာဝန်ကို သူ့အား ပြန်မပေးစေချင်လိုပါ။

မာယန် နောက်ဆုံးတော့ ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်ပါပြီ။ ဒါဆိုလည်း ငါအကောင်းဆုံး ကြိုးစားမယ်။"

စိုးရိမ်မှုရှိသေးသဖြင့် ဖေးချမ့် ထပ်ပြောလိုက်ပါသည်။ "မှတ်ထားနော်။ လုံးဝ လုံးဝ အသစ်ပြင်ဆင်ရမှာ။ အဓိပ္ပာယ်မရှိလေလေ ပိုကောင်းလေလေပဲ။"

မာယန်တစ်ယောက် သူ့ကုတင်ပေါ်မှာ ထိုင်ပြီး နားနှင့် ပါးများကို စတင်ကုတ်ခြစ်လေသည်။

၁၀ မိနစ်လောက် သည်းခံပြီးနောက် ဘာတိုးတက်မှုမှ မရှိသေးပါ။

နောက်ဆုံးတော့ သည်းမခံနိုင်တော့ဘဲ သူ့ခေါင်းကို ပြူကာ ပြောလိုက်သည်။ "ယောက်ဖချမ့်၊ ငါအရင်ဆုံး သုံးပြည်ထောင် တိုက်ပွဲကို သွားဝယ်လိုက်ရမလား..."

ဖေးချမ့် သူ့ကို ချက်ချင်းတားလိုက်ပါသည်။

"မဝယ်နဲ့၊ လုံးဝ ဝယ်လို့မဖြစ်ဘူး ငါရှာနေတာ မင်းရဲ့ ဖန်တီးလိုစိတ်လေ နားလည်လား။ လောလောဆယ်မှာ မင်းက သုံးပြည်ထောင် တိုက်ပွဲအကြောင်း ဘာမှ မသိထားဘူး။ အဲ့တာကြောင့်ပဲ ဒီဇိုင်းကို လုံးဝ အပြည့်အဝ ပြောင်းလဲနိုင်မှာလေ။"

"မူလပုံတွေက ဘယ်လိုပုံစံဖြစ်သင့်လဲ စိတ်ပူမနေပါနဲ့။ မင်းရဲ့ စိတ်ကူးယဥ်နိုင်စွမ်းကို အကောင်းဆုံး အသုံးချပြီး မင်းပြုပြင်နိုင်သမျှ အကောင်းဆုံး ပြုပြင်လိုက်။"

"ဟုတ်ပါပြီ" မာယန်က စိတ်ပျက်လက်ပျက် လေသံဖြင့် ပြန်ပြောကာ။ သူ့ခေါင်းကို ပြန်ရုတ်သိမ်းလိုက်ပြီး ဆက်လက် စဥ်းစားနေလေသည်။

ခဏလောက်ကြာသောအခါ သူ့ခေါင်း ထပ်ပြီး ပြူထွက်လာကာ နောက်တစ်ခေါက် မေးလိုက်ပြန်သည်။ "ယောက်ဖချမ့် ကွမ်ယုကို နဂါးတစ်ကောင်လို ဒီဇိုင်းဆွဲလိုက်လို့ ရလား။ အဆင်ပြေလား။"

ဖေးချမ့်က ခေါင်းငြိမ့်လိုက်သည်။ "ရတာပေါ့"

ခဏလောက်ကြာသောအခါ။

"ယောက်ဖချမ့် မာချောင်ကို မြင်းတစ်ပိုင်း လူတစ်ပိုင်း လုပ်လိုက်လို့ရလား။"

"ရတာပေါ့"

ထို့နောက် နောက်တစ်ခေါက်...။

"ယောက်ဖချမ့်၊ ကျိုးကန်ကို နဂါးမလေး လုပ်လိုက််ပြီး ကျူကေလျန်ကို တီထွင်သူတစ်ယောက် လုပ်လိုက်မယ်လေ ဟွမ်းယွဲ့ယင်က စက်ရုပ် ရုပ်သေးရုပ်ဖြစ်ပြီး ရှုချူက ကျားတစ်ကောင်လုပ်လိုက်မယ် ချောင်ပီက လက်တံတွေနဲ့ မကောင်းဆိုးဝါးဖြစ်ပြီး လုမန်က နဂါးသတ်တဲ့ လိုလီလေးလုပ်လိုက်မယ် အဆင်ပြေလား"

ဖေးချမ့်က သူ့ပေါင်ကို ထောင်းလိုက်ကာ ပြောလိုက်ပါသည်။ "ပြေတာပေါ့ကွ မာကြီး မင်းက ဉာဏ်ကြီးရှင်ပဲ။ မင်းသိလား။ အဲ့ပုံစံအတိုင်းသာ ဆက်လုပ်ကွာ။"

မာယန်က အစကတော့ သူ့အလုပ်ကို သံသယဖြစ်နေခဲ့သော်လည်း ဖေးချမ့်၏ ထောက်ခံချက်များက သူ့ယုံကြည်ချက်ကို တောက်လောင်သွားစေခဲ့သည်။

မာယန် သူ့အလုပ်ကို ဘယ်လောက်တောင် အတည်ပေါက် လုပ်နေသလဲမြင်ကာ ဖေးချမ့်၏ ရင်ထဲတွင် ပန်းများပွင့်လာခဲ့၏။

သူလူရွေးမမှားပါ။

ကျိုးကန်ကို နဂါးမလေး လုပ်ပြီး လုမန်ကို နဂါးသတ်လိုလီလေး လုပ်လိုက်မယ်တဲ့လား။

ဘယ်လောက်တောင် ပါရမီရှိလိုက်တဲ့ ပေါက်ကရကောင်လဲ။

ဒါမျိုးက ဖေးချမ့်တစ်ယောက်တည်းသာဆို ဘယ်တော့မှ စဥ်းစားမိမည့် အရာမျိုးဖြစ်ပါသည်။

အစကတည်းက အားကိုးလို့မရသည့် လိုအပ်ချက်များကို စျေးပေါပေါ ပုံဆွဲသူထံတွင် အပ်လိုက်ပါက ဂိမ်း၏ မူလဒီဇိုင်းပုံများမှာ ကြည့်ရှုချင်စရာ အကြောင်းမရှိတော့ပါ။

ဂိမ်မာတွေသာ ချောင်ပီ ကတ်ကို ရပြီး သူက ရေဘဝဲလက်တံများရှိသည့် မကောင်းဆိုးဝါးဆိုတာကို သိလိုက်ရလျှင်...

မာချောင်ကတ်ကို ရပြီး မြင်းတစ်ပိုင်း လူတစ်ပိုင်း ဖြစ်နေတာကို မြင်လိုက်ရလျှင်...

လုမန်ကတ်ကို ရပြီး ကြီးမြတ်တဲ့ စစ်သူကြီး တစ်ယောက်က နဂါးသတ် လိုလီလေးတစ်ယောက် ဖြစ်သွားတာကိုသာ သိလိုက်ရလျှင်...

သုံးပြည်ထောင် ဇာတ်လမ်းတွဲကို သဘောကျသည့် ပရိတ်သတ်များ ပေါက်ကွဲချင်စရာပဲ မဟုတ်ပါလား။

နိုင်ငံခြား ကြယ်ပွင့်တစ်ယောက်က တစ်ခါက ပြောခဲ့ဖူးသည်။ "ရာဇဝင်ထဲကို အခြေခံပြီး ရုပ်ရှင်တွေရိုက်တာက မူလရင်းမြစ်ကို အဆင်အခြင်မဲ့ ဖျက်ဆီးဖို့ မဟုတ်ဘူး။"

သို့သော်လည်း ဒါကတော့ တမင်တကာကို ဖျက်ဆီးဖို့ပဲ ဖြစ်သည်။ ဒီဂိမ်းသာ ထွက်လာပါက သုံးပြည်ထောင် ပရိတ်သတ်များ အဆုံးမသတ်နိုင်အောင် ဝေဖန််ဆဲဆို ကြလိမ့်မည်။

သူ့အနာဂတ် နောက်တစ်ခေါက် ပြန်လည် တောက်ပလာသည်ကို မြင်လိုက်ရသဖြင့် ယခင်က တွေဝေနေခဲ့ရသော နေ့ရက်များ ရှင်းလင်း ပျောက်ကွယ်သွားခဲ့ပါသည်။

ယွမ် ၃၀၀,၀၀၀ ရှုံးပြီး ယွမ် ၃၀၀,၀၀၀ ရတော့မည်။

ဖေးချမ့် သူ့ထံသို့ ချဥ်းကပ်လာသည့် လှပသော ဘဝတစ်ခုကို မြင်ယောင်နေပါသည်။

မာယန်က ဖောင်ကိုဖြည့်နေစဥ် အခွင့်ကောင်းယူပြီး ရင်းမြစ်ဝက်ဘ်ဆိုက်မှ ပုံဆွဲသူများကို ဖေးချမ့် ရှာဖွေလိုက်ပါသည်။

ESRO၏ ရင်းမြစ်ဝက်ဘ်ဆိုက်က ပြည်တွင်း ဂိမ်းများအတွက် ရင်းမြစ်များနှင့် လူအင်အားများအပါအဝင် စုစည်းပေးထားသည်။

ဒီဇိုင်နာဖြစ်ဖြစ်၊ ပုံဆွဲသူဖြစ်ဖြစ်၊ ပရိုဂရမ်မာ ဖြစ်ဖြစ်၊ ရင်းမြစ်ဝက်ဘ်ဆိုက်ပေါ်တွင် စျေးတစ်ခု သတ်မှတ်ကာ ဝန်ဆောင်မှုကို ပေးနိုင်ပါသည်။

ဝယ်သူများက အလွတ်တမ်း အလုပ်သမားများ၏ အရင်အလုပ်များကို စစ်ဆေးပြီး မြင်ရတာကို သဘောကျပါက ပူးပေါင်းဖို့ ဆွေးနွေးကြမည်ဖြစ်သည်။

ဥပမာအားဖြင့် ပုံဆွဲသူတစ်ယောက်ရဲ့ မူလ ပုံ ဘယ်လောက်ကို သူတို့ဝယ်ချင်သလဲ ဆိုတာမျိုးဖြစ်သည်။

ဖေးချမ့်က မူလပုံပန်းချီများတွင် ထူးချွန်သည့် ပုံဆွဲသူများကို စစ်ထုတ်လိုက်ပြီး ဖယ်ရှားသော လုပ်ငန်းစဥ်ကို ခပ်မြန်မြန် စတင်လုပ်ဆောင်တော့သည်။

နာမည်ကြီး ပုံဆွဲသူအားလုံး ဖယ်ရှားခံရ၏။

နာမည်နည်းနည်းကောင်းသည့် ပုံဆွဲသူအားလုံး ဖယ်ရှားခံရ၏။

ကိုယ်ပိုင် မူလပုံပန်းချီများကို တစ်ပုံ ၇၀၀ ယွမ်ဝန်းကျင်ဖြင့် ရောင်းချနေကြသော လူသစ်များအကြားထဲတွင်သာ ရှာဖို့ အာရုံစိုက်ထားသည်။

ပုံဆွဲသူမျိုးစုံ၏ ဥပမာမျိုးစုံကို မွှေနှောက် ရှာဖွေပြီးနောက် အားလုံးက ဆင်တူနေမှန်း ဖေးချမ့် နားလည်သွားသည်။

ရင်းမြစ်ဝက်ဘ်ဆိုက်ထဲ စတင်ဝင်ရောက်နိုင်ဖို့ အကာအရံတစ်ခုရှိသဖြင့် ကျပန်း ပုံဆွဲကျောင်းသားများ ပို့စ်တင်နိုင်သော နေရာတော့ မဟုတ်ပါ။

ESRO ၏ ဝန်ထမ်းများက စစ်ဆေးသည့် လုပ်ငန်းစဥ်တစ်ခုကို ဆောင်ရွက်သည်။ ထို့ကြောင့် ၎င်းတို့၏ ဝန်ဆောင်မှုကို တင်နို်ငသည့် လူသစ် ပုံဆွဲသူတိုင်းက အနည်းဆုံး ပုံဆွဲရာတွင် အခြေခံကောင်းကြသူများ ဖြစ်ပါသည်။

ဖေးချမ့်က ရှေ့တစ်ပြန် နောက်တစ်ပြန် ရှာဖွေပြီး နောက်ဆုံးတော့ ကိုယ်ရေးအချက်အလက်တွင် ပြစရာသိပ်မရှိသည့် လူသစ် ပုံဆွဲသူတစ်ယောက်ကို ရွေးချယ်လိုက်ပါသည်။

ထိုပုံဆွဲသူ၏ ကိုယ်ရေးအချက်အလက်တွင် ချစ်ဖို့ကောင်းသည့် 2D ဒီဇိုင်းများ ပါဝင်ပြီး လက်တွေ့ဆန်တာ ဘာမှမရှိပါ။

လက်တွေ့ကျသည့် ဒီဇိုင်းများအား ဆွဲသားခြင်းတွင် သိပ်မတော်ကြောင်း ရှင်းလင်းစွာ ပြသနေသော လက္ခဏာဖြစ်ပြီး ဖေးချမ့်အလိုချင်ဆုံးအရာလည်းဖြစ်၏။

"သူပဲ"

ဖေးချမ့် ချက်ချင်းဆုံးဖြတ်ချက် ချလိုက်ပါသည်။

သို့သော်လည်း ဖေးချမ့် ပုံဆွဲသူတစ်ယောက်တည်းနှင့် မပြီးနိုင်ပါ။ သူလိုချင်သည့် မူရင်းပုံများစွာ ရှိနေသောကြောင့် ဖြစ်ပါသည်။

တချို့ကတ်ဂိမ်းများကတော့ ၎င်းတို့၏ မူရင်းပုံများကို ပိုစတာတစ်ခုနဲ့ တူလောက်တဲ့အထိ အရမ်းလက်ရာမြောက်အောင် လိုချင်နေကြသည်။ ဒီလိုအရာမျိုးအတွက် အတွေ့အကြုံရှိ ပုံဆွဲသူတစ်ယောက်ကတောင် တစ်ပတ်လုံးလုံး အချိန်ယူဆောင်ရွက်ရသည်။

ဖေးချမ့်၏ လိုအပ်ချက်ကတော့ သူ့မူရင်းပုံအား မိုဘိုင်းစခင်ရင်ပေါ်က ကတ်တစ်ကတ်သာ ဖြစ်စေချင်သည်။ ထို့ကြောင့် အရည်အသွေးက အလွန် နိမ့်ကျသွားမည်။ သို့သော်လည်း ပုံဆွဲသူက တော်ပြီး အားစိုက်ထုတ်သည်ဆိုသည့် အခြေအနေများအောက်တွင်တောင် ပြီးဆုံးဖို့ နှစ်ရက်ဝန်းကျင်လောက် အချိန်ကြာနိုင်သည်။

ပြောရမည်ဆိုလျှင် အရည်အသွေးကို ဂရုမစိုက်ဘဲ တစ်လလုံးလုံး မနားမနေဆွဲသော ပုံဆွဲသူတစ်ယောက်က အများဆုံး မူရင်းပုံ ၁၅ ပုံဆွဲနိုင်သည်။

အမှန်ပင်။ ဖေးချမ့် ပုံ ၂၀၀ လိုချင်သည်ဟု ပြောတုန်းက မူရင်းပုံ ၂၀၀ ကိုဆိုလိုခြင်းမဟုတ်ပါ။

ဇာတ်ကောင်က ၅၀ သာရှိ၏။ တစ်ကောင်ချင်းစီတိုင်းက မတူညီသော ကြယ်ပွင့်များအလိုက် မူရင်းပုံ ၄ပုံစီရှိပါလိမ့်မည်။

ကျူးကောလျန့်ကိုပဲ ဥပမာယူကြည့်ပါ။ ကြယ် ၁ ပွင့်မှ ၄ ပွင့်အထိ အဆင့်တိုးမြင့်သွားသောအခါ တချို့အသေးစိတ်အရာနှင့် အထူးလုပ်ဆောင်ချက်များသာ ပြောင်းလဲသွားနိုင်သည်။ ဇာတ်ကောင်လုံးဝ ပြောင်းလဲသွားခြင်းမဟုတ်ပါ။

ထို့ကြောင့် ဇာတ်ကောင် တစ်ကောင်ချင်းစီတိုင်းက ၎င်းတို့၏ မူရင်းပုံ ၄ ပုံနှင့်ဆို ပြီးပြည့်စုံပါပြီ။

ဒီလိုဆိုရင်တောင် ဘေးအကင်းဆုံး ခန့်မှန်းရလျှင် အချိန်မှီ ပုံများပြီးဆုံးနိုင်အောင် ပုံဆွဲသူ ၇ ဦး ဝန်းကျင်ခန့် ဖေးချမ့် လိုအပ်ပါသည်။

ပုံဆွဲသူတစ်ယောက်နှင့် စျေးကို စတင်ညှိနှိုင်းပြီးမှ တခြားသူများကိုလိုက်ရှာဖို့ ဆုံးဖြတ်လိုက်ပါသည်။

"ဟိုင်း ကျွန်တော်တို့ ကုမ္ပဏီက မိုဘိုင်းကတ်ဂိမ်းတစ်ခု ထုတ်လုပ်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး ကျွန်တော်တို့ရဲ့ စိတ်ကြိုက်ပြင်ဆင် မူရင်းပုံတွေကို အမြောက်အများ ထုတ်လုပ်ချင်နေပါတယ်။ ခင်ဗျားနဲ့ စျေးနှုန်းတွေနဲ့ အချိန်အကန့်အသတ်တွေအကြောင်း ဆွေးနွေးချင်လို့ပါ။ စိတ်ဝင်စားရင် ကျေးဇူးပြုပြီး စာပြန်ပေးပါ"။

ဖေးချမ့်က ရွမ်ကွမ်းကျန့်ဟူသည့် ထိုပုံဆွဲသူအတွက် စာချန်ခဲ့ပါသည်။ မိနစ်ပိုင်းလောက် စောင့်နေခဲ့သော်လည်း တဖက်မှ စာမပြန်သဖြင့် လိုင်းပေါ်မရှိဟု ကောက်ချက်ချလိုက်ပါသည်။

မာယန်က လိုအပ်ချက်ဖောင်ကို နောက်နေ့လောက်မှ ပြီးနိုင်သဖြင့် ဖေးချမ့် အလျှင်မလိုသေးပါ။

အချိန်ကိုကြည့်လိုက်သောအခါ ညအချိန်တောင် ရောက်နေပြီဖြစ်ပြီး သူ့ဗိုက်ထဲလည်း အသံမြည်နေပါပြီ။

"မာကြီး ငါတို့ သွားစားကြမလား။"

ဖေးချမ့်က ကုတင်ပေါ်မှ ဆင်းလိုက်ပြီး အပေါ်ဘက် ကုတင်ရှိ မာယန်ကို ကြည့်လိုက်သည်။

မာယန်က ကီးဘုတ်ကိုနှိပ်ရင်း သူ့ဖန်တီးနိုင်စွမ်းကို ညှစ်ထုတ်နေဆဲဖြစ်ပါသည်။ လိုအပ်ချက် ဖောင်တွင် စာလုံးများစွာဖြင့် ပြည့်နှက်နေလေပြီ။

"... မင်းအဲ့လောက်ကြီး အပြင်းအထန် လုပ်ဖို့ မလိုပါဘူးကွာ။ သွားစားကြရအောင်" ဖေးချမ့်က ပြောလိုက်၏။

မာယန်က အလုပ်ထဲ စိတ်နစ်နေသော်လည်း သူလည်း ဗိုက်ဆာနေသဖြင့် ကုတင်ပေါ်မှ ခုန်ဆင်းလိုက်သည်။

"ကန်တင်းမှာလား" မာယန်က မေးလိုက်၏။

ဖေးချမ့်က ခေါင်းခါပြီး ရင်ဘတ်ကို ပုတ်လိုက်သည်။ "မဟုတ်ဘူး။ ဒီနေ့အပြင်ထွက်စားကြရအောင်။ ငါကျွေးမှာ"

၁၀ မိနစ်ကြာသောအခါ။

ဆိုင်ဝန်ထမ်းက သူတို့နှစ်ယောက်စလုံးရှေ့တွင် ခေါက်ဆွဲပြုတ်တစ်ပန်းကန်နှင့် ကြက်ဥ ထမင်းကြော် တစ်ပွဲကို တည်ခင်းပေးလိုက်ပါသည်။

Continue Reading

You'll Also Like

47.5K 3.7K 23
အခုခေတ်ရဲ့ B@d@ssက နှောင်းပိုင်းခေတ်ကို ရောက်သွားတဲ့အခါ...
133K 23K 108
နဂါးကျွန်း ဆိုတဲ့ app ကို ဒေါင်းလုခ် လုပ်ပြီး သားပေါက်လေးတွေကို အရူးအမူး ပျိုးထောင် ပေးပြီးတဲ့နောက် ထိုဂိမ်းထဲက သားပေါက်လေးတွေ ဆီ ကူးပြောင်းရောက်ရှိသ...
247K 14.8K 40
My priority /property/privacy