သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ...

By Miracle_Phyu97

38.7K 3K 33

မိတ်ဆက် ငါ တကယ် ပိုက်ဆံဆုံးရှုံးချင်တယ် T_T အကောင်းဆုံး သူဌေး၊ စီးပွားရေးလောက၏ အရွယ်နှင့်မလိုက်အောင် ထူးချွန်... More

Ch-1
Ch-2
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Ch-31
Ch-32
Ch-33
Ch-34
Ch-35/36
Ch-37/38
Ch-39/40
Ch-41/42
Ch-43/44
Ch-45/46
Ch-47/48
Ch-49/50
Ch-51/52
Ch-53/54
Ch-55/56
Ch-57/58
Ch-59/60
Ch-61/62
Ch-63/64
Ch-65/66
Ch-67/68
Ch-69/70
Ch-71+72
Ch-73+74
Ch-75+76
Ch-77+78
Ch-79+80
Ch-81+82
Ch-83+84
Ch-85+86
Ch-87+88
Ch-89+90
Ch-91+92
Ch-93+94+95
Ch-96+97+98
Ch-99+100
Ch-101+102
Ch-103+104+105
Ch-106+107+108
Ch-109+110
Ch-111/112
Ch-113/114
Ch-115/116
Ch-117/118
Ch-119/120
Ch-121/122
Ch-123/124
Ch-125/126
Ch-127/128
Ch-129/130
Ch-131/132
Ch-133/134
Ch-135/136
Ch-137/138
Ch-139/140
Ch-141/142
Ch-143/144
Ch-145/146
Ch-147/148
Ch-149/150
Ch-151/152
Ch-153/154
Ch-155/156
Ch-157/158
Ch-159/160
Ch-161/162
Ch-163/164
Ch-165/166
Ch-167/168
Ch-169/170
Ch-171/172
Ch-173/174
Ch-175/176
Ch-177/178
Ch-179/180

Ch-3

918 67 0
By Miracle_Phyu97

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်

အခန်း(၃) အထီးကျန် ကန္တာရလမ်း

လက်ရှိ ဂိမ်းလုပ်ငန်း လောကထဲမှ ဖွဲ့စည်းပုံ စနစ်မှာ ဖေးချမ့်၏ အရင်ဘဝ ၂၀၀၉ ခုနှစ်နှင့် ဆင်တူပါသည်။

ဥပမာအားဖြင့် နာမည်အကြီးဆုံး အင်တာနက်ဂိမ်းများမှာ World of Warcraft မှ Fantasy World အဖြစ်၊ CS မှ Counter Strike အဖြစ်၊ Dota မှ Gods Rising အဖြစ် ပြောင်းလဲသွားကြသည်။ ၎င်းတို့က အပြင်ပိုင်းတွင် ခြားနားသည့်ပုံပေါ်သော်လည်း ၎င်းတို့၏ ကစားပုံများက အတူတူသာဖြစ်သည်။

ဒီနေရာတွင် အရင်ဘဝကထက် ဟာ့ဒ်ဝဲ ဖွံ့ဖြိုးတိုးတက်မှု ပိုမြင့်မားသဖြင့် မိုဘိုင်းဂိမ်းများ တိုးတက်မှုကိုလည်း ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

ဥပမာအားဖြင့် ဖေးချမ့်၏ အရင်ဘဝတုန်းက မိုဘိုင်းဂိမ်းများမှာ စမတ်ဖုန်း ရေပန်းစားမှုများကြောင့် ၂၀၁၂ ခုနှစ်မှ စတင်အောင်မြင်လာခဲ့သည်။ သို့သော်လည်း ဒီလောက၏ ၂၀၀၈ ခုနှစ် စမတ်ဖုန်းများ အချိန်စောစော ဖွံ့ဖြိုးတိုးတက်မှုတို့ကြောင့် ထိုအချိန်ကတည်းက ဆင်တူဂိမ်းများ ပေါ်လာပြီး ဂိမ်းအမျိုးအစားကလည်း အခုဆို အတော်လေး နာမည်ကျော်နေပြီဖြစ်သည်။

"ဒါဆိုရင် အခြေအနေက ကောင်းတာပေါ့"

"ငါလုပ်ဖို့ဆိုတာဆိုလို့ အဲ့ဒီဝက်ဘ်ဆိုက်တွေပေါ်မှာ နမူနာတွေ၊ အနုပညာရင်းမြစ်တွေ ဝယ်ဖို့အတွက် ယွမ် ၅၀,၀၀၀ စလုံးကို အပြောင် သုံးပစ်လိုက်မယ်။ ပြီးရင် ဘယ်သူမှ မကစားချင်ဘဲ မရောင်းနိုင်တဲ့ ဂိမ်းတစ်ခုကို ဖန်တီးလိုက်မယ်။ နှစ်ပတ်လောက် ကြာရင် အရှုံးပေါ်တယ်လို့ တွက်လို့ရပြီကွ။"

"ကောင်းလိုက်တာကွာ။"

ဆုံးဖြတ်ချက် ချပြီးနောက် ဖေးချမ့်က သူလိုချင်သည့် နမူနာများကို ဝက်ဘ်ဆိုက်ပေါ်တွင် စတင်ရှာဖွေသည်။

“ယာဥ်အတွက် အတွင်းပိုင်းနှင့် အပြင်ပိုင်း အသွင်အပြင်များ အစုံပါသော ယာဥ်မောင်းခြင်း သရုပ်ဖော်ခြင်းအတွက် အခြေခံပုံစံ ယွမ် ၂သောင်း။”

"နောက်ခံ ဘက်ဂရောင်း နမူနာ - ကန္တာရလမ်း နမူနာ။ ယွမ် ၁၅,၀၀၀။ ပတ်ဝန်းကျင်ပုံစံကို လိုက်လျောညီထွေဖြစ်အောင် ပြောင်းချင်ရင် နောက်ထပ် ယွမ် ၈,၀၀၀ လိုအပ်မယ်။ ဒါဆို ယွမ် ၂၃,၀၀၀ ပေါ့"

"စျေးနည်းနည်းကြီးလွန်းတယ်။ ဒါပေမယ့် ငါ့အကြိုက်ပေါ့ကွာ။"

"နည်းနည်းတော့ ကျန်သေးတယ်ဟ"

"ရေဒီယို သီချင်းသံ။ စနစ်ရဲ့ သီချင်းအုပ်ထဲက ကျပန်းသီချင်း ဖွင့်လို့ရတယ်။ ဒါမှမဟုတ် အပုဒ် ၁၀၀ ထဲက ၃၀ ရွေးလို့ရမယ်။ ယွမ် ၆,၀၀၀ ကျတယ်။"

"ယွမ် ၁,၀၀၀ ကျန်သေးတယ်ဟ။ ဟမ်းး... ဒါဆိုလည်း အဆင့်သတ်မှတ်ပေးတဲ့ လုပ်ဆောင်ချက်လေး ဝယ်လိုက်တာပေါ့။ ကျန်တာလည်း ဘာမှ ဝယ်လို့ရတော့တာမှ မဟုတ်တာ"

စဥ်းစားပြီးနောက် ဖေးချမ့် ဝက်ဘ်ဆိုက်ပေါ်တွင် အော်ဒါများကို အရူးတစ်ယောက်လို တင်ရင်း ယွမ် ၅၀,၀၀၀ စလုံးကို ပြောင်စင်အောင် အသုံးပြုလိုက်ပါသည်။

တကယ်တော့ ထိုရင်းမြစ်များမှာ စျေးကြီးသည်ဟု မဆိုနိုင်ပေ။

ဂိမ်းအယ်ဒီတာထဲ ထည့်လိုက်သောအခါ ကားမောင်းဂိမ်း နမူနာက ကားမောင်းဂိမ်း တစ်ခု၏ အခြေခံ လုပ်ဆောင်ချက်များကို ဖန်တီးနိုင်သည်။

အရှိန်မြှင့်ခြင်း၊ ဘရိတ်နင်းခြင်း၊ ကွေ့ခြင်း၊ တိုက်ခြင်း စသဖြင့် အားလုံး အပြည့်အဝ ပါသည်။

ကန္တာရလမ်းနောက်ခံဘက်ဂရောင်းကို ဂိမ်းအယ်ဒီတာထဲတွင် ကန္တာရ နောက်ခံမှ ကျပန်း ပြောင်းလဲမှုများ ပေါ်လာနိုင်သော အကွာအဝေးကို ထိန်းညှိနိုင်သည်။

ပတ်ဝန်းကျင်အခြေအနေ ပြောင်းလဲမှု လုပ်ဆောင်ချက်နှင့် တွဲလိုက်သောအခါ နေဝင်ချိန်၊ နေထွက်ချိန်၊ သဲမုန်တိုင်းနှင့် တခြား ပြောင်းလဲမှုများ ရှိလာသည်။

၎င်းတို့က လူတိုင်း သုံးနိုင်သောာ နမူနာများ ဖြစ်ကြသဖြင့် တန်ဖိုးနည်းဂိမ်း ဖန်တီးသူတိုင်းကလည်း ၎င်းတို့ကို ဝယ်ယူကြလိမ့်မည်။ ထို့ကြောင့် ပုံစံများ ဆင်တူသွားနိုင်ခြေ ရာနှုန်းပြည့် ရှိနေပါသည်။

ဆင်တူမှု မရှိအောင် ထုတ်လုပ်သူအချို့သည် ၎င်းတို့ကို အစားထိုးရန်အတွက် အချို့သော အနုပညာရင်းမြစ်များကို ချိန်ညှိကာ ကွဲပြားမှုများ ဖြစ်အောင် ဖန်တီးကြသည်။ ဒါဆို ရင်းနှီးမှု ကုန်ကျစရိတ်ကလည်း တိုးမြင့်သွားနိုင်ပါ၏။

သို့သော်လည်း ဒါက ဖေးချမ့် စိတ်ပူရမည့် အရာ မဟုတ်ပေ။

ဆင်တူမယ် ဟုတ်လား။ တူပါစေပေါ့။ ငါက ငွေအရှုံးပေါ်အောင် လုပ်မလို့ပဲလေ။ ဂိမ်မာတွေက ပုံစံတွေ ဆင်တူနေလို့ မကစားကြရင် ငါပျော်တာပေါ့။

ဖေးချမ့်က သူ့ဂိမ်းကို စတင် တည်ဆောက်လိုက်ပါသည်။

သူ့ရည်ရွယ်ချက်က ငွေအရှုံးပေါ်ဖို့ ဖြစ်သော်လည်း မရောင်းချနိုင်ခင် ESRO စမ်းသပ်ခွင့်ပြုချက်ကို ကျော်ဖြတ်နိုင်လောက်အောင်တော့ ကောင်းရပါမည်။

လုပ်ဆောင်ချက် ချို့ယွင်းချက်များကြောင့် မပြီးပြည့်စုံသည့် ဂိမ်းတစ်ခုဖြစ်နေပြီး ESRO ၏ စမ်းသပ်ချက်တွင် မအောင်မြင်လျှင် စနစ်က ဖေးချမ့် စည်းကမ်းဖောက်ဖျက်သည်ဟု သတ်မှတ်သွားနိုင်၏။

ထို့ကြောင့် ဂိမ်းက ဘယ်လောက်ပဲ စုတ်ပြတ်နေပါစေ ကစားလို့တော့ ရနိုင်ရမည်။

ဂိမ်းအယ်ဒီတာထဲသို့ အခြေခံနှင့် ဘက်ဂရောင်း နမူနာများကို ထည့်ပြီးသွားသောအခါ ဂိမ်း၏ အကြမ်းဖျင်းပုံစံ ပြီးဆုံးသွားပါပြီ။

ဂိမ်းထဲကို ဝင်လိုက်သောအခါ ကစားသမားက ကန္တာရလမ်းမပေါ်တွင် ကားစမောင်းနိုင်ပါပြီ။

သို့သော်လည်း ဝယ်ထားသည့် ရင်းမြစ်များကိုတော့ အလကား ထားလို့ မရပါ။

ဖေးချမ့်က ကားများတွင် ရေဒီယို လုပ်ဆောင်ချက်တစ်ခုကို ထည့်လိုက်သည်။ ကစားသမားများက ကားမောင်းရင်း သီချင်း နားထောင်နိုင်၏။

သီချင်အားလုံးများက ရိုးရိုးရှင်းရှင်း သို့မဟုတ် ရှေးဆန်သည့် သီချင်းများ ဖြစ်ကြသည်။ ရေပန်းစားနေသည့် သီချင်းများကိုတော့ စျေးပေါပေါနှင့် မဝယ်နိုင်ပါ။

ထို့နောက် အရေးကြီး ပြဿနာ တစ်ခု ရှိလာပြီ။

ဒီဂိမ်းရဲ့ အဓိက ကစားပုံက ဘာဖြစ်သင့်သလဲ။

ဖေးချမ့် အကြံမရပေ။

ကားပြိုင်ဂိမ်းလုပ်ရမလား။

မရပါ။ ထိုသို့လုပ်ဖို့ ပိုက်ဆံမရှိပေ။

သူတတ်နိုင်တာဆိုလို့ ကားပုံတစ်ပုံရှိသည့် အခြေခံ နမူနာနှင့် နောက်ခံ ဘက်ဂရောင်းတစ်ခုသာ ဖြစ်သည်။

ရှုပ်ထွေးသည့် ပြိုင်လမ်းများနှင့် တောက်တောက်ပပ ကားများ၊ အပြိုင်အဆိုင် ကားပြိုင်ခြင်းအတွက် အယ်လ်ဂိုရစ်သမ်များကို သူ ဘာမှ မတတ်နိုင်ပါ။

မတတ်နိုင်မှတော့ ထိုကစားနည်းများကို ဘယ်လို ဖန်တီးနိုင်မည်နည်း။

သူ့ခေါင်းကို သူ ရိုက်လိုက်ပြီး ဖေးချမ့် အကြံ ရသွားပါသည်။

ဒီဂိမ်းအတွက် အဓိက ကစားပုံက ရှင်းရှင်းလေးပါ။ ကားမောင်းဖို့သာ ဖြစ်သည်။

ကားကို စမှတ်မှ ဆုံးမှတ်အထိ မောင်းလိုက်ရုံနှင့် အောင်မြင်နိုင်သည်။

သို့သော်လည်း ဒီလောက်နဲ့တော့ အလုပ်မဖြစ်နိုင်ပါ။ အားလုံးကို ယေဘုယျဆန်သော အရင်းအမြစ်များဖြင့် ပြုလုပ်ထားပြီး ကစားနည်းတွင် ဆန်းသစ်သော တီထွင်မှု မရှိပေ။ စမ်းသပ် စစ်ဆေးမှု လုပ်ငန်းစဥ်ကို သူကျော်ဖြတ်နိုင်မည် မဟုတ်ပေ။

စစ်ဆေးမှုကို ဂိမ်း ကျော်ဖြတ်နိုင်အောင်တော့ ပြောင်းလဲမှုတချို့ သူ လုပ်ရပါမည်။ သို့သော် ပြောင်းလဲမှုများက အရမ်းကြီး ဆန်းသစ်နေလို့လည်း မဖြစ်သေး။ ဂိမ်းကို ဘယ်သူမှ မကစားချင်အောင် လုပ်မှ သူပိုက်ဆံ အရှုံးပေါ်မည်ဖြစ်သည်။

ဖေးချမ့်က စဥ်းစားကြည့်လိုက်ပြီး ကန္တာရ နောက်ခံ၏ အကွာအဝေးကို အဆုံးမရှိ တိုးချဲ့လိုက်ပြီး ... ကစားနည်းကို ၈ နာရီလောက်အထိ တိုးချဲ့လိုက်ပါသည်။

အမှန်ပင်။ ကစားသမားများက ဆုံးမှတ် ရောက်ဖို့ ၈ နာရီလောက် မောင်းနှင်ရပါလိမ့်မည်။ ထို့အပြင် လမ်းတစ်လျှောက်တွင်လည်း အကွေ့အပတ်များ ရှိလိမ့်မည်။

ထို့ကြောင့် ကစားသမားများ ခလုတ်တစ်ခုတည်း နှိပ်ထားရုံဖြင့် ဂိမ်းကိုမအောင်နိုင်ပါ။

ဒီလောက်ဆို သူ့ဂိမ်းကစားနည်းက စျေးကွက်ထဲတွင် ရှိနေသည့် ကားမောင်းဂိမ်းများနှင့် ခြားနားသဖြင့် စမ်းသပ်မှုကို သူကျော်လွန်နိုင်ပါလိမ့်မည်။

ထို့အပြင် ဒီလောက် စုတ်ပြတ်နေသည့် ကစားနည်းကြောင့် ဂိမ်မာများ သူ့ကို ဝေဖန်ကြမည် မဟုတ်လား။ ဒီဂိမ်းကြောင့် လုံးဝ ငွေမဝင်နိုင်ပါ။

ဖေးချမ့်က အပျော်လွန်သွားပြီး သူ့ကိုယ်သူ ဘယ်လောက် ဉာဏ်ကောင်းမှန်း ဘဝင်မြင့် ချီးမွမ်းနေ၏။

နောက်ဆုံးတော့ ဂိမ်းပြီးဆုံးသည့် မျက်နှာပြင်တွင် အလွန်အမင်း ရိုးရှင်းသော နည်းဖြင့် စာကြောင်းတစ်ကြောင်းကို ထိုးပေးလိုက်၏။

"သင့်ဘဝရဲ့ တန်ဖိုးရှိတဲ့ အချိန် ၈နာရီကို ဖြုန်းတီးလိုက်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်။"

ဂိမ်းကို တစ်ယောက်ယောက် အောင်မြင်ခဲ့ရင်တောင် အလွန်ပေါက်ကွဲကာ သူ့ကုမ္ပဏီက ဘယ်ဂိမ်းကိုမှ မကစားချင်အောင် သေချာ လုပ်ရပါလိမ့်မည်။

သူဝယ်ထားသည့် အဆင့်သတ်မှတ် လုပ်ဆောင်ချက်ကို အလကားမဖြစ်စေဖို့ "အချိန်ဖြုန်းသမားများရဲ့ အဆင့်" ဟူသော ဇယားကို ဖန်တီးကာ ကစားသမားတိုင်း၏ "အောင်မြင်ပြီးသော အကြိမ်အရေအတွက်" နှင့် "ထိရောက်သော ဂိမ်းအချိန်" ကိုတွက်ချက်သည်။

ဒါက ပိုက်ဆံဖြင့် ဝယ်ထားရသဖြင့် အလကား မဖြစ်ရုံတမယ် ထည့်ထားသော အသုံးမဝင်သည့် အဆင့်သတ်မှတ်စနစ်ဖြစ်ပါသည်။

သိပ်မကြာလိုက်ဘဲ သူပြီးဆုံးသွားသည်။

လုပ်ဆောင်ချက်အားလုံးက ဂိမ်းအယ်ဒီတာထဲက အခြေခံ လုပ်ဆောင်ချက်များဟု ဆိုနိုင်သည်။ ဒီတိုင်း လက်ဖြင့် ဆွဲကာ သတ်မှတ်ချက်များကို ဟိုပြောင်းဒီပြောင်း လုပ်ဖို့သာ လိုအပ်ပါသည်။ ရှင်းရှင်း ပြောရလျှင် လက်ပါသည့် လူတိုင်း လုပ်နိုင်သည်။

ဂိမ်းအယ်ဒီတာအား ကိုယ့်ဖာသာကိုယ် သင်ယူဖို့၊ ရင်းမြစ်ဝယ်ယူဖို့၊ ဂိမ်းဖန်တီးဖို့ ဖေးချမ့်အတွက် နှစ်နာရီတောင် မကြာလိုက်ပါ။

"ဒီသောက်စုတ်ဂိမ်းကြောင့် သေချာပေါက် ငါအရှုံးပေါ်မှာပဲ။""

ဂိမ်းကို ဖန်တီးပြီးသွားသောအခါ ဖေးချမ့် လက်ပ်တော့ပေါ်တွင် စမ်းသပ်ကြည့်လိုက်သည်။

ငါးမိနစ်ကြာသောအခါ ဂိမ်းထဲမှ ထွက်လိုက်ပြီး ဆဲပင် ဆဲချင်သွားသည်။

သူလုပ်ရသည့် အရာက ကားမောင်းရင်း ကားမောင်းရင်း ကားမောင်းနေဖို့သာပါပဲ။ အလွန် ပျင်းဖို့ ကောင်းသည်။

ကျေနပ်အားရစွာဖြင့် ဖေးချမ့်က ဂိမ်းကို ချက်ချင်းပဲ တင်လိုက်ပါတော့သည်။

ဂိမ်း နာမည် : အထီးကျန် ကန္တာရလမ်း

ဂိမ်းအနှစ်ချုပ် : အထီးကျန် ကန္တာရလမ်းပေါ်တွင် နာရီပေါင်းများစွာ ကားမောင်းကြည့်ပါက ဘဝအကြောင်း နားလည်လာပါလိမ့်မည်။

အနှစ်ချုပ်ကို ရေးနေစဥ် ဖေးချမ့် စိတ်ရှုပ်မိ၏။

သူကြွားလုံးထုတ်သင့်သလား။ မဟုတ်သေးပါဘူး။ လူများစွာကို ဆွဲဆောင်မိသွားပြီး ဂိမ်းနာမည်ကို ဆွေးနွေးကြကာ သူ အရှုံးသိပ်မပေါ်လျှင် ဘယ်လိုလုပ်မည်နည်း။

သူ ဒီဂိမ်းကို မကောင်းပြောရမလား။ မရပါ။ အလွန် သိသာလွန်းပါလိမ့်မည်။ တဖက်တွင် စနစ်က ဒါကို စည်းကမ်းချိုးဖောက်ခြင်းဟု သတ်မှတ်သွားနိုင်၏။ နောက်တဖက်တွင် ဂိမ်မာများကလည်း ပြောင်းပြန် စိတ်ဓာတ်စစ်ဆင်ရေး ဆင်းသည်ဟု ထင်သွားနိုင်၏။ သူမကောင်း ပိုပြောလေလေ သူတို့က ပိုပြီး ကစားချင်လာလေလေ ဖြစ်သွားရင် ဘယ်လိုလုပ်မည်နည်း။

ထို့ကြောင့် အနှစ်ချုပ်ကို အလွန်ရိုးသားစွာ ရေးလိုက်ပြီး ကစားသမားများ ဖတ်ကြည့်လိုက်လျှင် စိတ်ဝင်စားမှုမရှိအောင် လုပ်ဖို့ ဆုံးဖြတ်လိုက်ပါသည်။

နောက်တစ်ခုက စျေးနှုန်းသတ်မှတ်ဖို့ ဖြစ်ပါသည်။

ဖေးချမ့်က လျှော့စျေး ၁ ယွမ်ဖြင့် ရောင်းဖို့ ဆုံးဖြတ်လိုက်၏။ စျေးနှုန်းအများကြီးဖြင့် မရောင်းချင်ပါ။ တချို့ဦးနှောက်မပါသည့် အရူးများက တကယ်ကြီး စျေးကြီးပေးဝယ်ပါက သူအရှုံးနည်းသွားမည်ဖြစ်သည်။

စျေးနှုန်းကို နည်းနည်းသာ ထားလိုက်ခြင်းဖြင့် ကစားသမား နည်းနည်းလောက် ဝယ်ပြီး ကစားရင်တောင် သူ့၏ အရှုံးကို ထိခိုက်မည် မဟုတ်ပါ။

အားလုံးကို ပြင်ဆင်ပြီးနောက် ဖေးချမ့် ဂိမ်းကို တင်လိုက်သည်။ စမ်းသပ်ချက် လုပ်ငန်းစဥ်အား အောင်မြင်သွားသောအခါ တရားဝင် ဂိမ်းပလက်ဖောင်းပေါ်တွင် အလိုလျောက် တင်ပြီးသား ဖြစ်သွားပါလိမ့်မည်။

လုပ်ငန်းစဥ်တစ်ခုလုံးက နာရီပိုင်းအနည်းငယ် မှ ရက်ပိုင်းအနည်းငယ်လောက်အထိ ကြာနိုင်ပါသည်။

ပလက်ဖောင်းက အလိုလျောက် ထောက်ခံပေးခြင်း စနစ်ကို အသုံးပြုသည်။ အသုတ်ချင်းအတူညီသည့် ဂိမ်းအသစ်များအား နောက်ခံဒေတာ ပြောင်းလဲမှုများအလိုက် ထောက်ခံပေးသည်။ ရည်ရွယ်ချက်ရှိရှိ အဆင့်များကို ပြောင်းလဲတာကလွဲပြီး Admin များက ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။

ဖေးချမ့် လုံးဝ စိတ်မပူပါ။

ဒီလို အမှိုက်သရိုက် ဂိမ်းမျိုးက တင်လိုက်ပြီးတာနဲ့ ပျောက်ကွယ်သွားပါလိမ့်မည်။ သတ်မှတ် အချိန် ၂ ပတ်ပြည့်သွားလျှင် ယွမ် ၅၀,၀၀၀ က သူ့အပိုင်ဖြစ်ပါပြီ။ အံ့သြဖို့ ကောင်းလိုက်တာ။

သူ့လက်ပ်တော့ကို ပိတ်လိုက်ပြီး သူ့ရင်ထဲတွင် အူမြူးသော ခံစားချက်တစ်ခုဖြင့် ဖေးချမ့် စိတ်အေးလက်အေး ဖြစ်နေမိတော့သည်။

Continue Reading

You'll Also Like

133K 23K 108
နဂါးကျွန်း ဆိုတဲ့ app ကို ဒေါင်းလုခ် လုပ်ပြီး သားပေါက်လေးတွေကို အရူးအမူး ပျိုးထောင် ပေးပြီးတဲ့နောက် ထိုဂိမ်းထဲက သားပေါက်လေးတွေ ဆီ ကူးပြောင်းရောက်ရှိသ...
148K 13.9K 162
យូរៗប្រែជាស្រឡាញ់បាត់មុខមិនបាន JJM 22/wed/12/2021
47.2K 3.7K 23
အခုခေတ်ရဲ့ B@d@ssက နှောင်းပိုင်းခေတ်ကို ရောက်သွားတဲ့အခါ...