သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ...

By Miracle_Phyu97

38.8K 3K 33

မိတ်ဆက် ငါ တကယ် ပိုက်ဆံဆုံးရှုံးချင်တယ် T_T အကောင်းဆုံး သူဌေး၊ စီးပွားရေးလောက၏ အရွယ်နှင့်မလိုက်အောင် ထူးချွန်... More

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Ch-31
Ch-32
Ch-33
Ch-34
Ch-35/36
Ch-37/38
Ch-39/40
Ch-41/42
Ch-43/44
Ch-45/46
Ch-47/48
Ch-49/50
Ch-51/52
Ch-53/54
Ch-55/56
Ch-57/58
Ch-59/60
Ch-61/62
Ch-63/64
Ch-65/66
Ch-67/68
Ch-69/70
Ch-71+72
Ch-73+74
Ch-75+76
Ch-77+78
Ch-79+80
Ch-81+82
Ch-83+84
Ch-85+86
Ch-87+88
Ch-89+90
Ch-91+92
Ch-93+94+95
Ch-96+97+98
Ch-99+100
Ch-101+102
Ch-103+104+105
Ch-106+107+108
Ch-109+110
Ch-111/112
Ch-113/114
Ch-115/116
Ch-117/118
Ch-119/120
Ch-121/122
Ch-123/124
Ch-125/126
Ch-127/128
Ch-129/130
Ch-131/132
Ch-133/134
Ch-135/136
Ch-137/138
Ch-139/140
Ch-141/142
Ch-143/144
Ch-145/146
Ch-147/148
Ch-149/150
Ch-151/152
Ch-153/154
Ch-155/156
Ch-157/158
Ch-159/160
Ch-161/162
Ch-163/164
Ch-165/166
Ch-167/168
Ch-169/170
Ch-171/172
Ch-173/174
Ch-175/176
Ch-177/178
Ch-179/180

Ch-11

528 41 0
By Miracle_Phyu97

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်

အခန်း(၁၁) ခံယူချက် ပြောင်းလဲခြင်း

မာယန်က ပစ္စည်းများကို ထုပ်ပိုးပြီး အနီးအနားရှိ စာအုပ်ဆိုင်တစ်ဆိုင်တွင် ဂိမ်းဒီဇိုင်းနှင့် ပတ်သတ်သည့် နည်းပညာစာအုပ်များကို သွားရှာသည်။

မာယန် စာအုပ်ဘယ်နှအုပ် ဝယ်နိုင်မလဲ ဖေးချမ့် မသိသော်လည်း စာအုပ်ဆိုင်အရေအတွက်ကို ကြည့်ခြင်းအားဖြင့် အနည်းငယ်တော့ ရနိုင်ပါသည်။

တကယ်တော့ ဒီအချိန်ကာလတွင် အွန်လိုင်း ရှော့ပင်း ပလက်ဖောင်းများ ရှိနေပြီဖြစ်ပြီး စာအုပ်စာပေကို အထူးပြုသည်း ဝက်ဘ်ဆိုက်များလည်း အပါအဝင်ဖြစ်သည်။

သို့သော်လည်း လူအများစုက ထိုပလက်ဖောင်းများကို အသားမကျသေးပေ။ တကယ်တော့ တချို့သင်ယူနိုင်စွမ်းနှေးသော ကျောင်းသားများမှာ အင်တာနက်ဘဏ် ဝန်ဆောင်မှုကိုတောင် မလျှောက်ထားနိုင်ကြပါ။

မာယန်က သင်ယူနိုင်စွမ်းနှေးကွေးပြီး၊ ရှေးရိုးဆန်သည့် ကျောင်းသားအုပ်စုထဲတွင် ပါဝင်သည်။ စာအုပ်များကိုဝယ်သည့်အခါ သူ့ပထမဆုံးရွေးချယ်မှုက စာအုပ်ဆိုင်တစ်ဆိုင်သို့ အပြေးသွားပြီး အကြောင်းအရာများ ပါသည့် စာမျက်နှာကို လှန်ကြည့်ကာ လိုချင်မလိုချင် ဆုံးဖြတ်သည်။

အမှန်ပင်။ ထိုအလေ့အထက လာမည့် နှစ်အနည်းငယ်အတွင်း ကြီးမားသော ပြောင်းလဲမှုများကြောင့် ပျက်ပြယ်သွားပါတော့မည်။

ဖေးချမ့်က အိပ်ယာပေါ် ပြန်တက်ကာ လက်ပ်တော့ကို ဖွင့်လိုက်၏။ ဘာဆက်လုပ်ရမလဲ စဥ်းစာလိုက်၏။

မွန်းတည့်ချိန်တွင် မာယန် ပြန်ရောက်လာသည်။

စာအုပ်ရှစ်အုပ်လောက် ပြန်သည်လာပြီး အထူဆုံး စာအုပ်က လက်ချောင်းနှစ်ချောင်းစာ အထူရှိသည်။ ၂၀၀ မီလီမီတာ ရှည်ပြီး နာမည်က အဆင့်မြင့် ပရိုဂရမ်းမင်းပညာ အကျဥ်းချုံးဟူ၍ ဖြစ်သည်။

ထို့အပြင် ကုဒ်ရေးခြင်းပညာတွင် ရှင်သန်ခြင်းလမ်းညွှန်၊ ပရိုဂရမ် စီမံခြင်းပညာ စုစည်းမှု၊ ကုဒ်ရေးခြင်း ပညာအတွက် ပြီးပြည့်စုံသော လမ်းညွှန်နှင့် လည်ပင်း ဝေဒနာမှ ပြန်လည်သက်သာခြင်း စသဖြင့် စာအုပ်များလည်း ပါဝင်သည်။

လုံလုံလောက်လောက် ရရှိခဲ့သည်ဟု မာယန် ခံစားမိပါသည်။

မာယန်ယူလာသည့် စာအုပ်များကို လှန်ကြည့်ရင်း ဖေးချမ့်၏ အကြည့်က နောက်ဆုံးတော့ လည်ပင်းဝေဒနာမှ ပြန်လည်သက်သာခြင်းလမ်းညွှန်ဟူသည့် စာအုပ်ထံသို့ ရောက်သွာသည်။

(ဒီကောင် တော်တော် စေ့စေ့စပ်စပ်ကို ပြင်ဆင်ထားတာပဲ။)

(လည်ပင်းဒဏ်ဖြစ်မှာကိုတောင် ကြိုတွေးထားတာလား)

(ဒါပေမယ့် ပရိုဂရမ်မာတွေ ရင်ဆိုင်ရတဲ့ အကြီးမားဆုံး ပြဿနာက လည်ပင်းဒဏ်မဟုတ်ဘူးကွ။ အလုပ်တွေ သေမတတ် ဖိစီးတာ။)

(ပြီးတော့ မင်းက ပရိုဂရမ်မာ လုပ်ရမှာလည်း မဟုတ်ဘူးလေ။)

အစကတော့ မာယန်၏ အလုပ်အပေါ် စိတ်အားထက်သန်မှုကို မြင်ပြီး သူလူရွေးမှားပြီဟု ဖေးချမ့် ထင်ခဲ့မိ၏။

သို့သော်လည်း မာယန်ရွေးလာသည့် စာအုပ်များကို မြင်လိုက်ရသောအခါ ဖေးချမ့် သေချာသွားခဲ့ပါသည်။

မာယန်က သံသယဖြစ်စရာမလိုအောင် သူ့အတွက် အကောင်းဆုံး ပါတနာဖြစ်ပါသည်။

ဒီလိုစာအုပ်တွေ ပြန်ယူလာဖို့အတွက်နဲ့ ဒီလောက်ဝေးတဲ့ စာအုပ်ဆိုင်တွေကိုသွားခဲ့တာကိုပဲ ကြည့်ပါဦး။

စာအုပ်တွေက အသုံးမဝင်လို့လား။ ဟုတ်တော့ မဟုတ်ပါ။ ၎င်းတို့က အနည်းငယ်တော့ ဆက်နွယ်မှုရှိပါသည်။

သို့သော် အသုံးမဝင်တာကိုတော့ အသုံးဝင်ပါသည်ဆိုပြီး ဇွတ်ငြင်းလို့ မရပါ။

သဲထဲရေသွန်ဖြစ်ရသည့် ဥပမာတစ်ခုဖြစ်သည်။

ဖေးချမ့် မာယန်၏ ပုခုံးကို ပုတ်လိုက်သည်။ "မာယန် ငါတို့လုပ်မှာက ဒီဇိုင်းဆွဲမှာလေ၊ ပရိုဂရမ်းမင်းမဟုတ်ဘူး။"

"ပြီးတော့လည်း ခုခေတ်ဂိမ်းတွေ အကုန်လုံးက ဂိမ်းအယ်ဒီတာတွေ သုံးပြီး လုပ်ထားတာ ဆိုတာ မင်းသိလား"

"ပြီးတော့ နည်းပညာက ဆက်တိုက်တိုးတက်နေပြီး အရမ်းမြန်မြန် ပြောင်းလဲနေတာ။ ဒီစာအုပ်ထဲက နည်းပညာတွေကလည်း ဒိတ်အောက်နေပြီး အသုံးဝင်မှာမဟုတ်ဘူးကွ"

မာယန်၏ မျက်နှာ အရောင်အဆင်း ကင်းမဲ့သွားရ၏။ "အဲ့တာကြောင့် စာအုပ်ဆိုင်တွေမှာ ဘာလို့ ဒစ်စကောင့်ချထားတာလဲလို့ စဥ်းစားနေတာ။ ရောင်းမထွက်လို့ကိုး။"

"ငါစာအုပ်ဆိုင်ထဲ အကြာကြီး လျှောက်ကြည့်ပါသေးတယ်။ ဒါပေမယ့် ဂိမ်းဒီဇိုင်းနဲ့ ပတ်သက်တဲ့ စာအုပ်တစ်အုပ်မှ ရှာမရဘူးကွ။ ဒါတွေပဲ ရှာတွေ့ပြီး ဒစ်စကောင့် ချထားတာဆိုတာ နည်းနည်း ဝယ်လာလိုက်တာ"

"ငါတို့ဘာလုပ်ကြမလဲ။ ဒစ်စကောင့် ချထားတဲ့ စာအုပ်တွေအတွက် ငွေပြန်တောင်းလို့မရဘူးလေ။"

မာယန် ဗြောင်းဆန်သွားပါသည်။

သို့သော်လည်း ဖေးချမ့်ကတော့ လုံးဝ စိတ်အေးနေကာ ပြုံးလိုက်ပါသည်။ "ရပါတယ် အရေးကြီးတာက အားစိုက်ထုတ်ခဲ့ရတာပဲလေ။ ဒီစာအုပ်တွေဝယ်ပြီး အလကားဖြုန်းတီး မပစ်သင့်ဘူးလို့ ထင်ရင် မင်းဖတ်ကြည့်လို့ရတာပဲ။ ဘာပဲဖြစ်ဖြစ် အကူအညီ တချို့တော့ ဖြစ်မှာပါ"

ထိုစကားကြားခါမှ မာယန် စိတ်အေးသွားပါသည်။ "မင်းကော ဖတ်ချင်လား။ ငါတို့ တစ်လှည့်စီ ဖတ်တာပေါ့"

ဖေးချမ့်၏ မျက်နှာ မှောင်မိုက်သွားပြီး လက်ကို အမြန်ခါလိုက်ပါသည်။ "တော်-တော်ပါပြီ ရပါတယ်။"

ဘယ်သူက ဒီစာအုပ်တွေကို ဖတ်ချင်မှာလဲ။ ခေါင်းအုံးဖို့ သုံးရင်တောင် မာတောင့်တောင့်တွေ ဖြစ်နေမှာကို။

အိပ်ယာပေါ်တွင်လှဲလိုက်ပြီး မာယန် အထူဆုံးစာအုပ်ဖြစ်သည့် အဆင့်မြင့် ပရိုဂရမ်းမင်း အကျဥ်းချုပ်ကို ဖွင့်ကြည့်လိုက်ပါသည်။

ငါးမိနစ်လောက်ကြာသောအခါ သူ့အိပ်ယာပေါ်မှ ဟောက်သံများ ထွက်လာခဲ့ပါသည်။

ဖေးချမ့် ကျေနပ်သွားသည်။

ဟုတ်ပြီ။ အားကိုးရတယ်ကွာ။

အကျင့်စရိုက်ကို ကြည့်ပါဦး အမှတ် ၁၀၀ အပြည့်ပဲ။

အစွမ်းအစကို ကြည့်ပါဦး အမှတ် ၀။

ဒါမျိုးက သူခက်ခက်ခဲခဲ ရှာဖွေနေခဲ့ရသည့် ဒီဇိုင်နာမျိုးပဲ မဟုတ်လား။

ဒီလိုပါရမီမျိုးရှိသူထဲမှာ မာယန်တစ်ယောက်ကိုပဲသိတာ ဖေးချမ့် နှမြောမိပါသည်။

နည်းနည်းလောက် ထပ်ရှိပါက ဖေးချမ့် ပြိုင်ဘက်ကင်း ဖြစ်သွားနိုင်ပါသည်။ ငွေ ၃၀၀,၀၀၀ အရှုံးပေါ်ဖို့က အလွန်အမင်း လွယ်ကူသွားနိုင်ပါသည်။

...

ဖေးချမ့်က ESRO ၏တရားဝင် ဂိမ်းအယ်ဒီတာကိုဖွင့်လိုက်ပြီး ဒေါင်းလုတ်ထောင်ချီ တက်နေဆဲဖြစ်သည့် အထီးကျန် ကန္တာရလမ်းကို လျစ်လျူရှုကာ နောက်ထပ် ပရောဂျက်အတွက် စတင်လေ့လာလေသည်။

ထို့အပြင် အထီးကျန်ကန္တာရလမ်းဂိမ်းက ကစားနည်းကို စိတ်ဝင်စားဖို့ကောင်းအောင် အကျိုးပြုစေမည့် ဘာပညာသားမှ မပါသော ဂိမ်းတစ်ခုဖြစ်ပါသည်။

ဖေးချမ့်၏ အရင်ဘဝတုန်းကလည်း ထိုကဲ့သို့ ဥပမာမျိုးရှိခဲ့ပါသည်။ အရည်အသွေးလည်းနိမ့်၊ ဒီဇိုင်းကလည်း ကြမ်းတမ်းပြီး ပျင်းဖို့လည်းကောင်း၊ ရိုးရှင်းသည့် ကစားနည်းများဖြင့် ဂိမ်းများက ထူးခြားသည့် အကြောင်းပြချက် တချို့ကြောင် နာမည်တဟုန်ထိုး တက်သွားတတ်ကြသည်။

သို့သော် ဒါမျိုးက ရှားပါးဖြစ်စဥ်များ ဖြစ်ကြပြီး နာမည်တူ ရာချီဂိမ်းများတွင် တချို့ကသာ ဒီလိုအဖြစ်မျိုးနှင့် ကြုံရလေ့ရှီသည်။

ဖေးချမ့်လည်း ဒီလိုအဖြစ်မျိုးနှင့် ကြုံရလိမ့်မည်ဟု ထင်မထားခဲ့ပါ။

မကြာခင် ရောက်လာမည့် အချိန်တွင် အထီးကျန် ကန္တရာလမ်း၏ ရေပန်းစားမှုက သေချာပေါက် ၎င်း၏ ဒေါင်းလုတ်အရေအတွက်နှင့် ဝင်ငွေတို့နှင့်အတူ ကျဆင်းသွားမည်ဖြစ်သည်။ ဒါက သာမန်ပဲဖြစ်ပါသည်။

သို့သော်လည်း ကျသည်ဖြစ်စေ မကျသည် ဖြစ်စေ၊ ဒီလိုဂိမ်းမျိုးကြောင့် ငွေရရှိခဲ့သည် ဟူသည့် အချက်က ဖေးချမ့် စိတ်ဓာတ်အကျဆုံးဖြစ်ပါသည်။

နာကျင်စရာကောင်းသော သူ့အတွေ့အကြုံကို ပြန်စဥ်းစားရင်း ဖေးချမ့်က သူ့ခံယူချက်ကို ပြောင်းလဲရတော့မည်ဟု ဆုံးဖြတ်လိုက်ပါသည်။

ဒီတစ်ခေါက် ဂိမ်းအနိမ့်စားများ ထပ်မလုပ်တော့ပါ။ သူပြောင်းလဲမှဖြစ်မည်။

အတိုချုံးပြောရလျှင် ဂိမ်မာများက အထီးကျန် ကန္တာရလမ်း ဂိမ်းဖြင့် ထန်ဒါ နက်ခ်ဝါ့နည်းပညာ ကုမ္ပဏီလိမိတက်ကို သိလာကြမည်ဖြစ်သည်။

ဖေးချမ့်က ခက်ခဲသည့် ရွေးချယ်စရာ နှစ်ခုနှင့် ရင်ဆိုင်နေရ၏။

အထီးကျန်ကန္တာရလမ်းလိုပဲ အောင်မြင်မှုနှင့် တစ်ထေရာတည်းတူသည့် နောက်ထပ် ဂိမ်းစုတ် တစ်ခုကို ဖန်တီးလိုက်နိုင်ခြေရှိသည်။ နာမည်က အရင်ကလောက်အထိ မကြီးသော်လည်း အမြတ်ငွေလေး နည်းနည်းလောက် ရရုံနှင့် ဖေးချမ့်အတွက် စိတ်ဓာတ်ကျစရာ ရိုက်ချက်ဖြစ်သွားနိုင်ပါသည်။

သို့မဟုတ် သာမန် ဂိမ်းအနိမ့်စား တစ်ခုကို ဖန်တီးနိုင်၏။ ... သို့သော် ဂိမ်မာများက အဆင်ပြေသည့် အရည်အသွေးဟု ထင်ကာ ဝယ်သွားနိုင်သည့် အခြေအနေလည်း ရှိနေသည်။

ဒီလိုဆို ဆိုးရွားပါလိမ့်မည်။

ထို့အပြင် ၃၀၀,၀၀၀ စလုံးကို အနိမ့်စား ဂိမ်းတစ်ခုအတွက် အသုံးချဖို့က တော်တော်လေး ခက်ခဲနိုင်၏။

အဲ့ဒီ ယွမ် ၃၀၀,၀၀၀ ကို အပြောင်သုံးနိုင်ဖို့ နမူနာနဲ့ အနုပညာရင်းမြစ်တွေက ဘယ်လောက်များ စျေးကြီးနေလို့လဲ။

ထို့အပြင် စျေးကြီးသည့် အနုပညာ ရင်းမြစ်များကို ဝယ်ယူပြီး ဂိမ်းကိုလှပအောင် လုပ်လိုက်နိုင်ပါက လှည့်ပတ်ကြည့်ရှုသည့် အုပ်စုများကို ဆွဲဆောင်နိုင်သွားပြီး နောက်တစ်ခေါက် ထပ်ရှုံးနိမ့်သွားနိုင်ပါသည်။

ထို့ကြောင့် အများကြီး စဥ်းစားချင့်ချိန်ပြီးနောက် အနိမ့်စားဂိမ်းများကို သဘောကျသည့် ဂိမ်မာများအတွက် လက်လျှော့ပြီး နောက်ထပ် အမျိုးအစားတစ်ခု ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်ပါသည်။

ယွမ် ၃၀၀,၀၀၀ က ဂိမ်းကြီးတစ်ဂိမ်းကို လုပ်ဖို့လောက်အထိလည်း မလုံလောက်ပါ။

ဖေးချမ့်၏ ရည်ရွယ်ချက်က ငွေဆုံးရှုံးဖို့ ဖြစ်သော်လည်း နောက်ဆုံးတွင်တော့ နောက်ဆုံး ထုတ်ကုန်ကို ဖန်တီးမှ ဖြစ််ပါလိမ့်မည်။

ဂိမ်းက စစ်ဆေးခြင်း လုပ်ငန်းစဥ်ကို မအောင်မြင်ဘဲ စနစ်ရန်ပုံငွေ ၃၀၀,၀၀၀ အား ဘာမှမရလိုက်ဘဲ သုံးစွဲလိုက်မိပါက စနစ်က စည်းကမ်းချိုးဖောက်မှုတစ်ခုအဖြစ် သတ်မှတ်သွားနိုင်သည်။

ထို့ကြောင့် ပိုက်ဆံကိုလည်းသုံး ဂိမ်းကိုလည်း ဖန်တီးနိုင်မှ ဖြစ်ပါလိမ့်မည်။

ဖေးချမ့်က တရားဝင်ဂိမ်းပလက်ဖောင်းတွင် မွှေနှောက်ရှာဖွေက နောက်ဆုံးတော့ ပန်းတိုင်ကို ဆုံးဖြတ်ချက်ချလိုက်ပါသည်။

မိုဘိုင်းဖုန်းဂိမ်းတွေ။

သူ့မှာ ရွေးချယ်စရာလည်း သိပ်တော့မရှိပေ။ ပထမဆုံး ဂိမ်းကြီးတစ်ခုကို ဖန်တီးဖို့လောက်အထိ ပိုက်ဆံလုံလုံလောက်လောက် မရှိပါ။ ဒုတိယက အချိန်တိုအတွင်း အနိမ့်စားဂိမ်းများကို ဖန်တီးဖို့ သူ့အတွက် မသင့်တော်ပါ။

မိုဘိုင်းဂိမ်းနဲ့ အနိမ့်စားဂိမ်း ဂိမ်မာများက မတူညီသော အုပ်စုနှစ်ခုဖြစ်ပါသည်။

အနိမ့်စား ဂိမ်မာများက ထန်းတာ့ကုမ္ပဏီကို စိတ်ဝင်စားသဖြင့် ဂိမ်းသစ်ကို လာကြည့်နိုင်လောက်သည်။ သို့သော် မိုဘိုင်းဂိမ်မာများကတော့ မတူပါ။

မိုဘိုင်းဂိမ်းတစ်ခုက တော်တော်လေး စုတ်ပြတ်နေလျှင် ဘယ်သူမှ စိတ်ဝင်စားကြမှာမဟုတ်မှန်း ဖေးချမ့် သေချာပါသည်။

လမ်းကြောင်းကို ဆုံးဖြတ်ပြီးသွားသောအခါ စျေးကွက်သုတေသနလုပ်ဖို့ အချိန်ဖြစ်သည်။

ဖေးချမ့်က တရားဝင် ဂိမ်းပလက်ဖောင်းထဲ ဝင်ကာ ရေပန်စားသည့် မိုဘိုင်းဂိမ်းအားလုံးကို ကြည့်လိုက်သည်။ တချို့ နာမည်အကြီးဆုံး ဂိမ်းများကို ဒေါင်းပင် ဒေါင်းကြည့်ပြီး ကိုယ်တိုင် ကစားကြည့်လိုက်၏။

အရင်ကတည်းက သူသတိထားမိသော အချက်ဖြစ်သော်လည်း မိုဘိုင်းဖုန်းများနှင့် ပတ်သက်လာလျှင် ဒီအပြိုင်ကမ္ဘာက သူ့ယခင်ဘဝထက် အများကြီး ပိုအဆင့်မြင့်နေသလိုပင်။

Continue Reading

You'll Also Like

14.1K 1.4K 13
ဦးက ကျွန်တော့်ကို မုန်းတဲ့ အမုန်းတွေနဲ့ လှောင်ပိတ်နေသလို ဖြစ်နေတာ...။ ကျွန်တော်ကို လှောင်ပိတ်ထားသလိုနဲ့ တကယ်တမ်းတော့ ကျွန်တော့်ပျံသန်းမှု ဟန်ချက်မပ...
247K 14.8K 40
My priority /property/privacy
237K 31.4K 81
' အေးစက်တဲ့ မြွေဘုရင်ကြီးကို လက်ထပ်ဖို့ ဖိအားပေးခံ ရတယ် ' ( Forced to marry the cold snake king) 被迫男扮女裝嫁給冰冷蛇王 Original Author - 茶茶花開 Chapter -53 comp...