Absolute Zero (မြန်မာဘာသာပြန်)

By newkhonpai

4.1K 328 17

မကြာခင်မှာ စပြီး ပြသတော့မယ့် P'Newရဲ့စီးရီးအသစ်ပါ။ Khun Salilရဲ့ဝတ္ထုဖြစ်တဲ့ Absolute Zeroကို ပြန်ရိုက်ထားတာပ... More

မိတ်ဆက်
00:00
01:05
02:10
03:16
04:21
06:32
07:37
08:43
09:48
10:54
11:59
Note!!!
12:00
⬇⬇⬇ ZAWGYI VERSION ⬇⬇⬇
မိတ္ဆက္
00:00
01:05
02:10
03:15
04:21
05:27
06:32
07:37
8:43
09:48
10:54
11:59
Note!!!
12:00

05:27

92 13 3
By newkhonpai

'အကယ်၍ ကော်ဖီတစ်ခွက်ထဲမှာ
မျက်ရည်စတွေ ပါနေခဲ့ရင်...'

...

ကျွန်တော် မျက်လုံးတွေကို ဖွင့်လိုက်ချိန်မှာ ဝါးတားနေတဲ့ပတ်ဝန်းကျင်ကို ကြည်လင်လာတဲ့အထိ ခဏလောက် စောင့်လိုက်ရတယ်။ အခြားလူတွေကို ဒီအိပ်မက်အကြောင်း ပြောပြလို့ ရလားဆိုတာကို ကျွန်တော် သေချာမသိ... ဘာလို့လဲဆိုတော့ ဒီအိပ်မက်က အရမ်းကို ကြောင်တောင်တောင်နိုင်ပြီး အဓိပ္ပါယ်မရှိဘူးလေ...

ကျွန်တော်က လွန်ခဲ့တဲ့ဆယ်နှစ်ကို ပြန်ရောက်သွားခဲ့ပြီး အထက်တန်းကျောင်းသားအရွယ်ပဲ ရှိသေးတဲ့Ongsaနဲ့ တွေ့ခဲ့တယ်လို့ အိပ်မက် မက်ခဲ့တာပဲ... ပြီးတော့...

'ဟက် ချိုး!!'

အောက်ထပ်ကနေ ကျယ်လောင်တဲ့နှာချေသံတစ်ခုကို ကြားလိုက်ရချိန်မှာ ကျွန်တော် လုံးဝကို ထိတ်လန့်သွားတယ်။ အသိစိတ်တွေကလည်း ခန္ဓာကိုယ်ထဲ အလုံးအရင်း ပြန်ဝင်ရောက်လာကြတာ... ကျွန်တော့်ကို နှုတ်ဆက်နေတဲ့... လတ်လတ်ဆတ်ဆတ် လှော်ထားတဲ့ကော်ဖီနံ့သင်းသင်းလေးကြောင့် ကျွန်တော့်နှလုံးသားကလည်း တုန်ခါနေပြီ။

ဒီလို မနက်ခင်းကြောင့်ပဲ ဖြစ်ခဲ့သမျှ အရာအားလုံးက နောက်ဆုံးမှာတော့ ဒါကအိပ်မက်တစ်ခု မဟုတ်ဘူးဆို​တာကို ပြသနေတယ်။ ပြီးတော့ အဆက်မပြတ် နှာချေနေတဲ့Ongsaကလည်း ငယ်ငယ်လေးပဲ ရှိသေးတုန်း...

'မင်္ဂလာပါ'

ထိုကောင်လေးက ကော်ဖီစေ့ကြိတ်စက်ကနေ အာရုံလွင့်ပျံ့နေတဲ့ကျွန်တော့်ကို လှည့်ကြည့်လာခဲ့တယ်။ ကျွန်တော် ဘာမှ မတွေးနိုင်တော့... ဒီကောင်လေးက အရမ်းကြည့်ကောင်းနေတာ... သေလိုက်ပါတော့...

'နေမကောင်းလို့လား'

'ဒီအတိုင်း ချေမိတာပါ'

'ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး ချစ်ပါဦး...'

ကျွန်တော် မျက်မှောင် ကြုတ်လိုက်မိတယ်။ ဒါပေမယ့်လည်း ထိုကောင်လေးက ကျွန်တော် ပြောတာကို စိတ်ဝင်စားပုံ မပေါ်တာကြောင့် စကားလမ်းကြောင်း လွှဲလိုက်ရတာပေါ့...

'အလုပ်ကို အစောကြီး လာရတာလား'

'မနေ့ညတုန်းက ကျွန်တော် အိမ်ပြန်သွားတယ်လို့ ဘယ်သူ ပြောလို့လဲ'

'ဟမ်'

'ကျွန်တော့်သူဌေးရဲ့ဆိုင်ကို အစ်ကို ဖျက်စီးလိုက်မလားဆိုတာကို စိုးရိမ်မိလို့လေ... အစ်ကိုတစ်ယောက်တည်း နေရတာကို စိတ်ပူလို့တော့ မဟုတ်ဘူးနော်...'

သူ ကျွန်တော့်ကို မကြည့်ဘဲ ကော်ဖီခွက်တစ်ခွက်နဲ့ အလုပ်များနေတာ... ထိုအပြုအမူလေးကြောင့် ကျွန်တော် မမျှော်လင့်ဘဲ ခပ်ပါးပါးလေး ပြုံးလိုက်မိတယ်။

'အစ်ကိုလည်း ဘာမှ မပြောရသေးပါဘူး'

Ongsaရဲ့နားရွက်တွေက ရဲတက်လာခဲ့တယ်။

'အဲ့ဒါဆိုရင်လည်း ထိုင်ပြီး စောင့်နေ... ကျွန်တော် အစ်ကို့အတွက် ကော်ဖီဖျော်လာခဲ့ပေးမယ်'

'အစ်ကိုက ဒီနေ့အတွက် ပထမဆုံးကာစတန်မာပေါ့...'

ကျွန်တော့်အရှေ့မှာ ရှိတဲ့ကောင်တာက ခုံလေးမှာ ထိုင်ပြီးတော့ ပြုံးနေမိတယ်။ Ongsaက နွားနို့ကို အမြှုပ်ထွက်လာအောင် လုပ်နေရင်းကနေ ကျွန်တော့်ဘက်ကို လှည့်ပြီး ပြန်ဖြေလာခဲ့တယ်။

'ကာစတန်မာ ဟုတ်မနေဘူး'

'ဟုတ်လား'

'ကော်ဖီစေ့အသစ်တွေရဲ့အစမ်းသပ်ခံလို့ ပြောရင် ပိုမှန်မလားဘဲ...'

'ကြားရတာတော့ မဆိုးပါဘူး'

'ခေါ်လို့ ကောင်းတယ်'

Ongsaက သဘောကျစွာနဲ့ ပြုံးလာတဲ့အချိန်မှာတော့ ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်ရသူက ကျွန်တော်ကိုယ်တိုင်ပင်။ ကျွန်တော် မိုက်မဲစွာနဲ့ သူ့နဲ့ အကြည့်ချင်း မဆုံချင်ပါ။ ဘာလို့လဲဆိုတော့ ​ဆိုင်ရှေ့က မှန်ချပ်ကို ဖောက်ထွင်းဝင်လာတဲ့ နေရောင်ခြည် အလင်းတန်းတွေကတောင် သူ့ကို ပိုပြီး ကြည့်ကောင်းအောင် လုပ်ပေးနိုင်တယ်လေ...

ရှက်နေတာ မဟုတ်ပါဘူးနော်...

'ခုနစ်နာရီခွဲရင် ကျွန်တော် ကျောင်းသွားရမယ်။ ဆိုင်ဖွင့်တဲ့အချိန်ကျ အစ်ကို ဒီဆိုင်ပိုင်ရှင်နဲ့ အခန်းဌားမယ့်အကြောင်း စကားပြောကြည့်ပေါ့... ကျွန်တော် သူ့ကို ပြောတော့ ပြောထားပြီးသွားပြီ'

'အင်း...'

'ကျွန်တော် ကျောင်းဆင်းတော့မှ ဆိုင်ကို လာမှာ... အဲ့အချိန်တွေမှာ အစ်ကို တစ်ယောက်တည်း နေနိုင်လား'

'နေတက်ပါတယ်ကွာ...'

ထိုကောင်လေးက နို့တွေ လောင်းထည့်ပြီး အသည်းပုံ ဖော်နေတဲ့ကော်ဖီခွက်လေးထဲက အငွေ့တန်းလေးတွေကို ငေးကြည့်ရင်း ပြန်ဖြေလိုက်မိတယ်။ ခဏနေတော့ အဖြူရောင် ကြွေခွက်လေးကို ကျွန်တော့်ရှေ့မှာ ညင်ညင်သာသာလေး ချပေးလာခဲ့တယ်။

ဒီကော်ဖီခွက်ရဲ့အပူချိန်က ဘယ်လောက် ဒီဂရီ(Ongsa)လောက် ရှိမလဲ။

'ဒါဆို ကျွန်တော် ယုံလိုက်မယ်နော်'

Ongsaရဲ့စကားအဆုံးမှာ ကျွန်တော်တို့ အကြည့်တွေ ဆုံသွားခဲ့တယ်။ ကျွန်တော့်ရဲ့လက်တွေက ဖန်ခွက်အောက်ခံပြားကို ဆုတ်ကိုင်ထားမြဲ... ကျွန်တော် ကြားလိုက်ရတဲ့စကားကြောင့် ကျွန်တော့်မျက်လုံးတွေကို တည်ငြိမ်မနေတော့...

အရမ်းကို နာကျင်ရတယ်။ သူ ပြန်မနိုးလာနိုင်တော့ဘဲ ကျွန်တော်က ဒီကမ္ဘာကြီးထဲမှာ တစ်ယောက်တည်း ရှိနေရမယ်ဆိုတဲ့အမှန်တရားကြီးက ကျွန်တော့်ကို ညှင်းဆဲနေဆဲပဲ... ကျွန်တော် တစ်ယောက်တည်း ရှိနေရင် ရ​ပြီလို့ မတွေးပါနဲ့ Ongsa...

တစ်ယောက်အပေါ် တစ်ယောက် တစ်သက်လုံး ဂရုစိုက်ပေးပြီး နေသွားကြရအောင်နော်...

'အစ်ကို...'

ကောင်တာအနောက်ဘက်က အသံကို ကြားလိုက်ရချိန်မှာ ကျွန်တော် အသိပြန်ဝင်လာခဲ့တယ်။ ကျွန်တော် သူ့ကို မြင်ရဖို့အတွက် ကျွန်တော့်အမြင်အာရုံရဲ့အကွာအဝေးကို ချိန်ညှိလိုက်တဲ့အချိန်မှာ ကျွန်တော့်ခန္ဓာကိုယ်ထဲက တစ်စုံတစ်ရာက လွတ်မြောက်သွားတာကို ကျွန်တော် သိလိုက်ရတယ်။

'ထပ်ပြီး ငိုပြန်ပြီလား'

သူ့အသံက အခြားအချိန်တွေထက် ပိုပြီးတော့ ညှင်သာနေခဲ့တယ်။ ဒါမှမဟုတ် ကျွန်တော်ကပဲ အရမ်းသနားစရာကောင်းနေလို့လား။ ကျွန်တော် ခေါင်းကို တစ်ဖက်သို့ စောင်းပြီး မျက်ရည်တွေကို သုတ်လိုက်ကာ အပြုံးတစ်ခုကို ဟန်ဆောင်ပြီး ဆင်မြန်းလိုက်မိတယ်။

''ဟား ဟား... ကော်ဖီနံ့လေးက အရမ်းမွှေးနေလို့လေ... စမ်းမြည်းကြည့်မယ်နော်...'

ဒါပေမယ့် ကျွန်တော် ဘာဆက်လုပ်ရမလဲ မသိတာကြောင့် ကော်ဖီခွက်ကို အမြန်ယူပြီး မျက်နှာကို ကာထားလိုက်မိတယ်။ အဲ့ဒါက အလုပ်ဖြစ်ရဲ့လား မသိပေမယ့် ကျွန်တော့်ရဲ့မျက်ရည်စက်တွေကတော့ ထိုကော်ဖီခွက်ထဲ ကျဆင်းသွားခဲ့တာ... မျက်ဝန်းတစ်စုံကတော့ ငြိမ်သက်စွာနဲ့ပဲ ကျွန်တော့်ကိုသာ စိုက်ကြည့်နေလျက်...

ကျွန်တော် မျက်ရည်စတွေ ရောနှောနေတဲ့ကော်ဖီကိုသာ သောက်နေမိတာကလွဲပြီး ကျန်တာ ဘာမှ မလုပ်တက်တော့... မျက်ရည်စတွေကလည်း လုံးဝရပ်တန့်မသွားခဲ့ပါ။ ဒီမနက်ခင်းအတွက် ကျွန်တော့်ရဲ့ကော်ဖီခွက်လေးက ရနံ့သင်းသင်းလေးနဲ့ အရသာက နူးနူးညံ့ညံ့လေး... ပြီးတော့... နာကျင်မှုတွေနဲ့ အပြည့်ပဲ...

'အရသာရှိတယ်'

'မျက်ရည်တွေ ထည့်ရတာက အစ်ကို့ရဲ့ကော်ဖီစပ်နည်းအသစ်လား'

Ongsaက သက်ပြင်းတစ်ချက် ချပြီး ပြောပြီးတော့မှ သူ ဝတ်ထားတဲ့အညိုရောင်အေပရွန်ကို ချွတ်ပြီး ချိတ်မှာ ချိတ်ထားလိုက်တယ်။ ကျွန်တော် နှုတ်ခမ်းတွေကို ကိုက်ထားပြီး ဒီအချိန်ကို အခွင့်ကောင်း ယူကာ မျက်နှာကို တစ်ဖက်သို့ လွှဲပြီးတော့ မျက်ရည်တွေ ထပ်ပြီး ကျမလာအောင် သုတ်လိုက်မိတယ်။ ကျေးဇူးပြုပြီး မျက်ရည်တွေ ခြောက်ပါတော့...

'သောက်ပြီးသွားရင် ခွက်ကို အစ်ကို့ဘာသာ အစ်ကို ဆေးလိုက်နော်...'

မနေ့တုန်းက ကျောင်းဝတ်စုံကို ဝတ်ထားတုန်းဖြစ်တဲ့Ongsaကို ကျွန်တော် ချက်ချင်းလှမ်းကြည့်လိုက်မိတယ်။ နာရီလက်တံတွေ ညွှန်ပြနေတာကလည်း ၇နာရီ ၂၂မိနစ်တဲ့...

'ရေမချိုးရသေးဘူးလား'

'ရေချိုးပြီးသွားပြီ။ ကျောင်းယူနီဖောင်းကို ဆိုင်မှာ မထားခဲ့ချင်လို့...'

'အလျင်မလိုဘူးလား'

ကျွန်တော် မေးလိုက်တဲ့အချိန်မှာ သူ့ရဲ့မျက်ခုံးတွေက အပေါ်ကို ပင့်တက်သွားခဲ့တယ်။ ကျောင်းကို ခုနစ်နာရီခွဲအတိမှာ သွားရမယ်ဆိုရင် ကျွန်တော့်ကို သူ ရှစ်မိနစ်လောက်ပဲ စောင့်နိုင်လိမ့်မယ်။

'မင်းအင်္ကျီက ဒီလောက် တွန့်နေတာကို ဘာလို့ ဒီအတိုင်း ထား ထားရတာလဲ'

ကျွန်တော် ချက်ချင်း သူ့ဆီ ထသွားပြီးတော့ ကျောင်းသားအင်္ကျီက ကြယ်သီးတွေကို တစ်လုံးချင်း ချွတ်ပေးနေမိတယ်။ ဒါက ကျွန်တော့်အတွက် အကျင့်တစ်ခုလို ဖြစ်နေတာကြောင့် ကျွန်တော် သိပ်ပြီး မတွေးခဲ့လိုက်မိဘူး။ အမှန်တိုင်း ပြောရရင် ကျွန်တော် ဆက်မလုပ်ဘဲ နောက်ဆုတ်လိုက်ရမှာ... ဒါပေမယ့် အဲ့အတိုင်း မလုပ်ခဲ့မိဘူး။ ကျွန်တော် ကြယ်သီးတစ်လုံးကို ချွတ်ပေးပြီး နောက်ကို ​ခြေတစ်လှမ်းလောက် ဆုတ်ပြီးတဲ့အချိန်မှာတောင် Ongsaက ငြိမ်သက်နေတုန်း...

'အမ်... မင်း အင်္ကျီကို ချွတ်လိုက်... အစ်ကို မီးပူတိုက်ပေးမယ်'

'တကယ်ကြီးလား။ ကျွန်တော် အလုပ်မပိုချင်လို့ ဒီအတိုင်း ထား ထားတာ... ဒါပေမယ့် အစ်ကိုက လုပ်အားပေးမယ်ဆိုတော့ ကျွန်တော် မနှောင့်ယှက်တော့ပါဘူး'

ထိုကောင်လေးက အင်္ကျီက ကြယ်သီးအားလုံးကို ဖြည်ပြီး အင်္ကျီကို ချွတ်ကာ အကြည့်လွှဲထားတဲ့ကျွန်တော့်ဆီ ကမ်းပေးလာခဲ့တယ်။

'အခန်းထဲမှာ မီးပူတစ်ခု တွေ့တယ်။ ခဏလေးပဲ စောင့်...'

ပြီးတာနဲ့ ကျွန်တော် အပေါ်ထပ်ကို ပြေးတက်သွားခဲ့တယ်။ လက်ထဲက အင်္ကျီကတော့ စောနက​ထက်တောင် ပိုပြီးကြေမွနေခဲ့ပြီ။ ကျွန်တော့်ကို ဒီအတိုင်း ရပ်ကြည့်နေခဲ့တဲ့ကောင်လေးက ကျွန်တော့်ရဲ့နှလုံးခုန်နှုန်းအပေါ် အကျိုးသက်ရောက်မှု အများကြီး ရှိနေခဲ့တယ်ဆိုတာကိုသာ ကျွန်တော် သိတယ်။ အရင်အချိန်တွေတုန်းကလည်း ကျွန်တော်ကပဲ Ongsaအတွက် ဒီလိုအရာမျိုးတွေ ခဏ ခဏ လုပ်ပေးခဲ့ရတာ...

ကျွန်တော် အင်္ကျီကို အမြန်အဆန် မီးပူတိုက်လိုက်တယ်။ တစ်ဖက်ကတော့ သူ ကျောင်းနောက်ကျမှာကို စိုးရိမ်လို့... ကျန်တဲ့တစ်ဖက်ကတော့ ကျွန်တော် သူ့မျက်နှာကို မြင်လိုက်ရတဲ့အချိန်တိုင်းမှာ မြင့်တက်လာခဲ့တဲ့ စိတ်ခံစားချက် မုန်တိုင်းတွေကို မထိန်းနိုင်ဘဲ ကျွန်တော် တွေးပဲ တွေးနေမိလို့... အခု အခိုက်အတန့်လေးမှာ ဖြစ်ခဲ့သမျှ အကြောင်းအရာတွေ အားလုံးကို သိကျွမ်းနေတဲ့လူက ဒီကမ္ဘာကြီးထဲမှာ ကျွန်တော်တစ်ယောက်တည်းလေ... ဒါ့ကြောင့် Ongsaက ဘာမှ ခံစားရမှာ မဟုတ်ဘူးဆိုတာကလည်း အမှန်တရားပဲ...

ပြီးတော့ တစ်နေ့ ကျွန်တော့်ဆီမှာ ရွေးချယ်စရာတွေ အများကြီး ရှိလာခဲ့ရင်လည်း ကျွန်တော် ခံစားခဲ့ရတဲ့နာကျင်မှုတွေ မပါဘဲ ကျန်တာတွေကို မှတ်မိချင်ပါသေးတယ်။

'ကျေးဇူးတင်ပါတယ်'

ကျွန်တော် ကမ်းပေးလိုက်တဲ့အင်္ကျီက သူ လှမ်းယူပြီးတော့ ချက်ချင်း ဝတ်လိုက်တယ်။ လွန်ခဲ့တဲ့ ရှစ်မိနစ်ကလိုမျိုး ကျွန်တော့်ရှေ့က ကောင်လေးက အဝတ်ဗလာ မဖြစ်တော့တာကြောင့် ပူရဲနေတဲ့ ကျွန်တော့်ရဲ့ပါးပြင်က အေးစက်သွားခဲ့ပြန်တယ်။

'စာကို သေချာအာရုံစိုက်...'

'ကြိုးစားကြည့်ရတာပေါ့... ဟုတ်သား! ဒီကနေ နည်းနည်းလောက် လျောက်သွားမယ်ဆိုရင် မိန်းလမ်းမကြီးကို ရောက်လိမ့်မယ်။ လိုတဲ့ပစ္စည်းတွေ ဝယ်မယ်ဆိုရင် အဲ့လမ်းရဲ့တစ်ဖက်က စျေးဝင်စင်တာကို သွား... ကားတွေကိုတော့ သတိထားနော်...'

'အာ... အင်း...'

'သွားပြီနော်...'

အရပ်ရှည်ရှည်နဲ့ ကောင်လေးက အနက်ရောင်လွယ်အိတ်ကို လွယ်ပြီး ပြေးထွက်သွားတာကို ကျွန်တော် ရပ်ကြည့်နေခဲ့မိတယ်။ ဒီကျောပိုးအိတ်ကို ကျွန်တော် မှတ်မိနေတုန်းပဲ... Ongsaက ကျောင်းတက်နေတဲ့အချိန်တောက်လျောက်မှာ ဒီလွယ်အိတ်ကိုပဲ လွယ်ခဲ့တာလေ...

နောက်ဆုံးတော့ ကျွန်တော်တစ်ယောက်တည်း ကျန်ခဲ့တယ်။

ထိုကောင်လေးက ညသန်းခေါင်အချိန်ကြီးထဲ ဆိုင်အပြင်ကို ထွက်သွားပြီးတော့မှ စိတ်ပြောင်းသွားပြီး ဆိုင်ထဲ ပြန်ဝင်လာမယ်။ ပြီးတော့ ကျွန်တော့်ကို တစ်ခွန်းမှ လာမပြောဘဲ ကျွန်တော်တို့ ဒီနေရာမှာပဲ တစ်ညတာကို အတူတူ ကုန်ဆုံးခဲ့ကြတာ... ကျွန်တော် ထိုကောင်လေးရဲ့ပုံစံကို ပုံဖော်ကြည့်ရင်း ပြုံးမိသွားခဲ့တယ်။ အောက်ထပ်က ဆိုဖာပေါ်မှာ ခေါင်အုံးအသေးလေး တစ်ခု... ပြီးတော့ ရှုပ်ပွနေတဲ့စောင်တွေကိုပါ တွေ့လိုက်ရတာကြောင့် ကျွန်တော်ကပဲ လိုလိုလားလားနဲ့ ခေါက်သိမ်းပေးလိုက်တယ်။

ဒီမနက်ခင်းမှာ​တော့ အရမ်းဆိုးရွားတဲ့အရာတွေ မရှိခဲ့ဘူး။ ကျွန်တော့်ရဲ့ခံစားချက်တွေ ပါဝင်နေတဲ့ ကျွန်တော့်ရဲ့ကော်ဖီဖျော်နည်းကြောင့် အရသာက ထူးဆန်းသွားတာကလွဲလို့ပေါ့...

ဒီဆိုင်ပိုင်ရှင်ဖြစ်တဲ့... P'Nanလို့ ခေါ်တဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက် ရောက်လာတဲ့အထိ ကျွန်တော် ဆိုင်မှာပဲ ငြိမ်ငြိမ်လေး ထိုင်စောင့်နေခဲ့မိတယ်။ မနက်ခင်းအတွက် အချိန်ပိုင်း အလုပ်သမား နှစ်ယောက်က ဆိုင်ကို ဖွင့်နေတဲ့အချိန်မှာ ကျွန်တော်တို့က အခန်းဌားမယ့်အကြောင်း ပြောဖြစ်ကြတယ်။ ကျွန်တော် ဒီအတိုင်း ထိုင်နေရတာ ကြာနေပြီလို့ ထင်လိုက်ရတဲ့အချိန်မှာ ဆိုင်မှာ ဧည့်သည်တွေက ကျနေပြီ။ အဲ့ဒါကြောင့် နေမင်းက ကျွန်တော့်ခေါင်းပေါ် တည့်တည့် ကျရောက်နေတဲ့အချိန်မှာပဲ P'Nanကို ကျွန်တော် ခွင့်တောင်းပြီး အပြင်ကို ထွက်လာခဲ့တယ်။

အချိန်က နေ့လည်ခင်း ရောက်နေပြီဆိုတော့ လိုအပ်တဲ့အဝတ်အစားတွေ ဝယ်ပြီးရင် အိမ်ကို ပြန်ဖို့ပဲ ရည်ရွယ်ထားလိုက်တယ်။ ကျွန်တော့်အိတ်ကပ်ထဲမှာလည်း ပိုက်ဆံက သိပ်မရှိတော့တာကြောင့် ငွေရှာဖို့ကို အစီစဥ်ချရတော့မယ်။ ဒါမှမဟုတ် အလုပ်တစ်ခု ရှာလိုက်ရမလား။ ဘာလို့လဲဆိုတော့ ကျွန်တော် ဒီမှာ ဘယ်လောက်ထိ ပိတ်မိနေဦးမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ...

သူ့ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းမိုးထားနိုင်တဲ့ အတွင်းစိတ်ထဲက တစ်စုံတစ်ခုကို ရင်းနှီးနေတဲ့စိတ်ကြောင့် ခြေလှမ်းတွေက က​ဖေးဆိုင်ဆီ ပြန်တဲ့လမ်းကို မဟုတ်ဘဲ တစ်ဖက်ကိုသာ သွားနေမိတယ်။ အသိပြန်ဝင်လာချိန်မှာမှ ကျွန်တော့်ခြေလှမ်းတွေက ရပ်တန့်သွားခဲ့တာ... အခုမှ ကျွန်တော် သတိထားမိတော့တယ်။ P'Nanကဖေးဆိုင်နဲ့ ကျွန်တော် မကြာခဏ သွားနေကျ ရုပ်ရှင်ရုံက သိပ်မဝေးဘူးဘဲ...

ကျွန်တော်နဲ့ ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်တဲ့အဆောက်အဦးကြီးကို ထူးခြားတဲ့ခံစားချက်တွေနဲ့ ဒီအတိုင်း ရပ်ကြည့်နေမိတယ်။ လမ်းမထက်က ကျွန်တော့်ရဲ့အရိပ်ကလည်း နေရောင်ကြောင့် တဖြည်းဖြည်း ပျောက်ကွယ်လာပြီ။ နေမင်းကြီးက ခြေကုန်လက်ပန်း ကျနေသလိုကို ခဏတာ ပျောက်ကွယ်သွားခဲ့တယ်။

နောက်လမှာ ပြသမယ့် ရုပ်ရှင် ဇာတ်ကားစာရင်းကြောင့် ကျွန်တော့်ရဲ့ကမ္ဘာကြီးက လုံးဝရပ်သွားခဲ့တာ... တစ်စုံတစ်ယောက်က ကျွန်တော့်ကို အတိတ်က အချိန်တွေဆီ ပြန်ခေါ်လာပေးခဲ့တာဆိုရင် သူ့ရဲ့အကြောင်းပြချက်တွေက ဒီအတိုင်း တိုက်ဆိုင်လို့တော့ မဖြစ်နိုင်ဘူး။

နောက်လထဲ ပြသမယ့်ဇာတ်ကားတွေထဲက တစ်ခုက... Once

ကျွန်တော်နဲ့ Ongsaကို ရင်းနှီးလာအောင် လုပ်ပေးခဲ့ရုပ်ရှင်ဇာတ်ကားလေ... အဲ့ဒီအဓိပ္ပါယ်ကတော့ ကျွန်တော်တို့နှစ်ယောက်ရဲ့စမှတ်ကို ပြောင်းလဲသွားအောင် ကျွန်တော် တစ်ခုခု လုပ်ရမှာပဲ...

'ကျွန်တော်တို့နှစ်ယောက်သာ မဆုံတွေ့ခဲ့ကြရင်...'

ကျွန်တော့်ရဲ့ဆုတောင်းကို ဖြည့်ဆည်းပေးဖို့အတွက်လား။

ကျွန်တော် ကောင်းကင်ကြီးကို မော့ကြည့်ပြီးတော့ တစ်ချက် ပြုံးလိုက်မိတယ်။ အလုပ်လက်မဲ့ဖြစ်နေတဲ့ကံကြမ္မာကို လှောင်ရင်းနဲ့ပေါ့... ပြီးတော့မှ ကျွန်တော့်ဘဝမှာ နေ့တိုင်း ကြုံတွေ့နေခဲ့ရတဲ့ ကံတရားရဲ့လှည့်စားမှုတွေကို ကျွန်တော် တွေးနေမိတာ...ကျွန်တော့်ဘဝမှာ ဒုတိယမြောက် အခွင့်အရေးဆိုတာ လုံးဝမရှိခဲ့ဘူးလေ... အဲ့အတွက်ကြောင့် ဖြစ်ပေါ်လာသမျှ အရာအားလုံးက ဖြစ်သင့် ဖြစ်ထိုက်တဲ့အချိန်ကျလာလို့ ဖြစ်ရတာလို့ပဲ အားတင်းပြီး လက်ခံခဲ့ရတယ်။

ဒီအခိုက်အတန့်လေးမှာပဲ နောက်ထပ် အရိပ်လေး တစ်ခုက ကျွန်တော့်ရဲ့မြင်ကွင်းထဲ ရောက်လာခဲ့တယ်။ အရိပ်ပိုင်ရှင်လေးက ခေါင်းကို ငိုက်စိုက်ထားပြီး လမ်းလျောက်နေတာ... နားကြပ်ကလည်း တပ်​ထားပြီး မသိရင် အခြားကမ္ဘာတစ်ခုမှာ သူ တစ်ယောက်တည်းသာ ရှိနေသလိုပဲ... အထက်တန်းကျောင်းသား ဝတ်စုံကို ဝတ်ဆင်ထားတဲ့ကောင်လေးက ပိုးလွယ်အိတ်ကို လွယ်ထားခဲ့တယ်။ ခြေလှမ်းတိုင်း... ပတ်ဝန်းကျင်ကို မေ့လျော့ထားတဲ့အမူအရာတိုင်း... အသက်ရှုသံတစ်သံချင်းစီတိုင်းကို...

ကျွန်တော် ကောင်းကောင်း ရင်းနှီးနေတာ...

တစ်ဖက်လူကတော့ ခေါင်းကို အောက်စိုက်ပြီး လျောက်နေတာကြောင့် ကျောက်ရုပ်လို ရပ်နေမိတဲ့ကျွန်တော့်ကို သတိမထားမိ... ကျွန်တော်တို့ရဲ့အရိပ်တွေ ထပ်သွားလောက်အောင် နီးကပ်လာတဲ့အထိ ထိုကောင်လေးက လျောက်လာပေမယ့် ကျွန်တော့်ရဲ့အကြည့်တွေက သူ့ဆီကနေ မရွေ့သွားခဲ့ပါ။

ဒီကလေးလေး သန်မာနေသ၍ မငိုလိုက်ပါနဲ့...

ဒီနေ့မှာလည်း ထပ်ခါ ထပ်ခါ ဖွင့်ပြီး နားထောင်နေတဲ့သီချင်းက သဲအိမ်လေး သီချင်းပဲ...

(ปราสาททราย
ထိပ်ဆုံးမှာ ထည့်ပေးထားပါတယ်။)

ကျွန်တော် အရာအားလုံးကို သိတယ်... ကျွန်တော့်ကို ကျော်ပြီး ဖြတ်သွားတဲ့ကောင်လေးက သီချင်းမဖွင့်ထားရင်တောင် နားကြပ် ဝတ်ထားရတာကို သဘောကျတယ်ဆိုတာကို ကျွန်တော် သိတယ်။ ဒီနေ့ ဆရာမက အစည်းအဝေးရှိလို့ ကျောင်း စောစောဆင်းခဲ့ရတယ်ဆိုတာကိုပါ ကျွန်တော် သိတယ်။ သူ ဦးတည်ပြီး သွားနေတဲ့နေရာကိုတောင် ကျွန်တော် သိတယ်။

ဘာလို့လဲဆိုတော့ ကျွန်တော် မှတ်မိနေလို့လေ...

လူမှုရေးဘာသာရဲ့စာမေးပွဲမှာ သီချင်းဆိုပြဖို့ကို ပြင်ဆင်နေရတဲ့အတွက် သဲအိမ်လေး သီချင်းကို တစ်နေကုန် နားထောင်ခဲ့ရတဲ့ ဒီနေ့ကို ကျွန်တော် မှတ်မိတယ်။ ဒီနေ့ နေ့လည်မှာ အတန်းတက်စရာ မလိုတော့တာကို ကျွန်တော် သိတော့ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအတွက် လိုအပ်တာတွေ ဝယ်ဖို့ ရုပ်ရှင်ရုံကို ဖြတ်လာခဲ့တယ်ဆိုကိုလည်း ကျွန်တော် မှတ်မိသေးတယ်။

ဒါပေမယ့် ဆယ့်ရှစ်နှစ်အရွယ်မှာ ကျွန်တော် မသိခဲ့တာက... အဲ့ဒီနေ့မှာ ရုပ်ရှင်ရုံရှေ့ ဖြတ်သွားတဲ့အချိန် ကျော်သွားမိခဲ့တဲ့အစ်ကိုကြီးက ကျွန်တော်ဆိုတာကိုပဲ...

ကိုယ်တို့ရဲ့စိတ်တွေကို မပေါင်းစည်းခင် လှပတဲ့သဲလေးတွေကို ယူပြီး ရဲတိုက် ဆောက်ကြမယ်။

တံတိုင်းကြီး ဆောက်ကြမယ်။
တံတားကြီးလည်း ဆောက်ကြမယ်။
အိပ်မက်တွေကိုလည်း အမှန်တကယ် ဖြစ်အောင် တည်ဆောက်ကြမယ်ကွယ်...

ကျွန်တော် SuanSoonနောက်ကနေပဲ ခြေလှမ်း ငါးလှမ်း၊ ခြောက်လှမ်းလောက် ခြားကာ လိုက်လာခဲ့မိတယ်။ ဒီကလေးဆီက သီချင်းသံကို မကြားရပေမယ့်လည်း ကြားခဲ့လိုက်ရတဲ့သီချင်းသံက ကျွန်တော့်ကို ပြုစားလိုက်သလိုမျိုး ဆက်ပြီးတော့ ခပ်တိုးတိုးလေး ကြားနေခဲ့ရတယ်။

ကိုယ် အရာအားလုံးကို မသိခင်...
ကိုယ် နှစ်မြှုပ်ထားတဲ့အိပ်မက်လိုပဲ...

ပင်လယ်ရေ ရိုက်ခတ်လာတဲ့အချိန်မှာ ဘာမှ မကျန်ခဲ့တော့ဘူး။

'SuanSoon'

အဲ့ဒီနေ့တုန်းက ကျွန်တော် သီချင်းကို အကျယ်ကြီး ဖွင့်ထားတာဆိုတော့ ဘာကိုမှ ကြားရမှာ မဟုတ်... အဲ့ဒါကြောင့် ကျွန်တော် နာမည်ပိုင်ရှင်လေးကို ခပ်တိုးတိုးလေး ခေါ်လိုက်တဲ့အချိန်မှာ ဘာတုံ့ပြန်မှုမှ ရမလာခဲ့တာ...

Ongsaပြောခဲ့သလို ကျွန်တော်က တကယ်ကြီးကို ရူးတော့မှာပဲ...

ကိုယ့်မျက်စိရှေ့မှာတင် ချေမွခံလိုက်ရပြီ...

​ဗလာကျင်းနေတဲ့သဲတွေနဲ့အတူ ပင်လယ်ရေတွေပဲ ကျန်နေခဲ့တာ...

ကော်ဖီဆိုင်ကို ပြန်သွားရမယ့် လမ်းဆုံကို တွေ့လိုက်ရတဲ့အချိန်မှာ ​ကျွန်တော့်ခြေလှမ်းတွေက ရပ်တန့်သွားခဲ့တယ်။ ဒီအတိုင်းသာ ရပ်နေပြီး အထက်တန်းကျောင်းသားဝတ်စုံနဲ့ ကျွန်တော့်ရဲ့ခန္ဓာကိုယ်လေးကို ငေးကြည့်နေမိခဲ့တယ်။ ဒီနေ့လယ်ခင်းမှာ နေရောင်ခြည်က ထပ်တောက်ပလာခဲ့ပြီး ထိုခန္ဓာကိုယ်လေးကတော့ လူအုပ်ကြားထဲ တဖြည်းဖြည်းချင်း တိုးဝင်သွား၏။

'တောင်းပန်ပါတယ်နော်...'

အထီးကျန်ဆန်နေတာတောင် သန်မာခဲ့တဲ့ကောင်လေးကို ပြောလိုက်မိတယ်။ ဆံပင်ကတော့ ကျွန်တော့်ဆံပင်နဲ့တော့ မတူ... အတိတ်မှာ ကျွန်တော့်ဆံပင်က ပိုပြီးတော့ ပျက်စီးနေတာ...

ဘာမှ မရှိတော့ဘူး...
အမြဲတမ်း အိပ်မက်မက်နေရာကနေ...

အရင်ပုံစံအတိုင်း ပြန်ဆောက်နိုင်ဖို့အတွက် အားအင် မရှိတော့ဘူး...

ဘာမှ မရှိတော့ဘူးဆိုတာက လွဲချော်စရာ မရှိတော့ဘူးဆိုတဲ့အဓိပ္ပါယ်ပဲ မဟုတ်လား။ အတိတ်က SuanSoonအနေနဲ့ ဒီကမ္ဘာပေါ်မှာ ရှိတဲ့ တစ်စုံတစ်ယောက်ဆီက အချစ်ကို မလိုချင်ခဲ့ဘူး။ ကျွန်တော် ကိုယ့်ကိုယ်ကို အရမ်းလှောင်ပိတ်ခဲ့မိတဲ့အချိန်တွေပေါ့... အခုလက်ရှိ SuanSoonကတော့ အချစ်က တည်ရှိပြီးသားဆိုတာကို သိထားပြီးသား ​ဖြစ်တာကြောင့် ကမ္ဘာပေါ်မှာ ရှိတဲ့တစ်စုံတစ်ယောက်ဆီက အချစ်ကို တောင့်တနေမိတုန်းပဲ...

ဒါပေမယ့် အဆုံးသတ်မှာတော့ ဒါက အမြဲတမ်း အခုလို ဖြစ်နေမှာပဲ... အတိတ်က ကျွန်တော်ဖြစ်ဖြစ်​၊ လက်ရှိ ကျွန်တော်ဖြစ်ဖြစ်...

ကျွန်တော်တို့မှာ ဘာမှ မရှိတော့ဘူး။

...

'အကယ်၍ ကော်ဖီတစ်ခွက်ထဲမှာ မျက်ရည်စတွေ ပါနေခဲ့ရင်...

ကော်ဖီရဲ့အရသာက ပိုခါးသွားလေမလား'

...

Coming Soon

06:32

...

Continue Reading

You'll Also Like

413K 23.4K 42
The story continues to unfold, with secrets unraveling and new dangers lurking in the shadows. The Chauhan family must stay united and face the chall...
1M 48.6K 28
1950s. ***Story contains mature scenes and Hindi phrases in initial chapters which are not translated in english*** Abhigyan Singh, a Sarpanch of the...
1.3M 32.7K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
358K 4.9K 32
Rajveer is not in love with Prachi and wants to take revenge from her . He knows she is a virgin and is very peculiar that nobody touches her. Prachi...