ဇမ္ဗူဒီပါမနက်ကအကြောင်းကိုပြန်တွေးမိတိုင်းရင်ထဲတစ်ဆစ်ဆစ်နာကျင်ရသည်။
မနက်ကအဖြစ်အပျက်များ.
ဇမ္ဗူသူမကိုအခန်းထဲခေါ်လာပြီးသူမကိုပွေ့ဖက်ကာ-''ကိုမင်းကိုအရမ်းလွမ်းနေတာမင်းဘာလို့ကို့ဆီမလာခဲ့တာလဲကလေးရယ်..''
သူမဇမ္ဗူလက်တွေကိုဖယ်ချကာ''သခင်လေးအရီ့လိူအစေခံမကသခင်လေးလိုရွှေဘုံနန်းထက်စံစားရတဲ့လူတွေနဲ့တော့မထိုက်တန်ပါဘူး...သခင်လေးနဲ့ကျမတို့ဘ၀ကကောင်းကင်နဲ့မြေကြီးလိူဘဲအရမ်းကွာခြားလွန်းတယ်...အရီတို့မပတ်သက်ဘဲနေရအောင်...အရီတို့သခင်နဲ့ကျွန်ဆက်ဆံရေးဘဲထားကြရအောင်နော်...''
သူမပြောပြီးဇမ္ဗူ့အခန်းထဲမှထွက်သွားတော့သည်။ဇမ္ဗူမှာတော့ဘာပြောရမှန်းမသိအောင်နာကျင်သွားရသည်။
ဇမ္ဗူ - ''မင်းပြောသလိုတော့ကိုလုပ်ပေးမှာမဟုတ်ဘူးဒဏ္ဍာရီကိုမင်းကိုအဆုံးရှုံးမခံနိုင်ဘူး...''
သူမစကားကြောင့်မျက်ရည်ကျမိပေမယ့်ထိန်းချုပ်ကာအခန်းထဲကထွက်လာခဲ့လေသည်။
ဒေါ်နန်း - ''မြေးဘာလိူ့မနက်စာလာမစားရတာလဲ...''
ဇမ္ဗူ - ''ကျနော်စားချင်စိတ်မရှိလို့ပါပြီးတော့အပြင်သွားစရာရှိလို့ဘွား..''
ဇမ္ဗူပြောပြီးစံအိမ်မှထွက်လာခဲ့သည်။သူမအရိပ်ယောင်ကိုတော့သးမတွေ့ခဲ့ရတာကြောင့်သူမသူ့ကိုတောင်မြင်ချင်စိတ်မရှိတော့လောက်အောင်ဖြစ်နေပြီလားစိတ်ထဲတွေးပူမိသွားသည်။
ဘီယာပုလင်းကိုကုန်အောင်မော့သောက်ပြီးသွားကတော့သည်။
နဂိုကသောက်ထားတဲ့အရှိန်နဲ့တိုက်မိထိမိကုန်တော့ရန်ပွဲကစလာချေပြီး...
''ဟေ့ကောင်မင်းကဘာကောင်လဲ...''
ဇမ္ဗူ - ''ငါဘာလုပ်လို့လဲ...''
''တောက်!!!လူပါး၀လို့ဟေ့ကောင်တွေ..''
ထိူလူကအချက်ပြလိုက်တော့အနောက်ကလူများမှာဇမ္ဗူအား၀င်လုံးတော့သည်။
ဟန်မင်းနဲ့ထေ၀ါယာအစောင့်များရောက်လာပြီး''ရပ်ကြစမ်း!!!ဒါထေ၀ါယာစံအိမ်ရဲ့သခင်လေးဇမ္ဗူဒီပါကွ...မထိကြနဲ့ရပ်ကြစမ်း!!!အစောင့်တွေ...''
ဘားကအစောင့်တွေရောထေ၀ါယာအစောင့်တွေပါရောက်လာကြပြီးသခင်လေးအားအကာကွယ်ပေးကြလေသည်။
ဟန်မင်း - ''သခင်လေးရရဲ့လားဟင်...''
ဇမ္ဗူ - ''မင်းဘာလို့ရောက်လာတာလဲဒီကောင်တွေနဲ့ငါကစားမလို့ရှိသေး..''
ဟန်မင်း - ''သခင်လေးအရမ်းမူးနေပြီးကျနော်တို့အိမ်ပြန်ရအောင်...တန့်မင်းကိုဒီကိစ္စလွှဲခဲ့မယ်...''
ဇမ္ဗူမှာတော့မှောက်နေလေပြီးဟန်မင်းသခင်လေးအားသယ်ထုတ်သွားကားစံအိမ်သို့ပြန်လာခဲ့လေသည်။
တန့်သူ့ခြေထောက်ကိုရှိခိုးမတတ်တောင်းပန်နေသောထိုလူမိုက်တစ်အုပ်ကိုမိုက်ကြည့်ကြည့်ကာ..''မင်းတို့ကောင်တွေကျားမြီးပြေးဆွဲရင်တောင်အခုလောက်ထိအပြစ်ကြီးမှာမဟုတ်ဘူး..အစောင့်တွေသူတို့အကုန်လုံးကိုစံအိမ်ရဲ့အကျဥ်းထောင်ကိုပို့လိုက်ကြ!!!''
''ဟုတ်ကဲ့ဆရာလာကြစမ်း!!!''
''တောင်းပန်ပါတယ်ကျနော်တို့လူမှားသွားလို့ပါ..ကျနော်တို့မရဉ်ရွယ်ပါဘူး...''
''ကျနော်တိူ့ကိုသက်ညှာပေးပါလူကြီးမင်း..''
''ကျနော်တို့နောက်ဆိုထေ၀ါယာစံအိမ်နဲ့ပြသာနမဖြစ်တော့ပါဘူး...''
တန့်သူတို့ပြောနေတဲ့စကားကိုလျစ်လျူရှုကာဘားရဲ့မန်နေဂျာကိုအော်ခေါ်လိုက်လေသည်။
တန့် - ''မန်နေဂျာ!!ဘယ်မှာလဲ..''
''ကျနော်ရောက်ပါပြီးလူကြီးမင်း..''
တန့် - ''မင်းတို့သူဌေးဘယ်မှာလဲ..ငါတွေ့ချင်တယ်သွားခေါ်လာခဲ့..''
''သူဌေးကအလုပ်ကိစ္စနဲ့အပြင်သွားတယ်လို့ပြောပါတယ်..''
တန့် - ''ဘာ!!!မင်းတို့သူဌေးဆိုတဲ့ကောင်ကတော်တော်ကောင်းတဲ့ကောင်ဘဲကိုယ့်ဘားမှာပြသာနာဖြစ်နေတာတောင်အေးဆေးအပြင်သွားနေတယ်...ထေ၀ါယာစံအိမ်ရဲ့လူတွေကိုမခန့်လေးစားလုပ်နေတာဘဲ...မင်းတို့ဆိုင်၂လတိတိငါတို့ထေ၀ါယာကပိတ်သိမ်းတယ်..ဖွင့်တယ်ဆိုတဲ့အသံကြားတာနဲ့ဒီဘားတစ်ခုလုံးမီးလောင်ပြာကျပြီးတာမှတ်...သွာူကြမယ်!!!''
''ဟုတ်ကဲ့ဆရာ''
''ဟုတ်ကဲ့ကျနော်သေချာပြောလိုက်ပါ့မယ်လူကြီးမင်း...''
စံအိမ်ကိုရောက်လာတော့ဘားကကိစ္စတွေကိုဆရာ့အားပြန်ပြောပြလိုက်သည်။
ဟန်မင်း -''အေးကောင်းတယ်..မင်းလည်းနားလို့ရပြီးတန့်...''
တန့် - ''သခင်လေးရောဘယ်လိုနေသေးလဲ...''
ဟန်မင်း - ''ဒဏ်ရာကြီးကြီးမားမားမဖြစ်ခဲ့လို့တော်သေးတယ်နောက်မို့ဆိုမင်းရောငါရောစံအိမ်ရဲ့အပြစ်ဒဏ်ကိုရင်ဆိုင်ကြရမှာ..''
တန့် - ''ဟုတ်ကဲ့သခင်လေးဘာမှမဖြစ်ရင်ကျနော်စိတ်အေးရပါပြီး..အခုတော့ကျနော်နားတော့မယ်ခွင့်ပြုပါအုန်းဆရာ...''
တန့်ဆရာဖြစ်သူအားနှုတ်ဆက်ကာအစောင့်တွေနေတဲ့အဆောင်ဘက်ဆီသို့ထွက်သွားလေသည်။
################################