သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ...

By Miracle_Phyu97

40.8K 3.2K 33

မိတ်ဆက် ငါ တကယ် ပိုက်ဆံဆုံးရှုံးချင်တယ် T_T အကောင်းဆုံး သူဌေး၊ စီးပွားရေးလောက၏ အရွယ်နှင့်မလိုက်အောင် ထူးချွန်... More

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Ch-31
Ch-32
Ch-33
Ch-34
Ch-35/36
Ch-37/38
Ch-39/40
Ch-41/42
Ch-43/44
Ch-45/46
Ch-47/48
Ch-49/50
Ch-51/52
Ch-53/54
Ch-55/56
Ch-57/58
Ch-59/60
Ch-61/62
Ch-63/64
Ch-65/66
Ch-67/68
Ch-69/70
Ch-71+72
Ch-73+74
Ch-75+76
Ch-77+78
Ch-79+80
Ch-81+82
Ch-83+84
Ch-85+86
Ch-87+88
Ch-89+90
Ch-91+92
Ch-93+94+95
Ch-96+97+98
Ch-99+100
Ch-101+102
Ch-103+104+105
Ch-106+107+108
Ch-109+110
Ch-111/112
Ch-113/114
Ch-115/116
Ch-117/118
Ch-119/120
Ch-121/122
Ch-123/124
Ch-125/126
Ch-127/128
Ch-129/130
Ch-131/132
Ch-133/134
Ch-135/136
Ch-137/138
Ch-139/140
Ch-141/142
Ch-143/144
Ch-145/146
Ch-147/148
Ch-149/150
Ch-151/152
Ch-153/154
Ch-155/156
Ch-157/158
Ch-159/160
Ch-161/162
Ch-163/164
Ch-165/166
Ch-167/168
Ch-169/170
Ch-171/172
Ch-173/174
Ch-175/176
Ch-177/178
Ch-179/180

Ch-13

497 44 0
By Miracle_Phyu97

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ် (ဖေးချမ့်)

အခန်း(၁၃) ငွေသုံးခြင်း

ဆုံးဖြတ်ချက် ချပြီးပြီဆိုတာနဲံ ဖေးချမ့် ESRO ၏တရားဝင် ရင်းမြစ်ဝက်ဘ်ဆိုက်ထဲ ဝင်ရောက်ကာ မိုဘိုင်းကတ်ဂိမ်း နမူနာများကို စတင် ရှာဖွေလေသည်။

သိပ်မကြာလိုက်ဘဲ တစ်ခု တွေ့သွား၏။

ဒါက သုံးပြည်ထောင်ကတ်ဂိမ်း၏ နမူနာ မဟုတ်ပါ။

သုံးပြည်ထောင် ကတ်ဂိမ်းက ကတ်ဂိမ်းအမျိုးအစားများ၏ ရှေ့ဆောင်လမ်းပြဖြစ်ပြီး စျေးကွက်ထဲတွင် ရေပန်းအစားဆုံး မိုဘိုင်းဂိမ်းအမည်ဖြစ်သည်။ ဒါက ငွေဝင်ပေါက်ကြီးတစ်ခုဖြစ်ပြီး ကုမ္ပဏီက သူတို့ ကိုယ်ပိုင်ဂိမ်း နမူနာကို ရောင်းချရလောက်သည်အထိ တုံးအမည်မဟုတ်ပါ။

သို့သော်လည်း တချို့လူများလည်း မလုပ်နိုင်ပါဟု မဆိုလိုပါ။

ရေပန်းစားနေသော ကတ်ဂိမ်းအမျိုးအစားထဲသို့ ခုန်ဝင်လာကြသည့် တခြား ဂိမ်းကုမ္ပဏီများဖြစ်သည်။ သူတို့ ကိုယ်တိုင် ကုဒ်များကို ရေးသားထားသော်လည်း ဂိမ်းကစားပုံ ကစားနည်းကို သုံးပြည်ထောင်ဂိမ်းထံမှ တုပထားခြင်းဖြစ်သည်။

သို့သော်လည်း ထိုကုမ္ပဏီများက ဂိမ်းဖြင့် ငွေရှာဖို့ မအောင်မြင်ခဲ့သဖြင့် ရွေးချယ်စရာ မရှိတော့ဘဲ ၎င်းတို့၏ ကိုယ်ပိုင်ဂိမ်းကို ပြုပြင်ပြောင်းလဲပြီး ရင်းမြစ် ဝက်ဘ်ဆိုက်တွင် တင်ကာ နမူနာအဖြစ် ရောင်းချဖို့သာ ရှိတော့သည်။ တချို့ အရှုံးများကို ပြန်လည်ရရှိနိုင်အောင်ဟူသည့် မျှော်လင့်ရင်းဖြစ်ပါသည်။

ဖေးချမ့်က တွေ့ခဲ့သည့် နမူနာမှာ မအောင်မြင်ခဲ့သည့် ကော်ပီဂိမ်းတစ်ခုမှ ဆင်းသက်လာခြင်းဖြစ်သည်။

"မအောင်မြင်တဲ့ ပစ္စည်းပေါ့လေ။ ကြိုက်ပြီကွာ။"

ဒါက ဖေးချမ့်အတွက် လက္ခဏာကောင်း ဖြစ်ပါသည်။

ဂိမ်းကစားပုံ စနစ်ကို စစ်ဆေးကြည့်ဖို့အတွက် နှိပ်ကြည့်လိုက်သည်။

၂၀၀၈ ခုနှစ် ကတ်ဂိမ်းများ နာမည်ကြီးလာစဥ် ကာလကတည်းက သုံးပြည်ထောင် ကတ်ဂိမ်းမှာ Update များစွာ တင်ခဲ့ပြီး ဂိမ်းကစားပုံကို အဆင့်မြှင့်တင်ခဲ့သည်။

သို့သော်လည်း ဒီနမူနာက အလွန်ရှေးကျလွန်းပြီး အဆင့်များ၊ အလိုလျောက်ကစားခြင်းများ၊ ပြိုင်ကွင်းများ စသဖြင့် အခြေခံ ရွေးချယ်မှုများသာ ပါသည်။

ကစားပုံအသစ်ဟူသည် ဘာဆိုဘာမှ မရှိခဲ့ပါ။

ဂိမ်းတစ်ခုလုံးက ထုတ်ပြလို့ပင် မရသည့် အခြေအနေဖြစ်နေပါသည်။

ဖေးချမ့် သဘောကျတာလည်း ဒါပဲဖြစ်၏။

ဒါက သူ့စိတ်ကူးထဲက ကတ်ဂိမ်း နမူနာပဲ ဖြစ်သည်။ ပျော်စရာကောင်းသည့် အချက်များက ဂိမ်းကစားပုံထဲတွင် ဘာမှ  ထူးခြားမနေပါ။

စျေးနှုန်းကို သူကြည့်လိုက်၏။ ၁၀၀,၀၀ တဲ့။

"... ဘာလို့ ယွမ် ၁၀၀,၀၀၀ တည်းလဲ"

ယခု စျေးကိုတော့ သူသိပ်ပြီး သဘောမကျလှပါ။ စျေးပေါလွန်းပါသည်။

(၁၅၀,၀၀၀ လုပ်လိုက်ရင်တောင် ငါဝယ်မှာပါကွ)

သို့သော် ပြန်တွေးကြည့်လိုက်သောအခါ ကားမောင်းဂိမ်း နမူနာက ၂၀,၀၀၀ သာပေးရသည်။ ကတ်ဂိမ်းနမူနာများက ပိုမိုရှုပ်ထွေးပြီး ပြည့်စုံသော ကစားနည်း စနစ်များ ပါဝင်သော်လည်း ၁၀၀,၀၀၀ ကစျေးမနည်းပါ။

ဖေးချမ့်က ဒေါင်းလုတ်ပမာဏကို ကြည့်ခြင်းအားဖြင့် သူယခင်က ဝယ်ဖူးသည့် ကားမောင်း ဂိမ်းနမူနာထက် အများကြီး ပိုနည်းမှန်း ပြောနိုင်ပါသည်။

ဒါကို ကြည့်ခြင်းအားဖြင့် ဒီနမူနာက မတန်တဆ စျေးဖြစ်နေပြီး လက်တွေ့လည်း မကျသည်ကို မြင်နိုင်သည်။

ဖေးချမ့် ဆက်ပြီး လက်မတွန့်တော့ပါ။ ဝယ်ခဲ့ပါသည်။

ဒါက သူသဘောကျသည့် မတန်တဆ စျေး ပစ္စည်းမျိုးဖြစ်သည်။ စနစ်၏ သတိပေးခြင်းကို မခံရဘဲ ငွေကို အရှုံးပေါ်စေမည့် ပစ္စည်းမျိုးဖြစ်သည်။

နမူနာကို ဝယ်ယူပြီးနောက် ယခုသူ့တွင် ဂိမ်းကစားပုံ အခြေခံများ ရှိနေပြီဖြစ်ပြီး နောက်တစ်ဆင့်က အနုပညာအရင်းအမြစ်များ ထပ်ထည့်ဖို့ဖြစ်သည်။

အသုံးပြုသူမျက်နှာပြင် (ယူအိုင်)၊ တိုက်ပွဲလုပ်ဆောင်ချက် များနှင့်၊ ကတ်ရုပ်လုံးပုံများ စသဖြင့်တို့ ပါဝင်သည်။

ဒါတွေအပြင် နောက်ခံတီးလုံးနှင့် အသံလုပ်ဆောင်ချက် များကိုလည်း ဝယ်ရပြီး Cloud ဝန်ဆောင်မှုကိုလည်း ငှားရမ်းရဦးမည်ဖြစ်သည်။ ဒါတွေအားလုံးက ငွေထွက်ပေါက်များဖြစ်ကြ၏။

အများစုကတော့ အနုပညာရင်းမြစ်များ ဝယ်ယူဖို့ဖြစ်ပါသည်။

ဖေးချမ့် စဥ်းစားကြည့်ပြီးပါပြီ။ ၃၀,၀၀၀ ကို နောက်ခံတီးလုံးနှင့် အသံလုပ်ဆောင်ချက် များအတွက် စုထားမည်။ တခြား ကုန်ကျစရိတ်များအတွက် ၁၀,၀၀၀ ချန်ထားပြီး ကျန် ၁၆၀,၀၀၀ ဝန်းကျင်ကိုတော့ အနုပညာအရင်းအမြစ်တွင် အသုံးချမည်ဖြစ်သည်။

၁၆၀,၀၀၀။ ဒါက နည်းလည်းမနည်း များလည်း မများသော ပမာဏဖြစ်သည်။

သို့သော်လည်း ဖေးချမ့်က သူ့ အနုပညာအရင်းအမြစ်အတွက် ဘာကိုရွေးချယ်ရမလဲ မစဥ်းစားကြည့်ရသေးပါ။

ကတ်ဂိမ်းများက ဒီဇိုင်းများပြောင်းလဲရာတွင် အသင့်တော်ဆုံး ဖြစ်ပါသည်။

သို့မဟုတ် ကတ်ဂိမ်းများအတွက် ဒီဇိုင်းက အရေးကြီးဆုံး ဖြစ်သည်ဟု ပြောနိုင်ပါသည်။

ထို့ကြောင့် ဒီဇိုင်းက အရေးကြီးလွန်းတာ ဖြစ်တာကြောင့်ပဲ ဖေးချမ့် ထိုဒီဇိုင်းကို စုတ်ပြတ်အောင် ဖန်တီးရပါမည်။

သို့သော်လည်း တမင်သက်သက် အကျည်းတန်အောင် လုပ်ဖို့အောင် အဆင်မပြေပါ။

အဘယ့်ကြောင့်ဆိုသော် အဆင့်နိမ့်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများကို သူဝယ်ယူလို့ မရဟု စနစ်က သတ်မှတ်ထားသောကြောင့်ဖြစ်ပါသည်။

၁၆၀,၀၀၀ လောက်သုံးပြီး ၆၀,၀၀၀ လောက်သာ တန်သည့် အနုပညာအရင်းအမြစ်များကိုသာ ရလိုက်ပါက စနစ်က သူ့ကို အလွတ်ပေးမည်မဟုတ်ပေ။

လက်ခံနိုင်သည့် ဝန်ဆောင်မှုများကို ဝယ်ယူရမည်။ စံနှုန်းတချို့ကို ခွင့်ပြုထားသော်လည်း အရမ်းကြီး အစွန်းရောက်လို့တော့ မဖြစ်ပေ။

ဖေးချမ့် ဦးနှောက်စားရမည့် အချိန်ရောက်လေပြီ။

ဂိမ်မာတွေ သေချာပေါက် သဘောမကျမယ့် အနုပညာအရင်းအမြစ် ကောင်းကောင်းတွေကို ဘယ်လို ဝယ်ယူရမလဲ။

ရှင်းရှင်းလေးပါ။ ဂိမ်မာများ လက်ခံစရာ မကောင်းသည့် ရှုပ်ထွေးသည့် ဒီဇိုင်းမျိုးကို အနုပညာ ဖန်တီးသူတွေကို လုပ်ခိုင်းလိုက်ရုံပဲ မဟုတ်လား။ ဒါဆို အဆင်မပြေနိုင်ဘူးလား။

အဓိက အချက်က အနုပညာကို ဖန်တီးရာတွင် လိုအပ်ချက်များဖြစ်သည်။

ဖေးချမ့်က ဒီကဏ္ဍနှင့်ပတ်သက်ပြီး သူ့အစွမ်းအစများကို သိပ်ပြီး ယုံကြည်ချက် မရှိပါ။ ဘာပဲဖြစ်ဖြစ် ကန္တာရ အထီးကျန် လမ်းမ၏ ကျရှုံးမှု အတွေ့အကြုံကြောင့် သူ့ကိုယ်ပိုင် အစွမ်းအစကို စတင်သံသယဖြစ်လာပြီ ဖြစ်ပါသည်။

ဒါက မာယန်ကို အသုံးချရမည့် အပိုင်းဖြစ်သည်။

ဖေးချမ့်က အနုပညာအရင်းအမြစ် လိုအပ်ချက်များအတွက် ဝက်ဘ်ဆိုက်မှာ အထွေထွေသုံးနိုင်သော နမူနာတစ်ခုကို ဒေါင်းလုတ်ဆွဲခဲ့သည်။

လိုအပ်ချက်ဖောင်ထဲတွင် ကိုယ်လိုချင်သသည့် အနုပညာရင်းမြစ် အရွယ်အစားများနှင့် ရိုးရှင်းသည့် ဖော်ပြချက်တချို့ကို ဖြည့်ရပါမည်။

ယေဘုယျအားဖြင့် အနုပညာအရင်းအမြစ် နှစ်မျိုးရှိသည်။ ပထမ အမျိုးအစားက မူလ ဒီဇိုင်းဖြစ်သည်။ ဒါက ပိုစျေးကြိးပြီး အနုပညာ ဖန်တီးသူများ၏ တောင်းဆိုချက်လည်း ပိုများသည်။ ပိုမိုလှလှပပ ဆွဲသားရမည်ဖြစ်သောကြောင့် လိုအပ်ချက်များက အသေးစိတ်ကျရပါမည်။

နောက်ထပ် ရင်းမြစ်တစ်မျိုးက ယူအိုင် နှင့် အထူးလုပ်ဆောင်ချက်များ စသည်တို့ကို ဆိုလိုပါသည်။

ရင်းမြစ်ဝက်ဘ်ဆိုက် တစ်လျှောက်လုံးတွင် ဆင်တူညီပြီး အသုံးပြုနိုင်သောာ အနုပညာအရင်းအမြစ်များစွာ ရှိပါသည်။

သို့သော်လည်း ပေါ့ပေါ့တန်တန် ပြင်ဆင်ထားသည့် အရာမျိုးကိုတော့ ဖေးချမ့် စိတ်တိုင်းမကျပါ။ သူ့ပိုက်ဆံကို ဘယ်လိုလုပ် ဒီလို သုံးစွဲနိုင်မည်နည်း။

ထို့ကြောင့် အနုပညာအရင်းအမြစ်အားလုံးကို စိတ်ကြိုက် ပြုလုပ်ရပါမည်။

ဖေးချမ့်က ပထမဆုံး ယူအိုင်၊ အထူးလုပ်ဆောင်ချက်များနှင့် အရေးသိပ်မပါသည့် အနုပညာအရင်းအမြစ်များကို စာရင်းပြုစုလိုက်ပြီး ရိုးရှင်းသည့် လိုအပ်ချက်များ တချို့ကို ဖြည့်လိုက်ပါသည်။

ကြည့်လို့ မိုက်ရမည်၊ သုံးပြည်ထောင်နောက်ခံ သမိုင်းနဲ့ လိုက်ဖက်ရမည်။

ဒါတွေအားလုံးက မသဲမကွဲ ဖော်ပြချက်များ ဖြစ်သည်။

နောက်ဆုံး ထုတ်ကုန်ကို ဘယ်လိုပုံစံမျိုး လိုချင်သလဲဆိုတာကတော့...

ဖေးချမ့် ဂရုမစိုက်ပါ။ အနုပညာ ဖန်တီးသူများက စိတ်ကြိုက်လုပ်နိုင်ပါသည်။

ထို့နောက် ဖောင်ကို မာယန်ထံသို့ လွှဲပေးလိုက်၏။

ထိုအချိန်တွင် မာယန်က နိုးနေပြီးသားဖြစ်ပါသည်။

သို့သော်လည်း စာအုပ်ထူထူကြီးကို နောက်ထပ် ၂ မိနစ်လောက် ဖတ်ပြီး ပြန်အိပ်ပျော်သွားတော့မည့် ပုံစံပေါက်နေပါသည်။

ဖေးချမ့် သူ့ကို ဖောင်ပေးလိုက်သောအခါ မာယန်က ပြန်တက်ကြွသွားပြီး သူ့စာအုပ်ကိုဘေးသို့ ပစ်ကာ အပေါ်ကုတင်ပေါ်မှ ငုံ့ကြည့်ပြီး တီးတိုးပြောလိုက်၏။ "ငါတို့ အလုပ်စကြတော့မှာလား"

ဖေးချမ့်က ခေါင်းငြိမ့်ပြလိုက်ပါသည်။ "ဖောင်ကိုဖြည့်လိုက်။ မင်းစိတ်ကူးကို အသုံးချပြီး ရဲရဲတင်းတင်းသာ ဖြည့်လိုက်စမ်းပါ"

မာယန်က စိတ်အားထက်သန်စွာ ခေါင်းငြိမ့်လိုက်ပါသည်။ "ကိစ္စမရှိဘူး"

သူ့အလုပ်အပေါ် စိတ်အားထက်သန်မှုက တောက်လောင်နေပါပြီ။

မာယန်က ဖောင်ကိုကြည့်လိုက်သည်။ အနုပညာအရင်းအမြစ် လိုအပ်ချက် ဖောင်တစ်ခုဖြစ်ပြီး သူဖြည့်ဖို့ လိုအပ်သည့် အပိုင်းများစွာ ရှိပါသည်။ သို့သော်လည်း အဓိကအချက်က ဇာတ်ကောင်များ၏ မူလပုံစံကို ဖော်ပြရမည့် လိုအပ်ချက်ဖြစ်သည်။

ဖေးချမ့်က နောက်ခံအကြောင်းကို ဆုံးဖြတ်ပြီးသားဖြစ်သည်။ သုံးပြည်ထောင်ခေတ်ကို အခြေခံပါမည်။

သုံးပြည်ထောင်ခေတ်တွင် ဇာတ်ကောင် အရေအတွက်က သိပ်မများပါ။ ဖေးချမ့်က ဇာတ်ကောင် ၅၀ စာရင်းပြုစုထားပြီး ၁၅ ကတ်က ရှားပါးကတ်များဖြစ်သည်။ ၂၅ ကတ်က သာမန်ထက် ကောင်းသော ကတ်များဖြစ်ကြပြီး ၁၀ ကတ်ကတော့ သာမန်ကတ်များဖြစ်ကြ၏။

မူလပုံစံ၏ စျေးအရ ကွဲများမှု ကြီးကြီးမားမား ရှိပါသည်။ စျေးပေါတာက ၈၀၀ ယွမ် ဝန်းကျင်ရှိပြီး စျေးကြီးတာက ၅,၀၀၀ ယွမ်ဝန်းကျင်ရှိပါသည်။

ဒုတိယ သို့မဟုတ် တတိယ အဆင့်ရှိ မြို့တော်တစ်ခုက အနုပညာ ကျောင်းတစ်ကျောင်းကိုသွာားပြီး ကျောင်းသားတစ်ယောက်ကို သွားရှာပါက တစ်ပုံကို ၁၀၀ ယွမ်ဖြင့် ဆွဲခိုင်းနိုင်သည်။

နာမည်ကျော် ပုံဆွဲဆရာတစ်ယောက်ကို ဆွဲခိုင်းချင်ပါက ၈,၀၀၀ ယွမ်လောက် ကုန်ကျလည်း မထူးဆန်းပါ။

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ပေးတာနဲ့ တန်တာသာ ရမည်။

ဖေးချမ့်က သေချာပေါက် သူ့ဂိမ်းပုံများကို ဆွဲပေးဖို့ နာမည်ကျော် ပုံဆွဲဆရာတစ်ယောက်ကို ငှားမည်မဟုတ်ပေ။ သူ့ကို ငွေပိုသုံးနိုင်အောင် အကူအညီဖြစ်စေတောင် မလုပ်ပါ။

ထိုနာမည်ကျော် ပုံဆွဲဆရာများကြောင့် ဂိမ်းပိုနာမည်ကြီးသွားနိုင်ခြေရှိသည်။

ထို့နည်းတူစွာ ပုံတစ်ပုံကို ၅,၀၀၀ ယွမ်စီ သုံးခြင်းက သူ့ကို ပိုက်ဆံအများကြီး ကုန်စေမှာ မှန်သော်လည်း ဂိမ်မာတွေက ဒီလို မူလပုံတွေကို သဘောကျသွားရင် ဘယ်လိုလုပ်မည်နည်း။

နောက်ဆုံးတော့ ဒီဇိုင်းပိုင်းက အရေးအကြီးဆုံးဖြစ်သည်။ သူ့အနုပညာ ပုံများက ကောင်းလွန်းနေလျှင် ဂိမ်းဘယ်လောက်ပဲ စုတ်ပြတ်နေပါစေ ပိုက်ဆံ ရနိုင်သေးသည်။

ထို့ကြောင့် ဖေးချမ့်က စျေးပေါပေါ မူလပုံများကိုသာ ဝယ်ယူဖို့ ဆုံးဖြတ်လိုက်ပါသည်။

သူပိုက်ဆံ ပိုသုံးချင်ပါက ပိုဝယ်လိုက်ရုံပဲရှိသည်။

ဇာတ်ကောင် ၅၀ ဖြင့်ဆို ဇာတ်ကောင်၏ Level နှင့် ကြယ်အဆင့်ကို အဆင့်မြှင့်တင်လိုက်သောအခါ မတူညီသည့် ဇာတ်ကောင် စတိုင်များ ပြောင်းလဲသွားအောင်လည်း လုပ်နိုင်သည်။

ဇာတ်ကောင် ၅၀ တွင် Level တက်သွားသောအခါ တစ်ကောင်ချင်းစီ၌ မတူညီသော ပြောင်းလဲမှု ၄ မျိုးရှိခြင်းနှင့် ညီမျှ၏။

ဇာတ်ကောင်တိုင်းအား ပုံသေစျေး ၃,၀၀၀ နှင့်တွက်ပြီး မတူညီသော ပြောင်းလဲမှု ၄ ခုနှင့် မြှောက်လိုက်သောအခါ ၁၅၀,၀၀၀ ဖြစ်သွားမည်ဖြစ်သည်။ ဖေးချမ့်က ပြီးပြည့်စုံစွာ ခန့်မှန်းလိုက်ခြင်းဖြစ်ပါသည်။

ဘာပဲဖြစ်ဖြစ် အသစ်စတင်မည့် ကတ်ဂိမ်းများအတွက် မော်ဒယ်များ မလိုအပ်သေးဘဲ သူ့ကုန်ကျစရိတ်ကို သက်သာသွားစေသည်။

သို့သော်လည်း တကယ့်စျေးနှုန်းအမှန်ကိုတော့ တစ်ဖက်က ကမ်းလှမ်းရမည်ဖြစ်ပါသည်။ ဖေးချမ့် ခန့်မှန်းလိုက်တာက အကြမ်းဖျင်းသာဖြစ််၏။

မာယန် ဇဝေဇဝါဖြစ်သွားခဲ့သည်။ အကုန်လုံးကို ပုံသေ သတ်မှတ်ပြီးပြီဆိုရင် သူ့တာဝန်က ဘာလုပ်ရမှာလဲ။

ဖေးချမ့်၏ မှတ်ချက်ကို သေချာ ကြည့်ပြီးနောက် သူနားလည်သွားသည်။

သူ့အလုပ်များက မူရင်းများကို စုတ်ပြတ်အောင်လုပ်ပြီး ပြုပြင်ဖို့ပဲဖြစ်ပါသည်။

တစ်နည်းအားဖြင့် သူ့ဖန်တီးနိုင်စွမ်းကို ညှစ်ထုတ်ပြီး ထိုဇာတ်ကောင် ၅၀ စလုံး၏ ဒီဇိုင်းများကို ဖျက်ဆီးပစ်ဖို့ ဖြစ်သည်။ မှတ်တောင် မမှတ်မိနိုင်တော့လျှင် အကောင်းဆုံး ဖြစ်ပါသည်။

Continue Reading

You'll Also Like

74.6K 5K 27
အခုခေတ်ရဲ့ B@d@ssက နှောင်းပိုင်းခေတ်ကို ရောက်သွားတဲ့အခါ...
887K 17.6K 83
ကောင်မလေးကိုချစ်ပါသည်။
2.4M 176K 35
Myanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲ​ဖော်ဟာ တစ်ထပ်တည်းကျ​သောအခါဝယ် 8.2.2023 ___ 8.4.2023