သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ...

By Miracle_Phyu97

38.7K 3K 33

မိတ်ဆက် ငါ တကယ် ပိုက်ဆံဆုံးရှုံးချင်တယ် T_T အကောင်းဆုံး သူဌေး၊ စီးပွားရေးလောက၏ အရွယ်နှင့်မလိုက်အောင် ထူးချွန်... More

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Ch-31
Ch-32
Ch-33
Ch-34
Ch-35/36
Ch-37/38
Ch-39/40
Ch-41/42
Ch-43/44
Ch-45/46
Ch-47/48
Ch-49/50
Ch-51/52
Ch-53/54
Ch-55/56
Ch-57/58
Ch-59/60
Ch-61/62
Ch-63/64
Ch-65/66
Ch-67/68
Ch-69/70
Ch-71+72
Ch-73+74
Ch-75+76
Ch-77+78
Ch-79+80
Ch-81+82
Ch-83+84
Ch-85+86
Ch-87+88
Ch-89+90
Ch-91+92
Ch-93+94+95
Ch-96+97+98
Ch-99+100
Ch-101+102
Ch-103+104+105
Ch-106+107+108
Ch-109+110
Ch-111/112
Ch-113/114
Ch-115/116
Ch-117/118
Ch-119/120
Ch-121/122
Ch-123/124
Ch-125/126
Ch-127/128
Ch-129/130
Ch-131/132
Ch-133/134
Ch-135/136
Ch-137/138
Ch-139/140
Ch-141/142
Ch-143/144
Ch-145/146
Ch-147/148
Ch-149/150
Ch-151/152
Ch-153/154
Ch-155/156
Ch-157/158
Ch-159/160
Ch-161/162
Ch-163/164
Ch-165/166
Ch-167/168
Ch-169/170
Ch-171/172
Ch-173/174
Ch-175/176
Ch-177/178
Ch-179/180

Ch-9

602 48 0
By Miracle_Phyu97

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်

အခန်း(၉) ပါရမီရှိတဲ့ ငဒူ

တနင်္လာနေ့ဖြစ်ပြီး ဂိမ်းပလက်ဖောင်း၏ အမြတ်ငွေ ခွဲဝေခြင်းနှင့် စနစ်၏ ငွေစာရင်းရှင်းမည့် နေ့ရက်လည်းဖြစ်သည်။

ဖေးချမ့်အတွက် သူမျှော်လင့်စောင့်စားရမည့် နေ့တစ်ရက်ဖြစ်သင့်သော်လည်း အခုတော့ ဘာအဓိပ္ပာယ်မှ မရှိတော့ဘဲ ငိုတောင် ငိုချင်နေပါပြီ။

အစက သူ့အပိုင်ဖြစ်ရမည့် ယွမ် ၅၀,၀၀၀ အခုတော့ မရှိတော့ပါ။

သို့သော်လည်း ဖြစ်ဖို့ကံပါလာတာကတော့ ဖြစ်ပါလိမ့်မည်။

ဖေးချမ့် စနစ်ကို ဆင့်မခေါ်ပါ။ သို့သော် မျက်နှာပြင်က သူ့ရှေ့တွင် အလိုလျောက် ပေါ်လာ၏။ ငွေစာရင်းရှင်းမည့် နေ့ဖြစ်သောကြောင့် ဖြစ်နိုင်ပါသည်။

[ စည်းစိမ် အလဲအထပ် စနစ် ]

[ ပိုင်ရှင် : ဖေးချမ့် ]

[ အမြတ်ငွေ အလဲအထပ် အချိုး ၁၀၀ : ၁၊ အရှုံးငွေ အလဲအထပ် အချိုး ၁ : ၁ ]

[ ငွေစာရင်းရှင်းခြင်း စတင်နေပါပြီ ... ]

[ စနစ်ရန်ပုံငွေ : ၁၂၅,၄၆၃.၅ (⬆️၇၅,၄၆၃.၅) ]

[ ကိုယ်ပိုင်စည်းစိမ် : ၁၅၃ ယွမ် ]

[ ငွေစာရင်းရှင်းမှု ဆောင်ရွက်နေပါပြီ ... ]

[ အလဲအထပ် ဆောင်ရွက်နေပါပြီ ... ]

[ စနစ်ရန်ပုံငွေ : ၁၂၅,၄၆၃.၅ ]

[ ကိုယ်ပိုင်စည်းစိမ် : ၉၀၇.၆ (⬆️၇၅၄.၆) ]

ဂဏန်းနှစ်လုံးကို မြင်သောအခါ ဖေးချမ့် ငါးသေတစ်ကောင်လို အိပ်ယာပေါ် ပြန်လဲသွားကာ အိပ်မက်တွေ အကုန်ဆုံးရှုံးလိုက်ရသလို လှဲလျောင်းနေမိ၏။

နှစ်ပတ်အတွင်း ဂိမ်းအား ကော်ပီ ၂၀၀,၀၀၀ ကျော်ရောင်းချနိုင်ခဲ့သည်။

ဒါက တခြား ဂိမ်းဖန်တီးသူများအတွက် တစ်သက်လုံး ဆုတောင်းကာ အိပ်မက်မက်ရသည့် တာထွက်တစ်ခု ဖြစ်နိုင်သည်။

သို့သော်လည်း ဖေးချမ့်အတွက်တော့ အိပ်မက်ဆိုးတစ်ခုက လွဲပြီး ဘာမှမဟုတ်ပါ။

မျက်နှာပြင်တွင် မက်ဆေ့အသစ်များ ဆက်ပေါ်နေဆဲဖြစ်သည်။

[ နောက်ထပ်ငွေစာရင်း ရှင်းမည့်နေ့ : ၃၀ ရက်အလို ]

[ စနစ်ရန်ပုံငွေကို ဖြည့်သွင်းပါမည်။ ပန်းတိုင် ပမာဏ : ၃၀၀,၀၀၀ ]

[ ဖြည့်သွင်းနေပါသည် : ၁၇၄,၅၃၆... ]

[  စနစ်ရန်ပုံငွေ ဖြည့်သွင်းခြင်း ပြီးဆုံးသွားပါပြီ ]

[ စနစ်ရန်ပုံငွေ : ၃၀၀,၀၀၀ ]

[ ကိုယ်ပိုင်စည်းစိမ် : ၉၀၇.၆ ]

ထိုဂဏန်းများကို မြင်လိုက်ရသောအခါ ဖေးချမ့်တစ်ယောက် မျှော်လင့်ချက်အားလုံးကို ဆုံးရှုံးသွားသော လူသေတစ်ယောက်နှင့် မခြားနားတော့ပေ။

အနာကို ဆားဖြင့်ပွတ်၊ ရေနစ်သူ ဝါးကူထိုး၊ မီးလောင်ရာ လေပင့်နေသလို ဖြစ်နေခဲ့သည်။

ယွမ် ၇၀,၀၀၀ က ငွေစာရင်းရှင်းပြီးသွား၍ ယွမ် ၇၀၀ ဖြစ်သွားတာနဲ့တင် ဖေးချမ့် ယူကျုံးမရ ဖြစ်နေပါပြီ။

သို့သော်လည်း သူရရှိလိုက်သည့် အပိုငွေလေးကို နောက်တစ်ချီတွင် ထပ်မံ ရင်းနှီးမြှုပ်နှံလိုက်လျှင် ပို၍ကြီးမားသော အရှုံးနှင့် ရင်ဆိုင်ရနိုင်သည်ဟု ကိုယ့်ကိုယ်ကို နှစ်သိမ့်လိုက်ပါသည်။

သို့သော် စာရင်းရှင်းပြီးသည့် အခါတိုင်း စနစ်ရန်ပုံငွေက တိကျသည့် ပမာဏတစ်ခုရှိကြောင်း ဖေးချမ့် သိခဲ့ရ၏။

ထိုပမာဏထက် နည်းသွားပါက စနစ်က ဖြည့်သွင်းပေးသွားလိမ့်မည်။

ပထမတစ်ချီတုန််းက စနစ်ရန်ပုံငွေအတွက် အနည််းဆုံး ပမာဏမှာ ၅၀,၀၀၀ ဖြစ်သည်။ ဒုတိယ အချီက ၃၀၀,၀၀၀ ဖြစ်၏။ ဆိုလိုရင်းက ဖေးချမ့်၏ လက်ရှိ စနစ်ရန်ပုံငွေမှာ ၁၀,၀၀၀ လောက်ဖြစ်ဖြစ် ၂၉၀,၀၀၀ လောက်ဖြစ်ဖြစ် ၃၀၀,၀၀၀ အောက်လျော့ကျသွားပါက ၃၀၀,၀၀၀ အဖြစ်ပြန်လည် ဖြည့်သွင်းပေးသွားမည် ဖြစ်သည်။

ထို့ကြောင့် အရင်ငွေစာရင်းမရှင်းခင်တုန်းက သူမြတ်သည်ဖြစ်စေ ရှုံးသည့်ဖြစ်စေ နောက်တစ်ချီအတွက် တာထွက်ရန်ပုံငွေကို သက်ရောက်မှု ရှိစေမည် မဟုတ်ပေ။ သူ့ ၅၀,၀၀၀နှင့် ၃၀၀,၀၀၀ ကျော်ရသွားရင်တော့ မပြောနိုင်ပါ။

လောလောဆယ် သူငွေဘယ်လောက်တောင် ဆုံးရှုံးသွားသလဲ မတွက်ချက်နိုင်တော့ဘဲ နှလုံးသား နာကျင်မှုထဲတွင်သာ နစ်မြုပ်နေခဲ့၏။

"အကောင်းဘက်က ကြည့်ရရင် ငါ့မှာ ထပ်ဆောင်းဝင်ငွေ ယွမ် ၇၀၀‌ ကျော် ရလိုက်ပါတယ်။ အဲ့လောက်ဆို ငါ့ဘဝကို နည်းနည်းလေးတော့ အထောက်အကူပြုမှာပါ..."

ဖေးချမ့်က စနစ်ရန်ပုံငွေ ၃၀၀,၀၀၀ ကိုကြည့်ရင်း တံတွေးမျိုချနေမိ၏။

ထိုပမာဏကို သူဆန္ဒရှိသမျှ ထုတ်မသုံးနိုင်တာ စိတ်ပျက်ဖို့ ကောင်းပါသည်။

သူ့ဘဏ်အကောင့်ငွေကို အွန်လိုင်းပေါ်တွင် စစ်ကြည့်လိုက်သောအခါ ထပ်ဆောင်းအပိုငွေ ၇၅၄.၆ ယွမ်ရှိနေသည်ကို ဖေးချမ့် မြင်လိုက်ရပါသည်။ စနစ်ထဲတွင် ပြသထားသည့် ဂဏန်းနှင့် တိတိကျကျ ကိုက်ညီမှုရှိ၏။

သို့သော်လည်း ငွေပြောင်းငွေလွှဲ မှတ်တမ်းတော့ မရှိပါ။ သူ့ဘဏ်အကောင့်ငွေက အလိုလျောက် ပြောင်းလဲသွားသလိုပင်။

စနစ်က ဘယ်လို အလုပ်လုပ်သလဲ ဖေးချမ့် အကြမ်းဖျင်း နားလည်သွား၏။

စနစ်၏ အစွမ်းက ကုမ္ပဏီနှင့် သူ့ကိုယ်ပိုင် အကောင့်၏ ငွေများကို ပြောင်းလဲနိုင်စွမ်းဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်မှ၊ သို့မဟုတ် မည်သည့် အဖွဲ့အစည်းကိုမှ သံသယမဖြစ်စေအောင် ဆောင်ရွက်ပေးခြင်းဖြစ်သည်။

စနစ်က ဖြန့်ဝေပေးထာသော စဦး ယွမ် ၅၀,၀၀၀ မှာ ထန်းတာ့နက်ခ်ဝါ့နည်းပညာ ကုမ္ပဏီလိမိတက်၏ အကောင့်ထဲတွင် သိမ်းထားခဲ့သည်။ ကုမ္ပဏီ၏ ဘော့စ်ဖြစ်သဖြင့် ဖေးချမ့်က ငွေကို အသုံးချပြီး မည်သည့် လုပ်ငန်းတွင်မဆို ရင်းနှီးမြှုပ်နှံနိုင်ပါသည်။

သို့သော်လည်း စည်းကမ်းဖောက်ဖျက်မှု တစ်ခုကို ပြုလုပ်မိပါက -- ဥပမာအားဖြင့် စနစ်ရန်ပုံငွေကို စားသောက်ဖို့အတွက်သော်လည်းကောင်း၊ ကိုယ်ရေးကိုယ်တာ သုံးစွဲစရိတ်များအတွက်သော်လည်းကောင်း အသုံးချလိုက်ပါက စနစ်က ငွေကိုပြန်ယူကာ လက်ရှိ စည်းစိမ် အလဲအထပ် ရသတ္တပတ်ကို ရပ်တန့်ပစ်လိုက်နိုင်သည်။ သို့မဟုတ် ဖေးချမ့်နှင့် အဆက်အသွယ်ပင် ဖြတ်သွားနိုင်၏။

စနစ်က စည်းကမ်းများကို အဆုံးအဖြတ်ပေးသူဖြစ်သော်လည်း ၎င်းက သာမန်လက်တွေ့ စည်းကမ်းများအတိုင်း လိုက်နာကျင့်သုံးပါသည်။

ဥပမာအားဖြင့် အစားအသောက်များအတွက် သုံးစွဲခြင်း တူသော်လည်း ကုမ္ပဏီတွေ့ဆုံပွဲများ သို့မဟုတ် လှုပ်ရှားမှုများကို ခွင့်ပြုထားသည်။ သို့သော် ဖေးချမ့်က သူ့မိတ်ဆွေများအား ကျွေးမွေးပြုစုခြင်းကဲ့သို့ လုပ်ရပ်များကိုတော့ တားမြစ်ထားသည်။

ဂိမ်း၏ အမြတ်ငွေကို တွက်ချက်ပြီးသောအခါ ဂိမ်းပလက်ဖောင်းမှ ရရှိလိုက်သော ငွေအား ကုမ္ပဏီ၏ အကောင့်ထဲသို့ ပို့ပေးလိမ့်မည်။ တခြား ဂိမ်းကုမ္ပဏီများလည်း ထိုနည်းလည်းကောင်း ဖြစ်၏။

သို့သော်လည်း ဖေးချမ့်ကတော့ ဆန္ဒရှိသလို ဖြုန်းမပစ်နိုင်ပါ။

စနစ်၏ ငွေစာရင်းရှင်းစဥ်အချိန်တွင် စနစ်က ဖေးချမ့်၏ ဘဏ်အကောင့်ငွေကို ကုမ္ပဏီ၏ ငွေကြေး ပြောင်းလဲမှုများအပေါ်အခြေခံပြီး သူ့ကိုယ်ပိုင်စည်းစိမ်၏ အလဲအထပ် အချိုးအရ ပြောင်းလဲပေးမည်ဖြစ်သည်။

ထိုပိုက်ဆံကိုမှ ဖေးချမ့်က စနစ်၏ ထိန်းချုပ်မှုကို မခံရဘဲ လွတ်လွတ်လပ်လပ် သုံးနိုင်လိမ့်မည်။

"နောက်တစ်ခေါက် ငွေရှင်းမှာက နောက်တစ်လနေရင်ပဲ"

"မဖြစ်ဘူး။ ဒီတစ်ချီတော့ ၃၀၀,၀၀၀ စလုံးကို အပြောင်အရှုံးပေါ်အောင် ရှင်းဖို့နည်းလမ်းတစ်ခု ရှာမှဖြစ်မယ်။ တစ်ပြားတောင် မကျန်စေရဘူး။"

ဖေးချမ့်က သူ့အိပ်ယာပေါ်မှ ဆတ်ခနဲထလိုက်ပြီး ကွန်ပျူတာပေါ်တွင် "အရှုံးပေါ်အောင် လုပ်နည်း" ဟုစတင် ရှာဖွေလိုက်ပါသည်။

ရလဒ်များကတော့ "အရှုံးမပေါ်အောင် လုပ်နည်း" ဟူသည့် အကြောင်းအရာများသာ။

"သောက်စုတ်ပလုပ် Qiandu။"

ဖေးချမ့်က မချိတင်ကဲ မျက်နှာဖြင့် မော့ကြည့်လိုက်ပါသည်။

"နေ့လည်ခင်း အတန်းမရှိဘူးဟေ့။ လာကြ ဂိမ်းဆော့ဖို အချိန်ရောက်ပြီ။"

တစ်ယောက်ယောက် အော်လိုက်ပြီး အဆောင်ထဲက လူတွေကလည်း တစ်ယောက်ပြီးတစ်ယောက် တုန့်ပြန်လာကြ၏။

မာယန်က အပေါ်ကုတင်ပေါ်မှ သူ့ခေါင်းကို အောက်ပြူကာ ထပ်ပြောလိုက်ပါသည်။ "ယောက်ဖချမ့်။ မင်းလာမှာလား။ မင်းငါတို့နဲ့ဂိမ်းမဆော့တာ တော်တော်ကြာနေပြီနော်။ မင်းမျက်မှောင်ကြုတ်နေတဲ့ ပုံကြီးကလည်းကွာ... မဟုတ်မှလွဲရော အချစ်ရေးပြဿနာများ တက်နေတာလား"

မင်းမေကြီးတော်ကို အချစ်ရေးပြဿနာလား။

ဒါက အချစ်ရေးပြဿနာထက် အများကြီး ပိုအရေးကြီးတယ်ကွ။ ငါ့ ယွမ် ၅၀,၀၀၀ ငါ့ဆီကနေ လွင့်သွားပြီ။

ဖေးချမ့် စိတ်ရှုပ်ခံပြီး ဘာမှလည်း ပြန်မပြော၊ ရှင်းလည်း ရှင်းမပြနိုင်တော့ပါ။

စနစ်က ဖေးချမ့်တခြားသူများကို စနစ်၏ တည်ရှိမှုအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ထုတ်ပြောပြလို့ မရဟု စည်းကမ်းတစ်ခုထုတ်ထားသည်။ တကယ်တော့ စနစ်ရှိနေနိုင်သူဟု တခြားသူများကို သံသယဖြစ်ခွင့် ပေးလို့ပင်မရပါ။

"ဟုတ်ပါပြီ။ မင်းတို့ကောင်တွေနဲ့ ဒီနေ့ တစ်ချီလောက် ကစားမယ်" ဖေးချမ့်က ကွန်ပျူတာ ဖွင့်လိုက်ပြီး Gods Rising ကို ဖွင့်လိုက်ပါသည်။

အရင်တုန်းက သူလေ့လာပြီးသားဖြစ်သည်။ Gods Rising က DOTA နှင့်ဆင်တူသည်။ အကောင်းကြီးမဟုတ်ဘဲ အဆိုးကြီးလည်း မဟုတ်ပါ။

ဖေးချမ့်၏ အနာဂတ် အမြင်များဖြင့်ဆို အဆောင်သားများကြားထဲတွင် စကေး အဆင့် တစ်ဆင့်နှစ်ဆင့်လောက် ပိုမြင့်နေနိုင်၏။

မာယန်က ရွှင်မြူးသွားသည်။ "ယောက်ဖ ချန် လာပြီဟေ့။ ငါတို့သေချာပေါက် ဟိုဘက် အဆောင်က ကောင်တွေကို အနိုင်ယူကြမယ်။"

သိပ်မကြာခင် အဆောင်တစ်ခုလုံး ကီးဘုတ်နှင့် မော့စ်  ကလစ်သံများဖြင့် ပြည့်နှက်သွားပြီး တစ်ခါတစ်ရံ ပေါက်ကွဲဆူညံသံများကိုပင် ကြားရပါသည်။

"ကောင်းတယ်။"

"မိုက်တယ်ဟေ့။"

"ကြွားနေပြီ။ တစ်ယောက်ယောက်တော့ ကြွားနေပြီ။"

"မာယန် မင်းဘယ်မှာလဲဟ"

"မာကြီး အဖွဲ့လိုက်ချတိုင်း မင်းဘာလို့ အမြဲတမ်းမရှိတာလဲ။ Creeps တွေကို လောဘကြီးမနေစမ်းပါနဲ့ဟ လခွမ်းပဲ။"

ပြင်းထန်သည့် တိုက်ပွဲကြောင့် ဖေးချမ့် သူ့ ယွမ် ၅၀,၀၀၀ ဆုံးရှုံးသွားမှုကို ယာယီမေ့ပျောက်သွားပြီး ဂိမ်းထဲတွင် နစ်မျောသွားလေသည်။

ဖေးချမ့်က Gods Rising ဂိမ်းကို မရင်းနှီးသော်လည်း သူ့မှတ်ဉာဏ်ထဲက ဆင်တူဂိမ်းများ၏ အသိပညာများ ကျေးဇူးကြောင့် ၎င်းတို့ကို ကူတိုက်ပေးဖို့ အတော်လေး ကစားနိုင်ခဲ့၏။

မိနစ် ၃၀ ကြာသောအခါ။

"ရှုံးသွားပြီ။"

ဖေးချန်းက ဖန်သားပြင်ပေါ်တွင် သူတို့ အသင်းဘက်က ပလ္လင်ကြီး ပေါက်ကွဲသွားသည်ကို ကြည့်လိုက်ပြီး သူ့၏ သတ်ဖြတ်ခြင်း၊ သေဆုံးခြင်း၊ ထောက်ကူခြင်း (KDA) အချိုးကို ကြည့်လိုက်၏။

၁၁ - ၂ - ၇

"ငါ့လခွီး... ဘယ်လိုဖြစ်လို့... ဒီလောက်အမှတ်နဲ့ ရှုံးသွားရတာလဲ"

ဖေးချမ့် ဆဲမိတော့မလိုပင် ဖြစ်သွား၏။ Ultra Kill ပင်ရနေပြီး အစပိုင်းက ကောင်းနေကာ ဂိမ်းက ချောမွေ့နေခဲ့သည်။ သို့သော်လည်း ဂိမ်းအလယ်နှင့် နောက်ပိုင်းတွင် သူတို့ကို မနိုင်နိုင်တော့ဘဲ အဖွဲ့လိုက် တိုက်ပွဲတစ်ခုကို ရှုံးသွားပြီးနောက် တစ်ဖက်အသင်းက ပလ္လင်ထံသို့ တဟုန်ထိုး တက်ခဲ့ကြသောကြောင့် ဖြစ်ပါသည်။

သူ့အဖွဲ့သား လေးယောက်ကို ကြည့်လိုက်ပြီး မာယန်၏ KDA ၂ -၂ -၂ က အကျည်းတန်ဆုံး ဖြစ်နေပါသည်။

ကံဆိုးစွာဖြင့် Gods Rising တွင်အဖွဲ့လိုက်တိုက်ပွဲများကို ခြေရာခံနိုင်သည့် လုပ်ဆောင်ချက် မရှိသေးပါ။ မဟုတ်ပါက မာယန်၏ တိုက်ခိုင်ခြင်း ရာခိုင်နှုန်းက တကယ် ကြည့်လို့ကောင်းပါလိမ့်မည်။

သူတို့ ကစားခဲ့ဖူးသည့် ကြမ်းကြမ်းတမ်းတမ်း တိုက်ပွဲအကြောင်းကို ပြန်စဥ်းစားမိသည်။

အမှန်ပင်။ တစ်ချိန်လုံး သူတို့ 4 vs 5 ကစားနေခဲ့ရသည်။

ရန်သူများက အတူတူစုစည်းကြပြီး ထိုးဖောက်သောအခါ မာယန်က Creep များကို သတ်နေ၏။

ရန်သူများက နေရာတစ်ခုကို သိမ်းပိုက်သောအခါ မာယန်က ၎င်းတို့၏ တောတွင်း Creep များကို ပျော်ပျော်ကြီးသတ်နေသည်။

၎င်းတို့၏ အဖွဲ့သားများ အဖမ်းခံလိုက်ရပြီး မာယန်က သူ့လမ်းတွင် 'Missing။' ခေါ်ကာ Creep များကို ဆက်သတ်နေလေသည်။

ဟမ်...

စိတ်ပျက်ဖို့ ကောင်းလိုက်တာ။

မာယန်က နောင်တကြီးစွာ ဝေဖန်လိုက်သည်။ "ဟာကွာ ငါတို့ရှုံးသွားတာ နှမြောစရာပဲ"

ထို့နောက် သူ့ခေါင်းကို အောက်ဘက်ကုတင်သို့ ပြူကြည့်ကာ ဖေးချမ့်ကို ကြည့်လိုက်၏။ "ယောက်ဖချမ့်။ မင်းတစ်ယောက်တည်း ပွဲထုတ်မနေနဲ့လေကွာ။ တခြားသူတွေကိုလည်း ကူပေးဦးမှပေါ့"

ဖေးချမ့် သွေးအန်ချင်သွားသည်။

လခွမ်းထဲမှ ငါ့ဒီလောက် ကူပေးနေတာ မလုံလောက်သေးဘူးလား။။

ငါ Cheat တစ်ခုဖွင့်ပြီး သူတို့ပလ္လင်ကို တစ်ချက်တည်းနဲ့ ဖျက်ဆီးနိုင်မှ ငါ့ကို ကူပေးတယ်လို့ အသိအမှတ်ပြုမှာလား။

သို့သော်လည်း မာယန် ဘယ်လိုလူမျိုးမှန်း သိသဖြင့် ဖေးချမ့် ဘာမှ စကားပြန်မများခဲ့ပါ။

မာယန်က သူများကို တမင်တကာ စိတ်တိုအောင် အရွဲ့တိုက်နေခြင်းမဟုတ်ပေ။ သူက တကယ့်ငတုံးကောင်သာ ဖြစ်သည်။

အစွမ်းအစက အကန့်အသတ်ရှိသော လူမျိုးထဲတွင် ပါဝင်၏။

စတုတ္ထနှစ်တွင် မာယန်က ကလပ်မျိုးစုံကို စိတ်အားထက်သန်စွာ ဝင်ရောက်ခဲ့ပြီး ဆရာ ဆရာမများအတွက်လည်း တောက်တိုမယ်ရများ လုပ်ပေးခဲ့သည်။ အတန်းများဆိုလျှင်လည်း မပျက်မကွက် တက်ရောက်ခဲ့၏။

သို့သော်လည်း ဘွဲ့ရပြီးသောအခါ မာယန် ဘယ်လိုအကျိုးကျေးဇူးမှ မရခဲ့သည့်အပြင် အလုပ်ကောင်းကောင်း တစ်ခုလည်း တိတိကျကျ မရခဲ့ပေ။ နောက်ဆုံးမှာတော့ သူ့မိဘများ ရှာထားပေးသည့် အလုပ်တစ်ခုကိုသာ စလုပ်ရတော့သည်။

အမှန်ပင်။ အားလုံးတွင် ကိုယ်ပိုင် အိပ်မက်များ ရှိကြပြီး မာယန်ရွေးခဲ့သည့် ရွေးချယ်မှုကလည်း ဆိုးရွားသော ရွေးချယ်မှုတော့မဟုတ်ပါ။

သို့သော် သေချာပေါက် ရွေးချယ်မှုကောင်းလည်း မဟုတ်ခဲ့ပါ...

ဂိမ်းများနှင့် ပတ်သတ်လာလျှင်လည်း သူက သာမန်သာဖြစ်သည်။

သူ့ကို ဂိမ်းကစားတာ တော်သည်ဟု ပြောလို့မရ။ သူ့ဂိမ်းအမြင်က တခြားသူများထက် နှေးကွေးပြီး နှစ်ပေါင်းများစွာ ကစားလာခဲ့တာတောင် တစ်ပွဲလောက် တစ်ခါမှ ကူညီ မပေးဖူးပါ။

သို့သော်လည်း အဆိုးကြီးတော့ မဟုတ်လှပေ။ သူ့ KDA က သာမန်ကာလျှံကာဖြစ်ပြီး ဂိမ်းသူ့ကြောင့် ရှုံးသွားသည်ဟု အပြစ်တင်လို့လည်းမရ။

တက်လည်းမတက် ကျလည်းမကျနိုင်သည့် စကေး အဆင့်သာဖြစ်သည်။

သူက ဒီလိုလူမျိုးပဲ ဖြစ်ပါသည်။

တနည်းအားဖြင့် မွေးရာပါ ငဒူတစ်ယောက်ဖြစ်သည်။

ဒီလိုလူမျိုးနဲ့ အငြင်းပွားလို့ကော ဘာထူးမှာလဲ။

(နပေါဦး)

ဖေးချမ့် ရုတ်တရက် ပြဿနာတစ်ခုကို သတိထားမိသွားသည်။

မာယန်က မွေးရာပါ ငဒူတစ်ယောက် ဖြစ်ကြောင်း ရုတ်တရက် သူနားလည်သွားသည်။ ကောင်းတာတစ်ခုမှ မလုပ်နိုင်ဘဲ ပြဿနာသာ အမြဲရှာတတ်သူဖြစ်၏။ ဒါက သူ့အဖွဲ့ဝင်အားလုံးကိုပါ ဆွဲချနိုင်သည့် အကျင့်ဆိုးတစ်ခု ဖြစ်သည်။

အဲ့တာဆို သူလိုအပ်နေတဲ့ ပါရမီမျိုးပဲ မဟုတ်ဘူးလား။။

Continue Reading

You'll Also Like

228K 32.1K 101
အပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ က...
14K 1.4K 13
ဦးက ကျွန်တော့်ကို မုန်းတဲ့ အမုန်းတွေနဲ့ လှောင်ပိတ်နေသလို ဖြစ်နေတာ...။ ကျွန်တော်ကို လှောင်ပိတ်ထားသလိုနဲ့ တကယ်တမ်းတော့ ကျွန်တော့်ပျံသန်းမှု ဟန်ချက်မပ...
509K 34.2K 31
story description>>>>> start-5/10/2021 end-1/1/2022